Friday, November 7, 2008

[Smoke & Spice] 1 New Entry: အာလူး ပုဇွန်ဟင်း

အာလူး ပုဇွန်ဟင်း

ဒီနေ့တော အာလူးပုဇွန်ဟင်းလေးချက်ဖို့ စီစဉ်ထားပါတယ်။ အာလူး ကို
မချက်ခင် ပြုတ်ထားရပါမယ်။ ပုဇွန်ကိုတော့ အခွံတွေနွှာပြီး၊ သင်ထား
ရပါမယ်။

အာလူး ပုဇွန်ဟင်းအတွက်လိုအပ်တဲ့ အရာတွေကတော့

ပုဇွန်
အာလူး
အရောင်တင်ငရုတ်သီးမှုန့်
နနွင်း
ငံပြာရည်
ကြက်သွန်ဖြူ၊ ကြက်သွန်နီ
ခရမ်းချဉ်သီး
နံနံပင်
ငရုတ်သီးစိမ်း
မဆလာအနည်းငယ် တို့ပါပဲ။

အာလူးကို ကျက်အောင်ပြုတ်ထားရပါမယ်။ သိပ်မပျော့ခင်မှာပဲ
ချလိုက်ပြီး၊ အနေတော်လေးတွေ တုံးထားပါ။ ပုဇွန်ကိုတော့ ဆား
နှင့် နနွင်းနယ်ထားရပါမယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ကို ထောင်း
ထားပြီး၊ ခရမ်းချဉ်သီးကို အတုံးလေးတွေလှီးထားပါ။

ချက်မည့် အိုးထဲသို့ ဆီထည့်ပြီး ၊ ဆီကျက်လာလျှင် ကြက်သွန်ဖြူ၊နီ
ဆီသပ်ပါ။ အနံသင်းလာလျှင် အရောင်တင် ငရုတ်သီးမှုန့်ထည့်ပါ။
ခရမ်းချဉ်သီးပါ တဆက်တည်းထည့်ပြီး မွှေပေးပါ။ ခရမ်းချဉ်သီးတွေ
ကျေပြီး လိပ်လာလျှင်၊ အာလူးပြုတ်ထားတာထည့်ပါ။ ရေအနည်းငယ်
ထည့်ပြီး အားလူးကို ချက်ပါ။  ငံပြာရည်၊ မဆာလာတို့ကိုထည့်ပါ။
အပေါ့အငံမြည်းပြီး အာလူးထဲသို့ ဟင်းအနှစ်အရသာစိမ့်ဝင်သည်အထိ
ချက်ရပါမယ်။

အားလူးအနည်းငယ်ပျော့လာလျှင်၊ ပုဇွန်ထည့်ပါ။ ရေလိုလျှင် ရေအနည်း
ငယ်ထည့်ပါ။ ပုဇွန်ကို ကြာကြာချက်လျှင် မာသွားတတ်ပါတယ်။ ပုဇွန်
လေးတွေကွေးလာလျှင် နံနံပင်၊ ငရုတ်သီးစိမ်းအုပ်ပြီးအိုးကို မီးပိတ်လို့
ရပါပြီ။


You received this email because you are subscribed to the real_time feed for http://smokenspice.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.