Thursday, December 18, 2008

[ပန်းခရမ်းပြာ] 1 New Entry: ဆယ်ကုဋေ

ဆယ်ကုဋေ


လူတစ်ခု ပူမှုရယ် ဆယ်ကုဋေ ... တဲ့
ခုတလော ဖြစ်ချင်တာတွေ၊ ဖြစ်လာတာတွေ များလွန်းလို့ ဆယ်ကုဋေ လောက်မများပေမဲ့ အပူတွေ ဆင့်နေတယ်လို့ ထင်မိတာပဲ။

ဘလော့ကို ရောက်လာတဲ့ ဧည့်သည်တွေကိုလည်း ဧည့်ဝတ် မကျေတာ ကြာလှပြီ။ ပို့စ်လေး မှန်မှန်တင်ပြီး ဘလော့ အသက် ဆက်ထားနှိုင်လို့ တော်ပါသေးရဲ့။

"Things to do" တွေကို စီကြည့်လိုက်ဦးမယ်။

# Pass port
သက်တမ်းရှိသေးပေမဲ့ စာရွက် အလွတ် တစ်မျက်နှာပဲ ကျန်တော့တယ်။ သံရုံးကိုတော့ မဖြစ်မနေ သွားမှ။ ဘောနပ်စ် ရမှာနဲ့ ကုန်မှာ ဘယ်ဟာက ပိုများမှာ ပါလိမ့်။ ကြားရတဲ့ သတင်းတွေက စိတ်ညစ်စရာ။ လူတွေ အရမ်းများသတဲ့။ မနက် ကျီးမနိုးခင် ရောက်အောင်သွား၊ နာမည်ရေး၊ မကြာမီ လာမည် တစ်နေ့လုံး မျှော်...တဲ့။ အဲဒါနဲ့ သွေးကြောင်ပြီး ခုထိ မသွားရဲသေးပါ။

# Air Ticket
ချစ်သော ဖခင်ကြီးကို ဒီလ အတွင်း အလည် လာစေချင်တယ်။ ခဏဖြစ်ဖြစ် လာဘို့ သူ့ကို အရေးဆိုထားတာ ကြာလှပြီ။ ခုတော့ လာမယ်တဲ့။ ဗီဇာနဲ့ လေယာဉ် လက်မှတ်ကို သမီးတို့ ဒီကနေ အားလုံး စီစဉ်ပေးမယ်။ ဖေဖေ အိတ်ကလေး ခပ်သေးသေးသာ ဆွဲပြီး ကြော့ကြော့လေး လာပါ။ ခရစ်စမတ်နဲ့ နယူးရီးယား အမှီပေါ့။ ဖုန်းထဲမှာ သား အဖတွေ တ၀ါးဝါး တဟားဟားနဲ့။

မနေ့က Penisular ရောက်တော့ အတော် စိတ်ညစ်သွားတယ်။ ဒီတစ်လလုံး လေယာဉ် လက်မှတ် မရနှိုင်ပါတဲ့။ အစောဆုံး ရနှိုင်တာ နောက်လ ၁၂ရက်နေ့ပါတဲ့။ လူတွေ စကာင်္ပူကို လာလှချည်လား။ လေယာဉ်ကို များ ဘတ်စကားမှတ်ပြီး အပျာ်စီးနေကြတယ် ထင်ပါရဲ့နော်။

# My tooth
အံသွားကြောင့်လည်း စိတ်ညစ်နေရတယ်။ အပေါ် ဒုတိယ အံသွား။ အပေါက်ဖြစ်နေတယ်။ မဆို စလောက်လေးပဲ နာတယ်။ ခုတော့ အပေါက်က ကြီးလာလို့ထင်ရဲ့ ။ တခါလေ ၀ါးလို့ မရဘူး။ အကြောသတ်ပြီး အပေါ်က ပြန်အုပ်လို့ ရတယ်တဲ့။ သွားဆရာဝန်ဆီ မဖြစ်မနေ သွားရဦးမယ်။ သွားဆေးခန်းက ကြောက်စရာ ခုံပေါ်မှာ ထိုင် ၊ လွှတိုက်သံတွေ ကြားရ ဦးမယ်။ အချိန် မဆွဲပဲ သွားဘို့ သတ္တိ တွေ အမြန်မွေးမှ။

# House Rental
စာချုပ် ပြည့်ခါနီးပြီ။ အိမ်ရှင်က အိမ်လခ တိုးတောင်းတယ်။ အိမ်သူကြီး လက်သစ်၊ အခန်း အပြည့် လူအပြည့်ရတာ ရက်ပိုင်းပဲ ရှိသေးတယ်။ အိမ်အသစ် ထပ်ရှာ ငှားရဦးမယ်။ JTC အိမ်တွေ အတော်များများတော့ ပေါ်လာပြီ။ အိမ်ပြောင်း ရဘို့ စိတ်မောလိုက်တာ။

Things to do တွေကတော့ သိပ်ခက်ခက် ခဲခဲတော့ မဟုတ်ဘူး၊ အားလုံး ဆုံသွားလို့ စိတ်ရှုတ်မိတာ။

ဒီနှစ် တရုတ်နှစ်ကူး ပိတ်ရက်ရှည် အိမ်မပြန်ဘူး၊ ငှားခသက်သာတဲ့ အိမ်ရှာရမယ်။ မအိပ်မနေ Pass port အသက်ရှည်။ စာအုပ်အသစ် ကို ဒီလထဲမှာ ဖြစ်အောင် ထုတ်ရမယ်။ ဖေဖေ့ အတွက် လေယာဉ်လက်မှတ် ခရစ်စမတ် မတိုင်ခင် ရနှိုင်ချေ ရှိတယ်လို့ ရန်ကုန်က သတင်းရလာတယ်။ ခြေထောက်မှာ ဘီးပါတဲ့ သားအဖသုံးယောက် မလေးရှားဘက်အထိကို လည်လိုက်ဦးမယ်။ သွားဆရာဝန်နဲ့ ဒိတ်လုပ်ဘို့ကတော့ သတ္တိမွေးနေတုန်း .....

You received this email because you are subscribed to the real_time feed for http://pan-khayan-pyar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.