Friday, November 7, 2008

[Sai Wunna] 2 New Entries: ဟန်ဆောင်နေကြသူများ

ဟန်ဆောင်နေကြသူများ

တနေ့ ကျွန်တော်တို့ရပ်ကွက်သို့ ၀န်ကြီးချုပ်လာမယ် ဆိုလို့ ရပ်ကွက်လူကြီး တိုင်းမှူး မယက အားလုံးစုံနေတာပဲ .. ပျာပျာသလဲ လုပ်နေကြတာ မလာခင်တပတ်လောက်ထဲက လုံခြုံရေးတွေ ချထားပြီး လမ်းများလည်းပြုပြင် မြက်တွေလည်းရှင်း  ကိုရပ်ကွက်တောင် ကိုယ် မျက်စိမှားသွားတယ် ငါရပ်ကွက်မှ ဟုတ်ရဲ့လားလို့ ပေါ့ .. ဖြစ်ချင်တော့ ၀န်ကြီးချုပ်ကမလာဘူး ….ဟားဟား  ဘယ်ပြောကောင်းမလဲ ရပ်ကွက်တော့တော်တော်သန့်သွားတယ် . …… ဟားဟား ..

ဒါကိုအတုယူလို့ ကျွန်တော် အခွန်ရုံးမှာ လုပ်တဲ့အခါ … ရုံးက သန့်ရှင်းရေးမလုပ်တာကြာတော့ ညစ်ပတ်နေတာ … လုပ်မယ်လို့ပြောတော့လည်း ဘယ်သူမှ ကိုယ့်စကားနားမထောင် ဒါကြောင့် လူကြီးတွေကိုပြောတော့လည်း အရှုပ်တွေလုပ်နေတယ်လို့ပြောတယ် …  ကဲ … ဒီတော့ ကျွန်တော့မှာ ကြံရပြီပေါ့ ….

နောက်တနေ့မနက် ရုံးလာလာချင်း ရုံးကို ချက်ချင်းမ၀င်သေးဘဲ ရုံးရှေ့က လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီး အာနေတာ  ဒီနေ့ ငါတို့ရုံးကို ဒုဝန်ကြီး ရှောင်တခွင်ဝင်မယ်လို့ ကြားတယ်ကွ  ငါသူငယ်ချင်း နေပြည်တော် ၀န်ကြီးရုံးက ကြားလာတာကွ  … လို့လဲဖောက်လိုက်ရော  သကောင့်သားက  မျက်နှာလိုမျက်နှာရနဲ့ လူကြီးတွေကို လိုက်ဖွရော … လူကြီးတွေလဲ ဖုန်းဆက်လှမ်းမမေးရဲ … နေပြည်တော်ကို  ( သူတို့အဖေတွေတော့ကြောက်တတ်သားဗျ ) … ဒါကြောင့် တခါမှ သန့်ရှင်းရေးစိတ်မ၀င်စားတဲ့ ဒုညွှန်မှူးက တိုက်ပုံ အကျီ င်္ဝတ်ပြီး ဟေ့ကောင်တွေ ဟိုဟာလုပ် ဒီဟာလုပ်ပေါ့ ( သူ့ကိုကြည့်ပြီး လွင်မိုး VE VE အချိုရေ ကြေညာကို သွားသတိရတယ်ဗျ  ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ငါလဲမလုပ်တတ်ဘူး ) လွင်မိုး စတိုင်နဲ့ ဟားဟား….  ကျွန်တော်မှာလေ ရီချင်လွန်းလို့ ကြိတ်ပြီးရီရတာ မျက်ရည်တောင်ကျတယ် … သိပ်မကြာပါဘူး ရုံးတရုံးလုံးပြောင်နေတာပဲ …  ကျွန်တော်လည်းမသိမသာ နေနေလိုက်တော့တယ်ဗျာ … နောက် ဘယ်ဝန်ကြီးမှ လည်းမလာဘူး …. ဟား ဟား .. ဒီတော့လူကြီးတွေက ရှက်ခိုးရှက်ခန်းနဲ့ သူမလာလဲ ငါတို့ရုံးသန့်ရှင်းကိုလုပ်ရမှာဘဲလို့ ပြောပြီး … ဖြေသိမ့်လိုက်ပါတော့တယ်ဗျာ ……

အာကာမိုးသူ

အလုပ်သမား ၂၀၀ ခန့် ပါဝင်သည့် ဆန္ဒပြပွဲ စစ်တွေတွင် ပေါ်ပေါက်ခဲ့

အလုပ်သမား ၂၀၀ ခန့် ပါဝင်သော ဆန္ဒပြပွဲတရပ် စစ်တွေမြို့တွင် လွန်ခဲ့သော အောက်တို ဘာလ ၂၇ ရက်နေ့က ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိသည်၊အဆိုပါ ဆန္ဒပြပွဲမှာ အလုပ်သမားများအပေါ် လစာဖြတ်တောက်မှုနှင့် ဖယ်ရီကား အစီအစဉ်ကို စက်ရုံပိုင်ရှင်များက ရုတ်သိမ်းမှုစသည်တို့ကို အခြေခံပြီး ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။

တရုတ်စီးပွားရေးသမားများနှင့် ဒေသခံ စီးပွားရေးသမားများ ပိုင်ဆိုင်သော ယမင်းသော်တာ ပုဇွန်ထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားတဦး တနေ့ အလုပ်ပျက်ကွက်လျှင် ကျပ်ငွေ ၁၅၀၀ ဖြတ်တောက်ပြီး ယခင်က အလုပ်သမားများ ရုံးတက်ရုံးဆင်းတွင် စီစဉ်ပေးထားသော ဖယ်ရီကား အစီအစဉ်ကို ဖြတ်တောက်ခဲ့သည်။

အလုပ်သမားတဦး၏ လစာမှာ တလ ၁၈၀၀၀ ကျပ်သာရှိသော်လည်း အကြောင်း အမျိုးမျိုး ကြောင့် တနေ့အလုပ်ပျက်ကွက်လျှင် ကျပ်ငွေ ၁၅၀၀ ဖြတ်တောက်မှုအပေါ် အလုပ်သမား မကျေနပ်ရာမှ အောက်တိုဘာလ ၂၇ ရက်နေ့က စက်ရုံသို့ သွားခဲ့ကြသော်လည်း အလုပ် မဆင်းဘဲ နေခဲ့ကြသည်။

၎င်းပြင် နောက်ထပ် သုံးရက်တိတိ အလုပ်မဆင်းဘဲ နေထိုင်နေစဉ် စက်ရုံပိုင်ရှင်များမှ ဖယ်ရီကားကို ဆက်လက် စီစဉ်ပေးနိုင်မည် မဟုတ်သော်လည်း လစာဖြတ်တောက်မှုကို ပြုလုပ်မည် မဟုတ်တော့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သဖြင့် နောက်ပိုင်းတွင် အလုပ်သမား များ အလုပ်ပြန်ဆင်းခဲ့ကြသည်ဟု သိရသည်။

ယမင်းသော်တာ ပုဇွန်စက်ရုံမှာ ဒိုးဝန်းရွာ ရပ်ကွက်တွင် တည်ရှိပြီး ရခိုင်ပြည်ထွက် ပုဇွန်များကို ထုတ်ပိုးပြီး ရန်ကုန်အပါအ၀င် နိုင်ငံခြားသို့ ပုဇွန်များ တင်ပို့သည့် စက်ရုံတရုံ ဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://saiwunna.focusburma.com/?feed=rss2. To change your subscription settings, please log into RSSFWD.