Monday, October 13, 2008

[: : : Nay Lynn ~ နေလင်းဘလော့ဂ် မှ လှိုက်လှဲစွာ ကြိုဆိုပါ၏ ။ : : :] 1 New Entry: ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် ...

ဖြစ်သလိုလေးပဲ စားလိုက်ပါတယ် ...

မင်္ဂလာပါ။ ခင်မင်ရပါတဲ့ မမဝါ က ဒီနေ့မနက် စီဘောက်စ်မှာ ထပ်ပြီး Remind လုပ်တာကြောင့် အိမ်ထဲမှာ ပုန်းနေလို့ မရတော့ပါဘူး။ ဟီးဟီး ... ။ မမဝါ လာပြီး တက်ဂ်တာက ၆ ရက်နေ့ ညကပါ။ Eyesight မကောင်းချင်ယောင် ဆောင်နေတာ။ မြင်ဘူး မြင်ဘူး။ မြင်ဘူးဆိုမြင်ဘူးပဲ.... ဟီး..
မြန်မာစာ ကို စီကာပတ်ကုံး ကောင်းကောင်းမရေးတတ်လို့ ဟိုရှောင်ဒီရှောင်လုပ်နေတာ။ ဟင့်ဟင့်... သားသားကို...။
မမဝါက မောင်လေးခန့်ခန့်ချောချောလေး (၁၀) ယောက်ကို လက်ရွေးစင်ရွေးပြီး တစ်ပြိုင်ထဲ တက်ဂ်ထားတာဆိုတော့လဲ ... ဟင့်ဟင့်... ရေးရတော့မှာပေါ့...။

ကျွန်တော်က အစားအသောက်နဲ့ ပတ်သက်လာရင် ဂျီးမများတတ်ပါဘူး။ အကုန်ဝါးတယ်.. ဟီး။ အသား ၊ ငါး တွေထက်စာရင် အသီးအရွက်တွေကို ပိုကြိုက်တယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက်ပြောသလို ဝက်ဆိုရင်တော့ ဝက်မွေးနဲ့ ဝက်ခွာ ကလွဲရင် အားလုံးလာထားပဲ။ ဟီး ဟီး...



အစားအသောက်ဆိုရင် ဖြစ်သလိုစားခဲပါတယ်။ အစားကောင်း အသောက်ကောင်း ဆိုရင် အသေကြိုက်။ ရန်ကုန်မှာ ဆိုရင် သူငယ်ချင်းတွေနဲ့ အတူ ဆိုင်အသစ်တွေဖွင့်ရင် သွားတီးနေကြ။ ရယ်စရာ ပြောပြရဦးမယ်။ ရန်ကုန်မှာ ဘူဖေးတွေ စပေါ်တုန်းကပေါ့။ အဲဒီ မတိုင်ခင်က ဘူဖေးမစားဖူးသေးပါဘူး။ ရွှေဂုံတိုင်က ယုဇနဟော်တယ်မှာ သူငယ်ချင်းတွေနဲ့ အတူသွားစားတာ။ ပထမဦးဆုံး ဘူဖေးစားတာဆိုတော့ သားသားလဲ သိဘူးလေ။ တန်အောင်ဆိုပြီး အသေစားတော့တာပေါ့။ ဟီးဟီး... အိမ်ရောက်တော့မှ ဒုက္ခနဲ့ လှလှ နဲ့တွေ့တော့တာပဲ။ ဘယ်လောက်တောင် အစားသောင်းကျန်းခဲ့သလဲ ဆိုရင် စွပ်ကျယ်အင်္ကျီတောင် ဝတ်ထားလို့မရတော့ဘူး။ ဝတ်ထားရင် ဗိုက်ကိုလာထိပြီး ထိုင်ရတော့မလို၊ ထရတော့မလိုနဲ့ လူတစ်ကိုယ်လုံး ဂနာမငြိမ်ဖြစ်နေရော။ ဟီးဟီး .. တင်းကားနေတာ ပေါက်ထွက်တော့မတတ်... ။ လမ်းတောင်ကောင်းကောင်း မလျှောက်နိုင်တော့တာ။ တော်သေးတယ်.... အိမ်ကို ချောချောမောမော ပြန်ရောက်လာလို့.. ဟီး...ဟီး...။ ပါးပါးကတော့ ပြောပါတယ်။ စားပိုးနင့်ပြီး မာလကီးယား တတ်တယ်တဲ့။ နောက်ပိုင်း ဘူဖေးဆိုရင် စပါယ်ရှယ် လန့်သွားတာ။ Pancreatitis မဖြစ်တာတော်သေး... အဟေးဟေး။ ဒီလောက်ဆိုရင် သဘောပေါက်လောက်ရောပေါ့နော်....

နိဒါန်းပျိုးနေတာ နဲနဲရှည်သွားတယ်။ ဟီး.. ဖြစ်သလိုစားတတ်တဲ့ အကျင့်ကတော့ ဒီရောက်မှ နဲနဲရလာတာ။ ဟင်းမချက်ဖြစ်တဲ့နေ့၊ အပြင်မှာသွားမစားဖြစ်တဲ့နေ့ တွေဆိုရင် Tuna ဆီစိမ်ငါးသေတ္တာကို မိုင်ခရိုဝေ့ဗ်ထဲ ထည့်ပြီး လွေးလိုက်တော့တာပဲ။ ငါးတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ အရသာလုံးဝမတူပါဘူး။ နောက်တစ်မျိုးဖြစ်သလိုစားတာကတော့ ဝက်အူချောင်းနဲ့ပါ။ မထူမပါးလေးလှီးပြီး ထမင်းအိုးထဲ ထည့်ပေါင်းလိုက်တာပေါ့။ ကြော်နေရင် အလုပ်ရှုပ်မှာ စိုးလို့။


တစ်ခါတစ်လေတော့လဲ KFC မှာ ကြက်ကြော် Set Menu ကို ကျွန်တော့် ပူတူတူလေးနဲ့ နှစ်ယောက်သား ဖြစ်သလို သွားစားလိုက်ပါတယ်။ အိမ်နဲ့ နီးနီးလေးဆိုတော့လေ။


Mc Donald's က ကြက် ထမင်းဘာဂါလေးလဲ ကြိုက်သား။ အဲဒီဆိုင် နှစ်ဆိုင်က ဘေးချင်းကပ်ရက် ဖွင့်ထားတာလေ။


ဒီမှာ က ကျီးဖိုင်(雞排)လို့ ခေါ်တဲ့ ကြက်သားပြားကြော် တော်တော်လေး လူကြိုက်များပါတယ်။ ကျွန်တော်လဲ သိပ်မကြိုက်ရှာပါဘူး။ တစ်ပါတ်မှာ ခုနစ်ရက်လောက်ပဲ သွားဝယ်စားဖြစ်ပါတယ်။ ဟဲဟဲ..အဲဒါလေးနဲ့ ထမင်းကို တစ်ခါတစ်လေ ဖြစ်သလို စားဖူးပါတယ်။ လူလဲ ဒီရောက်မှ ဖြစ်သလိုလေးတွေ စားနေရလို့ Body Weight ၇-၈ ကီလို တဟုန်ထိုး တက်လာတာ။ ဟဲဟဲ... ပြန်ချလို့လဲရဘူး.. ဟင့်ဟင့်...

အဆိုးဆုံးကတော့ ဘလော့ဂ်လည်လည်သွားနေတဲ့ အချိန်ပေါ့။ ဘလော့ဂ် လည်ပြီဆိုရင် ထမင်းမေ့၊ ဟင်းမေ့ အကုန်လုံးကို မေ့နေတော့တာပဲ။ ဟီး ဟီး... ဘလော့ဂ်မလည်ခင် ထမင်း၊ ဟင်း၊ ရေခွက်၊ သစ်သီးစတဲ့ လက်နက်အပြည့်အစုံ ကွန်ပျူတာရှေ့ အသာလေးချ၊ ပြီးရင် တိုက်ပွဲစတော့တာပဲ။ ဟီး ... ထမင်းတစ်လုပ်စားလိုက်၊ ဘလော့ဂ်လည်လိုက်၊ chatting လုပ်လိုက်၊ လုံးချာလည် လိုက်တော့တာပဲ။ တစ်ခါတစ်လေ ပန်းကန်ထဲက ထမင်းက ကုန်သွားပြီ။ သိဘူးလေ...ဆက်ခပ်နေတုန်းပဲ။ အင်း... ဘလော့ဂ်ကပေးသနားတဲ့ သုခ လေးတွေပေါ့။ ဒါပေမဲ့ ဘလော့ဂ်လည်ရတာ အရမ်းပျော်ပါတယ်။ လူချင်း မတွေ့ဖူးပေမဲ့လဲ အွန်လိုင်းကနေ နှုတ်ဆက်ကြ၊ ပျော်ကြ ၊နောက်ကြ နဲ့ ရင်းနှီးခင်မင်သွားကြပါတယ်။

ကဲ... မမဝါရေ.... မရေးတတ်ရေးတတ်နဲ့ ရေးလိုက်တာ ပြီးသွားပြီ။ ဟီးဟီး.... သည်းခံပြီး အဆုံးအထိဖတ်ပေးတဲ့ သယ်ရင်းအားလုံးကို လဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

ကြော်ငြာခဏဝင်မယ်နော်.. ဒန် တန် တန်... ကျွန်တော့် မဒီလေးရဲ့ ဘလော့ဂ်လေး ကိုလဲ လည်လည်သွားရင်း အားပါးတရ မင့်နိုင်ပါကြောင်း။ သူလေးရဲ့ ပို့စ်လေးတွေလဲ အားပေးနိုင်ပါကြောင်း။ ဒန် တန် တန်...

(ကြော်ငြာ ပြီးသွားလို့ ဇာတ်လမ်း ဆက်လာနေပါပြီ... ဟီး..)

ဒီတစ်ခါတော့ ကျွန်တော့်အလှည့်။ ဟီးဟီး... သူများတွေကို တစ်ခါမှ မတက်ဂ်ဖူးဘူး။
ဒီ တက်ဂ်ပို့စ်လေးကို မရေးရသေးတဲ့၊ အွန်လိုင်းမှတဆင့် ခင်မင်ရပါတဲ့သူတွေကို ပြူးပြဲပြီးရှာလိုက်တာ...
ဟော.. တွေ့ပါပြီ တွေ့ပါပြီ .....

ကံထူးရှင် တွေကတော့ ...

(၁)ဖြူစင်တဲ့နှင်းတွေကိုချစ်တဲ့ ဒီဇင်ဘာနှင်း (ရေးပြီး)
(၂)သမိုင်းဆောင်းပါးလေးတွေ မျှဝေတဲ့ မသက်ဇင်
(၃)လေလှိုင်းကြမ်းတွေကြားက ညီလေးဇင်ယော် (ရေးပြီး)
(၄)ရသစုံ ပို့စ်လေးတွေ တင်တတ်တဲ့ ကိုဂျူလိုင် (ရေးပြီး)
(၅)စာရေးအရမ်းကောင်းတဲ့ မရွှေပြည်သူ (ရေးပြီး)
(၆)အရမ်းခင်ဖို့ကောင်းတဲ့ မမခင်ဦးမေ
(၇)စာအရမ်းကြိုးစားတဲ့ ညီမလေး POOH (ရေးပြီး)
(၈)မွန်လူမျိုးလေး ညီလေးမော်စီ (ရေးပြီး)
(၉)အတွေးအမြင် စာစုတွေရဲ့ ကို Republic
(၁၀)စိမ်းနေတာချင်းတူတဲ့ မ Greengirllailai (ရေးပြီး)
(၁၁)ကဗျာလေးတွေ ဝေဆာနေတဲ့ ညီလေးသီဟညိမ်း
(၁၂)ကြိုးကြာနီကို ကြိုက်တဲ့ ကိုကေမောင်ငြိမ်း

(ရေးပြီးသားဆိုရင်လဲ ဆောရီးနော်...)

ကံထူးသူအားလုံး တစ်ဒါဇင်တိတိပါ။ ဖြောင်း ဖြောင်း ဖြောင်း... (လက်ခုပ်သံများ)...

ကံထူးရှင်များအားလုံး ကျွန်တော့်ကို ခင်မင်ရင် ရေးပေးကြပါဦးနော်...

ရွှင်လန်းချမ်းမြေ့ကြပါစေ။


You received this email because you are subscribed to the real_time feed for http://nl80.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.