Friday, November 7, 2008

[Random] 1 New Entry: ရိုးရာလား အနောက်တိုင်းလား

ရိုးရာလား အနောက်တိုင်းလား

မြန်မာမှာ ပန်းချီပညာပေါ်ထွန်းတာ နှစ်ပေါင်းများစွာကြာနေပါပြီ.. ကျောက်ဆည် ပြဒါးလင်းဂူက နံရံပန်းချီတွေကိုကြည့်ပြီးပြောရမယ်ဆိုရင် မြန်မာ့ပန်းချီပညာ အစက ကျောက်ခေတ်ကလို့ ပြောလို့ရတာပေါ့... တကယ်တမ်းမြန်မာ့ပန်းချီ တိုးတက်လာတာက ပုဂံခေတ်ကမှ စပါတယ်.. အထွန်းကား အတိုးတက်ဆုံးကာလလို့လည်း ပြောကြတယ်..
မြန်မာ့ရိုးရာပန်းချီက အရှေ့တိုင်းပန်းချီရေးနည်းစနစ်ထဲမှာပါတယ်.. မြန်မာရဲ့ ဘာသာအယူဝါဒနဲ့ ယဉ်ကျေးမှုအစိတ်အပိုင်းတွေက အိန္ဒိယက ပြန့်နှံ့လာသလိုပဲ.. မြန်မာ့ပန်းချီရေးနည်းစနစ်ကလည်း အိန္ဒိယကတဆင့်ရောက်လာပြီးမှ မြန်မာမှု မြန်မာ့ဟန်ကို ပြောင်းသွားခဲ့တာပါ..

အရှေ့တိုင်းပန်းချီပညာမှာ ထင်ရှားတိုးတက်တာက အိန္ဒိယ.. မြန်မာ.. တရုတ်.. ဂျပန်.. ကိုရီးယားတို့ပဲ ဖြစ်တယ်.. အရှေ့တိုင်းပန်းချီရဲ့သဘောက ပုံသဏ္ဍာန်တွေကို တိတိကျကျ ဖော်ပြတယ်.. တစ်ကြောင်းဆွဲမျဉ်းလေးတွေနဲ့ပဲ ရုပ်ဝတ္တုကိုပေါ်အောင်ဆွဲပြီး နွဲ့နှောင်းတာတွေ ခက်ထန်တာတွေ.. တည်ငြိမ်တာ လှုပ်ရှားတာတွေ.. အဲလို ဟန်နေဟန်ထားတွေကိုပါ ထင်ရှားပေါ်လွင်စေတယ်.. အဲဒါတွေကိုပါ ခံစားရတယ်.. အရှေ့တိုင်းပန်းချီရဲ့ အဓိက လက္ခဏာကတော့ ကောက်ကြောင်းရေး ဆေးပိန်းခြယ်လို့ခေါ်တဲ့ လိုင်းဆွဲပြီး ဆေးပြင်ညီဖြည့်ခြယ်တာမျိုးပဲ.. ပြောရရင် သူက စိတ်ကို ဦးစားပေးရေးဆွဲတာမျိုး.. လူတွေက အရွယ်အစားတူပေမယ့် ဘုရင်က ကြီးမြတ်တဲ့ သူဖြစ်တဲ့အတွက် ဆိုဒ်ကိုကြီးပြီးရေးထားတာမျိုး.. ကချေသည် နွဲ့နွဲ့နှောင်းနှောင်း ကနေတာကို Anotomy အရ ဘယ်လိုမှမဖြစ်နိုင်တဲ့ ခြေလက် ထားဟန်နဲ့ရေးတာမျိုး.. ပုံကိုကြည့်လိုက်တာနဲ့ "ဒါကတော့ ဘုရင်ပဲ.. မြင့်မြတ်တဲ့သူ.. အားလုံးက အရေးထားရတဲ့သူ" လို့ သိနိုင်တယ်.. "အော် သူကတော့ ကနေလိုက်တာ ကွေးလို့ .. ခြေဆစ်လက်ဆစ် ပျော့ပျောင်းလိုက်တာ" ရယ်လို့ တန်းကနဲ သိစေတာ.. အဲဒါက အရှေ့တိုင်းပန်းချီတွေရဲ့ သရုပ်ပဲ.. တရုတ်ပန်းချီတွေမှာဆို အရောင်တွေကအစ သိသာတယ်.. အမဲတစ်မျိုးထဲနဲ့ပဲ ဆွဲသွားတယ်.. ပန်းပွင့်လေးတစ်ပွင့်တလေလောက်သာ အနီလေးထည့်တားတဲ့ ပန်းချီကားမျိုးတွေလည်း သိပ်လှတာပါပဲ.. အရောင်စုံမှ လှတယ်သာ ဆို သူတို့ပန်းချီကားတွေ ဘယ်လိုလုပ်ကြမလဲ..

အနောက်တိုင်းပန်းချီကတော့ ထုထည်သဏ္ဍာန်ပေါ်အောင် ဆေးခြယ်ရတာပဲ.. အလင်းအမှောင် အရောင်အစပ်အဟပ်ကို ပုံတစ်ခုကနေ တစ်ခုအပြောင်းမှာ ပြေပြေပြစ်ပြစ် ခြယ်ပေးရတယ်.. အဲဒိလို ခြယ်တော့ ပုံကကြွတက်လာတယ်.. သက်ရှိအတိုင်း အပြင်သဘာဝအတိုင်း တူလာတယ်.. လူ့ခန္ဓာဗေဒ Anatomy လည်း မှန်အောင်ဆွဲရတယ်..
အရောင်တွေကို သိရတယ်.. အနီးအဝေးသဘော Perspective တွေကို လေ့လာရတယ်..

တကယ်တော့ စနစ်တွေ စည်းတွေနဲ့ရေးတဲ့ အနောက်တိုင်းပန်းချီဆိုတာ ၁၉ ရာစုလောက်ကပါ.. အခု ၂၁ ရာစုရောက်တော့ အနောက်တိုင်းသားတွေကလည်း အရှေ့တိုင်းရဲ့ စိတ်ဦးစားပေးအနုပညာ Conceptual Art ကို လေ့လာရေးဆွဲနေကြပြီ.. ခုပေါ်တဲ့ မော်ဒန်ပန်းချီ.. ကျူဘစ်ဇင်.. နောက် Installation Art.. Perfomance Art အစရှိတာတွေက တကယ်တော့ အရှေ့တိုင်းပန်းချီရေးနည်းစနစ် အရှေ့တိုင်းအနုပညာကနေ ဆင်းသက်လာတာပဲ.. စိတ်က အဓိက ခံစားတယ်.. အနောက်တိုင်းပန်းချီနည်းစနစ်ကျ သီအိုရီကိုသိပ်အားကိုးလွန်းတော့ လူရဲ့ခံစားမှုက လွတ်သွားတယ်.. နည်းစနစ်ကျအောင် ဂရုပြုနေရတာနဲ့ပဲ ကိုယ်ထုတ်ဖော်ချင်တဲ့ ခံစားချက်က ပျောက်သွားတယ်.. အဲဒါနဲ့ပဲ နည်းစနစ် မကျရင်နေပါစေ.. ကိုယ့်ခံစားချက်လေးပေါ်လွင်ရင် ရပြီဆိုပြီး စိတ်ထဲပေါ်တာကို ဖျတ်ကနဲ့ရေးလာကြတယ်.. Modern ပန်းချီလှုပ်ရှားမှု အစကတော့ Dadaism ဆိုတဲ့ ဒါဒါ ၀ါဒပဲထင်တယ်.. ၁၉ ရာစုနှောင်းပိုင်းလောက်မှာ စစ်ပွဲတွေဖြစ် လူတွေသေကျေကြတော့ အဲဒိအနိဌာရုံတွေကို စက်ဆုပ်သွားတဲ့ အနုပညာရှင်တွေက .. လူတွေ အသိဥာဏ် ပညာ.. သီအိုရီတွေရှိနေလို့သာ ဒီလိုစစ်တွေဖြစ်လာရတယ်ဆိုပြီး သီအိုရီကိုတွန်းလှန်တဲ့အနေနဲ့ ပရမ်းပတာ စည်းစနစ်မရှိပဲ ပန်းချီကိုဆွဲကြတယ်.. အသိ.. စနစ်မရှိမှဆိုတဲ့ ဒါဒါဝါဒက ကြာကြာတော့မခံဘူး.. ဒါပေမယ့် ဒါဒါကနေ အခြေခံလာတဲ့ Cubism ကုဗပန်းချီဝါဒကတော့ ဒီနေ့အထိ အောင်မြင်နေဆဲပဲ.. အဲဒိကနေ ဆက်လာတဲ့ မော်ဒန်ပန်းချီတွေကလည်း ရှင်သန်နေဆဲ.. ပြောရရင် အဲဒါတွေအားလုံးက စိတ်ကိုအခြေခံ ခံစားမှုကို ဦးစားပေးတာမို့ အရှေ့တိုင်းရိုးရာပန်းချီလို့ သတ်မှတ်လို့ရပါတယ်..

မြန်မာနိုင်ငံမှာ ရိုးရာပန်းချီကို ပုဂံဂူဘုရားတွေမှာ နံရံဆေးရေးတွေအဖြစ် လေ့လာနိုင်တယ်.. အမျိုးသားအနုပညာနှင့်ယဉ်ကျေးမှုတက္ကသိုလ် ပန်းချီပညာဌာနမှာလည်း ရိုးရာပန်းချီကို ဘာသာရပ်တစ်ခုအနေနဲ့ သင်ပေးနေတယ်.. အဲလိုနဲ့ပဲ မြန်မာ့ရိုးရာကိုထိန်းသိမ်းရမှာပဲ.. အခုတော့ ထိန်းသိမ်းရုံတင်မကပဲ ပိုပြီးဆန်းသစ်တီထွင်လာကြပြီ.. မြင်တဲ့အတိုင်းကူးရေးတဲ့ ပုံတူကူးတာမျိုးမဟုတ်ပဲ စိတ်ခံစားမှုပါတဲ့ ပန်ချီကားတွေကို ဖန်တီးကြဖို့ ကြိုးစားနေကြပြီ.. သင်္ကေတတွေ နိမိတ်ပုံတွေကို ဖန်တီးထည့်သွင်းပြီး ပန်းချီရေးတဲ့သူနဲ့ ကြည့်သူတွေ ခံစားမှုတွေ ဖလှယ်နေကြပါပြီ..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လင်းဦး(စိတ်ပညာ)] 1 New Entry: ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း(၂)

ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း(၂)

သောကြာနေ့(အောက်တိုဘာ-၃ရက်)တွင် အာရှနှင့် ဥရောပရှိ ရှယ်ယာများ ဆက်လက်ကျဆင်းလျက် ရှိသည့်အတွက် ငွေကြေးဆိုင်ရာသမိုင်းတွင် ဆယ်စုနှစ်ကြာကာလအတွင်း အဆိုးဆုံးသောလဟု ဆိုရမည် ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် ငွေကြေးဆိုင်ရာ လက်ရှိတန်ဖိုးများကို နောင်ဖြစ်လာနိုင်မည့် အခြေအနေနှင့် နှိုင်းယှဉ်ပြီး ဈေးကွက်ပြန်ဖွင့်သည့်အခါ မည်သို့ အခြေအနေရှိနေမည်ကို စောင့်ကြည့် တိုင်းတာသည့် US Nasdaq 100 Futures ဆက်လက်ကျဆင်းနေသည် ။ ထို့အတူ ဂျပန်နိုင်ငံ၏ နီကေတန်ဖိုး (Nikkei index)သည် ၅% လျော့ကျသွားပြီး ဟောင်ကောင် ဟန်ဆန်သည် ၂.၅%၊ ဥရောပမှ Britain FTSE 100 နှင့် ပြင်သစ်မှ CAC – 40 နှစ်ခုသည် ၁.၄% စီနှင့် ဂျာမနီ DAX သည် ၁% လျော့ကျသွား ခဲ့သည်။ ထိုသို့လျော့ကျသွားရခြင်း၏ အဓိက လက်သည်မှာ US စီးပွားရေးသည် တတိယ (၃)လပတ်တွင် (0.3%) အထိ ကျုံ့ဝင်သွားခဲ့သည် ဟူသည့် သတင်းအပေါ် ရင်းနှီးမြှပ်နှံသူများမှ ပူပန်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည် ။

ကြာသာပတေးနေ့က ထုတ်ပြန်သည့် စာရင်းများအရ US၏ GDP သည် နှစ်စဉ် 0.3% ကျဆင်းနေ သည်။ ထိုကိန်းဂဏန်းသည် (၇)နှစ်ကာလအတွင်း အဆိုးဆုံးဖြစ်သည်။ သို့ရာတွင် Wall Street အနေဖြင့် ကြာသာပတေးနေ့တွင် တိုးတက်မှုများ ရှိခဲ့သည်။ US Dow Jones Industrial Average သည် 2.1%, the standard & Poor's 500 index သည် 2.6% နှင့် Nasdaq သည် 2.5% မြင့်တက်ခဲ့သည်။

ကမ္ဘာ့ငွေကြေးအခက်အခဲမှ လွတ်မြောက်ရန် အစိုးရများမှ မတည်ထားသော ငွေကြေးပမာဏများပြပုံ

ရေနံဈေးနှုန်းသည်လည်း ၀ယ်လိုအားကျဆင်းသွားမည့် အရိပ်အခြေအနေရှိနေသည့်အတွက် ကျဆင်း သွားခဲ့သည်။ US တွင် ရေနံစိမ်းဈေးနှုန်းသည် ထပ်မံ၍ ၃% ကျဆင်းသွားသဖြင့် ရေနံစိမ်းတစ်စည်တွင် $63.96 ဖြစ်သွားခဲ့သည်။ ၄င်းသည် ဇူလိုင်လက စံချိန်တင်တက်ခဲ့သည့် တစ်စည်တွင် $147 မှ ဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည် ။ ရွှေဈေးသည်လည်း တစ်အောင်စတွင် $724.10 သို့ ဈေးကျဆင်းသွားခဲ့သည် ။

Bank

Date

Status

Fannie Mae

07 Sep

Nationalised

Freddie Mac

07 Sep

Nationalised

Lehman Bros

15 Sep

Collapsed

Merrill Lynch

15 Sep

Taken over

AIG

16 Sep

Part-nationalised

HBOS

17 Sep

Taken over

WaMu

25 Sep

Collapsed and sold

Fortis

28 Sep

Nationalised

Bradford & Bingley

29 Sep

Nationalised

Wachovia

29 Sep

Taken over

Glitnir

29 Sep

Nationalised

Hypo Real Estate

06 Oct

Rescue package

RBS

13 Oct

Part-nationalised

Lloyds TSB

13 Oct

Part-nationalised

ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် ထိခိုက်ခံခဲ့ရသော ကမ္ဘာ့ဘဏ်ကြီးများ အခြေအနေပြဇယား

အောက်တိုဘာ ဈေးကွက်ထိုင်းမှိုင်းနေမှုတွင် အထိနာဆုံးမှာ အာရှတိုက်ဖြစ်နေခြင်း

သောကြာနေ့က Wall Street ပိတ်ချိန်၌ အောက်တိုဘာတစ်လလုံးအတွက် 16.9% ကျသွားသဖြင့် ဈေးကွက်တစ်ခုလုံးအတွက် အဆိုးဆုံးလဖြစ်ခဲ့သော်လည်း အာရှတိုက်ရှိ နိုင်ငံအများနှင့် အခြားဒေသရှိ နိုင်ငံ အချို့တို့နှင့် နှိုင်းစာလျှင် တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါလတွင် ၂၄% ကျဆင်းခဲ့သည့် ဘရာဇီးမှ ၂၅%ကျဆင်းသွားသည့် တရုတ်နိုင်ငံအထိကိုကြည့်လျှင် US သည် အဆိုးဆုံးအခြေအနေတွင် မရှိဟု ဆိုနိုင်သည်။ တရားခံမှာ Wall Street ဘာသာစကားအရဆိုလျှင် "deleveraging" ဟုခေါ်သည့် ချေးငွေဖြင့် ၀ယ်ယူထားသည့် stock နှင့် bond များကို ပြန်လည်ရောင်းချခြင်း (သို့) အသုံးပြုခြင်းတို့ကြောင့် ဖြစ်သည် ။

စက်တင်ဘာလလယ်ကစ၍ Lehman Brothers Holdings ဒေ၀ါလီခံသွားရခြင်းမှ စတင်ပြီး အထက်ပါပုံစံဖြင့် stock share များ ရောင်းချခြင်းများ ပိုမိုဖြစ်ပေါ်လာပြီး stock များအား အရှုံးခံပြီး ခ၀ါချ ရောင်းချမှုများသည် ရေနံစိမ်းရောင်းဝယ်မှု အပါအ၀င် ကမ္ဘာတ၀ှမ်းရှိ ဈေးကွက်များအားလုံးကို ထိခိုက်မှု ဖြစ်ပေါ်လာခဲ့သည်။

State Street Global Advisor ၏ မန်နေဂျာ Dan Peirce မှ " ဒါက ကွင်းဆက်ပုံစံလေ၊ ငွေကြေး ဈေးကွက်က ပိုပြီး အခြေအနေဆိုးလာတာနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အခြေအနေကို ပိုပြီး ဆိုးလာစေတာပေါ့၊ ဒါနဲ့ပဲ အဲ့ဒီအဖွဲ့အစည်းက အရင်းအနှီးပိုပြီး လိုအပ်လာတယ်၊ ပိုပြီး ခ၀ါချ အရှုံးခံရောင်းရတော့တာပေါ့'' ဟု ပြောကြားခဲ့ပါသည် ။ ဤသို့ဖြင့် ဂျပန်နိုင်ငံ၏ နီကေ Average သည် တစ်လအတွင်း 23.8% ကျဆင်းသွား ခဲ့သည် ။ တရုတ်နိုင်ငံတွင်လည်း Shanghai Composite သည် 24.6% နှင့် Hong Kong Hand Seng သည် 22.5% ကျသွားခဲ့သည် ။ တောင်ကိုရီးယား၏ Kospi Composite index မှ 23.1% ကျသွားခဲ့သည်။

အာရှထက်နှိုင်းယှဉ်လျှင် ဥရောပနိုင်ငံများမှ အခြေအနေကောင်းနေသေးသည် ။ Pan-European Dow Jones Stoxx 600 Index သည် ၁၃.၃%၊ London FTSE သည် ၁၀.၇% ၊ ပြင်သစ် CAC-40 သည် ၁၃.၅%နှင့် ဂျာမနီ DAX သည် ၁၄.၅% ကျသွားခဲ့သည် ။

နိုင်ဂျီရီးယား ဗဟိုဘဏ်ဥက္ကဋ္ဌ ပါမောက္ခ Chule Wuma Soludo မှ ပြောကြားရာတွင် လက်ရှိ ကမ္ဘာ့ ငွေကြေးပြဿနာတွင် အထိခိုက်ဆုံးဖြစ်မည့်သူများမှာ အကြွေးများစွာ တင်ရှိနေသည့် အစိုးရများနှင့် ပြည်ပမှ အကူအညီများအပေါ် မှီခိုနေသည့်နိုင်ငံများ ဖြစ်သည်ဟု ဆိုသည် ။ ၄င်းမှ ဆက်လက်ပြောကြားရာတွင် US ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ဒေါ်လာ Trillion အထိ အသုံးပြုနေကြကြောင်း၊ ၄င်းငွေပမာဏထဲမှ အတော်များများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပြည်ပရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဘဏ်ထဲတွင် Security အဖြစ်ထားရှိသည့်ငွေများ (ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေများ) ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားကဲ့သို့သော ဆင်းရဲသည့် နိုင်ငံများအနေဖြင့် မိမိတို့ဘာသာ ကံကိုသာ ယုံကြည်၍၊ အားကိုး၍ နေနေရကြောင်း၊ ၄င်းသည် မဖြစ်သင့်ကြောင်းဖြင့် ပြောကြားသွားသည်။

Professor Soludo ပြောကြားသည်မှာ မှန်ကန်သင့်သလောက် မှန်ပါသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများကပါ Financial Crisis အား ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းရာတွင် ပြည်ပတိုင်းပြည်များကိုပါ အကူအညီယူလာရသည်။ ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Barclays Bank သည် Middle East နိုင်ငံများဖြစ်သည့် Qatar နှင့် Abu Dhabi နိုင်ငံများ၏ State investment fund များမှ ပေါင် ၇.၃ billon အထိ ချေးယူနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ကြေငြာခဲ့သည်။ တစ်ဖက်၌လည်း အစိုးရမှ စတာလင်ပေါင် 37 billon (US $ 64 bn) ရှိ taxpayer များ၏ ငွေပမာဏကို အဓိကဘဏ်ကြီး (၃)ခုသို့ ထည့်တွင်းပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ Scotland Royal Bank (RBS) သို့လည်း ပေါင် ၂၀ ဘီလီယံ ကို လည်းကောင်း၊ HBDS နှင့် L Loyds TSB ဘဏ်တို့ ပေါင်းစည်းပြီးသည့်အခါတွင် ပေါင် 17 bn ကို လည်းကောင်း ထည့်တွင်း ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည် ။

Interest rate များ လျှော့ချလာကြခြင်း
မိမိတို့၏ ငွေကြေးဈေးကွက်တည်ငြိမ်မှုဖြစ်လာစေရေးအတွက် အစိုးရများမှ ၄င်းတို့ဘဏ်များ၏ Interest rate များကို လျှော့ချ လာကြသည်။ US ဘဏ်များမှ 2% မှ 5% အထိလည်းကောင်း၊ European Central Bank (ECB)သည် 4.25% မှ 3.75% အထိ လည်းကောင်း၊ China မှ 0.27% point ကိုလည်းကောင်း၊ UK သည် 5%မှ 4.5% အထိလည်းကောင်း လျှော့ချခဲ့သည်။ ဂျပန်ဘဏ်သည်လည်း ယခင် 0.5မှ 0.3 သို့ Interest rate အား လျှော့ချခဲ့သည် ။

ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်မှုများ
အမေရိကန် ပြည်တွင်းငွေချေးလုပ်ငန်းများ၊ အိမ်မြေရောင်းဝယ်မှုလုပ်ငန်းများမှ စတင်လာခဲ့သည့် ကမ္ဘာ့ငွေကြေးအခက်အခဲသည် အာရှ၊ ဥရောပ အပါအ၀င် အာဖရိကနိုင်ငံများအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ပြဿနာဖြေရှင်းနိုင်ရေးတွင် ပါဝင်ဆောင်ရွက် လာခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာကို တစ်ကမ္ဘာလုံးအဆင့်အနေဖြင့် လက်တွဲ ဖြေရှင်းနိုင်ရန်အတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ high-level task force တစ်ခုကို ၂၀၀၁ခုနှစ်တွင် စီးပွားရေး နိုဘယ်လ်ဆုရခဲ့သူ Joseph Stiglitz မှ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။ ၄င်း task force မှ နိုင်ငံတကာ ငွေကြေး စနစ်ကြီး (Financial system) ကို ပုံစံပြောင်းတည်ဆောက်နိုင်ရန် အသေးစိတ်ဆွေးနွေးကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂငွေကြေးဆိုင်ရာ အထွေထွေညီလာခံတွင် (General Assembly) ပညာရှင်များမှ ကမ္ဘာ့အင်အားကြီးနိုင်ငံများအား ၁၉၄၄ Bretton Woods ညီလာခံတွင် US မှ ဦးဆောင်ပြီး ချမှတ်ခဲ့သည့် World Financial Rules များအား ပြန်လည်ပြင်ဆင်ကြရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါ ညီလာခံကြီးမှ IMF (International Monetary Fund) နှင့် ကမ္ဘာ့ဘဏ်တို့ကို မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥက္ကဋ္ဌ Miguel d' Escoto Brockmann မှ "အဲ့ဒီ တောင်ပိုင်းက သူတွေ (North America) အနေနှင့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများကို အသုံးချပြီး သူတို့ရဲ့အခက်အခဲကို ကူညီဖေးမမှုပေးစေမည့် လုပ်ဆောင်မှုတွေကို လုပ်နေလို့ မရဘူးလေ" ဟု ပြောကြားခဲ့သည် ။

အမေရိကန်ပြည်တွင်း၌လည်း လက်ရှိဖြစ်နေသည့် Financial Crisis အပြီးသတ်သွားနိုင်ရေး နည်းမျိုးစုံဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အိမ်ဖြူတော် အနေဖြင့်လည်း အမေရိကန်နိုင်ငံမှ လက်ရှိ ကျင့်သုံးနေသည့် Home Loans များနှင့် Mortgage Plan များ၏ စည်းမျဉ်းများကို ပြင်ဆင်ရန်အတွက် ညှိနှိုင်းလျက်ရှိသည် ။ လက်ရှိအခြေအနေတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း 7.5 သန်းကျော် ရှိသည့် အိမ်ပိုင်ရှင် များအနေဖြင့် ၄င်းတို့၏ အိမ်အတွက် အကြွေးဖြင့် ၀ယ်ယူခဲ့သဖြင့် ပေးနေရသည့် Mortgage ထက် အိမ်တန်ဖိုးလျော့နည်းလာသည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်နေခြင်းကို Business စကားအားဖြင့် Negative Equity ဟုခေါ်သည်။ Negative Equity ဆိုသည်မှာ "ပေးချေခြင်း မပြုရသေးသည့် အကြွေးပမာဏသည် ပစ္စည်း၏ တန်ဖိုးထက်များနေသေးသည့် ပစ္စည်ကို လက်ဝယ်ထားခြင်း"ကို ဆိုလိုခြင်းဖြစ်သည်။ စီးပွားရေး ဘန်းစကားအရ ပြောရလျှင် ၄င်းကို Under Water ဟု ခေါ်သည်။

တစ်ဖက်၌လည်း အမေရိကားရှိ ကားထုတ်လုပ်သူများ၏ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် Automaker များမှ အစိုးရ၏ အကူအညီကို တောင်းခံနေကြသည်။ US ၏ ကားရောင်းချမှုသည် September တွင် ၁၃% လျော့ကျသွားခဲ့သည်။ ထို့ကြောင့် Michigan , New York , Ohio , Kentucky , Delaware နှင့် South Dakota တို့မှ မြို့တော်ဝန် (၆)ဦးနှင့် ကားထုတ်လုပ်သူများ၏ CEO များမှ ၄င်းတို့အား တိုက်ရိုက်ကူညီပေးရန် တောင်းခံလာခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် GM နှင့် Chrystler တို့အနေဖြင့်လည်း ပူးပေါင်း(Marger) ပြုလုပ်ရန် ခွင့်ပြုချက်ကို အိမ်ဖြူတော်မှ ခွင့်မပြုဘဲ ဖြစ်နေသည်။

နိုဝင်ဘာ မျှော်လင့်ချက်အသစ်များ
နိုဝင်ဘာလထဲ ရောက်ရှိလာကြသည်နှင့်အမျှ ငွေကြေးဈေးကွက်၏ အဆိုးဆုံးအခြေအနေများ ပြီးသွားပြီဟု မျှော်လင့်ချက်ထားရှိလာကြသည် ။ အစိုးရများ၏ ကြိုးပမ်းချက်များကြောင့် credit အခြေအနေ များလည်း တိုးတက်လာနေပြီဖြစ်သည် ။

"Credit ပြဿနာ တဖြည်းဖြည်းနှင့် ပြေလည်လာတာကို တွေ့နေရပါတယ်၊ ဒါပေမယ့် နောက်ထပ် ၃လကနေ ၆ လအထိတော့ စီးပွားရေးကိန်းဂဏန်းတွေဟာ ဆက်ပြီးဆိုးနေဦးမှာပါ" ဟု Hinsdale Associate၏ ဒါရိုက်တာ Paul Nolte မှ ပြောကြားခဲ့သည်။

အောက်တိုဘာလသည် ပုံမှန်အချိန်များ၌ပင် ငွေကြေးဈေးကွက်အတွက် အဆိုးဆုံးလ ဖြစ်နေကျ ဖြစ်သဖြင့် နိုဝင်ဘာလထဲသို့ ရောက်ရှိလာသည်နှင့် အကောင်းမြင်မှုများ ပေါ်ထွက်လာကြသည်။ အမေရိကန်တွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာ ထိပ်သီးညီလာခံ၊ ကုလသမဂ္ဂတွင် ပြုလုပ်နေသည့် ငွေကြေးဆိုင်ရာအထွေထွေညီလာခံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ ကြိုးပမ်းမှုများကြောင့် ငွေကြေးဈေးကွက်အခြေအနေသည် Positive Signများ တွေ့မြင်လာရသော်လည်း အမေရိကန်ရွေးကောက်ပွဲရလဒ် အပါအ၀င် ငွေကြေးစနစ်ကြီးအပေါ် Investor များ၏ ယုံကြည်မှု (trust) ပြန်လည်ရရှိလာမှု အခြေအနေတို့အပေါ် မူတည်ပြီး ပြဿနာကြီး အမှန်တကယ် ပြီးဆုံးသွားပြီလား ဆိုသည်ကို စောင့်ကြည့်လျက်ရှိနေကြပါသည် ။
လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://linoo.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HEALTH INFORMATION] 1 New Entry: ကျောင်းသားဘဝကဗျာများ (Poem)

ကျောင်းသားဘဝကဗျာများ (Poem)

ကျွန်တော့်ရဲ့ ကျောင်းသားဘဝကတော့ ၁၉၈၆-ကနေ ၁၉၉၆ ထိ ၁၀နှစ်တာ ကာလပဲဖြစ်ပါတယ်..ကြားထဲ
မှာ ၈၈ အရေးအခင်းကြောင့် ကျောင်း ၃-နှစ် ပိတ်တာနဲ့ ၇-နှစ် တက်ရမယ့် ကျောင်းကို ၁၀-နှစ် တိတိ တက်
ခဲ့ရပါတယ်.. ၁၉၈၆ မှာ ၁၀ တန်းအောင်ပြီး ၈၆-နိုဝင်ဘာမှာပဲ မန္တလေးဆေးတက္ကသိုလ် ပထမနှစ် (1st M.B) စတက်ခဲ့ရတယ်.. ၁၉၉၆-မတ်လမှာ နောက်ဆုံးနှစ် အပိုင်း(ခ) ပြီးဆုံးခဲ့ပါတယ်..ကျောင်းသားဘဝကာလမှာ
ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး (စာမေးပွဲ မရှိတဲ့အချိန်တွေ ပြောတာပါ) သွားအတူ လာအ
တူ လည်အတူ သောက်အတူ ရိုက်အတူ မှောက်အတူ .......အတူ တွေနဲ့ နေလာခဲ့တဲ့အချိန်တွေ တုန်းက အ
ပျော်စပ်ခဲ့တဲ့ ကဗျာတွေဟာ အခုချိန်မှာတော့ သတိရအောင့်မေ့စရာတစ်ခု ဖြစ်ခဲ့ပါတယ်..အခုဆိုရင် အားလုံး
အသက် ၃၉-၄၀ ဝန်းကျင်တွေ ရှိနေကြပါပြီ...ကဗျာထဲမှာတော့ ဒွေးချိုး၊ လေးချိုး၊ တြိချိုး ကဗျာတွေကို နှစ်
သက်ခဲ့တော့ အဲဒီပုံစံတွေပဲ စပ်ဖြစ်ခဲ့ပါတယ်..သူငယ်ချင်းတွေရဲ့ နာမည်ရင်း၊ နာမည်ပြောင်တွေနဲ့ ထည့်ပြီး ရေးခဲ့ပါတယ်.. သည်းခံပြီးတော့ ဖတ်ပေးကြပါ...။

လေပိနဲ့ကျော်ဦး

ပျော်မြူးကြအေးကြူ ၊

မူးကြရင်ဆူ.....၊

အအိပ်မက်ကိုသူ

အပြောထူပေါက်ကြွား၊

ကဗျာဆရာမိုက်ကယ်တစ်ယောက်တော့

ကျောက်သပိတ်သွား.....။

ကျွန်တော်တို့ တတိယနှစ် (3rd M.B) မှာ ယာယီဟောခန်း အဆောင်နဲ့ တစ်ခန်းကို ရ ယောက်
၈ ယောက် နေခဲ့ရပါတယ်..တစ်ခန်းထဲနေ သူငယ်ချင်းတွေ အကြောင်း အမှတ်တမဲ့ စပ်ခဲ့မိတဲ့
ကဗျာပါပဲ။

နဖူးပြောင်ဘဘဦး

ဇာတ်ရူးတဲ့မျက်ခုံးမောင် ၊

ဝိုင်းလို့သာလှောင်...၊

ပီချေးကခပ်ကြောင်ကြောင်

မျိုးအောင်တဲ့အရှည်ကြီး၊

ဖိုက်ကဒ်*မောင်လေပိနဲ့ နီးတော့

ဇီးသီးကငြီး...။

ဖိုက်ကဒ်* = "Five Cards"

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်သာငယ်] 1 New Entry: သူပုန်တယောက်ရဲ့ ဒိုင်ယာရီ (၁၁)

သူပုန်တယောက်ရဲ့ ဒိုင်ယာရီ (၁၁)

ကျနော့်ရဲ့ ဆက်မရေးဖြစ်နိုင်တဲ့ ဒိုင်ယာရီကို အားထုတ်ပြီး ရေးလိုက်ပါတယ်။
----------
ကျနော်တို့ အဖွဲ့ထဲက တပ်မှူးဖြစ်တဲ့ ကိုထွန်းထွန်းနဲ့ ရဲဘော်စိုးအောင် ဒဏ်ရာ ရပြီး နောက်တန်းကို ရောက်သွားခဲ့တဲ့ နောက်ပိုင်းမှာ ရဲဘော်စိုးအောင်ရဲ့ ဒဏ်ရာက ပြင်းတော့ ညတွင်းချင်းပဲ မဲဆောက်ကို ပို့ရတဲ့အတွက် ဥက္ကဌ ကိုစအောင်လွင်လည်း မဲဆောက်ကို လိုက်သွားရပါတယ်။ အဲနောက်တော့ နောက်နေ့ မနက်မှာ ကျနော်တို့ တပ်ဖွဲ့ တာဝန်ယူထားရတဲ့ အကွက်မှာ အပြောင်းအလဲတွေ ဖြစ်ပါတယ်။ ဘာလို့ဆို ကိုထွန်းထွန်းက ဒီ အကွက်ကို တာဝန်ခံထားရတဲ့ တပ်မှူး ဆိုတော့ သူ ဒဏ်ရာရလို့ မရှိတဲ့ အချိန်မှာ သူ့ကိုယ်စား တာဝန်ယူ ကွပ်ကဲမယ့်သူက ကျနော်တို့ထဲမှာ မရှိပါဘူး။ အဲတုန်းက ကျနော်ကလည်း တပ်စုမှူးပဲဆိုတော့ အားလုံးကို တာဝန် မယူနိုင်သေးပါဘူး။

ဒီလိုနဲ့ ဘီအဲမ်ဝိုင် ခေါ်တဲ့ ဗိုလ်ချုပ်မြလူငယ်တပ်ဖွဲ့ (Bo Mya Youth) က ဒီအကွက်ထဲမှာ အင်အား လာဖြည့်ပါတယ်။ တပ်မှူးကတော့ တိုက်ရည်ခိုက်ရည် အရမ်းကောင်းတဲ့ နံမည်ကျော် တပ်မှူးတဦးဖြစ်တဲ့ မန်းရောဘတ်ဇန်ပါ။ သူ့ဖခင်ကတော့ ကရင့် အမျိုးသား အစည်းအရုံးရဲ့ ဒုတိယမြောက် ဥက္ကဌဖြစ်သူ မန်းဘဇန်ပါ။

သူတို့တပ်နဲ့ ကျနော်တို့ တပ်ဖွဲ့ တွဲပြီး အဲအကွက်ကို ပြန်နေရာယူရပါတယ်။ ဒီလိုနဲ့ ဘီအဲမ်ဝိုင်က တပ်ကြပ်ကြီး တယောက်ရယ်၊ ကရင် ရဲဘော် တယောက်ရယ်၊ ကျနော်ရယ်၊ ဆရာစိုးမြင့်ရယ်က ကိုထွန်းထွန်းတို့ နေခဲ့တဲ့ ကွန်ကရစ်အိုဗာဟက်ကြီးမှာ တာဝန် ကျပါတယ်။ ကျန်တဲ့ ကျနော်တို့ ရဲဘော်တွေ အားလုံးလည်း အိုဗာဟက် တခုစီမှာ ဘီအဲမ်ဝိုင်က ရဲဘော် တယောက်စီနဲ့ တွဲပြီး တာဝန်ကျကြပါတယ်။

ထုံးစံအတိုင်း ညဖက်ကို ပြန်ရောက်လာတော့ လက်နက်ကြီးတွေ မျိုးစုံ ကျရောက်ပေါက်ကွဲတာကို နားထောင်နေကြရတာပါပဲ။ အဲလိုနဲ့ ည ၁၀ နာရီလောက်ရောက်တော့ ရန်သူ ကပ်ပြီဆိုလို့ ကျနော်နဲ့ ဘီအဲမ်ဝိုင်က ကရင် ရဲဘော် တယောက် ကွန်ကရစ် အိုဗာဟက်ကြီးရဲ့ ဘေး တဖက် တချက်မှာ ရှိနေတဲ့ ပစ်ကျင်းမှာ သွားထိုင်ရပါတယ်။ ကရင် ရဲဘော်လေးက ညာဖက်က ပစ်ကျင်းမှာပါ။ ကျနော်ကတော့ ဘယ်ဖက်က ပစ်ကျင်းမှာ သွားထိုင်ရပါတယ်။ ကျနော့်မှာ ရှိသမျှ ကျည်ဘောက် ၆ ချပ်လုံးကို ယူလာပြီး ပစ်ကျင်း နှုတ်ခမ်းမှာ ထပ်ထား လိုက်ပါတယ်။ ကျည်တွဲတွေတော့ မသယ်လာခဲ့ပါဘူး။ နောက် ခါးမှာ ရှိနေတဲ့ အဲမ်-၃၆ နာနတ်သီး လက်ပစ်ဗုံး ၂ လုံးကိုလည်း ပစ်ကျင်းရဲ့ ဘယ်ဖက်ခြမ်းမှာ လိုအပ်ရင် အဆင်သင့် ပစ်လို့ရအောင် တင်ထားလိုက်ပါသေးတယ်။ အဲမ်-၉၇ သံပုရာသီး လက်ပစ်ဗုံး ၂ လုံး ကိုတော့ ကျနော့် အီကွစ်မဲန့်မှာပဲ တွဲ ထားထားပါတယ်။ ပစ်ကျင်းနှုတ်ခမ်းမှာ ကျနော့်ရဲ့ အဲမ်-၁၆ ကို အသင့် တင်ထားပြီး ကျနော် တာဝန်ယူထားရတဲ့ ပစ်ပိုင်နယ်က ပစ်ကွင်းကို ကြည့်နေမိပါတယ်။

မြင်နေရတာကတော့ အမှောင်ချည်းပါပဲ။ ရှေ့အတော်လှမ်းလှမ်းမှာ မြင်နေရတာက သံဆူးကြိုး နှစ်ထပ်ကြားက ကွက်လပ်ပါ။ အဲနောက်တော့ ညာဖက်ခြမ်းမှာ မြင်နေရတဲ့ သောင်ရင်းမြစ်ရဲ့ လရောင်ဟပ်နေတဲ့ လှုပ်ရှားနေတဲ့ ရေပြင်က လွဲရင် အားလုံးက ပိန်းပိတ်အောင် မှောင်နေတာပါပဲ။ အဲ အမှောင်ထဲမှာမှ ကိုယ့်ဘာသာကိုယ် အားလုံးကို အမျိုး အမည်တွေ ခွဲခြားနေရတာပါ။

လက်နက်ကြီးတွေကတော့ ဆက်တိုက်ကို ကျကွဲနေတာပါပဲ။ ဒါမဲ့ ကျနော်တို့နဲ့တော့ အတော့်ကို လှမ်းပါတယ်။ အနောက်ခြမ်းက တပ်ရင်း (၂၀၆) ရှိတဲ့ဖက်မှာ ကျကွဲတဲ့ အသံတွေကို ဆက်တိုက် ကြားနေရပါတယ်။

အဲလိုနဲ့ ညသန်းခေါင်ကျော်လာတဲ့အခါမှာ သတင်းစကြားရပါတယ်။ ကျနော်တို့ အကွက်ထဲ တိုးလိမ့်မယ်-။ ဗိုလ်စိုးမိုး အိုဗာဟက်က ဆရာ-ဇော်ခက်ရော၊ ကျနော်တို့ အိုဗာဟက်က ကရင် တပ်ကြပ်ကြီးကရော ကျနော်တို့ကို လာပြောသွားပါတယ် - ရန်သူ ကပ်နေပြီ၊ သေချာကြည့်ထား၊ မီးကျည်ပစ်ရင် တွေ့လိမ့်မယ်။ မလွတ်စေနဲ့...

အဲလိုနဲ့ ကျနော်လည်း ကျနော့်အဲမ်-၁၆ ကို တင်းတင်းဆုပ်။ ဆေ့ဖ် (လုံခြုံရေးသော့)ကို အော်တိုမက်တစ်မှာ ဖွင့်ပြီး အသင့် အနေအထားနဲ့ အမှောင်ထဲ ပြူးပြဲကြည့်ပြီး စောင့်နေတော့တာပါပဲ။

နာရီတွေ ဘယ်လောက်ကြာသွားလဲ ကျနော် မသိ။ သိလိုက်တာကတော့ ထုံး..ဆိုတဲ့ အသံတခုကို ကြားလိုက်ပြီးတဲ့ မရှေး မနှောင်းမှာ ကျနော် ကြည့်နေတဲ့ ပစ်ပိုင်နယ်ထဲမှာ နေ့ခင်းလို လင်းထွက်သွားတာ တခုပဲ မှတ်မိတော့တယ်...။ ရန်သူ တက်နေပြီပေါ့...။ အဲနောက်တော့ သေနတ်ပေါင်းစုံက ပစ်လိုက်တဲ့ အသံပေါင်းစုံကို ဆူညံနေအောင် ကြားလိုက်ရတော့တာပါပဲ။ ဒါမဲ့ ကျနော့် ရှေ့မြင်ကွင်းထဲမှာ ကျနော် ဘာမှ မတွေ့ရဘူး။ တွေ့ရတာကတော့ မီးတန်းတွေ ကျနော့် ရှေ့မြင်ကွင်းမှာ ရှုပ်ရှက်ခပ်နေတာပဲ။ ဒါမဲ့ အားလုံးက ကျနော့်ဆီကို လာနေတာ မဟုတ်ဘူး။ အဲမီးတန်းတွေ အားလုံးက ကျနော့်ရှေ့က ကန်လန့်ဖြတ်ပြေးနေကြတာပါ။ ကြည့်ရတာလည်း အတော့ကို လှပါပေ့။ အဓိပ္ပါယ်ကတော့ ရန်သူက ကျနော်တို့ အကွက်ထဲကို ထိုးနေတာပါ။ သို့သော်လည်း ပစ်ခတ်မှုအားလုံးက ကျနော်တို့ တာဝန်ယူထားတဲ့နေရာကို မဟုတ်ပဲ တခြားတနေရာကို ဦးတည်နေတာပါ။

ကျနော်က အဲ...မီးတွေကို ပစ်ကျင်းထဲက ထိုင်ကြည့်နေရတာပါ။ အဲလိုကြည့်နေရင်းမှာပဲ ကျနော့်ခေါင်းမှာ ပူကနဲ ဖြစ်သွားတယ်လို့ ကျနော် ခံစားလိုက်ရတယ်။ ဒါနဲ့ ကိုယ့်ခေါင်းကိုယ် (အဓိကကတော့ ငယ်ထိပ်ပေါ့နာ်) ပြန်စမ်းကြည့်မိတော့ ခေါင်းအလယ်က ဗွေနေရာမှာ ပူတူတူ ဖြစ်နေတယ်။ ဒါနဲ့ကွန်ကရစ် အိုဗာဟက်ကြီးထဲကို ပြန်သွားပြီး ဆရာစိုးမြင့်ကို - ဆရာ ကျနော့် ခေါင်းကို ကြည့်ပါဦး- လို့ သွားပြောကြည့်တော့မှ----

အား..လား..လား... တခုခု ကျနော့်ကို ရှပ်မှန်သွားတာပေါ့ဗျား...ဘာမှန်သလဲတော့ ကျနော်လည်း မသိ.... ဆံပင်တွေလည်း အဲမှာ ပါသွားတာပေါ့။ တကယ်လို့များ အဲထက် နည်းနည်း နိမ့်ခဲ့ရင် .... ဦးနှောက်ပါ ...ပါသွားမှာ အသေအချာပေါ့

You received this email because you are subscribed to the real_time feed for http://aungthange.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 1 New Entry: ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ပဒုဋ္ဌစိတ္တသုတ်- (ပဒုဋ္ဌ=ပျက်စီးသည်+စိတ္တ=စိတ်)

ဤဒေသနာကို ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ...
ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို ဤသို့ (ငါဘုရား၏) စိတ်ဖြင့် ထိုသူ၏ စိတ်ကို ပိုင်းခြား၍ သိ၏ {{ဤဒေါသစိတ် ရှိသောအခါ၌ ဤပုဂ္ဂိုလ်သည် သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ငရဲ၌ ကျရလေ၏။ ဤသို့ ငရဲကျရခြင်းသည် အဘယ့်ကြောင့်နည်း။ ရဟန်းတို့ ထိုသူ၏ စိတ်သည် ဒေါသဖြင့် ဖျက်ဆီး အပ်သောကြောင့်တည်း}}၊

ရဟန်းတို့ ...
ဒေါသစိတ်ရှိခြင်း ဟူသော အကြောင်းကြောင့် ဤလောက၌ အချို့သတ္တ၀ါတို့ သည် ခန္ဓာကိုယ်ပျက်စီး၍ သေသည်မှနောက်၌ ချမ်းသာကင်းသော မကောင်း သော လားရာ ပျက်စီး ကျရောက်ရာဖြစ်သော ငရဲ၌ ဖြစ်ကြရကုန်၏။ ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏။

ထိုသုတ်၌ ဤအနက်သဘောကို-
{{မြတ်စွာဘုရားသည် ဤလောက၌ ဒေါသစိတ်ရှိသူ အချို့သော ပုဂ္ဂိုလ်ကို သိ၍ ရဟန်းတို့အား ဤဆိုလတ္တံ့သော အနက် သဘောကို ဟောကြားတော်မူ၏။ ဤပုဂ္ဂိုလ်သည် ဒေါသစိတ်ရှိသော အချိန်အခါ၌ သေခဲ့မူ ၀န်ထုပ်ကို ဆောင်ယူ၍ ချထားသကဲ့သို့ ဤအတူ ထိုသို့ သဘောရှိသော ပုဂ္ဂိုလ်သည် ငရဲ၌ ဖြစ်ရာ၏။

(အဘယ့်ကြောင့်ဆိုသော်)
ထိုပုဂ္ဂိုလ်၏ စိတ်ကို ဒေါသသည် ဖျက်ဆီးအပ်သော ကြောင့်တည်း။ မှန်၏။

သတ္တ၀ါတို့သည် ဒေါသဖျက်ဆီးအပ်သော စိတ်ဟူသော အကြောင်းကြောင့် မကောင်းသောလားရာ ဒုဂ္ဂတိ ဘ၀သို့ လားရောက်ကြရကုန်၏}} ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။

၁၀ - ပဒုဋ္ဌစိတ္တသုတ်၊ ဒုတိယ၀ဂ်၊ ဣတိဝုတ်ပါဠိတော်၊

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[လင်းဦး(စိတ်ပညာ)] 1 New Entry: ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း(၂)

ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း(၂)

သောကြာနေ့(အောက်တိုဘာ-၃ရက်)တွင် အာရှနှင့် ဥရောပရှိ ရှယ်ယာများ ဆက်လက်ကျဆင်းလျက် ရှိသည့်အတွက် ငွေကြေးဆိုင်ရာသမိုင်းတွင် ဆယ်စုနှစ်ကြာကာလအတွင်း အဆိုးဆုံးသောလဟု ဆိုရမည် ဖြစ်နေသည်။ အမေရိကန်နိုင်ငံတွင် ငွေကြေးဆိုင်ရာ လက်ရှိတန်ဖိုးများကို နောင်ဖြစ်လာနိုင်မည့် အခြေအနေနှင့် နှိုင်းယှဉ်ပြီး ဈေးကွက်ပြန်ဖွင့်သည့်အခါ မည်သို့ အခြေအနေရှိနေမည်ကို စောင့်ကြည့် တိုင်းတာသည့် US Nasdaq 100 Futures ဆက်လက်ကျဆင်းနေသည် ။ ထို့အတူ ဂျပန်နိုင်ငံ၏ နီကေတန်ဖိုး (Nikkei index)သည် ၅% လျော့ကျသွားပြီး ဟောင်ကောင် ဟန်ဆန်သည် ၂.၅%၊ ဥရောပမှ Britain FTSE 100 နှင့် ပြင်သစ်မှ CAC – 40 နှစ်ခုသည် ၁.၄% စီနှင့် ဂျာမနီ DAX သည် ၁% လျော့ကျသွား ခဲ့သည်။ ထိုသို့လျော့ကျသွားရခြင်း၏ အဓိက လက်သည်မှာ US စီးပွားရေးသည် တတိယ (၃)လပတ်တွင် (0.3%) အထိ ကျုံ့ဝင်သွားခဲ့သည် ဟူသည့် သတင်းအပေါ် ရင်းနှီးမြှပ်နှံသူများမှ ပူပန်နေကြခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည် ။

ကြာသာပတေးနေ့က ထုတ်ပြန်သည့် စာရင်းများအရ US၏ GDP သည် နှစ်စဉ် 0.3% ကျဆင်းနေ သည်။ ထိုကိန်းဂဏန်းသည် (၇)နှစ်ကာလအတွင်း အဆိုးဆုံးဖြစ်သည်။ သို့ရာတွင် Wall Street အနေဖြင့် ကြာသာပတေးနေ့တွင် တိုးတက်မှုများ ရှိခဲ့သည်။ US Dow Jones Industrial Average သည် 2.1%, the standard & Poor's 500 index သည် 2.6% နှင့် Nasdaq သည် 2.5% မြင့်တက်ခဲ့သည်။

ကမ္ဘာ့ငွေကြေးအခက်အခဲမှ လွတ်မြောက်ရန် အစိုးရများမှ မတည်ထားသော ငွေကြေးပမာဏများပြပုံ

ရေနံဈေးနှုန်းသည်လည်း ၀ယ်လိုအားကျဆင်းသွားမည့် အရိပ်အခြေအနေရှိနေသည့်အတွက် ကျဆင်း သွားခဲ့သည်။ US တွင် ရေနံစိမ်းဈေးနှုန်းသည် ထပ်မံ၍ ၃% ကျဆင်းသွားသဖြင့် ရေနံစိမ်းတစ်စည်တွင် $63.96 ဖြစ်သွားခဲ့သည်။ ၄င်းသည် ဇူလိုင်လက စံချိန်တင်တက်ခဲ့သည့် တစ်စည်တွင် $147 မှ ဆက်တိုက် ကျဆင်းလာခြင်းဖြစ်သည် ။ ရွှေဈေးသည်လည်း တစ်အောင်စတွင် $724.10 သို့ ဈေးကျဆင်းသွားခဲ့သည် ။

Bank

Date

Status

Fannie Mae

07 Sep

Nationalised

Freddie Mac

07 Sep

Nationalised

Lehman Bros

15 Sep

Collapsed

Merrill Lynch

15 Sep

Taken over

AIG

16 Sep

Part-nationalised

HBOS

17 Sep

Taken over

WaMu

25 Sep

Collapsed and sold

Fortis

28 Sep

Nationalised

Bradford & Bingley

29 Sep

Nationalised

Wachovia

29 Sep

Taken over

Glitnir

29 Sep

Nationalised

Hypo Real Estate

06 Oct

Rescue package

RBS

13 Oct

Part-nationalised

Lloyds TSB

13 Oct

Part-nationalised

ကမ္ဘာ့ငွေကြေးအကျပ်အတည်းကြောင့် ထိခိုက်ခံခဲ့ရသော ကမ္ဘာ့ဘဏ်ကြီးများ အခြေအနေပြဇယား

အောက်တိုဘာ ဈေးကွက်ထိုင်းမှိုင်းနေမှုတွင် အထိနာဆုံးမှာ အာရှတိုက်ဖြစ်နေခြင်း

သောကြာနေ့က Wall Street ပိတ်ချိန်၌ အောက်တိုဘာတစ်လလုံးအတွက် 16.9% ကျသွားသဖြင့် ဈေးကွက်တစ်ခုလုံးအတွက် အဆိုးဆုံးလဖြစ်ခဲ့သော်လည်း အာရှတိုက်ရှိ နိုင်ငံအများနှင့် အခြားဒေသရှိ နိုင်ငံ အချို့တို့နှင့် နှိုင်းစာလျှင် တော်သေးသည်ဟု ဆိုရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆိုပါလတွင် ၂၄% ကျဆင်းခဲ့သည့် ဘရာဇီးမှ ၂၅%ကျဆင်းသွားသည့် တရုတ်နိုင်ငံအထိကိုကြည့်လျှင် US သည် အဆိုးဆုံးအခြေအနေတွင် မရှိဟု ဆိုနိုင်သည်။ တရားခံမှာ Wall Street ဘာသာစကားအရဆိုလျှင် "deleveraging" ဟုခေါ်သည့် ချေးငွေဖြင့် ၀ယ်ယူထားသည့် stock နှင့် bond များကို ပြန်လည်ရောင်းချခြင်း (သို့) အသုံးပြုခြင်းတို့ကြောင့် ဖြစ်သည် ။

စက်တင်ဘာလလယ်ကစ၍ Lehman Brothers Holdings ဒေ၀ါလီခံသွားရခြင်းမှ စတင်ပြီး အထက်ပါပုံစံဖြင့် stock share များ ရောင်းချခြင်းများ ပိုမိုဖြစ်ပေါ်လာပြီး stock များအား အရှုံးခံပြီး ခ၀ါချ ရောင်းချမှုများသည် ရေနံစိမ်းရောင်းဝယ်မှု အပါအ၀င် ကမ္ဘာတ၀ှမ်းရှိ ဈေးကွက်များအားလုံးကို ထိခိုက်မှု ဖြစ်ပေါ်လာခဲ့သည်။

State Street Global Advisor ၏ မန်နေဂျာ Dan Peirce မှ " ဒါက ကွင်းဆက်ပုံစံလေ၊ ငွေကြေး ဈေးကွက်က ပိုပြီး အခြေအနေဆိုးလာတာနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ အခြေအနေကို ပိုပြီး ဆိုးလာစေတာပေါ့၊ ဒါနဲ့ပဲ အဲ့ဒီအဖွဲ့အစည်းက အရင်းအနှီးပိုပြီး လိုအပ်လာတယ်၊ ပိုပြီး ခ၀ါချ အရှုံးခံရောင်းရတော့တာပေါ့'' ဟု ပြောကြားခဲ့ပါသည် ။ ဤသို့ဖြင့် ဂျပန်နိုင်ငံ၏ နီကေ Average သည် တစ်လအတွင်း 23.8% ကျဆင်းသွား ခဲ့သည် ။ တရုတ်နိုင်ငံတွင်လည်း Shanghai Composite သည် 24.6% နှင့် Hong Kong Hand Seng သည် 22.5% ကျသွားခဲ့သည် ။ တောင်ကိုရီးယား၏ Kospi Composite index မှ 23.1% ကျသွားခဲ့သည်။

အာရှထက်နှိုင်းယှဉ်လျှင် ဥရောပနိုင်ငံများမှ အခြေအနေကောင်းနေသေးသည် ။ Pan-European Dow Jones Stoxx 600 Index သည် ၁၃.၃%၊ London FTSE သည် ၁၀.၇% ၊ ပြင်သစ် CAC-40 သည် ၁၃.၅%နှင့် ဂျာမနီ DAX သည် ၁၄.၅% ကျသွားခဲ့သည် ။

နိုင်ဂျီရီးယား ဗဟိုဘဏ်ဥက္ကဋ္ဌ ပါမောက္ခ Chule Wuma Soludo မှ ပြောကြားရာတွင် လက်ရှိ ကမ္ဘာ့ ငွေကြေးပြဿနာတွင် အထိခိုက်ဆုံးဖြစ်မည့်သူများမှာ အကြွေးများစွာ တင်ရှိနေသည့် အစိုးရများနှင့် ပြည်ပမှ အကူအညီများအပေါ် မှီခိုနေသည့်နိုင်ငံများ ဖြစ်သည်ဟု ဆိုသည် ။ ၄င်းမှ ဆက်လက်ပြောကြားရာတွင် US ကဲ့သို့သော ဖွံ့ဖြိုးပြီး နိုင်ငံများအနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာမှ ရုန်းထွက်နိုင်ရန်အတွက် ဒေါ်လာ Trillion အထိ အသုံးပြုနေကြကြောင်း၊ ၄င်းငွေပမာဏထဲမှ အတော်များများသည် ဖွံ့ဖြိုးဆဲ နိုင်ငံများမှ ပြည်ပရှိ ဖွံ့ဖြိုးပြီးနိုင်ငံများ၏ ဘဏ်ထဲတွင် Security အဖြစ်ထားရှိသည့်ငွေများ (ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ငွေများ) ဖြစ်ကြောင်း၊ နိုင်ဂျီးရီးယားကဲ့သို့သော ဆင်းရဲသည့် နိုင်ငံများအနေဖြင့် မိမိတို့ဘာသာ ကံကိုသာ ယုံကြည်၍၊ အားကိုး၍ နေနေရကြောင်း၊ ၄င်းသည် မဖြစ်သင့်ကြောင်းဖြင့် ပြောကြားသွားသည်။

Professor Soludo ပြောကြားသည်မှာ မှန်ကန်သင့်သလောက် မှန်ပါသည်။ သို့ရာတွင် ဖွံ့ဖြိုးဆဲ နိုင်ငံများသာမက ဖွံ့ဖြိုးပြီးနိုင်ငံများကပါ Financial Crisis အား ကျော်လွှားနိုင်ရန်အတွက် ကြိုးပမ်းရာတွင် ပြည်ပတိုင်းပြည်များကိုပါ အကူအညီယူလာရသည်။ ဗြိတိန်နိုင်ငံ၏ အကြီးဆုံးဘဏ်တစ်ခုဖြစ်သော Barclays Bank သည် Middle East နိုင်ငံများဖြစ်သည့် Qatar နှင့် Abu Dhabi နိုင်ငံများ၏ State investment fund များမှ ပေါင် ၇.၃ billon အထိ ချေးယူနိုင်ရန် ညှိနှိုင်းလျက်ရှိကြောင်း ကြေငြာခဲ့သည်။ တစ်ဖက်၌လည်း အစိုးရမှ စတာလင်ပေါင် 37 billon (US $ 64 bn) ရှိ taxpayer များ၏ ငွေပမာဏကို အဓိကဘဏ်ကြီး (၃)ခုသို့ ထည့်တွင်းပေးမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။ Scotland Royal Bank (RBS) သို့လည်း ပေါင် ၂၀ ဘီလီယံ ကို လည်းကောင်း၊ HBDS နှင့် L Loyds TSB ဘဏ်တို့ ပေါင်းစည်းပြီးသည့်အခါတွင် ပေါင် 17 bn ကို လည်းကောင်း ထည့်တွင်း ပေးမည်ဖြစ်ကြောင်း အောက်တိုဘာလ ၁၃ရက်နေ့တွင် ထုတ်ပြန်ခဲ့သည် ။

Interest rate များ လျှော့ချလာကြခြင်း
မိမိတို့၏ ငွေကြေးဈေးကွက်တည်ငြိမ်မှုဖြစ်လာစေရေးအတွက် အစိုးရများမှ ၄င်းတို့ဘဏ်များ၏ Interest rate များကို လျှော့ချ လာကြသည်။ US ဘဏ်များမှ 2% မှ 5% အထိလည်းကောင်း၊ European Central Bank (ECB)သည် 4.25% မှ 3.75% အထိ လည်းကောင်း၊ China မှ 0.27% point ကိုလည်းကောင်း၊ UK သည် 5%မှ 4.5% အထိလည်းကောင်း လျှော့ချခဲ့သည်။ ဂျပန်ဘဏ်သည်လည်း ယခင် 0.5မှ 0.3 သို့ Interest rate အား လျှော့ချခဲ့သည် ။

ကုလသမဂ္ဂ၏ ကြိုးပမ်းဆောင်ရွက်မှုများ
အမေရိကန် ပြည်တွင်းငွေချေးလုပ်ငန်းများ၊ အိမ်မြေရောင်းဝယ်မှုလုပ်ငန်းများမှ စတင်လာခဲ့သည့် ကမ္ဘာ့ငွေကြေးအခက်အခဲသည် အာရှ၊ ဥရောပ အပါအ၀င် အာဖရိကနိုင်ငံများအထိပါ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သောကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးကလည်း ပြဿနာဖြေရှင်းနိုင်ရေးတွင် ပါဝင်ဆောင်ရွက် လာခဲ့သည်။ ယခုဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာကို တစ်ကမ္ဘာလုံးအဆင့်အနေဖြင့် လက်တွဲ ဖြေရှင်းနိုင်ရန်အတွက် အဆင့်မြင့်လုပ်ငန်းအဖွဲ့ high-level task force တစ်ခုကို ၂၀၀၁ခုနှစ်တွင် စီးပွားရေး နိုဘယ်လ်ဆုရခဲ့သူ Joseph Stiglitz မှ ဦးဆောင်ပြီး ဖွဲ့စည်းခဲ့သည်။ ၄င်း task force မှ နိုင်ငံတကာ ငွေကြေး စနစ်ကြီး (Financial system) ကို ပုံစံပြောင်းတည်ဆောက်နိုင်ရန် အသေးစိတ်ဆွေးနွေးကြမည် ဖြစ်သည်။

ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂငွေကြေးဆိုင်ရာ အထွေထွေညီလာခံတွင် (General Assembly) ပညာရှင်များမှ ကမ္ဘာ့အင်အားကြီးနိုင်ငံများအား ၁၉၄၄ Bretton Woods ညီလာခံတွင် US မှ ဦးဆောင်ပြီး ချမှတ်ခဲ့သည့် World Financial Rules များအား ပြန်လည်ပြင်ဆင်ကြရန် တိုက်တွန်းခဲ့ကြသည်။ အဆိုပါ ညီလာခံကြီးမှ IMF (International Monetary Fund) နှင့် ကမ္ဘာ့ဘဏ်တို့ကို မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည် ။

အဆိုပါ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ဥက္ကဋ္ဌ Miguel d' Escoto Brockmann မှ "အဲ့ဒီ တောင်ပိုင်းက သူတွေ (North America) အနေနှင့် ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံများကို အသုံးချပြီး သူတို့ရဲ့အခက်အခဲကို ကူညီဖေးမမှုပေးစေမည့် လုပ်ဆောင်မှုတွေကို လုပ်နေလို့ မရဘူးလေ" ဟု ပြောကြားခဲ့သည် ။

အမေရိကန်ပြည်တွင်း၌လည်း လက်ရှိဖြစ်နေသည့် Financial Crisis အပြီးသတ်သွားနိုင်ရေး နည်းမျိုးစုံဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အိမ်ဖြူတော် အနေဖြင့်လည်း အမေရိကန်နိုင်ငံမှ လက်ရှိ ကျင့်သုံးနေသည့် Home Loans များနှင့် Mortgage Plan များ၏ စည်းမျဉ်းများကို ပြင်ဆင်ရန်အတွက် ညှိနှိုင်းလျက်ရှိသည် ။ လက်ရှိအခြေအနေတွင် အမေရိကန်နိုင်ငံတစ်ဝှမ်း 7.5 သန်းကျော် ရှိသည့် အိမ်ပိုင်ရှင် များအနေဖြင့် ၄င်းတို့၏ အိမ်အတွက် အကြွေးဖြင့် ၀ယ်ယူခဲ့သဖြင့် ပေးနေရသည့် Mortgage ထက် အိမ်တန်ဖိုးလျော့နည်းလာသည့် အခြေအနေကို ရင်ဆိုင်နေရသည်။ ထိုသို့ဖြစ်နေခြင်းကို Business စကားအားဖြင့် Negative Equity ဟုခေါ်သည်။ Negative Equity ဆိုသည်မှာ "ပေးချေခြင်း မပြုရသေးသည့် အကြွေးပမာဏသည် ပစ္စည်း၏ တန်ဖိုးထက်များနေသေးသည့် ပစ္စည်ကို လက်ဝယ်ထားခြင်း"ကို ဆိုလိုခြင်းဖြစ်သည်။ စီးပွားရေး ဘန်းစကားအရ ပြောရလျှင် ၄င်းကို Under Water ဟု ခေါ်သည်။

တစ်ဖက်၌လည်း အမေရိကားရှိ ကားထုတ်လုပ်သူများ၏ အရှုံးနှင့်ရင်ဆိုင်နေရသဖြင့် Automaker များမှ အစိုးရ၏ အကူအညီကို တောင်းခံနေကြသည်။ US ၏ ကားရောင်းချမှုသည် September တွင် ၁၃% လျော့ကျသွားခဲ့သည်။ ထို့ကြောင့် Michigan , New York , Ohio , Kentucky , Delaware နှင့် South Dakota တို့မှ မြို့တော်ဝန် (၆)ဦးနှင့် ကားထုတ်လုပ်သူများ၏ CEO များမှ ၄င်းတို့အား တိုက်ရိုက်ကူညီပေးရန် တောင်းခံလာခဲ့ကြခြင်း ဖြစ်သည်။ လက်ရှိအခြေအနေတွင် GM နှင့် Chrystler တို့အနေဖြင့်လည်း ပူးပေါင်း(Marger) ပြုလုပ်ရန် ခွင့်ပြုချက်ကို အိမ်ဖြူတော်မှ ခွင့်မပြုဘဲ ဖြစ်နေသည်။

နိုဝင်ဘာ မျှော်လင့်ချက်အသစ်များ
နိုဝင်ဘာလထဲ ရောက်ရှိလာကြသည်နှင့်အမျှ ငွေကြေးဈေးကွက်၏ အဆိုးဆုံးအခြေအနေများ ပြီးသွားပြီဟု မျှော်လင့်ချက်ထားရှိလာကြသည် ။ အစိုးရများ၏ ကြိုးပမ်းချက်များကြောင့် credit အခြေအနေ များလည်း တိုးတက်လာနေပြီဖြစ်သည် ။

"Credit ပြဿနာ တဖြည်းဖြည်းနှင့် ပြေလည်လာတာကို တွေ့နေရပါတယ်၊ ဒါပေမယ့် နောက်ထပ် ၃လကနေ ၆ လအထိတော့ စီးပွားရေးကိန်းဂဏန်းတွေဟာ ဆက်ပြီးဆိုးနေဦးမှာပါ" ဟု Hinsdale Associate၏ ဒါရိုက်တာ Paul Nolte မှ ပြောကြားခဲ့သည်။

အောက်တိုဘာလသည် ပုံမှန်အချိန်များ၌ပင် ငွေကြေးဈေးကွက်အတွက် အဆိုးဆုံးလ ဖြစ်နေကျ ဖြစ်သဖြင့် နိုဝင်ဘာလထဲသို့ ရောက်ရှိလာသည်နှင့် အကောင်းမြင်မှုများ ပေါ်ထွက်လာကြသည်။ အမေရိကန်တွင် ပြုလုပ်မည့် ငွေကြေးဆိုင်ရာ ထိပ်သီးညီလာခံ၊ ကုလသမဂ္ဂတွင် ပြုလုပ်နေသည့် ငွေကြေးဆိုင်ရာအထွေထွေညီလာခံ အပါအ၀င် ကမ္ဘာတစ်ဝှမ်းမှ အစိုးရများ၏ ကြိုးပမ်းမှုများကြောင့် ငွေကြေးဈေးကွက်အခြေအနေသည် Positive Signများ တွေ့မြင်လာရသော်လည်း အမေရိကန်ရွေးကောက်ပွဲရလဒ် အပါအ၀င် ငွေကြေးစနစ်ကြီးအပေါ် Investor များ၏ ယုံကြည်မှု (trust) ပြန်လည်ရရှိလာမှု အခြေအနေတို့အပေါ် မူတည်ပြီး ပြဿနာကြီး အမှန်တကယ် ပြီးဆုံးသွားပြီလား ဆိုသည်ကို စောင့်ကြည့်လျက်ရှိနေကြပါသည် ။
လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://linoo.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♠ Honesty & Anonymity (2)

♠ Honesty & Anonymity (2)

ပြီးခဲ့တဲ့ပို့စ်မှာ "လူတစ်ယောက်" လို့ပဲ ညွှန်းခဲ့တဲ့လူကတော့ မြန်မာမဟုတ်ဘူး၊ အဲဒါကြောင့် တမင် မပြောသေးပဲနေတာ၊ "ဟာ၊ မြန်မာလည်း ဟုတ်ဘူးကွ" ဆိုပြီး ဖတ်ချင်စိတ်လျော့သွားမှာစိုးလို့ :P ကိုနဗနအကြောင်းကိုတော့ အားလုံးပဲ အလွယ်တကူ သွားဖတ်နိုင်တဲ့အတွက် အခုဒီပို့စ်မှာ တရုတ်လို နားမလည်တဲ့ စာဖတ်ပရိသတ်အတွက် "အဲဒီလူ" အကြောင်းပဲ အသားပေးရေးမှာပါ၊ ဘာပဲဖြစ်ဖြစ်၊ အိပ်မပျော်ရင် ဆက်ဖတ်ပါ။

အဲဒီလူက ကျနော့်နဲ့ ရွယ်တူပဲ၊ သုံးဆယ်ကျော်ပေါ့။ ဒါပေမဲ့ သူ့ကိုဖုံးလွှမ်းထားတဲ့ အရှိန်အဝါတွေ၊ ဂုဏ်ပုဒ်တွေ၊ ဇာတ်လမ်းတွေ၊ အပုပ်နံ့တွေက အနှစ်သုံးဆယ်စာနဲ့ မမျှအောင်ပဲ၊ ကျနော့်အနေနဲ့ ဒီလိုလူတစ်ယောက်ကို စိတ်ဝင်တစားရှိတာ သူ့လုပ်ရပ်တွေ၊ အတွေးအခေါ်တွေအပြင် အသက်ချင်း တူနေတာကြောင့်လည်း ဖြစ်မှာပါ။ မကြာမကြာ စဉ်းစားမိတယ် "သူများတွေ ဒီလောက်အရွယ်နဲ့ ဒီလောက်ထိ သွားပြီးသွားပြီ၊ ငါကတော့ အခုထိ ဒုံရင်းက ဒုံရင်း..." ဆိုပြီးတော့။ ပြိုင်ချင်တုချင်လို့ အဲလိုတွေးတာတော့ မဟုတ်ပါဘူး၊ ကိုယ့်ကိုကိုယ် သုံးသပ်တာလောက်ပါ၊ ယှဉ်နိုင်စရာ လုံးဝကို မရှိပါဘူး၊ တူတာဆိုလို့ အသက်ပဲရှိတာလေ။ ဘဝပေးကုသိုလ် (သို့မဟုတ် တာထွက်မှတ်) က လုံးဝမှ မတူတာပဲ။

သူ့ဝက်ဘ်ပေ့ခ်ျမှာ (အဲဒီတုန်းက ဘလော့ဂ် ဆိုတဲ့ဝေါဟာရ အခုလို ခေတ်မစားသေးဘူး၊ ဆိုတော့ အင်တာနက် စာမျက်နှာလို့ပဲ အတိုခေါ်ခဲ့တယ်) ရေးစီးကမ်းပြို ရေးထားတဲ့ စာတွေ၊ ပုံတွေကို ဖတ်ရင်း ဖတ်ရင်း လူက အလိုလိုတက်ကြွလာတယ်၊ အားကျစိတ်တွေ တဖွားဖွား ပေါ်ခဲ့တယ်၊ အခုထိပါပဲ၊ သူ့မှာ တဖက်သားကို ကူးစက်ပေးနိုင်တဲ့ အားအင် energy အပြည့်ရှိတယ်။ "လုပ်ချင်တာ၊ လုပ်နိုင်တာ ချက်ချင်းထလုပ်၊ တွေးမနေနဲ့၊ ငေးမနေနဲ့၊ လူ့ဘဝ သက်တမ်းတိုတိုလေးကို အပြည့်အဝ အသုံးချပစ်၊ တစ်ခုခုလုပ်ရင် ရှိသမျှအင်အား ကုန်ခမ်းသွားတဲ့အထိ စိတ်နှစ်ပြီးလုပ်ပစ်" စတာတွေက သူ့ဆီက ဒရစပ်ပေးနေတဲ့ မက်ဆေ့ခ်ျတွေပဲ။ ကျနော်တို့ အဲလိုစာတွေ တက်ကျမ်းတွေ ဖတ်ဖူးကြလိမ့်မယ်၊ ဒါပေမဲ့မတူတာက ဒီလူက မျက်စိရှေ့မှာ အရှင်လတ်လတ်ကြီးဗျ၊ သူ့ဘဝကို သူ့အာဘော်အတိုင်းပဲ ပယ်ပယ်နယ်နယ် ဖြတ်သန်းပြနေတာ၊ ဘုရားသခင်က သူ့ကိုပေးထားတဲ့ ကြွယ်ဝခြင်း၊ ထက်မြက်ခြင်း၊ သန်စွမ်းခြင်း၊ ရဲရင့်ခြင်း စတဲ့ ကောင်းချီးတွေကို လောင်စာအဖြစ် အပြည့်အဝ အသုံးချပြီး သူ့ဘဝမီးလျှံကို အတောက်ပဆုံးဖြစ်အောင် ထွန်းညှိနေတာပဲ။

စ ရရင်ဖြင့်၊ သူ့ဘက်ဂရောင်းကနေပဲ ပြောရမှာပဲ။ "အဲဒီလူ" ကတော့ ထိုင်ဝမ်ကျွန်း တောင်ပိုင်းက ကောင်းရှုံမြို့သား၊ ထိုင်ဝမ်ကျွန်းလေးကို သေမလောက်ချစ်ပြီး ပြည်မကြီးကနေ ခွဲထွက်ရေးကို ထောက်ခံအားပေးတဲ့ အစိမ်းရင့်မိသားစုက ကြီးပြင်းလာတဲ့ လီခွန်းလင်း ပါပဲ၊ မွေးရပ်ကနေ ဂျာမနီကို အပို့ခံရပြီး အဲဒီက မိသားစုတစ်ခုနဲ့ ဟုမ်းစတေး နေခဲ့ရာက ငယ်စဉ်အခါက ရှက်တတ်ကြောက်တတ်တဲ့ မောင်ခွန်းလင်း အရှက်တရားကင်းသွားပြီး လုပ်ရဲကိုင်ရဲတဲ့လူ ဖြစ်သွားခဲ့တယ်။ နောက်တော့ ထိုင်ဝမ်ပြန်တယ်၊ တခါ ဩော်ဇီ ကွင်းစလန်တက္ကသိုလ်မှာ ကျောင်းသွားတက်တယ်၊ အဲဒီကနေ အထူးချွန်ဆုံး ၁၀ ယောက်ထဲပါပြီး ယူအက်စ် အိုဟိုင်းအိုးမှာ Ph.D. အတန်း ခုန်ကျော်တက်ဖို့ ဖြစ်လာတယ်၊ ဘွဲ့ရပြီး ဒေါက်တာခွန်းလင်း ဖြစ်သွားတဲ့နှစ်မှာ သူ့အသက်က ၂၇ ပါ၊ ကျနော် စားပွဲထိုးအလုပ်တစ်ဖက် ကျောင်းစာ တစ်ဖက်နဲ့ လုံးပန်းနေတဲ့ အချိန်ပေါ့။ သူ ဘာသာစကား ၄ မျိုးတတ်တယ်၊ ဂျာမန်၊ အင်္ဂလိပ်၊ တရုတ် နဲ့ ဂျပန်ပါ။ အပြောများဆုံး ဘာသာစကားက ထိုင်ဝမ်သားတွေ ပြောကြတဲ့ ဖူကျန်စကားပါ။ ဒါတွေက များလှစွာသော wow factor တွေထဲက တချို့တဝက်ပါ၊ သို့သော် သူအင်တာနက်ပေါ်မှာ နာမည်အရမ်းကြီးတဲ့ အကြောင်းရင်းက အဲဒါတွေကြောင့်တင် မဟုတ်ဘူး၊ ဘဝကို ဘယ်ပုံဘယ်နည်း ဖြတ်သန်းနေတယ်ဆိုတာ မဖုံးမကွယ် ရေးချရဲတဲ့ ပွင့်လင်းမှုကြောင့်ပါပဲ။

သူခရီးသွားတာ အင်မတန်ဝါသနာပါတယ်၊ သူ့ခရီးသွားမှတ်တမ်းတွေကပဲ အဲဒီကတည်းက စာဖတ်သူ အရေအတွက် သိန်းချီစေခဲ့တာပါ၊ အင်မတန် ဖတ်လို့ကောင်းပြီး သူမတူအောင် ထူးခြားလွန်းတယ်။ အချိန်သာရှိရင် သူရေးခဲ့သမျှ စာတွေအားလုံး ဘာသာပြန်ဖို့ ကျနော်သူ့ကို အခွင့်တောင်း ကြည့်ချင်တယ်။ ဒါပေမဲ့ သူ့စရိုက်နဲ့ ခွင့်ပြုမှာ မဟုတ်လောက်ဘူး ထင်တာပဲ၊ ဘာလို့လဲဆိုတော့ သူနားမလည်တဲ့ ဘာသာတစ်ခုကို ပြန်လိုက်ရင် တိကျမှုရှိမရှိ သူမသိတော့ဘူး၊ လူချင်းရင်းနှီးရင်တော့ တမျိုးပေါ့၊ သူပေးချင်တဲ့ မက်ဆေ့ခ်ျ ပုံပြောင်းခံလိုက်ရမှာ သူအရမ်းစိုးရိမ်တယ်၊ ဒါကြောင့် မီဒီယာက ဗျူးဖို့တောင်းဆိုရင်တောင် လက်ခံချင်မှ လက်ခံတဲ့လူဗျ။ အဲ၊ သူ့ကို အသိမပေးပဲ ရှိသမျှစာကို တလုံးမကျန် ဘာသာပြန်တာမျိုးတော့ ကျနော်လည်း မလုပ်ချင်ပြန်ဘူး။ ဒါပေမဲ့ ဒီလိုလူတစ်ယောက် ရှိတဲ့အကြောင်း မြန်မာမိတ်ဆွေတွေ သိစေချင်တော့လည်း မအောင့်မအီးနိုင်ပဲ ဒီပို့စ်မျိုးကို တင်ရပါတယ်။ သူ့ဆီက အင်အားတွေ နည်းနည်းဖြစ်ဖြစ် ကူးစက်သွားလည်း တင်ရကျိုးနပ်တာပဲ။ အထူးသဖြင့် အခုလို အကြောင်းတိုက်ဆိုင်နေတဲ့ အချိန်မှာ ရေးဖို့အသင့်တော်ဆုံး ထင်မိတာပဲ။

အပေါ်မှာရေးခဲ့သလို သူဟာ ဂျာမနီ၊ ဩော်ဇီ နဲ့ ယူအက်စ် သုံးနိုင်ငံမှာ စုစုပေါင်း ၁၅ နှစ်တာ နေခဲ့တယ်၊ အသက် ၃၀ မပြည့်သေးခင်မှာ နိုင်ငံပေါင်း ၃၃ နိုင်ငံ ရောက်ဖူးသွားပြီ၊ ယူအက်စ် နိုင်ငံပတ်ခရီး (Ph.D. ဖတ်နေတဲ့ ၂၀၀၂-၂၀၀၄ ကာလအတွင်းမှာ သူများတွေထက် စာတမ်းပေါင်း သုံးဆကျော် တင်ခဲ့ပြီး ဒေါက်တာဘွဲ့တစ်ခု ယူခဲ့တဲ့အပြင် ပြည်နယ်ပေါင်း ၄၄ ခုကို ကားစုတ်တစ်စီး အင်တာနက်ပေါ်က ဝယ်ပြီး ကောင်မလေးနှစ်ယောက်နဲ့ ပတ်ခဲ့တယ်၊ နှင်းလျှောစီးသင်တယ်၊ အရှေ့နဲ့အနောက် ကမ်းရိုးတန်းက တောင်ပေါင်း ၁၃ လုံးကို တက်ခဲ့တယ်)၊ အာဖရိကခရီး၊ ပီရူးခရီး၊ ဥရောပခရီး၊ ၃၁ နိုင်ငံ ကမ္ဘာပတ်ခရီး၊ နောက်ပြီး များစွာသော ရည်းစားတွေအကြောင်း၊ မတူတဲ့ နေရာက ကျောင်းသားဘဝ၊ ကျောင်းပြီးတော့ ကိုယ်ပိုင်လုပ်ငန်း ထူထောင်တဲ့ ကုမ္ပဏီပိုင်ရှင်ဘဝ၊ လက်ရှိ အကြောင်းအရာ စသဖြင့် ဖတ်စရာ အများကြီးရှိတဲ့ ၁၉၉၉ ခုနှစ်က စရေးခဲ့တဲ့ သူ့ဘလော့ဂ်မှာ ပုံမှန် မှတ်တမ်းတွေနဲ့ မတူတာက ရှိသမျှ ကိစ္စတွေကို ဘွင်းဘွင်းကြီး ရေးပစ်တာပဲ၊ ရီစရာ နောက်ကွယ်မှာ သူ့ရဲ့ ရှင်သန်နိုင်စွမ်း၊ စွန့်စားနိုင်စွမ်းတွေကိုလည်း တွေ့ရတယ်။ နိုင်ငံချစ်စိတ် (ကျွန်းချစ်စိတ်?) အပြည့်ရှိတော့ ဘယ်သွားသွား ထိုင်ဝမ်အလံ သယ်သွားတတ်တာ၊ ဓာတ်ပုံရိုက်ရင် ဘောင်းဘီချွတ် ရိုက်ကျင့်ရှိတာ စတာတွေအပြင် တာဘူးတွေဖြစ်တဲ့ ပြည့်တန်ဆာနဲ့ တစ်ညတာ ဆိုတာမျိုးပါ ရေးမှတ်ထားတယ်။ ဒါကြောင့်လည်း သူ့ကို အားကျသူရှိသလို တချို့လုပ်ရပ်တွေကို လက်မခံနိုင်တဲ့ စာဖတ်ပရိသတ်လည်း သူ့ကို အရူးလို့ ခေါ်ကြပါရဲ့။ အဲ၊ သူ့ထိုင်ဝမ်ချစ်စိတ်ကို သောက်ညင်ကပ်တဲ့ ပြည်ကြီးတရုတ်တွေ ကတော့ တွေ့ရာသချိုံင်း ဓားမဆိုင်းဆိုပဲ။ အဲဒါက သူရဲ့ ပထမ အနှစ် ၃၀ (လူတစ်ယောက်ဟာ အသက် ၃၀ မှာ အိမ်ထောင်၊ အလုပ်အကိုင် စတာတွေ အခြေတကျ ဖြစ်ရမယ်လို့ ကွန်ဖြူးရှပ်က ဆိုခဲ့ပါတယ်) မတိုင်မီ ကာလတွေပေါ့။ ၃၀ ကျော်လာပြီး ဒုတိယ အနှစ် ၃၀ ကို ဝင်ရောက်လာတဲ့ လီခွန်းလင်းက ပုံစံတမျိုးပြောင်းပြီး ဖြတ်သန်းနေတာကို နောက်မှာ ဆက်ရေးသွားပါမယ်။ (ကိုးကားတဲ့ လင့်ခ်တွေလည်း နောက်ဆုံးပို့စ်မှာ အကုန်တင်ပါမယ်)

ပွင့်လင်းတာကိုပဲ ဆက်ကြပါစို့၊ ဥပမာ သူဩော်ဇီမှာ ကျောင်းတက်တုန်းက ဘယ်လိုပျော်တာ၊ ဘယ်လို ကြိုးစားတာကို ရေးမှတ်ထားတယ်။ အဲဒီထဲမှာ လမ်းဘေးမှာ သူတောင်းစား ယောင်ဆောင်ပြီး တောင်းရမ်းတာလည်း ပါတယ်၊ လည်ပင်းနောက်မှာ မြန်မာအလံနဲ့ ဆင်တူတဲ့ ထိုင်ဝမ်အလံလေး ထိုးထားပြီး လမ်းဘေးမှာ ဂီတာတီး တောင်းရမ်းနေတဲ့ပုံကို ကျနော် အရမ်းသဘောကျတယ်။ ငယ်ငယ်တုန်းက အားကစားမှာ မထူးချွန်ခဲ့ပေမယ့် ကြီးလာတော့ စွန့်စားမှုကို ခုံမင်လာတဲ့သူဟာ တောင်ကမ်းပါယံကို တွယ်ကုတ် တက်ရတာမျိုး၊ ရေခဲပြင်လျှောစီးတာ၊ ရေပေါ်ရှုပ်တိုက် လျှောစီးတာ စတဲ့ အပြင်းစား အားကစားမျိုးကို ကြိုက်လာတယ်၊ သူ့ရဲ့ ခံနိုင်ရည် အတိုင်းအတာကို စမ်းနေတာပါ တဲ့။ ကမ္ဘာပတ်ခရီးကိုလည်း သူများတွေလို လည်လို့ပတ်လို့ကောင်းတဲ့ မြို့တွေပဲ ရွေးသွားတာမဟုတ်ပဲ တောင်ဝင်ရိုးစွန်းအထိ သွားခဲ့တယ်။ အဲဒီက ရေခဲတွေဝိုင်းနေတဲ့ အိုင်လေးတစ်ခုထဲ ထုံးစံအတိုင်း ကိုယ်လုံးတီးနဲ့ ခုန်ဆင်းခဲ့သေးတယ်၊ လက်ထဲမှာတော့ ထိုင်ဝမ်အလံနဲ့ပေါ့။ အဲဒီပုံလေး မီဒီယာမှာ ဟိုးဟိုးကျော် ဖြစ်ခဲ့သေးတယ်။

(ဆက်ပါဦးမည်)
--
ဖတ်ချင်ကြလားမသိဘူး၊ ကျနော်ရေးရတာတော့ အရသာရှိနေတာပဲ။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.