ဘမောင်ရေးတဲ့ ရင်ထဲက ခံစားချက် (Posted by tharrhtoo )
ဣဿာမစ္ဆရိယဆိုတာဟယ မနာလိုဝန်တိုခြင်းဆိုတာ
ဗုဒ္ဓဘာသာဝင်တိုင်းသိမယ်လို့ ကျုပ်ယူဆမိတယ်ဗျာ့
မေတ္တာရှေ့ထားပြီးမုဒိတာပွားဖို့ ဗုဒ္ဓဘာသာမှာ အခြေခံ
အုတ်မြစ်ချထားပေးခဲ့ပါတယ် ။
ဣဿာမစ္ဆရိယတွေ ကျုပ်တို့လူမျိုးတွေမှာအတော်တော်
များများလွှမ်းမိုးလာတာနေရာတိုင်းမှာတွေ့နေရတာအတော့်
ကိုဝမ်းနည်းစရာကောင်းပါ့ဗျား ။
ကျုပ်လား..ကျုပ်က အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား
ဝန်ထမ်းတယောက်ပေါ့ဗျာ တပတ်တခါ စင်ကာပူမှာရှိတဲ့
သားနဲ့ ချွေးမဆီကို ဆိုက်ဘာကဖေးကနေပြီး လူငယ်လေး
တွေနဲ့အပြိုင် ချက်တက်တဲ့ ခေတ်မှီ အဘိုးကြီးတယောက်ပေါ့
အယ်ဒီတော့ဘာတွေဖြစ်လားသလည်း..သိလား..?
ကမ္ဘာကြီးနဲ့ မြန်မာပြည်ကြီးဘာတွေဖြစ်နေတယ်ဆိုတာ
သိလာရတာပေါ့ ခုလည်းကြည့်လေ ကျုပ်တို့ နိုင်ငံကြီး
အာဏာရှင်လောင်းရိတ်အောက်က လွတ်မြောက်အောင်
ပြည်တွင်းပြည်ပက စွမ်းဆောင်ရည်ရှိတဲ့ လူတွေက
ပေးဆပ်ခြင်းကြီးကြီးတွေနဲ့ ပေးဆပ်နေကြတယ် ၊
လုပ်ဆောင်နေကြတယ် ဟုတ်တယ်မဟုတ်လား..?
ပြည်တွင်းမှာဆိုရင် မောင်မင်းကိုနိုင် ၊ မောင်မင်းဇေယျ ၊
မောင်ဇာဂနာတို့ နောက်ပြီး ဘလော့ဂါနေဘုန်းလတ်
ဟုတ်လား သူတို့တတွေက နည်းပညာတွေသုံးပြီး
မြန်မာပြည်အကြောင်းတွေကို ကမ္ဘာကြီးကို ချပြကြတယ် ၊
ကျန်တဲ့ ၈၈ မျိုးဆက်တွေနဲ့ မျိုးဆက်သစ်တွေကလည်း
သူတို့တက်နိုင်တဲ့ နည်းတွေနဲ့စစ်အာဏာရှင်တွေကိုဆန့်ကျင်
ကြလို့ထောင်ဒဏ်နှစ်ရှည်လများ မတရားအကျခံပြီး မိဘ
မောင်နှမ မိတ်ဆွေများနဲ့ဝေးရာ နယ်စွန်နယ်ဖျားတွေကို
အပို့ခံရကြတယ်မဟုတ်လားဗျာ့ ။
ပြည်ပမှာဆိုလည်း နိုင်ငံတကာရောက်နေတဲ့ အမိမြန်မာပြည်
ကိုချစ်ခင်မြတ်နိုးတဲ့ သူတွေက သံရုံးတွေရှေ့ ဆန္ဒတွေပြကြ
UN ကို တောင်းဆိုစာတွေပို့ကြ ၊ဆုတောင်းပွဲတွေလုပ်ကြနဲ့
အားလုံးကတက်တက်ကြွကြွလုပ်နေ ကြတဲ့အချိန်မှာတောင်
ကဖျက်ကရက်လုပ်ခြင်တဲ့သူတွေက ပေါ်လာပြီး ၊ ဘာမလုပ်သင့်ဘူး ၊
ညာမလုပ်သင့်ဘူးဆိုပြီးတော့ လူတကာတွေကို
လိုက်လံစည်းရုံးရေးဆင်းနေတာကို ကြားနေရ မြင်နေရပေါ့ ။
အဲဒါပေါ့ဗျာ " ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုတာ " ။
ကျုပ်လိုအသက်ကြီးတာတောင် သံဃာတွေ ၊ လူငယ်တွေ
ကျောင်းသူ ၊ ကျောင်းသားတွေနဲ့အပြိုင် စက်တင်ဘာ ၂၀၀၇
လမ်းလျှောက်ဆုတောင်းပွဲတောင်ဝင်နွဲလိုက်သေးတာပဲ
အဲလိုလုပ်လို့ကျုပ်တို့ရမှာက မတရားဖမ်းဆီးခံရမှာ
မတော်လို့များ ပစ်သက်လို့သေရမှာပဲရှိတယ်ဆိုတာ သိသိနဲ့
ကျုပ်တို့ ကိုယ်တိုင်ကိုယ်က ၀င်ပါလိုက်ကြသေးတာပဲဗျာ့ ။
ကျုပ်ဆိုလိုတာက ကျုပ်တို့အတွက် ဘာအကျိုးအမြတ်မှာ မရဘူး
ဆိုတာကိုပြောချင်တာပါ ။ ကျုပ်တို့လို့ သာမန်လူတွေကတောင်မှာ
ဒီစစ်အာဏာရှင်တွေကို နည်းလမ်းပေါင်းစုံနဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့တာပါ
ကျုပ်တို့ထက်ပိုပြီး အခွင့်အရေးတွေရနိုင်တဲ့ NCGUB လို့ခေါ်တဲ့
အဝေးရောက် နိုင်ငံရေးသမားကြီးတွေထဲကတချို့ ဘာကြောင့်များ
စစ်အာဏာရှင်တစုဖြုတ်ချရေးမှာ အားသွန်ခွန်စိုက် မပူးပေါင်း
နိုင်ကြတာ အံဩလို့တောင် မကုန်ဘူးဗျာ ။
ဘာတဲ့….ဒီကြားထဲ အဝေးရောက်ဝန်ကြီးချုပ်လုပ်နေတဲ့
( မစုရဲ့ အကိုတ၀မ်းကွဲ ဟုတ်လား ) ဦးစိန်ဝင်း ၊ ဒေါက်တာ
သောင်းထွန်း ၊ ဦးဘိုကြီးလား ဦးဘိုလှဆိုလား ၊ မသိဘူး
နောက်ထပ်ကျန်ပါသေးတယ် ကျုပ်သေသေချာချာ မသိတော့လို့
ဒီလူတွေက UN ကို တင်တဲ့ Creadentials Challenges ကို
မတင်ဖြစ်အောင်လိုက်ပြီး စည်းရုံးနေတယ်ဆိုပဲဗျာ့ ။
ထူးဆန်းလိုက်တာ..အာဏာရှင်ကို အပြုတ်တိုက်မဲ့လူတွေက
ဗိုလ်သန်းရွှေ မျက်ခုံးလုပ်နေတဲ့ နိုင်ငံရေးဗျုဟာကို ဖြစ်မြောက်
အောင်မြင်ခြင်းမရှိအောင် လိုက်လံ ကန့်ကွက်နေကြတာ
ကျုပ်စိတ်ထဲမှာ နည်းနည်းတော့ ထူးဆန်းနေတယ် ၊
ခင်ဗျားတို့ရော ထူးဆန်းတယ်လို့မထင်ဘူးလား..
တန်တော့ ဒီလူတွေက န ၊ အ ၊ ဖ ရဲ့ သူလျှိုတွေလားမသိဘူးနော့
ဒါမှာမဟုတ် ကျုပ်ပြောခဲ့သလိုမျိုး ဒီလူတစုက သူတို့ဥာဏ်ရည်မမှီလို့
မလုပ်နိုင်တဲ့ကိစ္စကို ပိုတော် ၊ ပိုတက်တဲ့ လူတွေကလုပ်တာကို
ဣဿာမစ္ဆရီယ ဖြစ်နေလားမသိပါဘူးဗျာ ။
ပြည်တွင်းမှာလည်း ဒီလူရှုပ်တသိုက်ကြောင့် ကောင်းခန်းရောက်ခါနီး
မီးပျက်သွားတဲ့ ကိုးရီးယား ကားကြည့်နေရသလိုမျိုး
ဆန့်တငန့်ငန့်နဲ့ဖြစ်ကုန်တာပေါ့ဗျာ ။
ကျုပ်သားကတော့ တားရှာပါတယ်ဗျာ " အဖေရယ်ပေါ့ ဒီအသက်
ရောက်မှာတော့ အေးအေးဆေးဆေးနေပါပေါ့ဗျာ "
ကျုပ်က ဒါမျိုးကျတော့ မနေနိုင်ဘူးဗျာ့ ကျုပ်တို့ပြည်တွင်းက
လူတွေတနေ့တနေ့ ကျပ်တည်းဆင်းရဲပြီး ဒုက္ခတွေခံစားနေရတော့
နိုင်ငံစီးပွားနဲ့ ပြည်သူ့အပေါ် တစ်ကယ် အကျိုးပြုမယ့်
ဒီမိုကရေစီ အစိုးရသစ်ပေါ်ပေါက်လာရေးကို မျှော်ကိုးတာပေါ့ဗျာ ။
ကဲ…ကျုပ်ရေးတဲ့ စာတွေလည်းရှည်လွန်းလို့ အားလုံးပဲ
ကျုပ်ကို အမြင်ကပ်တော့မယ် ကျုပ်ရင်ထဲက ခံစားချက်တွေကို
ကျုပ်သားက ကျုပ်နားပူနားဆာ လုပ်လွန်းလို့ ပြောပြလိုက်
ရတဲ့ ဘလောက်ဆိုလား ဘလော့ဆိုလား ရေးနေတဲ့သူတွေ
ဆီကို ပို့နိုင်အောင် မေးလ်လိပ်စာတွေ ရေးပေးလိုက်လို့
မောင်ရင်တို့တစ်တွေဆီကို ရေးပို့လိုက်တာပါကွာ…
ကြိုက်ရင်လည်း ဆက်လက်ဖြန့်ဝေပေါ့ကွာ ။
ဒါပါပဲ
အန်ထုတ်လိုက်ရလို့ ရင်ဘတ်ကြီး တခုလုံးရှင်းသွားတဲ့
ဦးကြီး ဘမောင်
နေမကောင်း လို့ စာရိုက်ဖို့ ဝေး ကွန်ပျူတာ တောင် မနည်းအားစိုက် ကြည့်နေရတယ်- ကိုသားထူး
အသစ်တင်ထားတယ် မမေ ကြည့်လိုက်ပါဦးဆိုပြီး ကိုသားထူးမဟုတ်တဲ့တစ်ယောက်က ဖုန်းဆက်
လို့ ကြည့်လိုက် တော့ ကိုယ်ထက် တိတ်ကျကျ ပြောနိုင်ဆို နိုင် တဲ့ အစွမ်းအစ တွေ နဲ့ ပြည်သူ အ
ပေါ်ထားတဲ့ သားထူးရဲ့ စေတနာ ကြောင့် ထပ်မံ ကူးယူ တင်ပြလိုက် ပါတယ် ။။
မေအိခင်
You received this email because you are subscribed to the real_time feed for http://laminkhin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.