Friday, November 7, 2008

[HAN LIN HTUN] 1 New Entry: ဆရာမလေး

ဆရာမလေး



ဒီကောင်လေးကို ကြည့်ဖူးတာ တော်တော်လေးကို ကြာနေပါပြီ။ စိတ်ထဲမှာ စွဲသွားတာက ဗမာပြည် အကြောင်းကို ပြောထားတာရယ် သရုပ်ဆောင်တဲ့ ဆရာမလေး ကြောင့်ပါ။ တခါတလေ စဉ်းစားမိပါတယ်။ ကျောင်းတွေမှာ ဒီလို ဆရာမတွေရှိရင် သိပ်ကောင်းမှာပဲလို့။ :) :)

အခုကျနော်တက်နေတဲ့ အတန်းမှာတော့ သူနဲ့ခပ်ဆင်ဆင် ဆရာမတစ်ယောက်ရှိတယ်။ သူက ရုရှားနိုင်ငံသူပါ။ သူစာသင်တာထက် သူ့ပုံက ပိုကြည့်လို့ကောင်းနေတယ်။ ဒေါက်အမြင့်ကိုစီးပြီး ကော့တော့ ကော့တော့နဲ့ လက်လျှောက်တဲ့ စတိုင်က ကျောင်းသားတွေအတွက် ကြည့်စရာလို ဖြစ်နေတယ်။ 

စာသင်နေရင်လည်း စီးထားတဲ့ ခေါင်းစီးကို ဖြုတ်လိုက် တက်လိုက်နဲ့။ ကျနော်တို့ အခန်းထဲမှာ အာဖရိကန်တစ်ယောက်၊ ဗီယန်နမ်တစ်ယောက်၊ ကျနော်တို့ သုံးယောက်က တစ်ခုံထဲထိုင်တယ်။ ဆရာမ ၀င်လာပြီဆို အာဖရိကန်ကောင်က ပိုဆိုးတယ်။ ဆရာမကိုကြည့်ပြီး တချိန်လုံး ပေါက်ကတွေ ထိုင်ပြောနေတာ။ ကျနော်တို့က အနောက်ကနေ ဟီးဟီးဟားဟားလုပ်တဲ့ ကောင်တွေပေါ့။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.