Friday, November 7, 2008

[HEALTH INFORMATION] 1 New Entry: ကျောင်းသားဘဝကဗျာများ (Poem)

ကျောင်းသားဘဝကဗျာများ (Poem)


ကျွန်တော့်ရဲ့ ကျောင်းသားဘဝကတော့ ၁၉၈၆-ကနေ ၁၉၉၆ ထိ ၁၀နှစ်တာ ကာလပဲဖြစ်ပါတယ်..ကြားထဲ
မှာ ၈၈ အရေးအခင်းကြောင့် ကျောင်း ၃-နှစ် ပိတ်တာနဲ့ ၇-နှစ် တက်ရမယ့် ကျောင်းကို ၁၀-နှစ် တိတိ တက်
ခဲ့ရပါတယ်.. ၁၉၈၆ မှာ ၁၀ တန်းအောင်ပြီး ၈၆-နိုဝင်ဘာမှာပဲ မန္တလေးဆေးတက္ကသိုလ် ပထမနှစ် (1st M.B) စတက်ခဲ့ရတယ်.. ၁၉၉၆-မတ်လမှာ နောက်ဆုံးနှစ် အပိုင်း(ခ) ပြီးဆုံးခဲ့ပါတယ်..ကျောင်းသားဘဝကာလမှာ
ထုံးစံအတိုင်း သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး (စာမေးပွဲ မရှိတဲ့အချိန်တွေ ပြောတာပါ) သွားအတူ လာအ
တူ လည်အတူ သောက်အတူ ရိုက်အတူ မှောက်အတူ .......အတူ တွေနဲ့ နေလာခဲ့တဲ့အချိန်တွေ တုန်းက အ
ပျော်စပ်ခဲ့တဲ့ ကဗျာတွေဟာ အခုချိန်မှာတော့ သတိရအောင့်မေ့စရာတစ်ခု ဖြစ်ခဲ့ပါတယ်..အခုဆိုရင် အားလုံး
အသက် ၃၉-၄၀ ဝန်းကျင်တွေ ရှိနေကြပါပြီ...ကဗျာထဲမှာတော့ ဒွေးချိုး၊ လေးချိုး၊ တြိချိုး ကဗျာတွေကို နှစ်
သက်ခဲ့တော့ အဲဒီပုံစံတွေပဲ စပ်ဖြစ်ခဲ့ပါတယ်..သူငယ်ချင်းတွေရဲ့ နာမည်ရင်း၊ နာမည်ပြောင်တွေနဲ့ ထည့်ပြီး ရေးခဲ့ပါတယ်.. သည်းခံပြီးတော့ ဖတ်ပေးကြပါ...။

လေပိနဲ့ကျော်ဦး

ပျော်မြူးကြအေးကြူ ၊

မူးကြရင်ဆူ.....၊

အအိပ်မက်ကိုသူ

အပြောထူပေါက်ကြွား၊

ကဗျာဆရာမိုက်ကယ်တစ်ယောက်တော့

ကျောက်သပိတ်သွား.....။





ကျွန်တော်တို့ တတိယနှစ် (3rd M.B) မှာ ယာယီဟောခန်း အဆောင်နဲ့ တစ်ခန်းကို ရ ယောက်
၈ ယောက် နေခဲ့ရပါတယ်..တစ်ခန်းထဲနေ သူငယ်ချင်းတွေ အကြောင်း အမှတ်တမဲ့ စပ်ခဲ့မိတဲ့
ကဗျာပါပဲ။

နဖူးပြောင်ဘဘဦး

ဇာတ်ရူးတဲ့မျက်ခုံးမောင် ၊

ဝိုင်းလို့သာလှောင်...၊

ပီချေးကခပ်ကြောင်ကြောင်

မျိုးအောင်တဲ့အရှည်ကြီး၊

ဖိုက်ကဒ်*မောင်လေပိနဲ့ နီးတော့

ဇီးသီးကငြီး...။


ဖိုက်ကဒ်* = "Five Cards"

You received this email because you are subscribed to the real_time feed for http://drwinthein.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.