ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် .....
ကိုဟန်သစ် Tag ကို ဖြေရှင်းပြီး တာနဲ့ ကိုနေလင်း Tag ကို ထပ်မံဖြေရှင်း လိုက်ပါတယ်၊ မရေးတတ် ရေးတတ်၊ မဖြီးတတ် ဖြီးတတ်နဲ့ပါ၊ မြန်မာစာ၊ မြန်မာလူမျိုး ဆိုပေမယ့် မြန်မာစာရမှတ် ကတော့ အမြဲတမ်း ပျမ်းမျှရမှတ် ထက်မပိုပါဘူး၊ အထူးသဖြင့် စားရေးရဆုံး စာစီစာကုံးပါ၊ စာရေးတာ၊ စာဖတ်တာ ၀ါသနာ ပါပေမယ့်၊ ကိုယ်ရေး တဲ့စာ ကိုယ်ပြန်မဖတ်ချင်တဲ့ သူတွေထဲမှာ ကျွန်တော် အမြဲတမ်း ထိပ်ဆုံး ကပါမှာပါ၊ အခုလည်း ဒီလိုပါဘဲ၊ ကိုနေလင်း Tag ကို ဖြေရှင်း ပါမယ့်ဆိုမှ မဆီမဆိုင် ကျွန်တော် စာရေးညံ့တာ ထိပ်ဆုံးက ပါလာ ပြန်ပြီ၊
ဖြေပုံကတော့ ဒီလိုပါ၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတာဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက် သိပ်ကိန်းဂဏန်း မဆန်ပါဘူး၊ အထူးသဖြင့် မနက်အိပ်ရာထ မနက်စာက ရိုးရိုး ရှင်းရှင်း လေးပါ၊ ပဲပြုတ်နဲ့ ထမင်းကျော်၊ ဒါမှမဟုတ်၊ အမေ၊ အဘွားလုပ်ကျွေးတဲ့ မြန်မာမုန့် တစ်ခု၊ လက် ဖက်ရည် ရေနွေးကြမ်းနဲ့ပေါ့၊ တစ်ခါတစ်လေ လွယ်လွယ်ကူကူ မြန်မာမုန့်ဟင်းခါး၊ အသုပ်စုံ တွေလည်း ၀ယ်စားတတ် တယ်၊ "ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်အောက်ပါပဲ၊ ဒါဟာ ကျွန်တော်တို့ အတွက် အလွယ်ကူဆုံး အစားအစာတွေပါဘဲ၊
နေခင်းနေ့လည်ကတော့ ကျွန်တော်တို့တွေ အတွက် သိပ်အရေး ကြီးပါတယ်၊ မြန်မာလူမျိုး တော်တော် များ များ ဟာနေ့ခင်း နေ့လည်ကို ဟင်းကောင်းကောင်း ထမင်း ကောင်းကောင်း ချက်စား တတ်ကြ ပါတယ်၊ များ သော အား ဖြင့်ပေါ့ဗျာ၊ ဟင်းအမည် ၃ မျိုး ၄ မျိုး၊ ကျွန်တော် ပြောတာထက် ပိုရင်လည်း ပိုမှာပါ၊ နောက်ပြီး ဟင်းရည် သောက်၊ တို့စာရာ၊ အရွက်သုပ် တစ်မျိုးမျိုးနဲ့ပေါ၊ နောက်ပြီး ငါးပိကျော် စသည်ဖြင့်ပါပဲ၊ ထမင်း ကတော့ ပေါ်ဆန်းမွေး၊ တောင်ပြန်မွေး၊ ကောက်ကြီးဆန် စသည်ဖြင့်ပေါ့၊ ကျွန်တော်ကတော့ "ဖြစ်သ လိုလေးပဲ စားလိုက်ပါတယ်" ဆိုတဲ့ ခေါင်းစဉ်နဲ့ဆိုရင် ကိုယ်အိမ်ကိုယ့်ရွာ မဟုတ်တဲ့ အလုပ် လို နေရာမျိုးမှာ ဆိုရင်တော့ ကျွန်တော့်အတွက် သိပ်လွယ်တယ်၊ လမ်းဘေး မုန့်ဈေးဆိုင်၊ ဒါမှမဟုတ် ထမင်းဆိုင်၊ စား သောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် နဲ့ လွယ်လွယ်ကူကူ ပြီးသွားတတ်ပါတယ်၊ တစ်ခါ တစ်လေ လက်ဖက်ရည် တစ်ခွက်၊ မုန့်တစ်ခု နဲ့လည်း တင်းတိမ် တတ်ပါတယ်၊ အလုပ်အခြေ အနေပေါ် လည်းမူတည် ပါတယ် ပေါ့လေ၊
တစ်ခါ ညစာ ထမင်းစားတဲ့ အခါမှာလည်း ထိုနည်းလည်း ကောင်းပါဘဲ၊ ကျွန်တော်တို့တွေ ကတော့ ညစာကို အထူးတလည် ပြင်ဆင်ခြင်း မရှိကြပါဘူး၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်လည်း အတူတူပါပဲ၊ သိပ်ခမ်းခမ်း နားနားမရှိပါဘူး၊ အထူးသဖြင့် ညစာစားတဲ့အခါ မှာတော့ မိသားစု တော်တော်များများ စုံစုံညီညီ စားကြတာကို တော့တွေ့မယ် ထင်ပါတယ်၊
ကျွန်တော်ကို့ Tag တဲ့ ကိုနေလင်း ရေ၊ ကျွန်တော်ရဲ့ အတွေးအမြင်လေးကတော့ ဒီလောက်ပါဘဲ၊ ကျွန်တော့်ကို Tag တဲ့အတွက် ကျွန်တော် ၀မ်းသာသလို၊ ပျော်ရွင်မိပါတယ်၊ ဘာဖြစ်လို့လည်း တော့ မသိဘူး၊ ကျွန်တော့်စာရေး ပျင်းတာ ဒီ Tag တွေက ကျွန်တော့်ကို စာရေးရအောင် ဆွဲခေါ်သလိုပါဘဲ၊
အစကတော့ Connection ကောင်းရင် ထမင်းဝိုင်း၊ မုန့်ဟင်းခါးပွဲ ပုံလေးတွေပါ တင်မလို့ပါ၊ ဒါပေမယ့် ကိုမောင်မင်းကြီးသား Connection က တစ်ဝက်တစ်ပြက် နဲ့ပြတ်သွားလို့ ရိုက်ပြီးသား နဲ့မနည်းတောင့် Save လုပ်လိုက်ရတယ်ဗျာ၊
ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ :D
ကေမောင်ငြိမ်း
အချစ်ဆိုသည်မှာ ......
ဒီတစ်ခါ ကျွန်တော် ကေမောင်ငြိမ်းကို လာရောက် Tag တာကတော့ "အချစ်ဆို သည်မှာ" တဲ့ဗျာ
ကိုဟန်သစ် Tag တာကတော့ ရက်တောင် အတော်ကြာ သွားပါပြီ၊ သေသေချာချာ စဉ်းစားပြီးမှ ဖြေချင်တာ ရယ်၊ အတွေ့အကြုံကလည်း ဗဟုသုတ မရှိသလောက် ဖြစ်တာရယ်နဲ့ ချက်ချင်း မဖြေဖြစ်ပါဘူး၊ ဒါပေမယ့် တဂ်တို့ စံအတိုင်း မဖြေမဖြစ် ဖြေရမှာ ဆိုတော့ အဲဒီစကားလုံး နီးနီးစပ်စပ် ရှိမယ့် အကြောင်းအရာ အချို့ကို သေသေချာချာ ပြန်စဉ်းစား ကြည့်တယ်၊ ကွန်ပျူတာ လိုပဲ ဦးနှောက်က နည်းနည်းတောင် ဟမ်းသွားတယ် ဗျာ၊
ဟုတ်တယ်၊ သိပ်မကြာဘူး လူက သိပ်ရှာလို့မတွေဘူး၊ အဲဒါနဲ့ ထုံးစံအတိုင်း Start menu ထဲက Search Tab က For File or Folder ပရိုဂမ် ကခွေးလေးကို သွားအကူအညီ တောင်းရတယ်ဗျာ၊ (စိတ်တော့အရှိနဲ့၊ ကျွန်တော်က အဲဒီအတိုင်းပဲ ရှာတတ် တာ) သူ့လည်း တော်တော်မောသွားတယ်ဗျ၊ အဲတွေ့ပြီဗျ၊ ဟာ ခက်တယ်ဗျာ၊ Short Cut နဲ့ လာပေါ်တယ်၊ မရဘူး၊ ကျွန်တော် သူ့ကို မညှာဘူး၊ ထပ်ရှာခိုင်းတယ်၊ ဟော တွေ့ပြီဗျ၊ ငယ်ငယ်တုန်းက အဖြစ်ပါဘဲ၊ ဗားရှင်း ကတော်တော် အောက်နေပြီဗျာ၊ အခု Vista OS နဲ့ဆို ပွင့် တောင့်ပွင့် ပါမလားမသိဘူးဗျာ၊ အဲဒါနဲ့ XP Os ရှိတဲ့ သူငယ်ချင်း စက်သွားဖွင့်ကြည့်တယ်၊ သူကလည်း ဟိုး ငယ်ငယ် ကျောင်းနေဖက် ကတည်းက ပေါင်းသင်းလာတဲ့ သူငယ်ချင်းဆိုတော့ သွားမေးကြည့်တာ၊
သူလည်း သိပ်မမှတ်မိဘူးဗျာ၊ ဘယ်မှတ်မိပါ့မလဲ၊ သူက ကျွန်တော်မှ မဟုတ်တာကို၊ ဒီလို့နဲ့ စက်ကတက်၊ ဦးနှောက် က တဖြည်းဖြည်း ရေးရေး ရေးနဲ့ ပေါ်လာတယ်၊ မှတ်မှတ်ရရ အချစ်ဆိုတာလား၊ ၉ တန်း၊ ၁၀ တန်း လောက်ပေါ့ဗျာ၊ အချစ်ဦး လို့ ဆိုရပေ မယ်ပေါ့ဗျာ၊ နောက်ပြီး Uni တက်တုန်းက၊ ဒါပေမယ့် အဝေးသင် တက်ခဲ့တာဆိုတော့ Uni ဆိုတဲ့ အရသာ လည်း မခံစားခဲ့ရပါဘူး၊ အဲဒီတော့ ရုပ်ရှင်၊ ဗွီဒီယို ဇာတ်လမ်းထဲက လို အက်ရှင်တွေလည်း မရှိဘူး၊
ကိုဟန်သစ် ဖြေသလို ၊ ကို idulize လို ဖွဲ့ဖွဲ့၊ နွဲ့နွဲ့ ရေးချင်တယ်၊ ဟာသဆန်ဆန် လေးလည်း ရေးချင်တယ်၊ ဒါပေမယ့် အဲဒီလို အိုင်ဒီယာမျိုးက ဘယ်သွားငှားရ မလဲမသိဘူးဗျာ၊
ဒါနဲ့ပဲ ပုံပြင်တစ်ပုဒ်လို နားထောင်ကြည့်ဗျာ၊ ကျွန်တော်ကြုံတွေ့ခဲ့ ရတာလေးပါ၊ Tag ခေါင်းစဉ်နဲ့ တောင် ဆိုင်ပါ့မလားမသိဘူး၊
လွန်ခဲ့တဲ့ ခြောက်နှစ် ခုနှစ်လောက်က အထက်တန်းကျောင်းသား ဘ၀တုန်းက ပေါ့ဗျာ၊ အတန်းထဲက ကိုယ်ထက် တစ်နှစ် လောက်ကြီးတဲ့ (ဒါပေမယ့် အတန်းက အတူတူဗျ) ကောင်မလေး တစ်ယောက် ကိုချစ်ခဲ့ မိတယ်ဗျာ၊ အရင်တုန်းက ကျောင်းခေါ်ကြိမ် Regesiter စာအုပ်ရဲ့ ပျက်ကွက်စာရင်းမှာ အမြဲတမ်း လိုလို ပါနေတဲ့ ကျွန်တော်က ဒီကောင်မလေးကို စတွေ့တဲ့ နောက်ပိုင်းပေါ့ဗျာ၊ ကျောင်းကို ကျွန်တော် အမြဲတမ်း အစောဆုံး ရောက်ခဲ့တယ် (သူအိမ်က ကျောင်းနဲ့နီးတယ်) ကျောင်းတက်မှန်ခဲ့တယ်၊ ကျောင်းအလုပ်တွေ သူများထက် များများ ရှောင်တယ်(အဲမှားလို့) ပိုလုပ်တယ် ခဲ့တယ်ထင်တယ်၊ ဒါပေမယ့် ဒါတွေဟာ သူနဲ့စတွေ့ပြီးမှပါ၊ အဲဒီမတိုင်ခင်ကတော့ ကျွန်တော်က ကျွန်တော် ကျောင်းမှာတော့ ကြီးသုံးကြီး စာရင်းဝင် ပါပဲ၊ ဘာအဓိပါယ်လဲ ဆိုတာတော့ ကျွန်တော် မရှင်းပါရစေနဲ့၊ ကောင်းတဲ့နေရာ၊ အတုယူစရာ ကောင်းတဲ့ နေရာမဟုတ်တော့ ကျွန်တော်မပြောချင် ပါဘူး၊ နောက်ပြီး ဆိုလိုရင်း အဓိပါယ်ကလည်း ကျွန်တော်ထင် တယ် ဝေးသထက် ဝေးလာပြီ၊
အဲဒါနဲ့ ဆိုပါတော့ဗျာ၊ စာအုပ်တွေ၊ ဇာတ်လမ်းတွေ ထဲက အချစ် ဆိုတာ အဲဒီမှာ ကျွန်တော် ပထမဆုံး ခံစားတတ် လာတာပါ၊ ဒါပေမယ့် အချစ်ဦး ဆိုတဲ့ အတိုင်း ကျွန်တော် သိပ်ကံမကောင်း ခဲ့ပါဘူး၊ ဒါပေမယ့် သူငယ်ချင်း ထက်မပိုတဲ့ သူ့သံယောစဉ် ကြောင့်လည်း ကျွန်တော် ဘက်က မျိုသိပ်ခဲ့ပါတယ်၊ (စာဖတ်သူကြီး ယုံချင်ယုံ မယုံချင်နေ)သူမ မျက်နှာကို မြင်ချင်လို့ ကျောင်းနေ့တိုင်း လာရတာ၊ သူမကျွေးတဲ့ မုန့်တွေ၊ ထမင်းချိုင့် ထဲက ဟင်းတွေ ဆိုတာလည်း အခုချိန်ထိ လတ်လတ် ဆတ်ဆတ် မှတ်မိနေဆဲပါဘဲ၊ရိုးရှင်းပါတယ်၊ ကျွန်တော် တကယ် သူကို ချစ်ခဲ့ပါတယ်၊ သူငယ်ချင်းတွေက တိုက်တွန်း ပေမယ့် ကျွန်တော် သူ့ကို စတွေတဲ့ အချိန်၊ ချစ်ခဲ့မိတဲ့ အချိန်၊ ပြီးတော့ သူနဲ့မတွေ့တော့ ယနေ့ အချိန်ထိ ကျွန်တော် သူ့ကို ချစ်တယ်လို့ မပြောခဲ့ပါဘူး၊
အဖြူရောင် သူငယ်ချင်း ပါဘဲ ဆိုတဲ့ သီချင်းစာသား လေးကိုပဲ ကျွန်တော် အမြဲတမ်း ရွတ်ဆိုခဲ့မိတယ်၊ ဒါပေမယ့် ကျွန်တော့် အချစ်ဦး မှာ သူငယ်ချင်း ထက်မပိုခဲ့တာတော့ ကျွန်တော် စိတ်မကောင်းပါဘူး၊ တကယ် ဆို ကျွန်တော် သူကို ဖွင့်ပြောခဲ့သင့်တယ် (ဒါကတော့ အခုရနေတဲ့ ကိုကျော်သက်ပြောတဲ့ နောင်တပါ)။
ကိုဟန်သစ် စိတ်တော့ မရှိပါနဲ့ဗျာ၊ ကိုဟန်သစ်ငြိမ် ပြောတဲ့ "အချစ်ဆိုသည်မှာ" ခေါင်းစဉ်နဲ့ ကျွန်တော့် အရေးအသား၊ အတွေးအခေါ်၊ အယူအဆတွေ ဆန့်ကျင်နေရင် စာဖတ်သူတွေကို ကျွန်တော် တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်စာ မရေးတတ်တော့ တတ်နိုင်သလောက် စပ်မိစပ်ရာ ဘာညကွိကွ ပါဘဲ၊
ကိုဟန်သစ် က တော့ အမြဲတမ်း Tag ခံရတိုင်း၊ သူကလည်း သူခင်တဲ့ ညီတွေကို အမြဲတမ်း ဖိတ်ခေါ် ပါတယ်၊ ဒါကိုလည်း ကျွန်တော် အမြဲတမ်း ၀မ်းသာတယ်၊ ဂုဏ်ယူပါတယ်၊ ကြိုးစားပြီး လည်းဖြေပါတယ်၊
ကိုနေလင်း ပြောတဲ့ Tag ကိုလည်း ကျွန်တော် အမြန်ဆုံးရေးပါ့မယ့်ဗျာ၊ ကိုနေလင်း ဆိုရင် ကျွန်တော်ကို Tag တာ အတော်လေးကို ကြာပါပြီ၊ အင်တာနက် မသုံးဖြစ်တာ၊ ပိုစ်ရိုက်မရတာ၊ အီးမေးကတစ်ဆင့် ပို့ပြန်တော့ လည်း၊ ဖောင့်အဆင်မပြေ တာတွေကြောင့် ကျွန်တော် မရေးဖြစ်ပါဘူး၊ ဒါပေမယ့် Tag ဆိုတဲ့ အတိုင်း အမြန်ဆုံး ရေးဖြစ်အောင် တော့ ကျွန်တော် ကြိုးစား ပါမယ့်ဗျာ။
လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား ... . .
ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့ အဓိပ္ပါယ်ကို သိလား ... . . .
တစ်ခါတုန်းက ကောင်ကလေးတစ်ယောက်က သူ့ချစ်သူ ကောင်မလေးကို ချစ်သူသက်တမ်း
တစ်နှစ်ပြည့် အထိမ်းအမှတ် အနေနဲ့ ချစ်သက်လက်ဆောင် လက်စွပ်လေး တစ်ကွင်းကို
ကောင်မလေးရဲ့ လက်သူကြွယ်လေးမှာ လက်ဆောင်အဖြစ် ၀တ်ပေးပါတယ်။ သူ့ကောင်မလေးက
လက်စွပ်လေးတွေကို ချစ်တတ်ပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမရဲ့
လက်ချောင်းလေးတွေမှာ လက်စွပ်လေး သုံးကွင်းလောက်
ဝတ်ထားလေ့ရှိလို့ပါ။ကောင်လေးက သူ့ချစ်သူလေးကို ချစ်ရည်ရွှမ်းလဲ့နေတဲ့
မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်ပြီး....."ကိုယ်ပေးတဲ့ လက်စွပ်လေးရဲ့
အဓိပ္ပါယ်ကို သိလား..." လို့ ကောင်မလေးကို ငြင်သာစွာ
မေးလိုက်ပါတယ်။ကောင်မလေးကလည်း ချစ်စဖွယ်
မျက်စလေးချီပြီး....."သိတာပေါ့..." လို့ ခေါင်းလေးငုံ့ပြီး ရှက်စနိုးလေး
ပြန်ဖြေရှာပါတယ်။အဲဒီတော့ ကောင်လေးက သူ့ကောင်မလေးရဲ့အဖြေကို သူ့စိတ်ထဲမှာ
သူ့ဘာသာသူ အဓိပ္ပါယ်ဖော်ပြီးသား ဖြစ်ပေမယ့် "ချစ်သူစကား... ပျားသကာ
အလား... ဆိုသလိုပဲ" ကောင်မလေးရဲ့ နှုတ်ထွက်စကားလေး
ကြားချင်တာကြောင့်...."ဒါဆို ဘာအဓိပ္ပါယ်လဲ... ပြော..." လို့ မေးပြီး
ကောင်မလေးရဲ့ မျက်နှာကို တစိမ့်စိမ့် ကြည့်နေမိပါတယ်။ ဒါပေမယ့်
ကောင်မလေးရဲ့အဖြေဟာ သူ့အတွေးနဲ့ ထပ်တူမကျတဲ့အပြင် တည့်တည့်ကြီး
လွဲနေတာကြောင့် ကောင်ကလေးလည်း အဲဒီနေရာမှာတင် အသည်းတွေ တဗြန်းဗြန်း
ကွဲရှာပါတော့တယ်။ကောင်မလေးပြန်ဖြေလိုက်တဲ့ အဖြေက သူမအတွက်တော့
တော်တော်လှတဲ့ အဖြေလေးပါ။ အဲဒါကတော့..."မရှိဝမ်းစာ၊ ရှိတန်ဆာ"
တဲ့....p.s. စာဖတ်သူတွေလည်း ဒီစာလေးကို ဖတ်မိပြီး ကိုယ့်ကောင်မလေးတွေကို
အဲဒီ့မေးခွန်းသွားမမေးမိစေနဲ့ဦးနော်... တော်ကြာ ဟိုကောင်လေးလို အသည်းတွေ
တစ်စစီ လိုက်ကောက်နေရဦးမယ်။ ပျော်ရွှင်ကြပါစေ။

အိုသွားတဲ့ တစ်နေ့
"ကလေးရဲ့ ပထမဆုံး သွားတစ်ချောင်းက တစ်နှစ်နဲ့ ဘယ်နှစ်လမှာ
ပေါက်တယ်ဆိုတာကို မှတ်မိနေပြီး မိဘရဲ့ နောက်ဆုံးသွားတစ်ချောင်း
ဘယ်အချိန်မှာ ကျိုးသွားသလဲ ဆိုတာကိုတော့ မေ့နေတတ်တယ်"
ဆေးရုံတစ်ရုံရဲ့ အ၀င်ဝမှာ ရေးကပ်ထားတဲ့ ပိုစတာလေးကို မြင်မှာ
ကျွန်မအသိစိတ်တွေ နှိုးထလာတယ်။ အခုခတ်က ငယ်ရွယ်တဲ့ အိမ်ထောင်သည်တွေ
ကိုယ်တိုင်ဝမ်းနာပြီး မွေးထွက်လာတဲ့ ကလေးတွေကိုပဲ ဂရုစိုက်တတ်ကြတယ်။
ကိုယ့်ကိုလည်း အမေ၀မ်းနာပြီး မွေးထွက်လာခဲ့တယ် ဆိုတာကို မေ့နေတတ်ကြတယ်။
စနေနေ့ မနက် အိပ်ရာပေါ်မှာ ဇိမ်နဲ့နှပ်နေတုန်း ဖုန်းသံကြောင့် ကျွန်မ
အိပ်မက်က လန့်နှိုးလာခဲ့တယ်။ အမေဆီက ဖုန်းပါ။ ကလေးတွေခေါ်ပြီး အမေ့အိမ်မှာ
နေ့လယ်စာ သွားစားဖို့ ဆက်လိုက်တာဖြစ်တယ်။
"ကလေးတွေကို မက်ဒေါ်နယ်သွားစားဖို့ ပြောထားပြီးပြီ အမေရဲ့"
"အဲဒီပိုက်ဆံကို ချွေသာလိုက်ပါ သမီးရယ်... ကားမောင်းလာရင် ၁၀မိနစ်ထဲပါ"
အမေက မရမက တောင်းဆိုနေတယ်။ ကလေးတွေက အမေချက်တာကို စားချင်မှာ မဟုတ်ဘူး။
ဟမ်ဘာဂါပဲ စားချင်ကြမှာပဲလို့ ကျွန်မ တွေးလိုက်မိတယ်။
အမေကို လာမယ်၊ မလာဘူးလို့ မပြောခင် ကျွန်မ တွေဝေနေတုန်းမှာ အကြီးမနဲ့
အငယ်လေးက ဖုန်းပြောနေတဲ့ ကျွန်မကို လာခါပြလိုက်၊ ခေါင်းခါပြလိုက်နဲ့
အဘွားအိမ်ကို မသွားချင်ကြောင်း လုပ်ပြနေတယ်။ သမီးတွေက ရုံးပိတ်ရက်
မိသားစု စုံစုံညီညီနဲ့ အပြင်ထွက်ပြီး အတူစားချင်ပုံရတယ်။
"အမေ့မြေးတွေနဲ့ တိုင်ပင်ပြီး သမီး ဖုန်းပြန်ဆက်လိုက်မယ် အမေ"
"အေးပါ သမီးရယ်"
ဖျော့တော့တော့ အသံနဲ့ အမေဖုန်းချသွားတယ် ဆိုရင်ပဲ ကလေးတွေက တစ်ပြိုင်ထဲ
"အဘွားအိမ် မသွားချင်ဘူး။ မက်ဒေါ်နယ် သွားစားမယ်လို့ ပြောထားပြီသားပဲ"
လို့ ၀ိုင်းအော်ကြတယ်။
"အဘွားရဲ့ ရည်ရွယ်ချက်က နေ့လယ်စာ စားဖို့ မဟုတ်ဘူး။ သူ့မြေးတွေဖြစ်တဲ့
သမီးတို့ကို ကြည့်ချင်လို့"
"အရင်အပတ်ကပဲ သမီးတို့ သွားခဲ့ပြီးပြီလေ မေမေ"
ကျွန်မရှင်းပြတာကို သမီးတွေက လက်ခံချင်ပုံ မရခဲ့ဘူး။
"တစ်ချိန်မှာ မေမေလဲ အိုသွားတဲ့အခါ သမီးတို့ကို "သမီးတို့ရေ အိမ်ကို
လာခဲ့ပါဦး။ မေမေ ကိတ်မုန့်ဖုတ်ထားတယ်။ မြေးတွေလဲ ခေါ်ခဲ့နော်" လို့
ဖုန်းဆက်ခေါ်ရင် "ကိတ်မုန့်ကို အပြင်မှာ ၀ယ်စားလဲရတာပဲ အမေ.. သမီးတို့
မအားဘူး" လို့ ပြန်ပြောရင် အခု ဘွားဘွား စိတ်မကောင်းဖြစ်သွားသလို မေမေလဲ
စိတ်မကောင်းဖြစ်လိမ့်မယ်" လို့ ရှင်းပြတော့ လေးနှစ်သမီးလေးက "သမီး အဲလို
မပြောဘူး။ ဟုတ်ကဲ့လို့ ပြောမယ် မေမေ" တဲ့။ နောက်ဆုံး သမီးတွေနဲ့
တိုင်ပင်ပြီး နေ့လယ်စာကို မက်ဒေါ်နယ် စားပြီး ညနေစာကို အမေ့အိမ်မှာ
စားဖို့ ကျွန်မတို့ ဆုံးဖြတ်လိုက်တယ်။
ညနေ အိမ်လာခဲ့မယ်လို့ အမေ့ကို ဖုန်းပြန်ဆက်တော့ အမေက "အေး.. ဒါဆိုရင် အမေ
ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်ဦးမယ်" လို့ ၀မ်းသာအားရ ပြန်ပြောတယ်။
ညနေ အမေ့အိမ်ရောက်တော့ အမေက မီးဖိုချောင်ထဲမှာ တကုပ်ကုပ်နဲ့
ချက်ပြုပ်နေတယ်။ အမေ့ကိုကူဖို့ ကျွန်မ မီးဖိုထဲဝင်တော့ အမေက
ပုခုံးကျောတွေ ကိုက်ကြောင်း ပြောပြတယ်။
" ဆေးခန်းမသွားဘူးလား အမေ၊ ဆေးမလိမ်းဘူးလား"
"သွားလဲ မထူးပါဘူး သမီးရယ်။ ဆေးလိမ်းလဲ မသက်သာပါဘူး"
အမေ့စကားကို ကြားမှ အမေလိုအပ်နေတာ ဆေးခန်းတွေ၊ လိမ်းဆေးတွေ မဟုတ်ဘဲ
ကျွန်မတို့ရဲ့ ဂရုစိုက်မှု၊ ပြုစုမှုဆိုတာကို ကျွန်မ သဘောပေါက်တော့တယ်။
အသန့်အပြန့် ကြိုက်တဲ့ အမေ့ရဲ့ မီးဖိုချောင်က အိုးတွေဟာလဲ ဆီချေးတွေ
အထပ်ထပ် ပေနေတာကို ကျွန်မ သတိထားမိလိုက်တယ်။ အိုးတွေကို
တိုက်ချွတ်ဆေးနေရင်း "အိုးတွေကို တိုက်ချွတ်ဖို့ အမေအားတွေ
မရှိတော့လို့ဖြစ်မယ်" လို့ ကျွန်မ စဉ်းစားလိုက်မိတယ်။
အရင်တုန်းက လက်တစ်ဖက်က ကျွန်မကို ချီပိုးရင်း၊ ကျန်လက်တစ်ဖက်နဲ့
ကြော်လှော်ချက်ပြုတ်ခဲ့တဲ့ အမေ... အိမ်ရှေ့၊ အိမ်နောက်၊ အိမ်ထောင့်တွေပါ
မကျန် သပ်ရပ်သန့်ရှင်းအောင် အမြဲရှင်းလင်းတတ်တဲ့ အမေ..... အခုခါမှာတော့
ဇရာထောင်းပြီး လက်တွေလဲ အင်အားချိခဲ့ပါပြီ။ ဒါတောင် သူချစ်တဲ့ သားသမီး
မြေးတွေကို ကိုယ်တိုင်ချက်ပြုပ် ကျွေးမွေးချင်နေတုန်းပါပဲ။
ကျွန်မ ဘယ်လောက်ပဲ ပင်ပန်းပြီး၊ အလုပ်များနေပါစေ အချိန်တစ်ချိန်
ကန့်သတ်ပြီး အမေ့အိမ်ကို အမြဲပြန်ပြီး အိုးတွေကို တိုက်ဆေးပေးမယ်ဖို့
ကျွန်မ ဆုံးဖြတ်ချက် တစ်ခု ချလိုက်မိပါတယ်။ နောင်တစ်ချိန် ကျွန်မ
အိုသွားတဲ့တစ်နေ့၊ လက်တွေ လှုပ်ရှားဖို့ အားအင် နည်းသွားတဲ့အခါ
သားသမီးတွေလည်း အိမ်ကို အမြဲပြန်လာပြီး အိုးတွေ တိုက်ဆေးပေးဖို့ ကျွန်မ
မျှော်လင့်မိပါတယ်။
အမေ့လက်
မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။
မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။
ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။
ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)

copy to internet website
ငှက်ပျောသီး၊ လှေကား၊ ရေခဲရေ၊ မျောက်များနှင့် ကျနော်တို့
မိတ်ဆွေတို့ရေ....စမ်းသပ်ချက်တခုမှာ သိပ္ပံပညာရှင်များဟာ မျောက် ၅
ကောင်ကို လှောင်အိမ်တခုထဲမှာအတူတူ စုထည့်ထားလိုက်တယ်။
ပြီးတော့လှောင်အိမ်ရဲ့ အလယ်တည့်တည့်မှာ လှေကားတစင်းထောင်ထားပြီး
လှေကားထိပ်မှာတော့ ငှက်ပျောတဖီးကို တင်ထားပေးသတဲ့ကွယ်။
တကယ်လို့ မျောက်တကောင်ကောင်ကနေ ငှက်ပျောသီးစားချင်လို့ လှေကားပေါ်ကို
တက်ဘို့ကြိုးစားအခါတိုင်းမှာ သိပ္ပံပညာရှင်တွေဟာ ကျန်တဲ့မျောက်တွေကို
(မျောက်တွေ ကြောက်တဲ့) ရေခဲတမျှအေးစက်နေတဲ့ ရေအေးတွေနဲ့ နေမထိ
ထိုင်မသာဖြစ်အောင် ဆွတ်ဖြန်းပေးသတဲ့။
ဟော....မကြာပါဘူး။ မျောက်တွေဟာ သူတို့အထဲက တကောင်ကောင် လှေကားပေါ်တက်ဘို့
ကြိုးစားတာနဲ့ အဲဒီ အကောင်ကို ကျန်တဲ့လေးကောင်က ၀ိုင်းပြီး ထုကြ
နှက်ကြတော့တာဘဲတဲ့။ အဲဒီအခါမှာတော့ ရေအေးနဲ့ ပက်ဖြန်းတာကို
ရပ်နားထားလိုက်တော့သတဲ့ကွယ်။
အဲသည်နောက်ပိုင်းမှာ ငှက်ပျောသီးရဲ့ ဆွဲဆောင်ဖြားယောင်းမှု ဘယ်လိုပင်
အားကောင်းလွန်းလှပေမယ့် ဘယ်မျောက်ကမှ မျောက်စွမ်းကောင်းလုပ်ပြီး
လှေကားပေါ်ကို တက်ဘို့ ထပ်မကြိုးစားရဲတော့ဘူးတဲ့။
ဒီလိုအနေအထားမှာ သိပ္ပံပညာရှင်တွေဟာ မူလမျောက်ငါးကောင်ထဲက တကောင်ကို
လှောင်အိမ်ထဲက ထုတ်။ သူ့နေရာမှာ မျောက်အသစ်တကောင်နဲ့
လဲလှယ်အစားထိုးလိုက်တယ်။ မျောက်အသစ်ဟာ လှောင်အိမ်ထဲကို ရောက်တာနဲ့
(မျောက်ပီပီ) လှေကားပေါ်ကို ပြေးတက်ပြီး ငှက်ပျောသီးကို ယူဘို့
ကြိုးစားတော့တာပေါ့။ ကျန်တဲ့လေးကောင်ကလည်း ထုံးစံအတိုင်း မဆိုင်းမတွ
သူ့ကို ၀ိုင်း "သမ" ကြသတဲ့။
(ကွိကွိ...ကွကွ...ကွိကွ...ခွေးမသားမျောက်...ဆော်ပစ်....ကွစ်ကွစ်)
အဲသလို မကြာခဏ ထုနှက်ခံရပြီးတဲ့နောက်မှာ အသစ်ရောက်လာတဲ့ မျောက်ဟာ
ဘာကြောင့်ဒီလို ထုနှက်ကြသလဲဆိုတဲ့ နောက်ကွယ်က အကြောင်းရင်းမှန်ကို
စဉ်းစားလို့ မရပေမယ့်လည်း လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အချက်ကိုတော့
ကောင်းကောင်းကြီး သဘောပေါက်လာတယ်။ လှေကားပေါ် တက်ဘို့ကိုလည်း
ထပ်မံမကြိုးစားရဲတော့ဘူးတဲ့။
ဒုတိယ မျောက်အသစ်ကောင်ကို မျောက်အဟောင်းတကောင်ရဲ့ နေရာမှာ ထပ်မံ အစားထိုး
ထည့်လိုက်တဲ့အခါမှာလည်း အလားတူ အဖြစ်မျိုး ထပ်ဖြစ်တယ်။ ဒီနေရာမှာ
စိတ်ဝင်စားဘို့ကောင်းတာက ဒုတိယမျောက်သစ်ကို ၀ိုင်းဝန်းထုနှက်ကြတဲ့အခါ
သူ့အရင်ရောက်တဲ့ မျောက်အသစ်ကပါ ဘုမသိ ဘမသိ ၀င်ပြီး ထုနှက်တာကို
တွေ့ရသတဲ့။ (ကြည့်ရတာ လူတွေသာမက မျောက်တွေလည်း ဆွမ်းကြီးလောင်းရတာ
ဝါသနာပါပုံရတယ်ကွဲ့။)
အဲသလိုနဲ့ တတိယ မျောက်အသစ်တကောင်ကို မူလမျောက်အဟောင်းထဲက တကောင်နေရာမှာ
အစားထိုးထည့်ကြည့်တယ်။ ထုနှက်တဲ့ကိစ္စဆက်ဖြစ်တယ်။
စတုတ္ထမျောက်အသစ်တကောင်ထပ်လဲထည့်တယ်။ ထုရိုက်တဲ့ကိစ္စ ဆက်ဖြစ်တယ်။
နောက်ဆုံးမှာ ပဉ္စမမြောက် မျောက်အသစ်ကို
နောက်ဆုံးလက်ကျန်မျောက်အဟောင်းနေရာမှာ အပြီးသတ် လဲထည့်လိုက်တော့တယ်။
********************************************************************
မိတ်ဆွေတို့ရေ.....အခုဆိုရင် လှောင်အိမ်ထဲမှာ ရှိနေတဲ့
မျောက်ငါးကောင်စလုံးဟာ နောက်မှ ရောက်လာကြတဲ့ မျောက်အသစ်တွေချည်းပေါ့ကွယ်။
သူတို့ အားလုံးဟာ ရေခဲရေနဲ့ ပက်ဖြန်းတာကို တခါမှ မကြုံခဲ့ရဖူးဘူးကွဲ့။
ဒါပေမယ့် သူတို့ထဲက တစ်ကောင်ကောင် လှေကားပေါ်ကို တက်ဘို့ကြိုးစားရင်တော့
ကျန်တဲ့ လေးကောင်က ၀ိုင်းဝန်းပြီး ထုကြနှက်ကြဆဲဘဲတဲ့။ ဒါပေမယ့် ဘာကြောင့်
အဲသလို ထုနှက်ရသလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မျောက်ငါးကောင်စလုံး လုံးဝ
မသိကြရှာဘူးတဲ့ကွယ်။
ကဲ.....ပုံပြင်လေးကတော့ ဒါပါဘဲကွယ်။
မိတ်ဆွေတို့ရေ……အဲဒီ မျောက်ငါးကောင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကို
လူ့အဖွဲ့အစည်း အတွင်းမှာရော တွေ့ဘူးကြုံဘူး ပါသလားကွယ်။
တဆက်တည်း မေးလိုက်ချင်သေးတာကလဲ ကိုယ်ကိုတိုင်ကော ဘယ်နှခါလောက်
အဲလိုလုပ်မိပြီးပြီလဲဟင် ..??
ဝန်ခံချက်။......... ။ သူငယ်ချင်းတစ်ယောက် mail ကနေပို့ ပေးလို တင်လိုက်တာပါ ။
တစ်တစုံတစ်ဦးရဲ့ မူပိုင်ဆိုရင်...ခွင့် လွတ်ပါ.။

They Are Playing Our Song
When a woman in a certain African tribe knows she is pregnant, she goes out into the wilderness with a few friends and together they pray and meditate until they hear the song of the child. They recognize that every soul has its own vibration that expresses its unique flavor and purpose. When the women attune to the song, they sing it out loud. Then they return to the tribe and teach it to everyone else.
When the child is born, the community gathers and sings the child's song to him or her. Later, when the child enters education, the village gathers and chants the child's song. When the child passes through the initiation to adulthood, the people again come together and sing. At the time of marriage, the person hears his or her song. Finally, when the soul is about to pass from this world, the family and friends gather at the person's bed, just as they did at their birth, and they sing the person to the next life.
There is something inside each of us that knows we have a song, and we wish those we love would recognize it and support us to sing it.
In the African tribe there is one other occasion upon which the villagers sing to the child. If at any time during his or her life, the person commits a crime or aberrant social act, the individual is called to the centre of the village and the people in the community form a circle around them. Then they sing their song to them. The tribe recognizes that the correction for antisocial behavior is not punishment; it is love and the remembrance of identity. When you recognize your own song, you have no desire or need to do anything that would hurt another.
A friend is someone who knows your song and sings it to you when you have forgotten it. Those who love you are not fooled by mistakes you have made or dark images you hold about yourself. They remember your beauty when you feel ugly; your wholeness when you are broken; your innocence when you feel guilty; and your purpose when you are confused.
If you do not give your song a voice, you will feel lost, alone, and confused. If you express it, you will come to life. We attract people on a similar wavelength so we can support each other to sing aloud. Sometimes we attract people who challenge us by telling us that we cannot or should not sing our song in public. Yet these people help us too, for they stimulate us to find greater courage to sing it.
You may not have grown up in an African tribe that sings your song to you at crucial life transitions, but life is always reminding you when you are in tune with yourself and when you are not. When you feel good, what you are doing matches your song, and when you feel awful, it doesn't. In the end, we shall all recognize our song and sing it well. You may feel a little warily at the moment, but so have all the great singers. Just keep singing and you'll find your way home

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.