Monday, October 13, 2008

[အငွေ့ပျံ အိပ်မက်] 1 New Entry: Background အလွယ်ထည့်ရအောင်

Background အလွယ်ထည့်ရအောင်

တချို့ blog တွေမှာ နောက်ခံလေးတွေနဲ့ လှပနေကြတာ တွေ့ဘူးကြမှာပါ။ သိပ်မခက်ပါဘူး။ ရိုးရိုးရှင်းရှင်း blog လေးကိုဘဲ နောက်ခံတခုထဲ ထည့်ကြည့်ရအောင်။ blog တခုကို သင့်တော်တဲ့ နောက်ခံတခုနဲ့အလွယ်ပြုပြင်ရအောင်လား။

အရင်ဆုံး Layout >>> Page Elements >>> Add a Gadget မှာ အောက်က Code လေးကို ထည့်ပေးလိုက်ပါ။


<style type="text/css">body {background-image:url("http://your_photo.jpg")}</style>


ပြီးရင် နောက်ခံပုံလေးက လိုက်ရွေ့နေမှာဖြစ်ပြီး အငြိမ်လေး လိုချင်ရင်တော့ HTML ထဲက body { ဆိုတဲ့ စာကားလေးအောက်မှာ
background:$bgcolor;
background-attachment: fixed;
ကိုထည့်ပေးလိုက်ပါ။

body {
background:$bgcolor;
background-attachment: fixed;

ဖြစ်သွားပါလိမ့်မယ်။ Preview ကြည့်ပြီး အဆင်ပြေရင် save လိုက်ပါ။ အလွယ်ဆုံးနဲ့ စိတ်ကြိုက်သုံးနိုင်ပြီပေါ့။ စမ်းကြည့်ကြပါဦးလား။

ကြိုတင်အသိပေး ပန်ကြားခြင်း


ဒီစာမျက်နှာလေးပေါ်မှာ ဖန်တီးထားသမျှသော ပန်းချီ၊ ဓါတ်ပုံ၊ ဗွီဒီယို၊ နည်းပညာဆိုင်ရာ အချက်အလက် စသည်ဖြင့် ဖန်တီးထားမှုအားလုံးသည် တစုံတခုမျှ ကျနော့်၏ ကိုယ်ပိုင်ဖန်တီးထားမှုများ မဟုတ်ကြဘဲ အလျှင်းသင့်သလို ကြိုက်တာယူ၊ ကြုံရာဆွဲ ထင်တိုင်းကြဲထားခြင်းများသာ ဖြစ်သဖြင့် လူကြီးမင်းတို့၏ စီပွားရေး လုပ်ငန်းများတွင် အသုံးပြုလိုပါက ကျနော့်ထံခွင့်ပြုချက် တောင်းစရာမလိုဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ မူပိုင်ခွင့်နှင့်သာတိုက်ရိုက် သက်ရောက်မှုရှိပါလိမ့်မည်။
Creative Commons License
by is licensed under a Creative Commons Attribution 3.0 United States License.

You received this email because you are subscribed to the real_time feed for http://lostofthedream.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.