Tuesday, December 16, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 9 New Entries: ဆွမ်းကပ်ပွဲနှင့် မိတ်ဆုံစားပွဲဖိတ်စာ

ဆွမ်းကပ်ပွဲနှင့် မိတ်ဆုံစားပွဲဖိတ်စာ

လေးစားအပ်ပါသော မိတ်ဆွေအပေါင်းတို့ခင်ဗျား ။    ။

28.12.2008 ရက်နေ့တွင် Offenbach ဘုန်းတော်ကြီးကျောင်း ကျင်းပပြုလုပ်မည့် မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ) နှစ်ပတ်လည် အလှူမင်္ဂလာ မိတ်ဆုံစားပွဲသို့  ကြွရောက်ကြပါရန် လေးစားစွာဖြင့်ဖိတ်မန္တက ပြုအပ်ပါသည်။

မြန်မာလူမှုရေးကူညီမှုအသင်း(ဂျာမဏီ)

အစီအစဉ်

အချိန်။      ။ 11း00 နာရီမှ  16း00 နာရီ အထိ

နေ့စွဲ။       ။ 28.12.2008 (တနဂ်နွေနေ့)

နေရာ။      ။Offenbach ဘုန်းတော်ကြီးကျောင်း

               Goethestr. 51

               60637 Offenbach

ဆွမ်းကပ်ချိန်။         ။ 11း00 နာရီ

ဧည့်ခံအကျွေးအမွေး။         ။ မုန့်ဟင်းခါး

ဆက်သွယ်ရန်

ကိုအောင်နိုင်ထွေး ။        ။ 0162 271 9760

ကိုသန်းစိုး          ။        ။ 0173 341 8195

ကိုလှမြင့်စိုး         ။        ။ 0714 850 9485

CAN NON-VIOLENCE OVERCOME TOTALITARIANISM ?

George Orwell poses this question in an article on Gandhi, the relevant parts of which can be found here:

www.rainbowends.org/mmviii/gandhi.htm

Gandhi's teachings hold out hope for a better future, a more tolerant world.  But as a technique for removing an utterly ruthless totalitarian regime they need to be examined.

If it is decided that non-violence alone cannot, in given circumstances, encourage transfer of power to a representative form of government, this does not preclude an integrated approach, using force only as necessary (in the manner of all democratic states).  Non-violent methods have been an essential ingredient of conflict and of state policy at least as far back as the remotest antiquity.

Non-violent methods must be adapted to circumstances. As we all know, Burma today is not India of yesteryear.  You cannot stop a train by lying on the tracks if the engine- driver has a pistol to his head and keeps going.

The need is for underground methods and underground resistance.

Above-ground resistance advertises the repressive nature of the regime, in case anyone should start to doubt that.  But in the present circumstances it cannot achieve much more than this.

Non-violent methods have a long history and so also do the principles of good governance :

[taken from "The Way of the General", by Zhuge Liang, and written about 1,800 years ago]

    There are five things that hurt the people:

    1.  There are local officials who use     public office for personal benefit, taking improper advantage of their authority, holding weapons on one hand and people's livelihood in the other, corrupting their offices, and bleeding the people.

    2.  There are cases where serious offences are given light penalties; there is inequality before the law, and the innocent are subjected to
    punishment, even execution.  Sometimes serious crimes are pardoned, the strong are supported, and the weak are oppressed.  Harsh penalties are applied,unjustly torturing people to get at facts.

    3.  Sometimes there are officials who condone crime and vice, punishing those who protest against this, cutting off the avenues of appeal and hiding the truth, plundering and ruining lives, unjust and arbitrary.

    4.  Sometimes there are senior officials who repeatedly change department heads so as to monopolise the government administration, favouring their friends and relatives while treating those they dislike with unjust harshness, oppressive in their actions, prejudiced and unruly.  They also use taxation to reap profit, enriching themselves and their families by exactions and fraud.

    5.  Sometimes local officials extensively tailor awards and fines, welfare projects, and general expenditures, arbitrarily determining prices and measures, with the result that people lose their jobs.

    These five things are harmful to the people, and anyone who does any of these should be dismissed from office.

-- Eric Bruce Johnston

နာဂိုယာမြို့တွင် ဂျပန်ပြည်သူများနှင့်မြန်မာ့ဒီမိုကရေစီအင်အားစုများ ပူးပေါင်းကာလမ်းလျှောက်ချီတက်ဆန္ဒပြ

မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နာဂိုယာနယ်မြေ)မှ ဦးစီးကျင်းပသည့် မတရား ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ အမြန် လွတ်မြောက်ရေးနှင့် လူ့ အခွင့်အရေး ချိုးဖောက်နေသော မြန်မာ န.အ.ဖ စစ်အုပ်စုအား ဂျပန် အစိုးရမှ ပြင်းထန်သည့် ဖိအားပေးရန် တောင်းဆိုချီတက် ဆန္ဒပြပွဲကို ဂျပန် နိုင်ငံ နာဂိုယာမြို့ (၁၄.၁၂.၂၀၀၈)ယနေ့ တွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါတောင်းဆိုဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အဖွဲ့ ချုပ် (တိုကျို၊ နာဂိုယာ) အင်အားစုများနှင့် အခြား ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသား များစုစုပေါင်း (၆၀) ဦးခံပူးပေါင်းပါဝင်ခဲ့ကြသည်။

၎င်းအပြင် ဂျပန်ပြည်သူများထံမှ ကောက်ခံရရှိ ထားသော စစ်အုပ်စုအား အစိုးရ တစ်ရပ်အဖြစ် အသိအမှတ် မပြုသည့် ထောက်ခံချက်လက်မှတ် များကို (AICHI) ခရိုင်မြို့ တော်ဝင်ရုံးမှ တဆင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ ပေးပို့ ခဲ့ကြပါသည်။

ပြန်ကြားရေး မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်
(နာဂိုယာ)

 

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,14th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဒေါ်စု လွတ်မြောက်ရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ဖို့ နိုဘယ်လ်ဆုရှင်တွေ တိုက်တွန်း

( 2 )5-day auction of gems in Burma

( 3 )ဦးနေ၀င်းရဲ့သမီး ဒေါ်စန္ဒာဝင်း နေအိမ်အကျယ်ချုပ်က ပြန်လွတ်

( 4 )Good show by archer Lenin

( 5 )မိသားစုများနှင့် ဆုံဆည်းခွင့်ရရေး ၈၈ မျိုးဆက်ကျောင်းသူ တောင်းဆို

( 6 )Yangon releases former dictator's daughter

( 7 )တရုတ် ရာဘာခြံကို ကချင်ပြည်နယ် ဒေသခံများက ဖျက်ဆီးမှုနောက်ကွယ်၌…..

( 8 )Inside Burma - the last ghost of the British Empire

( 9 )အာဏာပိုင်များက နေကြာ အဓ္ဓစိုက်ခိုင်း၍ တောင်သူများ အခက်ကြုံ

( 10 )Ex-Myanmar dictator's daughter released

( 11 )အာဏာရှင် ဦးနေ၀င်း၏သမီးကို အကျယ်ချုပ်မှ လွှတ်ပေး

( 12 )အာဏာရှင်ဟောင်း၏ သမီးကို နအဖ အာဏာပိုင်များက အကျယ်ချုပ်မှ လွှတ်

( 13 )ကော့ဘဇားရှိ ထိပ်ကျောင်းတောင် စေတီတော် ပြန်လည် တည်ဆောက်ရန် အုတ်မြစ်ချ

( 14 )စပါး အ၀ယ်ဒိုင်များ ဖွင့်လှစ်၍ စစ်တပ်ရိက္ခာ အတွက် စပါး ၀ယ်ယူမည်

ပြည်တွင်းမှာ စာစောင်တစ်ခုကို ဘယ်လိုထုတ်ရသလဲ

ကန္တာရ၀တီတိုင်း( မ် )

တလောက ပြည်ပအခြေစိုက် မြန်မာမီဒီယာတစ်ခုက ဂျာနယ်လစ်တစ်ယောက်နဲ့ ဆုံတော့ ပြည်တွင်းမှာ ဂျာနယ်တစ်စောင်ဖြစ်လာအောင် ထုတ်ရပုံ အဆင့်ဆင့်ကို စကားစပ်မိပြီး သူက တအံ့တသြ နားထောင်နေပါတယ်။ ဒီလိုပါပဲ။ ပြည်ပမှာ အဝေးရောက် မြန်မာဂျာနယ်လစ်တွေနဲ့ တွေ့မိတိုင်း ဒီအကြောင်း မကြာခဏမေးဖြစ်ကြ ပြောဖြစ်ကြပါတယ်။

 ပြည်ပမှာ စာစောင်တစ်ခု ထုတ်တာကတော့ ဘဏ္ဍာရေးကိစ္စနဲ့ စာနယ်ဇင်း အတတ်ပညာကလွဲလို့ ဘာမှ ခက်ခဲလောက်စရာ မရှိပါဘူး။ ပြည်တွင်းမှာ ကျတော့ စာနယ်ဇင်းပညာနဲ့ မသက်ဆိုင်သော စစ်သံပါသည့် ကြိမ်းမောင်းသံ၊ သေနတ်ပြောင်း၊ ထောင်နဲ့ ဂျာနယ်လစ်ကို ရန်သူလို သဘောထားပြီး ဖိနှိပ်မှုတွေဟာ ပတ်ချာဝိုင်းနေတယ်။ အပြင်မှာ ကာလရှည်ကြာနေတဲ့ ဂျာနယ်လစ်ဆိုသူတွေ ခံစားဖူးမှ နားလည်တတ်မယ်ဆိုတဲ့ ခါးစည်းခံရတဲ့ ဒုက္ခတွေပါ။( ဆက်ဖတ်ရန် ) ပြည်တွင်းမှာ စာစောင်တစ်ခု ထွက်လာဖို့အရေး အခက်အခဲတွေကို စာဖတ်သူတွေသိအောင်ရော၊ မှတ်တမ်းတင်တဲ့ အနေရောပါမက ပြည်ပကနေ သတင်းနံ့ပဲ ခံတတ်ပြီး သတင်း Source တွေရဲ့ အန္တရာယ်ကြုံရမှုတွေကို သတိလက်လွတ်ဖြစ်လေ့ရှိတဲ့ ဂျာနယ်လစ်ဆိုသူတွေ ဖတ်ဖို့ပါ။

စာပေ စိစစ်ရေး

 စာပေဖက်ဆစ်ရုံးလို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရန်ကုန်မြို့က ဆင်ဆာရုံးဟာ ပြည်သူတွေကို မျက်စိဖွင့်ပေးမယ့်သတင်းတွေ၊ ကောင်းကျိုးရစေမယ့် အချက်အလက်တွေကို မြှုပ်နှံရာ သင်္ချိုင်း သုဿန်ဖြစ်ပြီး၊ ပြည်သူတွေ မျက်စိမှောက်ပြီး အမှောင်ထဲရောက်အောင် သတင်းမှားတွေကို အကြပ်ကိုင်ထည့်ခိုင်းရာ၊ အဖိုးတန်စာမျက်နှာတွေကို ဖြုန်းတီးရာ ဌာနဖြစ်ပါတယ်။

သတင်း ဂျာနယ်တွေဟာ တကယ်ထုတ်မယ့် ပုံစံအတိုင်း ပြင်ဆင်ပြီး ရောင်စုံရော ရိုးရိုး အဖြူအမည်းနဲ့ပါ တစ်ပတ်လောက် ကြိုပြီး ဆင်ဆာဖက်ဆစ်ရုံးကို တင်ရတယ်။ အဲဒီရုံးမှာ အပြင်လောကကြီးအကြောင်း ဘာမှ ဂဃနဏမသိတဲ့ အမျိုးသမီးတွေက (စိစစ်ရေးလက်ထောက်တွေဟာ မိန်းမတွေချည်းပဲ) ဖတ်ပြီး ထင်ရာမြင်ရာတွေကို ဖြတ်တောက်၊ မသေချာတွေကို မင်နီပြပြီး ဗိုလ်မှူးတင့်ဆွေလို့ခေါ်တဲ့ ဖြူဖတ်ဖြူရော်နဲ့ စာပေသမားဖြစ်ချင်လှတဲ့ စစ်ဗိုလ်ဆီ တင်ရပါတယ်။ သူတို့ဖြတ်တောက်ပြီးရင် မင်နီကြက်ခြေခတ်တွေ တထွေးကြီးနဲ့ စိတ်မချမ်းသာစရာ စာမူဖိုင်ကြီးကို ရုံးပြန်ယူလာပြီး သူတို့ မင်နီ ခြစ်ထားတာတွေကို ဖြုတ်ပစ်ရပါတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း ဒီလိုပဲ ပိုပြီး အချိန်ယူပြီး တင်ရပါတယ်။ ဝတ္ထုရှည်တွေ စာရှည်တွေဆိုရင်တော့ စာပေဖက်ဆစ်ရုံးကနေ တော်တော်နဲ့ ပြန်မကျလာတော့ဘူး။ ပိုက်ဆံကို ပွဲစားနဲ့ပေးမှ ဆင်ဆာဖြတ်ပြီးသား ပြန်ကျတတ်ပါတယ်။

ဘယ်လို ဖြုတ်သလဲ

သတင်းတွေကို တစ်ပုဒ်လုံးဖြုတ်တယ်။ ဒါမှမဟုတ် တကယ့် သတင်းရဲ့ အနှစ်သာရပိုင်းကို အပိုဒ်လိုက် ဖြုတ်ခိုင်းတယ်။ အနှစ်သာရ မရှိတော့တဲ့ သတင်းမို့ အယ်ဒီတာက တစ်ပုဒ်လုံး ဖြုတ်ပစ်လိုက်ရတာ များပါတယ်။ ဆောင်းပါးတွေ ဆိုရင်လည်း ဒီလိုပဲ။ တစ်ပုဒ်လုံးလည်း ဖြုတ်တယ်။ တစ်ခါတလေ အပိုဒ်လိုက် နင်းကန်ဖြုတ်တော့ ဆောင်းပါးက တစ်ဝက်လောက်ပဲ ကျန်တတ်တယ်။

သတင်းဂျာနယ်တွေဟာ အဖြုတ်အခံရဆုံးပါပဲ။ တချို့သတင်းဂျာနယ်တွေဆို တကယ်ထုတ်မယ့် ဂျာနယ်ဆိုဒ်ရဲ့ တစ်ဝက်လောက်ပဲ ကျန်တော့တယ်။ အခုတလော ကဗျာတွေကိုလည်း မဲပြီး ဖြုတ်ပစ်နေလို့ တချို့မဂ္ဂဇင်းတွေမှာ ၂ ပုဒ်လောက်ပဲ ပါနိုင်တော့တယ်။ တချို့စာစောင်တွေဆို မတရား အဖြုတ်ခံရတော့ အင်္ဂါမစုံတဲ့ စာစောင်ဖြစ်သွားပြီး မထွက်ဘဲ နေလိုက်ရတာလည်း ရှိပါတယ်။

ဘာတွေကို ဖြုတ်သလဲ

အစိုးရလုပ်တာ မကောင်းဘူးလို့ ဒဲ့ပြောခွင့်မရှိပါ။ ရိုးတိုးရိပ်တိတ်ပြောလည်း မရပါ။ တကယ်မှားနေသည့် အချက်ကို ထောက်ပြသည့်တိုင် လက်မခံပါ။ စစ်အုပ်စုကို ဖားနေသော မီဒီယာတချို့မှအပ မည်သူမှ စစ်အုပ်စု၏ ဂုဏ်တော်ဖွဲ့ကို မရေးလိုကြပါ။ ဗိုလ်ချုပ်အောင်ဆန်း အမည်ပါလျှင်လည်း ဖြုတ်ခိုင်းတတ်သည်။ တရုတ်မကောင်းကြောင်း ရေးလျှင်လည်း ဖြုတ်ခိုင်းသည်။ ကမ္ဘာတလွှားရှိ အမျိုးသမီးခေါင်းဆောင်တွေ အကြောင်းလည်း မရေးရ။ အမေရိကန်ကောင်းကြောင်းလည်း မရေးရပါ။ ဖြုတ်သည်။ တိုင်းရင်းသားတွေရဲ့ လွတ်လပ်မှုဆိုင်ရာ ဝိသေသတွေနဲ့ ပတ်သက်ပြီး ရေးရင်လည်း ဖြုတ်သည်။

မော်ဒန်ကဗျာတွေကျတော့ သူတို့ဖတ်ပြီး နာမလည်တာနဲ့ ဖြုတ်ပစ်တာပဲ။ တကယ့်ပညာတတ်၊ ပညာရှင်တွေရေးသားကြတာကို စာစီစာကုံးတောင် ကျောင်းမှာ ဖြောင့်အောင် မရေးတတ်သူတွေက စိစစ်ဖြတ်တောက်နေကြတာ၊ ဖြုတ်ထုတ်ရှင်းလင်းနေကြတာဆိုတော့ ဒီလိုပဲ ကြုံနေကြတာပါပဲ။ အသုံးအနှုန်းတွေကိုလည်း ကန့်သတ်ထားသည်။ ထိုင်ဝမ်ကို တရုတ်တိုင်ပေဟု သုံးရမည်။ သူတို့ စစ်ရာထူးတွေကို အပြည့်အစုံရေးရမည်။ အင်္ဂလိပ်ဘာသာပြန်ဆောင်းပါးတွေကို လိုအပ်လျှင် မူရင်းတင်ပြရမည်။ ယုံချင်ယုံ မယုံချင်နေ။ ကြော်ညာတွေကိုလည်း ဖြုတ်တတ်သေးတယ်။ ကြော်ညာဓာတ်ပုံတွေ၊ အသုံးအနှုန်းတွေကို ပြင်ခိုင်းတော့ ကြော်ညာရှင်က မထည့်တော့တဲ့အခါ ကြော်ညာက ဝင်ငွေကို မှီခိုရတဲ့ စာစောင်တွေမှာ နစ်နာရပါသေးတယ်။

အဖြုတ်ခံရတာ များတဲ့အခါ

အဖြုတ်ခံရတာတွေများပြီး စာစောင်ရဲ့ လိုအပ်တဲ့ စာမျက်နှာ၊ စာဖောင် မပြည့်ဘူးဆိုပါတော့။ အဲဒီအခါမှာ နောက်ထပ်ရတဲ့သတင်းတွေကို ထပ်မံဖြည့်စွက်ပြီး တစ်ခေါက်ထပ်တင်ရပြန်တယ်။ အဲဒါကို "နောက်ဆက်တွဲ"လို့ ခေါ်တယ်။ နောက်ဆက်တွဲမှာတော့ မပြုတ်နိုင်တာလေးတွေ ရွေးတင်ရတာ များပါတယ်။ ဒီတခေါက်အများကြီး ပြုတ်ရင် နောက်ထပ်ဖြည့်စရာ အခွင့်အရေးမရနိုင်တော့လို့ပါ။

စာစောင်ထွက်လာတဲ့အခါ

စာစောင်ထွက်ပြီးသွားရင်လည်း စိတ်ချလက်ချမရှိရသေးပါ။ ထွက်ပြီးသားတွေကို သူတို့ရုံးကိုသွားပြီး အစောင်ရှစ်ဆယ်၊ တစ်ရာလောက် ပေးရပါသေးတယ်။ တချို့ကို စာကြည့်တိုက်စတာတွေ အတွက်ဝေပြီး၊ ပိုတာကို သူတို့က လျှော့ဈေးနဲ့ ရောင်းစားကြပါတယ်။ စာစောင်ထွက်ပြီးလို့ ဝန်ကြီးဌာနတစ်ခုခုက ပြဿနာရှာရင်၊ သူတို့ ပြောတုန်းက ပြောပြီး အထက်က ထုတော့မှ ပြာယာခတ်ရင် အယ်ဒီတာအဖွဲ့လည်း မစားသာပါဘူး။ သူတို့က ခွင့်ပြုလို့ ထည့်ပြီးလည်း စာပေစိစစ်ရေးက တာဝန်မယူပါဘူး။ သူတို့ ခွင့်ပြုသလောက်ပဲ ထည့်ရတဲ့ အယ်ဒီတာတွကိုပဲ အပြစ်ပုံချကြတာများတယ်။ ခေါင်းရှောင်ပြီး သူတို့ ပြဿနာပေါ်တဲ့ ကြီးငယ်အလိုက် အယ်ဒီတာ၊ ဂျာနယ်လစ်တွေကို ခေါ်ပြီး သူ့လခစားနေသလို ဆဲဆိုကြိမ်းမောင်း၊ ခံဝန်လက်မှတ်ထိုးခိုင်း၊

 စာနယ်ဇင်းသမားလုပ်ခွင့် ရပ်ဆိုင်းတာကနေ ဖမ်းဆီး၊ အချုပ်ထဲပို့၊ ထောင်ထဲထည့်တာတွေအထိ လုပ်ပါတယ်။ ကဗျာဆရာကိုလည်း ကဗျာ အဓိပ္ပာယ်ကြောင့် ဖမ်းတယ်။ သတင်းသမားကိုလည်း သတင်းမှန်ရေးလို့ ဖမ်းတယ်။ ပြည်တွင်းက အယ်ဒီတာတစ်ဦးကတော့ စစ်အစိုးရဟာ သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကို စိတ်ပိုင်းဆိုင်ရာအရ ညှင်းပြီး သတ်နေတာလို့ ငြီးငြူကြကြောင်းပါ။

ရေးချောင်းဝသို့ ...

`စံခရဘူရီ` က ထိုင်း-မြန်မာနယ်စပ်ရှိ ထိုင်းဘက်မှ မြို့ငယ်လေး ဖြစ်သည်။ နယ်စပ်စည်း၏ မြန်မာဘက်တွင်မူ `ဘုရားသုံးဆူ` ရှိသည်။ ဘုရားသုံးဆူက ၁၉၉၀ ခုနှစ်အထိ လွတ်မြောက်နယ်မြေ ဒေသဖြစ်ခဲ့သည်။ ဟိုစဉ်က ဘုရားသုံးဆူတွင် မွန်ပြည်သစ်ပါတီ ရှိသည်။ KNU တပ်မဟာ ၆ ရှိသည်။ ပြီးလျှင် ….. ရှစ်လေးလုံး အရေးတော်ပုံ ကျောင်းသားတပ်ရင်းများ ရှိကြသည်။ ၁၉၉၀ နောက်ပိုင်း ဘုရားသုံးဆူကျပြီးနောက် …. ဘုရားသုံးဆူအား စစ်အုပ်စုမှ ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ တိုက်နယ်မြို့ငယ်လေးအဖြစ် သတ်မှတ်ခဲ့၏။( ဆက်ဖတ်ရန် ) `စံခရဘူရီ` မြို့အ၀င်လမ်းက အခြားမြို့များနှင့်မတူ။ မြို့အား ၀င်သည်နှင့် `စံခရဘူရီ` သည် ချိုင့်ဝှမ်းအတွင်း ပြားပြားလေးဝပ်နေသည်အား မြင်ရသည်။ တောင်ထိပ်မှ ဆီး၍ မြင်ရသောမြို့ …..။ မြို့ငယ်သည် `ထပ်ခနုံ` ရေကာတာကြီး၏ အနားသတ်ကဲ့သို့ ဖြစ်နေသည်။ မြို့အ၀င်တောင်ထိပ်မှ ကြည့်လျှင် …. ရေပြင်ကျယ်နှင့် မြို့ရွာအိမ်ငယ်တို့သည် ထိထိစပ်စပ် ရောရောထွေးထွေး….။ ကားသည် တောင်ပေါ်မှ တောင်အောက်သို့ ဝှေ့ကာ ၀ိုက်ကာ ဆင်းလာသည်။ တောင်အကွေ့တွင် စံခရဘူရီအား မမြင်တွေ့ရ….။ တောင်ကမ်းပါးကြီးသာ တွေ့ရ၏။ မကြာ….။ ကားသည် တဖက်သို့ ကွေ့၍ ၊ ၀ိုက်၍ ဆင်းပြန်၏။ ဤတွင် ရေပြင်ကျယ်နှင့် စံခရဘူရီအား မြင်ရပြန်၏။ ကားသည် မတ်စောက်အကွေ့များမှ …..တဖြည်းဖြည်း ဆင်ခြေလျှောသို့ ….။ ထိုမှ မြေပြန့်…..။ မြေပြန့်လမ်းက ကျယ်သည်။ လမ်း၏ တဖက်တွင် ရေပြင် ….တဖက်တွင်မူ တောင်ယာကုန်းများ….။ လမ်း၏ ဘယ်ဘက်တွင် ပင်မလမ်းအား ဦးခိုက်ထားသည့် လမ်းမသွယ်အား တွေ့ရသည်။ ဆိုင်းပုဒ်ထောင်ထားသဖြင့် ….` ဘုရားသုံးဆူ သို့ ……` ….ဟူသည့်စာအား ဖတ်ရ၏။ ဤလမ်းမသွယ်က ဘုရားသုံးဆူသို့ သွားရာလမ်း….။ ကားသည် မြေပြန်လမ်းမကြီးအတိုင်း စံခရဘူရီမြို့သို့ ၀င်လာ၏။

(ခ)

စံခရဘူရီနှင့် ခလော့ခနီ ဒုက္ခသည်စခန်းက မော်တော်ကားလမ်း ပေါက်သည်။ စံခရဘူရီမှ ဟွေ့မလှိုင်းရွာငယ်အထိကမူ ကတ္တရာခင်းလမ်း ဖြစ်သည်။ ဟွေ့မလှိုင်း လွန်သည်နှင့် လမ်းက မြေနီလမ်း …..။ လမ်းကြမ်း၏။ `ဖိုးဝီး` များသာ သွားကြသည်။ ခလော့ခနီဒုက္ခသည်သို့ ရောက်ခါနီး တက်ရသည့် တောင်က မြင့်သည်။ မတ်စောက်သည်။ ယှက်အားကောင်းသည့် ကားများမှ တက်ရသည်။ ကျနော်တို့ စံခရဘူရီတွင် ကားပြောင်း၍ စီးကြသည်။ စံခရဘူရီနှင့် ခလော့ခနီက တနာရီခရီးခန့်သာ ရှိ၍ ခလော့ခနီသို့ အရောက်သွား၍ ညအိပ်ရန် စီစဉ်လိုက်ကြ၏။ ခလော့ခနီဒုက္ခသည်စခန်းသို့ မရောက်မီ ထိုင်း နယ်ခြားဂိတ်တခုကို တွေ့ရသည်။ ထိုင်းနယ်ခြားစောင့်တပ်လား …. ထိုင်းပြည်သူ့စစ်လားဟူ၍ မခွဲခြားတတ် ပြောက်ကျား စစ်ယူနီဖောင်းများအား ၀တ်ထားကြ၏။ ဂိတ်စခန်း၏ ဘေးတွင်မူ နယ်ခြားမှတ်တိုင် စိုက်ထား၏။ ဤနေရာတွင် နယ်ခြားစည်းက သဘာဝ အတားအဆီးမရှိ …..။ ထိုင်းနယ်ခြားစောင့်တပ်က ကျနော်တို့ ကားအား ခဏစစ်ဆေးပြီး သွားခွင့်ပြုလိုက်သည်။ ဂိတ်စခန်းအလွန်လမ်း၏ လက်ယာဘက်တွင် ဒုက္ခသည် အိမ်ငယ်များကို ကားလမ်းနှင့် ယှဉ်၍ ဆောက်ထားသည်ကို တွေ့ရ၏။ ကရင်ဒုက္ခသည်များ …..။ ခလော့ခနီ ဒုက္ခသည်စခန်း မဟုတ်သေး….။ `သောပ` ဒုက္ခသည်စခန်း ဖြစ်သည်။ အိမ်ခြေနည်းသည်။ ၁၉၉၇-၁၉၉၈ ခုနှစ်တွင်မှ အသစ်ထပ်ဖွင့်သည့် ဒုက္ခသည်စခန်း ဖြစ်သည်။

`သောပ` ဒုက္ခသည် စခန်းလွန်သည်နှင့် ဆန်ဂိုဒေါင်ကြီး ၂ လုံးကို တွေ့ရ၏။ ဂိုဒေါင်များအလွန် လမ်း၏ လက်ဝဲဘက်တွင်မူ …. ခလော့ခနီ ဒုက္ခသည်စခန်း …..။ ခလော့ခနီ ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခုအကြား လျှိုပြန့်ငယ်အတွင်း ဆောက်ထားသည့် …. ရွာတန်းရှည်ကြီး ဖြစ်သည်။ ဒုက္ခသည်စခန်း တည်ထားသည်မှာ ကြာပြီဖြစ်၍ အခြေကျနေပြီ….။ လက်ဖက်ရည်ဆိုင်၊ ဗီဒီယိုရုံတို့နှင့် စည်ကား၏။ ဈေးဆိုင်များမှာလည်း မြန်မာပစ္စည်း၊ ထိုင်းပစ္စည်း အစုံရသည်။ ခလော့ခနီ ဒုက္ခသည်စခန်းက မိန်းလမ်းမကြီးတခုသာ ရှိသည်။ အိမ်များက လမ်းမကြီးအား ခွ၍… ညှပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်းတွင် မြေညှိ၍ ဆောက်ထားကြသည်။

ကျနော်တို့ စီးလာသောကားသည် ဒုက္ခသည် လမ်းမကြီးအတိုင်း ဖြေးဖြေးမှန်မှန်ပင် မောင်းလာ၏။ ကျနော်တို့ တည်းမည့်နေရာက `ဘလက်ဒွန်ဖိုက်` တွင် ရှိသည့် မွန်ပြည်သစ်ပါတီ၏ မြို့နယ်ရုံးတွင် ဖြစ်သည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက်က တဆက်တည်းပင် ဖြစ်သည်။ ဘလက်ဒွန်ဖိုက်က မြန်မာပြည်အတွင်းဘက် ပိုကျ၏။

ကျနော်တို့ ဘလက်ဒွန်ဖိုက်ရှိ မွန်ပြည်သစ် ပါတီ၏ မြို့နယ်ရုံးလေးသို့ ရောက်တော့ ….. နေညိုပြီ။ တောင်ကြားချိုင့်ဝှမ်းအတွင်း ဖြစ်၍လားမသိ ….။ နေညိုသည်နှင့် အေးစိမ့်မှုက သိပ့်သည်းလာသည်။ ရေပင် မချိုးနိုင်ကြတော့…..။ ကိုယ်လက်ဆေးကြောပြီး ညစာ စားကြ၏။ ကျနော့်အဖို့ …. မျောက်ချီးခါးဟင်းကို ပထမဦးဆုံး စားဖူးခြင်းဖြစ်သည်။

 ချီးခါးဆိုသော်လည်း သက်ရုံမျှသာ ….။ လက်ဖက်နံ့ သင်းသင်းနှင့် မျောက်ချီးခါးဟင်းက ….. အသားတမျိုးမျိုးအား လက်ဖက်နှယ်၍ ချက်ထားသည်နှင့်ပင် တူတော့၏။

မနက်ဖြန် ဆက်ရမည့်ခရီးက ခြေလျင်ခရီး ….။ တောင်အတက်အဆင်း ရှိသည်။ ၃ ရက်ခန့် သွားရမည်ဟု ဆိုသည်။ ညဥ့်နက်သည်နှင့် အအေးက စိမ့်၍ ပိုအေးလာသည်။

(ဂ)

တောင်က မြင့်မား၍ မဟုတ်။ မတ်စောက်သဖြင့် တက်ရသည်မှာ ခက်ခဲ၏။ လမ်းက လူတကိုယ်စာ သွားသာရုံမျှသာ။ မိုးရွာထားသည့်အတွက် မြေလမ်းက ချော၍နေသည်။ လှေကား ထောင်တက်ရသလို မတ်စောက်လွန်းလှသည်။ လမ်းဘေးရှိ ၀ါးပင်များအား လက်မလွှတ်ရဲ။ ဆွဲပြီး တက်ရသည်။ ကျော၌ပိုးထားသော ကျောပိုးအိတ်၏ အလေးချိန်ကြောင့် ပြန်၍ လန်ကျမသွားအောင် သတိထားတက်နေရသည်။ မိုးက ဖွဲဖွဲရွာလာပြန်သည်။ မိုးစက်တို့က ချွေးတို့နှင့် ရောသွားသည်။ ကျောပိုးအိတ်နှင့် ကျောပြင်ထိနေသည့် နေရာ၌ ချွေးတို့သည် စိုရွှဲ၍ အေးစက်နေသည်။ စောင်ပါးတထည်၊ ပုခက်တလုံး၊ အ၀တ်အစား အပိုနှစ်စုံ၊ ဆေးဝါးအချို့နှင့် စာအုပ်စာတမ်း အနည်းငယ်သာ ပါသော ကျောပိုးအိတ်သည် ပခုံးပေါ်၌ လွယ်ထားရသည်မှာ လေးလွန်းလှသည်ဟု ထင်ရသည်။ ပစ်ချလိုက်ချင်၏။ အသက်ရှူရသည်မှာ မ၀။ လေတွေ နည်းကုန်ပြီဟု ထင်မိသည်။ နှလုံးခုန်သံကို ကြားရသည်မှာ မီးရထားတစီး ရင်ဘတ်ပေါ် ခုတ်မောင်းနေသလားဟု ထင်မိသည်။ အဆုတ်သည် ညှစ်ရလွန်း၍ ပေါက်ကွဲထွက် သွားမည်ကိုပင် စိုးရိမ်မိသည်။ ပါးစပ်ကို "ဟ" ပြီး အသက်ရှုကြည့်၏။ နည်းနည်းသက်သာသလို ထင်ရသည်။

ဝါးရုံပင်ကို ကိုင်ပြီး အနောက်အောက်ဘက်သို့ လှည့်ကြည့်တော့ ----- ဦးဗိုလ် (ဦးဗိုလ်သောင်း၊ အန်အယ်လ်ဒီ ယင်းမားပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) သည် ခါးစောင်းခန့်ရှိသော လမ်းဘေးရှိ သစ်ငုတ်တိုကို မှီပြီး ပါးစပ်ကို "ဟ" ၍ အသက်ကို ရှူနေသည်။ ချွေးတို့က ရွှဲနစ်နေသည်။ ကျနော့်အား ခေါင်းခါပြ၏။ မလွယ်ဘူး ဆိုသည့်သဘော----။ ကျောပိုးအိတ်အား နည်းနည်း နေရာရွှေ့ပြင်ပြီး ဆက်တက်၏။ လမ်းက ပိုချောလာသည်။ ခြေညှပ်ဖိနပ်ဖြင့် ခြေကုတ်မမြဲ။ ချောနေသည်။ ခြေညှပ်ဖိနပ်အား ချွှတ်ပြီး လက်ကောက်ဝတ်တွင် စွတ်ထားလိုက်သည်။ ခြေမနှင့် မြေအား ကုတ်၍၊ ကုတ်၍ တက်မှ တက်၍ရသည်။ လက်ကလည်း လမ်းဘေးအပင်များကို လက်မလွှတ်ရဲ။ တပင်ပြီး တပင် ဆွဲပြီး တက်ရသည်။ မလွယ် -----။

တောင်ကြောပေါ်သို့ ရောက်တော့ ကျနော်တို့ တက်ခဲ့သည့် လူသွားလမ်းသည် ကားလမ်းမကြီးနှင့် ပေါင်းသွားသည်။ ကားလမ်းမ ဆိုသော်လည်း ကျောက်ခင်းလမ်းမဟုတ်။ မြေမာလမ်းပင်ဖြစ်သည်။ စံခရဘူရီ၊ ခလော့ခနီ၊ ရေးကားလမ်းဖြစ်သည်။ မိုးအခါတွင် သုံးမရ။ နွေနှင့် ဆောင်းတွင်သာ အသုံးပြု၍ရသော ကားလမ်းဖြစ်သည်။ တောင်ကြောပေါ်မှ ကြည့်လျှင် ကျနော်တို့ မနက်ကထွက်ခဲ့သည့် `ဘလက်ဒွန်ဖိုက်` ရွာလေးအကို တွေ့ရသည်။ ခလော့ခနီနှင့် ဘလက်ဒွန်ဖိုက် ဒုက္ခသည်စခန်းက တောင်ကြောနှစ်ခု၏ အကြားတွင် တည်ထားသော ရွာတန်းရှည်ရွာများဖြစ်သည်။ သက်ကယ်မိုး သဲပွတ်ကာ သဲပွတ်ခင်း ဒုက္ခသည် အိမ်ကလေးများက ကားလမ်းအား ခွပြီး အစီအရီ ပြွတ်သိပ်၍ ဆောက်ထားကြသည်။ အချို့က တောင်စောင်း မြေပြန့်ပြန့်တွင် ကပ်၍ ဆောက်ထားကြသည်။

ဤနေရာတွင်မူ ထိုင်း-မြန်မာနယ်စပ်က ပထ၀ီသတ်မှတ်ချက် သိသိသာသာဖြင့် စည်းခြားမထား။ မြ၀တီ-မဲဆောက်ကဲ့သို့ သောင်းရင်းမြစ်က နယ်စမ်မျဉ်းအဖြစ် ရှိမနေ။ မြေကြောတစပ်တည်း ဖြစ်နေသည်။ ခလော့ခနီဒုက္ခသည် စခန်း၏ အရှေ့တောင်ဘက်တွင်မူ တောင်တန်း ညိုညိုစိမ်းစိမ်းများကို တွေ့ရသည်။ ထိုနေရာတွင် ဘုရားသုံးဆူရှိသည်။ ခလော့ခနီဒုက္ခသည်စခန်းမှ လမ်းလျှောက်သွားလျှင် ဘုရားသုံးဆူသည် နာရီဝက်ခရီးခန့်သာရှိမည်။ ယခင်က ဘုရားသုံးဆူသည် မွန်ပြည်သစ်ပါတီ၊ ကရင့် အမျိုးသားအစည်းအရုံးနှင့် ကျောင်းသားတပ်မတော် တပ်ရင်းများ ခြေကုတ်ထိုင်ခဲ့သည့် နယ်စပ်စခန်းတခု ဖြစ်ခဲ့သည်။

၁၉၈၉ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် ၈ လေးလုံး တနှစ်ပြည့် အခမ်းအနားအား ဘုရားသုံးဆူစခန်း၌ ကျင်းပသည်။ မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ဆိတ်နို့ ကိုယ်တိုင် တက်ရောက်ပြီး စကားပြောသည်။ စကားပြောစင်မြင့်ပေါ်မှာပင် စကားပြောရင်း နိုင်ဆိတ်နို့ နှလုံးသွေးကြောရပ်ပြီး ကွယ်လွန်ခဲ့၏။ မှတ်မှတ်ရရပင်။ ယခုမူ ဘုရားသုံးဆူစခန်းအား န၀တ စစ်တပ်မှ သိမ်းယူထားခဲ့ပြီး မြို့နယ်တခုအဖြစ် နအဖ၏ စစ်အုပ်ချုပ်ရေးအောက်တွင် ရောက်နေလေပြီ။

ကျနော်တို့ ခဏနားပြီး ဆက်တက်လာခဲ့ကြသည်။ လမ်းက ကားလမ်းဖြစ်၍ လျှောက်ရသည်မှာ သက်သက်သာသာ ရှိသည်။ ဖိနပ်စီး၍ ပြန်လျှောက်လို့ ရပြီ။ လမ်းကျယ်၍ မြေမာကို ရွေးပြီး ခြေချလို့ရသည်။ တက်လျှင်လည်း ဖြေးဖြေးချင်း မော့တက်သွားသည်။ ဆင်းလျှင်လည်း ဆင်ခြေလျော ----- ။ ပြေပြေပင် ---။ တောင်ပေါ်ကားလမ်းဖြစ်၍ တောင်အား ပတ်ဖောက်ထားသည်။ လမ်း၏ လက်ယာဘက်တွင်က တောင်ကမ်းပါးအား ဖြိုချထားသည့် မြေသားများကို တွေ့ရသည်။ အရောင်က နီညိုညို -----။

ဝါးရုံကြီးများက ကြီးမားလှသည်။ ၀ါးပင်များက ရှည်လည်းရှည်သည်။ ပေ ၁၀၀-၁၅၀ ထိပင် ရှိမည်။ ကွေး၍ ညွှတ်နေကြသည်။ တရုံနှင့် တရုံ ယှက်ထိုးနေကြသည်။ လမ်း၏ လက်ဝဲဘက်တွင်မူ တောင်စောင်း ချောက်ကမ်းပါး -----။ ကမ်းပါးက နက်ရှိုင်းလှသည်။ စိမ်စိမ်းအုပ်အုပ် သစ်ပင်များနှင့် -----။ အဝေးတွင်မူ တောင်တန်းများက အထက်လိုက်၊ အထက်လိုက် ----။ အချို့က စိမ်းညိုညို --- အချို့က ပြာလဲ့လဲ့----။ မြူလား မီးခိုးလား မသိ။ အူထွက်နေသည်။ ဤတောင်တန်းများက တနင်္သာရီတောင်တန်းများလေလား။ မပြောတတ်။

အရှေ့မှ နွားအုပ်ကြီးတအုပ် တက်လာသည်ကို တွေ့ရသည်။ နယ်စပ်ကို ဖြတ်ကျော်မည့် နွားများ။ နွားအကောင်ရေ ၅၀ ခန့်ရှိမည်။ နွားထီးများက အများစုဖြစ်သည်။ ရေးမှ တက်လာသော နွားများဖြစ်သည်။ အချို့နွားများက ခြေနာ၍ ထော့ကျိုးထော့ကျိုးနှင့် သွားနေကြသည်။ အချို့နွားက သွားရင်းနှင့် နွားထီးအချင်းချင်း မိတ်လိုက်ဖို့ ကြိုးစားနေသေးသည်။ သားသတ်ရုံသို့ သွားနေရသော သူတို့၏ ခရီးကို မသိကြ။ နွားမောင်းလာသည့် နွားကုန်သည်တဦးအား မေးကြည့်၏။

"ချမ်းတိုက် ရွာနီးပြီလား"

ကျနော်တို့ ဒီည ချမ်းတိုက်တွင်ပင် ညအိပ်ကြမည်။ ချမ်းတိုက်ရောက်တော့ ညနေ ၆ နာရီခန့်ပင် ရှိမည်။ တနေ့လုံး လျှောက်ထားရသည့်အတွက် ပေါင်တွေက တောင့်နေပြီး၊ ခြေသလုံးကြွက်သားများက တင်းနေသည်။ မိုင် ၃၀ ခရီးကို လျှောက်ခဲ့ရကြောင်း ခန္ဓာကိုယ်က သက်သေခံနေသည်။

အချိန်ကိုသိပုံများ

Launch in external player

ကိုမင်းကိုနိုင် ၏ ကျန်းမာရေးအခြေအနေဆိုးရွားနေ

အဟာရစာဆောင် အမှတ်စဉ် (၉၄)

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.