Thursday, December 18, 2008

[mAunG mYo] 2 New Entries: Mae-Sot Shopping

Mae-Sot Shopping

( မြန်မာဘက်ခြမ်းက ဈေးကားတွေ ဒီဂိတ်ကို အရင်ဆိုက်ပါတယ် )

မနေ့ က ပိတ်ရက်မှာ Shopping သွားပါတယ် ။ ပြန်ရောက်ပြီး ဆြာ့ ကိုလည်း သွားဦးမတိုက်ရသေးဘူး ။လိုနေတာတွေကလည်း များလိုက်တာ ထွက်ပြီးဆို ထွက်ရမယ့်လမ်းတွေကတော်တော်များတယ် ဟိုဒါလည်းမရှိ ဒီဟာကတော့ ကုန်ပြီး မန်းနီးကလည်း ပါးနေတယ်း) ။ ပြီးခဲ့တဲ့လက အလုပ် (7) ရက်ပဲဆင်းထားတော့ လခက (960 ) ပဲရတယ် ။ ဒီမှာက အလုပ်တွေမှာ ချေးငွေထုတ်လို့ရတဲ့စနစ်ရှိတယ် ကျနော်တော့ တစ်ခါမှကိုမထုတ်ဖူးဘူး ဒီတစ်ခါတော့ ဘတ်( 1000) သွားထုတ်တယ် ။ အိပ်ယာထ ရေချိုး အ၀တ်စားလည်းပြီးတော့ (12) ထိုးနေပြီး ။ အိမ်မှာသုံးနေကြတဲ့ ရိရွဲရွဲ ဆိုင်ကယ်အိုကြီးတစ်စီးတော့ ရှိပါရဲ့ မစီးတက်တာကခက်တယ် သင်ဖို့ကလည်းပျင်းတယ် ကျနော်က ပင်ပန်းမယ်ထင်ရင် ကော်ကွင်းတောင်မမှုတ်ဘူး အားကုန်မယ့် အလုပ်တွေ ရှောင်တယ် ။




ပိုက်ဆံထုတ်ပြီးတော့ ဘွားတော်ကမေးတယ် တစ်ယောက်တည်း သွားမှာလား တစ်ယောက်ယောက်လိုက်ပို့ခိုင်းတဲ့ "ဟင်အင်း ...ပုလိပ်ဖမ်းခံထိရင် ဖုန်းဆက်မယ် လာရွေးပေးနော့် " အဲ့လိုပြောတော့ ရယ်စရာမဟုတ်ပဲရယ်နေသေးတယ် အပြင်သွားစမရှိတော့ တစ်မျိုးပဲ ။ ဘိုင်စကယ်ကြီးစီးပြီး
Shopping ထွက်ပါတယ် လမ်းတွေကလည်း ပြင်နေတာ ဘယ်နှနှစ်စီမံကိန်းလည်းမသိ ဟိုဘက်ကမ်းနဲ့ ရောကြောမြေကြော လိုက်လို့ဖြစ်မယ် ။ဈေးရောက်တော့ ၀က်သားကြော် နဲ့ ကြက်ကြော်လေး ၀ယ်သွားတယ် မျက်နှာလုပ်တာ ဟဲဟဲ ဟိုရောက် ဆြာ က မစားကျနော်ပဲ တီးပစ်လိုက်တယ် ။ စကားထိုင်ပြောနေရင်း နဲ့ တိုင်းရေးပြည်ရေးဆွေးနွေး ဘလော့က အ၀ါရောင်ကြီးကမကြိုက်လို့ဖြုတ်ပေးပါအုံး ဘာဖြစ်လို့ ညာဖြစ်လို့ ဂျီကျ ။ ထိုင်နေရင်းနဲ့ အိပ်ငိုက်သလိုလို၊ မူးသလိုလိုဖြစ်တော့ နှုတ်ဆက်ပြီးပြန်ခဲ့တော့တယ်။


အ၀တ်လျှော်ဖို့ (10) ဘတ်တန်ဆပ်ပြာမှုန့်တစ်ထုတ်၊ နားက တော်ရုံခေါ်ရင်မကြားရဘူး ဒါကြောင့် ကလော်တံတစ်ချောင်း ၊ အင်း....ရေချိုးရင်ဆပ်ပြာမတိုက်ရတာလည်းကြာပြီး ခုတော့ဝယ်မှရမယ် ဆပ်ပြာရည် တစ်ဗူး၊ ခေါင်းလျှော်ရည်တစ်ဗူး ၊ ဆောင်းတွင်းရောက်တော့ အသားတွေအက်ပြီး နာတယ် အသားလိမ်းဆီလေး ၀ယ်ဖို့မေးကြည့်တော့ (85) ဘတ်တဲ့များလိုက်တာ ဗူးကအကြည်ဆိုတော့ တစ်ဝက်ပဲပါတာ မြင်နေရတယ် ၀ယ်တော့ဘူး ဘာမှမလိမ်းလည်း အနော့်ကိုယ်က ကြားမျိုး ငါးပါးရနံ့သင်းပျံပြီးသား :)ဘေဒုတ်တန်းဘက်ရောက်တော့ တစ်ရာဖိုး သုံးထည်တန် အကျီင်္တွေ ဟိုကိုင် ဒီကိုင် မကြိုက်တာနဲ့ မ၀ယ်ဖြစ် ၊ ည၀တ်ဘောင်းဘီတစ်ထည် ( 49) ဘတ်နဲ့ဝယ်လိုက်တယ် ။ နောက်နေ့တွေ အိမ်မှာဟင်းမကောင်းရင်စားဖို့အတွက် ကြက်အူချောင်း ၊ငါးအူချောင်းတွေ ၀ယ်လိုက်တယ် ။ ပြန်တော့မယ် အိပ်လည်း ငိုက်ပြီးဆိုတော့ ဘိုင်စကယ်ကြီးနဲ့ အိမ်တော်ကို အပြေးနှင်းတော့ လမ်းမှာ ပုလိပ်နှစ်ပွေက "ဟေ့...ဒီကိုလာအုံး " တဲ့ :) သူတို့က မြန်မာလိုခေါ်တော့ ကိုယ်ကလည်း အထာနဲ့ " အလိုင်နားခပ်" (ဘာလဲခင်ဗျ) လို့ ဖမ်းရွှီးလိုက်တာ ထိုင်းထင်လို့လားတော့မသိ " ဘာမှမဟုတ်ဘူး သွားသွား "ဆိုပြီးထိုင်းလိုပြန်ပြောတယ်။ ကြောက်ပြနေရင် ပိုဆိုးတော့ ဘာမှမဖြစ်သလိုနေပြမှ ဒီမှာက မလွယ်ဘူးး :P

အခုတင်တဲ့ ပုံတွေ အားလုံးကျနော်ရိုက်ထားတာမဟုတ်ပါ ဆြာ ရိုက်ထားတဲ့ ပုံတွေ တင်ပါမယ်ခင်ဗျာ ။
ဒါက အာရှလမ်းမဘက်ထင်တယ် (သွားဖူးတယ် သေချာမသိဘူး)
ဒီနေရာ တော်တော်လှတယ် မဲဆောက်စည်ပင်ရုံးရှေ့မှာ ရှိပါတယ် ။

ဒါက ဆေးရုံ


စာတိုက်ပါ သွားဖူးတယ် အချစ်ကို ပစ္စည်းသွားပို့တုန်းက (မယုံရင် ပုံပြင်မှတ် :P )

ဒါလည်း ဘယ်နားလည်းမသိဘူး ဈေးနားတစ်ဝိုက်ပဲ



ဆြာ တို့ ဆိုင်တန်းဘက် ညနေပိုင်းလူရှင်းတဲ့ပုံဖြစ်မယ် ။

မဲဆောက်ရောက်ရင် အလည်လာပါ ဖိတ်ပါတယ် "ပစ္စည်း မှန် ဈေးနှုန်း မှန်တဲ့ မဲဆောက်ဈေးကို Shopping လာဖို့ဖိတ်ခေါ်ပါတယ် " ။ ဟိုနား ဒီနား သွားလည်း ခရီးသွားမှတ်တမ်းဖြစ်သွားတာပဲ :)




ကြည်ဖြူပါ လမင်း


ညက လမင်းကြီးက
မနာလိုစရာကောင်းလောက်အောင်
ထိန်ထိန်သာနေလိုက်တာ
အလွမ်းဓာတ်ခံရှိတဲ့ နှလုံးသားတွေ
အရည်ဖျော်နေသလားမှတ်ရတယ်။

သြော်......လွမ်းပါတယ်ဆိုမှ
အလေးမပြည့်ပေမယ့် ၉၅ ကျပ်သားလောက်တော့ရှိတာပေါ့
မခံနိုင်လွန်းလို့ ပြိတ္တာသံနဲ့
သီချင်းလေးတစ်ပုဒ် တိုးတိုးလေး ဆိုမိတယ်

"ကြည်ဖြူပါ ကြည်ဖြူပါ မေရယ်
ဒီကောင် မင်းမချစ်ရင်လေ
အရက်သောက်ပြီး သေမယ်
ဖဲရိုက်ပြီးသေမယ်................."


"ကြည်ဖြူပါ ကြည်ဖြူပါ မေရယ်
ဒီကောင် မင်းမချစ်ရင်လေ
ပေါ့ဆိမ့်တစ်ခွက်သောက်သေမယ်
ပဲနို့သောက်သေမယ်........... "





မှတ်ချက်။ ။ ညက ဗိုက်ဆာနေတာ ထွက်ဝယ်စားဖို့ ဆိုင်တွေလည်းပိတ်ပြီး အဲ့တာနဲ့ပဲ သောက်ချင်တာတွေကို သီချင်းစပ်ဆိုပစ်လိုက်တယ် :)
အသုံးပြုသောပုံကို www.teenee.com မှယူပါသည်။




You received this email because you are subscribed to the real_time feed for http://www.maungmyo.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.