Thursday, December 18, 2008

[ဒေါက်တာလွဏ်းဆွေ] 7 New Entries: မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

- အီရတ်ခရီးစဉ်အတွင်း သမ္မတဘုရှ် ဖိနပ်နဲ့ အပေါက်ခံရ click
- ထိုင်းဒီမိုကရက်တစ် ခေါင်းဆောင် အဘီဆစ် ၀န်ကြီးချုပ်ဖြစ်ပြီ click
- လူ့အခွင့်အရေးရှေ့နေ စောကျော်ကျော်မင်း ထိုင်းနိုင်ငံကို ထွက်ပြေးရောက်ရှိ click
- မြန်မာအလုပ်သမား ၇ ဦး ထိုင်းတောင်ပိုင်းတွင် ကားမှောက်သေဆုံး click
- သမ္မတဘုရှ် အာဖဂန်နစ္စတန်နိုင်ငံ ရောက်ရှိ click
- မြန်မာ့အရေး ကနေဒါ အထူးကိုယ်စားလှယ် ခန့်အပ်ရေး တောင်းဆို click
- အဘီဆစ် ထိုင်းဝန်ကြီးချုပ်သစ်ဖြစ် ရွေးကောက်တင်မြောက်ခံရ (ဗွီဒီယိုသတင်း) click
- ကုလအတွင်းရေးမှူးချုပ် မြန်မာပြည်သွားရေး အီးယူသံတမန် ပြောကြား click
- ရှမ်းပြည်နယ် ဘိန်းစိုက်ပျိုးမှု တိုးတက်လာ click
- ထိုင်းတွင် ကားမှောက်ပြီး မြန်မာ ၇ ဦး သေဆုံး click
- ကုလအတွင်းရေးမှူးချုပ်ကိုယ်တိုင် ကိုင်တွယ်ဖို့ ကနေဒါအဖွဲ့အစည်းများ တိုက်တွန်း click
- ဖမ်းဝရမ်းအထုတ်ခံ လူငယ်ရှေ့နေ ထိုင်းနယ်စပ်သို့ ထွက်ပြေးရောက်ရှိ click
- ဂျာနယ်ကျော် မမလေး၏ 'သူလိုလူ'ကို အင်္ဂလိပ်ဘာသာပြန် ထုတ်ဝေမည် click
- ထိုင်းဝန်ကြီးချုပ်သစ် အတိုက်အခံဘက်က ရရှိ click
- ကုလအတွင်းရေးမှူးချုပ် ဦးသန့်တံဆိပ်ခေါင်း ထွက်မည် click
- ရှေ့နေ စောကျော်ကျော်မင်း ထိုင်းနယ်စပ်မှာ သတင်းစာရှုင်းလင်း click
- မာမာအေးဖောင်ဒေးရှင်း၏ ပထမဆုံး ရန်ပုံငွေပွဲ ပြုလုပ်ပြီးစီး click
- ပိန်းပိတ်အမှောင်၊ ချောအိသိမ်း နဲ့ … (ဆောင်းပါး) click
- အမေရိကန်သမ္မတကို အီရတ်က ဖိနပ်နှင့်ပစ် click
- လက်နက်ကိုင်အဖွဲ့အစည်းတခု စစ်တကောင်းတောင်တန်းနယ်မှ အရပ်လူကြီး ၃ ဦး ပြန်ပေးဆွဲပြီး ကျပ်ငွေ ၇ သိန်းတောင်းခံ click
- အစိုးရ၀န်ထမ်းများ လစာမလုံလောက်သဖြင့် လူထံမှ အကောက်ဂိတ်များ ဖွင့်လှစ်ပြီး ငွေကောက်ခံ click
- သုံးဆူနယ်စပ်ဒေသမှ မြန်မာအလုပ်သမား ၇ ဦး ကားမှောက်သေဆုံး click

Grand Opening Night of Balance Art Gallery (14-December-2008)
(CHAW EI THEIN'S THIRD SOLO EXHIBITION - IN THIS DARK AND CLOSED SPCAE)

မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၏ ဥပဒေနှင့်မညီသော လုပ်ရပ် များအား သတင်းပေးပို့ခြင်း

၁။ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီနှင့် မင်းဆောက်လုပ်ရေးမှ ဦးမင်းနိုင်တို့သည် ၂၂ လမ်းနှင့် ၂၆ လမ်းကြား၊ ကမ်းနားလမ်းနှင့် အောက်ကမ်းနားလမ်းရှိ မြေနေရာအား ဈေးဆောက်လုပ်ရန်အတွက် စာချုပ်ချုပ် ခဲ့ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးက ယင်းဈေးအား M.C.D.C သို့ လွှဲပြောင်းပေးရမည် ဖြစ်ပါသည်။ စာချုပ်အရ ဈေးဆောက်လုပ်ပြီးစီးချိန်တွင် ရောင်းချပြီး ဆိုင်ခန်းများအတွက် အခွန်ငွေအား္န M.C.D.C မှ ကောက်ခံခဲ့ပါသည်။ မင်းဆောက်လုပ်ရေးမှ ၂၂ လမ်းနှင့် ကမ်းနားလမ်းထောင့်တွင် ဟော်တယ်တစ်လုံး ဆောက်လုပ်ပါသည်။ ဟော်တယ်ဆောက်လုပ်ပြီးပါကလည်း M.C.D.C သို့လွှဲပေးခြင်း (သို့) BOT စနစ်သာဖြစ် ရပါမည်။

၂။ သို့သော် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်သည် ဟော်တယ်ဆောက်လုပ်သည့် မြေအား မင်းဆောက်လုပ်ရေးပိုင် ရှင် ဦးမင်းနိုင်သို့ ဂရန်ထုတ်ပေးလိုက်ပါသည်။ ထိုသို့ဆောင်ရွက်သဖြင့် မြေရော ဟော်တယ်ကိုပါ ဦးမင်းနိုင်မှ လုံးဝ ပိုင်ဆိုင်သွားပါသည်။ M.C.D.C အနေဖြင့် များစွာ နစ်နာဆုံးရှုံးပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် မူလ စာချုပ်ပါ စည်းကမ်းနှင့် မညီသကဲ့သို့ စည်ပင်သာယာ၏ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်လည်း လုံးဝကိုက်ညီ မှု မရှိပါ။

၃။ ကော်မတီပိုင်မြေကို ဦးမင်းနိုင်ပိုင် ဂရန်မြေအဖြစ် ထုတ်ပေးလိုက်သဖြင့် ဦးမင်းနိုင်မှ မြို့တော်ဝန် ဗိုလ်မှူး ချုပ် ဖုန်းဇော်ဟန်၏ ဇနီး မိုးသီတာ အမည်ပေါက် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် ၁ ရပ်ကွက်၊ စိုက်ပျိုးရေး စီ အကွက်၊ ဦးပိုင် အမှတ် ၁၅၄ ( ခ) နေရာတွင် နှစ်ထပ်တိုက်တစ်လုံးအား ဆောက်ပေးရပါသည်။ ထို့အပြင် ချမ်း မြသာစည်မြို့နယ် ၆၄ လမ်းနှင့် သိပ္ပံလမ်းထောင့်အနီးရှိ မြို့တော်ဝန်၏ သမီး ခင်အင်ကြင်း အမည်ပေါက် မြေကွက် (မန်းမြန်မာဆောက်လုပ်ရေး၊ မန်းမြန်မာ ပလာဇာ ဆောက်လုပ်သူ ဦးသန်းဝင်း ပေးထားသော မြေ ကွက်) နေရာတွင်လည်း ဦးမင်းနိုင်မှ ၂ ထပ်တိုက်တစ်လုံး ဆောက်လုပ်ပေးရပါသည်။

၎။ ထိုသို့ ဦးမင်းနိုင်ဆောက်ပေးရသော တိုက် ၂ လုံးအား လမ်းတံတား ဌာနခွဲမှူး ခင်မေဌေးမှ ကြီးကြပ်ပေးရ ပြီး တချို့ပစ္စည်းများအား ခင်မေဌေးမှ ၀ယ်ယူပေးရပါသည်။

၅။ ကိုယ်ကျိုးစီးပွားအတွက် စည်ပင်သာယာပိုင်မြေအား ဥပဒေနှင့်မညီစွာ ( ဥပဒေမဲ့စွာ) ဂရန်ထုတ်ပေးသော မြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်၏ လုပ်ရပ်အား နိုင်ငံတော်အကြီးအကဲများ သိရှိစေရေးအတွက် သတင်း ထုတ်လွင့်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါသည်။

မန္တလေးမြို့တော်သူ/သားများ

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၅-၁၂-၀၈)

- အာဘီဆစ်ဝိဇ္ဇာဇီဝ ထိုင်းဝန်ကြီးချုပ် အရွေးခံရ click
- ကျောက်ပိုခေတ်နှင့် ထိုင်းနိုင်ငံရေး click
- မြန်မာအစိုးရပိတ်ထားသည့် ထိုင်းကုန်စည်များ လစဉ် ဘတ်သန်း (၃,၀၀၀) ဖိုး ခိုးသွင်း click
- ရန်ကုန်မြို့မှ ယုဇနပလာဇာ မီးလောင်၊ (၄၅) သိန်းဖိုးဆုံးရှုံး click
- အမေရိကန်သမ္မတကြီး အီရတ်တွင် ရှူးဖိနပ်ဖြင့် အပေါက်ခံရ click
- ကျောင်းသားနဲ့ နိုင်ငံရေး (ဆောင်းပါး) click
- ရှေ့နေတဦး ထိုင်း-မြန်မာနယ်စပ် ထွက်ပြေးလာ click
- ဝရမ်းထုတ်ခံရသူ နိုင်ငံရေးရှေ့နေ ထိုင်းနယ်စပ်သို့ တိမ်းရှောင် click
- တကိုယ်တော်ဆန္ဒပြသမားကြီး ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေ click
- ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံဟု CNF ပြော click
- တခါသုံး GSM ဖုန်းကဒ်များ ဈေးတက်ပြီ click
- အဖိဆစ်၂၇ ဦးမြောက် ထိုင်းဝန်ကြီးချုပ် ဖြစ်လာ click
- ယုဇနပလာဇာ မီးလောင် click
- ထိုင်းနိုင်ငံ ယာဉ်တိုက်မှုတွင် မြန်မာ ၇ ဦး သေဆုံး click
- ရန်ကုန်မြို့ရှိ ယုဇနပလာဇာ ဈေးမီးလောင်မှု ဖြစ်ပွား click
- မဲမှောင်နေသော ကမ္ဘာကြီး (ဆောင်းပါး) click
- ဒေါ်ခင်စန္ဒာဝင်းကို လွှတ်ပေးလိုက်ပြီ click
- အပြောင်းရွှေ့ခံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အခက်အခဲဒုက္ခဖြစ်နေ click
- နိုင်ငံရေးအကျဉ်းသားများ အမှုလိုက်ရှေ့နေ ထိုင်းနိုင်ငံသို့ ရှောင်တိမ်း click
- ထိုင်းအတိုက်အခံခေါင်းဆောင် ၀န်ကြီးချုပ်ဖြစ်ပြီ click
- အရေးနိမ့်ခဲ့ရသော မြန်မာ့အကြမ်းမဖက်တော်လှန်ရေး (အပိုင်း ၄) click
- လူငယ်ရှေ့နေတဦး ထိုင်း-မြန်မာ နယ်စပ်သို့ ရောက်ရှိ click
- စစ်အစိုးရရဲ့ ရန်သူနည်းပညာ (ဆောင်းပါး) click
- ရွှေဝါရောင်သံဃာတော်များစာရင်းနဲ့ ထောင်ဝင်စာ လိုအပ်မှု click
- ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်ကို နအဖက လွှတ်မလွှတ် click
- မရမ်ဘုရားပွဲတော် လူပေါင်း ၁၀၀၀၀ ကျော် တက်ရောက် click
- ချောင်းဆုံမြို့နယ်အတွင်း ကိုယ်ထူကိုယ်ထ လျှပ်စစ်ဓာတ်အားပေးစက် တပ်ဆင် click
- UN chief visit would help Myanmar: EU envoy click
- 8 killed in Thai road accident click
- urgent needs still to be met for the cyclone affected people click
- Still no prosecution in tragic death of 54 Myanmar migrants click

KNU တပ်မဟာ ၂ အောင်ပွဲသတင်း
ပေးပို့ - NCGUB Border Office

ဒီဇင်ဘာ ၁ ရက်နေ့ နေ့လည်က ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၂ ရင်း ၅ စစ်သည်တဦးက တောင်ငူမြို့နဲ့ သံတောင်မြို့သစ် (၁၃ မိုင်) ကားလမ်းပေါ်ရှိ တောင်ငူမှ ၈ မိုင်အကွာ ကျောက်တိုင်လမ်းခွဲမှာ လမ်းလုံခြုံရေးယူနေတဲ့ ခလရ ၄၈ တပ်စုကို အရက်မူးအောင်တိုက်ပြီး ဓားနဲ့ခုတ်ရာ နအဖ တပ်ကြပ်ကြီး ၁၊ တပ်ကြပ် ၁၊ ဒုတပ်ကြပ် ၁၊ တပ်ကြပ် ၁ နဲ့ တပ်သား ၅ ယောက်တို့ ထိခိုက်ဒဏ်ရာရ ထွက်ပြေးသွားကြပါတယ် (အသေအပျောက် မသိရသေး)။ ကရင်စစ်သည်ဟာ ရန်သူ့ထံမှ အမ်-၇၉ ဗုံးပစ် လောင်ချာ တလက် ၎င်းဗုံးသီး ၁၀ လုံး၊ အမ်အေ-၃ ဒင်ခေါက် မောင်းပြန်ရိုင်ဖယ် (၂) လက် ၎င်းဘောက် ၂ ချပ် ၎င်းကျည် ၄၀ ထမ်းပြီး မိမိတပ်စခန်းသို့ ဘေးမသီရန်မခ ပြန်ရောက်လာခဲ့ပါတယ်။

ဒီဇင်ဘာ ၉ ရက်က တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစီးဘိုနဲ့ ပုံမူခီးကြား စင်းကြံကုန်းမှာ KNLA တပ်မဟာ ၂ က နအဖတပ် ခလရ ၁၄၉ ကို အမ်-၁၈ ရှေ့ထွက်မိုင်းပဒေသာနဲ့ ခြုံခိုတိုက်ခိုက်ရာ ရန်သူ ၄ ယောက်သေ ၇ ယောက် ဒဏ်ရာရသွားပါတယ်။ (မှတ်ချက် - နင်းမိုင်းမဟုတ်)

ဒီဇင်ဘာ ၁၁ ရက်က တောင်ငူခရိုင် ဘောဂလိကြီးနဲ့ ဘိုဆာခီးကြား ကားလမ်းပေါ်မှာ KNLA တပ်မဟာ ၂ လက်အောက်ခံ တပ်ဖွဲ့တဖွဲ့က နအဖရိက္ခာကားတစီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၎င်းရိက္ခာကား ပျက်စီးသွားခဲ့ ပါတယ်။

KNU Brigade 2 victory news

In the afternoon of December 1, 2008, a Karen soldier from Karen National Liberation Army (KNLA) Second Brigade Battalion 5 approached a road security platoon from SPDC IB 48 at Kyauktaing junction, which is eight miles away from Toungoo, on Toungoo-Thandaung Myothit (13th mile) highway. He befriended them and feasted them on drinks. When they were drunk, he struck them with a sword, killing or wounding them and driving them away. (Exact number of casualties not known yet.) He then made off with one M-79 grenade launcher and ten shells, two MA-3 automatic rifles with two magazines and 40 rounds, and safely arrived back at the base camp after some time.

On December 9th, KNLA Brigade 2 troops launched a multiple M-18 Claymore mine attack on SPDC IB 149 at Sinngyangone between Sharzeebo and Pone-mu-khee in Htandabin Township, Toungoo District, killing four enemy soldiers and wounding seven. (Note: no landmines employed.)

On December 11th, KNLA Brigade 2 troops attacked an SPDC army food supply truck between Bawgali-gyee and Bo-sar-khee in Toungoon District, destroying it.

မြန်မာ့အရေးနှင့် ကျနော်တို့၏ စိတ်ကူးယဉ်အိပ်မက် (ငြိမ်းချမ်း)

NC

ဒုက္ခ … မြို့ကလေး (ကဗျာ)

ဒုက္ခ … မြို့ကလေး
ကမာပုလဲ

ဒုက္ခတဲ့
ငါတို့မြို့ကလေးပေါ်
ကပ်ရောဂါလို …
မညှာမတာ ကျရောက်နေပေါ့ …။

အဲဒီမြို့ကလေးမှာ
တချို့တွေက
လူအချင်းချင်း အမဲလိုက်ကစားလို့ …။

အဲဒီမြို့ကလေးမှာ
စစ်အတွင်းက ကျကျန်ရစ်တဲ့
ပိုင်ရှင်စွန့်ပစ် အရိုးစုတွေကလည်း
မိုးတိုးမတ်တတ်ပေါ်လို့ …။

အဲဒီမြို့ကလေးမှာ
ဒဏ်ရာတွေကလည်း
ထပ်ကာထပ်ကာ မွေးဖွားလို့ …။

အဲဒီမြို့ကလေးမှာ
မိရိုးဖလာယဉ်ကျေးမှုတွေကိုလည်း
လျှော့ဈေးနဲ့ မျက်နှာသေသေ ချရောင်းလို့ …။

အဲဒီမြို့ကလေးမှာ
ဘ၀တူချင်း ဇာတ်တူသားစားလိုက်ရတာကို
တခမ်းတနားအောင်ပွဲတွေအဖြစ် စီရင်ကျင်းပလို့ …။

အဲဒီမြို့ကလေးမှာ
တချို့သော လူတွေဟာ
တွားသွားသတ္တ၀ါတွေအဖြစ်နဲ့
ကမ္ဘာကို ရွာအဖြစ်တည်ဆောက်လို့ …။

အဲဒီမြို့ကလေးမှာ
အရူးစစ်စစ်တယောက်ရဲ့ စကားကို
ပုဂ္ဂလအကျိုးစီးပွားအတွက်
အတိတ်တဘောင်တွေ ကောက်လို့ …။

အဲဒီမြို့ကလေးမှာ
ဟစ်တလာလက်သစ်နဲ့ သူ၏နောက်လိုက်တွေက
မိုးဦးကျ ဖားတွေလို အဓမ္မမင်းမူလို့ …။

အဲဒီမြို့ကလေးမှာ
သွေးစစ်စစ်တွေအစား
ပျစ်ပျစ်နှစ်နှစ် အညစ်အကြေးတွေ လှည့်ပတ်စီးနေတဲ့
လူ့အန္ဓတွေက
အများပြည်သူတွေရဲ့ အနာဂတ်ကို
မျက်နှာပြောင်ပြောင်နဲ့
ခပ်တည်တည် ထုဆစ်လို့ …။

အဲဒီမြို့ကလေးမှာ
စက်ရုံ၊ အလုပ်ရုံနဲ့ လမ်းမတွေပေါ်မှာ
သနပ်ခါးရနံ့ကလေးတွေခမျာ
တရားမ၀င်မှုတွေနဲ့ သိမ်သိမ်ငယ်ငယ် သင်းပျံ့လို့ …။

အဲဒီမြို့ကလေးမှာ
လက်ဆိတ်ခံ ညှိုးလျော်ကျုံလှီနေတဲ့
အိမ်အလွမ်း ခရေပင်ကလေးတွေကလည်း
သူ့အချိန်ရောက်ရင်
သူ့အစွမ်းရှိသမျှ လှလှပပ ပွင့်လို့ …။

အဲဒီမြို့ကလေးမှာ
သစ္စာတရားကိုယ်တိုင်က
သစ္စာတရားကို ရှာဖွေလို့ …။

အဲဒီမြို့ကလေးဟာ
မနေ့ကတင်ပဲ
ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ
လင်ပစ်မယားတယောက်လို
နာနာကြည်းကြည်း ရယ်မောလို့ …။

အဲဒီမြို့ကလေးပေါ့
သူကိုယ်တိုင် မသေချာမရေရာမှုတွေနဲ့
တနေ့တခြား
သွေးလေချောက်ချားနေတော့တယ် ။ ။

ကမာပုလဲ

VOICE OF BURMA (အမှတ် ၆၈၈ - ဒီဇင်ဘာ ၁၄၊ ၂၀၀၈)

VOB688

မြန်မာ့ရေးရာ သတင်းပဒေသာ (၁၄-၁၂-၀၈)

- ကရင်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမြရဲ့ သားငယ် စစ်အစိုးရနဲ့ ဆွေးနွေး click
- သမ္မတသက်တမ်း နောက်ဆုံးအကြိမ် မစ္စတာဘုရှ် အီရတ်ရောက်ရှိ click
- ပါကစ္စတန်နဲ့ ပုံမှန်ဆက်ဆံရေးထားလိုဟု အိန္ဒိယ၀န်ကြီးချုပ် ပြော click
- လူ့အခွင့်အရေးကြေငြာစာတမ်း အနှစ် ၆၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံနဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း (ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်) click
- ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ မြန်မာ့အရေး (ဗွီအိုအေ မျက်မှောက်ရေးရာ အစီအစဉ်) click
- ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံလွှာကို စစ်အစိုးရ လက်ခံစဉ်းစားနေ click
- ကရင်ပြည်နယ်အတွင်း တပ်ရိက္ခာနဲ့ စစ်လက်နက်ပစ္စည်းတွေသယ်ဖို့ အတင်းအဓမ္မ လုပ်အားပေးစေခိုင်းနေ click
- ပဲခူးထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေအနေ click
- အင်းတကော် အန်အယ်လ်ဒီက ဦးလှရွှေ ပြန်လွတ်လာ click
- တကိုယ်တော် ဆန္ဒပြသမား ဦးအုန်းသန်း ကလေးထောင်မှာ အစာငတ်ခံဆန္ဒပြနေ click
- နိုင်ငံရေးအကျဉ်းသားကို ဘူးသီးတောင် ထောင်ပိုင်က မအေနှမနဲ့ ဆဲရေးတိုင်းထွာ click
- ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်မှာလား (အာရ်အက်ဖ်အေ တနင်္ဂနွေ ဆွေးနွေးပွဲ) click
- အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗြိတိန်-ပါကစ္စတန် သဘောတူ click
- နိုင်ငံရေးအကျဉ်းသားများအတွက် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရ click
- နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ လူ့အခွင့်အရေး ချိုးဖောက်ခံနေရ click
- နိုဘယ်ဆုရှင်များက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို click
- ကေအန်အယ်လ်အေကို နအဖ၊ ဒီကေဘီအေ ပူးပေါင်းတပ်တို့ ထိုးစစ်ဆင်ရေန် ပြင်ဆင်နေ click
- ဘိုကလေး လျှပ်စစ်မီး - တရက်လျှင် ၄ နာရီ click
- ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ် (၂၅၇) - မြန်မာဂီတသည် တို့ဂီတ (ဘီဘီစီ အသံလွှင့်ဆောင်း ပါး) click
- နိုင်ငံရေးနဲ့ စာပေအနုပညာ (၁၈) - ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့် click
- မိစ္ဆာဝိုင်ကို သောက်ကြည့်ခြင်း (သို့မဟုတ်) ကဗျာဆရာ ကြည်မောင်သန်းနှင့် တွေ့ဆုံခြင်း click
- မျှော်လင့်ခြင်း (ကဗျာ) click
- တက်ဆင်ထောက်ခံသူများ ဘန်ကောက်တွင် စုဝေးဆန္ဒပြ click
- ဗိုလ်ချုပ်ကြီးစောဘိုမြ၏ သားငယ် ဗိုလ်ကြီးစောနေစိုးမြ နေပြည်တော်ရောက် click
- အာဏာရှင် ဦးနေ၀င်း၏ သမီးကို အကျယ်ချုပ်မှ လွှတ်ပေး click
- တပ်ရိက္ခာပို့ရန် ရွာသားများကို လုပ်အားပေးခိုင်းစေ click
- စပါးဈေးကျပြီး အထွက်နှုန်းမကောင်းသည့်အတွက် တောင်သူများ အခက်ကြီးကြုံနေရ click
- မာန်အောင်မြို့နယ် မယက ဥက္ကဌ လာဘ်ယူပြီး ငါးဖမ်းကွက်များကို လေလံပေး click
- စပါးအ၀ယ်ဒိုင်များ ဖွင့်လှစ်၍ စစ်တပ်ရိက္ခာအတွက် စပါးဝယ်ယူမည် click
- ကော့ဘဇားရှိ ထိပ်ကျောင်းတောင် စေတီတော် ပြန်လည်တည်ဆောက်ရန် အုတ်မြစ်ချ click

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.