Monday, October 13, 2008

[ပန်ဒိုရာ] 1 New Entry: စည်းအပြင်ဘက်က စဉ်းစားခြင်း ဥပမာတစ်ခု

စည်းအပြင်ဘက်က စဉ်းစားခြင်း ဥပမာတစ်ခု

စာတွေရေးဖို့ လောလောဆယ် စိတ်အေးလက်အေး မရှိသေးတာမို့ စိတ်ဝင်စားစရာ ဗွီဒီယိုလေးတစ်ခု တင်ပေးလိုက်ပါတယ်။ ကြည့်ဖို့ တိုက်တွန်းပါတယ်။ ဥပဒေ ပညာရှင်တစ်ဦး ဖြစ်တဲ့ Prof. Larry Lessig ရဲ့ speech ဖြစ်ပါတယ်။

တီထွင်ဖန်တီးမှုတွေ ကြောင့်ပဲ လူတွေ အကျိုးရှိမယ့် နည်းပညာတွေ တိုးတက်လာတယ်။ ဖျော်ဖြေမှုတွေ စာပေ အနုပညာတွေ ဆန်းသစ်လာတယ်။ ဒါကြောင့် တီထွင်ဖန်တီးမှုတွေကို အားပေးကြရတယ်။ အားပေးဖို့အတွက် တီထွင်ဖန်တီးမှုတွေရဲ့ အခွင့်အရေးတွေကို အကာအကွယ် ပေးရတယ်။

ဟိုယခင်ကတော့ သာမန် နေ့စဉ်ဘ၀မှာ လူတွေက ဖန်တီးမှုတွေကို ထိုင်ကြည့်ကြတယ်။ အခုခေတ်မှာ ကိုယ်တိုင် ဖန်တီးကြည့်ကြတယ်။ အကျိုးအမြတ်ကြောင့် မဟုတ်ပဲ ဖန်တီးလိုစိတ်ကြောင့်ကို ဖန်တီးလာကြတယ်။ ပရော်ဖက်ရှင်နယ် မဟုတ်တဲ့အခါ ဖန်တီးပြီးသားတွေ အပေါ်မှာပဲ ဖြတ်ညှတ်ကပ်ပြီး အသစ်တစ်ခုအဖြစ် တန်ပြန်ဖန်တီး ကြတာ ရှိလာတယ်။ ပြီးတော့ မျှဝေကြတယ်။

ဒီအခါ ဖန်တီးမှုတွေကို ကာကွယ်ဖို့ ရည်ရွယ်ထားခဲ့တဲ့ တချို့ ဥပဒေ တွေဟာ လူတွေ နေ့စဉ်နေထိုင်နေတဲ့ ဘ၀မှာပဲ အလွယ်တကူ ချိုးဖောက်စေတဲ့ အရာတစ်ခု ဖြစ်လာတယ်။ ဥပဒေဆိုတာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာခဲ့ရတယ် ဆိုရင် လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်တွေ စိတ်ဝင်စားမှုတွေ မတားမဆီးနိုင် ပြောင်းလဲလာတဲ့အခါ အစွန်းနှစ်ဘက်ကြားမှာ ဘယ်လို လိုက်လျောညီထွေ ပြုပြင်သင့်သလဲ။ အထူးသဖြင့် မျိုးဆက်သစ်တွေရဲ့ ဖန်တီးလိုစိတ်ကို မပိတ်ပင်စေဖို့ ဘာလုပ်နိုင်မလဲ ဆိုတာကို ရှုထောင့်တမျိုးက သုံးသပ်ထားတာ စိတ်ဝင်စားစရာ ကောင်းတဲ့ တွေးတောခြင်း ဥပမာ တစ်ခုပါ။



ဒါကိုကြည့်ပြီးတဲ့အခါ ကလေးတစ်ယောက် ဖန်တီးထားတဲ့ ဒီဗွီဒီယိုလေးကိုလည်း အားပေးကြည့်ကြပါဦး။

You received this email because you are subscribed to the real_time feed for http://pandora-and-pandora.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.