Thursday, December 18, 2008

[khin oo may] 3 New Entries: BIRTHDAY

BIRTHDAY

TODAY IS MY BIRTHDAY 
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး  ရှေ့ဆက်ရမဲ ဘဝခရီး ချမ်းမြေ့ပါစေ လို့ ဆုတောင်းပါတယ်။

Blog reader/writer

ရေးသူ/ ဖတ်သူ

မေးခွန်း။ ဘာဖြစ်လို့ ဖတ်သူများက ဖတ်ရုံ့ဖတ်ပြီး ကွန်မက်မှာဖြစ်စေ။ စီဘောက်မှာဖြစ်စေ ဘာမျှ မရေးသွားတာလဲ?

စာဖတ်သူ မှအဖြေ။
မှတ်ချက် ရေးရတာ အချိန်ကုန်တယ် ။ ဘလော့တခုပြီးတစ်ခု။ ဝင်းဒိုး တစ်ခုပြီး တစ် ခု ဖွင့်သွား။ ပြီးရင်ဖတ်။ ဖတ်ပြီးရင်ပြန်ပိတ။် များများ လည်းဖတ်နိုင်တယ်/ အချိန် လည်း မကုန် ဘူး။ ;etc..

ရေးသူခံစားချက်
မှန်ပါတယ်။ သို့သော်ငြားလည်း အထူးသဖြင့် နာမည်ကြီး ဘလော့ မျိုးမှာ ဝင် လာ ကြည့် သွားကြတဲ့သူတွေ မနည်းဘူး။ တကယ်တန်း ရေးခဲ့တာ က ၁၀ ယောက် မပြည့်ဘူး။ အဲဒါ တော့ အတော် ခံစားရတယ်။ ရေးသူများကတော့ ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ရေး မှာ ဘဲ။ အမှန် က ကိုယ့်ကို ဖတ်ချင် လို့ ဘဲ ရောက်လာလာ.။ မဖတ်ချင်ဘဲနဲ့ ဘဲ ရောက်လာလာ။ ရောက်ခဲ့ကြောင်း visited လေး တစ်ကြောင်းဘဲ ထားခဲ့ထားခဲ့ ကျေနပ်ပါတယ်။ လူ့သဘာဝ အရ အသိအမှတ် ပြူခံလိုစိတ် ကလေး ရှိကြပါတယ်။

ရေးသူမှာ အချိန်အများကြီး ပေးထားရတာပါ။ စာတပုဒ်ဖြစ်အောင် တွေးရပါတယ။် ရေးရပါတယ။် ရေးပြီးရင်း ရေးရင်း ချောရပါတယ။် ဓါတ်ပုံ လေးများ ထည့်မိရင် ပိုလို့တောင် အချိန် ပေးရပါသေးတယ။် ရိုက်ရပါတယ။် ပုံကောင်းလေးတွေ ထွက်အောင် တော်တော် ရိုက်ရပါတယ။် ရိုက်ရုံနဲ့မပြီး ကွန်ပြူတာထဲကို ထည့်ရပါတယ်။ ထည့်ရုံနဲ့ မပြီး။ ဘလော့ post ထဲကိုတင်ရပါတယ်။ နေရာ အထားအသို ချရပါတယ်။ မကျေနပ်ရင် ပြန်ဖျက် ပြန်ထည့် ရပါတယ်။ အန်မတန် ကို အချိန်ပေးရပါတယ။်
စာတစ်လုံးအတွက် အချိန်တွေ အများကြီးကို လဲလှယ်ရပါတယ။် ရင်ထဲရှိတာ ရေးကြပါတယ်။ လာဖတ်သူရှိတာ ကျေးဇူးတင်ပါတယ။် ကြိုက်သလား မကြိုက်သလား ဆိုတာကိုလည်း ရေးပြီးတိုင်း သိချင်ကြမှာ ရေးသူတွေ ရဲ့ခံစားချက်လို့ထင်ပါတယ။် အမြဲ မနှူတ်ဆက်နိုင် တောင် ရံဖန်ရံခါ နှူတ်ဆက်သူများ ရှိရင်ဝမ်းသာမိမှာပါ။ ကျေးဇူးတင်ပါတယ်။
မှတ်ချက်
Megumi ရဲ့စာ ကို ဖတ်ပြီးခံစားပါတယ်။

wonderful moon


သောကြာနေ့ည (12/12/2008) က လကသာတယ်။ ထုံးစံအတိုင်း အိမ်ပြန် နောက်ကျတယ်။ ကောင်းကင် ကို ဘာရယ် မဟုတ် မော့ကြည့်တော့ လ က သာလိုက် တာ။ လင်း ထိန် နေ တာဘဲ။

ဘာရယ်မဟုတ် စဉ်းစားမိတယ်။ နိုင်ငံခြား နေတာ လ တောင် မမြင်ဘူး တာကြာပါရောလား လို့ စဉ်းစား တယ။် ဟိုတုံးကတော့ အိမ်ရှေ့က ထိုင်ခုံလေးမှာ ပက်လက်လှန်အိပ်ရင်း လမင်းကြီး ကို ကြည့်ပြီး အိပ်ရင်း အစ်မနဲ့ စကား တွေ အကြာကြီး ပြောခဲ့ဘူးတယ်။လမင်းကြီး ကို မော့ကြည့်ပြီး သတိရသွားတဲ့စိတ်နဲ့ တယ်လီဖုံးကင်မရာ ကို ထုတ်ပြီး ရိုက် လိုက်မိတယ်။ များသောအားဖြင့် ကိုယ့်လမ်း ကိုယ်သွားနေကြတာ ဆိုတော့ သွားရင်းလာရင်း အရှိန်ဖျက်ပြီး ဘာရပ်လုပ်တာလဲ ဆိုတဲ့အကြည့်ကြောင့် သေချာပုံ ကောင်းတော့ မရခဲ့ဘူး။

အမှတ်တရဘဲလေ ဆိုပြီး ကိုယ်လဲ ရိုက်လာခဲ့တာဘဲ။ J က ပြော တော့မှ ဒီလဟာ သာမာန် အချိန်ထက် ၁၄ ရာခိုင်နှူန်း ကြီးပြီး ၃၀ ဆ ပိုလင်းတယ် ဆိုတော့မှ အံ သြသွားတယ်။ သြော် ဒါကြောင့် ဒီလောက် ထင်ရှား လင်းထိနနေတာကိုးလို့ သိသွားရတယ။် လက အရမ်းလင်းတော့ အချစ်ကို လွမ်းတာပေါ့ဆိုတာတော့ အထူးပြောစရာလိုမယ် မထင်ဘူး။


ဒီပိုစ်က အခု ၂၀၀ မြောက်ဖြစ်သွားတယ်။ မွးနေ့ နဲ့ချိန်လို့ မရလိုက်ဘူး။ မရေးဘဲ မနေနိုင်တာကလွဲ..လို့ ကိုကို.. အချစ်ရေ့ ..အချစ်ရေ့..လို့ ဆိုပြီး ကော်နီသီချင်းလေး ကို ဆိုနေဘို့ဘဲ ရှိတယ်။ မတ်လက စတာ ၁၀ လအတွင်း ပိုစ်၂၀၀ ဆိုတော့တစ်လ ကို ၂၀ နှူန်းနဲ့ တင်နေတဲ့သဘောရှိတယ်။ စာကို အဲလို ကြိုးစားရင်ကိုယ်ဘွဲ့လွန် ၂ ခါ လောက် ထပ်ရပြီးလောက်ြ့ပီ။ ဒါကိုလည်း အချစ်လာမဖတ်ပါစေနဲ့ လို့ဆုတောင်းတယ်။ အသိ ခေါက်ခက် အဝင်နက် ဘုန်းကြီးစာချ ဆိုတာ ကိုယ်တို့(ကိုယ်တို့ ဆိုတာ အဖော်တွေရှိတယ် လို့ ဆိုလိုပါတယ်) လို လူမျိုးတွေ အတွက် ဖြစ်နေတယ။် ပိုစ် ၂၀၀ ဆိုပြီး congratulate လာမလုပ်ကြပါနဲ့။ လူမိုက်အားပေး ဖြစ်သွားမယ်။

ရေးရင်းနဲ့ TZA နဲ့ရေးတာ တူလာသလိုဘဲ။ မတတ်နိုင်ဘူး ။ သှူု့စာကို ကြိုက်တော့ (စာကို ကြိုက်တော့ ဟု လေးလေးနက်နက်ဖတ်ပါ) ခဏခဏ သွား ဖတ်မိ တော့ အဲလို ဖြစ်သွားတယ်ထင်တာဘဲ. ။ တံငါနားနီးတံငါ. မုဆိုးနားနီး မုဆိုးပေါ့.။ ဒါပေမဲ့ ဗာလာနံ နား နီး လို့တော့ မဖြစ်ဘူး။

PS
အမှား၂ ခါပြင်ရတယ်။
ရက်စွဲမှားနေတယ်လို့ ဗေဒါရီက ပြောတော့ တစ်ခါ။
၁၄ ဆ ကြီးတာ မဟုတ်ပါဘူး ။ ၁၄ ရာခိုင်နှုန်းကြီးတဲ့လမင်းကြီးပါလို့ ShwnMi က ပြင်ပေးတာ က တစ်ခါ။ ကျေးဇူး။
ပုံ။ မှားပြီးရင်းမှားရင်းက ဖိုးဖိုးကြပ်

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.