Thursday, December 18, 2008

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: ပင်လယ်လေရှုသူ

ပင်လယ်လေရှုသူ

မြေပုံမပါတဲ့ ခရီးလမ်းတစ်ခု ဖြစ်မယ်ဆိုရင်တောင် ကိုယ်ဘယ်နေရာ
ရောက်နေသလဲဆိုတာ သိဖို့လိုအပ်တယ် အစချီထားတဲ့ စာသားတွေကို
အကြိမ်ကြိမ် အဖန်ဖန် ထပ်တလဲလဲ ဖတ်ရှုတွေးတောဖို့ လိုအပ်တယ်ဆိုရင်ပေါ့။
(ကဗျာတစ်ပုဒ်လား၊ စာတစ်ပုဒ်လား၊ အဲဒီအထဲမှာ ထည့်ရေးခဲ့ဖူးတဲ့ စာသား။)

ကိုယ်ဘယ်သူလဲဆိုတာ သိဖို့လိုအပ်ပါတယ်။ ကိုယ်ဘယ်သူဆိုတာ သိမှ
ကိုယ်ဘာလုပ်ရမလဲဆိုတာကိုလည်း သိနိုင်မယ်။ ဘုရားသခင်ဟာ ကိုယ့်ရဲ့အတူရှိနေသလိုပဲ
ကိုယ့်ရဲ့ ဘ၀ဆိုတာလဲ ကိုယ့်နဲ့အတူ ရှိနေတာပဲလေ။
(မကြာခင်လက်ထပ်တော့မည်ဟု ပြောဆိုအပြီး အန်နာဟဲလ်သာဝေးလ်၏ မှတ်ချက်စကား။)

“Someone named Godot, who never arrives” Wating for Godot မှ…
အခုချိန်မှာတော့ ကျွန်တော်ဟာ မောင်ချောနွယ်ရဲ့ ပင်လယ်လေရှုသူကို အမှတ်ရနေမိပါတယ်။
(မျက်မှောက်အချိန် တွေးတောနေမှုအကြောင်းအရာ။)

ပင်လယ်လေရှုသူ

(၁)
မရောက်ရှိသေးတဲ့ တစ်နေ့ဆိုတာမှာ မွေ့လျော်ခဲ့တယ်။

(၂)
ကျွန်တော့်မှာ ရိုးသားမှုနဲ့ နှလုံးသားအစစ်တစ်ခုက လွဲလို့ ဘာမှ အားကိုးအားထားစရာ မရှိခဲ့ပါဘူး။
တစ်နေ့ ဟုတ်ပါတယ်။ ကျွန်တော့်ဖက်မှာ တစ်နေ့ဆိုတာပဲ ရှိပါတယ်။ တစ်နေ့ဆိုတာကိုပဲ ကျွန်တော်
အပြင်းအထန် ယုံကြည်ပါတယ်။ ကျွန်တော့်ဖက်မှာ တစ်နေ့ဆိုတာပဲ အသေအချာရှိနေပါတယ်။
တစ်နေ့မှာ ကျွန်တော့်ရဲ့ချစ်သူ ညီမလေးမြင့်မှာ၊ ကျွန်တော့် သမီးလေးများမှာ၊ အရာဝတ္ထုအားလုံးမှာ၊
ဟောဒီ မဟာပထ၀ီနဲ့ ဟော့ဒီ အာကာသမှာ အမှန်တရားဟာ သဘာဝကျနစွာနဲ့ ပျော်ရွှင်ချမ်းမြေ့မှု၊
ကြည်လင်မှု၊ ငြိမ်းချမ်းလွတ်လပ်မှုတို့ကို ကျန သေသပ်စွာနဲ့ အသေအချာပေးအပ်မှာ ဖြစ်ပါတယ်။
ကျွန်တော်ရဲ့ အနုပညာပွဲတော် ကျင်းပမယ့်နေ့ပါပဲ။ ကျွန်တော်ဟာ အမှန်တရားရိုးသားမှုနဲ့ ကမ္ဘာကြီးကို
စစ်စစ်မှန်မှန် ချစ်ခဲ့တဲ့ ကဗျာဆရာတစ်ယောက် ဖြစ်လို့ပါပဲ။

(၃)
ကျွန်တော်ဟာဆိုရင် ဂေါ်ဂီနဲ့ မလွတ်ကင်းခဲ့ပါဘူး။
ကျွန်တော်ဟာ စတာလင်နဲ့ တင်တင်ညိုနဲ့
အရင်းကျမ်းနဲ့ ခရစ်တော်နဲ့
ဥက္ကဌမော်နဲ့ ဆိုဖီယာလော်ရင်းနဲ့
ဆိုကရေးတီးနဲ့ အငြိမ့်မင်းသမီးနှင်းနဲ့
ချီဂွေဗားရားနဲ့ ကွန်ပျူတာနဲ့
ပေါ်လ်ဗာကာရီနဲ့ ရွှန်ဆွန်မီးခြစ်နဲ့
ရီလေးတစ်သီအိုရီနဲ့ ဂျွန်းတစ်ရောဂါနဲ့
ကွန်မြူနစ်ဝါဒနဲ့ စပိန်ဂီတနဲ့
လုပ်(ဖ်)ပြတိုက်နဲ့ ဆွမ်ပရာဘုံနဲ့
ဒေါက်တာနော်မယ်ဘတ်သွန်းနဲ့ ပေါ်ပီပန်းနဲ့
မိုဟာမက်အလီနဲ့ ကရင်ဆော်ဒါနဲ့
ဆင်ဖိုနီနံပါတ် ၅နဲ့ ရေခဲသေတ္တာနဲ့
ဂျက်လန်ဒန်နဲ့ ကျည်ဆန်ရထားနဲ့
စပါတ်စကီးနဲ့ ဂျပန်ဖိနပ်နဲ့
ဘာထရန်ရပ်ဆဲလ်နဲ့ အရပ်ပျက်မလေးခင်မွှေးနဲ့
အဲလ်ဗတ်ကမူးနဲ့ ခြူးဆေးလိပ်နဲ့
ဗုဒ္ဓနဲ့ တယ်လီဗေးရှင်းနဲ့
ဈင်ဝါဒနဲ့ ဖဲကြိုးဝါနဲ့
တိတ်ရက်ကော်ဒါနဲ့ ချက်အရက်နဲ့
သခါင်္ရတရားနဲ့ ကိုရိုကိုလာနဲ့
ပရောဂနဲ့ အိမ်ဖြူတော်နဲ့
သဘာဝတရားနဲ့ ဒူးယားစီးကရက်နဲ့
တဏှာရာဂနဲ့ ဂိုယာရေမွှေးနဲ့ ဘာဆိုဘာနဲ့မှ မကင်းလွတ်ခဲ့ပါဘူး။ ဒီကမ္ဘာပေါ်မှာ အစ်ဇင်တွေကလည်း
အများကြီး၊ လူတွေကလည်း အများကြီးပဲ မဟုတ်လား။ ဒီတော့ ကျွန်တော့်မျက်စိနဲ့၊ ဦးနှောက်နဲ့၊
အသည်းနှလုံးနဲ့ (အာရုံငါးပါး) မထိဖူး၊ မတို့ဖူးတဲ့လူ၊ ၀ါဒ၊ အရာဝတ္ထု၊ တရားအခွေခွေ မရှိတော့ပါ။
အဲဒါတွေနဲ့ မကင်းလွတ်ဘူး။ ကျွန်တော် ဖြောင့်ချက်ပေးပါတယ်။ တစ်ချိန်တည်းမှာ အဲဒါတွေနဲ့
ဟောဒီ ကမ္ဘာကြီးဟာ မလုံလောက်ပါဘူးလို့ ကျွန်တော်ကတော့ ပြောချင်တာပါပဲဗျာ။ အဲဒီလို အရာရာနဲ့
မလွတ်ကင်းတဲ့အတွက် ကျွန်တော်ဟာ အသစ်ဖြစ်ခဲ့တယ်။

(၄)
ဘယ်သူမှ
သူ့ယုံကြည်ချက်ကို လုမယူပါစေနဲ့
ပိုသိတာဖြင့်
သူဟာသူ ယုံပါစေ…. ကွဲ့။
(ဂွည်ထည်)

(၅)
ဟောဒီမှာ…
ပျော်ရွှင်မှုများ ညနေ
ကြယ်လင်မှုများ အချိန်နာရီ
စင်ကြယ်မှုများ စံပယ်ပွင့်
ရိုးဖြောင့်မှုများ အောက်ဆီဂျင်
သန့်ရှင်းမှုများ သီချင်း
ငြိမ်းချမ်းမှုများ ပန်းသီး
လွတ်လပ်မှုများ အာကာသ
ချစ်ခြင်းမေတ္တာများ မဟာပထ၀ီ
ရယ်မောကခုန်သံများ အိမ်ရာ
လတ်ဆတ်မှုများ ကမ္ဘာကြီး။

(၆)
ခေယူဆန်ဖန် ဆိုတဲ့ ကမ္ဘောဒီးယားနိုင်ငံသားတစ်ဦးဟာ
အမေ သား ပင်လယ်လေ သွားရှုဦးမယ် ဆိုပြီး ကမ္ဘာကြီးထဲကို ပြန်မလာတော့ဘူးတဲ့။

မောင်ချောနွယ်
(၁၉၇၇)

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[khin oo may] 3 New Entries: BIRTHDAY

BIRTHDAY

TODAY IS MY BIRTHDAY 
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး  ရှေ့ဆက်ရမဲ ဘဝခရီး ချမ်းမြေ့ပါစေ လို့ ဆုတောင်းပါတယ်။

Blog reader/writer

ရေးသူ/ ဖတ်သူ

မေးခွန်း။ ဘာဖြစ်လို့ ဖတ်သူများက ဖတ်ရုံ့ဖတ်ပြီး ကွန်မက်မှာဖြစ်စေ။ စီဘောက်မှာဖြစ်စေ ဘာမျှ မရေးသွားတာလဲ?

စာဖတ်သူ မှအဖြေ။
မှတ်ချက် ရေးရတာ အချိန်ကုန်တယ် ။ ဘလော့တခုပြီးတစ်ခု။ ဝင်းဒိုး တစ်ခုပြီး တစ် ခု ဖွင့်သွား။ ပြီးရင်ဖတ်။ ဖတ်ပြီးရင်ပြန်ပိတ။် များများ လည်းဖတ်နိုင်တယ်/ အချိန် လည်း မကုန် ဘူး။ ;etc..

ရေးသူခံစားချက်
မှန်ပါတယ်။ သို့သော်ငြားလည်း အထူးသဖြင့် နာမည်ကြီး ဘလော့ မျိုးမှာ ဝင် လာ ကြည့် သွားကြတဲ့သူတွေ မနည်းဘူး။ တကယ်တန်း ရေးခဲ့တာ က ၁၀ ယောက် မပြည့်ဘူး။ အဲဒါ တော့ အတော် ခံစားရတယ်။ ရေးသူများကတော့ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေး မှာ ဘဲ။ အမှန် က ကိုယ့်ကို ဖတ်ချင် လို့ ဘဲ ရောက်လာလာ.။ မဖတ်ချင်ဘဲနဲ့ ဘဲ ရောက်လာလာ။ ရောက်ခဲ့ကြောင်း visited လေး တစ်ကြောင်းဘဲ ထားခဲ့ထားခဲ့ ကျေနပ်ပါတယ်။ လူ့သဘာဝ အရ အသိအမှတ် ပြူခံလိုစိတ် ကလေး ရှိကြပါတယ်။

ရေးသူမှာ အချိန်အများကြီး ပေးထားရတာပါ။ စာတပုဒ်ဖြစ်အောင် တွေးရပါတယ။် ရေးရပါတယ။် ရေးပြီးရင်း ရေးရင်း ချောရပါတယ။် ဓါတ်ပုံ လေးများ ထည့်မိရင် ပိုလို့တောင် အချိန် ပေးရပါသေးတယ။် ရိုက်ရပါတယ။် ပုံကောင်းလေးတွေ ထွက်အောင် တော်တော် ရိုက်ရပါတယ။် ရိုက်ရုံနဲ့မပြီး ကွန်ပြူတာထဲကို ထည့်ရပါတယ်။ ထည့်ရုံနဲ့ မပြီး။ ဘလော့ post ထဲကိုတင်ရပါတယ်။ နေရာ အထားအသို ချရပါတယ်။ မကျေနပ်ရင် ပြန်ဖျက် ပြန်ထည့် ရပါတယ်။ အန်မတန် ကို အချိန်ပေးရပါတယ။်
စာတစ်လုံးအတွက် အချိန်တွေ အများကြီးကို လဲလှယ်ရပါတယ။် ရင်ထဲရှိတာ ရေးကြပါတယ်။ လာဖတ်သူရှိတာ ကျေးဇူးတင်ပါတယ။် ကြိုက်သလား မကြိုက်သလား ဆိုတာကိုလည်း ရေးပြီးတိုင်း သိချင်ကြမှာ ရေးသူတွေ ရဲ့ခံစားချက်လို့ထင်ပါတယ။် အမြဲ မနှူတ်ဆက်နိုင် တောင် ရံဖန်ရံခါ နှူတ်ဆက်သူများ ရှိရင်ဝမ်းသာမိမှာပါ။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်
Megumi ရဲ့စာ ကို ဖတ်ပြီးခံစားပါတယ်။

wonderful moon


သောကြာနေ့ည (12/12/2008) က လကသာတယ်။ ထုံးစံအတိုင်း အိမ်ပြန် နောက်ကျတယ်။ ကောင်းကင် ကို ဘာရယ် မဟုတ် မော့ကြည့်တော့ လ က သာလိုက် တာ။ လင်း ထိန် နေ တာဘဲ။

ဘာရယ်မဟုတ် စဉ်းစားမိတယ်။ နိုင်ငံခြား နေတာ လ တောင် မမြင်ဘူး တာကြာပါရောလား လို့ စဉ်းစား တယ။် ဟိုတုံးကတော့ အိမ်ရှေ့က ထိုင်ခုံလေးမှာ ပက်လက်လှန်အိပ်ရင်း လမင်းကြီး ကို ကြည့်ပြီး အိပ်ရင်း အစ်မနဲ့ စကား တွေ အကြာကြီး ပြောခဲ့ဘူးတယ်။လမင်းကြီး ကို မော့ကြည့်ပြီး သတိရသွားတဲ့စိတ်နဲ့ တယ်လီဖုံးကင်မရာ ကို ထုတ်ပြီး ရိုက် လိုက်မိတယ်။ များသောအားဖြင့် ကိုယ့်လမ်း ကိုယ်သွားနေကြတာ ဆိုတော့ သွားရင်းလာရင်း အရှိန်ဖျက်ပြီး ဘာရပ်လုပ်တာလဲ ဆိုတဲ့အကြည့်ကြောင့် သေချာပုံ ကောင်းတော့ မရခဲ့ဘူး။

အမှတ်တရဘဲလေ ဆိုပြီး ကိုယ်လဲ ရိုက်လာခဲ့တာဘဲ။ J က ပြော တော့မှ ဒီလဟာ သာမာန် အချိန်ထက် ၁၄ ရာခိုင်နှူန်း ကြီးပြီး ၃၀ ဆ ပိုလင်းတယ် ဆိုတော့မှ အံ သြသွားတယ်။ သြော် ဒါကြောင့် ဒီလောက် ထင်ရှား လင်းထိနနေတာကိုးလို့ သိသွားရတယ။် လက အရမ်းလင်းတော့ အချစ်ကို လွမ်းတာပေါ့ဆိုတာတော့ အထူးပြောစရာလိုမယ် မထင်ဘူး။


ဒီပိုစ်က အခု ၂၀၀ မြောက်ဖြစ်သွားတယ်။ မွးနေ့ နဲ့ချိန်လို့ မရလိုက်ဘူး။ မရေးဘဲ မနေနိုင်တာကလွဲ..လို့ ကိုကို.. အချစ်ရေ့ ..အချစ်ရေ့..လို့ ဆိုပြီး ကော်နီသီချင်းလေး ကို ဆိုနေဘို့ဘဲ ရှိတယ်။ မတ်လက စတာ ၁၀ လအတွင်း ပိုစ်၂၀၀ ဆိုတော့တစ်လ ကို ၂၀ နှူန်းနဲ့ တင်နေတဲ့သဘောရှိတယ်။ စာကို အဲလို ကြိုးစားရင်ကိုယ်ဘွဲ့လွန် ၂ ခါ လောက် ထပ်ရပြီးလောက်ြ့ပီ။ ဒါကိုလည်း အချစ်လာမဖတ်ပါစေနဲ့ လို့ဆုတောင်းတယ်။ အသိ ခေါက်ခက် အဝင်နက် ဘုန်းကြီးစာချ ဆိုတာ ကိုယ်တို့(ကိုယ်တို့ ဆိုတာ အဖော်တွေရှိတယ် လို့ ဆိုလိုပါတယ်) လို လူမျိုးတွေ အတွက် ဖြစ်နေတယ။် ပိုစ် ၂၀၀ ဆိုပြီး congratulate လာမလုပ်ကြပါနဲ့။ လူမိုက်အားပေး ဖြစ်သွားမယ်။

ရေးရင်းနဲ့ TZA နဲ့ရေးတာ တူလာသလိုဘဲ။ မတတ်နိုင်ဘူး ။ သှူု့စာကို ကြိုက်တော့ (စာကို ကြိုက်တော့ ဟု လေးလေးနက်နက်ဖတ်ပါ) ခဏခဏ သွား ဖတ်မိ တော့ အဲလို ဖြစ်သွားတယ်ထင်တာဘဲ. ။ တံငါနားနီးတံငါ. မုဆိုးနားနီး မုဆိုးပေါ့.။ ဒါပေမဲ့ ဗာလာနံ နား နီး လို့တော့ မဖြစ်ဘူး။

PS
အမှား၂ ခါပြင်ရတယ်။
ရက်စွဲမှားနေတယ်လို့ ဗေဒါရီက ပြောတော့ တစ်ခါ။
၁၄ ဆ ကြီးတာ မဟုတ်ပါဘူး ။ ၁၄ ရာခိုင်နှုန်းကြီးတဲ့လမင်းကြီးပါလို့ ShwnMi က ပြင်ပေးတာ က တစ်ခါ။ ကျေးဇူး။
ပုံ။ မှားပြီးရင်းမှားရင်းက ဖိုးဖိုးကြပ်

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 7 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

- အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့ အပေါက်ခံရ click
- ထိုင်းဒီမိုကရက်တစ် ခေါင်းဆောင် အဘီဆစ် ၀န်ကြီးချုပ်ဖြစ်ပြီ click
- လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်း ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိ click
- မြန်မာအလုပ်သမား ၇ ဦး ထိုင်းတောင်ပိုင်းတွင် ကားမှောက်သေဆုံး click
- သမ္မတဘုရှ် အာဖဂန်နစ္စတန်နိုင်ငံ ရောက်ရှိ click
- မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို click
- အဘီဆစ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ် ရွေးကောက်တင်မြောက်ခံရ (ဗွီဒီယိုသတင်း) click
- ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်သွားရေး အီးယူသံတမန် ပြောကြား click
- ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးမှု တိုးတက်လာ click
- ထိုင်းတွင် ကားမှောက်ပြီး မြန်မာ ၇ ဦး သေဆုံး click
- ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ ကနေဒါအဖွဲ့အစည်းများ တိုက်တွန်း click
- ဖမ်းဝရမ်းအထုတ်ခံ လူငယ်ရှေ့နေ ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိ click
- ဂျာနယ်ကျော် မမလေး၏ 'သူလိုလူ'ကို အင်္ဂလိပ်ဘာသာပြန် ထုတ်ဝေမည် click
- ထိုင်းဝန်ကြီးချုပ်သစ် အတိုက်အခံဘက်က ရရှိ click
- ကုလအတွင်းရေးမှူးချုပ် ဦးသန့်တံဆိပ်ခေါင်း ထွက်မည် click
- ရှေ့နေ စောကျော်ကျော်မင်း ထိုင်းနယ်စပ်မှာ သတင်းစာရှုင်းလင်း click
- မာမာအေးဖောင်ဒေးရှင်း၏ ပထမဆုံး ရန်ပုံငွေပွဲ ပြုလုပ်ပြီးစီး click
- ပိန်းပိတ်အမှောင်၊ ချောအိသိမ်း နဲ့ … (ဆောင်းပါး) click
- အမေရိကန်သမ္မတကို အီရတ်က ဖိနပ်နှင့်ပစ် click
- လက်နက်ကိုင်အဖွဲ့အစည်းတခု စစ်တကောင်းတောင်တန်းနယ်မှ အရပ်လူကြီး ၃ ဦး ပြန်ပေးဆွဲပြီး ကျပ်ငွေ ၇ သိန်းတောင်းခံ click
- အစိုးရ၀န်ထမ်းများ လစာမလုံလောက်သဖြင့် လူထံမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ငွေကောက်ခံ click
- သုံးဆူနယ်စပ်ဒေသမှ မြန်မာအလုပ်သမား ၇ ဦး ကားမှောက်သေဆုံး click

Grand Opening Night of Balance Art Gallery (14-December-2008)
(CHAW EI THEIN'S THIRD SOLO EXHIBITION - IN THIS DARK AND CLOSED SPCAE)

မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၏ ဥပဒေနှင့်မညီသော လုပ်ရပ် များအား သတင်းပေးပို့ခြင်း

၁။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မင်းဆောက်လုပ်ရေးမှ ဦးမင်းနိုင်တို့သည် ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်းနှင့် အောက်ကမ်းနားလမ်းရှိ မြေနေရာအား ဈေးဆောက်လုပ်ရန်အတွက် စာချုပ်ချုပ် ခဲ့ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးက ယင်းဈေးအား M.C.D.C သို့ လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးစီးချိန်တွင် ရောင်းချပြီး ဆိုင်ခန်းများအတွက် အခွန်ငွေအား္န M.C.D.C မှ ကောက်ခံခဲ့ပါသည်။ မင်းဆောက်လုပ်ရေးမှ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဟော်တယ်တစ်လုံး ဆောက်လုပ်ပါသည်။ ဟော်တယ်ဆောက်လုပ်ပြီးပါကလည်း M.C.D.C သို့လွှဲပေးခြင်း (သို့) BOT စနစ်သာဖြစ် ရပါမည်။

၂။ သို့သော် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်သည် ဟော်တယ်ဆောက်လုပ်သည့် မြေအား မင်းဆောက်လုပ်ရေးပိုင် ရှင် ဦးမင်းနိုင်သို့ ဂရန်ထုတ်ပေးလိုက်ပါသည်။ ထိုသို့ဆောင်ရွက်သဖြင့် မြေရော ဟော်တယ်ကိုပါ ဦးမင်းနိုင်မှ လုံးဝ ပိုင်ဆိုင်သွားပါသည်။ M.C.D.C အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မူလ စာချုပ်ပါ စည်းကမ်းနှင့် မညီသကဲ့သို့ စည်ပင်သာယာ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်လည်း လုံးဝကိုက်ညီ မှု မရှိပါ။

၃။ ကော်မတီပိုင်မြေကို ဦးမင်းနိုင်ပိုင် ဂရန်မြေအဖြစ် ထုတ်ပေးလိုက်သဖြင့် ဦးမင်းနိုင်မှ မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်းဇော်ဟန်၏ ဇနီး မိုးသီတာ အမည်ပေါက် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေး စီ အကွက်၊ ဦးပိုင် အမှတ် ၁၅၄ ( ခ) နေရာတွင် နှစ်ထပ်တိုက်တစ်လုံးအား ဆောက်ပေးရပါသည်။ ထို့အပြင် ချမ်း မြသာစည်မြို့နယ် ၆၄ လမ်းနှင့် သိပ္ပံလမ်းထောင့်အနီးရှိ မြို့တော်ဝန်၏ သမီး ခင်အင်ကြင်း အမည်ပေါက် မြေကွက် (မန်းမြန်မာဆောက်လုပ်ရေး၊ မန်းမြန်မာ ပလာဇာ ဆောက်လုပ်သူ ဦးသန်းဝင်း ပေးထားသော မြေ ကွက်) နေရာတွင်လည်း ဦးမင်းနိုင်မှ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ပေးရပါသည်။

၎။ ထိုသို့ ဦးမင်းနိုင်ဆောက်ပေးရသော တိုက် ၂ လုံးအား လမ်းတံတား ဌာနခွဲမှူး ခင်မေဌေးမှ ကြီးကြပ်ပေးရ ပြီး တချို့ပစ္စည်းများအား ခင်မေဌေးမှ ၀ယ်ယူပေးရပါသည်။

၅။ ကိုယ်ကျိုးစီးပွားအတွက် စည်ပင်သာယာပိုင်မြေအား ဥပဒေနှင့်မညီစွာ ( ဥပဒေမဲ့စွာ) ဂရန်ထုတ်ပေးသော မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၏ လုပ်ရပ်အား နိုင်ငံတော်အကြီးအကဲများ သိရှိစေရေးအတွက် သတင်း ထုတ်လွင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မန္တလေးမြို့တော်သူ/သားများ

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

- အာဘီဆစ်ဝိဇ္ဇာဇီဝ ထိုင်းဝန်ကြီးချုပ် အရွေးခံရ click
- ကျောက်ပိုခေတ်နှင့် ထိုင်းနိုင်ငံရေး click
- မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များ လစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း click
- ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုးဆုံးရှုံး click
- အမေရိကန်သမ္မတကြီး အီရတ်တွင် ရှူးဖိနပ်ဖြင့် အပေါက်ခံရ click
- ကျောင်းသားနဲ့ နိုင်ငံရေး (ဆောင်းပါး) click
- ရှေ့နေတဦး ထိုင်း-မြန်မာနယ်စပ် ထွက်ပြေးလာ click
- ဝရမ်းထုတ်ခံရသူ နိုင်ငံရေးရှေ့နေ ထိုင်းနယ်စပ်သို့ တိမ်းရှောင် click
- တကိုယ်တော်ဆန္ဒပြသမားကြီး ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေ click
- ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဟု CNF ပြော click
- တခါသုံး GSM ဖုန်းကဒ်များ ဈေးတက်ပြီ click
- အဖိဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ click
- ယုဇနပလာဇာ မီးလောင် click
- ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတွင် မြန်မာ ၇ ဦး သေဆုံး click
- ရန်ကုန်မြို့ရှိ ယုဇနပလာဇာ ဈေးမီးလောင်မှု ဖြစ်ပွား click
- မဲမှောင်နေသော ကမ္ဘာကြီး (ဆောင်းပါး) click
- ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ click
- အပြောင်းရွှေ့ခံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဒုက္ခဖြစ်နေ click
- နိုင်ငံရေးအကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း click
- ထိုင်းအတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်ပြီ click
- အရေးနိမ့်ခဲ့ရသော မြန်မာ့အကြမ်းမဖက်တော်လှန်ရေး (အပိုင်း ၄) click
- လူငယ်ရှေ့နေတဦး ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိ click
- စစ်အစိုးရရဲ့ ရန်သူနည်းပညာ (ဆောင်းပါး) click
- ရွှေဝါရောင်သံဃာတော်များစာရင်းနဲ့ ထောင်ဝင်စာ လိုအပ်မှု click
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖက လွှတ်မလွှတ် click
- မရမ်ဘုရားပွဲတော် လူပေါင်း ၁၀၀၀၀ ကျော် တက်ရောက် click
- ချောင်းဆုံမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစက် တပ်ဆင် click
- UN chief visit would help Myanmar: EU envoy click
- 8 killed in Thai road accident click
- urgent needs still to be met for the cyclone affected people click
- Still no prosecution in tragic death of 54 Myanmar migrants click

KNU တပ်မဟာ ၂ အောင်ပွဲသတင်း
ပေးပို့ - NCGUB Border Office

ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ ရင်း ၅ စစ်သည်တဦးက တောင်ငူမြို့နဲ့ သံတောင်မြို့သစ် (၁၃ မိုင်) ကားလမ်းပေါ်ရှိ တောင်ငူမှ ၈ မိုင်အကွာ ကျောက်တိုင်လမ်းခွဲမှာ လမ်းလုံခြုံရေးယူနေတဲ့ ခလရ ၄၈ တပ်စုကို အရက်မူးအောင်တိုက်ပြီး ဓားနဲ့ခုတ်ရာ နအဖ တပ်ကြပ်ကြီး ၁၊ တပ်ကြပ် ၁၊ ဒုတပ်ကြပ် ၁၊ တပ်ကြပ် ၁ နဲ့ တပ်သား ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးသွားကြပါတယ် (အသေအပျောက် မသိရသေး)။ ကရင်စစ်သည်ဟာ ရန်သူ့ထံမှ အမ်-၇၉ ဗုံးပစ် လောင်ချာ တလက် ၎င်းဗုံးသီး ၁၀ လုံး၊ အမ်အေ-၃ ဒင်ခေါက် မောင်းပြန်ရိုင်ဖယ် (၂) လက် ၎င်းဘောက် ၂ ချပ် ၎င်းကျည် ၄၀ ထမ်းပြီး မိမိတပ်စခန်းသို့ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစီးဘိုနဲ့ ပုံမူခီးကြား စင်းကြံကုန်းမှာ KNLA တပ်မဟာ ၂ က နအဖတပ် ခလရ ၁၄၉ ကို အမ်-၁၈ ရှေ့ထွက်မိုင်းပဒေသာနဲ့ ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၄ ယောက်သေ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ (မှတ်ချက် - နင်းမိုင်းမဟုတ်)

ဒီဇင်ဘာ ၁၁ ရက်က တောင်ငူခရိုင် ဘောဂလိကြီးနဲ့ ဘိုဆာခီးကြား ကားလမ်းပေါ်မှာ KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က နအဖရိက္ခာကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းရိက္ခာကား ပျက်စီးသွားခဲ့ ပါတယ်။

KNU Brigade 2 victory news

In the afternoon of December 1, 2008, a Karen soldier from Karen National Liberation Army (KNLA) Second Brigade Battalion 5 approached a road security platoon from SPDC IB 48 at Kyauktaing junction, which is eight miles away from Toungoo, on Toungoo-Thandaung Myothit (13th mile) highway. He befriended them and feasted them on drinks. When they were drunk, he struck them with a sword, killing or wounding them and driving them away. (Exact number of casualties not known yet.) He then made off with one M-79 grenade launcher and ten shells, two MA-3 automatic rifles with two magazines and 40 rounds, and safely arrived back at the base camp after some time.

On December 9th, KNLA Brigade 2 troops launched a multiple M-18 Claymore mine attack on SPDC IB 149 at Sinngyangone between Sharzeebo and Pone-mu-khee in Htandabin Township, Toungoo District, killing four enemy soldiers and wounding seven. (Note: no landmines employed.)

On December 11th, KNLA Brigade 2 troops attacked an SPDC army food supply truck between Bawgali-gyee and Bo-sar-khee in Toungoon District, destroying it.

မြန်မာ့အရေးနှင့် ကျနော်တို့၏ စိတ်ကူးယဉ်အိပ်မက် (ငြိမ်းချမ်း)

NC

ဒုက္ခ … မြို့ကလေး (ကဗျာ)

ဒုက္ခ … မြို့ကလေး
ကမာပုလဲ

ဒုက္ခတဲ့
ငါတို့မြို့ကလေးပေါ်
ကပ်ရောဂါလို …
မညှာမတာ ကျရောက်နေပေါ့ …။

အဲဒီမြို့ကလေးမှာ
တချို့တွေက
လူအချင်းချင်း အမဲလိုက်ကစားလို့ …။

အဲဒီမြို့ကလေးမှာ
စစ်အတွင်းက ကျကျန်ရစ်တဲ့
ပိုင်ရှင်စွန့်ပစ် အရိုးစုတွေကလည်း
မိုးတိုးမတ်တတ်ပေါ်လို့ …။

အဲဒီမြို့ကလေးမှာ
ဒဏ်ရာတွေကလည်း
ထပ်ကာထပ်ကာ မွေးဖွားလို့ …။

အဲဒီမြို့ကလေးမှာ
မိရိုးဖလာယဉ်ကျေးမှုတွေကိုလည်း
လျှော့ဈေးနဲ့ မျက်နှာသေသေ ချရောင်းလို့ …။

အဲဒီမြို့ကလေးမှာ
ဘ၀တူချင်း ဇာတ်တူသားစားလိုက်ရတာကို
တခမ်းတနားအောင်ပွဲတွေအဖြစ် စီရင်ကျင်းပလို့ …။

အဲဒီမြို့ကလေးမှာ
တချို့သော လူတွေဟာ
တွားသွားသတ္တ၀ါတွေအဖြစ်နဲ့
ကမ္ဘာကို ရွာအဖြစ်တည်ဆောက်လို့ …။

အဲဒီမြို့ကလေးမှာ
အရူးစစ်စစ်တယောက်ရဲ့ စကားကို
ပုဂ္ဂလအကျိုးစီးပွားအတွက်
အတိတ်တဘောင်တွေ ကောက်လို့ …။

အဲဒီမြို့ကလေးမှာ
ဟစ်တလာလက်သစ်နဲ့ သူ၏နောက်လိုက်တွေက
မိုးဦးကျ ဖားတွေလို အဓမ္မမင်းမူလို့ …။

အဲဒီမြို့ကလေးမှာ
သွေးစစ်စစ်တွေအစား
ပျစ်ပျစ်နှစ်နှစ် အညစ်အကြေးတွေ လှည့်ပတ်စီးနေတဲ့
လူ့အန္ဓတွေက
အများပြည်သူတွေရဲ့ အနာဂတ်ကို
မျက်နှာပြောင်ပြောင်နဲ့
ခပ်တည်တည် ထုဆစ်လို့ …။

အဲဒီမြို့ကလေးမှာ
စက်ရုံ၊ အလုပ်ရုံနဲ့ လမ်းမတွေပေါ်မှာ
သနပ်ခါးရနံ့ကလေးတွေခမျာ
တရားမ၀င်မှုတွေနဲ့ သိမ်သိမ်ငယ်ငယ် သင်းပျံ့လို့ …။

အဲဒီမြို့ကလေးမှာ
လက်ဆိတ်ခံ ညှိုးလျော်ကျုံလှီနေတဲ့
အိမ်အလွမ်း ခရေပင်ကလေးတွေကလည်း
သူ့အချိန်ရောက်ရင်
သူ့အစွမ်းရှိသမျှ လှလှပပ ပွင့်လို့ …။

အဲဒီမြို့ကလေးမှာ
သစ္စာတရားကိုယ်တိုင်က
သစ္စာတရားကို ရှာဖွေလို့ …။

အဲဒီမြို့ကလေးဟာ
မနေ့ကတင်ပဲ
ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ
လင်ပစ်မယားတယောက်လို
နာနာကြည်းကြည်း ရယ်မောလို့ …။

အဲဒီမြို့ကလေးပေါ့
သူကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့
တနေ့တခြား
သွေးလေချောက်ချားနေတော့တယ် ။ ။

ကမာပုလဲ

VOICE OF BURMA (အမှတ် ၆၈၈ - ဒီဇင်ဘာ ၁၄၊ ၂၀၀၈)

VOB688

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၁၂-၀၈)

- ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြရဲ့ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး click
- သမ္မတသက်တမ်း နောက်ဆုံးအကြိမ် မစ္စတာဘုရှ် အီရတ်ရောက်ရှိ click
- ပါကစ္စတန်နဲ့ ပုံမှန်ဆက်ဆံရေးထားလိုဟု အိန္ဒိယ၀န်ကြီးချုပ် ပြော click
- လူ့အခွင့်အရေးကြေငြာစာတမ်း အနှစ် ၆၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း (ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်) click
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ မြန်မာ့အရေး (ဗွီအိုအေ မျက်မှောက်ရေးရာ အစီအစဉ်) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို စစ်အစိုးရ လက်ခံစဉ်းစားနေ click
- ကရင်ပြည်နယ်အတွင်း တပ်ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေသယ်ဖို့ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းနေ click
- ပဲခူးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ click
- အင်းတကော် အန်အယ်လ်ဒီက ဦးလှရွှေ ပြန်လွတ်လာ click
- တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း ကလေးထောင်မှာ အစာငတ်ခံဆန္ဒပြနေ click
- နိုင်ငံရေးအကျဉ်းသားကို ဘူးသီးတောင် ထောင်ပိုင်က မအေနှမနဲ့ ဆဲရေးတိုင်းထွာ click
- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်မှာလား (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗြိတိန်-ပါကစ္စတန် သဘောတူ click
- နိုင်ငံရေးအကျဉ်းသားများအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ click
- နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ click
- နိုဘယ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို click
- ကေအန်အယ်လ်အေကို နအဖ၊ ဒီကေဘီအေ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်ရေန် ပြင်ဆင်နေ click
- ဘိုကလေး လျှပ်စစ်မီး - တရက်လျှင် ၄ နာရီ click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၇) - မြန်မာဂီတသည် တို့ဂီတ (ဘီဘီစီ အသံလွှင့်ဆောင်း ပါး) click
- နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၈) - ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် click
- မိစ္ဆာဝိုင်ကို သောက်ကြည့်ခြင်း (သို့မဟုတ်) ကဗျာဆရာ ကြည်မောင်သန်းနှင့် တွေ့ဆုံခြင်း click
- မျှော်လင့်ခြင်း (ကဗျာ) click
- တက်ဆင်ထောက်ခံသူများ ဘန်ကောက်တွင် စုဝေးဆန္ဒပြ click
- ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက် click
- အာဏာရှင် ဦးနေ၀င်း၏ သမီးကို အကျယ်ချုပ်မှ လွှတ်ပေး click
- တပ်ရိက္ခာပို့ရန် ရွာသားများကို လုပ်အားပေးခိုင်းစေ click
- စပါးဈေးကျပြီး အထွက်နှုန်းမကောင်းသည့်အတွက် တောင်သူများ အခက်ကြီးကြုံနေရ click
- မာန်အောင်မြို့နယ် မယက ဥက္ကဌ လာဘ်ယူပြီး ငါးဖမ်းကွက်များကို လေလံပေး click
- စပါးအ၀ယ်ဒိုင်များ ဖွင့်လှစ်၍ စစ်တပ်ရိက္ခာအတွက် စပါးဝယ်ယူမည် click
- ကော့ဘဇားရှိ ထိပ်ကျောင်းတောင် စေတီတော် ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချ click

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ALL FRIEND's WELCOME To My Blog] 1 New Entry: Wonderful Chinese Paintings(Sharing)

Wonderful Chinese Paintings(Sharing)

You received this email because you are subscribed to the real_time feed for http://jokesandpoem.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Burma ( The Power of People)] 4 New Entries: မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။
























မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င် အဖွဲ့ဝင် (၅) ဦးနဲ့ အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း ထောင်ဒဏ် (၅) နှစ် မတရားချမှတ် ခံလိုက်ရပြီး၊ မကြာသေးခင်ရက်ပိုင်းကဘဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချ ခံလိုက်ရတာ ဖြစ်ပါတယ်။

ရှေ့ က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်း ကတိသစ္စာ ပြုအပ်ပါတယ်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။

ကိုသီဟ၀င်းတင်ရဲ့ပေးစာ -

"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့ တော်လှန်နေကြတာလဲ? ဘာလို့ နိုင်ငံရေးလုပ်ကြတာလဲ? လို့ ကျနော်တို့ကို မေးကြတဲ့သူတွေ အများကြီး ရှိပါတယ်။

အဖြေကတော့ ကျနော်တို့ ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ပေါ်မှာ ကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူပြည်သားတွေရဲ့ကျေးဇူး၊ နောင်တော်အာဇာနည်တွေရဲ့ ကျေးဇူးတွေကို ဆပ်နေကြတာပါ။ သူတို့တွေဟာ သူတို့ရဲ့ခေတ်ကာလအလိုက် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် အေးချမ်းစည်ပင်အောင်၊ နောက်ဆုံး အာဏာရူးငတုံးငမိုက်တွေကြောင့် (တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းကလည်း) ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ကြ ပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာဝန် သမိုင်းတာဝန် ကျေခဲ့ပြီးကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့အပြင် နောင်လာမယ့် သူတွေအတွက်လည်း ကျေးဇူးကျွေးကို ချပေးခဲ့ပါပြီ။

ကျနော်တို့ဒီကျေးဇူးကြွေးတွေကို ကြေအောင်ဆပ်ေ နရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့ တိုင်းပြည်ကောင်းစားဖို့ လိုပါတယ်။ ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။

ဒါ ကျနော်တို့ရဲ့ တာဝန်ပါ။ ကျနော်တို့ ဆပ်ရမယ့် ကျေးဇူးကျွေးတွေပါ။ ကိုယ့်တာဝန်ကိုယ် သိကြပါ။ ကိုယ့်အကြွေးကို ဆပ်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ လိုပါပြီ"

သီဟ၀င်းတင်။

တစ်ယောက်တစ်လှည့် ချောင်းကြည့်နေကြတာ - ဘာတွေ ချောင်းနေတာလဲ။ လုပ်ကြံဖို့ လား။




မန္တလေးမှာ "ထောင်တံခါးတွေဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ" လှုပ်ရှားမှု ပြုလုပ်ခဲ့။

















































































Action News - Open Prison Doors - Close Court


စပါယ်ပန်းတွေ ပန်ဆင်ကြစေလို။



















မြန်မာပြည်သူများ (အထူးသဖြင့် ပြည်တွင်းမှ ပြည်သူများ) အား စပါယ်ပန်းတွေ ပန်ဆင်ကြစေလိုကြောင်း ပန်ကြားချက်လေး ရရှိလာပါတယ်။

- စပါယ်ပန်းများကို ဘုရားစေတီပုထိုးများတွင် လှူဒါန်းကြပါ။

- စပါယ်ပန်းများကို ဘုရားစင်တွင် ကပ်လှူ ပူဇော်ကြပါ။

- စပါယ်ပန်းများကို မိမိတို့  ဦးခေါင်းထိပ်တွင် ပန်ဆင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မိမိတို့  ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မော်တော်ယာဉ်များတွင် ချိတ်ဆွဲကြပါ။

- မိမိတို့  ပိုက်ဆံအိတ်များ၊ အိမ်ခန်းတွင်းများ၊ လက်ကိုင်ပုဝါများအကြား အစရှိသည်တို့ တွင် စပါယ်ပန်းပွင့်များကို ဆောင်ထားပေးကြပါ။

စပါယ်ပန်းတွေ ပန်စေလိုတာကတော့ - စပါယ် (သို့ ) စံပါယ် = စံနေသောသူတွေကို ဖယ်ရှား ပယ်ပြစ်ဖို့ အတွက် (သို့ ) တိုင်းပြည်ကို မတရား အုပ်ချူပ်ကာ စံစားနေကြသောသူများအား ဖယ်ရှားပယ်ဖြစ်ဖို့ ၊ ထို စံစားနေကြသူများမှ သာသနာနဲ့  သံဃာတော်များအား စော်ကားခဲ့ကြလို့  အပါယ်ငရဲကျစေဖို့  ဖြစ်ပါတယ်။

ပြည်တွင်းမှာ စပါယ်ပန်းတွေ ပန်ဆင်မှု စတင်နေပါပြီ။

(ပြည်တွင်းမှ စပါယ်ပန်း ပန်ဆင်မှု လှုပ်ရှားမှု ဆောင်ရွက်သူများမှ ပေးပို့ လာတာ ဖြစ်ပါတယ်)။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[သက်ဦး] 1 New Entry: (၁၈) ၀န်ကြီးချုပ်ဦးနု ပြန်လာပြီးနောက် (ကြေးမုံဦးသောင်း)

(၁၈) ၀န်ကြီးချုပ်ဦးနု ပြန်လာပြီးနောက် (ကြေးမုံဦးသောင်း)

၁၉၆၀ ခုနှစ် ရွေးကောက်ပွဲသည် မြန်မာလူထု၏ နိုင်ငံရေးအသိစိတ်ဓာတ်ကို မှတ်ကျောက်တင်သည့် ရွေးကောက်ပွဲအဖြစ် မှတ်တမ်းတင်သင့်ပါသည်။
အိမ်စောင့်စစ်အစိုးရက သူတို့ကို ထောက်ခံမှု မပြုသူမှန်သမျှ ဖမ်းဆီးပြီး တဲအိမ်များကို ဖျက်နေချိန်တွင် ဦးနုက `လူထုကြီးမှာ ဒူးနဲ့ မျက်ရည်သုတ်ကာ ခံနေကြရတယ်´ ဟု ပြတ်သားသည့် မိန့်ခွန်းကို စတင်ဟော ကြားပြီး စစ်အစိုးရ မတရားမှုတွေကို ဆန့်ကျင်သောအခါ လူထုက အားကိုးတကြီးနှင့် ဦးနု၏ နောက်မှ ရပ်တည် ကြပါသည်။ တင်မောင်လည်း သူ့ကို အားကိုးမိပါ၏။
အိမ်စောင့်အစိုးရခေတ်၌ ၀ရမ်းပြေးဘ၀က လွတ်လာသောအခါ ကြေးမုံကို ပိတ်ထားသောကြောင့် အိုးဝေသို့ သွားပြီး နေ့စဉ် ဆောင်းပါးရေးရသည်။ တည်မြဲ၊ သန့်ရှင်းအကွဲတော်ပုံ၏ အများပြည်သူတို့ ထင်မြင်ချက် စစ်မျက်နှာတွင် သန့်ရှင်းတို့ဘက်မှ အပြီးအပြတ် အနိုင်ရသောကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရရန် သေချာ နေပါသည်။ ထိုအချိန်တွင် ဥက္ကဌကြီး ဦးနုက တင်မောင်ကို တွေ့ချင်တယ်ဟု ခေါ်ပါသည်။ ၀န်ကြီးချုပ်လောင်းကြီးက သူတို့ တက်လာသောအခါတွင် ဖမ်းထားသည့် အယ်ဒီတာကို လွှတ်ပေးပြီး သိမ်းထားသည့် သတင်းစာတိုက်ကို ပြန်ပေးရန် ကူညီလေမည်ဟု မျှော်လင့်ချက်ကြီးတခွဲသားနှင့် သွားမိသည်။
`မင်းအခု ရင်ဆိုင်နေရတာတွေက အရင်ဘ၀က ကံဝဋ်ကြွေးတွေကွ´ ဟု အစချီပြီး ကမ္မဖလနိယာမ တရားကို ရှည်လျားစွာ ဟောပါတော့သည်။ ဦးနုက နိုင်ငံရေးစကားတလုံးမှ မပြောဘဲ တရားဟောပြီး နောက်ဆုံးကျမှ ပါဠိစာနှင့် ရေးထားသော ဂါထာတပုဒ်ကို ပေးပါသည်။ `တနေ့ သုံးကြိမ် ရွတ်ပါလေ၊ မင်းသတင်းစာတိုက် ပြန်ရစေမည်´ ဟု ပြောလိုက်ပါ၏။ သူတော်ကောင်းတရား ဖြစ်သဖြင့် ပြန်မပြောဝံ့သော ကြောင့် ခေါင်းငုံ့ပြီး ပြန်ခဲ့ပါ၏။ ဦးနုက တင်မောင်ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးစေကာမူ ရွေးကောက်ပွဲအတွက်မူ ပြတ်သားသော နိုင်ငံရေးလမ်းစဉ်ကို ချမှတ် ဆင်နွှဲခဲ့ပါသည်။
တည်မြဲ ခေါင်းဆောင်ကြီး ဦးဗဆွေကိုယ်တိုင်က `တည်မြဲအဖွဲ့သည် နိုင်လျှင်လည်း နိုင်ရမည်၊ ရှုံးလျှင်လည်း နိုင်ရမည်´ ဟု တရားဟောသောကြောင့် လူထုက စိုးရိမ်လာကြပါသည်။
ဦးဗဆွေ၏ စကားအရ တည်မြဲတို့က အရှုံးမခံလိုကြဘဲ အကယ်၍ ရှုံးခဲ့လျှင် မတရားသောနည်းနှင့် အနိုင်ယူ ရန် စီစဉ်ထားကြသည်ဟု ဦးနုက ဖွင့်ဟ ပြောကြားပါတော့သည်။ မတရားသောနည်းမှာ လက်ရှိ ဖိနှိပ် အုပ်ချုပ်နေသည့် အိမ်စောင့်အစိုးရ စစ်တပ်အကူအညီနှင့် စစ်အာဏာရှင်နိုင်ငံ တည်ဆောက်ရန်သာ ဖြစ်သည်ကို လူထုက သိရှိလာကြပါသည်။
ဦးနုက မဲဆန္ဒရှင်တို့ကို မေးခွန်းတခုသာ မေးပါသည်။ `ဒီမိုကရေစီကို ရွေးမည်လား၊ ဖက်ဆစ်စနစ်ကို ရွေးမည်လား´ ဟု မေးပြီး အသည်းကြားက မဲတပြားကို ကြိုက်ရာရွေးပြီး မဲပေးပါ ဟု ဟောပြောပါသည်။
ရွေးကောက်ပွဲတွင် တပ်မတော်သားများ မည်သည့် အဖွဲ့အစည်းဘက်ကိုမှ ဘက်မလိုက်ရဟု ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်းက လူသိရှင်ကြား ကြေညာချက်ထုတ်သော်လည်း လက်တွေ့တွင်မူ `တို့စစ်သားတွေ ဘက်လိုက်ကြဟေ့´ ဟု တပ်လှန့်ပေးသည်ဟု ထင်ရပါသည်။ သေသေချာချာ ဘက်လိုက်ကြပါသည်။
မဲရုံတည်နေရာ မဲပုံးစားပွဲမှ စတင်ပြီး တည်မြဲတို့ဘက်က ကောင်းကျိုးရစေရန် စစ်တပ်က စီစဉ်ပါသည်။ တပြည်လုံးတွင် တပ်စွဲထားသည့် စစ်တပ်မှန်သမျှက တည်မြဲတို့ဘက်မှ အမျိုးမျိုးအားပေး ပါသည်။ ထို့ကြောင့် လူထုကြီးက စစ်တပ်ကို အလွန့်အလွန် ကြောက်လန့်လာကြပြီး သန့်ရှင်းကို အားကိုးတကြီး မဲပေး ကြရပါတော့သည်။ မဲရုံမရှိဘဲ ဟင်းလင်းပြင် ကွက်လပ်တွင် မဲပုံးချထားပြီး စစ်တပ်က သေနတ်နှင့် ချိန်ထားသည်ကိုပင် မဲဆန္ဒရှင်များက သန့်ရှင်းကို ရဲရဲဝံ့ဝံ့ မဲပေးကြသည်အထိ စစ်တပ်ကို ဆန့်ကျင်ကြ ပါသည်။
ရလဒ်မှာ ပြည်ထောင်စုအဖွဲ့ဟု အမည်ပြောင်းသည့် သန့်ရှင်းတို့က အမတ် (၁၅၉) ဦး အရွေးခံရပြီး တည်မြဲ တို့က (၄၂) ဦးသာ အရွေးခံရပါသည်။ မဲပေးသူ (၅၉) ရာနှုန်းရှိပြီး၊ (၅၂) ရာနှုန်းက သန့်ရှင်း၊ (၃၁) ရာနှုန်းက တည်မြဲ၊ (၅) ရာနှုန်းက ပမညတကို မဲပေးကြပါသည်။ စောစောက ပါလီမန်မှာ အမတ် (၄၄) ဦး ရထားသည့် ပမညတ အဖွဲ့မှ အမတ်လောင်း (၁၃၅) ဦး ၀င်ရောက်အရွေးခံရာ၌ တယောက်မှ အရွေးမခံရပါ။ မြန်မာ လူထုကြီးက လက်ဝဲ၀ါဒီတို့၏ ကွန်မြူနစ်စနစ်ကို လက်မခံကြကြောင်း ဆန္ဒမဲနှင့် သတ္တိပြောင်စွာ ပြသ ခဲ့ပါသည်။
တင်မောင်အဖို့ ဦးနုပေးသည့် ဂါထာကို ရွတ်ရန်မလိုတော့ပါ။ ပိတ်ထားသော သတင်းစာများကို ပြန်ဖွင့်ခွင့် ပေးပြီး ဖမ်းထားသူများကို ပြန်လွှတ်ပါသည်။ ကိုကိုးကျွန်းထောင်ကြီးကို ဖျက်ပေးရပါသည်။
ဦးနု၏ ပြည်ထောင်စုပါတီ အစိုးရ တက်လာသည်မှာ ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရန် ဖြစ်သဖြင့် သတင်းစာများက စတင်ကာ အခွင့်အရေးတောင်းကြသည်။ စာနယ်ဇင်းတို့ အဖို့ ပဝေသဏီခေတ်၊ အင်္ဂလိပ် နယ်ချဲ့ခေတ်က ဥပဒေများနှင့် အစိုးရ အစဉ်အဆက် ဖိနှိပ်သည်ကို ခံခဲ့ရပါသည်။ ၁၈၆၁ ခုနှစ်က ရေးသား အတည်ပြုခဲ့သည့် အိန္ဒိယ ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ၁၈၇၆ ခုနှစ်က တည်ခဲ့သော ပုံနှိပ်တိုက်ဥပဒေ စသည့် ဥပဒေများနှင့် အိမ်စောင့်အစိုးရခေတ်တွင် ဗိုလ်မှူးချုပ် မောင်မောင် ပြင်ဆင်သော ဥပဒေများကို ပြင်ဆင်ပေးပါဟု တောင်းဆိုကြပါသည်။ သတင်းစာအားလုံးက အယ်ဒီတာ့အာဘော် (၇) ရက်မျှ မရေးဘဲ ဆန္ဒပြပြီး တောင်းပါသည်။ နှစ်ခါမတောင်းရပါ။ ပြင်သင့်သည်မှန် သမျှ ပြင်ကြပါလေဟု ကော်မီတီ ဖွဲ့ပေးလိုက်ပါသည်။ ဒီမိုကရေစီ ပွဲတော်ကြီး စတင်လာလေပြီ။
လူမျိုးစု ခေါင်းဆောင်များကလည်း ဦးနုကို ချဉ်းကပ်ကြပါသည်။ `ကျနော်တို့ ရွာမှာ ဗမာ စစ်သားတွေ တပ်စွဲ နေတာကြောင့် အရက်၊ ကြက်၊၀က် ကစပြီး သမီးကညာများအထိ ဗမာစစ်သားတွေက ဆွဲလေ့ရှိပါတယ်´ ဟု တင်ပြ ကြပါသည်။
မခံချင်သောကြောင့် လက်လွန် ခြေလွန် သူပုန်ထနေသည့် လူမျိုးစုများကလည်း ရှိနေသောကြောင့် `ဗမာ စစ်တပ်တွေ ပြန်စေလိုလျှင် ငြိမ်းချမ်းရေး ရှိမှ ဖြစ်မယ်၊ ငြိမ်းချမ်းဖို့က လူမျိုးစု ပြဿနာတွေ ဖြေရှင်းမှ ဖြစ်မယ်´ ဟု ကွင်းဆက်အကြောင်းအရင်းကို ရှာပြီး လူမျိုးစုတိုင်း ကျေနပ်အောင် ၁၉၄၇ ခု အခြေခံ ဥပဒေကြီးကို ပြင်ဆင်ကြစို့ဟု ဆုံးဖြတ်အားထုတ်ပါသည်။
၁၉၆၁ ခု၊ ဇွန်လမှ လူမျိုးပေါင်းစုံ ကွန်ဖရင့်ကို တောင်ကြီးမြို့မှာ ကျင်းပပြီး အခြေခံ ဥပဒေကြီး ပြင်ဆင်ရေးကို ညှိနှိုင်းကြပါသည်။ အလုပ်ကော်မတီက တနှစ်ကြာ ဆွေးနွေးပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး အဆိုပြုချက် ထွက်လာပါသည်။
ပြည်နယ်ဖွဲ့စည်းရေး၊ လွှတ်တော်အာဏာ တူညီရေး၊ ကိုယ်စားလှယ်မျှတရေး၊ မျှတစွာ အခွန်တော် သုံးစွဲရေး စသည့် အချက်များနှင့် ကာကွယ်ရေး၊ ဘဏ္ဍာရေး၊ တရားစီရင်ရေး စသော အာဏာများကို ဗဟိုပြည်ထောင် စုက လုပ်ဆောင်ရေး စသည်ဖြင့် အသေးစိတ် အဆိုပြု ထားပါသည်။ မျှတပြီး သဘာဝကျသည်ဟု ပညာရှင်များက သုံးသပ်ကြပါသည်။
ထိုအဆိုပြုချက်များကို ၁၉၆၂ ခု၊ ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရန်ကုန်အသံလွှင်ရုံ နှီးနှောဖလှယ်ပွဲမှာ တင်ပါသည်။ အဆိုပြုချက်ကို ကန့်ကွက်ခြင်း၊ ဖြည့်စွက်ခြင်း ပြုနိုင်ကြရန် နိုင်ငံရေးအဖွဲ့အားလုံးတို့နှင့် အဆင့် ဆင့် ညှိကြရန် စီစဉ်ထားပါသည်။ နောက်ဆုံး အတည်ပြုကြသောမူကို လွှတ်တော်မှာတင်ပြီး၊ အကျေ အလည် ဆွေးနွေးပြီး ဥပဒေပြင်ဆင်ထုံးအရ အသေးစိတ် အစီအစဉ်ကို မိန့်ကြားပါသည်။
တင်ပြသည့်မူတွင် မှားယွင်းမှု၊ တိမ်းပါးမှုများ ရှိနိုင်စေကာမူ အဆင့်ဆင့် ဆွေးနွေးတည်းဖြတ်ကြမည် ဖြစ်သဖြင့် သန့်စင်သော ပြင်ဆင်ချက်မူကြမ်းကြီး ပေါ်ပေါက်လာနိုင်သောကြောင့် နိုင်ငံရေးပါတီအားလုံးက ဒီမိုကရေစီအခွင့်အရေး ရရှိကြတော့မည် ဖြစ်သဖြင့် ၀မ်းသာကြသကဲ့သို့ လူမျိုးစုများက ကြက်ဝက်ဆွဲသော ဗမာ့စစ်တပ်ရန်က ကင်းဝေးတော့မည် ဖြစ်သောကြောင့် ကျေနပ်ကြပါသည်။ တည်မြဲတို့ကမူ ကန့်ကွက်ကြ၏။
ယင်းသို့ ဒီမိုကရေစီနည်းနှင့် ညီညီညွတ်ညွတ် ပြင်ဆင်ကြသည်ကို လက်မခံနိုင်သူမှာ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေ၀င်း ဖြစ်ပါသည်။ ဥပဒေ ပြင်ဆင်ချက် အောင်မြင်လျှင် စစ်တပ်အဖို့ မေမြို့၊ မိတ္ထီလာနှင့် မင်္ဂလာဒုံ စစ်စခန်းများမှာသာ နေကြရမည့်ဘ၀ကို သူက လက်မခံနိုင်ပါ။
ထိုကြောင့် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က စတင်သော ၀န်ကြီးချုပ်နှင့် လူမျိုးစုခေါင်းဆောင်များ ဆွေးနွေးပွဲ မပြီးမီ (၇) ရက်အကြာ မတ်လ (၂) ရက်နေ့တွင် ပြည်ထောင်စုကြီး ပြိုကွဲမည်မို့ တားဆီးသည်ဟု အကြောင်း ပြပြီး အာဏာသိမ်းလိုက်ပါတော့သည်။ အကြောင်းအရင်းကမူ ညီညွတ်ငြိမ်းချမ်းသည့် ဒီမိုကရေစီ နိုင်ငံတွင် စစ်တပ်က ထင်သလိုကြဲနိုင်ရန် အခွင့်အလမ်း မရှိလေသောကြောင့် အာဏာလုသည်သာ ဖြစ်ပါ၏ ။ ။

You received this email because you are subscribed to the real_time feed for http://thetoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 3 New Entries: မခင်ဦးမေသို့ ပေးစာ

မခင်ဦးမေသို့ ပေးစာ

မမရှင့်၊
တကူးတက ပို့စ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျမကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မမဆီက Comments ကိုကြည့်ပြီး ကျမကို မုန်းတဲ့လူတော်တော်များများရှိမှန်း ကျမ သိသွားပြီ။ ဒါပေမယ့် အဲဒီထဲက ခြောက်ယောက်က Burglish ပို့စ်မှာတုန်းက ကျမဆီ Comment လာရေးပြီး နောက်ဆုံးတောင်းပန်၊ မရတော့ ရန်စောင်နေကြတဲ့ လူလေးယောက်ပါတယ်ရှင့်။ တစ်ယောက်ကတော့ Gtalk မှာနှမချင်းကိုယ်ချင်းမစာပြောပြီးမှ မသိချင်ယောင်ဆောင်နေပေမယ့် ကျမက ရန်မဖြစ်ချင်တော့လို့ ဒီတိုင်းထားပေးထားတဲ့လူတစ်ယောက်ရှင့်။ နောက်တစ်ယောက်ကတော့ ကိုယ့်ကို ကိုယ်မှအကောင်းထင်ပြီး ဘုရားမကြောက်၊ နတ်မကြောက်တဲ့ကိစ္စတစ်ခုကို လုပ်ဖူး
ပြီး ကျမအနေနဲ့ ဘယ်လိုမှ မိတ်ဆွေမတော်နိုင်တော့တဲ့တစ်ယောက်ရှင့်။ အားလုံးပဲ ကျမကို မုန်းကြမှာ ကျမသိပါတယ်။

အမှန်တရားကို နတ်စောင့်ပါတယ်။ ဘယ်သူတွေဟာ ဘာစိတ်နဲ့ ဘာစာတွေကို ရေးနေလည်းဆိုတာကို ဘုရားနဲ့ မိမိကိုယ်တိုင်သိမှာပါ။ ကျမကတော့ လုပ်သင့်တာကို လုပ်ပါတော့မယ်။ ပို့စ်တစ်ခုအနေနဲ့ ရေးပေးခဲ့တဲ့ မမကို ကျေးဇူးအရမ်းတင်ပါတယ်။ အမတစ်ယောက်လိုလည်းသဘောထားပါတယ်။ မမရဲ့စေတနာကို လေးစားပေမယ့် လက်ရှိအခြေအနေအတိုင်းဆိုရင် Blog ပိတ်ပစ်ဖို့ (90)%သေချာနေပါတယ်။

မမအပြင် ကျမကို လာအားပေးတဲ့၊ ကျမကိုချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အားနာ၊ချစ်ခင်၊ လေးစားပေမယ့် လက်ရှိအခြေအနေကို ကျမ မခံစားနိုင်တော့ဘူး။

ကြေငြာခြင်း

117.47.88.222

ss Country Region City Latitude/
Longitude
ZIP Code Time Zone
117.47.88.222 THAILAND - - 13.75
100.517
- +07:00
Net Speed ISP Domain
DSL MAXNET INTERNET SERVICE PROVIDER BANGKOK TTTMAXNET.COM
IDD Code Area Code Weather Station
66 - THXX0002 - BANGKOK







အမြင်မတော်လို့ 
ရန်စာပဲရေးနေတော့ ဘယ်သူက ရေးရဲတော့မလဲ နှမငယ်ရယ် အဟွတ် အဟွတ် ကျုတ်ကျပ်လိအုံးးးးး :P




ကောင်း
မစိတ်တိုေ၇... ကွန်မက် ပေးအောင် ချိုချိုသာသာေ၇းပါ... ဒေါသ ထွက်စ၇ာ မဟုတ်ဘဲ ဘာလို့ များ ဒေါသ ထွက်နေ၇တာ လဲ... ချစ်သူနဲ့  ၇န်ဖြစ်ထားတာလား...
15 Dec 08 15:04
69.181.168.207
ကောင်း
အချိန် မ၇ှိဘူးလဲ ပြောသေးတယ်. ကွန်မက် ဖတ် ဖို့  အချိန် ကော ၇ှိလို့ လား
15 Dec 08 15:02
69.181.168.207
ကောင်း
အဲဒါ ကြောတာမှ မဟုတ်ဘူး... စာမေ၇းချင်၇င်လဲ မေ၇းဘဲ နေပါ... ဒေါသထွက်စ၇ာ မလိုပါ... သေသေချာချာ ပြန်စင်းစားပါ...အဲဒါ ကြောတာ မဟုတ်ပါ

69.181.168.207 UNITED STATES CALIFORNIA PINOLE 37.9896
-122.269

ZIP_CODE : 94564
AREA_CODE : 510
CITY_ALIAS_NAME : PINOLE
CITY_TYPE : P
COUNTY_NAME : CONTRA COSTA
STATE_FIPS : 06
COUNTY_FIPS : 013
DAY_LIGHT_SAVING : Y
ELEVATION : 38
PERSONS_PER_HOUSEHOLD : 2.67
ZIPCODE_POPULATION : 16705
COUNTIES_AREA : 720
HOUSEHOLDS_PER_ZIPCODE : 5994
WHITE_POPULATION : 8994
BLACK_POPULATION : 1941
HISPANIC_POPULATION : 2374
INCOME_PER_HOUSEHOLD : 60804
AVERAGE_HOUSE_VALUE : 216200
PERSONS_PER_HOUSEHOLD : 2.67
CBSA : 41860
CBSA_TITLE : SAN FRANCISCO-OAKLAND-FREMONT, CA METROPOLITAN STATISTICAL AREA
','#FEE3A3')" ;="" onmouseout="kill()">94564
-08:00
Net Speed ISP Domain
- COMCAST CABLE COMMUNICATIONS HOLDINGS INC COMCAST.NET
IDD Code Area Code Weather Station
1 510 USCA0867 - PINOLE

15 Dec 08 14:57
69.181.168.207



japan
မင်းထမင်းကိုစားနေတဲ့သူတွေ မပါဘူး Reader ထဲမှာ
15 Dec 08 17:17
193.200.150.189
japan
မရေးချင်မရေးနဲ့ အလကားလေကျယ်မနေနဲ့ 
15 Dec 08 17:16
193.200.150.23
japan
ဘာတွေကိုမကျေနပ်နေတာလည်း။ခင်ဗျာရေးချင်လို့ ရေးတယ် ကျုပ်တို့ ကလည်း INTERNET ကို အလကားရတာမဟုတ်ဘူး
japan
မင်းဒီလို ဆက်ပြီးရေးနေရင် မင်း blog လောကကနေ အပယ်ခံဖြစ်မယ် ဟုတ်ပြီလား
15 Dec 08 17:22
193.200.150.189



japan
မင်းမရှက်ရင် ဆက်ရေးပေါ့ မင်းကိုလည်း ငါတို့ မစော်ကားဘူး ငါတို့ ကလည်း ဖတ်ချင်ရင်ဖတ်မယ်
15 Dec 08 17:21
193.200.150.189

japan
မင်းအတွက်လာမယ်ဆိုတာသိတယ်နော်
15 Dec 08 17:28
85.195.123.24
japan
မင်းကမရှက်တက်ဘူးထင်ပါတယ် ရေးလည်းအပိုပဲ မင်းအကြောင်းတွေကို မပေါ်စေနဲ့ ပေါ့ကွာ ငါတို့ ကို ပေါက်ကွဲပြီး
15 Dec 08 17:28
85.195.123.24
japan
မင်းစာတွေရေးတယ်ဆိုပြီး ဘ၀င်လေဟပ်မနေနဲ့ သတိထားပါ မင်းငယ်ပါသေးတယ်
15 Dec 08 17:26
193.200.150.137

Bangkok
almost everyday read you bolg is ,only love to read ,the rest nothing
15 Dec 08 17:29
125.24.178.243

Onlineပေါ်မှာ Nick nameတောင် မှန်အောင် မပြောဝင့်တဲ့လူများရှင့်။(IP address 69.181.168.207 and 117.47.88.222, 125.24.178, 125.24.178.243,
IP address အမျိုးမျိုးပြောင်းရေးသော japan 193.200.150.189,193.200.150.23,193.200.150.189,85.195.123.24
,193.200.150.137,
)
ရှင်းရှင်းလေးရေးထားတဲ့စာကို နားမလည်ဘူးထင်လို့ နောက်တစ်ခေါက်ထပ်ပြောလိုက်မယ်။ ကျမကို စော်ကားဖို့ Blog ကိုလာစရာမလိုဘူး။ ကျမရဲ့ Postတွေကို တန်ဖိုးမထားတဲ့လူတွေ ကျမအလိုမရှိဘူး။ တစ်ယောက်ပဲ ရှိရှိ Postတွေကို အလေးထားပြီး ကျမစေတနာကို လေးစားတဲ့လူပဲလိုချင်တယ်။

ဒီတော့ ရှင်တို့ရဲ့ စော်ကားမော်ကားစကားတွေကို နားထောင်ဖို့အချိန်မရှိလို့ ရှင်တို့ကို Banပါတယ်။ IP address ပြောင်းပြီးထပ်လာလည်း ထပ် Banပါမယ်။

IP address တောင် မှန်အောင် မပြောရဲတဲ့သူများရှင့်။

မဆိုင်တာတွေ ပတ်မရမ်းကြပါနဲ့ရှင့်။

ယောင်္ကျားပီပီသသလေး ယဉ်ယဉ်ကျေးကျေးလာရောက်ပြောဆိုနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ကို မမြင်ရတဲ့ Online လောကမှာ ရန်ရှာရဲတဲ့ ရှင့်တို့တွေရဲ့ သတ္တိကိုလေးစားပါတယ်။

ယုတ်မာပိုင်ခွင့် ရှိတယ်လို့ ယူဆနေတဲ့ Japan။
(မတရားတဲ့နည်းလမ်းနဲ့
ယုတ်မာချင်ရင် ယုတ်မာနိုင်ပါတယ်။)

ပေါက်ကွဲခြင်း

အခု၊ စိတ်တိုနေတယ်။ တိုတာမှ တစ်စက်စက် တုန်နေလောက်အောင်ကို စိတ်တိုနေတယ်။ ဒီအကြောင်းကို ရေးသင့်၊ မရေးသင့် စဉ်းစားနေတာကြာလှပြီ။ ဟန်မဆောင်တတ်တဲ့ ကျမ၊ စိတ်ထဲရှိရာ ပြောရမှ ကျေနပ်တဲ့ ကျမ ၊ ဒီစာကို ရေးဖို့ကို စဉ်းစားခဲ့တာ တစ်လ ကျော်ခဲ့ပြီ။ အခုတော့ ဆက်လက်သည်းညည်းမခံနိုင်တော့လို့ ဖြစ်ချင်တာဖြစ် ပေါက်ကွဲပစ်လိုက်တော့မယ်။

ဒီလိုရှင့်။ "ကျမမှာ အချိန်မရှိဘူး၊ အချိန်မရှိဘူး." ....လို့ ပို့စ်တွေထဲမှာ ခဏခဏ ထည့်ရေးဖူးတာ သတိထားမိလားမသိဘူး။ အဲဒါ တစ်ကယ်ပြောတာရှင့်။ လူကြားကောင်းအောင် ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတာမဟုတ်ဘူး။ ကျောင်းက တစ်ဖက်၊ အလုပ်ကတစ်ဖက်နဲ့ အားကို မအား။ တစ်ခါတစ်လေများဆို တစ်နေ့နေလို့ (5)နာရီ အိပ်ရရင် ကံကောင်းလို့ ပြောရလောက်အောင် အချိန်ရှားပါးတာ။ ဒီလောက်မအားတဲ့ကြားက မရရအောင် ပို့စ်ရေးတယ်။ (အိပ်ချိန်လျှော့ပြီးတော့ပေါ့။ :p )အဲလောက်ကို Blog ကို သံယောဇဉ်ရှိတယ်။ စာဖတ်သူတွေ လာလည်ရင် လာလည်ရကျိုးနပ်အောင်လို့ အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးတယ်။ ဘဝနဲ့ ယှဉ်ပြီး အရေးကြီးတဲ့ စာမေးပွဲကာလတွေမှာတောင် မရရအောင် ပို့စ်တင်ပေးသေးတယ်။ :z ရူးတယ်ပဲဆိုဆို အဲလောက်ထိ Blogကို သံယောဇဉ်ကြီးတယ်။

ကျမက အဲလောက် Blogကိုသံယောဇဉ်ရှိ၊ စာဖတ်သူတွေကို အလေးထားသလောက် ကျမပြန်ရလိုက်တာကတော့ တော်တော် ခံပြင်းဖို့ကောင်းတယ်သိလား။ လူတွေ၊ လူတွေ။ တော်ရုံတန်ရုံပဲ ကြောကြရင် ကောင်းမယ်။ ဟုတ်တယ်။ ရေးရင်းနဲ့တောင် စိတ်တိုလာပြီ အဟုတ်။ ဘယ်လိုလူတွေမှန်း မသိဘူး။ Blog ကို လာလည်တယ်။ စာတွေလာဖတ်တယ်။ Comment ရေးဖို့နေနေသာသာ၊ C-box မှာတောင် မနှုတ်ဆက်ဘူး။ ဘယ်လောက်တရားကျဖို့ကောင်းလဲ။

လာဖတ်တယ်ဆိုကတည်းက ကျမစာတွေကို ဖတ်ချင်လို့ပေါ့ မဟုတ်ဘူးလား။ ကျမစာတွေထဲမှာ သူတို့အတွက် အကျိုးရှိတာတွေကော၊ အကျိုးမရှိတာတွေကော ပါကောင်းပါပါလိမ့်မယ်။ ဒါပေမယ့်၊ လာလည်ပြီး ဖတ်သွားပြီလေ။ မဖတ်တောင် ရောက်တော့ ရောက်ခဲ့ပြီမလား။ ဘာလို့ C-boxမှာတောင် မနှုတ်ဆက်နိုင်ရတာလဲ။ :d ဘာလို့ အဲလောက် ကြီးကျယ်ကြတာလဲ။ :d ဘာလို့ အဲလောက်လူပါးဝရတာလဲ။ :d

C-box မှာ နှုတ်ဆက်ဖို့တောင် အချိန်မရှိရင် လာကိုမလာပါနဲ့လား။ သူများရေးထားတဲ့စာတွေကို အကြောကြီးနဲ့ လာဖတ်ပြီး နှုတ်တောင် မဆက်နိုင်လောက်အောင် ရှင်တို့က ဘာတွေမလို့လဲ။ OK ။အဲလောက်တောင် စာရေးသူကို အလေးမထားရင် လာကိုမလာကြနဲ့။ ရိုင်းတယ်ပဲ ဆိုဆို။ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ်။ "နင်ရေးတာကို လာတော့ဖတ်မယ်။ Comment ဝေးလို့ C-boxမှာတောင် နှုတ်မဆက်နိုင်ဘူး."..ဆိုရင် လာကို လာမဖတ်နဲ့။ ဟုတ်ပြီနော်။

အချိန်တွေပိုနေလွန်းလို့ အားအားရားရား ပို့စ်ရေးနေတာမဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့အတွေ့အကြုံလေးတွေကို မသိသေးတဲ့လူတွေ သိပါစေ......ဆိုတဲ့ စေတနာနဲ့ ရေးနေတာ။ လူတွေ အကြောခံဖို့မဟုတ်ဘူး။ ဟိုတစ်ခါ ကျမ အရမ်းပျော်နေပါသည်။တင်တုန်းက ပွစိပွစိလာလုပ်ကြတယ်။ ငါတို့လည်း အမာခံပိရိသတ်ပါပဲဆိုပြီး။ အဲဒီအစ်ကိုကြီးအကြောင်း ထည့်ရေးတော့လည်း "ငါတို့ကြမပါဘူး" ဆိုပြီး G-talk မှာစကားနာလာထိုးတဲ့လူက ထိုးသေးတယ်။

တစ်ကယ်ဆို ကျမဆီမှာ အဲဒီ အစ်ကိုကြီး တစ်ခါတောင် Comment မရေးဖူးဘူး။ အပြင်မှာလည်း မသိဘူး။ G-talk မှာလည်း မသိဘူး။ ဒါပေမယ့် သူ၊ "ကျမစာတွေကို သေချာဖတ်ကြောင်း "ပို့စ်တစ်ခုအနေနဲ့ တင်ပေးဖူးတယ်။ ကျမ လိုချင်တာ အဲလိုမျိုး ကျမရေးထားတဲ့စာကို သေသေချာချာဖတ်ပေးမယ့်သူ။ အခု ကျမ ရနေတာက စာလာဖတ်ကြောင်းကိုတောင် အသိမပေးချင်တဲ့သူ။ "နင်ရေးတာ ကောင်းခဲ့ရင်တောင် အသိအမှတ်မပြုပေးနိုင်ဘူး".........လို့ သဘောထားတဲ့လူစားမျိုးတွေ။

တော်ပြီ။ တော်တော်စိတ်ကုန်သွားပြီ။ အခုကစပြီး Blogကို Anybody Permission ပေးသင့်မသင့်စဉ်းစားတော့မယ်။ အဲလောက် ကြောတဲ့လူတွေ လာဖတ်မယ့်အစား Only blog authors ပေးပြီး ကိုယ့်ဟာကို တစ်ယောက်တည်း ဖတ်တာပဲ ကောင်းမယ်လို့ စဉ်းစားနေတယ် ။

ဒီအချိုးမျိုး ထပ်ချိုးနေကြသေးရင် Blog ပိတ်တော့မယ်။ ကျမကို ချစ်တဲ့၊ ခင်တဲ့ အမြဲတမ်းစာဖတ်ပိရိသတ်တွေကို အားနာပေမယ့် သူများအကြောခံပြီး ပို့စ်မရေးနိုင်လို့ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်တော့မယ်။

မှတ်ချက်၊ Blog မှာ ရှိတဲ့ Life Traffic Feed က Link တွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူတွေ ကျမကို လာကြောနေ၊ လာရင့်နေလည်းဆိုတာကို စုံစမ်းနိုင်တယ်သိလား။ Geo Country counterနဲ့ Hit countersတွေ တစ်နေ့တစ်ခြား တက်နေတာကို ကြည့်ခြင်းအားဖြင့်လည်း လူတွေလာလား၊ မလာလားကို သိနိုင်တယ် ဟုတ်။


လူလူချင်း ကြောခြင်း၊ ရင့်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


ခဏခဏ အထင်လွဲခံရလွန်းလို့ ပြောလိုက်ပါမယ်။
ဒီပို့စ်မှ အကြောင်းအရာများသည် လူတိုင်းကို မဆိုလိုပါ။
ဟုတ်ရင် နာကြပါ။



ဒီစာရေးတဲ့အချိန်မှာ အရမ်းစိတ်တိုနေလို့ ရိုင်းသွားခဲ့လျှင် ခွင့်လွှတ်ပါ။ :y

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.