Monday, October 13, 2008

[ဖြိုးသက်အောင်] 1 New Entry: ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့

ဗရုတ်သုတ်ခအကျဆုံးနေ့ လေးပေါ့

မ၀ါကတော့ ကံထူးရှင်ရွေးလိုက်တယ်တဲ့ဗျာ ... :Z ။ တက်ဂ် ထားတာကိုက ဗရုတ်သုတ်ခအကျဆုံးနေ့ လေးတဲ့ ...။ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခအကျဆုံးနေ့ တွေကို ပြန်စဉ်းစားကြည့်တော့ လား လား တော်တော်များသား။ တစ်ခါတုန်းက ရန်ကုန်မြို့ထဲ ပိုက်ဆံ အိတ်ကျပျောက်လို့ ခြေတိုအောင်လမ်းလျှောက်ခဲ့ရတာက တစ်မျိုး ။ ချစ်ရတဲ့ကောင်မလေး အတွက် မွေးနေ့လက်ဆောင် အဖြစ် ငါးကန်ဝယ်ပေးတုန်းက ငါးကန် တွေ ငါးတွေ နဲ့ ဆိုင်ကယ်စီးသွားရတဲ့ နေ့က တဖုန် အစုံစုံပေါ့ဗျာ။
ဒါပေသိ အဲ့ဒါတွေထဲ က ဗရုတ်သုတ်ခအနိုင်ဆုံးနေ့လေး တစ်နေ့ကိုပြန်စဉ်းစားတော့ ဟိုးလွန်ခဲ့တဲ့ ၁၇ နှစ် လောက်တုန်းက ပိစိကွေး တုန်းက အဖြစ်လေးကို သွားမြင်ယောင်မိတယ်။ အဲ့ဒီအချိန်တုန်းက ကျနော်က ၅ နှစ် ၆ နှစ် သားလောက် အရွယ်ပေါ့။ မှတ်မှတ်ရရ အဲ့ဒီနေ့က ကျောင်းမသွားခင် ကျနော် အသုပ်စားတယ်၊ ဒိန်ချဉ်သောက်တယ်။ ဘာဖြစ်တယ်ဆိုတာ စဉ်းစားသာကြည့် ကြပေါ့ဗျာ။ ကျောင်းခန်းထဲလဲ ရောက်ရော ဆရာမစာသင်နေတုန်း အားပါး ဘာပြောကောင်းမလဲ ဗိုက်ကရစ်ပြီးနာတာ ပွင့်ပွင့်လင်း လင်းပြောရ ရင် အီးအီး ပါချင်တာပေါ့ဗျာ။ ကျနော်က ငယ်ငယ်တုန်းက လူကြောက်ရယ်ဗျ ။ ဒီလို အိမ်သာသွားချင်လို့ ခွင့်တိုင်ဖို့ နေနေသာသာ တနေသာကုန်သွားမယ် အတန်းထဲ စကားတလုံးမှပြောတာမဟုတ်ဘူး။ ငါ့ဘယ်လိုလုပ်ရမလဲ စဉ်းစား .. အင်း အောက်ထားအုံးမှ ဆိုပြီး အောက်တယ်ဗျ။ ခုပြန်တွေးရင် ရယ်ချင်တယ် ဟီးးး ဟီးးး ။ ကျလိုက်တဲ့ ချွေးတွေဆို ဘယ်ပြောကောင်း မလဲ ၊ လူကလည်း ငြိမ်ငြိမ်မထိုင်နိုင်နဲ့ မြင်ယောင်ကြည့်ကြဗျာ အောက်ပိုင်းတစ်ခုလုံး တွန့်လိန်နေတာ စပလိန်ကျလို့။ အချိန်ဆိုတာလဲ ကြာလိုက်တာဗျာ တစ်မိနစ်ဆို တစ်မိနစ် အရးကြီးတဲ့အချိန်ရောက်နေပြီကိုး။ သင်နေတဲ့စာထဲမှာ လဲ လုံးဝစိတ်မ၀င်စားနိုင်နဲ့ပေါ့။ နောက်ဆုံးတော့ ဘေးနားက သူငယ်ချင်းရဲ့ လက်ကို ကိုင်ပြီးပြောလိုက်တယ်။ အဲ့ဒီ စကားလုံးကိုတော့ ခုထိမှတ်မိနေသေး တယ် .. "ဟေ့ကောင် ငါတော့သွားကုန်ပြီ " စဉ်းစားသာကြည့်ကြပေါ့ အရပ်ကတို့ ရေ။ အဲ့ဒီနောက်မှာတော့ တခန်းလုံးပွက်လောရိုက်လို့ လက်ကဟိုဟာကိုင်ရမလို ဒီဟာပဲပိတ်ရတော့မလိုနဲ့ လွယ်အိတ်ထဲ က စာအုပ်တွေ ကထွက်ကျလိုကျ ..။ ဗရုတ်သုတ်ခများ နိုင်လိုက်သည်ဖြစ်ခြင်း ...။ နောက်တော့ ဆရာမ က အိမ်လိုက်ပို့လိုက်ရ တယ်။ ရှက်လိုက်တာများဗျာ အဲ့ဒီအချိန်တုန်းက များ ဆယ်ဘီးကားတစ်စီး ရှေ့ဖြတ်သွားရင် ခေါင်းနဲ့ သာဝင်ပြီး ဂျမ်းတုံး ခုလိုက်ချင်တယ်။ တကယ်တော့ ဘာမဟုတ်တဲ့ ကြောက်စိတ်ရယ်ကြောင့်ပေါ့ ။ ဒီနောက်မှာ တော့ မကောင်းတဲ့ ကြောက်စိတ်တွေကို ဖယ်ရှာရင် ... ဆရာမတွေ ချစ်တဲ့ လူပျော် လူတော်လေး ကျနော်ဖြစ်လာရ တာပဲခင်ဗျ...။ ခုတော့လည်းကြာခဲ့ပြီလေ ရှက်ရှက်နဲ့ ကိုယ့်ရဲ့ ဗရုတ်သုတ်ခ နိုင်တဲ့နေ့လေး တစ်နေ့ကို ဘလောဂ် ထဲ ထည့်ရေးလိုက်ပါတယ်ဗျာ... .. .။

You received this email because you are subscribed to the real_time feed for http://phyothetaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.