Thursday, December 18, 2008

[                 ရင်မှ ခံစားမှုများ] 3 New Entries: မခင်ဦးမေသို့ ပေးစာ

မခင်ဦးမေသို့ ပေးစာ

မမရှင့်၊
တကူးတက ပို့စ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျမကို နားလည်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ မမဆီက Comments ကိုကြည့်ပြီး ကျမကို မုန်းတဲ့လူတော်တော်များများရှိမှန်း ကျမ သိသွားပြီ။ ဒါပေမယ့် အဲဒီထဲက ခြောက်ယောက်က Burglish ပို့စ်မှာတုန်းက ကျမဆီ Comment လာရေးပြီး နောက်ဆုံးတောင်းပန်၊ မရတော့ ရန်စောင်နေကြတဲ့ လူလေးယောက်ပါတယ်ရှင့်။ တစ်ယောက်ကတော့ Gtalk မှာနှမချင်းကိုယ်ချင်းမစာပြောပြီးမှ မသိချင်ယောင်ဆောင်နေပေမယ့် ကျမက ရန်မဖြစ်ချင်တော့လို့ ဒီတိုင်းထားပေးထားတဲ့လူတစ်ယောက်ရှင့်။ နောက်တစ်ယောက်ကတော့ ကိုယ့်ကို ကိုယ်မှအကောင်းထင်ပြီး ဘုရားမကြောက်၊ နတ်မကြောက်တဲ့ကိစ္စတစ်ခုကို လုပ်ဖူး
ပြီး ကျမအနေနဲ့ ဘယ်လိုမှ မိတ်ဆွေမတော်နိုင်တော့တဲ့တစ်ယောက်ရှင့်။ အားလုံးပဲ ကျမကို မုန်းကြမှာ ကျမသိပါတယ်။

အမှန်တရားကို နတ်စောင့်ပါတယ်။ ဘယ်သူတွေဟာ ဘာစိတ်နဲ့ ဘာစာတွေကို ရေးနေလည်းဆိုတာကို ဘုရားနဲ့ မိမိကိုယ်တိုင်သိမှာပါ။ ကျမကတော့ လုပ်သင့်တာကို လုပ်ပါတော့မယ်။ ပို့စ်တစ်ခုအနေနဲ့ ရေးပေးခဲ့တဲ့ မမကို ကျေးဇူးအရမ်းတင်ပါတယ်။ အမတစ်ယောက်လိုလည်းသဘောထားပါတယ်။ မမရဲ့စေတနာကို လေးစားပေမယ့် လက်ရှိအခြေအနေအတိုင်းဆိုရင် Blog ပိတ်ပစ်ဖို့ (90)%သေချာနေပါတယ်။

မမအပြင် ကျမကို လာအားပေးတဲ့၊ ကျမကိုချစ်တဲ့၊ ခင်တဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကို အားနာ၊ချစ်ခင်၊ လေးစားပေမယ့် လက်ရှိအခြေအနေကို ကျမ မခံစားနိုင်တော့ဘူး။

ကြေငြာခြင်း

117.47.88.222

ss Country Region City Latitude/
Longitude
ZIP Code Time Zone
117.47.88.222 THAILAND - - 13.75
100.517
- +07:00
Net Speed ISP Domain
DSL MAXNET INTERNET SERVICE PROVIDER BANGKOK TTTMAXNET.COM
IDD Code Area Code Weather Station
66 - THXX0002 - BANGKOK







အမြင်မတော်လို့ 
ရန်စာပဲရေးနေတော့ ဘယ်သူက ရေးရဲတော့မလဲ နှမငယ်ရယ် အဟွတ် အဟွတ် ကျုတ်ကျပ်လိအုံးးးးး :P




ကောင်း
မစိတ်တိုေ၇... ကွန်မက် ပေးအောင် ချိုချိုသာသာေ၇းပါ... ဒေါသ ထွက်စ၇ာ မဟုတ်ဘဲ ဘာလို့ များ ဒေါသ ထွက်နေ၇တာ လဲ... ချစ်သူနဲ့  ၇န်ဖြစ်ထားတာလား...
15 Dec 08 15:04
69.181.168.207
ကောင်း
အချိန် မ၇ှိဘူးလဲ ပြောသေးတယ်. ကွန်မက် ဖတ် ဖို့  အချိန် ကော ၇ှိလို့ လား
15 Dec 08 15:02
69.181.168.207
ကောင်း
အဲဒါ ကြောတာမှ မဟုတ်ဘူး... စာမေ၇းချင်၇င်လဲ မေ၇းဘဲ နေပါ... ဒေါသထွက်စ၇ာ မလိုပါ... သေသေချာချာ ပြန်စင်းစားပါ...အဲဒါ ကြောတာ မဟုတ်ပါ

69.181.168.207 UNITED STATES CALIFORNIA PINOLE 37.9896
-122.269

ZIP_CODE : 94564
AREA_CODE : 510
CITY_ALIAS_NAME : PINOLE
CITY_TYPE : P
COUNTY_NAME : CONTRA COSTA
STATE_FIPS : 06
COUNTY_FIPS : 013
DAY_LIGHT_SAVING : Y
ELEVATION : 38
PERSONS_PER_HOUSEHOLD : 2.67
ZIPCODE_POPULATION : 16705
COUNTIES_AREA : 720
HOUSEHOLDS_PER_ZIPCODE : 5994
WHITE_POPULATION : 8994
BLACK_POPULATION : 1941
HISPANIC_POPULATION : 2374
INCOME_PER_HOUSEHOLD : 60804
AVERAGE_HOUSE_VALUE : 216200
PERSONS_PER_HOUSEHOLD : 2.67
CBSA : 41860
CBSA_TITLE : SAN FRANCISCO-OAKLAND-FREMONT, CA METROPOLITAN STATISTICAL AREA
','#FEE3A3')" ;="" onmouseout="kill()">94564
-08:00
Net Speed ISP Domain
- COMCAST CABLE COMMUNICATIONS HOLDINGS INC COMCAST.NET
IDD Code Area Code Weather Station
1 510 USCA0867 - PINOLE

15 Dec 08 14:57
69.181.168.207



japan
မင်းထမင်းကိုစားနေတဲ့သူတွေ မပါဘူး Reader ထဲမှာ
15 Dec 08 17:17
193.200.150.189
japan
မရေးချင်မရေးနဲ့ အလကားလေကျယ်မနေနဲ့ 
15 Dec 08 17:16
193.200.150.23
japan
ဘာတွေကိုမကျေနပ်နေတာလည်း။ခင်ဗျာရေးချင်လို့ ရေးတယ် ကျုပ်တို့ ကလည်း INTERNET ကို အလကားရတာမဟုတ်ဘူး
japan
မင်းဒီလို ဆက်ပြီးရေးနေရင် မင်း blog လောကကနေ အပယ်ခံဖြစ်မယ် ဟုတ်ပြီလား
15 Dec 08 17:22
193.200.150.189



japan
မင်းမရှက်ရင် ဆက်ရေးပေါ့ မင်းကိုလည်း ငါတို့ မစော်ကားဘူး ငါတို့ ကလည်း ဖတ်ချင်ရင်ဖတ်မယ်
15 Dec 08 17:21
193.200.150.189

japan
မင်းအတွက်လာမယ်ဆိုတာသိတယ်နော်
15 Dec 08 17:28
85.195.123.24
japan
မင်းကမရှက်တက်ဘူးထင်ပါတယ် ရေးလည်းအပိုပဲ မင်းအကြောင်းတွေကို မပေါ်စေနဲ့ ပေါ့ကွာ ငါတို့ ကို ပေါက်ကွဲပြီး
15 Dec 08 17:28
85.195.123.24
japan
မင်းစာတွေရေးတယ်ဆိုပြီး ဘ၀င်လေဟပ်မနေနဲ့ သတိထားပါ မင်းငယ်ပါသေးတယ်
15 Dec 08 17:26
193.200.150.137

Bangkok
almost everyday read you bolg is ,only love to read ,the rest nothing
15 Dec 08 17:29
125.24.178.243

Onlineပေါ်မှာ Nick nameတောင် မှန်အောင် မပြောဝင့်တဲ့လူများရှင့်။(IP address 69.181.168.207 and 117.47.88.222, 125.24.178, 125.24.178.243,
IP address အမျိုးမျိုးပြောင်းရေးသော japan 193.200.150.189,193.200.150.23,193.200.150.189,85.195.123.24
,193.200.150.137,
)
ရှင်းရှင်းလေးရေးထားတဲ့စာကို နားမလည်ဘူးထင်လို့ နောက်တစ်ခေါက်ထပ်ပြောလိုက်မယ်။ ကျမကို စော်ကားဖို့ Blog ကိုလာစရာမလိုဘူး။ ကျမရဲ့ Postတွေကို တန်ဖိုးမထားတဲ့လူတွေ ကျမအလိုမရှိဘူး။ တစ်ယောက်ပဲ ရှိရှိ Postတွေကို အလေးထားပြီး ကျမစေတနာကို လေးစားတဲ့လူပဲလိုချင်တယ်။

ဒီတော့ ရှင်တို့ရဲ့ စော်ကားမော်ကားစကားတွေကို နားထောင်ဖို့အချိန်မရှိလို့ ရှင်တို့ကို Banပါတယ်။ IP address ပြောင်းပြီးထပ်လာလည်း ထပ် Banပါမယ်။

IP address တောင် မှန်အောင် မပြောရဲတဲ့သူများရှင့်။

မဆိုင်တာတွေ ပတ်မရမ်းကြပါနဲ့ရှင့်။

ယောင်္ကျားပီပီသသလေး ယဉ်ယဉ်ကျေးကျေးလာရောက်ပြောဆိုနိုင်ပါတယ်။

မိန်းကလေးတစ်ယောက်ကို မမြင်ရတဲ့ Online လောကမှာ ရန်ရှာရဲတဲ့ ရှင့်တို့တွေရဲ့ သတ္တိကိုလေးစားပါတယ်။

ယုတ်မာပိုင်ခွင့် ရှိတယ်လို့ ယူဆနေတဲ့ Japan။
(မတရားတဲ့နည်းလမ်းနဲ့
ယုတ်မာချင်ရင် ယုတ်မာနိုင်ပါတယ်။)

ပေါက်ကွဲခြင်း

အခု၊ စိတ်တိုနေတယ်။ တိုတာမှ တစ်စက်စက် တုန်နေလောက်အောင်ကို စိတ်တိုနေတယ်။ ဒီအကြောင်းကို ရေးသင့်၊ မရေးသင့် စဉ်းစားနေတာကြာလှပြီ။ ဟန်မဆောင်တတ်တဲ့ ကျမ၊ စိတ်ထဲရှိရာ ပြောရမှ ကျေနပ်တဲ့ ကျမ ၊ ဒီစာကို ရေးဖို့ကို စဉ်းစားခဲ့တာ တစ်လ ကျော်ခဲ့ပြီ။ အခုတော့ ဆက်လက်သည်းညည်းမခံနိုင်တော့လို့ ဖြစ်ချင်တာဖြစ် ပေါက်ကွဲပစ်လိုက်တော့မယ်။

ဒီလိုရှင့်။ "ကျမမှာ အချိန်မရှိဘူး၊ အချိန်မရှိဘူး." ....လို့ ပို့စ်တွေထဲမှာ ခဏခဏ ထည့်ရေးဖူးတာ သတိထားမိလားမသိဘူး။ အဲဒါ တစ်ကယ်ပြောတာရှင့်။ လူကြားကောင်းအောင် ၊ လူအထင်ကြီးအောင် လျှောက်ပြောနေတာမဟုတ်ဘူး။ ကျောင်းက တစ်ဖက်၊ အလုပ်ကတစ်ဖက်နဲ့ အားကို မအား။ တစ်ခါတစ်လေများဆို တစ်နေ့နေလို့ (5)နာရီ အိပ်ရရင် ကံကောင်းလို့ ပြောရလောက်အောင် အချိန်ရှားပါးတာ။ ဒီလောက်မအားတဲ့ကြားက မရရအောင် ပို့စ်ရေးတယ်။ (အိပ်ချိန်လျှော့ပြီးတော့ပေါ့။ :p )အဲလောက်ကို Blog ကို သံယောဇဉ်ရှိတယ်။ စာဖတ်သူတွေ လာလည်ရင် လာလည်ရကျိုးနပ်အောင်လို့ အတတ်နိုင်ဆုံး တစ်နေ့တစ်ပို့စ်ရအောင် ရေးတယ်။ ဘဝနဲ့ ယှဉ်ပြီး အရေးကြီးတဲ့ စာမေးပွဲကာလတွေမှာတောင် မရရအောင် ပို့စ်တင်ပေးသေးတယ်။ :z ရူးတယ်ပဲဆိုဆို အဲလောက်ထိ Blogကို သံယောဇဉ်ကြီးတယ်။

ကျမက အဲလောက် Blogကိုသံယောဇဉ်ရှိ၊ စာဖတ်သူတွေကို အလေးထားသလောက် ကျမပြန်ရလိုက်တာကတော့ တော်တော် ခံပြင်းဖို့ကောင်းတယ်သိလား။ လူတွေ၊ လူတွေ။ တော်ရုံတန်ရုံပဲ ကြောကြရင် ကောင်းမယ်။ ဟုတ်တယ်။ ရေးရင်းနဲ့တောင် စိတ်တိုလာပြီ အဟုတ်။ ဘယ်လိုလူတွေမှန်း မသိဘူး။ Blog ကို လာလည်တယ်။ စာတွေလာဖတ်တယ်။ Comment ရေးဖို့နေနေသာသာ၊ C-box မှာတောင် မနှုတ်ဆက်ဘူး။ ဘယ်လောက်တရားကျဖို့ကောင်းလဲ။

လာဖတ်တယ်ဆိုကတည်းက ကျမစာတွေကို ဖတ်ချင်လို့ပေါ့ မဟုတ်ဘူးလား။ ကျမစာတွေထဲမှာ သူတို့အတွက် အကျိုးရှိတာတွေကော၊ အကျိုးမရှိတာတွေကော ပါကောင်းပါပါလိမ့်မယ်။ ဒါပေမယ့်၊ လာလည်ပြီး ဖတ်သွားပြီလေ။ မဖတ်တောင် ရောက်တော့ ရောက်ခဲ့ပြီမလား။ ဘာလို့ C-boxမှာတောင် မနှုတ်ဆက်နိုင်ရတာလဲ။ :d ဘာလို့ အဲလောက် ကြီးကျယ်ကြတာလဲ။ :d ဘာလို့ အဲလောက်လူပါးဝရတာလဲ။ :d

C-box မှာ နှုတ်ဆက်ဖို့တောင် အချိန်မရှိရင် လာကိုမလာပါနဲ့လား။ သူများရေးထားတဲ့စာတွေကို အကြောကြီးနဲ့ လာဖတ်ပြီး နှုတ်တောင် မဆက်နိုင်လောက်အောင် ရှင်တို့က ဘာတွေမလို့လဲ။ OK ။အဲလောက်တောင် စာရေးသူကို အလေးမထားရင် လာကိုမလာကြနဲ့။ ရိုင်းတယ်ပဲ ဆိုဆို။ နောက်တစ်ခေါက် ထပ်ပြောလိုက်မယ်။ "နင်ရေးတာကို လာတော့ဖတ်မယ်။ Comment ဝေးလို့ C-boxမှာတောင် နှုတ်မဆက်နိုင်ဘူး."..ဆိုရင် လာကို လာမဖတ်နဲ့။ ဟုတ်ပြီနော်။

အချိန်တွေပိုနေလွန်းလို့ အားအားရားရား ပို့စ်ရေးနေတာမဟုတ်ဘူး။ ကိုယ့်မှာရှိတဲ့အတွေ့အကြုံလေးတွေကို မသိသေးတဲ့လူတွေ သိပါစေ......ဆိုတဲ့ စေတနာနဲ့ ရေးနေတာ။ လူတွေ အကြောခံဖို့မဟုတ်ဘူး။ ဟိုတစ်ခါ ကျမ အရမ်းပျော်နေပါသည်။တင်တုန်းက ပွစိပွစိလာလုပ်ကြတယ်။ ငါတို့လည်း အမာခံပိရိသတ်ပါပဲဆိုပြီး။ အဲဒီအစ်ကိုကြီးအကြောင်း ထည့်ရေးတော့လည်း "ငါတို့ကြမပါဘူး" ဆိုပြီး G-talk မှာစကားနာလာထိုးတဲ့လူက ထိုးသေးတယ်။

တစ်ကယ်ဆို ကျမဆီမှာ အဲဒီ အစ်ကိုကြီး တစ်ခါတောင် Comment မရေးဖူးဘူး။ အပြင်မှာလည်း မသိဘူး။ G-talk မှာလည်း မသိဘူး။ ဒါပေမယ့် သူ၊ "ကျမစာတွေကို သေချာဖတ်ကြောင်း "ပို့စ်တစ်ခုအနေနဲ့ တင်ပေးဖူးတယ်။ ကျမ လိုချင်တာ အဲလိုမျိုး ကျမရေးထားတဲ့စာကို သေသေချာချာဖတ်ပေးမယ့်သူ။ အခု ကျမ ရနေတာက စာလာဖတ်ကြောင်းကိုတောင် အသိမပေးချင်တဲ့သူ။ "နင်ရေးတာ ကောင်းခဲ့ရင်တောင် အသိအမှတ်မပြုပေးနိုင်ဘူး".........လို့ သဘောထားတဲ့လူစားမျိုးတွေ။

တော်ပြီ။ တော်တော်စိတ်ကုန်သွားပြီ။ အခုကစပြီး Blogကို Anybody Permission ပေးသင့်မသင့်စဉ်းစားတော့မယ်။ အဲလောက် ကြောတဲ့လူတွေ လာဖတ်မယ့်အစား Only blog authors ပေးပြီး ကိုယ့်ဟာကို တစ်ယောက်တည်း ဖတ်တာပဲ ကောင်းမယ်လို့ စဉ်းစားနေတယ် ။

ဒီအချိုးမျိုး ထပ်ချိုးနေကြသေးရင် Blog ပိတ်တော့မယ်။ ကျမကို ချစ်တဲ့၊ ခင်တဲ့ အမြဲတမ်းစာဖတ်ပိရိသတ်တွေကို အားနာပေမယ့် သူများအကြောခံပြီး ပို့စ်မရေးနိုင်လို့ အခြေအနေကို စောင့်ကြည့်ပြီး ဆုံးဖြတ်တော့မယ်။

မှတ်ချက်၊ Blog မှာ ရှိတဲ့ Life Traffic Feed က Link တွေကို ကြည့်ခြင်းအားဖြင့် ဘယ်သူတွေ ကျမကို လာကြောနေ၊ လာရင့်နေလည်းဆိုတာကို စုံစမ်းနိုင်တယ်သိလား။ Geo Country counterနဲ့ Hit countersတွေ တစ်နေ့တစ်ခြား တက်နေတာကို ကြည့်ခြင်းအားဖြင့်လည်း လူတွေလာလား၊ မလာလားကို သိနိုင်တယ် ဟုတ်။


လူလူချင်း ကြောခြင်း၊ ရင့်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။


ခဏခဏ အထင်လွဲခံရလွန်းလို့ ပြောလိုက်ပါမယ်။
ဒီပို့စ်မှ အကြောင်းအရာများသည် လူတိုင်းကို မဆိုလိုပါ။
ဟုတ်ရင် နာကြပါ။



ဒီစာရေးတဲ့အချိန်မှာ အရမ်းစိတ်တိုနေလို့ ရိုင်းသွားခဲ့လျှင် ခွင့်လွှတ်ပါ။ :y

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.