Thursday, December 18, 2008

[ဒီရေ] 4 New Entries: ပြည်တွင်းလှုပ်ရှားမှု သတင်း (ထောင်တံခါးတွေ ဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ)။မန္တလေး

ပြည်တွင်းလှုပ်ရှားမှု သတင်း (ထောင်တံခါးတွေ ဖွင့်ကြ၊ တရားရုံးတွေ ပိတ်ကြ)။မန္တလေး




မြန်မာပြည် လွတ်မြောက်ရေး အဖွဲ့ချုပ် ဘလော့ဂ် မှ

ယုဇနပလာဇာ မီးလောင်ခြင်း။

ဒီနေ့ညနေ ၆နာရီလောက်က ယုဇနပလာဇာ အောက်ထပ် TRI Fashion လက်ကားဆိုင်နားမှာ မီးလောင်တယ် လို့ကြား ရပါတယ်။ ဆိုင်ခန်းလေးခန်းမီးထဲပါသွားပါတယ်။ ၀ါယာရှော့ခ်ကြောင့် မီးလောင်တာလို့သိရပါတယ်။ ယခု လတ်တလော ရက်တွေမှာ ရန်ကုန်မှာ မီးအရမ်းပျက်ပြီး လာချင်တဲ့အချိန်ပြန်လာ ပျက်ချင်တဲ့အခါ ပျက်တတ် တာမို့ မီးမပျက်ခင်ဖွင့်ထားတဲ့ လျှပ်စစ်ပစ္စည်းတွေ ကို ပိတ်ဖို့ မေ့လျော့တတ်ကြပြီး မီးပြန်လာတဲ့အခါ ရှော့ခ် ဖြစ်ပြီး မီးလောင်တာမျိုးလို့ပြောသံကြားရပါတယ်။ခြောက်သွေ့တဲ့ ရာသီ လည်းရောက် လျှပ်စစ်မီး ကလည်း မမှန်တဲ့အတွက် မီးပျက်တဲ့အချိန်ဆို အစစအရာရာ သတိထားကြဖို့ လိုပါတယ်။ ဖယောင်းတိုင် ထွန်းတာ၊ ဟင်းချက် တာကအစ ဂရုစိုက်ဖို့လိုပါတယ်။မတော်တဆမီးလောင်ခဲ့ပြန်ရင်လည်း မြန်မာပြည် ရဲ့ထုံးစံအတိုင်း မီးသတ်ကား က ပြာကျမှပဲ ရောက်လာ တတ်တာမို့ ခုလို အချိန်မျိုးဆို ပြည်သူတွေမှာ ရင်တထိတ်ထိတ် ဖြစ်နေကြရတတ် ပါတယ်။

regards

moethway
Generation Wave

သတင်း အပြည့်အစုံဖတ်ရန်

ဖိနပ်နဲ့ ပစ်ပေါက် နုတ်ဆက်ခြင်း ခံလိုက်ရသော သမ္မတ ဂျော့်ဘုရှ် ၏ နောက်ဆုံးအီရတ် ခရီးစဉ်







Play Icon Play
အမေရိကန် သမ္မတ ဂျော့်ဘုရှ် အီရတ်ကို ရုတ်တရက် အလည်သွားခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ အီရတ်လူမျိုး သတင်းထောက်က သူ့ဖိနပ်ကို ချွတ်ပြီး ဘုရှ်ကို ပစ်ပေါက်ခဲ့ပါတယ်။ ဘုရှ်က အမြန်ရှောင်လိုက်တဲ့ အတွက် လွတ်သွားတယ်။ သတင်းစာရှင်းလင်းပွဲက ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတယ်။ လုံခြုံရေး များက ဖိနပ်နဲ့ ပြစ်ပေါက်တဲ့ သတင်းထောက်ကို ဖမ်းချုပ် လိုက်ကြ ပါတယ်။ ဘုရှ်ကတော့ ဒါဟာ လွတ်လပ်တဲ့ လူအဖွဲ့ စည်း ဖြစ်လာလို့ ခုလို ဆန်ကျင်မှုမျိုးလုပ်နိင်တာပါ လို့ သူ့အမြင်ကို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားတယ်။ ဒါဟာ အီရတ်နိုင်ငံ ဒီမိုကရေစီရရှိရေး၊ လွတ်လပ်ရေး အတွက်တော့ အဓိက အောင်မြင်မှုတခုပါပဲလို့ ဆိုပါတယ်။ ဒီလို ဆန့်ကျင်မှုတွေ ကတော့ အထူးဆန်းတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီရှိတဲ့ နိင်ငံတွေမှာ သမ္မတတွေကို ဝေဖန်ခြင်းတွေ ဆန့်ကျင် ဆန္ဒပြမှုတွေကို ပြုလုပ်နိင်တာဖြစ်ပါတယ်။ သမ္မတ ရော်နယ်ရီဂင် တုန်းကတော့ ရေတခေါင်းနဲ့ ပစ်ပေါက်ခြင်းခံခဲ့ရတယ်။ ဗြိတိန်ဝန်ကြီးချူပ်အပါအ၀င် အနောက်နိုင်ငံခေါင်းဆောင် တော်တော် များများ ဟာ ကြက်ဥတွေ၊ ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခြင်း ခံရတယ်။ အမေရိကန် သမ္မတ ဂျော့်ဘုရှ် ကတော့ သူရဲ့ အီရတ်ခရီးစဉ်မှာ ဒီထက်ဆိုးတဲ့ ဆန်ကျင်တိုက်ခိုက်မှုမျိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်ဆိုတာ မျှော်လင့် ထားပြီးသားပါ။

အာဏာရှင် နိုင်ငံတွေမှာတော့ ဒီလို ဆန့်ကျင်တိုက်မှုမျိုး အမတန်မှ ရှားပါးပါတယ်။ အာဏာရှင်နိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဦးနေ၀င်း ကားတန်း လွှတ်တော်ရုံးအနီဖြတ်သွားစဉ် သရက်ပင်ပေါ်က ကလေးငယ်တဦးဟာ လက်ချောင်း ဖြင့် သေနတ်လို ချိန်ရွယ် ပြသခဲ့မှုကြောင့် ထောက်လှမ်းရေးမှ လမ်းမပေါ်မှာတင် ရိုက်နှပ်ပြီး၊ ခေါ်ဆောင်သွားခဲ့တာ မြင်ဘူးတယ်။

ဖိနပ်နဲ့ ပစ်ပေါက်ခံရသော သမ္မတ ဘုတ်ရှ် (ရုပ်ပုံ ကလစ်နှိပ်၍ အကြီးကြည့်ပါ)
ကိုမိုးသီးဇွန် ဘလော့ဂ် မှ ရယူမျှဝေပါသည်။ သတင်း အပြည့်အစုံသို့

မြန်မာ့ ဒီမိုကရေစီအဖွဲ့ချုပ်(ဂျပန် နာဂိုယာ နယ်မြေ) မှ လူ့အခွင့်အရေး လှုပ်ရှားမှု





ရုပ်ပုံပေါ် ကလစ်နှိပ်၍ အကြီးကြည့်ပါ
မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(နာဂိုယာနယ်မြေ)မှ ဦးစီးကျင်းပသည့် မတရား ဖမ်းဆီးခံနိုင်ငံရေး အကျဉ်းသားများ အမြန် လွတ်မြောက်ရေးနှင့် လူ့ အခွင့်အရေး ချိုးဖောက်နေသော မြန်မာ န.အ.ဖ စစ်အုပ်စုအား ဂျပန် အစိုးရမှ ပြင်းထန်သည့် ဖိအားပေးရန် တောင်းဆိုချီတက် ဆန္ဒပြပွဲကို ဂျပန် နိုင်ငံ နာဂိုယာမြို့ (၁၄.၁၂.၂၀၀၈)ယနေ့ တွင်ပြုလုပ်ခဲ့ပါသည်။

အဆိုပါတောင်းဆိုဆန္ဒပြပွဲသို့ မြန်မာ့ ဒီမိုကရေစီ အဖွဲ့ ချုပ် (တိုကျို၊ နာဂိုယာ) အင်အားစုများနှင့် အခြား ဒီမိုကရေစီ လိုလားသူ မြန်မာနိုင်ငံသား များစုစုပေါင်း (၆၀) ဦးခံပူးပေါင်းပါဝင်ခဲ့ကြသည်။

၎င်းအပြင် ဂျပန်ပြည်သူများထံမှ ကောက်ခံရရှိ ထားသော စစ်အုပ်စုအား အစိုးရ တစ်ရပ်အဖြစ် အသိအမှတ် မပြုသည့် ထောက်ခံချက်လက်မှတ် များကို (AICHI) ခရိုင်မြို့ တော်ဝင်ရုံးမှ တဆင့် ဂျပန် နိုင်ငံခြားရေး ၀န်ကြီးဌာန သို့ ပေးပို့ ခဲ့ကြပါသည်။

ပြန်ကြားရေး မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်
(နာဂိုယာ)

You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.