Monday, October 13, 2008

[MANORHARY] 4 New Entries: လတ်တလော

လတ်တလော

ခုတလော စာတွေမရိုက်နိုင်ဘူး ..စာလည်းမရေးဖြစ်ဘူး...
တော်သေးတာပေါ့..ဆေးအနေနဲ့မဂ္ဂဇင်းအလုပ်တွေရှိနေသေးလို့
ရာစုသစ်မြစ်ကျဉ်းကဗျာတွေကိုကြိုးစားရိုက်နေတုန်းပါ...
နောက် ၂..၃...၄..ကျရင်တော့ ပီဒီအက်ဖ် ဖိုင်နဲ့ ဒေါင်းလုပ်
လုပ်လို့ရအောင်ပဲတင်ပေးတော့မယ်စိတ်ကူးတယ်..ဘယ်လိုသဘော
ရကြလဲမသိ...

ကံမကောင်းတဲ့နေ့

ကံမကောင်းတဲ့နေ့ 

ငြိမ်နေပြန်တော့လည်း
မီးခဲပြာဖုံးလို့ တဲ့….။

တိုက်ပစ်လိုက်ပြန်တော့လည်း
မီးလောင်ရာလေပင့်တဲ့
ခက်ပဲခက်ရချည့်..။ ။
မနော်ဟရီ

ခုတလောဒါမျိုးချည်းတွေ့နေရသလိုပဲ...
ကိုယ်ကငြိမ်နေရတာကိုမကြိုက်သလို..ထင်ထင်ပေါ်ပေါ်ကြီးလည်းမကြိုက်ဘူး
ကဲ..ကိုယ့်ကိုကိုယ်တောင်ဘာမှန်းမသိတာ..သူများအလိုကိုမလိုက်နိုင်တာ
မဆန်းဘူးထင်တာပဲ...း)

အမည်မဲ့



ကိုယ့်ကိုယ်ကိုခံစစ်လို့သဘောထားပြီးတိုက်ခဲ့ရတဲ့နေ့တွေတုန်းက ရေးထားခဲ့တာပါ..
ကြာပါပြီ...တော်တော့်ကိုကြာပြီလို့ထင်ရလောက်အောင် ပါပဲ..

အမည်မဲ့

မကြားရတော့တဲ့သတင်းက
သွေးအေးအေးနဲ့ ရက်စက်လွန်းတယ်..။

ခန္ဓာကိုယ်ပြင်ပကရောက်လာတဲ့ရာသီဥတုက
ဘကြီးအောင်ညာတယ် ..တဲ့လား..။

မတော်တဆထွက်ခွာသွားခဲ့ရတာပါ
ပွဲချိန်မစေ့သေးတဲ့ကြေးထပ်လောင်းကစားပွဲမှာ
ဆေးရိုးသည်ကကန့် လန့် ကန့် လန့် …။

ဘ၀ဟာ ရွဲကုန်သည်ပြဇာတ်လည်းမဟုတ်လေတော့
ငိုလည်းပုလဲမဖြစ်..ရယ်လည်းရွဲမဖြစ်
တစ်ကျော့ပြီးတစ်ကျော့ပြန်ပြန်လာနေတဲ့
မျက်ကန်းတစ္ဆေမကြောက်များ
အကျွတ်တရားရကြပါစေ..။

ဘက်မညီဘူး
ချိန်ခွင်လျှာကစောင်းနေတယ်
လက်ရည်ကလည်းမတူဘူး
ကံတရားကလည်း..ခဲ..သလဲတွေရောလို့ ..။

မွေးရာပါခန္တီစတရားနဲ့ ဖြေရင်တော့
အားလုံးဟာတရားတော်နဲ့ အညီပါပဲ
အဖြေမရှိဘူး..။

ခန်းလုံးပြည့်ပွကျဲနေတဲ့
စိတ်အမှိုက်တွေကို လိုက်လံသိမ်းထုတ်…
အချုပ်အနှောင်တွေများလာတယ်..
မမြင်ရတဲ့ကြိုးတွေနဲ့ ကြိုးပေးသတ်ခံရ
ဘ၀ဟာကျီးလန့် စာစားနဲ့ ..။

အလားအလာကမကောင်းဘူး
တောင်စွယ်နေကွယ်ရင်တဲ့..
…..
ခုတော့
လေသံကြားတိုင်း
ဖမ်းတရားနာနေမိတော့တယ်..။ ။

မနော်ဟရီ

မန္တလာ


ရာစုသစ်မြစ်ကျဉ်း ကဗျာတွေဆက်မရိုက်နိုင်ခင်
ဒီ ကဗျာလေးအရင်တင်လိုက်ပါတယ်..
အရွယ်ရောက်လို့ ပထမဆုံးကိုယ့်ဘာသာကိုယ်
မန္တလေးသွားတဲ့အချိန်မှာရေးဖြစ်သွားတဲ့ကဗျာပါ..
ခုဆို..ဒီလိုတောင် ဟုတ်သေးရဲ့ လားလို့.....
မန္တလာ

စနစ်တကျ
အကွက်ချထားတဲ့
စစ်တုရင်ခုံလေးတစ်ခုပါ..။

အဖြူနဲ့ အမည်းအရုပ်ကလေးတွေ
စီးချင်းထိုးခဲ့ကြ..
….
ကြည့်ပ
ကွင်းစပ်မှာ..
အနက်ရောင်နယ်ရုပ်ကလေးတွေအတုံးအရုံး
ကွင်းတစ်ခုလုံး
အဖြူရောင်တွေဖုံးလွှမ်းအောင်ပွဲခံနေပုံ..။

အလိုမတူပဲကျားကွက်ရွှေ့ခံလိုက်ရတာပါ
ဘယ်ဘက်လက်ကညာဘက်လက်ကို
စနစ်တကျအနိုင်ယူလိုက်သလိုမျိုး
ဦးနှောက်တစ်ခုတည်းနဲ့ စီးချင်းထိုးတဲ့ပွဲ
သတ်မှတ်ထားတဲ့အတိုင်းပဲရှိမှာ
သေချာသိခဲ့ဖို့ ကောင်တာပေါ့..
ခုတော့…။ ။
မနော်ဟရီ

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.