Friday, November 7, 2008

[ညိမ်းညို] 1 New Entry: ညင်းသွဲ့လေပြေ တိုက်ခတ်ဆဲ...

ညင်းသွဲ့လေပြေ တိုက်ခတ်ဆဲ...

ညင်းသွဲ့လေပြေတိုက်ခတ်ဆဲ
ဘ၀ကို သီချင်းလေးတစ်ပုဒ်လို သာသာညင်းညင်းဆိုပြချင်တယ်
ကြင်နာသူအတွက် ရှင်သန်နိုးကြားနေမဲ့အကြောင်း
သတင်းကောင်း ပါးပါရစေ။

ညင်းသွဲ့လေပြေကြား
ပူလောင်မှုတွေကို ပြားပြားဝပ်စေမဲ့
နှင်းသက်ညတွေမှာ ထွန်းလင်းတောက်ပစေမဲ့
ကြင်နာခြင်းမီးအိမ်လေး
ထက်အောက်စုန်ဆန် ပြေးလွှားနေမယ်ဆိုတဲ့အကြောင်း
သတင်းကောင်း ပါပါရစေ။

ညင်းသွဲ့လေပြေနဲ့
ဗလောင်ဆူဝေနေမဲ့ ပူပင်သောကလှိုင်းတွေ
အပြိုင်းအရိုင်းတိုက်ခတ် လောကဓံလေနီကြမ်းတွေ
ဘ၀ခရီးရဲ့ အနိမ့်အမြင့်အတက်အဆင်းတွေအတွက်
မေတ္တာကိုတံတားခင်း
သစ္စာတရားနဲ့ လမ်းရှင်းပေးချင်တယ်
ရဲရဲသာ နင်းလျှောက်ပါကေ...။

ချစ်တဲ့ကေရေ
ညင်းသွဲ့လေပြေတန်ခိုးနဲ့
ကိုယ်တို့ခွဲခွာခဲ့ရသမျှ အတိုးချလို့
အမျိုးမျိုးအဖုံဖုံ ဖန်တီးတည်ဆောက်ကြမယ်။

"တို့ဖောက်မဲ့လမ်း
သစ္စာပန်းတို့ လျှမ်းလျှမ်းဝေစေကွယ်"
မြတ်နိုးရပါသော ကိုယ့်ချစ်သူလဲ
အေးစေ...မြစေ...လန်းဆန်းစေ
ကြည်နူးရွှင်လန်း ချမ်းမြေ့ပါစေလေ....။

ညိမ်းညို

- ဒီနေ့လေး အတွက် ဒီကဗျာလေးကို အမှတ်တရတင်ပါတယ်ခင်ဗျာ :) :) :)

You received this email because you are subscribed to the real_time feed for http://nyeinnyo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.