Thursday, December 18, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 7 New Entries: ဗိုလ်ကာတွန်း ခေါ် လဒအိုသန်းရွှေ

ဗိုလ်ကာတွန်း ခေါ် လဒအိုသန်းရွှေ

အကောင်းဆုံးမြေသြဇာ၏ လှုပ်ရှားမှုများ

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် = လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံးမြေသြဇာ ကို အတိုကောက်ရေးထားသော F B F = T B M  စာပါသော  ထောင်တွေ ဖွင့် ၊ တရားရုံးတွေ ပိတ် ဆိုတဲ့ ပို့စကဒ်များ မန္တလေးမြို့ ၂၆ လမ်း၊ ၇၀ X ၇၁ လမ်းကြား 66,25x26 between  ကျုံးအရှေ့တောင်ဒေါင့် ဆီဒိုးနားဟိုတယ်နား
၆၆ လမ်း၊ ၂၅x၂၆ လမ်းကြား 66.14x15between ဆိုတာက ကျုံးအရှေ့ဘက်ခြမိးု ၆၆ လမ်း၊ ၁၄X ၁၅ လမ်းကြား

66.25x26 က ခုနက ဆီဒိုးနားဟိုတယ်နာုးုံ ရန်-မန်း လမ်းပေါ်က ပုံတွေကတော့ ဆိုင်ကယ်စီးရင်း ကြဲခဲ့ပါတယ်။

            ဒီပို့စကဒ်တွေ ဝေခြင်း ၊ ကြဲခြင်း ၊ ကပ်ခြင်း ရည်ရွယ်ချက်များကတော့ မြန်မာပြည်တွင် လက်ရှိ ဒီမိုကရေစီရရှိရေးနှင့် လူ့အခွင့်အရေး အတွက် တိုက်ပွဲဝင်နေသော ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ မြေသြဇာ လူငယ်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများအား မတရားပုဒ်မတွေတပ်ပြီး မဟားဒရား နှစ်ရှည်ထောင်ဒါဏ်တွေ ချပစ်နေသော တရားရုံးများ ပိတ်ပေးဖို့လိုတယ်ဆိုတာပြသသလို ထို တရားရုံးများမှတဆင့်ရောက်ရှိသွားသည့်ထောင်တွေကိုလည်းပိတ်ပေးဖို့လိုတယ်လို့ အဓိပ္ပါယ်ရတဲ့ ပို့စကဒ်တွေကို လိုက်လံ ဝေခြင်း၊ကပ်ခြင်း၊ကြဲခြင်းများ ပြုလုပ်ရခြင်းဖြစ်ပါတယ်။

            နောက်နောင်များတွင်လည်း နအဖ စစ်အာဏာရှင် လက်တဆုတ်စာတစုမှ မည်သို့ပင် နှီပ်စက်၊ဖမ်းဆီး ၊ ညှင်းပန်း၊နှစ်ရှည်ထောင်ဒါဏ်တွေ ချနေပါစေ၊ မြန်မာပြည်လွတ်မြောက်ရေး အဖွဲ့ချုပ်နှင့်အတူ လူထုတရပ်လုံးအတွက်စတေးခံ အကောင်းဆုံးမြေသြဇာ အဖွဲ့လူငယ်များမှ ရတဲံအချိန်၊ရတဲ့နေရာ များမှ အချိန်တိုင်း တော်လှန်ဖယ်ရှားရန် အဆင်သင့် ပြင်ဆင်ထားပြီးဖြစ်ကြောင်း နအဖ စစ်အာဏာရှင်တစုအား စိမ်ခေါ်တိုက်ပွဲစလိုက်သည်။

မည်သည့်စစ်အာဏာရှင်မှ လူထုကို မအုပ်ချုပ်စေရ။

                                                                                                                                                                                                       ကျော်ကျော်(တာဝန်ခံ)                                                          လူထုတရပ်လုံးအတွက် စတေးခံ

အကောင်းဆုံးမြေသြဇာ

 

Letter to Prime Minster

Dear Mr. Prime Minster
 
I would like to take the liberty in forwarding a copy of letter to the UN Secretary General urging him to spare no efforts to the release of all political prisoners in Burma. It is a matter of grave concern: the ongoing imprisonment of over 2,100 political prisoners, unfair trials and sentencing of political prisoners in Burma.
 
The following organizations in Canada participated in the submission of the attached letter.
 
Parliamentary Friends of Burma
International Burmese Monks Organization (Canada)
Burmese Students Democratic Organization, Toronto
National League for Democracy (LA Canada)                   
Burma Forum Canada
Burma Watch International
Canadian Campaign for Free Burma                             
Canadian Friends of Burma
Karen Canadian Community
Burmese Muslim Association (Canada)
 
U.S. had appointed Michael Green as their special representative and policy coordinator on Burma and that the E.U. had appointed Piero Fassino as their special envoy on Burma. I would like to suggest that Canada to appoint a person to work on Burma issues and that the person should be trying (perhaps in coordination with Mr. Green and Mr. Fassino) to deal with Burma, China, India and ASEAN on Burma issues.
 
 
Sincerely,
 
Zaw W. Kyaw
(416) 358-2318

KNU တပ်မဟာ ၂ အောင်ပွဲသတင်း

ီဇင်ဘာ ၁ ရက်နေ့ နေ့လည်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ ရင်း ၅ စစ်သည်တဦးက တောင်ငူမြို့နဲ့ သံတောင်မြို့သစ် (၁၃ မိုင်) ကားလမ်းပေါ်ရှိ တောင်ငူမှ ၈ မိုင်အကွာ ကျောက်တိုင်လမ်းခွဲမှာ လမ်းလုံခြုံ ရေးယူနေတဲ့ ခလရ ၄၈ တပ်စုကို အရက်မူးအောင်တိုက်ပြီး ဓားနဲ့ခုတ်ရာ နအဖ တပ်ကြပ်ကြီး ၁၊ တပ်ကြပ် ၁၊ ဒုတပ်ကြပ် ၁၊ တပ်ကြပ် ၁ နဲ့ တပ်သား ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးသွားကြပါတယ်။ (အသေအပျောက် မသိရသေး။) ကရင်စစ်သည်ဟာ ရန်သူ့ထံမှ အမ်-၇၉ ဗုံးပစ်လောင်ချာ တလက် ၎င်းဗုံးသီး ၁၀ လုံး၊ အမ်အေ-၃ ဒင်ခေါက် မောင်းပြန်ရိုင်ဖယ် (၂)လက် ၎င်းဘောက် ၂ ချပ် ၎င်းကျည် ၄၀ ထမ်းပြီး မိမိတပ်စခန်းသို့ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပါတယ်။

 

ဒီဇင်ဘာ ၉ ရက်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစီးဘိုနဲ့ ပုံမူခီးကြား စင်းကြံကုန်းမှာ KNLA တပ်မဟာ ၂ က နအဖတပ် ခလရ ၁၄၉ ကို အမ်-၁၈ ရှေ့ထွက်မိုင်းပဒေသာနဲ့ ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၄ ယောက်သေ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ (မှတ်ချက်။ နင်းမိုင်းမဟုတ်)

 

ဒီဇင်ဘာ ၁၁ ရက်က တောင်ငူခရိုင် ဘောဂလိကြီးနဲ့ ဘိုဆာခီးကြား ကားလမ်းပေါ်မှာ KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က နအဖရိက္ခာကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းရိက္ခာကား ပျက်စီးသွားခဲ့ပါတယ်။

မယားရောင်းရန် ရှိသည်

ဝေယံ

ရွှေလီ။ ။ ပါးစပ်က ကွမ်းတမြို့မြို့ဝါးတတ်သူ အသက် ၃ဝ ကျော်အရွယ် မဖြူဆိုတဲ့ အမျိုးသမီးကို ရွှေလီမြို့မှာရှိတဲ့ မြန်မာ အသိုင်းအဝိုင်းကြား တော်တော်များများက ကျက်မိနေပါပြီ။ သို့ပေမယ့် သူဟာ လူကုန်ကူးသူ တယောက်ဆိုတာတော့ သူ ပျောက်သွားပြီး ရက်သတ္တပတ်ကျော်တော့မှ ဗူးပေါ်သလို ပေါ်လာပါတော့တယ်။

လွန်ခဲ့တဲ့ ၂ လလောက်က သူတို့ကိုယ်တိုင် ရောင်းစားလိုက်တဲ့ အသက် ၁၈ နှစ်အရွယ် သံလျင်သူလေး မဝါဝါကို မုဒိန်းကျင့်ပြီး ဓားနဲ့ ရက်ရက်စက်စက် ထိုးသတ်ခဲ့တဲ့ ပြစ်မှုမှာ တရားခံတွေအဖြစ် သူတို့ကို တရုတ်ရဲတပ်ဖွဲ့က ဖော်ထုတ်ခဲ့ပါတယ်။ သံလျင်ဇာတိဘွား မဖြူဟာ ခင်ပွန်းသည် ကိုကျော်ထွန်း၊ သားနှစ်ယောက်၊ မောင်နှမဝမ်းကွဲ တော်စပ်သူ လင်မယားနှစ်ဦးနဲ့ ရွှေလီမှာ အခြေချလာတာ ၂ နှစ်နီးပါးပဲ ရှိပါသေးတယ်။( ဆက်ဖတ်ရန် ) မဝါဝါကို ပီကင်းမြို့နားမှာရှိတဲ့ ဆန်းတုန်းပြည်နယ်က တရုတ် အမျိုးသားတယောက်ရဲ့ လက်ထဲကို ယွမ်ငွေ ၂ သောင်းနဲ့ ရောင်းစားခဲ့တာပါ။ ဝယ်လက်တရုတ်က ငွေကို အပြည့်မချေသေးဘဲ စရံအဖြစ် ယွမ် ၆ဝဝဝ ပေးပါတယ်။ ရောင်းစားပြီး မကြာခင်မှာပဲ ဝါဝါဟာ တရုတ်လက်ထဲကနေ ထွက်ပြေးလွတ်မြောက်ခဲ့ရာမှာ ဒီလဆန်းပိုင်းမှာ ရွှေလီကို ပြန်ရောက်လာပါတယ်။ အားကိုးရာမယ့် ဝါဝါဟာ သူ့ကို ရောင်းစားလိုက်တဲ့ ကိုကျော်ထွန်းနဲ့ မဖြူတို့ဆီမှာပဲ မှီခိုနေထိုင်ခဲ့ပါတယ်။

မဖြူတို့အတွက်တော့ ရောင်းကုန်ပြန်ရတာပေါ့၊ နောက်ထပ် တရုတ်တယောက် လက်ထဲကို ရောင်းဖို့ ထပ်ကြိုးစားပြန်ပါတယ်။ ဝါဝါကတော့ ဒီတခါ အပြင်းအထန် ငြင်းဆန်ခဲ့ပါတယ်။ သို့ပေမယ့်လည်း ပွဲဆိုင်ထားတဲ့ တရုတ်ဆီက ငွေတချို့ ယူထားပြီးလို့ ဝါဝါကို မရအရခေါ်ရဖို့ ကြိုးစားပါတော့တယ်။ အခင်းဖြစ်ပွားမယ့်နေ့ ညနေပိုင်း၊ နေဝင်ရီတရော အချိန်မှာ ရွှေလီကနေ မိုင်အနည်းငယ်ဝေးတဲ့ မြန်မာနိုင်ငံ နမ့်ခမ်းမြို့ဘက် သွားရာလမ်းအတိုင်း အငှားကားတစီးနဲ့ ဝါဝါကို တင်ခေါ်သွားပါတယ်။ ခေါ်သွားသူတွေက လူပွဲစား မိသားစုဝင် အားလုံးပဲ ဖြစ်ပါတယ်။ မိနစ် ၂ဝ လောက်သွားရတဲ့ မြန်မာပိုင် မန့်ဟီးရိုးရွာဘက်အရောက် လယ်ကွင်းဘေးတနေရာမှာ ကားပေါ်က ဆင်းလိုက်ကြပါတယ်။

 "သူတို့ ဒီကနေ စသွားကတည်းက ဘီယာတွေ သောက်သွားကြတာ။ မန့်ဟီးရိုးတဝိုက်က လယ်ကွင်းတွေဘေးမှာ ဆင်းပြီး လယ်ကွင်းထဲ ခေါ်သွားကြတာ။ အဲဒီမှာ ကျော်စွာကစပြီး မုဒိန်းကျင့်တယ်။ ကျန်တဲ့လူတော့ မပါဘူးပေါ့။ ကျင့်ပြီးတာနဲ့ ဘိုဘိုက ဓားနဲ့ စထိုးတယ်။

ဓားဒဏ်ရာ ၅ ချက်နဲ့ ကောင်မလေးက သေဆုံးသွားတာပါ။ ပြီးတော့ အလောင်းကို ရေမြောင်းဘေးမှာ ပစ်ထားလိုက်တယ်" လို့ အမှုဖော်ထုတ်ရာမှာ ကူညီခဲ့သူ မြန်မာတဦးက ပြောပါတယ်။ အခင်းဖြစ်ပြီး နောက်ရက်မှာ ဒေသခံ ရှမ်းရွာသားတွေက ဝါဝါရဲ့ ရုပ်အလောင်းကို တွေ့ရာကနေ တရုတ်အာဏာပိုင်တွေဆီ ဖုန်းဆက် အကြောင်းကြားပါတယ်။ ဒီ့နောက်မှတော့ ပြစ်မှုကျူးလွန်သူ လူမှောင်ခိုဂိုဏ်းကို တစတစ ခြေရာခံရင်း ဖော်ထုတ်နိုင်ခဲ့တာပါ။ အခင်းဖြစ်ပြီးစမှာ တရုတ် အာဏာပိုင်တွေဟာ လူသတ်မှု ကွင်းဆက်ကို မဖော်နိုင်သေးဘဲ၊ နာမည်ရှိနေတဲ့ လူဆိုး စာရင်းဝင်တွေကိုပဲ လိုက်ဖမ်းနေခဲ့တာပါ။

ဖြစ်ချင်တော့ မဖြူတို့ လင်မယား ရောင်းစားခဲ့တဲ့ ရွှေရွှေ ဆိုသူလေးဟာ ရွှေလီကို ထွက်ပြေး လာပြန်ပါတယ်။ ဒါကို ဒေသခံမြန်မာတချို့က ဝိုင်းဝန်းကူညီပေးရာကနေ ခြေရာကောက်မိပြီး မဖြူတို့ လူသိုက် အပါအဝင် လူကုန်ကူးသူ ၁၂ ယောက်ကို ဖမ်းဆီး လိုက်နိုင်ပါတယ်။ ဝါဝါ့အမှုမှာ တရားခံတွေဖြစ်တဲ့ ကျော်စွာ လင်မယားနဲ့ ဘိုဘို၊ အောင်သူစိုးတို့ ၄ ယောက်ကို တရုတ်ပြည် တရားဥပဒေအရ ဆက်လက် အရေးယူဖို့ ချန်ထားပါတယ်။ လူသတ်မှုမှာ မပါဘဲ လူကုန်ကူးသူ ကိုကျော်ထွန်း၊ မဖြူနဲ့ ၁၃ နှစ်အရွယ် သမီးငယ် အပါအဝင် တရားခံ ၈ ယောက်ကိုတော့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီကို ဒီလ ၁၄ ရက်နေ့ကပဲ လွှဲပြောင်းပေးလိုက်ပါပြီ။ မူဆယ်အဖွဲ့ရဲ့ စစ်ချက်အရ သူတို့ ရောင်းစားခဲ့တဲ့ အမျိုးသမီးပေါင်း အယောက် ၂ဝ လောက်ရှိပြီလို့ ဖော်ထုတ်နိုင်ခဲ့ပါတယ်။

 မြန်မာ စစ်အစိုးရက လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ ၅ နှစ်စီမံကိန်းကို ၂ဝဝ၈ ခုနှစ် နှစ်ဆန်းပိုင်းမှာ ပြဋ္ဌာန်းခဲ့ပါတယ်။ လက်ရှိ တရုတ်နိုင်ငံဘက် လူကုန်ကူးမှု မှုခင်းတွေနဲ့ ဆက်စပ်ကြည့်ရင်တော့ မြန်မာ အမျိုးသမီးငယ်တွေရဲ့ ဘဝလုံခြုံမှုကို ထိထိရောက်ရောက် ကာကွယ် ပေးနိုင်မလားဆိုတဲ့ မေးခွန်းကိုတောင် ထုတ်စရာ လိုမယ် မထင်ပါဘူး။ မြန်မာ့စီးပွားရေး ဆင်းရဲမွန်းကျပ်မှုအောက်မှာ မြန်မာအမျိုးသမီးတွေဟာ တဝမ်းတခါးအတွက် နေရပ်စွန့်ခွါ သွားလာနေကြရာမှာ လူပွဲစားတွေ လက်ထဲ ကျရောက်ခဲ့ရတဲ့ အမျိုးသမီးတွေ ရှိနေပါတယ်။ ဝါဝါလိုပဲ ဘဝရော၊ အသက်ပါ ရင်းနှီးခဲ့ရတဲ့ အမျိုးသမီးတွေ ရှိသလို အသက် မဆုံးရှုံးပေမယ့် စိတ်ပိုင်းရုပ်ပိုင်း လူလုံးမလှအောင် နှိပ်စက်ခံခဲ့ရတဲ့ အမျိုးသမီးငယ်တွေ မနည်းလှပါဘူး။

 အဲဒီထဲမှာ ဒီလ ၂၁ ရက်နေ့ကမှ တရုတ် အာဏာပိုင်တွေက မူဆယ်လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့ဆီ လွှဲပေးခဲ့တဲ့ အမျိုးသမီး ၆ ယောက်အနက်က မန္တလေးမြို့က တက္ကသိုလ်ကျောင်းသူ ၂ ယောက်လည်း ပါဝင်ပါတယ်၊ မူဆယ်ဒေသခံ တယောက်က "သူတို့တွေရဲ့ အသက်တွေကတော့ လူအများ စိတ်ဝင်စားမယ့် ၁၈ နှစ်ကနေ ၂၂ နှစ်ကြား အရွယ်လေးတွေပါ။ လူကုန်ကူးခံရတဲ့ အမျိုးသမီး အများစု ခံရသလိုပါပဲ။ အလုပ်အကိုင် ပေးမယ်ဆိုပြီး လူပွဲစားတွေက ဖျားယောင်းသွေးဆောင် အခေါ်ခံခဲ့ရတာပါ။ လူပွဲစားတွေကတော့ လားရှိုး ရပ်ကွက် ၇ ကပါ။ အခုတော့ ဖမ်းမိသွားပါပြီ။ ကွန်ပြူတာတတ်တော့ တရုတ်ပြည်မှာ ကွန်ပြူတာတတ်၊ အင်္ဂလိပ်စာတတ်ရင် တလ ကျပ် ၁ သိန်းခွဲ ပေးမယ်ဆိုပြီး လိမ်ခေါ်ခဲ့တာပါ" လို့ ပြောပြပါတယ်။

လားရှိုး-သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော် လမ်းအတိုင်း ခေါ်လာပြီး နယ်စပ်မှာ ယွမ် ၂ သောင်းနဲ့ တရုတ်ပြည်မြောက်ပိုင်း ဆင်းရဲတဲ့ အန်းဝေးပြည်နယ်က လူဆီ ရောင်းခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဟာ အဲဒီပြည်နယ်မှာ နေခဲ့ရတာ ၉ လလောက် ကြာခဲ့ပါတယ်။ ရောက်စကနေ ၃ လလောက်အထိ အဲဒီမှာ ကုန်ပစ္စည်းတွေ ရောင်းသလို တနေရာနဲ့တနေရာ လှည့်လည် ရောင်းစားတာကို ခံခဲ့ရပါတယ်။ ၃ လလောက်အကြာမှာ သူတို့နှစ်ယောက်ကို ဝယ်ယူပြီး ပေါင်းသင်းမယ့် ဖူးစာရှင် လင်ယောက်ျားနှစ်ယောက် ပေါ်လာပါတယ်။ တယောက်က ဆွံ့အမျက်မမြင်၊ နောက်တယောက်က အသက် ၆ဝ ကျော်အရွယ်။

ဘာမှ မတတ်နိုင်ပါဘူး။ တစုံတယောက်ဆီကနေ အကူအညီ ရနိုင်တဲ့ နေရာလည်း မဟုတ်ပါဘူး။ ဒီလိုနဲ့ပဲ ကြုံကြိုက်သူနဲ့ပဲ ၆ လလောက် ပင်ပန်းဆင်းရဲစွာ နေထိုင် ဖြတ်ကျော်ခဲ့ရတယ်။ ကိုယ့်ရပ်ကိုယ့်ဌာနေနဲ့ ဝေးကွာတဲ့ ကမ္ဘာ့နေရာတခုမှာ မတူညီတဲ့ ရာသီဥတုကြမ်းတမ်းမှုဒဏ်၊ လူမှုဝန်းကျင် မတူညီမှုတွေ အပါအဝင် ဆင်းရဲတဲ့ ပြည်နယ်ဖြစ်တဲ့အပြင် ဆန်မစားရဘဲ ဂျုံကိုပဲ စားရတဲ့အတွက် စားရေးသောက်ရေးကအစ ခက်ခဲစွာ ရင်ဆိုင်ခဲ့ရပါတယ်။ အဖိုးအိုအရွယ်ကို လင်လုပ် ပေါင်းသင်းရတဲ့ သူကတော့ အလိုမတူတာကြောင့် ညအိပ်စက်ချိန်တိုင်းမှာ နှိပ်စက်ညဉ်းပန်းတာ ခံရပါတယ်။

 ဆေးလိပ်မီးနဲ့ ကျောပြင်တခုလုံးကို အထိုးခံရပြီး ဦးခေါင်းမှာလည်း အရိုက်ခံထားရတဲ့ ဒဏ်ရာ ၂ ချက် ရှိထားပါတယ်။ ရုပ်ရည် လှပသူလေးမို့ လင်လုပ်သူ အဖိုးအိုက မဖောက်ပြန်ရလေအောင်ဆိုပြီး ဆံနွယ် ၄ ကွက်ကြားပုံစံ ပုံပျက်ပန်းပျက် အညှပ်ခံရပါတယ်။ သူတို့ နှစ်ယောက် ကံကောင်းတယ်လို့ ဆိုရပါလိမ့်မယ်။ တခြား ရောင်းစားခံထားရတဲ့ မြန်မာ အမျိုးသမီးအများစုလည်း ကံကောင်းသွားပါတယ်။ မကြာခင်က ကျင်းပခဲ့တဲ့ တရုတ်ပြည် အိုလံပစ်ပွဲတော် အကြိုကာလအတွင်းမှာ တရုတ်အာဏာပိုင်တွေက စိစစ်မှုတွေ လုပ်လို့ တရုတ်ပြည်ထဲ ရောက်နေသူ မြန်မာအမျိုးသမီး ၁ဝဝ ကျော် တွေ့ရှိခဲ့တဲ့အထဲမှာ သူတို့နှစ်ယောက်လည်း ပါဝင်ခဲ့တာပါ။ အိုလံပစ်ပွဲတော်ကာလ စီမံချက်ကြောင့် အမိမြေပြန်ရမယ့် မြန်မာ အမျိုးသမီးတွေထဲမှာ ဖူးကျင့်ပြည်နယ်က တံငါသည်တွေဆီ ရောင်းစားခံခဲ့ရတဲ့ အသက် ၁၈ နှစ်နဲ့ ၃ဝ ကြား မြန်မာအမျိုးသမီး ၁၈ ယောက်လည်း နယ်စပ်ကို ရောက်နေပါပြီ။

သူတို့ကိုလည်း မကြာခင်မှာပဲ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့ဆီ လွှဲအပ်ခံရပါမယ်။ သို့ပေမယ့်လည်း မြန်မာ အမျိုးသမီးငယ်တွေ လူကုန်ကူးရောင်းစားခံရတာကို ကာကွယ်ဖို့ တာဝန်ယူ လုပ်ကိုင်နေရတဲ့ မူဆယ် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အဖွဲ့တွေဆီ နိုင်ငံတော်က မထောက်ပံ့နိုင်လို့ ငွေရေးကြေးရေး မပြည့်မစုံနဲ့မို့ ဒီအဖွဲ့ဝင်တွေ ငြီးငြူနေရတယ်လို့ နီးစပ်သူ ဒေသခံတွေကြား အပြောများကြပါတယ်။

လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေ ပြန်ရောက်လာချိန်မှာ စားသောက်စရိတ် မတတ်နိုင်လို့ မူဆယ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အဖွဲ့က နီးစပ်ရာ ကုန်သည်တွေဆီ အလှူခံနေရတာရှိသလို အဝတ်အစား ထုတ်ပေးစရာ မရှိလို့ဆိုပြီး ရဲမေတွေရဲ့ ယူနီဖေါင်းတွေ ထုတ်ဝတ်ခိုင်းရတာမျိုးတွေလည်း ရှိပါတယ်။ လမ်းစရိတ် ပေးစရာမရှိလို့ မလိုအပ်ဘဲ နှစ်ဝက်လောက်အထိ ကြာသွားတာမျိုးလည်း ရှိနေတတ်ပြန်ပါတယ်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,15th,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )ဘိုကလေး လျှပ်စစ်မီး - တရက်လျှင် ၄ နာရီ

( 2 )KNLA ကို နအဖ၊ DKBA ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်ရန် ပြင်နေ

( 3 )ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး

( 4 )နိုဘယ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

( 5 )မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို

( 6 )UN chief visit would help Myanmar

( 7 )မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များလစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း

( 8 )UN chief visit would help Myanmar, says EU envoy

( 9 )ယုဇနပလာဇာ မီးလောင်

( 10 )8 killed in Thai road accident

( 11 )ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုးဆုံးရှုံး

( 12 )စပါးဈေးကျပြီး အထွက်နှုန်းမကောင်းသည့်အတွက် တောင်သူများ အခက်ကြီးကြုံနေရ

( 13 )Still no prosecution in tragic death of 54 Myanmar migrants

( 14 )တပ်ရိက္ခာပို့ရန် ရွာသားများကို လုပ်အားပေးခိုင်းစေ

( 15 )နိုင်ငံရေး အကျဉ်းသားများ ထောင်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ

( 16 )နိုင်ငံရေး အကျဉ်းသားများအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ

( 17 )Four shops gutted in fire in Rangoon shopping mall

( 18 )မရမ်ဘုရားပွဲတော် လူပေါင်း ၁၀၀၀၀ ကျော် တက်ရောက်

( 19 )Eight migrant workers killed in car chase with Thai police

( 20 )ချောင်းဆုံမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓါတ်အားပေးစက် တပ်ဆင်

( 21 )စစ်အစိုးရတပ်မှ စစ်သား (၂) ဦး ကရင်နီတပ်မတော်ထံ လက်နက်ချ

( 22 )5 held for extortion

( 23 )Freedom Fighters Need Not Apply

( 24 )OPE ၏ မေးမြန်းခွင့်ရရှိသူတိုင်း DHS သို့ ဆက်လက်ဝင်ခွင့်ရှိမည်

( 25 )South East Asia to launch charter

( 26 )Isolation or Engagement? It's Than Shwe's Choice

( 27 )အသက် (၁၈) နှစ်ပြည့်သူဒုက္ခသည်များ ရိက္ခာထုတ်ယူရာတွင် ဂိုဒေါင်သို့ လူကိုယ်တိုင် လာရောက်ရတော့မည်

( 28 )Burmese Defense Lawyer Flees to Thailand, Blasts Regime

( 29 )Promotions Seen as Part of 2010 Election Plan

( 30 )တခါသုံးဖုန်းကတ် ဝယ်ယူလိုသူများပြား

( 31 )Sandar Win Walks Free After 6 Years

( 32 )ဘန်ကီမွန်း မြန်မာနိုင်ငံသွားသင့်ဟု အီးယူကိုယ်စားလှယ်ယူဆ

( 33 )Seven Burmese migrants killed in truck accident

( 34 )Chin villagers re-build border road to Mizoram

( 35 )ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတွင် မြန်မာ ၇ ဦး သေဆုံး

( 36 )၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဟု CNF ပြော

( 37 )urgent needs still to be met for the cyclone affected people

( 38 )နိုင်ငံရေး အကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း

( 39 )အပြောင်းရွှေ့ခံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဒုက္ခဖြစ်နေ

( 40 )Ethnic Chin group rejects junta's 2010 election plans

( 41 )VPDC Chairman arrested by Sarapa in Maungdaw

( 42 )ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ

( 43 )Four engine boats leave for Malaysia with boat-people in a month

( 44 )တကိုယ်တော် ဆန္ဒပြသမားကြီး ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေ

( 45 )U.N. to commemorate former Secretary General U Thant

( 46 )A postcard from prison

( 47 )ဝရမ်း ထုတ်ခံရသူ နိုင်ငံရေး ရှေ့နေ ထိုင်းနယ်စပ်သို့ တိမ်းရှောင်

( 48 )အစိုးရ ၀န်ထမ်းများ လစာ မလုံလောက် သဖြင့် လူထံမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ငွေကောက်ခံ

( 49 )Activists urge Canada to assign special envoy to Burma

( 50 )မြန်မာနိုင်ငံမှ ခိုးဝင်လာသူ ၇ ဦးရသေ၊ ၈ ဦးဒဏ်ရာ

( 51 )လက်နက်ကိုင် အဖွဲ့အစည်း တခုမှ စစ်တကောင်း တောင်တန်းနယ်မှ အရပ် လူကြီး ၃ ဦး ပြန်ပေးဆွဲပြီး ကျပ်ငွေ ၇ သိန်းတောင်းခံ

စံပါယ်ပန်း Campaign

Dear All
မြန်မာပြည်တွင်းမှာ
ကျွန်ုပ်တို့ ရဲဘော်တွေက စံနေသူတွေကို စ ပြီး ပယ်ဖို့ "စပါယ် ကန်ပိန်း" စတင်နေပါပြီ။
စပါယ်ပန်းတွေပန်ကြပါ၊ စပါယ်ပန်းတွေဘုရားမှာလှူကြပါ။
အများပြည်သူတွေသိအောင် ဒီသတင်းကို တတ်အားသရွေ့ တတ်နိုင်သလောက်ဖြန့် ဝေပေးကြပါ။
အီးမေးနဲ့ ဖြစ်ဖြစ် ဖုန်းနဲ့ ဖြစ်ဖြစ် ပြည်တွင်းပြည်ပ ထပ်ဆင့်ဖြန့်ဝေပေးကြပါ။

Best

Mr Creator

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.