Thursday, December 18, 2008

[Burma ( The Power of People)] 4 New Entries: မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။
























မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) အဖွဲ့ဝင် ကိုသီဟ၀င်းတင်ရဲ့ပေးစာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့မှာ ကိုဇေယျာသော် အပါအ၀င် အဖွဲ့ဝင် (၅) ဦးနဲ့ အတူ အဖမ်းဆီးခံခဲ့ရတဲ့ ကိုသီဟ၀င်းတင်ဟာလည်း ထောင်ဒဏ် (၅) နှစ် မတရားချမှတ် ခံလိုက်ရပြီး၊ မကြာသေးခင်ရက်ပိုင်းကဘဲ ညောင်ဦးထောင်သို့ ပြောင်းရွှေ့အကျဉ်းချ ခံလိုက်ရတာ ဖြစ်ပါတယ်။

ရှေ့ က လမ်းပြချီတက်ခဲ့သူတွေနဲ့ ယခု အကျဉ်းကျနေတဲ့ GW အဖွဲ့ဝင်များရဲ့ကျေးဇူးကို ကျန်တဲ့အဖွဲ့ဝင်တွေကလည်း ကျေပွန်အောင် ပေးဆပ်သွားမှာဖြစ်တဲ့အကြောင်း ကတိသစ္စာ ပြုအပ်ပါတယ်။

မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave)။

ကိုသီဟ၀င်းတင်ရဲ့ပေးစာ -

"စစ်အစိုးရက မတရားရက်ရက်စက်စက် ဖိနှိပ်နေလျက်နဲ့ ဘာလို့ တော်လှန်နေကြတာလဲ? ဘာလို့ နိုင်ငံရေးလုပ်ကြတာလဲ? လို့ ကျနော်တို့ကို မေးကြတဲ့သူတွေ အများကြီး ရှိပါတယ်။

အဖြေကတော့ ကျနော်တို့ ကျေးဇူးဆပ်နေကြတာပါ။ ကျနော်တို့ပေါ်မှာ ကျေးဇူးပြုခဲ့ကြဖူးတဲ့ တိုင်းသူပြည်သားတွေရဲ့ကျေးဇူး၊ နောင်တော်အာဇာနည်တွေရဲ့ ကျေးဇူးတွေကို ဆပ်နေကြတာပါ။ သူတို့တွေဟာ သူတို့ရဲ့ခေတ်ကာလအလိုက် တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် အေးချမ်းစည်ပင်အောင်၊ နောက်ဆုံး အာဏာရူးငတုံးငမိုက်တွေကြောင့် (တိုင်းပြည်ကျွန်ဖြစ်ခဲ့ တုန်းကလည်း) ကျွန်ဘ၀က လွတ်အောင် စွမ်းဆောင်ခဲ့ကြ ပြီးပါပြီ။ သူတို့တွေ ခေတ်ရဲ့တာဝန် သမိုင်းတာဝန် ကျေခဲ့ပြီးကြပါပြီ၊ အရင်လူတွေရဲ့ကျေးဇူးကို ဆပ်ပြီးတဲ့အပြင် နောင်လာမယ့် သူတွေအတွက်လည်း ကျေးဇူးကျွေးကို ချပေးခဲ့ပါပြီ။

ကျနော်တို့ဒီကျေးဇူးကြွေးတွေကို ကြေအောင်ဆပ်ေ နရပါတယ်။ ကျနော်တို့ခေတ်မှာ ကျနော်တို့ တိုင်းပြည်ကောင်းစားဖို့ လိုပါတယ်။ ပြည်သူတွေဘ၀ ဖွံ့ဖြိုးတိုးတက်ဖို့ လိုပါတယ်။

ဒါ ကျနော်တို့ရဲ့ တာဝန်ပါ။ ကျနော်တို့ ဆပ်ရမယ့် ကျေးဇူးကျွေးတွေပါ။ ကိုယ့်တာဝန်ကိုယ် သိကြပါ။ ကိုယ့်အကြွေးကို ဆပ်ကြပါ။ တိုင်းပြည်ကောင်းစားဖို့ လိုပါပြီ"

သီဟ၀င်းတင်။

တစ်ယောက်တစ်လှည့် ချောင်းကြည့်နေကြတာ - ဘာတွေ ချောင်းနေတာလဲ။ လုပ်ကြံဖို့ လား။




မန္တလေးမှာ "ထောင်တံခါးတွေဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ" လှုပ်ရှားမှု ပြုလုပ်ခဲ့။

















































































Action News - Open Prison Doors - Close Court


စပါယ်ပန်းတွေ ပန်ဆင်ကြစေလို။



















မြန်မာပြည်သူများ (အထူးသဖြင့် ပြည်တွင်းမှ ပြည်သူများ) အား စပါယ်ပန်းတွေ ပန်ဆင်ကြစေလိုကြောင်း ပန်ကြားချက်လေး ရရှိလာပါတယ်။

- စပါယ်ပန်းများကို ဘုရားစေတီပုထိုးများတွင် လှူဒါန်းကြပါ။

- စပါယ်ပန်းများကို ဘုရားစင်တွင် ကပ်လှူ ပူဇော်ကြပါ။

- စပါယ်ပန်းများကို မိမိတို့  ဦးခေါင်းထိပ်တွင် ပန်ဆင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မိမိတို့  ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မော်တော်ယာဉ်များတွင် ချိတ်ဆွဲကြပါ။

- မိမိတို့  ပိုက်ဆံအိတ်များ၊ အိမ်ခန်းတွင်းများ၊ လက်ကိုင်ပုဝါများအကြား အစရှိသည်တို့ တွင် စပါယ်ပန်းပွင့်များကို ဆောင်ထားပေးကြပါ။

စပါယ်ပန်းတွေ ပန်စေလိုတာကတော့ - စပါယ် (သို့ ) စံပါယ် = စံနေသောသူတွေကို ဖယ်ရှား ပယ်ပြစ်ဖို့ အတွက် (သို့ ) တိုင်းပြည်ကို မတရား အုပ်ချူပ်ကာ စံစားနေကြသောသူများအား ဖယ်ရှားပယ်ဖြစ်ဖို့ ၊ ထို စံစားနေကြသူများမှ သာသနာနဲ့  သံဃာတော်များအား စော်ကားခဲ့ကြလို့  အပါယ်ငရဲကျစေဖို့  ဖြစ်ပါတယ်။

ပြည်တွင်းမှာ စပါယ်ပန်းတွေ ပန်ဆင်မှု စတင်နေပါပြီ။

(ပြည်တွင်းမှ စပါယ်ပန်း ပန်ဆင်မှု လှုပ်ရှားမှု ဆောင်ရွက်သူများမှ ပေးပို့ လာတာ ဖြစ်ပါတယ်)။

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.