Monday, October 13, 2008

[Maung Myo's Heartfelt] 1 New Entry: အချစ်ဆိုသည်မှာ......

အချစ်ဆိုသည်မှာ......

အချစ်ဆိုသည်မှာ ဘာတုန်း လက်ဖက်လိုသုတ်စားရင် ကောင်းသလား ရှင်ရှင်ပြောရရင် ဘယ်လို အရသာလည်းဆိုတာ ကို တစ်ခါမှ မမြည်းဖူးဘူးဗျ အခုတော့ ကိုယ့်တူညီ လေးကို မစာမနာ တက်စ်တဲ့ အန်ကယ်အောင် နဲ့  ကိုလင်းထက်ကြီး ကြောင့် ဂေါ်မစွံတဲ့အကြောင်းတွေ ပြောရအုံးမယ် ဟီးဟီး ။ ဆယ်ကျော်သက်တုန်းကတော့ အချစ်ဝတ္ထုတွေဖတ် စိတ်ကူးယဉ် တကယ်ကိုရင်ခုန်ဖို့ ကောင်းတာပေါ့ နောက်ပိုင်းတော့ ကိုယ့်ဘ၀ကို ရုန်းကန်နေရတာနဲ့  အချစ်ဆိုတာ ဘာမှန်းကိုမသိခဲ့ပါဘူး ။ သေချာတာကတော့ ရွာက ဒေါ်ပုမ ရောင်းတဲ့ နံနက်ခင်းပဲပြုတ်လိုတော့ ၀ယ်ရလွယ်မှာမဟုတ်ဘူး မနက်အဆာပြေ ပဲပြုတ်ဆီဆမ်းစားရင် ၀ယ်ပြီး အပိုလည်းတောင်းတယ် လျှာမထွက်ရင်လည်း အော်တယ် လစ်ရင်လည်း လက်တစ်ဆုပ်လောက် အလစ်သုတ်လိုက်သေးတယ် ။ အဲ့လိုမျိုး အချစ်ကို စမ်းလို့ ရရင်တော့ စမ်းကြည့်ချင်သားး) အများကြီးတော့ မစဉ်းစားတက်တော့လို့  ပုံကလေးတွေနဲ့  ပေါ့ပေါ့ပါးပါးလေးပဲရေးလိုက်တော့မယ်ဗျို့  ။



ချစ်သူအတွက်ဆို လိုချင်ရင် ကောင်းကင်ကကြယ် ကိုပဲ ဖြစ်ဖြစ် ခူးပေးရ ပါစေ ၊အသက်ပင် အသေခံဝံ့တယ် ထိုသူအတွက် အချစ်ဆိုတာ စွန့် စားခြင်း




ချစ်တဲ့သူ ဆီကစာလွှာလေးတွေကို စောင့်စားရင် မျှော်လင့်ချက်နဲ့ အသက်ရှင်နေရတဲ့ သူတွေအတွက် အချစ်ဆိုတာ စောင့်စားခြင်းး


နေ့ သစ်တွေ ရှိနေသေးသ၍ ချစ်သူပြန်လာလိမ့်မယ်ဆိုတာ ယုံကြည်ရင် ဒို့ နှစ်ဦးရဲ့ နှလုံးသားကြားခံ ရပ်ဝန်းလေးဖြစ်တဲ့ စာတိုက်ပုံးလေးနား မှာ တစ်ကိုယ်တည်း ဒါဆိုရင်တော့ အချစ်ဆိုတာ မျှော်လင့်ခြင်း

နွေ၊ မိုး၊ ဆောင်း ရာသီတွေ အလီလီ ပြောင်းသွားလဲ မပြောင်းလဲပဲ ထာဝရအမြဲ ( အချစ်ဆိုသည်မှာ = ထာဝစဉ် ၊ထာဝရ )

အလွမ်း ဆိုတဲ့ ဝေါဟာရ ဘယ်သူကဖန်းဆင်းပြီး ပေါက်ဖွားလာရတာလဲ ဘာကြောင့်ချစ်သူတွေကြား ၀င်လာခွင့်ရှိတာလဲ မေးခွန်းပေါင်းများစွာနဲ့  လွမ်းရင် အချစ်နှင့် အလွမ်းသည် သချာင်္နည်းအရ တိုက်ရိုက်အချိုးကြသည် ။ အချစ်ဆိုသည်မှာ =( အပေါင်း ၊အနှုတ် ၊ အမြှောက် အစား )

ဖန်းဆင်းခွင့်သာရှိမယ် ဆိုရင် အတောင်ပံတစ်စုံ လိုချင်တယ် ချစ်သူရှိတဲ့နေရာ ကို ပျံသန်းခွင့် ရဖို့ အတွက်ဆိုရင်တော့ အချစ်ဆိုတာ စိတ်ကူးတွေကို အတောင်ပံတပ်ပေးလိုက်ခြင်းပါပဲ ။

ကျနော့်နားလည်တဲ့ အချစ်ဆိုတာကတော့ ရူးသွပ်စွာ တပ်မက်စွာ မက်မောစွာနဲ့  ရှူရှိုက်လိုက်တဲ့ စီးကရက်တစ်လိပ်ပါပဲ ရှိုက်သွင်းလိုက်တိုင်း ယစ်မူးတယ် အရသာတွေ့ မယ် ဒါပေမယ့် တစ်ချိန်ကျရင်တော့ ဒီရူးသွပ်မှုတွေ အားလုံး မီးဆိုတဲ့ အချစ်ကြောင့်ပဲ ငြိမ်သက်သွားရမှာပါပဲ ဆက်သောက်လို့ မရတော့တဲ့ ဆေးလိပ်တိုကို လွှင့်ပစ်မလား သိမ်းထားမလားဆိုတာကတော့ ချစ်တဲ့သူပေါ်မှာပဲ မူတည်နေမှာပါ ။ဒါမှမဟုတ်ရင်တော့ ယောက်ျားတစ်ယောက်ရဲ့ အချစ် ကာဗွန် မိန်းမတစ်ယောက်ရဲ့ အချစ်အောက်ဆီဂျင်လို့ ဆိုကြပါဆို့  ပေါင်းစပ်မိရင် အချစ်ဆိုတဲ့ မီးသွေးရမှာပါ နောက်ဆုံးတော့ လောင်မြိုက်ပြီးး ပြာဖြစ်မှာပါပဲ ဒါကြောင့် အချစ်ဆိုတာကိုကျနော် မယုံပါဘူး ( ကျနော့်အတွက်နော် ) ။ အခုကျနော့်ရင်ဘတ်ထဲမှာ ဘယ်ချောင်ကပ်နေမှန်းမသိတဲ့ အချစ်ဆိုတာက ရောင်းမရကောင်းလို့  ရောင်းဖို့ အခွင့်ရေးမရှိတော့လို့  ဆိုင်ရှင် ( အချစ်နတ်မင်း) ကြီးက မနှဲလေးနတ်စင်ပေါ်တင်ထားတဲ့ ဘဲဥပုပ်တစ်လုံးပါပဲ။

ဆက်ပြီး Tag မယ့် သူကတော့

ညလေးရဲ့ အပိစိ တို့ ကိုရေးပေးစေချင်ပါတယ်ခင်ဗျာ ။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.