Friday, November 7, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: တွေးမိတွေးရာ

တွေးမိတွေးရာ

အခုတလော အရမ်းချုချာတယ်သိလား။ တိတိကျကျပြောရရင်တော့ Hokkaido က ပြန်လာပြီးကတည်းကပဲ။မနှစ်က ဖေဖော်ဝါရီ က သွားခဲ့တာလေ။ :z အရမ်းအေးတဲ့အချိန်မှာ နှင်းမမြင်ဘူးတဲ့ ကျမက နှင်းတွေနဲ့ နေ့စဉ် ရက်ဆက် ထိတွေ့ခဲ့တယ်။ ;) Hokkaido ကလည်း ပြန်လာရော၊ ဖျားပါလေရော။ :( ဖျားတာမှ အကြီးအကျယ်ပဲ။ ချောင်းတွေကလည်း ဆိုးလွန်းလို့ နံရိုးတွေတောင် ယောင်တဲ့ အထိ။ အစကတော့ ဆေးသောက်ရမှာ၊ ဆေးခန်းသွားရမှာ ကြောက်တဲ့ အတွက် ကြိုက်မှိတ်ပြီး နေသေးတယ်။ အိမ်မှာ ရှိတဲ့ ဆေးတွေပဲ သောက်ပြီး နေနေတာ နောက်ဆုံး အိပ်လို့တောင် မရလောက်အောင် နံရိုးတွေက နာလာတယ်သိလား။ ထိုင်လို့လည်း မရ၊ အိပ်လို့ လည်း မရအောင် အခြေအနေဆိုးလာတော့မှ တစ်ယောက်တည်း ဆေးရုံသွားရတော့တယ်။ ကြောက်လိုက်တာ။ :y

ရင်ဘတ်ကို တစ်ခါ၊ ကျောကို တစ်ခါ၊ ဘေးတိုက်အနေအထားနဲ့ တစ်ခါ ၊ သုံးနေရာတောင် ဓာတ်မှန် ရိုက်ခံခဲ့ရတယ်။ အဲလောက်တောင် ဓာတ်မှန်တွေ ရိုက်နေရတော့ လန့်လာတာပေါ့နော်။ ဘာများ ဖြစ်ပါလိမ့်ဆိုပြီး။ :c အဆုတ်ပဲ တစ်ခုခုဖြစ်လား၊ ဘာလားနဲ့ ဆေးရုံမှာ တစ်ယောက်တည်း ငိုလိုက်ရတာ။ :c Result ထွက်လာတော့ အရမ်း အေးလွန်းတဲ့ နေရာကို တစ်ခါမှ မရောက်ဖူးပဲ သွားတဲ့အတွက် အအေးပက်သွားတာပါတဲ့။ ချောင်းတွေလည်း ဆိုးလာတော့ အထဲက နံရိုးတွေက ယောင်လာတာတဲ့။ ချောင်းဆိုးပျောက်ရင် အဲဒီ နံရိုးနာတာတွေလည်း ပျောက်သွားမယ်တဲ့။ တော်ပါသေးရဲ့။ :y ရောဂါ ထွေထွေထူးထူးမရှိလို့။ ;) ဒါပေမယ့် ၊ နှစ်လလောက် ခံလိုက်ရတယ်။ သေသေချာချာ အဖျားပျောက်ဖို့ကိုလေ။ :p

ဆိုင်မဆိုင်တော့မသိဘူး။ အဲဒီတစ်ခေါက် ဖျားပြီးကတည်းက ခဏခဏ ဖျားတော့တာပဲ။ ဖျားရင်လည်း ခဏနဲ့ မပျောက်။ အဖျားပျောက်ဖို့ အနည်းဆုံး၊ သုံးရက်ကြာတယ်။ ကိုယ့်ကို ကိုယ် ဂရုမစိုက်တာလည်းပါတယ်။ အဖျားက နာတာရှည်တာလည်းပါတယ်။ ပြုစုမယ့် လူမရှိတာလည်း ပါတယ်။ အဲလို အချိန်ဆို အိမ်ပြန်ချင်လိုက်တာ။ မေမေ့ကို ပိုလွမ်းတယ်သိလား။ :z မိသားစုကိုလည်း လွမ်းတယ်။ အကြောင်းအမျိုးမျိုးကြောင့် အိမ်မပြန်ရတာ နှစ်နှစ်ရှိတော့မယ်။ ရေးနေရင်းနဲ့ အိမ်ပြန်ချင်စိတ်တွေ ပိုပြီး ဖြစ်လာပြီ။ :c

နောက်ပြီး မွေးနေ့လည်းရောက်တော့မယ်လေ။ :z မွေးနေ့မှာ မိသားစုနဲ့ ခွဲနေရတာ ဒီတစ်ခါနဲ့ဆို လေးခေါက်မြောက်ပေါ့။ တစ်ယောက်တည်း မွေးနေ့ လုပ်ရတဲ့ အခြေအနေကြီးကို မရောက်ချင်ဘူး။ မွေးနေ့ရောက်ရမှာတောင် ကြောက်လာပြီ။ မနှစ်ကကော၊ တစ်နှစ်ကကော အိမ်ကို လွမ်းလွန်းလို့ လွမ်းဖျားဖျားပြီး မွေးနေ့တိုင်း ဆေးခန်းသွားရတယ်။ အစကတည်းက ဖျားမှာ ကြောက်ရတဲ့ ကြားထဲ မွေးနေ့လို နေ့မျိုးမှာ ဆေးခန်းဆိုတော့ ဟင့် ဟင့်။ ဒီတစ်ခါ မွေးနေ့ကျရင်တော့ မဖျားအောင် နေမှပဲ။ ဒါပေမယ့်၊ အခုထိ အဖျားက ကောင်းကောင်း မပျောက်သေးတော့ စိတ်ညစ်တယ်သိလား။

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.