Tuesday, December 16, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: စိတ်ငြိမ်းချမ်းမှုရှာပုံတော် ( အပိုင်း- ၃)

စိတ်ငြိမ်းချမ်းမှုရှာပုံတော် ( အပိုင်း- ၃)

John E. Coleman ၏ The Quiet Mind စာအုပ်ကို ဟိန်းလတ် မြန်မာပြန်ထားသော
" စိတ်ငြိမ်းချမ်းမှုရှာပုံတော်" စာအုပ်အား တနင်္ဂနွေနေ့တိုင်း အပိုင်းလိုက်ခွဲပြီး ပြန်လည်ဖော်ပြနေခြင်းဖြစ်ပါသည်။
ယခုတပတ်တွင် ဖော်ပြမည့် အကြောင်းအရာမှာ အခန်း(၂) ဖြစ်သည့် "မသိစိတ်၏ အစိတ်အပိုင်း”
အခန်းဖြစ်ပါသည်။

အခန်း(၂)

မသိစိတ်၏ အစိတ်အပိုင်း

ဝါရှင်တန်ရှိ ကျွန်တော်၏ ကိုယ်ရေးရာဇ၀င်ဖိုင်တွဲတွင် ကျွန်တော်သည် တစ်စုံတစ်ခုကိုလွယ်လင့်တကူဖြင့် ဇွတ်မှိတ်၍ယုံကြည်တတိသူမဟုတ်ကြောင်း သက်သေသာဓက အထောက်အထားများစွာဖြင့်
မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။ ကျွန်တော်သည် အသက်အတော် ငယ်ငယ်ရွယ်ရွယ်ကတည်းက
အစိုးရအလုပ်သို့ ၀င်လုပ်ခဲ့ပြီး နိုင်ငံအတော်များများတွင် လှည့်လည်အမှုထမ်းခဲ့ဖူးသည်။ ပေးအပ်သမျှတာဝန်
ဝတ္တရားများကိုလည်းအတော်ပင် ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ခဲ့ပါသည်။ တော်ရုံတန်ရုံအခက်အခဲ
အနှောင့်အယှက်များကိုလည်း အလွယ်တကူ ကျော်နင်းဖယ်ရှားနိုင်ခဲ့သော အတွေ့အကြုံများစွာ ရှိခဲ့ပါသည်။
ဤသည်တို့ကို ထောက်ရှုခြင်းအားဖြင့် ကျွန်တော်သည် ထိုင်းနိုင်ငံမှသူတော်စင်နှင့် ဆေးသိပ္ပံပညာရှင်တစ်စုတို့၏
အလွယ်တကူအရူးလုပ်ခြင်းကို ခံရလောက်သည့် လူစားမျိုးထဲတွင် မပါဝင်နိုင်ကြောင်း ထင်ရှားလောက်ပါပြီ။
ထိုင်းနိုင်ငံသားတို့နှင့် အတော်ရင်းရင်းနှီးနှီးပေါင်းကြည့်မိလေ သူတို့ကို ကျွန်တော်သဘောကျမိလေ ဖြစ်သည်။
တကယ်တော့ သူတို့နှင့် တစ်သားတည်းပေါင်းမိမှတော့ပင် သူတို့သည် ညာလုံးလှိုင်းမရှိ ပကတိ ရိုးသားဖြူစင်
သူများဖြစ်ကြောင်း ကောင်းကောင်းကြီးသိရပါသည်။ ထို့ပြင် သူတို့သည် သစ္စာတရားကိုရှာရာတွင်
ရိုးရိုးသားသားနှင့် စစ်စစ်မှန်မှန်ရှိသူများလည်း ဖြစ်ကြပါသည်။ သည်းခံခြင်းတရား ရှိသည့်နေရာတွင်လည်း
ထိုင်းနိုင်ငံသားများသည် စံပြဖြစ်ပုံရသည်။ မည်သည့်ဘူတာရုံတွင်မဆို အထုပ်အပိုးနံဘေးချပြီး ခြေပစ်လက်ပစ်
ထိုင်လျက် ဘယ်အချိန်ဆိုက်မယ်မှန်း မရေရာလှသော မီးရထားအလာကို စောင့်နေသူတွေ ဒုနှင့်ဒေး။ ရထားသည်
တစ်နာရီနောက်ကျပြီးမှ လာချင်လာမည်၊ လုံးလုံးလျားလျား ပျောက်ချင်ပျောက်သွားမည်။ ဒါကို ဘယ်သူမှမပူ
မငြူစူ သည်းခံပြီးသာ စောင့်တတ်ကြပါသည်။

သည်းခံမှုနှင့် ခံနိုင်ရည်ရှိမှုတို့မှာ မွေးရာပါအရည်အချင်းတွေလိုဖြစ်နေသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာယုံကြည်မှု
အရိပ်အာဝါသအောက်တွင် ပေါက်ဖွားကြီးပြင်းလာကြသူများတွင် ထိုအရည်အချင်းများသည် အလိုလို ပြည့်ဝပြီး
သား ဖြစ်နေသည်ဟုထင်ရ၏။ ဘန်ကောက်ရှိကျွန်တော့်မိတ်ဆွေ အနောက်တိုင်းသားအချို့သည် ဘန်ကောက်သို့
စ, ရောက်စက “ဒါမျိုး တို့ပြည်မှဆို ဘယ်ရမလဲ” ဟူသော မဲ့ကာ ရွဲ့ကာ ကျွန်တော်၏ ညည်းညူပစ်တင်သံကို နားငြီး
လောက်အောင် ကြားခဲ့ရသည်။ သို့သော် ကျွန်တော်လည်း အနေကြာလာလေ အရာရာကို ခွင့်လွှတ်သည်းခံတတ်
လေလေဖြစ်လာသည်ကို ကျွန်တော့်ဘာသာကျွန်တော် သတိထားမိလာသည်။ တကယ်တော့လည်း ဗုဒ္ဓ၀ါဒီ
ထိုင်းနိုင်ငံသားတို့ ကိုင်စွဲသောဒဿနသည် ကျွန်တော်တို့၏ ရှုပ်ထွေးပွေလိမ်လှသော လူမှု့အဖွဲ့အစည်း၏
အချို့သောပြဿနာများကို ဖြေရှင်းပေးနိုင်ကောင်း ပေးလိမ့်မည်ဟု ကျွန်တော်ထင်ပါသည်။

သိပ္ပံနှင့် အသိပညာတိုးတက်မှုမှာ ယနေ့ကမ္ဘာတွင် အံ့မခန်းဖြစ်နေပါသည်။ နှလုံး ကျောက်ကပ် အသည်း ဦးနှောက်
နှင့် မျက်လုံးအစားထိုး၍ ကုသမှုများမှာ နေ့စဉ်လိုပင်ဖြစ်နေပါသည်။ ကွန်ပျူတာများသည် ဘဏ်လုပ်ငန်းမှအစ
နေရာတကာတွင် မြန်မြန်နှင့်မှန်ကန်စွာ တွင်တွင်ကျယ်ကျယ်အသုံးကျနေသည်။ အာကာသသူရဲများသည်
စကြ၀ဋ္ဌာတစ်ခွင် ပြဲပြဲစင်အောင် လေ့လာသမှုတွေ ပြုနေကြပါပြီ။ သို့သော် ကျွန်တော်တို့ လူအတော်များများက
ဤအောင်မြင်လာမှုများသည် ဘယ်ကဲ့သို့ပြီးမြောက် အောင်မြင်လာကြသည်ကို တစ်ခုမှ နားမလည်ပါ။
ဘယ်တော့မှလည်း နားလည်ကြလိမ့်မည်မဟုတ်ပါ။ သည့်ထက်ဆိုးသည်ကား ကျွန်တော်တို့၏ စစ်လက်နက်ဆိုင်ရာ
သိပ္ပံပညာသည်လည်း အကြီးအကျယ်ဖွံ့ဖြိုးလာခဲ့ပြီဖြစ်ရာ ဘယ်နေ့ထ၍ ပေါက်ကွဲမလဲဟူသော အခြေအနေကို
ရင်တမမနှင့် နိစ္စဒူဝရင်ဆိုင်နေရခြင်းပင် ဖြစ်သည်။ သို့ပေမယ့် ကျွန်တော်တို့သည် ဒါတွေကို သိပ်မကြောက်ကြ။
ထိုသို့ ကြောက်ကြရမည့်အစား လူနေမှု့အဆင့်အတန်း မြင့်မားရေးကိုသာ လုံးပန်းနေကြသည်။ ရုပ်ဝတ္တုများ
ပိုမိုပိုင်ဆိုင်ရေးအတွက် အလုပ်တွေကို ကုန်းရုန်းလုပ်နေကြသည်။ ကားဝယ်မယ် အ၀တ်အထည်ဆန်းပေါ်သမျှ
ကိုယ်ပေါ်တင်မယ်။ ရုပ်မြင်သံကြားတွေ အိမ်တွေ မြေတွေ ရသလောက် အကုန်ဝယ်ချင်နေကြသည်။
အားလပ်ချိန်တွေကိုလည်း လည်မယ် ပတ်မယ် အပန်းဖြေမယ်၊ ဒါတွေကိုသာ စိတ်ကူးထဲမှာ အစီအစဉ်တွေချပြီး
မအားလပ်ကြ။ ကမ္ဘာကြီး ဘာဖြစ်နေနေ ငါသက်သာသလိုနေနိုင်ရင် ပြီးတာပဲဆိုကာ ကိုယ့်ဖိုသာကိုယ် ပျော်ရာ
ပျော်ကြောင်း စိတ်ချမ်းသာရာ စိတ်ချမ်းသာကြောင်း ရှာနေကြသည်။

ထိုသို့သော ကျွန်တော်တို့ အနောက်နိုင်ငံမှလူများပုံစံနှင့် ဗုဒ္ဓ၀ါဒီထိုင်းနိုင်ငံသားတို့၏ နေထိုင်မှုပုံစံမှာ
အတော်ပင်ကွာခြားလှသည်။ ကျွန်တော်တို့ ထစ်ခနဲဆို ဒေါသဟုန်းကနဲ ထလာတတ်ကြသည်။ ရထားဆို အချိန်မှန်
ဆိုက်မှ၊ အချိန်မမှန်ဘူးဆိုတာနဲ့ ရုံပိုင်ကိုသွားကြိမ်းမောင်းမည်။ ထုချေလွှာတောင်းမည်။ ကျွန်တော်တို့ဆီတွင်
နေရာတကာထုချေလွှာတောင်းတတ်ကြသည်။ ထိုင်းနိုင်ငံတွင် ဒါမျိုးတွေမရှိ။

ဗုဒ္ဓ၀ါဒီထိုင်းလူမျိုးတို့နှင့် ကျွန်တော်တို့ အနောက်နိုင်ငံသားတို့ ဘာဖြစ်လို့ ဒါတွေကွာခြားနေပါလိမ့်။ ကျွန်တော်
အဖြေရှာကြည့်ပါသည်။ ကျွန်တော် လုပ်ငန်းတာဝန်အားလပ်တိုင်း ဒါကိုသာ စနစ်တကျသုတေသနပြု လေ့လာ
ခဲ့ပါသည်။

ထိုသို့ရှိနေစဉ် ကျွန်တော်တို့ ၀ါရှင်တန်ဌာနချုပ်တွင် သုံးလမျှသင်တန်းတစ်ခုတက်ရန် ပြန်လည်ဆင့်ခေါ်ခြင်း
ခံရပါသည်။ ထို့ကြောင့်ဝါရှင်တန်သို့အပြန် လေယဉ်ပေါ်တွင် ကျွန်တော်သည် အေးအေးဆေးဆေးနှင့်
မိမိဘ၀ကိုယ်မိမိ ပြန်လည်သုံးသပ်ချိန်ရခဲ့ပါသည်။ ကျွန်တော် စိတ်ညို့အိပ်မွေ့ချခံထားရစဉ်တွင် ကျွန်တော်၏
လက် ခြေတို့ကို လှုပ်ရှားအောင် စိတ်ဖြင့်အမိန့်ပေးစေခိုင်းခဲ့သော ရေတပ်အရာရှိ ဦးပဉ္စင်းအကြောင်းကို
ပြန်လည်သတိရမိသည်။ ကျွန်တော်ကလည်း ထိုအချိန်တုန်းက ရုပ်ခန္ဓာကြီးတစ်ခုလုံး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျပြီး
စိတ်တစ်ခုလုံးကလည်း သက်တောင့်သက်သာ ငြိမ်းချမ်းနေချိန်၊ ရေတပ်အရာရှိဦးပဉ္စင်းလေးကလည်း ကမ္မဋ္ဌာန်း
ရှုရင်းက စိတ်သည် တည်ငြိမ်အေးချမ်းနေချိန်၊ ကျွန်တော်တို့နှစ်ယောက်စလုံး၏စိတ်သည် အနယ်ထိုင်နေချိန်တွင်
တစ်ဦးနှင့်တစ်ဦး စိတ်ဖြင့်ဆက်သွယ် အမိန့်ပေးစေခိုင်း လှုပ်ရှားနိုင်ကြသည်မဟုတ်လော။ ယခု ကျွန်တော်
လှုပ်လှုပ်ရှားရှား သွားသွားလာလာရှိချိန်တွင် အခြားသော လှုပ်ရှားသွားလာနေသူက ကျွန်တော့်ကို စိတ်ဖြင့်
အမိန့်ပေးစေခိုင်းလို့ ရပါဦးမတဲ့လား။ ကျွန်တော်တို့သည် ကာယအား၊ ဉာဏအားတို့ဖြင့် စိတ်ရောကိုယ်ပါ
အလုပ်များနေချိန်တွင် စိတ်စွမ်းအားတို့မှာ တိမ်မြုပ်နေရခြင်းပင်ဖြစ်သည်။

ဝါရှင်တန်တွင်ရှိနေစဉ် ကျွန်တော်သည် ဘန်ကောက်တုန်းက ခင်မင်ရင်းနှီးခဲ့သော ဒေါက်တာပရာပန်နှင့်
ပြန်ဆုံမိသည်။ ဒေါက်တာပရာပန်မှာ ဘန်ကောက်က သွားစိုက်ဆရာဝန်ဖြစ်သည်။ ကျွန်တော်ပါဝင်လေ့လာခဲ့သော
“ပရစိတ်ပညာ”နယ်ပယ်မှ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။ ယခုသူသည် ၀ါရှင်တန်တွင် ဆေးဘက်ဆိုင်ရာ
မေ့ဆေးပညာကို လာရောက်သင်ယူနေသူဖြစ်၏။

ဒေါက်တာပရာပန်သည် ကျွန်တော်နှင့်အတူ ကာရိုလီးနားမြောက်ပိုင်းရှိ ဒူတက္ကသိုလ်သို့ သွားရောက်ရန်စီစဉ်ပြီး
နှစ်ဦးသားထွက်ခဲ့ကြသည်။ ဒူတက္ကသိုလ်တွင် “ပါမောက္ခ ဂျေဘီရိုင်း”၏ နာမည်ကျော်”စိတ်နယ်လွန်သုတေသန”ရှိပြီး
စိတ်နယ်လွန်ပညာနှင့် ပရ၀ိညာဉ်ပိုင်းဆိုင်ရာတို့ကို ပါမောက္ခကြီး ဂျေဘီရိုင်းသည် ဤတက္ကသိုလ်တွင် စတင်လေ့လာ
ခဲ့ရာ ကမ္ဘာကျော်ခဲ့သည်။ ကျွန်တော်သည် ပါမောက္ခကြီးနှင့်တွေ့ဆုံပြီး ကျွန်တော်၏ ထိုင်းဘုရားကျောင်းထဲမှ
အတွေ့အကြုံကိုတင်ပြသည်။ ပါမောက္ခကြီးက ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ ထူးဆန်းအံ့သြဖွယ်ရာများကို အသေး
စိတ်ပင် ရှင်းပြသည်။ ထို့နောက် ကျွန်တော်တို့ကို သူ့တက္ကသိုလ်တစ်ခွင် လှည့်လည်ပြသည်။ ဓာတ်ခွဲခန်းတစ်ခုတွင်
“ဒေါက်တာ ဂျေဂျီပရက်” နှင့် တွေကဆုံသိကျွမ်းရသည်။ ဒေါက်တာပရက်မှာ စာရင်းအင်းဗေဒပါရဂူ တစ်ယောက်ဖြစ်ပြီး
ဒေါက်တာရိုင်းနှင့်အတူ ဤတက္ကသိုလ်ကို စတင်တည်ထောင်စကတည်းက စတင်၍ စိတ်နယ်လွန်ပညာများကို
သုတေသနပြုနေသူဖြစ်သည်။

ယခု သူသည် “ကံအခွင့်အလမ်း” နှင့်ပတ်သက်၍ သုတေသနပြုနေစဉ် ကျွန်တော်တို့နှင့်သိကျွမ်းရခြင်းဖြစ်သည်။
ထို့ပြင် သူသည် စိတ်ဖြင့် ထိန်းချုပ်အမိန့်ပေးကာ အရာဝတ္ထုများကို ရွေ့လျားစေခြင်းဆိုင်ရာ သဘောကိုလည်း
လေ့လာနေသည်။ သူ၏စမ်းသပ်ခန်းထဲတွင် အန်စာတုံးပစ်စက်များ၊ ဖဲချပ်ကုလားဖန်ထိုးစက်များဖြင့် ရှုပ်ပွနေသည်။
အန်စာတုံး၊ သို့မဟုတ် ဖဲချပ်ကို ဘယ်နှခါလှည့်လိုက်လျှင် ကုလားဖန် ဘယ်နှခါထိုး ဘာအပွင့်ကျမည်ကို သိပ္ပံပညာဖြင့်
အကြိမ်ကြိမ်အဖန်ဖန် စမ်းသပ်နေသည်။ အထူးအာရုံသိပုဂ္ဂိုလ်များကို ခေါ်ပြီး ဖဲချပ်ကို အကြိမ်ကြိမ်ကုလားဖန်ထိုးကာ
ဘာဖဲချပ်ကျမလဲဆိုတာကို စမ်းသပ်စစ်ဆေးနေသည်။ နိမိတ်ကြိုမြင်တတ်သူများ၊ အိပ်မက်အတိုင်း ပြင်ပတွင်
တစ်ကယ်ဖြစ်ပျက်တတ်သူများ၊ စိတ်ထင်သည့်အတိုင်း မှန်ကန်တတ်သူများ၊ အနာဂတ်ကိုအာရုံဖြင့် ကြိုတင်ဟောကိန်း
ထုတ်နိုင်သူများ စသည်တို့ကို တကူးတက ဖိတ်မန္တကပြုကာ သုတေသနလုပ်နေကြသည်။

စိတ်ဝင်စားစရာဖြစ်ရပ်တစ်ခုကို ဥပမာတင်ပြပါမည်။ ပင်လယ်သို့ထွက်သွားသော သည်း၏မိခင်သည် တစ်ညတွင်
အိပ်နေရင်းနှင့် ဘီလူးစီးသလိုဖြစ်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး ရေအောက်သို့ စုံးစုံးမြုပ်သလိုဖြစ်ကာ အသ်ရှူလို့မရ
ဖြစ်ပြီး ရေမွန်းသည့်ဝေဒနာမျိုး ခံစားနေရသည်။ ထိုကဲ့သို့ ဝေဒနာကို တစ်နာရီလောက်ကြာအောင် ခံစားရပြီးမှ
သတိလည်လာသည်။ နောက်မှသိရသည်မှာ မိခင်ကြီးကို ထိုသို့ ထမင်းလုံး တစ္ဆေလိုလို အခြောက်ခံရချိန်နှင့်
သားဖြစ်သူသဘောင်္နစ်ချိန်သည် တစ်ချိန်တည်းဖြစ်နေသည်ဆို၏။ ဒူတက္ကသိုလ်မှ ပညာရှင်များသည် ထိုဖြစ်ရပ်ကို
အသေးစိတ်လေ့လာကာ မိုင်ပေါင်းများစွာ ကွာဝေးသောဒေသတစ်ခုမှ သားဖြစ်သူနှင့် မိခင်ဖြစ်သူတို့နှစ်ဦးကြားမှ
စိတ်ချင်းဆက်နွှယ်မှုကို အဖြေရှာကြသည်။

ထိုသို့ဖြစ်ရပ်များစွာကို ဒူတက္ကသိုလ်၏ မှတ်တမ်းများ သိမ်းဆည်းထားရာ မော်ကွန်းတိုက်တွင် စနစ်တကျ မှတ်တမ်း
တင်ထားသည်။ ၁၉၃၉-၄၅ ကမ္ဘာစစ်ကာလတုန်းက စစ်မြေပြင်သို့ ရောက်နေကြတုန်း မိမိတို့၏ ခင်ပွန်း အစ်ကို မောင်
ချစ်သူ စသည်တို့ တိုက်ပွဲတွင်ကျဆုံး ဒဏ်ရာရသည်ကို ဇနီး အစ်မ ညီမ ချစ်သူတို့က အာရုံထဲတါင် အလိုလို
ထင်ဟပ်သိမြင်ကြပြီး သူတို့အာရုံထဲ ပေါ်သည့်အတိုင်း တစ်ကယ်တန်းတွင်လည်း ထိုနည်းတူဖြစ်ခဲ့သည့် ကိုယ်တွေ့
မှတ်တမ်းမျးစွာကို ဤတက္ကသိုလ်တွင် ထိမ်းသိမ်းထားသည်။ လန်ဒန်မြို့ကြီး ဗုံးကြဲခံရစဉ်က မိမိတို့ ဆွေမျိုး
မိတ်ဆွေထဲမှ ဘယ်သူ ဘယ်သူ ဖြင့် ဗုံးထဲပါသွားပြီ ဆိုသည်ကို တကယ်တမ်း တရားဝင်အကြောင်းမကြားခင်
ကတည်းက အလိုလိုစိတ်ထဲ သိနေပြီးဖြစ်သူများ၏ ကိုယ်တွေ့ပြောပြချက်များစွာကိုလည်း မှတ်တမ်းတင်ထားသည်။

ပါမောက္ခရိုင်းသည် ဤပညာရပ်တွင် အပိုင်နိုင် အနှံ့စပ်ဆုံးပညာရှင်ကြီးဖြစ်သည်။ “ပရ၀ိညာဉ်သုတေသန”(Phycisal
Research)ဟူသော အသုံးအနှုန်းအစား “စိတ်နယ်လွန်ပညာ”(Parapsychology)ဟူသော ဝေါဟာရကို စတင်
သုံးစွဲခဲ့သူမှာလည်းသူ။ “စိတ်အတွေးကူးပြောင်းမှု”(Thought Transference)၊ “အဝေးမှ မနောချင်း ဆက်သွယ်သိမြင်
နိုင်မှု”(Telepathy) စသော စကားလုံးများကို ခြုံငုံပြီး “အထူးအာရုံသိမှု(သို့)အီးအက်စ်ပီ”(Extrasensory Perception)
ဆိုသော ဝေါဟာရကို တီထွင်သုံးစွဲခဲ့သူမှာလည်း သူ။ တစ်ခါတလေ ကျွန်တော်တို့တစ်ခါမှ မရောက်ဖူးသော
အရပ်ဒေသတစ်ခုခုကို ရောက်ခဲ့ကြသည်။ ဒီအရပ်ကို တကယ်တော့ ယခုတစ်ခေါက်သည် ပထမဆုံးရောက်ဖူးခြင်း။
သို့သော် မြင်ကွင်းများမှာ မြင်ဖူးနေသလိုလိုဖြစ်နေသည်။ ငါ ဘယ်တုန်းကများ ဒါမျိုး မြင်ဖူးပါလိမ့်ဟု စဉ်းစား
ကြည့်သည်။ မရ။ ဤသည်မှာ မိမိ “မသိစိတ်” ၏ ရောင်ပြန်ထင်ဟပ်မှုတစ်မျိုးသာ ဖြစ်သည်။ ထိုကဲ့သို့သော
သိပ္ပံပညာမျိုးကို လေ့လာနေသူမှာလည်း သူ။ “ပါမောက္ခ ရိုင်း”။

သူတို့အလုပ်က မလွယ်လှ။ ဘဲဥအစရှာမရသလို ဖြစ်သော ကိစ္စများကို တစ်စစီ တစိတ်စီ စိတ်ရှည်ရှည်နှင့် စီကာစဉ်ကာ
အချိန်ယူပြီးပြန်လည်သရုပ်ဖော်ရသည်မှာ စင်စစ်တော့ အတော်ပင် မရေမရာရှိလှသည်။ ကျွန်တော်နှင့် ဒေါက်တာ
ပရာပန်တို့အဖို့မှာ သူတို့ပြသမျှတွေကိုသာ ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားဖြင့် တအံတသြသာ
ကြည့်နေရသည်။ ကျွန်တော်မြင်ဖူးသမျှ ဘယ်သိပ္ပံဓာတ်ခွဲခန်းနှင်မျှ မတူ။ ကျွန်တော်ကြားဖူးသမျှ ဘယ်ပုံပြင်နှင့်မျှ
မတူသော အထူးအဆန်းဇာတ်လမ်းတွေ အများကြီးကိုလည်း ကြားခဲ့ရသည်။

ကျွန်တော် ပြနခါနီးတွင် ဒေါက်တာရိုင်းက သူ့အံ့ဆွဲထဲမှ ဖဲထုပ်တစ်ထုပ်ကို ထုတ်ပြသည်။ နောက်ကျောကကြည့်
လျှင်တော့ ကျွန်တော်တို့ကစားနေကြ ဖဲထုပ်အတိုင်း။ ရှေ့ဖက်မျက်နှာစာမှာကား ဖူးတို့ ညှင်းတို့ စသော
သင်္ကေတတွေအစား စက်ဝိုင်းပုံ ကြယ်ပုံ လှိုင်းတွန့်ပုံ ကြက်ခြေနီပုံ လေးထောင့်စတုရန်းပုံများ ရေးသားထားသည်ကို
တွေ့ရသည်။ ဖဲချပ်က နှစ်ဆယ့်ငါးချပ်ရှိသည်။ သင်္ကေတတစ်ခုလျှင် ငါးချပ်စီ။

“ဒီ အ၊ အ၊ သ ကတ်ပြားလေးတွေကို ကြည့်လိုက်ကြပါဦး၊ ဒါတွေကို ကျွန်တော်တို့ ဒူတက္ကသိုလ်မှာ သိပ်သုံးပါတယ်။
ခင်ဗျားတို့မှာလည်း သာမန်ထက်ပိုသိတဲ့ အထူးအာရုံသိ အမြင်တွေ ရှိ မရှိ သိချင်ရင် ဒါနဲ့ စမ်းကြည့်လို့ရပါတယ်”
ပါမောက္ခရိုင်းက ထိုသို့ပြောသည်။

(မှတ်ချက်။ ။ “အ၊ အ၊ သ” ဆိုသည်မှာ “အထူးအာရုံသိမှု”ကို အတိုကောက်ပြန်ဆိုထားခြင်းဖြစ်ပါသည်။
အင်္ဂလိပ်ဘာသာဖြင့်ကား E.S.P ဟု Extrasensory Perception ကို အတိုကောက် ခေါ်ဝေါသုံးစွဲကြပါသည်။)

ဒေါက်တာပရာပန်နှင့် ကျွန်တော် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။

ပါမောက္ခကြီးသည် ကတ်ပြားတွေကို ကုလားဖန်ထိုးလိုက်သည်။ ထို့နောက် ကျောဖက်မှနေ၍ မှောက်ကာ
စားပွဲပေါ်တွင် ချထားလိုက်သည်။

“ဖဲချပ်တစ်ခုကို ယူဗျာ၊ ခင်ဗျားတို့ဖာသာ ခင်ဗျားတို့ ဘာဖဲလဲဆိုတာလှန်ကြည့်၊ ကျွန်တော့်ကိုတော့ မပြနဲ့ပေါ့၊
ခင်ဗျားတို့လက်ထဲက ဖဲဟာ ဘာသင်္ကေတရှိလဲဆိုတာ ကျွန်တော်က မကြည့်ဘဲပြောမယ်၊ မှန်ချင်မှန်၊ မှားချင်မှား
မယ်ပေါ့။ ကဲ စမ်းကြည့်ရအောင်”

ကျွန်တော်က ပထမဖဲချပ်ကို ယူကြည့်သည်။ ကြယ်ပုံ၊ ပါမောက္ခကြီးက ကျွန်တော့်မျက်လုံးတွေကို အသေအချာ
စူးစိုက်ကြည့်ပြီး ဖြေသည်။ စက်ဝိုင်းတဲ့။ ကျွန်တော်က နောက်ဖဲတစ်ချပ်ကို ယူသည်။ စက်ဝိုင်း။ပါမောက္ခကြီးက လှိုင်းတွန်တဲ့။
နောက် ဖဲချပ်သုံးလေးခုယူသည်။ ပါမောက္ခကြီးကလည်း ဖြေသည်။ ပါမောက္ခကြီး ရမ်းဖြေတာ နှစ်ခါတော့မှန်သည်။
ကျွန်တော် အတော်ဦးနှောက်ခြောက်သွားသည်။

“ဒါက ဘာကို သက်သေပြတာလဲ ဆရာကြီး”
ကျွန်တော်က မေးမိသည်။

“ဒါက ဘာကိုပြသလဲဆိုတော့ ကျွန်တော့်အမြင် အာရုံမရသေးတာကို ပြတာပေါ့ဗျ။ ခုနှစ်ခါမှာ နှစ်ခါလောက်မှန်တာဟာ
တိုက်ဆိုင်မှုပဲ။ အမြင်အာရုံထက်သန်တဲ့လူဆို ဒီထက်မက မှန်ရမှာပေါ့”
သူက ပြုံးပြီး ဆက်ရှင်းပြသည်။

“ဒီစမ်းသပ်မှုကို ကျွန်တော်တို့ အကြိမ်တွေ ထောင်နဲ့သောင်းနဲ့ ချီပြီးလုပ်ခဲ့ပါတယ်။ ပျှမ်းမျှအားဖြင့်တော့
နှစ်ဆယ့်ငါးကြိမ်မှာ ငါးကြိမ်လောက်သာ မှန်းဆချက်ဟာ မှန်ကန်တတ်ပါတယ်။ ရမ်းသန်းဖြီးဖြန်းပြီး လျှောက်ပြောလဲ
နှစ်ဆယ့်ငါးကြိမ်မှာ နှစ်ဆယ့်ငါးကြိမ်လုံး မှန်ဖို့ခဲယဉ်းပါတယ်။ တစ်ချို့အမြင်အာရုံထက်သန်သူတွေကျတော့
အတော်လေးကို အဖြေမှန်များတာကို အံ့သြစရာကောင်းလောက်အောင် တွေ့ရပါတယ်။ တစ်ခါမေးလို့
အဖြေမှန်တာများရင် ကံကောင်းလို့တိုက်ဆိုင်တာ များလို့ရယ်လို့ ပြောနိုင်ပေမယ့် အဲဒီသူဟာ ဘယ်အခါစစ်စစ်
သူမန်လူထက် အဖြေမှန် ပိုများနေပြီဆိုရင်တော့ ဒီလူဟာ သာမန်ထက်ထူးပြီလို့ မှတ်ရပါတယ်”

“ပီးယာစ့်”ဟုခေါ်သော ပုဂ္ဂိုလ်တစ်ယောက်ကို ဒေါက်တာရိုင်းနှင့် ဒေါက်တာပရက်တို့ အ၊ အ၊ သ ကတ်ပြားဖြင့်
စစ်ကြည့်ဖူးသည်။

ထိုသူကို ကတ်ပြား ၂၅ ခုဖြင့် ၁၅ ကြိမ်တိတိ စစ်ကြည့်သည်။ စုစုပေါင်း အကြိမ် ၇၅၀ ဖြေရသည် ဆိုပါတော့။
ထိုသူမှန်ကန်မှုနှုန်းမှာ ၂၅ ကြိမ်တွင် ကိုးကြိမ်လောက်အထိ ပျှမ်းမျှအားဖြင့်မှန်ကန်သည်ကို တွေ့ခဲ့ရသည်။
သာမန်လူတို့မှန်ကန်နငန်းထက် နှစ်ဆနီးပါးမျှ ပို၍မှန်ကန်ခဲ့သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ တစ်ကဋေကဋာတွင်မှ
တစ်ယောက်ပင်မရှိ။ ဒူတက္ကသိုလ်တွင် နှစ်ပေါင်းများစွာ စမ်းသပ်ခဲ့သမျှ ထိုသူလောက် အဖြေမှန် များခဲ့သူ ယခုထိမရှိခဲ့။

“အကြားအမြင်ရ ပုဂ္ဂိုလ်၊ နိမိတ်ဖတ် အတိတ်ကောက်တတ်သူ၊ ကြိုတင်ဟောကိန်းထုတ်သူတွေ ဧကန် ဧက ရှိခဲ့
တာတော့ ရာစုနှစ်တွေနဲ့ကို ချီပြီးတောင်ကြာခဲ့ပါပြီ။ အထူးသဖြင့် ဘာသာရေး၊ အဦးအဆောင်အောက်မှာရှိတဲ့ နိုင်ငံ
တွေမှာ အတော်တွေ့ရပါတယ်”

ပါမောက္ခရိုင်းက ကျွန်တော်တို့သွားခါနီးတွင် ထပ်၍ပြောသည်။ ဒူတက္ကသိုလ်မှ အပြန်လမ်းတစ်လျှောက်လုံးတွင်
ကျွန်တော်ရော ဒေါက်တာပရာပန်ပါ စဉ်းစားတွေးတောစရာတွေ တစ်ပုံတစ်ခေါင်းကြီးနှင့် ပြန်လာခဲ့ကြရသည်။
ကျွန်တော်ကမူ”အ၊ အ၊ သ” ကတ်ပြားစမ်းသပ်မှုနှင့် ကျွန်တော်ကိုယ်တိုင် အစမ်းသပ်ခ့ခဲ့ရသော ဘန်ကောက်ဘုရား
ကျောင်းအတွင်းမှ စမ်းပ်မှုတို့၏ အဆက်အစပ်ကို စဉ်းစားနေမိသည်။ ပါမောက္ခရိုင်းက ကျွန်တော်တို့ကို
“အ၊ အ၊ သ” ကတ်ပြားများလက်ဆောင်ပေးပြီး စမ်းသပ်ကြည့်ရန်၊ အမှန်များလေလေ အကြားအမြင်အာရုံနှင့်
ပို၍နီးစပ်လေလေဟု သိလာရန် မှာကြားလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်သည် အပြန်လမ်းတွင် လမ်းခုလတ်
ဝင်မိသမျှသော လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်များတွင် “အ၊ အ၊ သ “ကတ်ပြားကိုသာ စမ်းနေမိတော့သည်။
ကျွန်တော်မှာ တစ်ခါတစ်ခါ ၂၅ကြိမ်တွင် ခုနှစ်ကြိမ်လောက် မှန်တတ်သဖြင့် ပီတိဖြစ်နေမိ၏။ ငါးကြိမ်အထိ
မှန်လျှင် တိုက်ဆိုင်မှု၊ ငါးကြိမ်ထက်ကျော်လျှင် အကြားအမြင်နှင့် နီးစပ်လာပြီဆိုသော ဒူတက္ကသိုလ်၏ ရှာဖွေ
တွေ့ရှိချက်အရဆိုလျှင် ကျွန်တော်ကား သိပ်တော့မဆိုးလှတော့။ ရုံးမှာလည်း ကျွန်တော့်လုပ်ဖော်ကိုင်ဖက်များကို
စမ်းသပ်ကြည့်သည်။ သူတို့ထက် ကျွန်တော်က အမှန်ပိုများသည်။ ၂၅ ကြိမ်တွင် ပျှမ်းမျှအားဖြင့် လေးကြိမ်မှ
ခြောက်ကြိမ်ခန့် ကျွန်တော်မှန်တတ်သည်။

ကျွန်တော်နှင့် တစ်တိုက်တည်းနေသူ အယ်လင်ဆိုသော ပုဂ္ဂိုလ်ကလည်းတစ်မျိုး။ သူက လက်တွေ့သမား။
ကျွန်တော်စိတ၀င်စားတာမျိုး သူ စိတ်မ၀င်စားတတ်။ ကျွန်တော်၏ “အ၊ အ၊ သ”ကတ်ပြား စမ်းသပ်မှုကိုလည်း
သူ အပျော်သဘောအနေဖြင့် စမ်းကြည့်ရန် စိတ်ကူးမိဟန်မတူ။ သူသည် အစိုးရအလုပ်မှထွက်ပြီး ကိုယ်ပိုင်လုပ်ငန်းကို
စတင်တည်ထောင်လုပ်ကိုင်နေသူဖြစ်ရာ အလုပ်က အမြဲပင် ရှုပ်နေတတ်သည်။ သူသည် လျှပ်စစ်အင်ဂျင်နီယာ
တစ်ယောက်အနေနှင့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုတည်ထောင်ကာ ပုဂ္ဂိလိက လေယဉ်ကုမ္ပဏီတစ်ခုအတွက်
လျှပ်စစ်ပစ္စည်းများ ထုတ်လုပ်ပေးရေးလုပ်ငန်းကိုသာ နေ့မအား ညမအားလုပ်ကိုင်နေသည်။

သူ့အခန်းထဲတွင် လုပ်ငန်းဆိုင်ရာပစ္စည်းတွေ တောင်ပုံရာပုံနှင့် ရှုပ်ထွေးနေသည်။ သူသည် အနာဂတ်အတွက်
သူ့စီမံကိန်းနှင့်သူ အစီအစဉ်တွေချပြီးသား။ ထိုအထဲတွင် ကတ်ပြားချပ်ကလေးတွေကို မှောက်ကာ ဘာအပွင့်လဲ
ဆိုသည်ကို မှန်းဆဖြေဆိုရသော အလုပ်မျိုးကို စိတ်မ၀င်စားသည်မှာ သဘာဝကျပါသည်။ ကျွန်တော်ကလည်း
ကျွန်တော်။သူ့ကိုမှ သွားသွားပြီး နားပူနားဆာလုပ်နေမိသည်။ “အ၊ အ၊ သ” ကတ်ပြားစမ်းကြည့်ရန်။ ကြာတော့
သူအားနာလာဟန်တူသည်။ “တစ်ခါတော့ စမ်းမယ်ဗျာ၊ နောက်တစ်ခါတော့ မစမ်းပါရစေနဲ့”ဟုဆိုကာ
ကျွန်တော့်ဆန္ဒကို လိုက်လျောလိုက်သည်။

ကျွန်တော်သည် ကတ်ပြားများကို ကုလားဖန်ထိုးက သူ့ကိုပေးသည်။ သူက စိတ်ထဲတွင် တစ်ခုခု တွက်ချက်နေ
ဟန်တူသည်။ ကတ်ပြားတစ်ခုကို ကျွန်တော်ပြသည်။ နောက်ကျောကိုကြည့်ပြီး သူကဖြေသည်။ “ကြယ်ပုံ”၊
ကျွန်တော် ဘာမှပြန်မပြော။ စာရွက်လွတ်တစ်ခုတွင်သာ ကိုယ့်ဘာသာကိုယ်တေးထားလိုက်သည်။ သူက
သူ့အလုပ်စာရွက်တွေထဲမှာ တစ်ခုခုရှာနေရာမှ ကျွန်တော်ပြသော ဒုတိယကပ်ပြားကို ထပ်အဖြေပေးသည်။
“ဒီတစ်ခါလည်း ကြယ်ပဲ”။ သူမှန်ပြန်သည်။ ကျွန်တော်ကတော့ ဘာမှမပြော။ စာရွက်ထဲမှာသာတေးမှတ်ထား
လိုက်သည်။ သူကတော့ စီးကရက်တစ်လိပ်ကိုမီးညှိသည်။ ထို့နောက် စာအုပ်စင်သွားကာ စာရွက်တစ်ရွက်
လိုက်ရှာဟန်တူသည်။ သို့သသော် ထိုစာရွက်မှာ သူ့စားပွဲရှေ့တည့်တည့်တွင် ရှိနေသည်ကို နောက်မှတွေ့ရ၍
မကျေမနပ်နှင့် ကျိန်ဆဲရေရွတ်ရင်း ကျွန်တော်မေးတာတွေကို ပေါ့တီးပေါ့ဆ လျှောက်ဖြေနေသည်။
သူက ကျွန်တော့်ကို အားနာလို့သာ အဖြေပေးနေရသည်။ သူ့စိတ်ထဲတွင်မှမူ အလုပ်ထဲမှာသာ၊ ကျွန်တော့်ကို
ဖြေရင်းနှင့် သူ့ခေါင်းထဲပေါ်လာသမျှသော သူ့ကိစ္စ၀ိစ္စတွေ လျှောက်လုပ်နေသည်။ နောက်ထပ်
စီးကရက်တစ်လိပ် မီးညှိပြန်သည်။

ကတ်ပြား ၂၅ ချပ်ဖြင့် သူ့ကိုစစ်ရာ တစ်နာရီနီးပါး ကြသည်။ ရလဒ်ကတော့ ကြောက်စရာ လန့်စရာ။
၂၅ချပ်မှာ သူမှန်တာ ၂၃ ကြိမ်။

ကျွန်တော်က သူ့ကို ရျင်းပြသည်။ သူ ဘယ်လောက် ထူးခြားနေပြီဆိုတဲံအကြောင်း။ အစကတော့ သူစိတ်
မ၀င်စားသေး။ သူလုပ်စရာ အလုပ်တွေ အားလုံး လက်စသတ်ပြီးတော့မှ ကျွန်တော်ပြောတာကို သူ
အေးအေးဆေးဆေး နားထောင်သည်။ ကျွန်တော်က ဒူတက္ကသိုဘ် စမ်းသပ်ချက်အရ ခုနှစ်ကြိမ်ထက် ပိုမှန်လျှင်
အလွန်ထူးခြားနေပြီ ဆိုသည့်အကြောင်း။

သည်တော့မှ သူ မျက်လုံးပြူးသွားသည်။ နောက်တစ်ခါ ထမ်စမ်းဥိးမည်ဟု စိတ်လိုလက်ရပြောလာသည်။
ထို့ကြောင့် ထပ်၍စမ်းကြသည်။

“ကြယ်ပုံ”
မှားသည်။ လှိုင်းတွန့်၊ မှားပြန်ပြီ။ နောက်ဆုံး နိဂုံးချုပ်တော့ ၂၅ ကြိမ်မှာ သုံးလေးကြိမ်သာ မှန်တော့သည်။
ငါးကြိမ်ထက် တစ်ခါမှ မပိုတော့။

အယ်လင်လည်း အတော်စိတ်ပျက်သွားသည်။ ကျွန်တော်လည်း ဘာပြောရမှန်းပင် မသိတော့။ သူ့စိတ်က
တခြားနေရာရောက်တုန်းက ဖြေသမျှ မှန်လိုက်တဲ့ဖြစ်ခြင်း။ အခု သေသေချာချာ အာရုံစိုက် ဖြေပြန်တော့မှ
တလွဲတွေချည်း။

ဘန်ကောက်ရှိ ကျွန်တော့်ရုံးသို့ပြန်ရောက်သောအခါ ကျွန်တော့်မိတ်ဆွေ ထိုင်းတွေနှင့် ပြန်ဆုံရပါသည်။
သူတို့အားလုံး၏အာရုံမှာ ဘာသာရေးတွင်သာရှိကြသည်ကို တွေ့ရသည်။ ကျွန်တော်သိချင်နေသော
အကြားအမြင်ဆိုင်ရာပြဿနာ အ၊ အ၊ သ (အီး၊ အက်စ်၊ ပီ) ခေါ် ပရ၀ိညာဉ်ဆိုင်ရာပြဿနာမှာ သူတို့အဖို့
သိပ်မဆန်းလှတော့။ ဤပြဿနာများမှာ အေ၇ှ့တိုင်းသားတို့အဖို့ တကူးတက စဉ်းစားတွေးတော
အံ့သြနေစရာမဟုတ်။ သူတို့၏ နိစ္စဓူဝဘ၀တိုင်းတွင် တွေ့ကြုံမြင်ကြားနေရသော သာမန်ကိစ္စမျှပင်ဖြစ်ကြသည်။
သူတို့အတွက် တကယ်တမ်း အရေးကြီးသည်မှာ ဘာသာရေး။ ဘာသာရေးတွင်လည်း အတိတ်ဘ၀မှ ဘာသာရေး
အထုံအဆက် ပဋ္ဌာန်းဆက်သည်လည်း အလွန်အမင်း အရေးကြီးသော အခန်းကဏ္ဍမှပါဝင်ကြောင်း
ကျွန်တော်သိရှိနားလည်ခဲ့ရသည်။

ဆက်လက်ဖော်ပြပါမည်။
နောက်တစ်ပတ်တွင်ဆက်လက်ဖော်ပြမည်မှာ အခန်း(၃) ဖြစ်သည့် "သစ္စာရှာသောမင်းသား" ဖြစ်ပါသည်။

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[နှလုံးသားရပ်ဝန်းမှ အသံများ...။] 2 New Entries: ဆားချက်တဲ့ ပို့စ်။

ဆားချက်တဲ့ ပို့စ်။

Opposite Stories of Rabbits...


အရင်က ရေးပြီးသားတွေပါ...။ ခုများမှာတော့ အဲလို ပြန်မရေးနိုင်တော့လို့ အဟောင်းများထဲက တူးဆွပြီး မဖတ်ဖူးသေးသူများအတွက် ပြန်လည် ဝေငှပေးလိုက်ရပါတယ်...။ ဖတ်ပြီးသူများ ခန္တီစတရား လက်ကိုင်ထားပြီး ကျော်သွားကြပါလို့...။
===================================
ယုန်ဆိုတဲ့ သတ္တ၀ါအကြောင်းများ မပြောချင်ပါဘူး...။
မစူးစမ်း မဆင်ခြင်တဲ့ ယုန်သူငယ်တဲ့...။
ငယ်ငယ်တုန်းက ကြားဖူးခဲ့တဲ့ ပုံပြင်လေး အကြောင်းပါ...။
ခင်ဗျားတို့ တစ်တွေလဲ ကြားဖူးကြမှာပေါ့...။
ဥသျှစ်ပင်အောက်မှ ၀ပ်နေတဲ့ ယုန်လေးတစ်ကောင်ဟာ အကြောင်းမဲ့ လျှောက်တွေးတဲ့ အကြောင်း...။ တကယ်လို့ ကမ္ဘာကြီးပေါ်နေနေတဲ့ သူ့အပေါ်ကို ကောင်းကင်ကြီး ပြိုကျလာခဲ့ရင် ဘာလုပ်မလဲလို့ တွေးနေတုန်း...။ ဗြုန်းဆို ဥသျှစ်သီးမှည့် တစ်လုံးကြွေကျလာလေရော...။ သစ်ရွက်ခြောက်ပေါ် ဥသျှစ်သီးမှည့် ကြွေကျသံဟာ ပြင်းလွန်းလို့ ယုန်သူငယ်ဟာ အကြောင်းခြင်းရာကို သေချာ မစုံစမ်းတော့ပဲ... သူ့ခေါင်းပေါ်ကို မိုးကောင်းကင်ကြီး ပြိုကျလာပါပြီ ဆိုပြီး ထိတ်လန့်တကြား ပြေးမိပြေးရာ ပြေးတော့တာပေါ့...။ ဒါကိုမြင်တဲ့ တိရစ္ဆာန် အပေါင်းက ယုန်ကို မေးတော့ ယုန်က မိုးကောင်းကင်ကြီး ပြုတ်ကျလာလို့ပါ ဆိုပြီး ပြောလဲပြော ပြေးလဲပြေး ... ပြောပြေးပွဲကြီး ကျင်းပသွားတာပေါ့...။ ဒါကို ကျန်တဲ့ အကောင်ပလောင်တွေကလဲ ဆက်ပြီး မစူးစမ်းပဲ ပြေးကြလိုက်တာ တစ်တောလုံး အုတ်အုတ်ကျက်ကျက် ဖြစ်ရော...။ အဲဒီမှာ တောသုံးထောင်ကို အစိုးရတဲ့ ကေသရာဇာ ခြင်္သေ့မင်းက သိတော့ ဒီအကောင်တွေ ငါမကယ်ရင် ပြေးရင်းနဲ့ အမောဆို့ပြီး သေဖွယ် ရှိတယ်ဆိုပြီး ပြေးနေတဲ့ တိရစ္ဆာန်အုပ်ရှေ့ကနေ ခန့်ညားထည်ဝါတဲ့ အသံကြီးနဲ့ ဟောက်လိုက်တယ်တဲ့...။ ဒီတော့မှ တိရစ္ဆာန်တွေလဲ သတိပြန်ရပြီး သွေးရူးသွေးတန်း ပြေးလွှားရာကနေ ရပ်လိုက်ကြသတဲ့..။ ခြင်္သေ့မင်းက အကြောင်းခြင်းရာကို စူးစမ်း ... ပြီးတော့ အခင်းဖြစ်ရာ နေရာကို မူလ အော်ရီဂျင်နယ် ယုန်နဲ့တကွ သွားကြည့်တော့မှ သစ်ရွက်ခြောက်ပေါ် ကြွေကျ နေတဲ့ ဥသျှစ်သီးမှည့်ကို တွေ့ပါရောလား...။ နောက်ဆုံးတော့ အဖြေမှန် ပေါ်သွားရော ဆိုပါစို့...။ ယုန်သူငယ်ရဲ့ မစူးစမ်း မဆင်ခြင်မှုကြောင့်သားရဲ တိရစ္ဆာန်တွေ ဒုက္ခရောက်ကုန်ပေါ့...။ ဟုတ်တယ်နော်...။ ဒီယုန်... ဦးနှောက် မရှိဘူး...။ စကျူးပစ်ယုန်...။
------------------------------------------

နောက်တစ်ပုဒ်ရော ကြားဖူးကြသလားမသိ...။
ယုန်သူငယ် နှာစေးတဲ့ အကြောင်းလေ...။ ဘိုးတော်ဦးဝိုင်းနဲ့ ဦးပေါ်ဦးတို့တုန်းကပါ...။ ဘိုးတော်ဘုရားက သူ့သားတော် နှစ်ယောက်ထဲက ဘယ်သူ့ကို အိမ်ရှေ့အရာ အပ်နှင်းရင် ကောင်းမလဲပေါ့...။ ညီလာခံပြီးလို့ ဘုရင်လဲ ပင်ပန်းတာနဲ့ စကားမရှိ စကားရှာ ကောက်မေးလိုက်တယ်နဲ့ တူပါတယ်...။ ဘယ်မှူးမတ်မှ မဖြေရဲကြဘူးတဲ့...။ ဘယ်ဖြေရဲမလဲ...။ ခေတ်က ပဒေသရာဇ်ခေတ်လေ...။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်လုတ်၊ အပြောမတော် တစ်ခွန်းဆိုတဲ့ စကားက ရှိတယ်မလား...။ မတော်... ဒီတစ်ယောက်ကို တင်လိုက်ပါဆိုရင် ဟိုတစ်ယောက်က ဟယ်..ငါ့ကျတော့ မတင်ဘူးဆိုပြီး မျက်မှန်တော် ရှပြီး လက်သုံးတော်ဓါးနဲ့ ပိုင်းလိုက်မှဖြင့်.... နောက်နေ့မျက်နှာသစ်စရာ မရှိပဲ ဖြစ်ရော့မယ်...။ ဆိုတော့ကာ ဘယ်သူမှ မဖြေရဲဘူးပေါ့...။ တိတ်တိတ်လေးနေနေကြတာပေါ့...။ ဘုရင်လဲ စိတ်အလိုမကျ ဖြစ်ပြီး သူ့ရဲ့ အမြဲ သုံးနေကျ သံခဲဆေးကြီး အဲအဲ လက်စွဲတော် ပျော်တော်ဆက်ကြီး ဦးပေါ်ဦးကို လှည့်မေးသတဲ့...။ ဦးပေါ်ဦးကလဲ နောက်နေ့ သစ်စရာ မျက်နှာ ရှိအောင် ညဏ်နီညဏ်နက်၊ ညဏ်ရောင်စုံတွေ ထုတ်ရတော့တာပေါ့...။ ၀ှပ်အေစီးလ်လီ့ကွက်ရှင် ဘိုးတော်ဘုရားအစ်စ်အတ်က်စ်ကင်းမီ ဆိုပြီး စိတ်ထဲကလဲ ပွစိပွစိ ရေရွတ် နေမှာပေါ့...။ ဘယ်ရမလဲ..။ ပေါ်ဦး သည်ဂရိတ်ပဲဟာ...။ မဟုတ်မဟတ် ဇာတ်လမ်းလေးတွေ ခင်းပြီး လျှောက်တင်ရမှာပေါ့...။ ဒါမှ ပေါ်ဦးလဲ လျှောက်သာ ၊ ဘိုးတော်ဘုရားလဲ စွဲသာ... အဲအဲ ရှဥ့်လဲ လျှောက်သာ ပျားလဲ စွဲသာ ဖြစ်မှပေါ့....။ ဒီလို ရှိပါတယ် အရှင်ဘုရား...။ ဟိုးယခင်က တောသုံးထောင်ကို အစိုးရတဲ့ ခြင်္သေ့မင်းတစ်ပါးမှာ လက်ယာတော်နံပါးမှာ သမင် ၊ လက်ဝဲတော်နံပါးမှာ ၀က်ငယ်၊ ရှေ့တော်မှောက်မှာ ယုန်သူငယ်ဆိုပြီး ပညာရှိသုံးပါး ရှိသတဲ့...။ တစ်ရက်မှာ တောဘုရင်ကြီးဟာ အစာရေစာ ၀လင်အောင် စားသုံးပြီးသကာလ စက်တော်ခေါ်မူသတဲ့...။ တစ်ပတ်တောင်ကြာတယ်ဆိုပဲ...။ တစ်ပတ်လဲကြာရော အိပ်ရာက နိုးလို့ သမ်းဝေသတဲ့...။ အဲဒီမှာ အစားကောင်း အသောက်ကောင်းတွေ စားပြီး ကိုးလ်ဂိတ်နဲ့ သွားမတိုက်ပဲ အိပ်တော့ အာပုတ်စော်နံတာပေါ့...။ ဒီမှာတင် လက်ယာဖက်မှာ ခစားနေတဲ့ သမင်ဟာ နံလွန်းလို့ နောက်ကို ယို့ပြီး ခစားသတဲ့...။ ဒါကို သတိမူမိတဲ့ ခြင်္သေ့မင်းက ဘာကြောင့်လဲဆိုပြီးေ မးတာပေါ့...။ သမင်ငယ်က အာပုတ်စော် နံလို့ ဖြစ်ကြောင်း မှန်ရာကို လျှောက်တင်တော့ ခြင်္သေ့မင်းက ငါလို တောဘုရင်ကို ပမာမခန့် မလေးမစား ပြောတယ်ဆိုပြီး သမင်ငယ်ကို ဂုတ်ကဆွဲယူ၊ ဂျိုးဂျိုးကျွတ်ကျွတ်မြည်အောင် ၀ါးစားသတဲ့...။ (သူ့ဟာသူ အိပ်တာကြာသွားလို့ ဗိုက်ဆာပြီး စားချင်တာကို ရမယ်ရှာတယ် မပြောဘူး...။)

ဒါနဲ့ မပြီးသေးဘူး...။ လက်ဝဲဘက်ကို လှည့်ပြီး နောက်တစ်ခါ သမ်းဝေသတဲ့...။ ဒီအခါမှာလဲ ထိုနည်းလည်းကောင်းပဲ... ၀က်ငယ်ကလဲ ကိုယ်ကို နောက်တွန့်ပြီး ခစားပြန်သတဲ့...။ နံတာကိုး...။ နံတာကို ဘယ်သူကြိုက်ပါ့မလဲ...။ (နံတာကို ပြောတာနော်...။ နန္ဒါကိုပြောတာ မဟုတ်ဘူး...။ လူနန္ဒာကိုတော့ ကြိုက်တယ်...။ ဟီးဟီး...။) အဲအဲ .. ဆက်လိုက်ဦးမယ်...။ အဲဒီမှာ ဘုရင်က ၀က်ပျိုလေးကို ငါ့ခံတွင်းနံ့ ဘယ်လိုလဲလို့ ထပ်မေးပြန်သတဲ့...။ ၀က်ပျိုလေးက စဉ်းစားတယ်...။
အင်း...။ ခုနင်က .. သမင်တော့ မှန်ကန်လို့ ကွဲ ...အဲအဲ အသက်နဲ့ ခန္ဓာ အိုးစားကွဲရတယ်...။ ငါတော့ ဒီလိုတော့ အဖြစ်မခံဘူးဆိုပြီး ... အရှင့်ခံတွင်းနံ့ဟာ ကြာညိုနံ့လိုပဲ သင်းပျံ့ပျံ့မွှေးကြောင်းပါဖျာ့လို့ လိမ်လည် လျှောက်တင်သတဲ့....။ ဒီမှာတင် သမင်တစ်ကောင်တည်း ၀ါးတီးပရိတ်ဖတ်စ် ဖွင့်လိုက်ရလို့ ဒေါသထွက်နေတဲ့ ကိုယ်တော်ချော ရွှေခြသေ့င်္ ၀ါယာကြိုး အဲအဲ... ဘုရင်ကြီးဟာ ရမယ်ရှာပြီး ၀က်ပျိုကလေးကို ဂျွတ်ဂျွတ်မြည်အောင် ၀ါးစားပြန်သတဲ့...။ ငါလို ဘုရင်ကို လိမ်လည် လျှောက်တင်ရကောင်းလား ဆိုပြီးတော့ပေါ့...။ ၀က်ပျိုသားများ တယ်ကောင်းဆိုပဲ...။ ၀က်စ်တမ်း ပတ်က် (Western Park) မှာတောင် ဒီလောက်မကောင်းဘူးဆိုပဲ...။ လက်ဝဲရံလဲကုန်ပြီ...။ လက်ယာရံလဲ မရှိတော့ဘူး...။ ဟိုဒီကြည့်လိုက်တော့ ရှေ့မှာ ခစားနေတဲ့ ယုန်သူငယ်လေးကိုတွေ့ရောတဲ့...။ အင်း.. ဒီငချွတ်လေးနဲ့ပဲ အစာပိတ်ပွဲတော်တည်လိုက်မဟဲ့ဆိုပြီး... အကြံနဲ့ မေးခွန်းဟောင်းကိုပဲ မေးသတဲ့...။
(ဧကန္တ.... ဒီခြသေ့င်္ဟာ စံနစ်ဟောင်းတုန်းက ဆယ်တန်းမေးခွန်းကို ထုတ်ဖူးပုံရတယ်...။ မေးခွန်းဟောင်းတွေကိုပဲ ထပ်တလဲလဲ ပြန်ပြန် မေးနေတယ်...။)

ယုန်သူငယ်ကလဲ ရွှေခြသေ့င်္ရဲ့ တားဂက်ကို ရိပ်မိတော့ အောက်ပါအတိုင်း ပြန်ဖြေသတဲ့...။ အရှင် ခြသေ့င်္မင်းခင်ဗျားပေါ့...။ ကျွန်တော်မျိုး မျက်နှာမွဲ မောင်ရွှေယုန်မှာ အရှင်မင်းကြီးမေးသည့် မေးခွန်းကို ဖြေကြားနိုင်ရန်အတွက် အရှင်မင်းရဲ့ ခံတွင်းတော်မှ ရနံ့ ကို ကြိုးစားရှုပါသော်လည်း ယုန်ကလေးမှာ ခုတစ်လော ငှက်တုပ်ကွေး မိနေ၍ ယုန်ကလေးနှာစေးနေကြောင်းပါ...။ သို့ကလိုကြောင့် ဘာရနံ့မှ မရကြောင်းပါလို့ လျှောက်တင်သတဲ့...။ ဒီအခါမှာ ခြသေ့င်္ကြီးက ယုန်သူငယ်ကို စားချင်ပါသော်လည်း ယုန်သူငယ်က သူ့ထောင်ချောက်ထဲကို တိုးမလာပဲ ပညာရှိနည်းနဲ့ ရှောင်ခွာသွား၍ အကြံမအောင်ပဲ ရှိလေသတဲ့...။


ဦးပေါ်ဦးကလဲ ဘိုးတော်ဘုရားကို အထက်ပါပုံပြင်အတိုင်း ယုန်ကလေး ပေါ်ဦး နှာစေးနေ၍ ဘိုးတော်မေးခွန်းကို မဖြေကြားနိုင်ကြောင်း သံတော်ဦးတင်သတဲ့...။ ဒီမှာတင် ဘိုးတော်က.... ကွယ်...။ မောင်ပေါ်ဦးရယ်...။ မဖြေချင်ရင်လဲ မဖြေချင်ဘူးလို့ ဒဲ့ဒိုး ပြောလဲရရဲ့သားနဲ့ ... ဥပမာ ဥပမေရတွေနဲ့ ခိုင်းနှိုင်းလိုက်တာ....။ ငါကိုယ်တော်မြတ်လဲ အာပုတ်စော်နံတဲ့ မင်း ဖြစ်လို့ ဖြစ်မှန်းမသိ ဖြစ်ရတယ်ဆိုပြီး... ရယ်ရယ်မောမောနဲ့ ညီလာခံကို ရုပ်သိမ်းပြီး အတွင်းတော်ကို ကြွမြန်းသွားသတဲ့...။

ဒီပုံပြင်နှစ်ခုမှာ ယုန်ဆိုတဲ့ သတ္တ၀ါမျိုးဟာ တစ်ခါတစ်လေမှာ စဉ်းစားညဏ်မရှိပဲ "အ" ချင်ရင် "အ" ပြီး ... တစ်ခါတစ်လေတော့လဲ.... တော်သွားပြန်ရော...။

ဘာရယ်မဟုတ်...။ ဖတ်မိတဲ့ ပုံပြင်တွေထဲက ယုန်နဲ့ပါတ်သက်ပြီး ဆန့်ကျင်ဖက် ဖြစ်နေတဲ့ ဒီပုံပြင်နှစ်ပုဒ်ကို ဘလော့ဂ်ကြွလာ မိတ်သဟာများ ဗဟုသုတ ပွားစေချင်လို့ ပြင်ဆင်ပြီး မော်ဒန် ပုံပြင် အဖြစ် တင်လိုက်ရပါတယ်...။

ပန်းပျိုးသူ အလင်္ကာ

ပန်းတစ်ပွင့်ကို နောက်ကျပြီးမှ ပွင့်အာတာ သိလိုက်တယ်...။
ပန်းကတော့ နေရောင်ရနေလောက်ရောပေါ့...။
တစ်ကယ်တော့ အဲဒီနေက နေရောင်အတုမှန်း ပန်းကလေးက မသိရှာဘူး...။
ဘယ်သိမလဲ...။
ပန်းကလေးက ဖန်မီးချောင်းအောက်မှာ ပွင့်အာခဲ့တာဆိုတော့ အလင်းမြင်တိုင်း နေရောင်လို့ ထင်နေရှာတယ်...။
ပန်းလေးကို နေရောင်အောက် ရွှေ့ပေးမိတယ်...။
ဒါပေမဲ့ ပန်းလေးက သူ့ မီးချောင်က အလင်းကိုမှ မီးလို့ ထင်နေတော့တယ်...။
အော်... ပန်းလေးရယ်.... သဘာဝ အလင်းရောင်လေးကို မြင်နေတာတောင် အလင်းတုလို့ မြည်တမ်းနေတယ်...။
တစ်ကယ်တော့ ပန်းလေးက ဖန်ပေါင်းချောင်ထဲ ပိတ်မိနေတဲ့ ပန်းဆိုတာ ပန်းပျိုးသူ မေ့သွားတယ်...။
ပန်းပျိုးသူက အဲဒီပန်းကို သဘာဝ အလင်းရောင်နဲ့ မိတ်ဆက်ပေးဖို့ အတော့်ကို ကြိုးစားရမှာပါလား...။
ဒီလို အသိတွေ ၀င်လာတဲ့ အချိန်မှာတော့ ပန်းလေးက ဖန်မီးချောင်းကို အလင်းစစ်လို့ ထင်သွားပြီလေ...။
ပန်းပျိုးသူရေ.... စိတ်မကောင်းပါဘူး...။ နောင်ပွင့်အာလာမယ့် ပန်းလေးတွေကို နေရောင်အောက် အချိန်မှီ ရွှေ့ပေးဖို့ ကြိုးစားပါလေ...။

(ပန်းပျိုးသူ ဖြစ်ဖို့ မကြိုးစားခဲ့ပါဘူး...။ ပန်းဥယျာဉ်တစ်ခုကို ရောက်ရင်းနဲ့ သဘာဝ အလင်းစစ်နဲ့ အလင်းတုကို မခွဲနိုင်တဲ့ ပန်းလေးအတွက် စိတ်မကောင်းခြင်းများစွာ၊ နှမြောတသ ခြင်း များစွာ ခံစားခဲ့ရတဲ့ ပန်းကြိုက်သူပါ။)

You received this email because you are subscribed to the real_time feed for http://heartstations.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 3 New Entries: နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်နိုင်ငံ၊ နာဂိုရာ လှုပ်ရှားမှု။

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး ဂျပန်နိုင်ငံ၊ နာဂိုရာ လှုပ်ရှားမှု။


အဓမ္မ၀ါဒီနဲ့  ဓမ္မ၀ါဒီ။ လူယုတ်မာနဲ့  သူတော်စဉ်။

မြေးတွေ မြစ်တွေပါ အလေးပြုနေကြရသော အခြေအနေ ရောက်ရှိနေပါပြီ။

ဗိုလ်လောင်းငယ်တစ်ဦး သေဆုံးခဲ့ရလို့  ရက်ရွေ့ ဆိုင်းခဲ့ရတဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၁) သင်တန်းဆင်းပွဲကို နအဖခေါင်းဆောင်ကြီး သန်းရွေနဲ့  ဗိုလ်အပေါင်းအပါတို့  တက်ရောက်ခဲ့ကြပါတယ်။

ဒီနှစ် စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းပွဲမှာ ထူးခြားချက်ရှိတာတွေကတော့ ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းဟာ တပ်ချူပ်ကြီးဖြစ်တဲ့ သန်းရွှေနဲ့  ကတော်အပေါင်းတို့ ကိုသာ ယခင်နှစ်များကလို အလေးပြုရတာမျိုး မဟုတ်ဘဲ၊ သန်းရွှေရဲ့  မြေးများကိုပါ အရိုအသေပေး ဖူးမြော် အလေးပြုရတာပါဘဲ။















သတင်းတန်းကာလအတွင်းမှာ နအဖက သင်ကြားပေးတဲ့ အယူလွှဲမှားနေသာ "တပ်မတော်သာအမိ တပ်မတော်သာအဖ" ဆိုတဲ့ဆောင်ပုဒ်များနဲ့  သင်ကြားမှုမှတ်သမျှကို အပင်ပန်းခံပြီး သင်ယူခဲ့ကြရတဲ့ အမောင်ဗိုလ်လောင်းများဟာ အခုတော့ "သန်းရွှေမိသားစုသာ အမိ သန်းရွှေမိသားစုသာ အဖ" ဆိုတဲ့ ဆောင်ပုဒ်အသစ်ဖြစ်ရလေအောင် သန်းရွှေမြေးတွေမြစ်တွေအထိ လူပုံလည်ကြားမှာ အလေးပြုပေးနေရပါပြီ။















အမောင်ဗိုလ်လောင်းများ အထက်ကအမိန့် အရ မသင့်တော်တာတွေရော နည်းလမ်းမကျတာတွေရော လုပ်ပြနေရပေမယ့်၊ အရိုအသေခံ အလေးပြုခံနေရတဲ့ သန်းရွှေမိသားစုကရော အလေးတယူရှိလား မရှိလားဆိုတာ သူတို့ ရဲ့  ၀ါဒဖြန့် ချီရေးသတင်းစာပါ ဓါတ်ပုံများက သက်သေပြနေပါတယ်။

သန်းရွှေ နေရာတကာပွဲထုတ်နေတဲ့ နေရာတကာ မျောက်လောင်းလုပ်နေတဲ့ ဖိုးလပြည့် (ခ) နေရွှေသွေားအောင်ကတော့ ဒီလို စစ်တက္ကသိုလ်ဗိုလ်လောင်သင်တန်းဆင်းပွဲမှာ မြန်မာဆန်ဆန်တောင် မ၀တ်စားဘဲ ကြောင်လျှာသီးကြီး လည်ပင်းမှာ ပတ်ပြီး၊ အဖွားကြီးဘေးမှာ ထိုင်နေတာက ကြည့်နိုင်ပါတယ်။ ထို့ အတူ သန်းရွှေရဲ့  သမီးတွေနဲ့  မြေးတွေကလည်း ၀တ္ထုစာအုပ် ကာတွန်းစာစောင်တွေ ဖတ်နေတဲ့သူက ဖတ်နဲ့  အလေးတောင်မထား စိတ်တောင်မ၀င်စားဘဲ နေနေကြပါတယ်။














ကဲ ဒီလိုဖြစ်နေပျက်နေကြတာများ နောက်နောင်ဆိုရင် စစ်တက္ကသိုလ်ဗိုလ်လောင်သင်တန်းဆင်းပွဲတွေမှာ ဒီလိုဘဲ သန်းရွေရဲ့  မြေးတွေမြစ်တွေ (နောက်ဆုံး သူတို့ မွေးထားတဲ့ ခွေးတွေကြောင်တွေပါ ခေါ်လာရင်) အရိုအသေပေးကြဖို့  အလေးပြုရတာအပြင် ထိုင်ပါကန်တော့ကြရဖို့ သာ မြင်ရတော့မယ် ထင်ပါတယ်။




























စစ်တက္ကသိုလ်ဗိုလ်လောင်းများ ဘ၀ သနားမိပါတယ်။ ထို့ အတူ သန်းရွှေလက်အောက်ခံများ ဘယ်လိုဘ၀များ ရောက်နေကြပြီလည်းဆိုတာ သူတို့ ခမျာ သူတို့ ကိုယ်တိုင်တောင် မသိကြလို့  သနားမိပါတယ်။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Honey's Private Thought] 1 New Entry: မီးသစ်မီးဟောင်းတွေအကြောင်း

မီးသစ်မီးဟောင်းတွေအကြောင်း


မောင်လေး ကျောင်းစတက်တဲ့ နေ့ကို သတိရနေမိတယ်။ ရှားရှားပါးပါး မောင်နှမတွေထဲမှာ အသက်ငါးနှစ်တင်းတင်းပြည့်မှ ကျောင်းစတက်ဖူးတဲ့ကိုယ်တော်။

ဆံပင်ညိုညိုပျော့ပျော့လေးကို ဘီးရာထင်အောင်အသေအသပ် ခေါင်းဖြီးထားတဲ့ ၀ိုင်းစက်နေတဲ့ပါးကွက် ၂ဖက်နဲ့ အသစ်စက်စက်အဖြူအစိမ်းဝတ်စုံနဲ့ မျက်နှာက စူပုပ်နေရောပဲ။ ကျောင်းသွားမယ်ဟေ့လို့ အဖေက ကောက်ချီလိုက်တာနဲ့ အာခေါင်ကိုခြစ်ပြီးအော်ငိုတော့တာ။ အဖေ့ကိုလဲမသွားဘူး မသွားဘူးဆိုပြီး ကုပ်ဆွဲထားလိုက်တာ အဖေ့လည်ပင်းဆိုခြစ်ရာတွေ နီလို့။ ကိုယ့်မှာ သူကျောင်းတက်ကတည်းက မုန့်စားဆင်းချိန်တိုင်း ဒင်းကိုပြေးပြေးတွေ့ရတာ တလလောက်လဲနေရော ဒင်းကအပေါင်းအသင်းတွေရပြီး အမကို အဖက်မလုပ်ချင်တော့မှပဲ သက်သာရာရတော့တယ်။

သူတက္ကသိုလ်စတက်တဲ့နေ့ကလဲ ဆွေမျိုးတကာစုံလင်စွာနဲ့ သူ့အဆောင်ထိလိုက်ပို့ကြတာ။ ခုနေပြန်စဉ်းစားတော့ တော်တော်ကဲကြတာပဲလို့ တွေးမိတယ်။ သူနေရမယ့်အဆောင်ကိုကြည့်ပြီး အမေ့မျက်နှာကသိပ်မကောင်းလှ။ သူ့ပုံကလည်း ပိုးဟပ်ဖြူဆိုတော့ ဆေးတွေဝါးတွေအစုံအလင်နဲ့ စိတ်မချစွာထားခဲ့ရတာပေါ့။ သူကလဲ ကျောင်းပိတ်တာနဲ့ နေ့မကူးခင်အိမ်ပြန်လာတာပဲ။ ဒုတိယနှစ်လောက်လဲရောက်ရော သူက ကျောင်းပိတ်ရက်တောင် အိမ်ချက်ချင်းမပြန်ချင်တော့။ တတိယနှစ်မှာ သီးဆစ်အတွက်ချင်းတောင်ကို ပန်းသီးခင်းသွားကြည့်တယ်ဆိုတာလား ပြန်တောင်မလာဘူးလေ။ လူကလဲ နောက်တယောက်ပြောင်းသွားသလို အသားတွေနေလောင် လူကောင်ကြီးကြီးနဲ့ ဆံပင်ရှည်ကထားလိုက်သေးတယ်။ အိမ်က အဲဒီအခါမှ စိတ်နည်းနည်းအေးရတော့တာ။ ဒါပေမယ့် အိမ်သံယောဇဉ်ကို ကျောင်းသံယောဇဉ်က အနိုင်ယူတတ်မှန်းမသိခဲ့ရ။

သူအလုပ်စ ၀င်တော့လဲ အဲလိုပါပဲ ပါးစပ်အမြှုပ်ထွက်မတတ်မှာရတယ်။ စိတ်ပူရတယ်။ ကိုယ်ကပဲ ပူလွန်းနေတာလား။ သူ့ပုံကပဲ စိတ်မချစရာဖြစ်နေသလား။ နောက်တော့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဖွဲ့ကျလို့။ ကိုယ်ကလည်းအဝေးရောက်ပြီဆိုတော့ စာနဲ့ပဲလှမ်းပူရတာပေါ့။ သူက စာတောင်မှန်မှန်မပြန်တော့။ အလုပ်များနေတယ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဘယ်သွားလည်နေလို့ အဲသလို။ အလုပ်သံယောဇဉ်နောက် ပါသွားပြန်ရော။ အဲဒီအချိန်မှာ ကိုယ်က သိပ်မပူတော့ဘူး။ ကိုယ်လဲ အင်အားကြီးသံယောဇဉ် စတွေ့နေပြီကိုး။

အခုတော့ သူကရေစိမ်းမြေစိမ်းမှာ ပရောဂျက်အသစ်အတွက် သွားနေရမယ်ပြောလာတယ်။ ဂရုစိုက်လို့တော့ ပြောလိုက်တယ်။ သူလုပ်နိုင်တယ်ဆိုတာသိလို့လား ကိုယ်ကမောင်နှမတွေကို သိပ်မပူပန်ပေးတတ်တော့တာလား။ ကိုယ့်ဘာသာလဲ အံ့သြမိတယ်။ လူတွေက အသက်ကြီးလာတဲ့အခါ ဒီလိုပဲဖြစ်တတ်သလား ကိုယ်တယောက်ထဲပဲ ဒါမျိုးဖြစ်နေသလားမသိဘူး ။ တချိန်တုန်းကတော့ ဒီမောင်လေးအတွက်ပူလိုက်ရတာ အမေ့ထက်တောင်ပိုကဲနေသေးတယ်။

အခုစိတ်ပူရတာက တနင်္လာနေ့အလုပ်သွားတော့မယ့် တစုံတယောက်အတွက် အအေးမမိဖို့၊ စားရေးသောက်ရေးအဆင်ပြေဖို့၊ ညကားမောင်းပြန်လာတဲ့အခါ ဘေးရန်ကင်းဖို့။ ၁ရက်လောက် အသံမကြားရတာနဲ့ သေပြီလားမတွေးမိပဲ အင်တာနက်ပျက်သလားဖုန်းပျက်သလား တွေးမိဖို့။ ဥာဏ်နည်းလို့ပဲလား အမိုက်မှောင်ဖုံးနေလို့ပဲလား တရားကလဲမရနိုင်ဘူး။ တရားအတူထိုင်ဖူးတဲ့ သူငယ်ချင်းတယောက်ကတော့ ပြောပါတယ်။ ယောင်းမရေ တရားကိုလဲဆင်ခြင်ဦး တရားထိုင်တာကို အသက်ရှူလေ့ကျင့်ခန်းလောက်ပဲ သဘောထားပြီး လုပ်မနေနဲ့လို့ ပြောဖူးတယ်။

သူအရင်တရားရပြီး တောထွက်သွားမှ ကိုယ်လဲတရားကိုရိပ်ဖမ်းသံဖမ်း စရှာရကောင်းမှန်း သိမယ်ထင်ပါရဲ့။ မတော် တရားမရှာပဲ နှမလက်လျှော့နေပေတော့လုပ်သွားတယ်ဆိုပြီး ကဗျာတွေများ ထရေးနေမိမလားမသိ။

You received this email because you are subscribed to the real_time feed for http://thinkinghoney.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♠ Compaqqqqqqqq...

♠ Compaqqqqqqqq...

ကျနော့် ချစ်လှစွာသော ကွန်လပြူတာကြီး ဒုတိယမ္ပိ ဆေးရုံတက်ချိန်မှာ သူ့အစား အဖော်လာလုပ်ပေး နေသူကတော့ Hp နဲ့ ဖအေတူမအေကွဲ Compaq ပဲဖြစ်ပါတယ်၊ အတိအကျပြောရရင် Presario 2100 စီးရီးထဲက 2112AH ပါ၊ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ရန်ကုန်က အစ်မအတွက် ထိုင်ပေမှာ ဝယ်ခဲ့တာ။

မှတ်မိသလောက် ကွန်ပြူတာပြပွဲတစ်ခုမှာ ဈေးသက်သာသလိုလို ရှိတာနဲ့ ဝယ်ခဲ့တာဗျ၊ ပစ္စည်းတောင် မရှိတော့လို့ သူတို့ ဆိုင်ခန်းရှိရာ နေရာကို တခါထပ်သွားပြီး ဘောက်ချာလေးနဲ့ ပစ္စည်းယူရတယ်။ အပေါ်ပုံက ပက်ကင်ထဲက ထွက်ထွက်ချင်း ကွန်ပြူတာ အသစ်လေးပါ၊ အောက်ပုံက ကွန်ပြူတာပြပွဲမှာ မိုက်ခရိုဆော့ရဲ့ အရောင်းမြှင့်တင်ရေးဝန်ထမ်းက သူတို့ ပစ္စည်းအကြောင်း ရှင်းပြနေတာပါ။ ကျနော် သေချာ ငေးကြည့် အဲ နားထောင်ခဲ့တာပေါ့၊ ဘာတွေ ပြောသွားမှန်းမသိတာ တခုပဲ။ ဘယ်တော့မှ ပြောင်းလဲမှာမဟုတ်တဲ့ အရောင်းမြှင့်တင်ရေး နည်းဗျူဟာကတော့ ဝန်ထမ်း မိန်းခလေးတွေကို တိုနိုင်သလောက် တိုအောင် ဝတ်ခိုင်းတာပါပဲ၊ ကျွတ်ကျွတ်။

ဒီတစ်လုံးလည်း ချူချာနေတာ ကြာပါပြီ၊ တလောက ဘာလုပ်လိုက်မှန်းမသိပဲ ဖိုင်တစ်ခု crash သွားလို့ စက်ဖွင့်လို့ မရတော့ဘူး။ အတော်ပဲ ကျနော်လည်း ကွန်ပြူတာမဲ့ ဘဝရောက်နေတော့ သယ်လာပြီး format ချ၊ OS ပြန်ထည့် စသဖြင့် လုပ်လိုက်တယ်၊ ခုတော့ ပုံမှန်ဖြစ်သွားပါပြီ။ ဒါပေမဲ့ လွန်ခဲ့တဲ့ လေးနှစ်တုန်းက တောက်ပြောင်ခဲ့သလောက် အခုတော့လည်း အရောင်တွေ မွဲခြောက်ပြီး အိုမင်း ရင့်ရော်နေပါပြီ။ ဩော်၊ အနိစ္စ၊ အနိစ္စ၊ ဘယ်အရာမှ မမြဲပါလား ဆိုပြီး တရားသဘောနဲ့ပဲ အဆုံးသတ် လိုက်ရပါတယ်။ (အပေါ်ပိုဒ်နဲ့ ကွာလှချေလား)

ခုလေးတင်ရိုက်ထားတာ၊ သူ့အကြောင်းသူပြန်စဉ်းစားနေတာပါ၊ မနှောင့်ယှက်ပါနဲ့။
--
Bonus : (အကျင့်ပါနေပြီ)

McDonald's က စတော်ဘယ်ရီ sundae ပါ၊ ကျနော် အရွယ်နဲ့မလိုက်အောင် ကြိုက်ပါတယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: မြန်မာ့အရေး တွေးစရာ ရွေးစရာ

မြန်မာ့အရေး တွေးစရာ ရွေးစရာ

ခင်မောင်ခန့်
(ရေးသူ၏ အာဘော်သာ ဖြစ်ပါသည်)

လူတစ်ယောက်ရဲ့ ဘ၀ကို သူ့ရဲ့ တွေးပုံတွေးနည်းက ပြဋ္ဌာန်းပါတယ်။ ဒီလိုပဲ နိုင်ငံတစ်နိုင်ငံရဲ့ လူမှုဘ၀တခုလုံး ကို အဲဒီနိုင်ငံမှာရှိတဲ့ နိုင်ငံသားများရဲ့ တွေးပုံတွေးနည်းက ပြဋ္ဌာန်းပါတယ်။

ဒါဆိုရင် ကျွန်တော်တို့အနေနဲ့ အတိတ်က ဘယ်လိုတွေးခဲ့ကြသလဲဆိုတာကို ပြန်ပြီးဆန်းစစ်ဝေဖန်ဖို့လိုသလို အနာဂတ်မှာ နိုင်ငံရေးရလဒ်ကောင်းတွေ ဖြစ်ပေါ်လာဖို့အတွက် ဘယ်လိုတွေးကြမလဲ။ ဘယ်လိုနည်းလမ်း ကောင်းတွေကို ရှာကြမလဲဆိုတာ စဉ်းစားကြဖို့လိုပါတယ်။ ဒီနေရာမှာ အတိတ်က ဘယ်လိုတွေးခဲ့လို့ မျက် မှောက်မှာ ဘယ်လိုအဖြစ်ဆိုးတွေနဲ့ ကြုံတွေ့နေရတယ် ဆိုတာတွေကတော့ လူတော်တော်များများက ရှုထောင့် မျိုးစုံကနေ တင်ပြခဲ့ကြပြီးပြီးဖြစ်လို့ ဆောင်းပါးမှာ ထည့်မရေးတော့ပါဘူး။ အနာဂတ်အတွက် ဘယ်လိုတွေးကြ မလဲ ဘာကိုရွေးကြမလဲ ဆိုတဲ့အချက်ကိုပဲ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်နေ့က ဧရာဝတီမဂ္ဂဇင်း အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတဲ့ ကျော်စွာမိုးရဲ့ ဆောင်း ပါးမှာ မြန်မာ့အရေးလေ့လာသူ ကိုအောင်နိုင်ဦး တင်ပြဆွေးနွေးထားတဲ့ အချက်တစ်ချက်ကို ကောက်နုတ် တင်ပြရရင် "NLD အနေနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ချွင်းချက်မထားဘဲ တွေ့ဆုံဆွေးနွေး ရန် တောင်းဆိုနေမည့်အစား စစ်အစိုးရထံသို့ ရှင်းလင်းပြတ်သားသည့် အာဏာခွဲဝေယူရေး ကမ်းလှမ်းချက် ကို ထုတ်ပြန်ကြေညာသင့်တယ်" လို့ ဆွေးနွေးတင်ပြထားတာကို တွေ့ရပါတယ်။

တချို့ကလည်း ဘာမှမရှိတာထက်စာရင် တစ်ခုခုရှိတာက ပိုကောင်းပါတယ်လို့ဆိုတဲ့ အယူအဆမျိုးတွေကို တင်ပြကြသလို န.အ.ဖ ကပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံပြီး ရသလောက်နဲ့ တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်အောင်သွားတာက လက်ရှိအနေအထားထက်စာရင် တိုးတက်မှုတစုံတ ရာ ရှိလာမှာဖြစ်တယ်ဆိုတဲ့ အယူအဆတွေလည်း ပေါ်ထွက်လာပါတယ်။ တချို့ကတော့ န.အ.ဖ စိတ်ကြိုက်ရေး ဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေပဲဖြစ်ဖြစ် စစ်အာဏာရှင်များသာ ကြီးစိုးတဲ့ လွှတ်တော်လို့ပဲဆိုဆို အဓိကအားဖြင့် တော့ အရပ်သားများပါဝင်တဲ့ အစိုးရတစ်ရပ် ပေါ်ပေါက်လာဖို့သာဖြစ်ပြီး အဲဒီကမှတဆင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးကို သွားမယ်ဆိုတဲ့ အယူအဆတွေလည်းပဲ ပြောဆိုလာကြပါတယ်။

အထက်ပါ အယူအဆ အကြောင်းအရာတွေကို ခြုံငုံသုံးသပ်ကြည့်တဲ့အခါ အားလုံးဟာ န.အ.ဖ ရဲ့ ၂၀၁၀ ရွေး ကောက်ပွဲကို လက်ခံပြီး ရသလောက်အာဏာကို ခွဲဝေယူတဲ့ နည်းလမ်းတွေဆိုတာ ထင်ရှားပါတယ်။ တကယ် တော့ ကျွန်တော်တို့အားလုံး (အတိုက်အခံအင်အားစုများ) ကြိုးစားနေကြတဲ့ ရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် စတင်ဖြစ်ထွန်းပေါ်ပေါက်ဖို့သာ ဖြစ်ပါတယ်။ ဒီထက်ပိုပြီးပြောရရင် တ ရားဥပဒေစိုးမိုးခြင်း၊ လူ့အခွင့်အရေးများကို လေးစားလိုက်နာခြင်း၊ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ များ ကျင်းပပေးခြင်း စတဲ့အခြေခံအချက်တွေနဲ့ ပြည့်စုံတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တခုနဲ့ အစိုးရတ ရပ် ဖြစ်ပေါ်လာရေးပါပဲ။

၁၉၉၅ ခုနှစ်က လူထုဟောပြောပွဲတစ်ခုမှာ ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီရဲ့ ရပ်တည်ချက်နဲ့ ပတ်သက် လို့ "ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးလုပ်နေတဲ့ ရည်ရွယ်ချက်က အာဏာရဖို့ မဟုတ်ဘူး။ ပြည်သူလူထု အားလုံး ဒီမိုကရေစီရရှိဖို့အတွက်သာ အဓိကဖြစ်ပါတယ်" လို့ အတိအလင်း ပြောခဲ့ပါတယ်။

ပြည်ပမှ ရပ်တည်လှုပ်ရှားနေတဲ့ တချို့အင်အားစုတွေကတော့ တော်လှန်ရေး မအောင်မြင်ရတာဟာ သဘော ထားကွဲလွဲနေတာတွေ မညီညွတ်တာတွေကြောင့် ဖြစ်ရတာလို့ ယူဆပါတယ်။ ဒါကြောင့် ညီညွတ်ရေးတည် ဆောက်ပြီး တပ်ပေါင်းစုပုံစံနဲ့ တိုက်ဖို့ပြောကြပါတယ်။ တချို့ကတော့ ညီညွတ်ရေးက ကောင်းပါတယ်တဲ့။ သို့ သော်လည်း ညီညွတ်ရေးတည်ဆောက်တာကိုပဲ အလုပ်တစ်ခုလို မဖြစ်ဖြစ်အောင် ကြိုးစားနေမယ့်အစား ကိုယ် ပါဝင်ရမယ့် အခန်းကဏ္ဍကိုသာ ပီပြင်အောင်သေသေချာချာလုပ်ရင်းနဲ့ သူ့အလိုလို ညီညွတ်သွားမှာပါလို့လည်း ပဲ ဆိုကြပါတယ်။

ပြည်ပမှာရှိတဲ့ ပညာရှင်များ ဒေသတွင်း နိုင်ငံတချို့က ခေါင်းဆောင်များကတော့ ဒီမိုကရေစီအသွင်ကူးပြောင်း ရေးမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာက အရင်ဖြစ်တယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ဒီမိုကရေစီ ဖြစ်ထွန်းဖို့ တွန်းအားပေးသွားမယ်ဆိုတဲ့ အယူအဆတွေလည်း တင်ပြကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အားလုံးရဲ့ ရည်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင် ယန္တရား ကြီးကို အပြီးတိုင် ဖယ်ရှားပစ်ဖို့ပါပဲ။

ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အစိုးရကိုဖြုတ်ချဖို့ ဆန္ဒပြနေတဲ့ လူထုက စစ်တပ်ကို အာဏာသိမ်း စေချင်ပေမယ့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးအနုပေါင်ကတော့ အာဏာသိမ်းဖို့ ငြင်းဆန်ပါတယ်။ တိုင်းပြည်လက် ရှိပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းရမှာဖြစ်ပြီး စစ်တပ်က အာဏာသိမ်းခြင်းကြောင့် ပြဿ နာတွေ ပြေလည်သွားဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူးလို့ ပြောပါတယ်။ မြန်မာ့တပ်မတော်ခေါင်းဆောင်ပိုင်းမှာ ဒီလိုမျိုးတွေးခေါ်သူတွေ ရှိဖို့လိုပါတယ်။

နအဖရဲ့ ရပ်တည်ချက်နဲ့ မူဝါဒသဘောတရားကို လေ့လာကြည့်တဲ့အခါမှာ ထင်ရှားတဲ့ အချက်တွေက နအဖ ဟာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီလို့ ကြွေးကြော်ပြီး ဒီမိုကရေစီအရေခြုံထားတာကို တွေ့ရတယ်။ တ ကယ်တော့ န.အ.ဖက ဒီမိုကရေစီကို မကျင့်သုံးချင်ပါဘူး ဒီမိုကရေစီရဲ့ အခြေခံအချက်တွေ တန်ဖိုးတွေကို လေးစားလိုက်နာဖို့ မစဉ်းစားပါဘူး။ သူတို့က သူတို့စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဥပဒေနဲ့ လမ်းပြမြေပုံ အတိုင်း ဆက်သွားမယ့် သဘောပါ။ တွေ့ဆုံဆွေးနွေးရေး လုပ်ရလောက်အောင် သူတို့မှာ နိုင်ငံရေးအကျပ်အ တည်းမရှိဘူးလို့ ထင်နေတယ်။ လူထုကို အကြောက်တရားနဲ့ ထိန်းထားနိုင်မယ်လို့ ယူဆထားတယ်။ ဒါ့ကြောင့် လည်း ဘယ်သူနဲ့မှ မဆွေးနွေးနိုင်ဘူးဆိုပြီး ခေါင်းမာနေတာပါ။

သို့သော်လည်းပဲ ဒီလိုမျိုးတင်းမာတဲ့ အယူအဆရှိသူတွေက ဗိုလ်သန်းရွှေနဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့သာ ဖြစ်ပြီး အချို့သော အဆင့်မြင့်အရာရှိတွေကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာဖိအားတွေကို လျော့စေဖို့ နောက် ပြီး အမေရိကန်အပါအ၀င် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အဆင်ပြေစေဖို့အတွက် အတိုက်အခံတွေနဲ့ ပျော့ပျော့ပြောင်းပြောင်း ဆက်ဆံပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ချင်ပုံရတယ်ဆိုတဲ့ သတင်းတွေလည်းပဲ ထွက် ပေါ်လာပါတယ်။ ဒီအချက်ကိုကြည့်ရင် နအဖရဲ့ တင်းမာတဲ့ ရပ်တည်ချက်ဟာ ဒဏ်သေတော့မဟုတ်ဘူး တ ချိန်မှာ ပြောင်းလည်းလာနိုင်တယ်ဆိုတာ သုံးသပ်လို့ ရပါတယ်။ နောက်တစ်ချက်က တရုတ်နဲ့ အိန္ဒိယတို့လို နအဖ အားကိုးနေရတဲ့ နိုင်ငံတွေကို ချဉ်းကပ်ပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးအရ တိုးတက်မှုတွေ ဖြစ်ပေါ်လာဖို့ အတွက် ဖိအားပေးခိုင်းတာမျိုးတွေကိုလည်း တဖက်တလမ်းက လုပ်သင့်ပါတယ်။

ဆက်လက်ပြီး တင်ပြမယ့် အရေးပါတဲ့ အကြောင်းအရာတစ်ခုက ၁၉၉၀ ရွေးကောက်ပွဲရလဒ် ဖြစ်ပါတယ်။ ဒါကို မသိကျိုးကျွံပြုပြီး သမိုင်းမှာ ဒီအတိုင်းထားခဲ့လို မရပါဘူး။ နအဖအနေနဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အတိုင်းအတာတခုထိ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ဇွတ်ငြင်းနေမယ်ဆိုရင် ဒီကိစ္စဟာ သ မိုင်းမှာ အမဲစက်ကြီးတစ်ခုဖြစ်ကျန်ခဲ့ပြီး နောင်မှာလည်း ဒီအရိပ်မဲကြီးက ထိုးနေဦးမှာပါပဲ။ ဒါကြောင့်မို့လို့ NLD က တင်ထားတဲ့ လွှတ်တော်ဖွဲ့စည်းရေးနဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ်ရေး (Review) ကော်မတီဖွဲ့စည်းဖို့ တောင်းဆိုထားတဲ့အချက်ကို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုတခုအဖြစ် န.အ.ဖဘက် က လက်ခံစဉ်းစားရမှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် NLD အနေနဲ့ကလည်း နအဖရဲ့ လမ်းပြမြေပုံကို မြန်မာပြည် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး လမ်းစတစ်ခုအနေနဲ့ လက်ခံအသိအမှတ်ပြုပြီး ဆွေးနွေးပွဲတွေကို စတင်ဖို့ ကမ်းလှမ်းသင့်တယ်လို့ မြင်ပါတယ်။ နှစ်ဘက်စလုံးက မိတ်ဆွေလိုသဘောထားပြီး ညှိနှိုင်းဆွေးနွေးကြမယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုက ရေစီအသွင်ကူးပြောင်းရေးဟာ မြန်မာပြည်သူများနဲ့ နိုင်ငံတကာကလက်ခံတဲ့အဆင့်ကို ရောက်လာမှာဖြစ်ပါ တယ်။

အခုဆိုရင်၂၀၁၀ ရွေးကောက်ပွဲက နီးကပ်လာပြီဖြစ်ပါတယ်၊ ဒီအတောအတွင်းမှာ အဓိကအတိုက်အခံဖြစ်တဲ့ NLD အနေနဲ့ အရေးပါပြီး အဓိပ္ပါယ်ရှိတဲ့ နိုင်ငံရေးအခင်းအကျင်းတစ်ခုကို စနစ်တကျ ဖေါ်ဆောင်နိုင်ဖို့အ တွက် ပြည်တွင်းပြည်ပ နိုင်ငံရေးအင်အားစုများက NLD ကို ၀န်းရံဖို့ လိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အစိုး ရနဲ့ စကားပြောမယ့် ဆွေးနွေးမယ့် အဖွဲ့အစည်းဟာ ပြည်သူနဲ့ အတိုက်အခံအဖွဲ့ စည်းအားလုံးကို ကိုယ်စားပြုတဲ့ အနေထားရှိမှသာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ကြေညာာချက်တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အထူး သတိထားရမှာကတော့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ ထင်သာမြင်သာတဲ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေရရှိ ဖို့ ဖြစ်ပါတယ်။ အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲ လွန်သွားမယ်ဆိုရင်တော့ နိုင်ငံရေးအခင်းအကျင်းတွေဟာ ပြောင်းလဲသွားပြီး အခြေအနေတွေ ပိုပြီးရှုပ်ထွေး ပိုပြီးခက်ခဲလာမှာဖြစ်ပါတယ်။

အချုပ်အားဖြင့် တင်ပြရရင် ကျွန်တော်တို့ နိုင်ငံရဲ့ လူမှုအဆောက်အအုံကြီး တခုလုံးဟာ အသစ်ပြန်ပြီးတည် ဆောက်ရမယ့် အနေအထားကို ရောက်နေပါပြီ။ ဒီနေရာမှာ အရေးကြီးဆုံးကတော့ တိုင်းရင်းသားများအပါအ ၀င် ပြည်သူလူထုအားလုံး အကျိုးရှိမယ့် မှန်ကန်တဲ့ နည်းလမ်းကောင်းတွေကို ရှာဖွေပြီး အတူတကွ ပူးပေါင်း ဆောင်ရွက်ကြဖို့ လိုပါတယ်။ အစိုးရဘက်ကရော အတိုက်အခံတွေဘက်ကပါ မိမိတို့မှာရှိနေတဲ့ မမှန်ကန်တဲ့ အတွေးတွေ၊ စိတ်ဆိုးစိတ်ဆာတွေကို မြင်အောင်ကြည့်ပြီး နှစ်ဖက်စလုံးက ပြောင်းလဲဖို့ ၀န်မလေးကြဘဲ တိုင်း ပြည်အတွက် သမိုင်းမှတ်တိုင်တခု စိုက်ထူဖို့ အချိန်တန်ပါပြီ။ ထို့အပြင် ပြည်သူလူထုအားလုံးကလည်း မိမိတို့ရဲ့ စိတ်ဆိုးစိတ်ဆာတွေ တကိုယ်ကောင်းဆန်မှုတွေကို ပြောင်းလဲပြီး ကျွန်တော်တို့ရဲ့ ပြဿနာတွေကို ကျွန်တော် တို့အချင်းချင်းကပဲ ဖြေရှင်းနိုင်ကြမယ်ဆိုရင် …။ ကျွန်တော်တို့ အားလုံးညီညွတ်ကြမယ်ဆိုရင် …။ ကျွန်တော် တို့မှာ စိတ်ကောင်းစေတနာကောင်းတွေ ရှိကြမယ်ဆိုရင် …။

ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်းမှာရှိကြတဲ့ တိုင်းရင်းသားပြည်သူလူထုအားလုံးအတွက် ပျော်ရွှင်ချမ်းမြေ့ဖွယ် ကောင်းတဲ့ မနက်ဖြန်များကို ရရှိကြမှာဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။

ခင်မောင်ခန့်

မှတ်ချက် ။ ။ လမ်းပြမြေပုံကို လက်ခံခြင်းမှာ ဆွေးနွေးပွဲများ စတင်နိုင်ရေးအတွက်သာဖြစ်ပြီး န.အ.ဖ ရေး ဆွဲထားသည့် အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံခြင်း မဟုတ်ပါ။

ဖဲကြိုးနီဆုရ SAW ရင်သွေးငယ်များ၏ လက်ရာ ''အမေ'' ပန်းချီကားများ

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[meelayzar] 1 New Entry: ပဟေဋ္ဌိ...........အဖြေ

ပဟေဋ္ဌိ...........အဖြေ

ညီမလေးပုလဲကတော့နံပါတ်(၂)ဖြေတဲ့အတွက်..မိဘသဘောမတူတဲ့ကြားက
အချစ်ကိုဦးစားပေပြီး မိမိစိတ်သဘောကျတဲ့သူ့နဲ့..ဇွတ်အတင်းယူမှာတဲ့ကွယ်
တူလေးဂျယ်ကတော့လေ..ခုချိန်ကစပြီးဘလော့ဂါသူလေးတွေကိုဖားထားနော်
သွားပြီးစမနေနဲ့တော့…လူပျိုကြီးဖြစ်မှာတဲ့ကွယ်……….
တူမတော်မက်မက်နော်….ဟွန်းးးးးမပြောချင်ဘူးအရှောင်ကောင်းတယ်မှတ်…..
မောင်လေးဗီဗီကတော့အိမ်ရှေ့ကကောင်ဆိုတော့..သူ့ခမျာလဲခုထိရှာတာမတွေ့သေး
တော့..အချိန်တန်တော့လဲလူပျိုကြီးမဖြစ်ချင်တော့..မေမေ့သဘောဆိုပြီး………
အမေ့နားကပ်လို့..မိဘပေးစားတဲ့သူကိုပဲယူလိုက်ရတယ်ပေါ့ကွယ်…..ငှဲငှဲ
မောင်လေးစိုင်းနောင်ရေအမကအိမ်ထဲမှာရှိနေတော့နီးရာဆိုရင်
အိပ်ယာထဲကကောင်ပေါ့ကွယ်…..ဟိဟိ
ငါ့မောင်လေးဝင်းဇော်တော့သနားပါတယ်….အချစ်မတွေ့တော့ဘုန်းကြီးဝတ်ရပြီပေါ့
စကိုင်းတောင်နားမှာသွားဝတ်ရင်တော့အကြောင်းကြားလိုက်ပါကွယ်နော်…ဟဲဟဲ
မမ၀ါကတော့မြွေကြောက်တယ်ဆိုတော့…ဦးဥာဏ်ကိုအကူအညီတောင်ပေါ့..ဟိဟိ
အံမယ်လှလှကခုထိတော့မစွံသေဘူး….အင်းးးးးးးးးးးချစ်တဲ့သူကိုပိုင်ဆိုင်နိုင်မှာတဲ့..
ချစ်တဲ့သူနဲ့လက်တွဲရမှာတဲ့နော်..မရှိသေးရင်ရှာထားနော်သယ်ရင်းရေ……အကူအညီလိုလဲ
လှမ်းပြောလိုက်ပေါ့……ဟီး
ကိုစွမ်းကတော့မချစ်ချင်ချစ်ချင်နဲ့ချစ်လိုက်တော့.သူ့ခမျာချစ်တဲ့သူကိုပဲ အတင်းယူလိုက်ပါတော့တယ်ကွယ်………….
မမဆုမွန်ကတော့မြွေကြောက်တော့…ဖွားသီလရှင်လုပ်နဲ့နော်……ဟိဟိ
မောင်လေးအိမ်ရေသနားပါတယ်…ထင်ပါတယ်…ပေါကြောင်ကြောင်လေးဆိုတာကို
ဟီးးးးးးးးစတာနော်မဖြေတော့မသိရဘူးပေါ့ကွယ်
ကိုvankoကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်ဆိုတာတော့သေချာသလောပါပဲ
ဖြေထားတာကကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု့အပြည့်နဲ့ပဲဆိုတော့…ဟဲဟဲ
မောင်လေးအိတာရေတိုတိုပြတ်ပြတ်နဲ့ဖြေထားလိုက်တာ…စိတ်မကောင်းပါဘူး
လူပျိုကြီးတဲ့ကွယ်…ခုထဲကရှာထားတော့နော်…..း)
ကိုကြီးပီကေ..ကီပေ..ကတော့ပြောချင်တော့ဘူးဟွန်းးးးးးးး
သူမဖြေချင်တိုင်း….လူချိုး…
မောင်လေးတောင်ပေါ်သားကတော့လူလည်ကြီးပဲ..ဖြေထားဘူး..ဟွန်း
Htike22ကတော့ငယ်ထိပ်မြွေပေါက်မှတော့မောင်လေးရယ်လည်ပင်းမှာကြိုးနဲ့ချည်
ထားလိုက်ပေါ့ကွယ်….ဟိဟိ……လူပျိုကြီးတဲ့ကွယ်…
ညီမလေးနေ့အိမ်မက်ကသိနေတယ်ဆိုတော့…ပြောတော့ပါဘူး…အဟဲ
မောင်လေးအညတြကတော့..တော်လိုက်တာချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့
ကံကောင်းပါစေနော်..း)
အကိုတော်ဇင်ယော်ကတော့ခုထိမစွံသေးတာ..မဆန်းပါဘူးနော်……. အံ့ပါရဲ့တော်မအိပ်ပဲနေမှာလာ….မြွေနဲ့ဖက်အိပ်မယ်ပေါ့လေ…. ငယ်ထိပ်မြွေပေါက်မှာတော့ကြောက်တတ်တယ်ပေါ့လေ..ဟွန့်..သတိထားနော်လူပျိုကြီးရဲ့…ဟိဟိ
မလတ်(နှင်းဆီနက်)ကတော့အပျိုကြီးတဲ့တော်…အရှုံးမပေးနဲ့မလတ်ရေကြိုးစားကြိုးစား
အလင်းရောင်လေးရေ..အိုကေအိုကေ….ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့..အဆင်ပြေပါစေကွာနော်
4everlove..ကမိဘသဘောတူတဲ့လူနဲ့လက်တွဲမယ်ဆိုပါလား….အင်း.သူလဲမိဘအားကိုးတာပဲ…း)
သယ်ရင်းခေါင်ခေါင်ရေ…မီးမီးမထင်လိုက်မိဘူးကွယ်..ဟိဟိအပျိုကြီးဖြစ်မှာတဲ့… သိပ်မရွေးနဲ့တော့နော်…ဖြစ်သွားမှဒွတ်ခ…..ဟိဟိ
ဒီတစ်ခါတော့..ညခင်းနဲ့လမင်း..ကလူလိမ္မာလေးပေါ့နော်…မိဘပေးစားတဲ့သူနဲ့ပဲ လက်တွဲတော့မယ်ဆိုပါလား…ကောင်းလေစွကောင်းလေစွ….း)
စေတန်လေးရေမသွားချင်လဲနေပေါ့..ဟွန်း
မောင်လေးမိုးကြယ်ရေအဖြေပေးပြီနော်..လူပျိုကြီးတဲ့..ဟားဟ…ခုထဲကရှာထားတော့နော်
ဂျူဝသန်လဲလူလည်လေးပဲ…ရပါတယ်ရပါတယ်…း)
ကိုအိမ်မက်ရှင်လဲ…ဘာမှပူနဲ့တော့မမနဲ့လက်တွဲရမယ်..ဟိဟိ..ပျော်ရွှင်ပါစေနော်
ငှက်ငယ်လေးရယ်..ဟင့်..နံပါတ်(၁)ကိုသတ်ချင်တယ်ဆိုတော့…နည်းနည်းတော်သေးတယ်.. ခုတော့(၃)တဲ့….သညားပါရယ်ကွာ…စိတ်မကောင်းမဖြစ်နဲ့..ခုထဲကရှာထားတော့နော်
ဟိဟိ..စတာနော်..
အင်းးးးးးးကိုဟိန်းညီကိုမှတ်ချက်ချရမယ်ဆိုရင်တော့…အဟမ်း.. အကိုကအနီးဆုံးကအကောင်ကိုသတ်ချင်တဲ့သူဆိုတော့… အကိုကနီးစပ်မှု့ကိုတင်းမခံနိုင်ဘူးနော်… .ပြီးတော့…ဒီလောက်ပဲပြောတော့မယ်..သိချင်သေးရင်မုန့်လာဝယ်ကျွေး……ဟိဟိ
သံလွင်ဟီးရိုးတဲ့ကွာ..အကြံပိုင်သလားမမေးနဲ့..ဟွန့်..မပြောလိုက်ချင်ဘူး..လိုချင်တယ်ပေါ့လေ နောက်မှအများကြီး.ယူလာပေးမယ်…ဟင်းဟင်း
အကိုတော်မိုးသောက်လဲဝေ့လည်ကြောင်ပတ်လုပ်သွားတယ်နော် နောက်တစ်ခေါက်ထိမှာစိုးတယ်ပေါ့လေ..ဟိဟိ
ကိုဂျုလိုင်ကတော့အကြံပိုင်တယ်ဗျာ......ချစ်တဲ့သူနဲ့ရမှာပါ.....
မမသက်တန့်လဲတူတူပဲ..ဟွန့်ဖြေပါဆိုဖြေသွားဘူး..သိပ်မကြောက်ပါနဲ့မမရယ်….
ကော်ရုပ်တွေပါ…ဟိဟိ
Dream..angel…ကတော့ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့….တကယ်ဖြစ်နိုင်ပါစေရှင်…
ပျော်ရွှင်ပါစေနော်…..း)
မောင်လေးရှင်းသန့်ကိုတော့မြွေသတ်ဖို့အပ်တစ်ချောင်းပေးမယ်..ကျေနပ်လား….ဟိဟိ
ကိုရုပ်ကလေးကတော့လေ….သတ်ပါဆိုမသတ်သွားဘူး..မြွေမင်းသားကခုမရှိသေးဘူးကွ… ချိတ်ချိုးတယ်နော်..ဟွန့်
ညီမလေးသဉ္ဇာရေ…မလွမ်းနဲ့တော့နော်အဆင်ပြေသွားလိမ့်မယ်.. ချစ်တဲ့သူနဲ့လက်တွဲနိုင်မှာတဲ့ကွယ်….ဟေးးးးးးးဖြောင်းဖြောင်းရွှီးရွှီး….ဟိဟိ
ညီမလေးရောင်ပြန်ကအိမ်ရှေ့ဆိုတော့…မိဘသဘောတူတဲ့သူနဲ့တဲ့ကွယ်… ချစ်တဲ့သူကိုမိဘကျေနပ်လာတဲ့အထိ…ကြိုးစားခိုင်းပေါ့ကွယ်နော်…
အဆင်ပြေပါစေနော်ညီမလေး
မီးတောက်ရေကြားထဲကအထီးအမခွဲခိုင်းနေရတယ်လို့..မီးမီးကဇူးနဲ့မပြီးထားဘူးချင့်..ဟီး
စတာနော်….း)
ကိုစိုင်းဝဏ္ဏကတော့ချစ်တဲ့သူလေးကိုလက် တွဲနိုင်အောင်သာကြိုးစားပေတော့ဗျို့…..
(၁)မိဘသဘောတူတဲ့လူနဲ့ဖူးစာဆုံမယ်
(၂)ခိုးရာလိုက်ပြေးမယ်
(၃)အပျိုကြီး ၊ လူပျိုကြီးဖြစ်မယ်
(၄)ချစ်တဲ့သူနဲ့လက်တွဲရမယ်တဲ့……….
လာရောက်ဖြေပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးတင်ရှိပါတယ်နော်….
မီးလေးလာ..အဟဲ…ပထမမေးတော့ချက်ချင်းပဲ…
မြွေနဲ့တော့မအိပ်ချင်ပါဘူးဆိုပြီးအိပ်ယာကမြွေကို သတ်ပြီးချက်စားလိုက်တာတော့..ဟိဟိ…. ဗိုက်ဝသွားတာနဲ့…တစ်ခြားအကောင်တွေငါ့ဆီလာရင်ဒွတ်ခပဲဆိုပြီးအိမ်ရှေ့ကကောင်ကို သတ်ပြီးထွက်ပြေးတာပေါ့..ဟားဟ
အကြံပိုင်ပါတယ်ဆိုတဲံ့..ဟီးရိုး..မင်းဘာတတ်နိုင်သေးလဲကွ..ဟိဟိ

You received this email because you are subscribed to the real_time feed for http://khaingthinzar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[BAGANLAND] 1 New Entry: Complaints Choir of Singapore

Complaints Choir of Singapore

You received this email because you are subscribed to the real_time feed for http://baganland.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ရဲရဲကြီး မယုံရဲဘူး

ရဲရဲကြီး မယုံရဲဘူး

အခုရက်ပိုင်း သွားကိုက်နေတာကို အကြောင်းပြပြီး တစ်နေကုန် ချက်စ် ကစားနေလိုက်တာ ခေါင်းတွေမှုး ၊ မျက်လုံးတွေဝေတော့မှ ရပ်တော့တယ်။ စာတွေတော့ ရေးဖြစ်တယ်။ ပိုစ့်တစ်ခုအဖြစ်တော့ မတင်ချင်တော့ဘူး။ ရေးထားတဲ့ ပိုစ့်ကို ခေါင်းကနေဖတ်လိုက် ၊ အောက်ကနေဖတ်လိုက် ၊ကော်ဖီသောက်ရင်းဖတ်လိုက်၊ ဘယ်လိုပဲ ဖတ်ဖတ် တစ်စက်မှ ဖတ်လို့ မကောင်းဘူး။ ကိုယ်ရေးချင်တာ ရေးတယ်ဆိုပေမယ့် (အနုပညာသမားတွေ ပြောတဲ့လေသံအတိုင်း ပြောရရင်) ပရိသတ်ကို လေးစားရမယ်လေ။ :)

တခါတလေ ဟိုအရင်တုန်းက လ္ဘရည်ဆိုင်မှာထိုင်ပြီး စာတွေဖတ် စာတွေရေး ရတဲ့ ဘ၀တွေကို ပြန်လွမ်းမိတယ်။ အခုလည်း လ္ဘရည်ဆိုင်သွားပြီး ရေးနိုင် ဖတ်နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်းသွားရေးတဲ့အခါ စာရေးဖို့ ထွက်မလာဘူး။ အဲ့ဒီတော့ စားမရေးနိုင်တော့ မြန်မာပြည်ပြန်ပြီး Sim Card လေး ပြေးဝယ်မလားလို့ စဉ်းစားနေတယ်။ ကိုယ့်မှာက အစိုးရနဲ့ပတ်သက်ပြီး အတွေ့အကြုံကအရမ်းများနေတော့ ရဲရဲကြီး မယုံရဲဘူး။ သိတဲ့အတိုင်းပဲ သူတို့က တိုက်ကွက်တွေက အရမ်းများသား မဟုတ်လား။ နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာတော့ စိတ်ဝင်စားစွာ စောင့်ကြည့်ရမယ်။

ဖုန်းကတ်တန်ဖိုးများမှာ အက်ဖ်အီးစီ (၁၀)တန်နှင့် (၂၀)တန်ဟူ၍ ဖြစ်ပြီး တစ်ကြိမ်သာ အသုံးပြုနိုင်  မည်ဖြစ်သည်။  ဖုန်းကဒ်သက်တမ်းမှာ အက်ဖ်အီးစီ(၁၀)တန်သည် (၂)ပတ်အတွင်းသုံးနိုင်ပြီး၊ အက်ဖ်အီးစီ(၂၀)တန်မှာ (၃)လအတွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ သက်တမ်းကုန်ဆုံး၍ ဖုန်းကဒ်အသစ် ထပ်မံဝယ်ယူသည့်အခါ မူလနံပါတ်အတိုင်း ရရှိမည်မဟုတ်ပဲ နံပါတ်အသစ်တစ်ခု ရရှိသုံးစွဲရမည် ဖြစ်သည်။

ဓတ်ပုံသတင်းတွေအရ ဖုန်းကတ်တွေကို အလုအယက်ပဲ ဝေနေကြတယ်။ တစ်ခါသုံးဖုန်းကတ်တွေကို အဓိကရည်ရွယ်ပြီးရောင်တာက ခရီးသွားတွေအတွက်ဆိုတာကတော့ သေချာတယ်။ ဖုန်းခေါ်ဆိုခက သိပ်ဈေးမကြီးပါဘူး။  မယုံရင်  ဒေါ်လာနဲ့ ယှဉ်ကြည့် :)

တစ်ခုပဲ ဆုတောင်းပါတယ်။ ကိုယ်ပြောတာ သူမကြား ၊ သူပြောတာ ကိုယ်မကြား ၊ လိုင်းမမိခြင်းကြောင့် တိုက်ပေါ်တို့ ၊ သစ်ပင်ပေါ်တို့ တက်မပြောရပါစေနဲ့လို့ ဆုတောင်းပါတယ်။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဦး] 2 New Entries: VOB688

VOB688

VOB688kk

ကျောင်းကပွဲ


ကြာသပတေးနေ့ ညနေ ၇ နာရီတိတိမှာ ကျနော် စာသင်ခန်းထဲကိုရောက်တော့ လူအတော် စုံနေပါပြီ။ တခန်းလုံးလည်း ဂျာမန်အလံလေးတွေ ချိတ်ထားကြတယ်။ သူတို့ (၇) တန်းအေ က အတန်းသားတွေရယ်၊ ကျောင်းသားမိဘတွေရယ် စာသင်ခန်းထဲမှာ နေရာယူပြီးချိန်မှာ ကျောင်းသားလေးတယောက်နဲ့ ကျောင်းသူတယောက်က အခန်းရှေ့ထွက်လာပြီး ကောင်မလေးက စာရွက်တရွက်ကိုင်ပြီး ဂျာမန်လို ပြောပါတယ်။ အခမ်းအနား စပြီ ဖြစ်လို့ ပျော်ပျော်ရွှင်ရွှင်နဲ့ အစားအသောက်များကို စတင်သုံးဆောင်နိုင်ပါပြီ လို့ ပြောတယ်လို့ တော့ ကျနော်ထင်တာပဲ။ သူတို့တွေ (၇) တန်းရောက်မှ ဂျာမန်စာစသင်ရတာမို့ အဲဒါကိုပဲ အထင်ကရ ထားပြီး ဂျာမန်အလံတွေရယ် ဂျာမန်စကားနဲ့ မိတ်ဆက်တာရယ်ကို စီစဉ်ထားပုံ ရတယ်။
အစားအသောက်တွေက မိဘတွေကိုယ်တိုင် အိမ်က ချက်ယူလာရတာပါ။ ကိုယ့်အိမ်ကနေပဲ ထည့်စားဖို့ ပုဂံပြား၊ ဇွန်းခါးရင်း နဲ့ ရေခွက်စတာတွေ ယူသွားရပါတယ်။ ပွဲကတော့ နှစ်စဉ်ကျောင်းက စီစဉ်ပေးတဲ့ ပါတီပွဲပါ။ သူတို့အတွက် လုပ်ပေးတဲ့ ပါတီမို့ ကျောင်းသားကျောင်းသူအားလုံး ပွဲတက်တဲ့ ၀တ်ကောင်းစားလှတွေ ၀တ်စားထားကြပါတယ်။ ကောင်မလေးတွေဆိုလည်း လက်ကိုင် အိတ်တွေဘာတွေကိုင်လို့ လူကြီးပုံစံ ဖမ်းနေကြတာလဲ တွေ့ရပါတယ်။
ဆရာမရယ်၊ အတန်းသားတွေရယ်နဲ့ ကျောင်းသားမိဘတွေ အတူတကွ စားသောက်ပြီးတဲ့ အချိန်မှာတော့ သူတို့လေးတွေ အလျှိုလျှို ထွက်သွားကြတာ အခန်းထဲမှာ လူကြီးတွေပဲ ကျန်ပါတော့ တယ်။ ယောက်ျားလေး ၉ ယောက်၊ မိန်းခလေး ၁၅ ယောက် စုစုပေါင်း ၂၄ ယောက်ရှိတဲ့ သူတို့အတန်းမှာ ကျောင်းသားမိဘ ၁၉ ယောက် ပါတီကို လာတာ တွေ့ပါတယ်။
ကျနော့်သား ကိုရဲ (ခေါ်) ရဲဇာနီလွင်ဦး ဒိန်းမတ်ကို ရောက်ရောက်ချင်း လေးတန်းက စတက်ရပါတယ်။ ဒီမှာက တနှစ်ကုန်သွားရင်တတန်းအောင်တယ်။ စာမေးပွဲလည်း ဖြေစရာမလိုဘူး။ အတန်းပိုင်က ဆရာမကလည်း ဒီဆရာမပဲ။ ဘာသာရပ်ဆရာတွေကတော့ ပြောင်းနေတယ်။ အတန်းပိုင်ဆရာမ မပြောင်းတဲ့အခါကျတော့ သူ့ဆရာမနဲ့ သူ့တပည့်တွေ ရင်းနှီးပြီး တယောက်အကြောင်းတယောက် သိနေကြတယ်။ တကျောင်းလုံးမှာ ၇ တန်း ၂ ခန်းပဲရှိပြီး ကိုရဲတို့ ၇ တန်း (အေ) မှာတော့ ဒိန်းမတ် မဟုတ်တဲ့ နိုင်ငံခြားကလာသူ ၃ ဦး ရှိပါတယ်တဲ့။ "ပထမဆုံးရောက်လာတာက ကိုရဲ၊ ဒုတိယ ပိုလန်က မိန်းခလေးကျောင်းသူတဦးနဲ့ နောက်ဆုံးရောက်လာသူကတော့ Lithuania က ကောင်မလေး တယောက်ပေါ့" လို့ ဆရာမက ကျနော့်ကို ရှင်းပြပါတယ်။ ဆရာမက ကျောင်းဆရာ လုပ်သက် ၂၉ နှစ်ရှိပြီး သူ့မှာ သမီးတယောက်ရှိတယ်၊ သမီးက အခု ကျောင်းပြီးလို့ ကိုပင်ဟေဂင်မှာ အလုပ်လုပ်နေပါပြီ။ ဆရာမနေတဲ့ အိမ်က ကျောင်းနဲ့ သိပ်မဝေးလို့ ကျောင်းကို များသောအားဖြင့် စက်ဘီးနဲ့လာပြီး တခါတလေတော့လည်း ကားမောင်းလာပါတယ်တဲ့။ ဟုတ်ကဲ့ ဒိန်းမတ်မှာ ကျောင်းဆရာတွေ ကားစီးနိုင်ကြပါတယ်ခင်ဗျာ။
ကျောင်းခန်းထဲက နံရံမှာ ကပ်ထားတဲ့ အချိန်စာရင်းအရ မနက် ၇ နာရီ ၄၅ မိနစ်မှာ ကျောင်းစတက်ပြီး စာသင်ချိန် တချိန်ကို ၄၅ မိနစ်နဲ့ တနေ့ကို စာသင်ချိန် (၇) ချိန်ရှိတာ တွေ့ရပါတယ်။ ဘာသာရပ်အလိုက် သီတင်းတပတ်စာ ဒိန်းမတ်စာ ၆ ချိန်၊ သင်္ချာ ၄ ချိန်၊ အင်္ဂလိပ်စာ ၃ ချိန်၊ ဂျာမန်စာ ၃ ချိန်၊ အိမ်တွင်းမှု ၃ ချိန်၊ ရူပဗေဒ ၂ ချိန်၊ အားကစား ၂ ချိန်၊ သမိုင်း ၂ ချိန်၊ ဘိုင်အို ၂ ချိန် နဲ့ ပထ၀ီက ၁ ချိန် သတ်မှတ်ထားတာ တွေ့ရပါတယ်။
အရင်နှစ်တွေတုံးက ဘာသာရေးချိန်သတ်မှတ်ထားပြီး ခရစ်ယာန်ဘာသာအကြောင်းကို သင်ပေးတာ တွေ့ပေမယ့် ဒီနှစ်မှာတော့ တခြားဘာသာတွေတိုးလာပြီး ဘာသာရေးသင်ပေးတာ မရှိတော့ပါဘူး။ ခရစ်ယာန်ဘာသာသင်တဲ့နေတွေဆို ကိုရဲတယောက် ကျောင်းကို နောက်ကျမှ သွားရပါတယ်။ သူ့အကြိုက်ပေါ့။
ဒီစာရေးနေရင်း သထုံမြို့နယ်မှာ မူလတန်းပြဆရာ ၀င်လုပ်ခဲ့ဘူးတဲ့ ကျနော်… ကျနော် တာဝန်ကျခဲ့တဲ့ ချောင်းစောင့်ဆိုတဲ့ ကရင်ရွာကလေးကို သတိရမိပါတယ်။ အခုတော့ အဲဒီရွာလေး စစ်ကြောင်းမလွတ် လို့ဆိုပြီး အဖျက်ခံရတဲ့ အထဲ ပါသွားပလားမသိ။ မူလတန်းကျောင်း ၁၇ ကျောင်းပါတဲ့ ကျနော်တို့ရဲ့ အမှတ် (၆) အုပ်စုမှာ တာဝန်ခံက ကျောင်းအုပ်ကြီး ဆရာ ကိုဘညွန့်ပေါ့။ ကျနော်တို့ အုပ်စုမှာ ပါတဲ့ ရေဝေ မူလတန်းကျောင်းက ဆရာကိုစန်းဝေဆို သူ့အတန်းက ခလေးတွေကို ကျောင်းအလာမှာ ထင်းချောင်းတွေ သယ်လာခိုင်းတတ်တယ်။ အိမ်ပြန်ဖို့ ကျောင်းကားမှာ ဆုံကြတဲ့အခါ "ထင်းတစီးပါလာတော့ အိမ်အပြန် မျက်နှာပန်းလှတာပေါ့ဗျာ" လို့ ပြောလေ့ရှိတဲ့ ကိုစန်းဝေ ကိုလည်း ကျနော် သတိရနေသေးတယ်။
လူကြီးတွေကိုပဲ အတန်းထဲမှာ ထားခဲ့ပြီး အပြင်မှာအဖော်တွေနဲ့ လမ်းသလားနေတဲ့ ကျနော့်သားကို "အဖေ ပြန်တော့မယ် ဆိုတော့" သူက "အဖေပြန်နှင့် သားတို့ဒီည ဒစ်စကိုရှိတယ်၊ အဲဒီမှာသွားကရအုံးမယ်။ အမေ့ကို ပြောလိုက် သားအပြန်နောက်ကျမယ်" တဲ့။ ဒါနဲပဲ သူ့ကိုထားခဲ့ပြီး ည ကိုးနာရီ ကျော်ကျော်မှာ ကျနော် အိမ်ပြန်လာခဲ့ပါတော့တယ်။ မနက်ဖန် အလုပ်သွားရအုံးမယ်လေ။

(အပေါ်ဓာတ်ပုံ - ၆ တန်း-အေ၊ ၂၀၀၇ ခုနှစ်)

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီဇင်ဘာနှင်း] 1 New Entry: ငိုရမယ့်သူ

ငိုရမယ့်သူ

တစ်ခါတုန်းက ညီင်္အစ်ကိုနှစ်ယောက်ရှိတယ်။ အချိန်တန်အရွယ်ရောက်လာတော့ အစ်ကိုအကြီးက အိမ်ထောင်ပြုပြီး တစ်နယ်တစ်ကျေးမှာ စီးပွားလုပ်ရင်း ကြီးပွားနေတယ်။ ညီလုပ်သူကတော့ ရဟန်းဝတ်ရင်း စာဝါလိုက်နေတာပေါ့။ နှစ်တွေပြောင်းလာတာနဲ့အမျှ အမေကြီးမှာလည်း အိုမင်းလာသလို အမေနေထိုင်ရာ အိမ်ကလေးဟာလည်း ယိုယွင်းပျက်စီးလာပါတယ်။ သားအငယ်ဖြစ်တဲ့ ရဟန်းကတော့ အမေကြီးဆီကို မကြာခဏလာလာကြည့်တတ်တယ်။ အစ်ကိုလုပ်သူကတော့ သားသမီးကိစ္စ စီးပွားရေးကိစ္စတွေနဲ့ လုံးပန်းနေရတာကြောင့် အမေ့ဆီကို မလာနိုင်ပါဘူး။ တစ်ခါတော့ ညီရဟန်းက အမေ့အိမ်ကနေ ပြန်လာပြီး အစ်ကိုလုပ်သူကို အိမ်လေးကို ပြင်ပေးရအောင်ဆိုပြီး ပြောပါတယ်။ ဒီတစ်ခါလဲ အစ်ကိုလုပ်သူကတော့ မအားလို့ မသွားနိုင်သေးဘူး အားတော့မှပဲ သွားပြင်ပေးမယ် ဆိုပြီးပြောပြန်တယ်။ ဒီလိုနဲ့ပဲ ညီရဟန်းက အမေ့အိမ်လေးကို ပြန်ရောက်တိုင်း ဟိုနေရာလေးပြင်ပေး ဒီနေရာလေးပြင်ပေးနဲ့ အိမ်ကလေးက ယိုင်နေတာကနေ တော်တော်လေး ပြန်ကောင်းလာတော့ အမေကြီးမှာ ၀မ်းသာလို့မဆုံးနိုင်ဘူးပေါ့။ ဒီလိုနဲ့ တစ်နေ့တော့ လူတိုင်းသွားရမယ့် နောက်ဆုံးခရီးကို အမေကြီးလည်း လျှောက်ရတော့တာပေါ့။ ဒီအချိန်ရောက်တော့မှ အမြဲတမ်းမအားပဲ အမေ့ဆီကိုမလာနိုင်တဲ့ သားကြီး ငိုကြီးချက်မနဲ့ ရောက်လာတာပေါ့။ "အမလေး အမေရဲ့ သားဘာမှ လုပ်မပေးရသေးဘူး" ဆိုပြီး ပြောပြောငိုနေတော့တာပေါ့။ အဲဒီအခါမှာ ညီလုပ်သူက "အေး ငိုသာငို အားရအောင်ငို မင်းက ငိုဖို့ရောက်လာတဲ့သူ" ဆိုပြီးပြောတော့တာပေါ့။ အမေရှိတုန်းကတော့ မအားလို့ စီးပွားရေးကိစ္စ ကိုယ့်မိသားစုကိစ္စတွေကိုပဲ အလေးထား အမေဆိုတာကို အားမှသွားကြည့်မယ်ဆိုပြီး မသွားဖြစ်ခဲ့တဲ့သူ အမေသေတော့မှ အမေစိတ်ချမ်းသာအောင် ဘာမှလုပ်မပေးရသေးဘူးဆိုပြီး နောက်တတွေရနေရသူ ငိုရုံသက်သက်ရောက်လာတဲ့သူ ဖြစ်နေပါတယ်။

ဒီအကြောင်းလေးကို ပါပါးနဲ့ မာမားက အရင်ရက်တုန်းက ပြောပြခဲ့တာပါ။ ကိုယ်က ငိုရမယ့်သူ လုပ်မှာလား မိဘမသေခင် စိတ်ချမ်းသာအောင်ထားပြီး သေသွားရင်လဲ နောင်တတွေမရပဲ ကိုယ်တတ်နိုင်သလောက် လုပ်ပေးခဲ့ပြီးပြီ ဆိုတဲ့စိတ်နဲ့ ကျေနပ်နိုင်တဲ့သူအဖြစ် ရပ်တည်မလားဆိုတဲ့ အတွေးတွေ ၀င်လာမိပါတယ်။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Freedom For All] 1 New Entry: Human Being Day

Human Being Day


LET ALONE "RIGHTS", JUST WISH FOR "HUMAN BEING DAY".

ကျောင်းတွေမှာ ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ဈေးထဲမှာ ဗုံးခွဲသတ်ဖြတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ မုဒိန်းကျင့်သတ်ဖြတ်မှုတွေ၊ အကြမ်းဖက်သမားတွေရဲ့ အပြစ်မဲ့လူသားတွေကို အကြောင်းမဲ့သတ်ဖြတ်မှုတွေ၊ စစ်အစိုးရတွေ၊ အာဏာရှင်တွေ၊ အစရှိတဲ့ အနုနည်းအကြမ်းနည်းနဲ့ လူသားတယောက်ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်ကိုတောင် ထိခိုက်ဟန့်တားနှောင့်ယှက်မှုတွေအတွက် "HUMAN BEING DAY" ကိုတောင်းဆိုချင်ပါတယ်။


You received this email because you are subscribed to the real_time feed for http://luthit.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Republic] 1 New Entry: TEN THINGS I HATE ABOUT MYSELF

TEN THINGS I HATE ABOUT MYSELF



• သူတစ်ပါးကို လိုအပ်သည်ထက်ပို၍ အားနာတတ်ခြင်း
• ယောင်ဝါးဝါး မသိ နားမလည်သည်များကို တတ်သိဟန် ဆောင်တတ်ခြင်း
• အရာရာကို စေ့စပ်သေချာ လိုခြင်း
• အစွဲအလန်း အမှတ်သညာ ကြီးခြင်း
• ဂတိမတည်သူများကို အာရုံနောက် တတ်ခြင်း
• မိမိ ကိုယ်ကိုယ် ယုံကြည်မှု(အထင်) ကြီးတတ်ခြင်း
• အရေးကြုံက မိတ်ရင်း ဆွေရင်း သူငယ်ချင်း နည်းပါးခြင်း
• တောင်တွေ မြောက်တွေးဖြင့် အချိန်ဖြုန်းတတ်ခြင်း
• ပြန်မပြော နားမထောင် လုပ်ချင်ရာလုပ်တတ်ခြင်း
• နောက်ကျောကို ဓားနှင့်ထိုးသူများကိုသိလျက်နှင့် ဆရာကြီးဟန်ဆောင်ကာ မွေ့လျော်နေတတ်ခြင်း

ကိုယ့်ကိုကိုယ် မုန်းမိတဲ့အချက်တွေ ၊ အားနည်းတဲ့အချက် အချို့တွေပါ ၊၊ မကောင်းမှန်း သိလျက်နှင့် အခုထက်ထိ ပြင်လို့မရသေးပါဘူး၊၊ အတ္တကြီးလွန်းတဲ့ ကိုယ့်ကိုကိုယ်တောင် စိတ်ပျက်မိတယ်ဗျာ ၊၊သတိတရ Tag ထားတဲ့ (ကို)
zerotrash ကို ကျေးဇူးတင်ပါတယ် ၊၊


Photo originally uploaded by
Manchester Hank's photostream

You received this email because you are subscribed to the real_time feed for http://kyawthetlatt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: မက်မက်တစ်ယောက် ငြိမ်နေခြင်းအကြောင်းအရင်း

မက်မက်တစ်ယောက် ငြိမ်နေခြင်းအကြောင်းအရင်း



ဗိုက်ဆာရင် ထမင်းကြော်လေး သုံးဆောင်ထားလိုက်နော်.. :P


ကော်ဖီကြိုက်ရင်တော့ ဒီအရသာလေးက ဂွတ်တယ် :P

နှစ်ခွက်မှ သောက်ချင်တယ်ဆိုရင်တော့ ဒီကော်ဖီ သောက် :P



ထမင်းကြော် မစားချင်ရင် ခေါက်ဆွဲပြုတ်စား :P


တစ်ခုမှ မကြိုက်ဘူးဆိုရင်တော့ ဘာဂါ လုပ်ထားတယ်.. စားလိုက်နော်.. :P

တီတီဒွင်းနဲ့ အိပ်မက်(ခ) ရှာရာပိုပါမက်မက် တို့အိမ်အပြောင်း အရွေ့လုပ် နေခြင်းကြောင့် အခုရက်ပိုင်း အိမ်တကာ ဘလော့တကာ လိုက်မလည်နိုင် ခြင်းနဲ့ ပို့စ်အသစ် မတင်နိုင် ဖြစ်နေပါတယ်။ လာလည်တဲ့ ဦးဦးတို့ တီတီတို့ ကိုလည်း အရမ်းအရမ်း အားနာပါတယ်။ နားလည်ပေးပါနော် :P အဟဲ... ကူညီချင်ရင်လည်း လာပြီး ပစ္စည်းတွေကို ကူညီရွေ့ပေးလို့ရပါတယ်... အဟီးး.. :P :P လာလည်တဲ့ သူတွေအတွက် မပျင်းရအောင် စားစရာများနဲ့ လည်း ဧည့်ခံလိုက်ပါတယ်။ ကော်ဖီလည်း ဖျော်ထားခဲ့တယ်နော်... သောက်သွားလိုက်ပါဦး...

အားလုံးအာဝါးးးးးးးးးးးးးးးးးးးးးးးးးးးးး x တစ်သိန်းနော်.... :P


ဘာမှတော့ မဟုတ်ပါဘူး၊ အိမ်ပြောင်းနေလို့ ဆားချက်ထားတာ။ ဟဲဟဲ.. ပင်လယ်ရေတွေတောင် ခန်းကုန်ပြီလား မသိဘူးနော်... :P

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Ywar Thar Lay (YTU)] 1 New Entry: ၁၂ ၁၃ ဒီဇင်ဘာနဲ့ ရောက်တတ်ရာရာ

၁၂ ၁၃ ဒီဇင်ဘာနဲ့ ရောက်တတ်ရာရာ



စာရေးချင်လာပြန်တော့လည်း ရေးဖို့ ကြိုးစားမိပြန်ရော။ တကယ့်ကို ကြိုးကိုင်လို့မရတဲ့ စိတ်တစ်ခုနဲ့ ….ခက်ပါသေးတယ်နော်။


၁၂ ဒီဇင်ဘာ နတ်တော်လပြည့်နေ့ကို အမှတ်တရ ကြည့်လိုက်မိတယ်။ သိပ်လှတဲ့ ကောင်းကင်ပြာထဲက တိမ်ဖုံးနေတဲ့ လကို အခန်းကိုပြန်တဲ့ ကော်ရီဒါတစ်လျှောက်မှာ ငေးရင်း ဓါတ်ပုံရိုက်မယ်လို့ ဆုံးဖြတ်မိခဲ့တယ်။ အိမ်က သူငယ်ချင်းတစ်ယောက်ကိုလည်း ပြောရင်း ပြတင်းပေါက်ကနေ လကို အမိအရရိုက်ဖို့ကြိုးစားခဲ့တာ။ လက်တုန်တာရယ် မကျွမ်းကျင်တာရယ်ကြောင့် လကမ၀ိုင်းချင်တော့။ သတိရလို့ ထောက်တိုင်နဲ့ ရိုက်မယ်ဆိုတော့ ရတော့ရလိုက်ပါတယ် ဒါပေမယ့် ကောင်းကင်အရောင်ကပြောင်းသွားပြီလေ။

နောက်မှပြန်သိရတာက အဲဒီနေ့က သာတဲ့လက သာသမျှလတွေထဲမှာ အရွယ်အစားအကြီးဆုံးမြင်ရတာတဲ့။ သူများတွေက တခုတ်တရစောင့်ကြည့်ခဲ့တယ်ဆိုပါတယ်။ အဲလိုပြန်မြင်ရဖို့ အချိန်တွေအများကြီး ပြန်စောင့်ရဦးမယ်တဲ့။ တစ်ချို့အရာတွေက အမှုမဲ့အမှတ်မဲ့ပဲ ဖြတ်ကျော်သွားတာနော်။ ပြန်မရလိုက်တာတွေ အများကြီးရှိပါကလား။ အင်းကျနော်ဘာတွေ ဆုံးရှုံးခဲ့ပါလိမ့် ဘာတွေဆုံးရှုံးရဦးမှာပါလိမ့်။

၁၃ဒီဇင်ဘာ သိပ်မွန်းကြပ်တဲ့ မြို့ပြကို ခွာမိတယ်။ တစ်ဆိတ်ကားသံတွေဆူညံလွန်းတယ်ကွယ်။ တောစရိုက်တွေရှိတဲ့ ဟေ၀န်နန်းကို ခြေလှမ်းတွေလှမ်းရင်း ခဏတော့ မေ့ထားပါရစေ။

ကမ်းကခွာကထဲက စိတ်တွေကို အဝေးဆုံးကို လွှင့်ပစ်လိုက်တာ။ ကျနော့စိတ်တွေကို တောအုပ်ထဲကို နှစ်လိုက်မိတယ်။



မြင်မြင်သမျှတွေကို ဓါတ်ပုံရိုက်ဖို့ကြိုးစားရင်း ပင်ပင်ပန်းပန်းစက်ဘီးတွေ နင်းပစ်ခဲ့တာ။ ချွေးတွေလည်း ထွက် လူလည်း အလဲလဲအပြိုပြို။ သတိထားမိတာ စက်ဘီးမစီးဖြစ်တာ ဘယ်နှစ်နှစ်တောင်ရှိခဲ့ပြီလဲမသိ။ ဒါပေမယ့် မေ့မသွားပါလား။ ဟင့်အင်း မေ့ထားသင့်တဲ့အကြောင်းအရာ မေ့သွားပါစေ။ မခံနိုင်လွန်းလို့ပါ။ ဒီနေ့တော့ အဝေးမှာနေပေးပါ။



တောပန်းလေးတွေ…သစ်ခွတို့ သဇင်တို့ မဟုတ်တော့ လှည့်တောင်မကြည့်ကြပါလား။ လိပ်ပြာတွေကလွဲရင် သူတို့ကို ဘယ်သူကမှလှတယ်လို့မထင်။ သူတို့လည်းပန်းပဲလေနော်။ ထုံးစံအတိုင်း ပန်းလေးတွေကို ဓါတ်ပုံရိုက်ရင်း အားပေးမိတယ်။ အားမငယ်ပါနဲ့ ငါရှိပါသေးတယ်လို့။



တံတားနှစ်ခုသုံးခုကိုလည်းကျော်ရသေးတယ်။ တံတားပေါ်ကမှာရပ်ရင်း မြစ်တစ်ခုမှာရေနှစ်ခါချိုးလို့မရတဲ့ အကြောင်းရယ် တံတားအောက်က ဖြတ်သွားဖူးတဲ့ရေလိုပဲ နောက်ထပ်တစ်ခါ ထပ်စီးခွင့်မရှိတော့ဘူးဆိုတဲ့ အကြောင်းတွေကို စဉ်းစားမိပြန်ရော။ ရေတွေဘယ်လောက်စီး ပါစေ တံတားကြီးရှိနေရင်ပြီးရောနော်။

ဖိနပ်ကြပ်ကြပ်ပုံပြင် အဲဒီနေ့ကမှကြားဖူးတယ်။ ပထမတော့ ရီမိတယ်။ ကြားဖူးပြီးသားဖြစ်ရင်လည်း ဖြစ်မှာပါ။ လူတစ်ယောက်က ဖိနပ်ကြပ်ကြပ်ကိုပဲ အမြဲစီးတယ်တဲ့။ သူ့ကိုဘာလို့စီးတာလဲလို့မေးတော့ သူ့မိန်းမကအိမ်ထောင်ရေးဖောက်ပြန်နေတယ်။ သူ့သားကလည်း ဘိန်းစွဲလို့ထောင်ကျသွားပြီ။ စီးပွားရေးကလည်း မကောင်းဘူးတဲ့။ သူ့ဘ၀မှာ ဒီဖိနပ်ချွတ်တဲ့ အချိန်လေးပဲ စိတ်ချမ်းသာရတယ်တဲ့။ ဒါကြောင့်ပါတဲ့။ ကျနော်တစ်ချက်ငုံ့ကြည့်မိလိုက်တယ်။ အိုး…………. ဖိနပ်က သိပ်ချောင်လွန်းနေပါလား။

ဟိုဘက်ကမ်းက မီးတွေလင်းလာတဲ့ အချိန်ကျမှ အိမ်ကိုပြန်ခဲ့တယ်။ လေးလံနေပြီဖြစ်တဲ့ ခြေထောက်တွေနဲ့ပါ။ အိမ်မပြန်ချင်ဘူး ခုမှကလေးတစ်ယောက်လိုဆိုတဲ့ သီချင်းကို မဆိုဖြစ်အောင် စိတ်ထိန်းရင်းနဲ့ပေါ့။

အပြန်ခရီးမှာ လမ်းမီးတိုင်လေးနားက တီးဝိုင်းလေးတစ်ခုကိုလည်း ၀င်ငေးဖြစ်ပါသေးတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရုံးပိတ်ရက် အပန်းပြေအောင် ဒီအစီအစဉ်ကို လုပ်တာပါ သင်တို့လည်း အပန်းပြေကြပါစေဆိုတော့ ၀င်တောင်ဆိုလိုက်ချင်ပါသေးတယ်။ ဒါပေမယ့် သီချင်းတွေကမရပြန်ဘူး။

ရောက်တတ်ရာရာဆိုတော့ တကယ့်ကိုရောက်တတ်ရာရာပါ။ ဘယ်ကိုခေါ်သွားပြီး ဘာတွေပြောချင်နေမှန်းမသိတဲ့ ရောက်တတ်ရာရာပေါ့…….

You received this email because you are subscribed to the real_time feed for http://ywartharlay-ytu.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[YNP] 4 New Entries: ဆောင်းလိမ်းကြံတဲ့နှင်းစက်

ဆောင်းလိမ်းကြံတဲ့နှင်းစက်


ဆောင်းလိမ်းကြံတဲ့နှင်းစက်

မတားနဲ့ ငါလာမလို့
နွေအရောင်တွေပြိုင်းပြိုင်းထ..
ငါခိုခဲ့ရတဲ့ ၀င်ရိုစွန်းကနေငါလာမယ်..

ကြည့်ပါ
မီးပြတိုက်အလီလီထွန်းပြီး
ပင်လယ်ကိုမြင်အောင်ကြည့်ပါ..
မုတ်သုန်လမ်းခွဲ..
သွားလိုရာသွားဖို့
တံခါးတွေအားလုံးဖွင့်ထားတယ်..

ကြိုလှည့်ပါ ဆိုက်ပရပ်ပင်ကြီးရေ..
ကြိုလှည့်ပါ တေးသီငှက်လေးရေ..
ကြိုလှည့်ပေါ့ ပန်းပွင့်လေးတွေရေ..
ငါလာခဲ့ပြီ..

မနက်ခင်းတွေကိုကြိုးနဲ့သီ
မြူနှင်း ကလာကာဖြန့်ခင်း.
ငါသွားတဲ့ လမ်းတိုင်းအေးမြစေ..

အို… ငါ့ရဲ့
ချစ်သူပျိုမ နိုးထပါတော့..
ငါ့ကောင်းကင်ကိုလှုပ်ခတ်လို့
မင်းလိမ်းကြံမဲ့ ဆောင်းမှာ
ငါဟာလည်း နှင်းတစ်စက်တော့ဖြစ်တယ်။

မိုးကြယ်

ဓူဝံကြယ်


ဓူဝံကြယ်

လက်ရာတွေအားလုံးခုတ်ထွင်ရှင်းလင်းပြီးမှ
ပန်းချီကားအသေတစ်ချပ်ကို အသက်သွင်း
ကဝေအပြုံးနဲ့ စုန်းမျက်နှာ
ရင်ဘတ်မပါတဲ့ ညှာတာခြင်းတွေနဲ့
ငါ့မနက်တွေကိုအရောင်စိုးခဲ့..

နာဖျားပြီးမှပဲငါ့ကိုကုစားလှည့်ပါ
မညီညာထကြွနေတဲ့ နှလုံးသားကိုလည်း
ထယ်သွားနဲ့ ခုတ်ချ..
ပေါင်းသတ်ပြီးမှ အလွမ်းပျိုးပင်ကိုပစ်ချစိုက်ပျိုး..
အခုတော့..
ငါတို့ ကန္တာရမိုင်တိုင် ဝေးခဲ့ပေါ့..

ခြေထောက်ပျောက်သွားတဲ့ ဖိနပ်တစ်ဖက်…
အိပ်မက်ပျောက်သွားတဲ့ သန်းခေါင်ယံညနက်….
ငါ့ကိုယ်ငါအတောင်တပ်ပြီးပျံသန်းလိုက်တယ်
မြောက်အရပ်ဆီ..

လွမ်းနေရင်ပဲဖြစ်ဖြစ်...
သမ်းဝေရင်ပဲဖြစ်ဖြစ်...
ကောင်းကင်ကိုမော့ကြည့်လှည့်
ငါဆိုတဲ့ ဓူဝံကြယ်
လှုပ်လီလှုပ်လက်နဲ့
ကမ္ဘာမြေသို့ကြွေချင်ခဲ့တာ
အလင်းနှစ်တစ်ရာတိုင်ခဲ့ပြီ။

မိုးကြယ်

သိုးဆောင်းမနက်



သိုးဆောင်းမနက်

ငါ...
ငါ့နားမှာ....
သိုးဆောင်းတေးတွေ စီးဆင်းနေတယ်....

သိုးဆောင်းကဗျာတပုဒ်နဲ့...
ဟိုးရှေးရှေးက..စီးဆင်းခဲ့တဲ့...
စမ်းချောင်းလေးတခုအနားမှာပေါ့....

ခိုနားရင်းနဲ့
ပြိုကျကျသွားတဲ့နေ့ ရက်တွေနဲ့
ငါတို့ရဲ့  ကျေးလက်တေးတွေကိုလွမ်းတယ်....

ငါ...
မနက်ဖြန်တွေကိုဖန်တီးဖို့ရာပေါ့....
သိုးဆောင်းဂီတကိုပဲ သီကြူးနေရတယ်.....

ဘာကြောင့်မှ မဟုတ်ပါဘူး....
မနက်ခင်းတိုင်း ရူးသွပ်ခဲ့ရတဲ့ မနက်စာ...
အိပ်မက်ထဲမှာ ကျန်ခဲ့မှာ စိုးလို့ ပါ........

ကိုနေ(၂၁.၁၁.၂၀၀၈ ၀၀း၁၆)

တကယ်ပဲ


တကယ်ပဲ

တချို့  မိုးတွေက
ငါ့စကားနွားရ ထန်နေကြတယ်...

သမိုင်းတူတူပါပဲ...
ဘိန်းသမားချင်းလဲ အတူတူပဲဟာ...

ရည်မှန်းချက်ကဘာလဲ
မင်းကိုမင်းကောတကယ်သိပြီလား...

လုယက်ခံလိုက်ရတဲ့
တိမ်တိုက်တွေကို ပြန်ရှာဖို့ ခွန်အားရောရှိပြီလား...

ပုစ္ဆာရှိရင်
ဖြေရှင်းချက်ရှိရမယ်ဆို..ဘယ်မှာလဲ...
ဒီမှာ ပုစ္ဆာတောင် ကျောက်ဖြစ်တော့မယ်...

လေတွေပဲလှိမ့်တိုက်
ကျောက်ရုပ်ကြီးတောင် ခေါင်းငိုက်စိုက်ချနေတာကြာပြီ..
အားလည်းနာကြပါအုံး

လုပ်စမ်းဘာအုံး
တကယ်ပဲ လောကမှာ
မဖြစ်နိုင်တာ ဘာမှ မရှိဘူးတဲ့လား....

ကိုနေ

You received this email because you are subscribed to the real_time feed for http://yeinnweipar.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.