♥ Hell Freezes Over
(၁)
ဩော်ဇီဒေါ်လာ တောက်လျှောက်ထိုးကျနေတာ အလုအယက်ဝယ်ကြလို့ ရောင်းမလောက်အောင် ပြတ်သွားတယ်ဆိုပဲ။ အင်း၊ ဝယ်လည်းဝယ်ချင်စရာ၊ စင်္ကာပူဒေါ်လာက ဩော်ဇီဒေါ်လာထက်တောင် ကြီးသွားပြီကိုး။ မှတ်သားလောက်စရာပဲ၊ အန်တီခင်ဦးမေတို့တော့ ကုတင်အောက်မှာ ဩော်ဇီဒေါ်လာ ခု အိပ်နေလောက်ပြီ။

ပြီးခဲ့တဲ့ ၃ လအတွက် စင်္ကာပူဒေါ်လာနဲ့ ဩော်ဇီဒေါ်လာ ငွေလဲနှုန်းပါ၊ ကြမ်းတယ်နော်။

(၂)
ဈေးတွေခေါင်ခိုက်နေတဲ့ အခုလိုကာလမှာ လေယာဉ်ပျံကို ဒေါ်လာငါးဆယ်လောက်နဲ့ အသွားအပြန် စီးလို့ရတာ မဆိုးဘူးပြောရမယ်။ ကျားလေကြောင်းက ပရိုမိုးရှင်းပါ၊ စင်္ကာပူကနေ မလေးရှားကို အသွားအပြန်မှ စလုံး ၅၈ ပဲ ကျပါမယ်၊ ဒီလ ၁၄ ရက်နေ့ မတိုင်ခင် ဝယ်ရမှာဖြစ်ပြီး ဒီနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကနေ နောက်နှစ် ဩဂုတ်လ မကုန်ခင်စပ်ကြား ကြိုက်တဲ့အချိန် ရွေးသွားလို့ရတယ်။ ရေရေလည်လည် တန်ပါတယ်၊ အခွန်လွတ်မို့ပါ။

(၃)
ဓာတ်ပုံကြည့်ပါ၊ ဒီဘလော့ဂ်ကိုညွှန်းချင်တာကြာလှပြီ၊ တစ်ပုံမကျန်အကုန်ကြည့်ပါ။
(၄)
သီချင်းနားထောင်ပါ။ Hotel California

1) 新幣比澳幣大了。大家搶購澳幣的結果市場裡竟然都缺貨。
2) 虎航優惠票,新加坡飛吉隆坡來回(免稅)才五十八塊新幣。便宜的不像話!
3) 沒了。
You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.