Tuesday, December 2, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 2 New Entries: သူငယ်ချင်းသို့ပေးစာ...

သူငယ်ချင်းသို့ပေးစာ...

အလုပ်ရသွားတာကို သိရလို့ အရမ်းကို ၀မ်းသာပါတယ်..
ညီမလည်း လာဖို့ကို ချိန်နေရတယ်..

မမယ်လိုဒီ ကလည်း အကြံပေးထားတာ ရှိနေတော့လေ..

သေသေချာချာကို စဉ်းစားနေရတယ်..

လာတော့လာမှာပါ..မမယ်လိုဒီလည်း ရှိနေတော့ အားရှိပါတယ်.. သတင်းတွေ သေသေချာချာ သိရလို့ ကျေးဇူးလည်း တင်ပါတယ်..

မမယ်လိုဒီရေ..
ကျန်းမာရေးကိုတော့ အထူးဂရုစိုက်နော်..
အားရှိအောင်စား၊ အိပ်ရေး ၀အောင်လည်းအိပ်နော်..
အချိန်ရရင်တော့ စာရေးဦးလေ..

အဆင်ပြေပြေ နေနိုင်ဖို့ ဆုတောင်းပေးနေပါတယ်..


ဇန်န၀ါရီမှာ ကျောင်းအပ်ပြီး လာရင်ကောင်းမလား မသိဘူးနော်..

တရုတ်နှစ်သစ်ကူး အပြီးမှာ အလုပ်တွေ အရမ်းခေါ်တာ နှစ်တိုင်းပဲတဲ့..

ACCA ကျောင်းက ဈေးကြီးပေမယ့် သေချာတယ်နော်..
မိန်းကလေးတွေကို တစ်နှစ်ပဲ နေထိုင်ခွင့် ရတယ်ဆို.. ပြောနေကြတာတွေကတော့ စုံနေရောပဲနော်..
visit နဲ့ လာပြီး အလုပ်ရှာပြန်ရင်လည်း မလွယ်ဘူးတဲ့..
ညီမလည်း ကျောင်းနဲ့ လာရင် ကောင်းမလား.. အစပိုင်းတော့ အချိန်ပိုင်း လုပ်ပြီး နောက်ပိုင်း အလုပ်ရရင် ကျောင်းမတက်ဘူးဆိုပြန်ရင်လည်း ငွေအရမ်းကုန်နေမှာ စိုးတယ်.. မလိုအပ်ပဲ ကုန်နေမှာ စိုးလို့ပါ..

မမယ်လိုဒီ ..စိတ်ညစ်သွားပြီလား...

ကိုယ့် မိသားစုမှာလည်း ကိုယ်ကပဲ လုပ်ရတယ်.. အားမကိုးရလို့ တခါတလေ စိတ်တွေကုန်တယ်. ကိုယ့်မှာ သူငယ်ချင်းကောင်းတွေ၊ မိတ်ဆွေကောင်းတွေ ရှိနေတာကတော့ ကံကောင်းတယ်လို့ ပြောရမယ်... ဒါပဲနော် မမယ်လိုဒီ စိတ်ညစ်သွားရင် တောင်းပန်တယ်နော်..

အဲဒါ သူငယ်ချင်းတစ်ယောက်စီက ပို့လိုက်တဲ့စာလေးပါ။
ကျမ ဒီစင်ကာပူကို စရောက်ကတည်းက ကိုယ်တိုင်သာအလုပ်မရသေးတာ အကူအညီတောင်းလာသူတိုင်းအတွက် လိုချင်သလောက် အကူအညီတွေမပေးနိုင်သည့်တိုင် တတ်နိုင်သလောက်လေးတော့ အသုံးဝင်တဲ့ အချက်အလက်လေးတွေဆို စာပြန်ပေးနေကြပါ။ ဒီတစ်ခါလည်း သူ့ကို စာပြန်ပေးရင်း စင်ကာပူအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်လို့ စိတ်ဝင်တစားရှိတဲ့ ဘလော့မှာ လာဖတ်တဲ့ သူငယ်ချင်းမောင်နှမတွေအတွက် အောက်ကပြန်စာလေးကို တင်ပေးလိုက်ပါတယ်။

စိတ်ညစ်ပါဘူး သူငယ်ချင်းရေ ပြောချင်တာသာပြောပါ
ဘ၀ဆိုတာ အဲလိုပဲလေ ငှက်တွေပျံရင်းနဲ့သေသလို ကိုယ်တွေလဲကြံနေရတာပဲ

ဒါပေသိ ထလုပ်ဖို့တော့လိုမယ်လေ

လဲကျသွားလဲပြန်ထကြတာပေါ့

ကိုယ်တွေက ကျောင်းအပ်တာ အားမပေးဘူး(ကိုယ်တိုင်လဲမအပ်ြ
ဖစ်တာတောင် ၂ကြိမ်လေ)
အနည်းဆုံး fulltime ၁နှစ် ၂နှစ်တက်ပြီး စာသေချာဖတ်မယ် အလုပ်လုပ်စရာမလိုရင်တော့အားပေး
တယ် ကောင်းတယ် ကျောင်းပြီးတာနဲ့ လခကောင်းကောင်းရမယ် ကိုယ်ကိုယ်တိုင်လဲ ယုံကြည်ချက်အပြည့်ရှိတယ်လေ
အဲလိုမှမဟုတ်ပဲ ကျောင်းအပ်ပြီး စာမဖတ် စာမေးပွဲကျ အချိန်ပိုင်းလေးလုပ် student pass သက်တမ်းရှိသလောက်လေးနေ စုနိုင်သလောက်စု(အနည်းငယ်ပဲပို
မှာ) ပီးတော့ ပြန်ကြ အဲလိုမျိုးကြိုက်ဘူး အဲဒီအစား မြန်မာမှာတင် ဖြေလို့ရသလောက် Part 2 ပီးအောင်ဖြေရင်း လုပ်ငန်းအတွေ့အကြုံနဲ့ပညာယူထား စင်ကာပူအဆင်မပြေလဲ ဘယ်နိုင်ငံသွားသွားရတယ်ဆိုတာမျိုး အဲလိုမျိုးပဲကြိုက်တာ

visit နဲ့ လာပြီး အလုပ်ရှာပြန်ရင်လည်း မလွယ်ဘူးဆိုတာ အရင်ထက်ပိုဆိုးတယ် ဘာလို့ဆို စင်ကာပူ စီးပွားရေးအကြပ်အတည်းကတစ်ကြောင်းအပြင် တကယ်မတတ်ပဲလာရှာလို့ပါ ကိုယ်တကယ်တတ်ရင် သိပ်မခက်ဘူးလေ(တကယ်တတ်လား ကိုယ့်ကိုယ်ကို ပြန်မေးပါ) ဘာသာစကားလဲလိုပါတယ်(ဖြည့်ခဲ့သင့်ပါတယ်)

account မဟုတ်ပဲ admin အလုပ်တွေလဲရှိတယ် english တကယ်ကောင်းမယ်ဆိုရင်လေ
အလုပ်ပေါ၏ အလုပ်လာရှာတဲ့သူတွေကလဲ မြန်မာတင်မကဘူး phillipines, vietnam, indonesia & thai တွေမှအများကြီး။ အဲဒီမှာ မြန်မာတွေရဲ့ english က phillipines & indonesia တွေကို လုံးဝမယှဉ်နိုင်တာပါပဲတဲ့။ ကဲ..မြန်မာက သူငယ်ချင်းတွေ english လို ပြိုင်ဆဲနိုင်တဲ့အထိ မဖြည့်ချင်ဘူးလားလေ(တို့ဗိုလ်ချုပ်ပြောခဲ့တဲ့ စကားလေးအမှတ်ရမိလို့ပါ)။ ဆုံးဖြတ်တာကတော့ ကိုယ့်ဘ၀ကိုယ်သာဖန်တီးသူမို့ ကိုယ်ဘာသာပဲ အခြေအနေအရပ်ရပ်သုံးသပ်ပြီး ဆုံးဖြတ်ပါလို့ပဲ ပြောပါရစေ။ လိုအပ်တဲ့အကြံဥာဏ်တွေအတွက်ကတော့ အကောင်းဆုံးမဟုတ်တောင် အတတ်နိုင်ဆုံးပေးဖို့ အဆင်သင့်ပါနော်
အစစ အရာရာ အဆင်ပြေပါစေလေ...

စာကြွင်း။ ။ ဒီရက်ပိုင်းအတွင်း လေးလလောက်အလုပ်လုပ်နေနှင့်ပီးတဲ့ သူငယ်ချင်းတစ်ယောက် ကုမ္ပဏီက ဆက်မရပ်တည်နိုင်ပဲ သူလဲအလုပ်လက်မဲ့ဖြစ်ပြီး နှစ်ပတ်အတွင်း အလုပ်ရှာတာမရလို့ ပြန်သွားရတယ်။ နောက်တစ်ယောက်ကတော့ ကိုယ့်ထက် အရင် စောပြီးအလုပ်ရပေမဲ့ ရေရာတဲ့ အကြောင်းပြချက်မရှိပဲ probation သုံးလပြည့်တာနဲ့ အလုပ်ဆက်မခန့်တော့ပဲ ညှာတာစွာပေးလိုက်တဲ့ spass တစ်လပေါ်မှာအားကိုးပြီး အလုပ်ရအောင် ရှာနိုင်ဖို့ ကြိုးစားနေတယ်။ အော်.. ကိုယ့်အလှည့်လဲ ဘယ်တော့ပါလိမ့်နော်...

လိုသလိုသုံးသက်ဝေ....

http://nineninesanay.blogspot.com/2007/02/blog-post_21.html
http://melodymaungmm.myanmarbloggers.org/2008/11/blog-post_30.html

အဲဒီပို့စ်အတွက်နဲ့ပတ်သက်ပြီး...
မနိုင်းနိုင်းရေ.. ရှင်းပေးပါအုန်း။ မနိုင်းနိုင်းရဲ့ စာဖတ်ပရိသတ်အနေနဲ့ ဘယ်သူက ဘယ်သူ့ရဲ့စာကို ကော်ပီကူးတယ်ဆိုတာလေး ကို
http://melodymaungmm.myanmarbloggers.org/
ကျနော်က တော့ မနိုင်းနိုင်းကိုဘဲ မေးပါရစေ။ မနိုင်းနိုင်းကို ယုံကြည်လို့ ဆိုပါတော့ဆိုပြီး နာမည်မဖေါ်ပဲ ကွန့်မန့်ရေးတဲ့သူကရေး
reader ဆိုပြီး ...သူခိုးလက်က သူဝှက်လု လို့ ပြောသူကပြော
blog reader ကလဲ ..ဖတ်လို့ ကောင်းတဲ့မြန်မာလိုရေးထားတဲ့စာလေးတွေ ကဗျာလေးတွေဆို တစ်ယောက်နဲ့ တစ်ယောက် Forword Email နဲ့  လက်ဆင့်ကမ်းကြတယ်။ အဲလို လက်ဆင့်ကမ်းတဲ့ စာတွေ အများစုမှာ ဘယ်သူ့ စီကဆိုတာ မပါတတ်ဘူး။

ဒါပေမယ့် Forword Email က တာတွေကို ကြိုက်နှစ်သက်လို့  ကိုယ်ပိုင် Blog ပေါ်တင်မယ် ဆိုရင်တော့ ရေးတဲ့သူ မူရင်းရေးသူ၊ ဘာသာပြန်သူ နာမည်မသိတောင်၊ လိုက်မရှာနိုင်တောင်မှ EMAIL က တစ်ဆင့်ရခဲ့ပါတယ် ဆိုတာလေး ကိုယ့်ရဲ့ ပိုစ့်အောင်ဆုံးမှာ ဖြစ်ဖြစ် အနည်းဆုံး ထည့်ရေးသင့်ပါတယ်။

ဒါဆို သူကိုယ်တိုင်ရေးတာ မဟုတ်ဘူး.. တခြားတစ်ယောက်ရေးတာကို သူကြိုက်လို့  ပြန်မျှတယ်ဆိုတာလေး စာဖတ်တဲ့သူတွေ သိလိုက်ရတာပေါ့။ အပန်းကြီးတဲ့ ကိစ္စတစ်ခုမှ မဟုတ်တာ။

ဒီလိုလုပ်ခြင်းဟာ Blog လာဖတ်တဲ့သူတွေကိုလည်း လေးစားရာ ရောက်ပါတယ်။

Blog ရေးသူတွေ သတိထားသင့်တဲ့ အချက်တစ်ခုပါ။ ...ဆိုပြီး အကြံပေးတဲ့သူကပေး

အော် ..ခက်နေပါပီ နိုင်းနိုင်းရေ
ဒီလိုပဲပြန်ပြောခွင့်ပေးပါနော်..

ဟုတ်ကဲ့ ရေးတဲ့ရက်စွဲကို ကြည့်ရင် သိသာပါတယ်
နိုင်းနိုင်း အရင်ရေးခဲ့တာပဲလေ
ဒါပေသိ အဲဒီရေးတုန်းက ကျမမဖတ်ခဲ့မိဘူး
ဖတ်ခဲ့ဘူးတဲ့ဟာဆိုရင် ကျမ အမြဲ credits go to ဆိုပြီး လုပ်လေ့ရှိပါတယ်
ဒီတစ်ခါက မေးလ်ကလဲရတာမဟုတ်တော့ နာမည်လဲမတွေ့မိလိုက်ပါဘူး
ဒီလိုအဆိုအမိန့်တွေက ကျမတို့လို အင်တာနက်ကြွက်တွေအတွက် စာတစ်ခုချင်းလိုက်စုနေမိတာမျိုးမဟုတ်ပဲ တွေ့မိတဲ့ နေရာကနေ ဒေါင်းလုပ်ချပြီး ကိုယ်တွေးမိတာလေး ပြန်ရှဲရုံသက်သက်ပါပဲ။ အဲဒီအတွက်လို့ ကျမတို့ ခင်မင်ရင်းနှီးကြတဲ့ ဘလော့ဂါအချင်းချင်းကြားထဲမှာ ဘာမှ ခံရခက်တဲ့ခံစားမှုမျိုးတွေမပေါ်ဖူးပါဘူး။ (ကိုယ်တိုင်ခံစားရေးဖွဲ့ထားတဲ့ ကဗျာလို့ ဘာသာပြန်လိုမျိုးကလွဲရင်ပေါ့လေ) ဒါနဲ့ စကားမစပ် စာဖတ်သူတွေက အဲလို သူခိုးလက်က သူဝှက်လုတွေထိ ပြောရလောက်အောင် ဘာတွေဘယ်လောက်ထိ နစ်နာထိခိုက်စေတယ်လို့ စဉ်းစားမိလို့လဲဆိုတာ စိတ်ဝင်စားပါ၏။ အမှန်မှာက ကောင်းတဲ့စာပေလေးတွေ ကိုယ့်နား အသိုင်းအ၀ိုင်းလက်လှမ်းမီသလောက် ဖတ်ဖူးဖို့ ဖတ်မိဖို့ ရည်ရွယ်ချက်လေးကို နဲနဲလောက်ခံစားပြီး အမြင်ကျယ်ကျယ် နားလည်ပေးနိုင်ကြမယ်ဆိုရင် အားလုံးငြိမ်းချမ်းပျော်ရွှင် အပန်းပြေနိုင်ကြမယ်လို့ မျှော်လင့်ရင်း ဒီစာလေး ရေးဖို့ တွန်းအားပေးတာတွက် ကျေးဇူးတင်ပါတယ်။

ပို့စ်တူနေတာအတွက် ဖြေရှင်းတာမဟုတ်ပေသိ အမြင်ရှင်းအောင် ရီပလိုင်းလေးပြန်ရေးထားပါတယ်။ ကျမအံ့သြတာက ဒီဆီဗုံးမှာလာပြီးမကျေမနပ်အော်ထားတဲ့သူတွေက အရင်ကကျမဆီမှာ တခါမှလာဖတ်ဖူးပုံမရတဲ့ ပရိတ်သတ်တွေများလားမသိဘူးနော် ဘာဖြစ်လို့တုန်းဆိုတော့ ကျမရဲ့ credit goes to ပေးလေ့ရှိတဲ့ အလေ့အထအမူအကျင့်လေးကို မသိသလို ဒီလို တခါတရံ ဖြစ်သွားတတ်တာလေးပေါ်မှာ အမြင်ကျယ်စွာ ခင်မင်စွာ ဖြည့်စွက်တွေးပေးနိုင်တဲ့ မေတ္တာဆိုတဲ့ စိတ်လေးလုံးဝမရှိတာ မထားနိုင်တာကိုပဲခံစားမိရင်း စိတ်မကောင်းဘူးလို့ပဲ ပြန်ပြောခွင့်ပြုပါ
ပြီးတော့ နိုင်းနိုင်းဆိုတာ ကျမ မြန်မာဘလော့ကို အင်တိုက်အားတိုက်ရေးဖြစ်အောင် ကွန့်မန့်တွေပေးပြီး ပြုစုပျိုးထောင်ပေးခဲ့ဖူးတဲ့ သူတစ်ယောက်ပါဆိုရင် ..... နိုင်းနိုင်းက သူပျိုးခဲ့တဲ့ပန်းအပေါ်မှာ သူထားတဲ့မေတ္တာက သွေးခွဲလို့မကွဲဘူးလို့ပဲ ထပ်ပြောပါရစေ
အားလုံး ကျေနပ်ပျော်ရွှင်ပါစေ :)

မှတ်ချက်။ ။ ကျမကတော့ ကျမရဲ့ ဘလော့မှာရှိတဲ့ ရေးထားတဲ့ မည်သည့်အကြောင်းအရာမဆို စီးပွားရေးအမြတ်ထုတ်တဲ့ရည်ရွယ်ချက်မျိုးမဟုတ်ခဲ့ရင် လိုသလိုသုံးသက်ဝေလို့ပဲ အသိပေးထားပါရစေနော်။ ဒါပေသိ တစ်စုံတစ်ရာ အကြံပေးတာ၊ တိုင်တာမျိုးလုပ်ချင်ရင်တော့ ကျမကိုပဲ အရင်ဆုံးမေးလ်လေးပို့ပေးခြင်းအားဖြင့် ဘလော့ရေးသူ၊ ဘလော့ဖတ်သူ နဲ့ ဘလော့တွေကို ကိုးကားသူများအားလုံး ပျော်ရွှင်ငြိမ်းချမ်းပါစေလေ။

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မုတ်သုန်လေ] 3 New Entries: ဘာများလုပ်စရာ ရှိသေးလို့လဲ

ဘာများလုပ်စရာ ရှိသေးလို့လဲ


လိုချင်တာဒါမဟုတ်မှန်း ဘယ်လိုသိသလဲ
လိုချင်မျက်စေ့ထားတတ်လွန်းတော့
အမျက်တော်ထိတော့လည်း အရှခံလေပေါ့

ဒူးလောက်တင်မှ ရင်လောက်ကျသတဲ့လား
ရင်လောက်တင်မှ ဒူးလောက်ရောက်သတဲ့လား
ဒူးနေရာဒူးလို့ရော ဆိုလေသလား
တူသလား၊ တန်သလား၊
တန်သလားလို့တောင် ဒီစကားမျိုး
ပြောဖို့ဆိုတာရော လိုအပ်သေးလို့လား

အကာကိုခြစ်၊ အနှစ်ကိုခြစ်ယူ
နှစ်ပေါင်းများစွာ၊ အနှစ်ပေါင်းများစွာ
ရေစိုနေတဲ့ သစ်ရွက်ခြောက်ကြွေလို
အချိန်မတိုင်ခင် ဖြစ်သွားခဲ့တယ်
ဆိုခဲ့ပါရင်လည်း
လုပ်စရာက ဘာများရှိသေးလို့ပါလဲ။

အိမ်ပြန်စောတဲ့ ညနေရီ ညခင်းတွေ
ပေးသူ/ဝေသူ ပေးဝေသူရယ်
ရသူ/လိုသူ ရလိုသူရယ်
ဆန္ဒတွေကွဲပြား ဘ၀တွေခြားတယ်ဆိုတာ
တွေးစရာမလို တွေ့ခဲ့ရတာတွေနဲ့ကို သိခဲ့ရတာပဲ
သည်လိုပင် ဆက်ဖြစ်စေဦးတော့
ကျောခိုင်းရာ ရှေ့သို့သွားမည်ဖြစ်စေ
လမ်းကတော့ လမ်းအတိုင်း ရှိနေဆဲပါပဲ။

      

ဆိုခဲစေ မြဲစေ


စုပ်လည်းစူး/ စားလည်းရူး
ဆိုသောကာလ ဆိုသောအတိုင်း ရှိနေပါစေ
နှိုးစက်သံတ၀ီဝီ၊
အိပ်မပျော်တာတောင် နှိုးစက်ဖွင့်ထားသတဲ့
ပုရစ်အော်သံတွေက တစီစီ
ဝင်လိုသူများ ၀င်လာကြပါစေ
ညအမှောင်လမ်းထလျှောက် ထွက်လိုသူ ထွက်သွားတယ်
ကြယ်စုံကောင်းကင်အချိန်ကာလက လှပလို့
အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်ချိန်
ရောင်နီတွေတောက်လာတဲ့အခါ နံနက်ခင်းတစ်ခု
ဆိုက်ရောက်လာပြီလို့ သတ်မှတ်ပေးပါ
တတိတိ ကုန်လွန်၊ ကုန်လွယ်တာတွေ မေ့ထားပါ
ရှိနေ၊ ဖြစ်နေ၊ သွားနေကြတာတွေ
ရှိမြဲ၊ ဖြစ်မြဲ၊ သွားမြဲအတိုင်းထားလိုက်ပါတော့
သွားနေတာတွေ သွားနေတဲ့အတိုင်းပါပဲ
ဒီကြားထဲက ရနိုင်သမျှသယ်ငင်ပွေ့ယူ
တန်ဖိုးဖျက်ဖို့ မစဉ်းစာတာကို ကန့်ကွက်ရန်မရှိဘူး
ပြီးတော့၊ ပြီးသွားပြီလို့ ထင်တဲ့အခါကျတော့မှ
လာရာလမ်းလှမ်းမျှော်လိုက်
လိုအပ်မယ်လို့ ယူဆတယ်ဆိုရင်လည်း
ကျန်ခဲ့သည်များ ပြန်ကောက်ယူနိုင်တယ်
ဘယ်ကိုမှ အပြစ်မပြောကြေးပေါ့ကွာ။

      

ဖြေလိုက်ပါတယ်


ဖြေနိုင်ရဲ့လား၊ ပြေလည်ရဲ့လား မေးကြတယ်
ဘာကိုမေးတာလဲဟင်၊ ဘာကိုမေးနေတာလဲ၊
ဖြေလိုက်တယ်၊ ပြေလိုက်တယ်
ဟုတ်ပြီ၊ အဲသလို ပြန်ဖြေမယ်
ဖြေလိုက်ပါတယ်၊ ပြေလိုက်ပါတယ်၊
နေသာသလိုနေလိုက်ပါတယ်
ဒီလိုဆို အဆင်ပြေမလား
ဆိုက်ရောက်ရာရော ရောက်ပါရဲ့လား
မရောက်မချင်းဆက်လို့၊ ဆက်လို့ တွေး၊
တွေးဖို့မစဉ်းစားတော့ရင်းလဲ၊ နေသာသလိုပေါ့၊
ဖြေပါတယ်၊ ပြေပါတယ်၊
ဖြေလိုက်ပါတယ်၊ ပြေလိုက်ပါတယ်၊
ဒါဖြင့်…
ငြိမ်းချမ်းရာ၊
ငြိမ်းချမ်းရာ၊ အမည်တပ်ဖို့၊
အော် ဒါကတော့ ဒီလိုရှိတယ်လေ၊
ငြိမ်းချမ်းရေးယူဖို့ မျက်နှာစာတော့ဖွင့်ထားတယ်၊
အလံဖြူကို ရိုက်ချိုးယူသွားမယ်ဆိုလဲ
ကန့်ကွက်စရာမရှိပါဘူး
နေသာတယ်မဟုတ်လား
ဒါဆိုအဆင်ပြေပါတယ်။

      

You received this email because you are subscribed to the real_time feed for http://mothonlay.wordpress.com/feed/. To change your subscription settings, please log into RSSFWD.

[My DiArY] 1 New Entry: ကြွားမယ်နော်

ကြွားမယ်နော်

မမဝါ ကကြွားပါ ဆိုပြီး သတိတရ Tag လာပါတယ်။ မမဝါလိုပဲ ဖိနပ်တွေသဘောကျတဲ့သူမို့ ကြွားချင်ပေမဲ့ စလုံးရောက်ကထဲက ဖိနပ်က အမြင့်တရန်၊အပါးတရန် ပျက်မှဝယ်တာဆိုတော့ လှလှပပကြွားစရာကမရှိ ။ ဒါနဲ့အကြံအိုက်နေတုန်း မမနုစံ Post ဖတ်ပြီး အိမ်မှာ ရှိတာတွေ ကြွားလိုက်ပါတယ်။
သရီး
တူး
ဝမ်း
စပါပြီ



ဒါလေးတွေက မောင် ကောက်ပေးထားတဲ့ အရုပ်လေးတွေပါ။ တရုပ်ကို ၅ကျပ် ၊ တချို့က လဲ ၇ကျပ် ပါ ဂြိုသားရုပ်လေး က ၂ကျပ်စီပဲကျပါတယ်။ သူကလူကြိုက်နဲလို့လားမသိ ကောက်ရတာလွယ်တယ်။ လိပ်ရုပ်လေးကတော့ မနှစ်က X'mas မှာ သူ့ဘာသာသွားကောက်လာတာ။ ဘယ်လောက်ကုန်လဲမသိပါဘူး ။
ဦးထုပ်နီနီလေးနဲ့ ကကိုယ်တိုင်သေနတ်ပစ်ထားတာပါ။ မှန်းတာကတော့ Garfield ရုပ်အကြီးကြီး
နှင်းဆီပန်းကတော့ မနေ့ကဘာစိတ်ကူးပေါက်လဲမသိ ပထမဆုံးဝယ်လာပေးတာပါ။
တသက်မှာ တယောက်ပဲချစ်မယ် လို့အဓိပယ် ကောက်လိုက်ပါတယ်။



ဒါလေးတွေကတော့ အိမ်ကညီမဝမ်းကွဲလေးရဲ့ အပေါင်းအဖော်လေးတွေပါ။ ကိုယ့်ဟာမဟုတ်ပေမဲ့စည်စည်ကားကားဖြစ်သွားအောင်ထည့်လိုက်တာပါ။



ဒီကောင်းလေးကဝတော့ နေရာမရရှာဘူး။



အဲဒီ ကော်ဖီခွက်လေးကို တော့အထူးကြွားချင်ပါတယ် ။ သူ့သက်တန်းက ၇နှစ်နီးပါးရှိပါပြီ။ တနှစ်သော New Year မှာရတဲ့လက်ဆောင်ပါ။ အထူးလို့ပြောရတာကတော့ မမျှော်လင့်ပဲ ရခဲ့လို့ပါ။ အဲနေ့မနက်က ပုလဲGift Shop မှာ သွားကြည့်ပြီး စိတ်ထဲမှာ အရမ်းလိုချင်တာ ဒီအရောင်ဒီခွက်လေးကိုပဲ ။ တယောက်ထဲသွားတာ ဘယ်သူမှမပါသလို ဘယ်သူ့ကိုမှလဲ လိုချင်တယ်လို့မပြောမိပါဘူး။ ဈေးကလဲ 4200 ဆိုတော့ ကိုယ့်တပတ်စာမုန့်ဖိုးနီးနီး ဖြစ်နေပြီ မဝယ်နိုင်ဘူးလေ။ ညကျ ph ဆက်တော့ လက်ဆောင်ဝယ်ထားတယ်တဲ့ ။ မနက်တွေ့တော့ လက်ဆောင်က ဒီခွက်လေးဖြစ်နေတာပါပဲ။ အံဩဝမ်းသာမိတာ အရမ်းပါပဲ ။ အဲဒီအချိန်ထဲက သူဟာကိုယ့်ရဲ့ တခြမ်း အစစ်လို့ ယုံကြည်လိုက်ပါတယ် ။ ဘယ်သူလဲတော့ မပြောတော့ပါဘူးနော်။



ဟဲဟဲ ဒါလေး ကတော့ သူ့ကို မွေးနေ့လက်ဆောင်ပြန်ဝယ်ပေးထားတာပါ။

မမဝါရေ ဒီလောက်လေးနဲ့ပဲ ကျေနပ်ပါနော် ။ သတိရလို့ ကျေးဇူးအထူးတင်ပါတယ်။ မမဝါတို့ မိသားစုလေး ပျော်ရွှင်စရာ ဒီဇင်ဘာ ဖြစ်ပါစေနော်။

ဪ မေ့တော့မလို့ ရှိသေးတယ်
ဒါလေးက အကြွေတွေစုထားတာ ။

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ ဒီဇင်ဘာ ဖြစ်ပါစေနော်။

You received this email because you are subscribed to the real_time feed for http://maymoe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

ကြောက်မွေးပါ ဇာဂနာနဲ့နုတ်

အေးချမ်းမြေ့

စစ်အစိုးရကတော့ နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံခဲ့ရသည့် ပြည်သူများကို မည်သို့ ပံ့ပိုးလိုက်မည် ကူညီလိုက်မည် ဆိုသည်ထက် လူမှုရေး စိတ်ဓာတ် အပြည့်ဖြင့် ပါဝင်ကူညီ သူများကို မည်သို့ဖမ်းဆီးလိုက်မည်၊ မည်သည့် အပြစ်ဒဏ် ချမှတ်လိုက်မည် ဆိုသည့် အတွေးများသာ ပွားနေပုံရသည်။

နာဂစ် ကူညီကယ်ဆယ် ရေးများ ပြုလုပ်ခဲ့သည့် လူ ၂၂ ဦးကို စစ်အစိုးရက ဖမ်းဆီးထားကာ ၎င်းတို့ အထဲမှ ၆ ဦးကို ယခုအခါ ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းက သက်သေ ဖြစ်၏။ ထိုအထဲမှ လူသိများသော လူရွှင်တော် ကိုဇာဂနာကို ပြီးခဲ့သည့် သောကြာ နေ့ကမှ ထောင်ဒဏ် ၄၅ နှစ် ချမှတ်လိုက်ပြီး ဖြစ်သည်။

အစိုးရက မလိုလားသည့် ကြားမှ၊ ပိတ်ပင် တားဆီးမှုများ အမျိုးမျိုး လုပ်ဆောင်သည့် ကြားမှပင် ကိုယ့်အသိ စိတ်ဓာတ်ဖြင့် ကိုယ့်အိတ် ကိုယ်စိုက်ကာ ကူညီ ကယ်ဆယ် ရေးများ လုပ်ဆောင် ခဲ့သည့် ပြည်တွင်း အလှူရှင်များ၊ ပြည်တွင်း ကယ်ဆယ်ရေး လုပ်သားများ များစွာ ရှိခဲ့သည်။

ထိုသူတို့၏ လုပ်ဆောင်မှုနှင့် အလှူများကို အသိအမှတ် မပြု၍ မရအောင် ရှိသော်လည်း စစ်အစိုးရကတော့ အမျိုးမျိုး ထိန်းချုပ် စောင့်ကြည့်မှုများ ပြုလုပ်ခဲ့သည်။ ပြည်တွင်း အလှူရှင်များနှင့် စေတနာရှင် လုပ်အား အလှူရှင်များ အပါအဝင် အိုင်အန်ဂျီအို၊ အန်ဂျီအို တချို့ကို ဒုက္ခသည် များအား တိုက်ရိုက် ကူညီရန် ခွင့်မပြုခြင်းများ ရှိခဲ့သည်။ ဒုက္ခသည် များကို ကူညီခွင့်ရရန် ကြံ့ဖွံ့များ၊ ကျေးရွာ အာဏာပိုင်များ၊ ရယကများနှင့် ပူးပေါင်းကြမှသာ အဆင်ပြေသည်။

 မြစ်ဝကျွန်းပေါ်မှ ပြည်သူများ အတွက် ပြည်တွင်း ပြည်ပမှ လှူဒါန်းသည့် ပစ္စည်းများကို ဦးဆောင်၍ ထိရောက်စွာ ပေးပို့ခဲ့သူများ ထဲတွင် ကိုဇာဂနာက ထိပ်ဆုံးမှ ပါဝင်ခဲ့သည်ကို လူအများ အသိပင် ဖြစ်၏။ ထိုစဉ်က ၎င်းကို ဧရာဝတီ မဂ္ဂဇင်းက အင်တာဗျူး အကြိမ်ကြိမ် လုပ်ခဲ့ရာ ၎င်းထံသို့ ရောက်ရှိနေသော ပြည်တွင်း ပြည်ပမှ အလှူပစ္စည်းများနှင့် အလုပ်ရှုပ်ရင်း အားပါးတရ စကားပြောခဲ့သည်။ သူနှင့်အတူ သူ့ကိုချစ်ခင်သော ရုပ်ရှင် အဖွဲ့သားများ၊ အနုပညာရှင် များကလည်း ငွေအား၊ ပစ္စည်းအား၊ လူအားဖြင့် တတ်အား သရွေ့ ပါဝင် ကူညီခဲ့သည်။( ဆက်ဖတ်ရန် ) အဖွဲ့ အသီးသီးခွဲ၍ သွားလာရန် ခက်ခဲသော လူသူ အရောက် အပေါက် နည်းသည့် မြစ်ဝကျွန်းပေါ် ဒေသများသို့ သွားကာ အလှူရှင်များ ပေးပို့လိုသည့် အစားအစာ၊ ဆေးဝါး နှင့် အိမ်သုံး ပစ္စည်းများကို အရောက် ပေးပို့နိုင်ခဲ့သည်။ ထိုစဉ်က အစိုးရနှင့် အိုင်အန်ဂျီအို တချို့တို့ ကယ်ဆယ် ကူညီရေး လုပ်ငန်းများ လုပ်နေကြပြီ ဖြစ်သော်လည်း မြို့ပေါ်တွင်သာ ကယ်ဆယ်ရေး စခန်းများဖွင့်၍ လုပ်ကိုင်ကြခြင်း ဖြစ်ပြီး သွားလာရန် ခက်ခဲသော ဒေသများသို့ ထိုသူတို့ မရောက်ရှိနိုင်ခဲ့ကြပေ။

"ကျနော်တို့ ရောက်သွားတဲ့ ဘိုကလေးအပိုင် ရွာ ၄၂ ရွာဆိုရင် ဘာမှကို မရကြသေးဘူး။ နိုင်ငံတော် အဆင့် အကူအညီမပြောနဲ့ ယူအန်ဆီကကော၊ ဘယ်အန်ဂျီအိုဆီကမှ အကူအညီတွေ မရသေးဘူး" ဟု နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဝင်ပြီး နောက်ပိုင်းတွင် ဧရာဝတီကတွေ့ဆုံမေးမြန်းခဲ့သည့် အင်တာဗျူး၌ ကိုဇာဂနာက ပြောကြားခဲ့သည်။ ကိုဇာဂနာကို နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီလှူဒါန်းသည့် အလုပ်များ လုပ်ကိုင်နေစဉ် ဇွန်လအတွင်း ဖမ်းဆီးခဲ့သည်။ ၎င်း ဖမ်းဆီးမခံရခင် ဘီဘီစီရေဒီယိုနှင့် အင်တာဗျူး၌ စစ်အစိုးရနှင့် ယူအန်အပါအဝင် အန်ဂျီအို တချို့အား ဝေဖန်ပြောကြားခဲ့သေးသည်။

ဧရာဝတီ မဂ္ဂဇင်းနှင့် တွေ့ဆုံမေးမြန်းစဉ်ကလည်း ၎င်းက "ကျနော်တော့ယူအန်ကို ဘဝင်မကျဘူး။ သူတို့က ဘာဖြစ်လို့ အစိုးရရဲ့ အကြိုက်ပဲလိုက်လုပ်နေရတာလဲ။ တကယ်ဆို ဒီလိုလူမှုကူညီရေးတွေလုပ်ဖို့ ဒီ့ထက် စွန့်စွန့်စားစား လုပ်သင့်တယ်" ဟု ပြောခဲ့သေးသည်။ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေရင်း အာဏာပိုင်များနှင့် ထိပ်တိုက်တွေ့ရသည့် အဖြစ် အပျက်များကိုလည်း ကိုဇာဂနာက ပြောပြခဲ့သည်။ အသက်အန္တရယ်အတွက် တာဝန်မယူဆိုသည့်တိုင်အောင် သူတို့အဖွဲ့များက လူသူအရောက်အပေါက်နည်းရာ ဒေသများသို့ ပင်ပင်ပန်းပန်း သွားရောက်ခဲ့သည်။ ယူအန်က မြန်မာပြည်တွင်း၌ လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခွင့်ရရန် စစ်အစိုးရ၏ ယုံကြည်မှုကို တည်ဆောက်ယူနေသည်ဟု မည်သို့ပင်ဆိုစေကာမူ စစ်အစိုးရတော့ ဒုက္ခသည်များကို ကူညီပေးနေသူများအပေါ် ပိုမို စိတ်ဝင်တစား ထိန်းချုပ်ချင်နေသည်ဟု ပြည်တွင်းအလှူရှင်များနှင့် အန်ဂျီအိုဝန်ထမ်းများက ပြောနေကြ သည်။

လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူတို့ကို ဖမ်းဆီးထောင်ချခြင်းနှင့် ပတ်သက်၍ ချင်းမိုင် တက္ကသိုလ်အခြေစိုက် ဗဟုဖွံ့ဖြိုးရေး အစီအစဉ်မှ ကိုအောင်သူငြိမ်းက "ဒီလို လူသိများတဲ့ ကိုဇာဂနာလို လူမျိုးတွေကို လူမှုရေးလုပ်လို့ ဖမ်းတယ် ဆိုတာက နိုင်ငံရေး အငြိုးအတေးနဲ့လုပ်တာပါ" ဟု ပြောသည်။

ကိုဇာဂနာကို အီလက်ထရွန်းနစ်ပုဒ်မ ၃ မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၃၃ (က)၊ ၃၂ (ခ)၊ ပုဒ်မ ၃၈ တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၄၅ နှင့်ချမှတ်ခဲ့ပြီး ၎င်းနှင့်အတူ ကူညီရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည့် ကိုဇော်သက်ထွေးကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။ သူတို့ ၂ ဦးနှင့် အမှုတွဲ တတွဲတည်းဖြစ်သော ကိုတင်မောင်အေးကို ထောင်ဒဏ် ၂၉ နှစ် ချမှတ်လိုက်ပြီး ကိုသန့်ဇင်အောင်ကိုမူ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်သည်။

"နိုင်ငံရေးနောက်ခံရှိထားတဲ့ ဘယ်သူ့ကိုမဆို လူမှုရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာမျိုး အစိုးရကမလိုလားဘူးဗျ" ဟု ကိုအောင်သူငြိမ်းက ဆိုသည်။ ကိုဇာဂနာက ၁၉၈၈ မတိုင်ခင်ကတည်းက မြန်မာ့ရုပ်မြင်သံကြားတွင် ကပြခဲ့သော မိုးနတ်သူဇာ အငြိမ့်၌ လူရွှင်တော်အဖြစ် အသုံးတော်ခံရင်း အခွင့်သာလျှင်သာသလို မဆလ အစိုးရနှင့် အာဏာပိုင်များကို သရော်လှောင်ပြောင်ခဲ့သည်။ သူ၏ သရော်ချက်များကို လူအများက နှစ်သက် အားပေးကြပြီး ၁၉၈၈ လူထု လှုပ်ရှားမှုကြီးတွင် တက်ကြွသော လှုပ်ရှားသည့် ကျောင်းသားတဦးအဖြစ် ပါဝင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ၎င်းကိုထောင်ဒဏ် ၄ နှစ်ပြစ်ဒဏ်သတ်မှတ်ခဲ့သည်။

 ကိုဇာဂနာမှာ ထောင်မှထွက်လာပြီးနောက်ပိုင်းတွင်လည်း အနုပညာလုပ်ငန်းများ လုပ်ဆောင်ရင်း စစ်အစိုးရကို မကြောက်မရွံ့ ဆက်လက် သရော်လှောင်ပြောင်နေဆဲဖြစ်သည်။ ၎င်းကို စစ်အစိုးရက ၂၀၀၆ ခုနှစ် ဧပြီလမှစ၍ ရုပ်ရှင်နှင့် ဗီဒီယိုများတွင် သရုပ်ဆောင်ပါဝင်ခွင့် ပိတ်ပင်ခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ပြန့်ကျဲနေသော လူသေအလောင်းများကို အစိုးရနှင့် အန်ဂျီအို အဖွဲ့များက ရှင်းလင်း မြှုပ်နှံခြင်းများ မပြုနိုင်ခဲ့သည့် ထိုအချိန်တွင် မြန်မာထရီဗြွန်းဂျာနယ် အယ်ဒီတာချုပ် ကိုအောင်ကျော်ဆန်း နှင့်အဖွဲ့က လူသေအလောင်းများကို ရှင်းလင်းမြှုပ်နှံခြင်း လုပ်ငန်းများ ကိုယ်ထူ ကိုယ်ထ လုပ်ဆောင်ခဲ့ကြသည်။

ထိုသို့လုပ်ဆောင်သောကြောင့် ကိုအောင်ကျော်ဆန်းအပါအဝင် အလောင်းမြှုပ်သူ ၇ ဦးကို ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးလိုက်သလို နာဂစ်ကူညီရေးလုပ်ငန်းများ လုပ်ဆောင်သောကြောင့်ပင် အီကိုဗစ်ရှင်းဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦးကို ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့သည်။ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ ဦးဆောင်သော နာရေးကူညီမှုအသင်း၊ အနုပညာရှင်များပါဝင်သည့် အိတ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်နေသော အဖြူရောင် သက်တံအဖွဲ့ အပါအဝင် တခြားသောလူမှုကူညီရေး အသင်းများမှာလည်း အစဉ်အမြဲ စစ်အစိုးရ၏ အာရုံထားစောင့်ကြည့်ခြင်းကို ခံနေကြရသည်။

"အစိုးရက ခုလို လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့သူတွေကို ထောင်ချတယ်ဆိုတာက မြန်မာပြည်ထဲက လူမှုရေး အဖွဲ့အစည်းတွေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အစိုးရလုပ်စေချင်တာပဲ လုပ်ရမယ်ဆိုတဲ့ သတင်းစကား ပါးလိုက်တာပဲ" ဟု ရန်ကုန်အခြေစိုက် လူမှုရေးလုပ်ငန်းများတွင် ပါဝင် လုပ်ဆောင်နေသူ တဦးက ပြောသည်။

ယခုကဲ့သို့ ကိုယ့်အားကိုယ်ကိုးသည့် ပြည်တွင်းအလှူရှင်နှင့် ကူညီရေးလုပ်သားများက ထောင်သွင်း အကျဉ်းချ ခံနေရစဉ်တွင် ကြံ့ဖွံ့၊ အမျိုးသမီးရေးရာ စသည့် အစိုးရမျက်နှာသာ ပေးခံရသည့် အဖွဲ့အစည်းများက လွတ်လပ် စွာဖြင့် နိုင်ငံတကာအဖွဲ့အစည်းများက ပေးအပ်သည့် အလှူများကို လက်ခံရင်း ဓာတ်ပုံရိုက်ခံနေကြသည်မှာ ရယ်စရာကောင်းလှသည်။ ကိုဇာဂနာကတော့ ၄၅ နှစ်ထောင်ချခံရလည်း ဦးညွှတ်မည့်သူတော့မဟုတ်။ ရယ်စရာကောင်းသည့် စစ်အစိုးရကို သရော်လှောင်ပြောင်ရင်း ထောင်တွင်းအချိန်များကို ကုန်ဆုံးနေစေလိမ့်မည်မှာ သေချာလှသည်။

မြန်မာစကားတွင်လည်း "ကြောက်မွေးပါဇာဂနာနဲ့နုတ်" ဟူ၍ ရှိထားသည် မဟုတ်ပါလား။

မြန်မာပြည် မငြိမ်းချမ်းပါမှ

မင်းသက်အောင်

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးမှာ လက်ရှိစစ်အစိုးရ၊ အတိုက်အခံဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားနှင့်လက်နက်ကိုင် အဖွဲ့အစည်းများ သုံးပွင့်ဆိုင် တန်းတူညီမျှတဲ့ အခြေခံတွေအပေါ် ဆွေးနွေးအဖြေရှာမှုများ မပြုလုပ်နိုင်ပါက နိုင်ငံတော်အနေဖြင့် ဘယ်တော့မှ ငြိမ်းချမ်းနိုင်မည်မဟုတ်သည်ကို နိုင်ငံရေးစိတ်ဝင်စားသူတိုင်း နားလည် ထားကြပါ သည်၊ ဒီလိုသုံးပွင့်ဆိုင်ဆွေးနွေးရေး မဖြစ်ပေါ်စေဖို့ ဘယ်သူတွေတွန်းအားပေးနေသလဲ၊ ရှာဖွေကြည့်ကြရအောင်။

မြန်မာနိုင်ငံ အိမ်နီးနားခြင်းနိုင်ငံဖြစ်ကြတဲ့ တရုပ်နဲ့အိန္ဒိယ၊ ကမ္ဘာပေါ်မှာ လက်နက်အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံစာရင်းထဲမှ ထိပ်ဆုံးနေရာက ပါလာနေပြီး၊ ခေတ်မမီတော့တဲ့ စစ်လက်နက်နဲ့လေကြောင်း ကာကွယ်ရေး ကိစ္စရပ်တွေမကျန် အနီးကပ်ဆုံး ဖောက်သည်ကတော့ မြန်မာနိုင်ငံကစစ်အစိုးရတွေပါပဲ။ အဲဒီနိုင်ငံက ထုတ်လုပ်တဲ့ ဆေဝါးတွေကအစ အိမ်သုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်းအမျိုးမျိုးတို့ကို လမ်းစရိတ်သိပ်မကုန်ကျပဲ ကုန်းတွင်းလမ်းကတဆင့် တိုက်ရိုက်တင်ပို့ နိုင်ကြပါတယ်။( ဆက်ဖတ်ရန် )

ထိုအတူ အိမ်နီးခြင်း ထိုင်းနိုင်ငံအပါဝင် အာစီယံအဖွဲ့ဝင် နိုင်ငံအချို့ကလည်း သူတို့ဆီက ထုတ်လုပ်တဲ့ပစ္စည်းတွေ မြန်မာပြည်တွင်းကို နည်းအမျိုးမျိုးနဲ့ မှောင်ခိုလမ်းအပါအဝင် တင်သွင်းနေကြတာပါဘဲ။ ဒီနေ့ မြန်မာ့ သယံဇာတတွေ ဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့၊ ကျွန်းသစ်အပါဝင် အဖိုးတန်သစ်များ၊ ကျောက်မျက်ရတနာ မှအစ နောက်ဆုံးရေကာတာကြီးတွေ တည်ဆောက်ပြီး လျှပ်စစ်စွမ်းအား ဝယ်ယူလာတဲ့ အထိလက်ရဲဇက်ရဲ ရှိလာကြတယ်၊ သဘာဝဝန်းကျင်ထိခိုက်နစ်နာမှု သူတို့ နိုင်ငံမှာတိုက်ရိုက်မဖြစ်ပေါ်ယင်ပြီး တာပါဘဲ၊ ဌာနတိုင်းရင်းသား များ မူလနေရာက နေပြောင်းရွေ့ထွက်ခွာပြီး ဘယ်ဒေသကိုပဲရောက်ရောက် သူတို့ လုံးဝမသိချင် ယောင်ဆောင် နေကြပါတယ်။ ဒီတော့ မြန်မာ့အရေးကို မြန်မြန်နဲ့အမှန်တကယ် ပြီးမြောက်စေချင်တဲ့ဆန္ဒ အဲဒီနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေမှာ လိုလိုလားလားမရှိကြပါဘူး၊

မိမိနိုင်ငံကိုယ်ကျိုးအတွက်သာလျှင် သံတမန် အဝန်းအဝိုင်းကနေ "မြန်မာ့မိတ်ဆွေ အဖွဲ့တွေလို" နာမည်အမျိုးမျိုးပေးပြီး အုပ်စုဖွဲ့နေကြတာပါဘဲ၊ ကုလသမဂ္ဂလည်း ထူးမခြားနားပါဘဲ၊ ကိုယ်စားလှယ် တော်လွှတ်လိုက်၊ ပြန်သွားလိုက်၊ အချိန်ဆွဲလိုက်၊ သတင်းစာရှင်လင်းပွဲလုပ်ပြီး တိုက်တွန်းနေလိုက်ကြတာအချိန်ကုန်၊ လူပမ်းရုံပါဘဲ။ စစ်အစိုးရက ဒီအရာကို မြင်နေတော့ ဖမ်းဆီးလိုက်လွှတ်လိုက်၊ လွှတ်လိုက်ပြန်ဖမ်းလိုက် လုပ်ပြနေတာ၊ ပြီးခဲ့လက နိုင်ငံသမားအချို့ ပါဝင်ထောင်သား ကိုးထောင်ကျော်ကို လွှတ်ပေးလိုက်တာဟာ အားပြတ်နေတဲ့ နိုင်ငံရေးသမား အချို့က နိုင်ငံရေးမိုလေဝသ အခြေအနေသာယာ လာတယ်လို့ ယုံထင် ကြောင်ထင်ဖြစ်နေသူများလည်း ရှိနေပါတယ်၊ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲသည်သာ မြန်မာပြည်အရေးရဲ့ ထွက်ပေါက်အမှန်လို့ အော်ပြီး "ခြံခုန်" သမားတွေရဲ့ သံယောင်နောက်မလိုက်မိအောင်လည်း အရေးကြီးပါတယ်။

တရုပ်၊ အိန္ဒိယ၊ ထိုင်းအပါဝင် အာစီယံနိုင်ငံအသင်းနဲ့ ကုလသမဂ္ဂတို့ နားချနေရုံမျှနဲ့တော့ စစ်အစိုးရက သူ့လမ်းစဉ်ကို ပြောင်းလဲမှာမဟုတ်၊ ဒီနိုင်ငံတွေကတော့ ကမ္ဘာ့နိုင်ငံအသီးသီးတွေကြားမှာနားမည်ကောင်း၊ စေတနာကောင်းဟန်ရှိတဲ့ သူတော်ယောင်တွေလိုအော်ပြ၊ လုပ်ပြပါလိမ့်မယ်၊ ဘာအဖြေမှထွက်လာနိုင်မဟုတ်၊ အဲဒီနိုင်ငံက လက်ရှိခေါင်းဆောင် တွေဟာ မြန်မာနိုင်ငံအရေးကို ခရေစေ့တွင်းကျသိသည် ဆိုလေဦးတော့ စာနာစိတ်ထားပေးနိုင်မှာမဟုတ်ပါ၊ သူတို့ နိုင်ငံမှာလည်း သူတို့ပြဿနာတွေနဲ့ပါ၊ အာဏာမြဲအောင် ကုတ်ခဲဖက်တွယ်နေရသူတွေချည်းပါပဲ။

သုံးပွင့်ဆိုင်တွေ့ဆုံးနွေးရေး (စစ်အစိုးရ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားနှင့် လက်နက်ကိုင်အုပ်စုများ) လမ်းစ မမြင်သေးပါ၊ တလောက ဒေါ်စုကြည် ကျန်းမာရေးသိပ်မကောင်းပါ၊ ဒါပေမဲ့ ကိစ္စမရှိတော့ပါ၊ ယ္ခုတလောဦးသန်းရွှေ အူလမ်းကြောင်း ကင်ဆာရောဂါက ကိစ္စရှိနေပါသည်၊ ဒီသုံးပွင့်ဆိုင် ကိစ္စဆိုတာ ဦးသန်းရွှေနဲ့ ဒေါ်စုကြည်တို့မပါ ယင်မပြီးပြတ်နိုင်ပါ၊ နိုင်ငံရေးရေစုံ ဆက်ပြီးမျောနေဖို့သာရှိပါတော့တယ်။

စစ်အစိုးရအနေနဲ့ ပြည်သူမျက်နှာကို မထောက်ပဲ ၂၀၁၀ ရွေးကောက်ပွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ပါစေ၊ မြန်မာနိုင်ငံအရေးဟာ ဒီလိုရွေးကောက်ပွဲ လုပ်ပြရုံနဲ့ပြီး ပြည့်စုံပြီးလို ယူဆနိုင်ပါသလား။ စစ်အစိုးရအနေဖြင့် အထက်တင်ပြပါ အိမ်နီးနားချင်း မိတ်ဆွေကောင်း နိုင်ငံတွေနဲ့ အပေးအယူ အတိုင်အဖေါက်တည့် နေပါသည်၊ မြန်မာပြည်သားချင်း ညီညွတ်နေမယ်ဆိုယင် အင်အားစုကြီးတစ်ခုလို စုရုံးတက်လာတာကို အိမ်နီးနားချင်း တွေက သဘောမတွေ့ပါ၊

သူ့တို့ခိုးယူထားတဲ့ နိုင်ငံတော်ရဲ့ နယ်နိမိတ်ပြဿနာတွေ ဖြေရှင်းကြရပါမယ်၊ နောက်ဆုံးတော့ စားပွဲဝိုင်းအဆင့်မနိုင်ယင်ရတဲ့ နည်းနဲ့ဖြေရှင်းတတ်တဲ့ သတ္တိတွေ မြန်မာပြည်သားတွေမှာ အမြဲကိန်းအောင်းနေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအရေး အေးဆေးတည်ငြိမ်လို့မဖြစ်၊ ဒီနာတာရှည်ရောဂါသည် စစ်အုပ်စုလုယူထားတဲ့ အမိနိုင်ငံတော်ကြီးဆီက ရသမျှအသွေးအသားအဆီအနှစ်တို့ကို ဈေးပေါပေါနဲ့ ဝယ်ယူပြီး ပြဿနာများရှည်ကြာအောင် မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် စတဲ့ သူတို့ရဲ့အမျိုးသားနိုင်ငံရေး မဟာဗျူဟာကို အကောင်အထည်ဖော်ယင်းနဲ့ မြန်မာပြည်သူပြည်သားများ စိတ်ဝမ်းအမျိုးမျိုးကွဲပြားနေကြရအောင် အိမ်နီးနားချင်းကောင်းနိုင်ငံများက ကြိုးပမ်းနေလျှက်ရှိကြောင်းပါ။

ဆရာတော် ဘဒ္ဒ န္တကောသလ္လ (BA ဆရာတော်) ဘ၀နတ်ထံ ပျံလွန်တော်မူခြင်း

ဟိတမွန်

ဆရာတော် ဘဒ္ဒ န္တကောသလ္လ (BA ဆရာတော်) သည် သက္ကရာဇ် ၁၉၇၀၊ တန်ဆောင်မုန်းလကွယ် ကြာသပတေးနေ့ နံက် (၆း၁၅) နာရီတွင် သက်တော် ၇၂ နှစ်၊ ၀ါတော် (၄၆) ၀ါတွင် မော်လမြိုင် မြေနီကုန်းဘူတာ၌ မီးရထားစီးရန် ကားပေါ်၌အနားယူ စောင့်ဆိုင်းနေစဉ် ရုတ်တရက် ဘ၀နတ်ထံသို့ ပျံလွန်တော်မူသွားခဲ့လေသည်။ သက္ကရာဇ် ၁၃၇၀၊ တန်ဆောင်းမုန်းလဆုတ် ၁၃ ရက်နေ့တွင် ဆရာတော်သည် ပဲခူးမြို့မှ မော်လမြိုင်ရှိ ပဲခူးပရိယတ္တိစာသင်တိုက်သို့ ကျိုက်မရောမြို့နယ် (၃၆) ကြိမ်မြောက် ဓမ္မာစရိယနှစ်ကူးအစည်းအဝေး တက်ရောက်ရန်အတွက် ကြွရောက်လာခဲ့သည်။( ဆက်ဖတ်ရန် ) တန်ဆောင်မုန်းလဆုတ် ၁၄ ရက်နေ့တွင် ကျိုက်မရောရှိ ရာမညဓမ္မာစရိယ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။ ထိုည၌ပင် မော်လမြိုင် ပဲခူးပရိယတ္တိစာသင်တိုက်သို့ ပြန်လာပြီး အိပ်စက်အနားယူလေသည်။ မနက်မိုးမလင်းမီ ပဲခူးမြို့သို့ ပြန်လည်ကြွချီရန်အတွက် ပြင်ဆင်ပြီး ကျောင်းကားဖြင့် မော်လမြိုင် မြေနီကုန်းဘူတာသို့ ထွက်လာခဲ့သည်။ ဘူတာသို့ ရောက်သောအခါတွင် မီးရထားအလာကို စောင့်ဆိုင်းနေစဉ် ထိုကျောင်းကားပေါ်၌ပင် ပျံလွန်တော်မူသွားခဲ့သည်။

"၅ နာရီ ၁၅ မိနစ်လောက်မှာ အာရုံဆွမ်းဘုန်းပြီးတော့ ၅ နာရီ ၄၅ မိနစ်လောက်မှာ ဘူတာသွားဖို့အတွက် ဒီကကျောင်းသားကို မောင်းပို့ခိုင်းလိုက်တယ်၊ ဆရာတော်က အပြည်ပြည်ဆိုင်ရာ ထေရ်ရ၀ါဒ ဗုဒ္ဓတက္ကသိုလ်မှာ ပါမောက္ခဖြစ်နေတဲ့အတွက် ခရီးသွားလို့ရှိရင် လက်မှတ်တွေဝယ်စရာမလိုဘူး၊ မီးရထားက (၇) နာရီမှ ထွက်မယ်ဆိုတော့ ဆရာတော်က ကားပေါ်မှာပဲ နားပြီးတော့ စောင့်နေတယ်၊ ကားမောင်းပို့ပေးတဲ့ ကျောင်းသားက အပြင်ကိုခဏ ထွက်လျှောက်နေတဲ့အချိန်မှာ ဆရာတော်ပျံလွန်တော်မူသွားတာ၊ အဲဒါနဲ့ကျောင်းကို မောင်းပြန်လာခဲ့ပြီး ကျောင်းသားက ဘုန်းဘုန်းကို လာအကြောင်းကြားတဲ့အချိန်မှာ ဘုန်းဘုန်းက ဘယ်လိုမှမယုံဘူး၊

အံ့သြလွန်းလို့ပါ၊ အခုဆိုရင် ဆရာတော်ရဲ့ ရုပ်ကလာပ်ကို ပဲခူးက သုခကာရီကျောင်းကို ပို့လိုက်ပြီ" ဟု မော်လမြိုင်ပဲခူးစာသင်တိုက်မှ သီလစာရ ဆရာတော်ကြီးက ပြောသည်။ "(၇) နာရီမှ မီးရထားကရောက်မှာဆိုတော့ ထိုင်စောင့်နေမယ့်အစား ဘူတာဘက်ကို ခဏထွက်လျှောက်လိုက်တာ၊ (၇) နာရီထိုးခါနီးမှာ ကျွန်တော်ဆရာတော်ကို လာခေါ်တော့ ခေါ်လို့လဲမရဘူး၊

အိပ်ပျော်နေတယ်လို့ပဲ ကျွန်တော်ထင်တယ်၊ ဒါနဲ့ ခြေလက်တွေကို လိုက်စမ်းကြည့်တော့မှ အသက်မရှိတော့တာ သိလိုက်ရနဲ့ တစ်ခါတည်း ကျောင်းကိုမောင်းပြန် လာခဲ့တယ်" ဟု ကားမောင်းပို့ပေးခဲ့သော ကျောင်းသားက ပြောသည်။

"ဆရာတော်ဆီမှာ ဟိုရောဂါ၊ ဒီရောဂါရှိတယ်လို့ ပြောတာ တခါမှ မကြားဖူးဘူး၊ ကျောင်းကို ရောက်လာတဲ့အချိန်မှာ ခေါင်းနည်းနည်းမူးနေတယ်၊ လက်နှစ်ဖက်က နည်းနည်းထုံကျင်နေပြီးတော့ နေရထိုင်ရတာ မအီမသာဖြစ်နေတယ်လို့တော့ ပြောတယ်။ ရာမညဓမ္မာစရိယ အစည်းအဝေးသွားတုန်းကလဲ အစည်းအဝေးပွဲကို မတက်နိုင်ဘူး ကားပေါ်မှာပဲ အနားယူနေတယ်" ဟု ပဲခူးကျောင်း ဆရာတော်က ပြောသည်။

ဆရာတော်သံဃာတော်များနှင့် စာသင်သားအပေါင်းတို့သည် BA ဆရာတော်အတွက် နှမြောတသ ဖြစ်ကြရကုန်၏။ ဆရာတော်၏ ဂုဏ်ကျေးဇူးတော် အကြောင်းကိုလည်း ပြန်ပြောင်းအောက်မေ့ကာ ပြောဆိုတမ်းတနေကြလေသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Dec,1st,2008

သတင်းများကို ကိုကိုမှ အချိန်နှင့် တပြေးညီ တင်ဆက်ပေးနေပါသည်

( 1 )နယ်ထောင်ပြောင်းခံရသူ နိုင်ငံရေးအကျဉ်းသားများ ကျန်းမာရေးစိုးရိမ်ရ

( 2 )Unpreventable Death Under Military Boots

( 3 )တရုတ် မြန်မာ စစ်ဖက်ဆက်ဆံရေးတိုးမြင့်

( 4 )Journalists jailed by junta

( 5 )The unquenchable fire in Burmese hearts

( 6 )Myanmar fights AIDS with national awareness

( 7 )ကြက်ဆူ သံသရာ ရခိုင်ပြည်သူများ ကျော့ကော့အောင် ဆက်လက်ခံနေရ

( 8 )ဘိုးစဉ်ဘောင်ဆက် ပိုင်ရှင်လာသော လယ်မြေများကို နအဖတပ်များ ဆက်လက် သိမ်းယူနေ

( 9 )Japan-ASEAN FTA takes effect

( 10 )Myanmar chief of staff visits China

( 11 )မြန်မာနိုင်ငံ AIDS အခြေအနေ

( 12 )Woman Murdered on Western Border

( 13 )Junta Army build-up on the Wa-Mongla border

( 14 )ဆရာတော် ဦးဂမ္ဘီရကို ခန္တီးထောင်သို့ ရွှေ့လိုက်ပြီ

( 15 )Burmese Refugees in Australia Face More Hurdles

( 16 )Junta Orders Major Air Force Base Relocated

( 17 )အရှင်ဂမ္ဘီရကို ထောင်ပြောင်း

( 18 )Saffron Revolution leader moved to remote prison

( 19 )ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် လှုပ်ရှားမှု ထိုင်းနိုင်ငံတွင် ပြုလုပ်

( 20 )စစ်အုပ်စုက ရွေးကောက်ပွဲအတွက် အပြီးသတ် ပြင်ဆင်နေသည့် လက္ခဏာများ

( 21 )Burmese Migrants Mark World Aids Day

( 22 )The unquenchable fire in Burmese hearts

( 23 )အခြေခံဥပဒေ မပြင်လျှင် ရွေးကောက်ပွဲဝင်ရန် မဖြစ်နိုင်ဟု အဖွဲ့ချုပ်ပြောကြား

( 24 )Oxfam reaches 840,000 people with vital relief in Myanmar

( 25 )Gambira, Five Others Sent to Remote Prisons

( 26 )တပ်မတော် ချည်မျှင်အထည်စက်ရုံ ၀န်ထမ်းများ၏ ဒုက္ခများ

( 27 )Silencing Burma's Monks

( 28 )မြန်မာနေးရှင်း အယ်ဒီတာ ဦးသက်ဇင် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရ

( 29 )2 journalists sentenced for having rights report

( 30 )Total assistance given to Myanmar Nargis victims so far

( 31 )ကမ္ဘာ့ AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

( 32 )some 240,000 people infected with HIV in Myanmar

( 33 )မြန်မာမှ ထိုင်းသို့ ပျံသန်းသည့် လေကြောင်းလိုင်းအချို့ ပြန်လည်ပြေးဆွဲ

( 34 )Reporting From a Closed Country wins Amsterdam top prize

( 35 )Commission will keep its focus square on Burma

( 36 )ဖဲကြိုးနီဆုရ အမျိုးသမီးများအတွက် လူမူစောင့်ရှောက်ရေးအဖွဲ့ကို ထပ်ဆင့်ဂုဏ်ပြု

( 37 )Youths in Myanmar at risk

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.

[Maya Magazine] 1 New Entry: သူစိမ်းတွေကြားမှာ{၅- ဇာတ်သိမ်း}ရေးသူ- နုနုရည် (အင်းဝ)

သူစိမ်းတွေကြားမှာ{၅- ဇာတ်သိမ်း}ရေးသူ- နုနုရည် (အင်းဝ)





အို.... အသင်လောက...။ ယခု ကျွန်မကား ကျွန်မ၏ မနက်လက်ဘက်ရည်ချိန်လေးကို ပြန်လည်ရရှိပေပြီ....။
အသင်လောက....၊ ကျွန်မ၏ ကိုးရီးယားစာ သူငယ်တန်းကျောင်းသူဘ၀ ပြီးဆုံးသွား လေပြီ။
အဟောသုခံ... ချမ်းသာစွ...။ လာကြလော့.. ဒေါ်ရီသန့်တို့၊ ဒေါ်ချိုပြုံးတို့၊ ကိုသုမောင်တို့၊ စိန်မောင်ကိုကြီးတို့၊ စိန်မွတ်တားတို့၊ ဦးအံ့ကြီးတို့ရေ.. စိမ်းမြတဲ့ တောအုပ်ကလေးကို ကြည့်ရင်း လက်ဘက်ရည်တူတူ သောက်ကြရအောင်... လာကြလော့..။
မကြာမတင်မှာလဲ ကျွန်မသည် အိမ်လက်ဘက်ရည်လေးကို ချစ်တဲ့သူနဲ့ အတူ သောက်ရပေတော့မည်။
ကျွန်မ အိမ်ပြန်ရတော့မှာလေ...။
သူစိမ်းတွေကြားမှာ ကျွန်မ နေခဲ့ရှာတာ ငါးလကျော်ကြီးများတောင် ရှိခဲ့ပြီလေ။
နိုဝင်ဘာ သုံးဆယ်ရက်နေ့ဆို.... ကျွန်မ အိမ်ပြန်ရတော့မှာ...။


နောက်တလနေရင်ပေါ့...၊ တလဆိုတာ ခဏလေးပါ..၊ ခဏလေးပဲ စောင့်ရတော့မှာပါ.. လို့ အားတင်းစကား ဆိုတတ်တဲ့ ချစ်တဲ့သူ ပြောသလိုပါပဲပေါ့။
ခုဆိုရင် ဂျူမုံတို့ ရှေးဂျိုဆောင်နယ်မြေကလဲ အေးစိမ့်စ ပြုလာနေပြီ..။
စိမ်းမြတဲ့ သစ်ရွက်တွေက အရောင်ပြောင်းစ ပြုပြီ။ မကြာခင်မှာ ဆောင်းဦးရွက်ကြွေ လေးတွေကို မြင်ရတော့မယ်...။ ပြီးတော့မှ အရိုးပြိုင်းပြိုင်း သစ်ပင်တွေဘဝနဲ့ အင်မတန် အေးလှတဲ့ ဆောင်းရာသီကို ဖြတ်သန်းရရှာတော့မယ်။
သူတို့ ဆောင်းရာသီမှာ ဘယ်လောက်များ အေးသလဲဆိုရင် ဆိုလ်းမြို့ကို ဖြတ်သန်းစီး ဆင်းနေတဲ့ ဟန်မြစ်ဟာ ရေခဲသတဲ့။ ဟန်မြစ်ရေခဲပြင်ပေါ်မှာ လမ်းလျှောက်သွားလို့ ရသတဲ့။ အဆိုးဝါးဆုံးက 'ရေခဲလေ' ပဲတဲ့။ ရေခဲလို အေးစိမ့်နေတဲ့ လေတိုက်ထဲမှာ လှုပ်ရှားသွားလာ ရတာဟာ အဆိုးဝါးဆုံးပဲတဲ့။ အိမ်ထဲမှာလဲ အပူငွေ့ လွှတ်မထားရင်၊ Heater မရှိရင် ဘယ်လိုမှ နေလို့ မရ၊ အိပ်လို့မရအောင် အေးတာပေါ့..။ သူတို့ပြောတဲ့ ရေခဲလေကို ၁၉၉၈ ခုနှစ် အင်္ဂလန်နွေရာသီမှာ ကျွန်မခံစားဖူးခဲ့ပြီ။ ကျွန်မ ကိုယ်ချင်းစာနိုင်ပါတယ်။
သူတို့က ဒီ အောက်တိုဘာလ အေးစိမ့်စိမ့်ကလေးကို အင်မတန်ကြိုက်ကြတယ်။ သူတို့အတွက် မပူမအေး၊ အနေတော်လေးနဲ့၊ အဲယားကွန်းမလို၊ ဟီတာ Heater မလို။ ပိုက်ဆံလဲ ချွေတာလို့ ရတာကိုး...။ အဲယားကွန်းခ၊ ဟီတာခက ဈေးသိပ်ကြီးတယ်လေ။ သူတို့အတွက် အေးစိမ့်စိမ့်ကလေးပေမယ့် ကိုယ့်အတွက်ကတော့ တော်တော်ကလေးကို အေးစိမ့်ပါတယ်။ အပြင်ထွက်ရင် ဂွမ်းကပ် ဆွယ်တာ ထူထူနဲ့ ခြေအိတ်စွပ်၊ ခြေနင်းစီးထွက်တဲ့ ကျွန်မကို အင်္ကျီလက်ရှည် အပါးလေးတွေနဲ့ သူတို့က အထူးအဆန်း ကြည့်ကြတယ်။ ဈေးတွေ၊ စူပါမားကက်တွေ၊ မောလ် Mall တွေမှာလဲ ဖြတ်ဆို နွေရာသီသုံး ပစ္စည်းတွေ အကုန်ပျောက်ကုန်ပြီ။ ဆောင်းရာသီသုံးပစ္စည်းတွေ အကုန်ရောက်လာတော့တာပဲ။
နွေအ၀တ်အစားတွေ၊ ဖိနပ်တွေ၊ ဘယ်မှာမှ ရှာလို့ မတွေ့တော့ဘူး။ အနွေးထည်တွေ..၊ လည်ပင်းစီ စကပ်ပုဝါနဲ့။ ဖိနပ်တွေကလဲ အားလုံး ထိပ်အလုံတွေနဲ့ ဝေါ့ကင်းရှူးတွေချည့်ပဲ။ ပြီးတော့ သူတို့ဆီမှာ ဈေးဝယ်ရတာ ထူးဆန်းတာ တခုက တွေ့ရင်ဝယ်ထား၊ ဈေးမများဆိုသလိုပဲ။ ပစ္စည်းတခုကို တွေ့လို့ ကြိုက်ရင် ၀ယ်ပစ်လိုက်ပေတော့...။ မဟုတ်လို့ ကတော့ နောက်နေ့မှ စဉ်းစားအုံးမယ်လေဆိုရင်တော့ နောက်နေ့မှ နောက်တခါမှာ မရှိတော့ ဘူးသာ၊ မှတ်ပေတော့။ ချီတုံချတုံ လုပ်တတ်တဲ့ ကျွန်မ ခဏခဏ ကြုံဖူးပြီ။
ပြီးတော့ ဈေးထဲက ဈေးဝယ်နဲ့ ဈေးသည်ဆက်ဆံရေးကိုလဲ ခဏခဏ နားမလည်နိုင် ဖြစ်ရဖူးပြီ။ ဈေးဝယ်တဲ့သူက ပစ္စည်းတခုကို အကြာကြီးရွေးနေရင် သူတို့ စိတ်မရှည်တော့ဘူး။ စိတ်တိုနေတဲ့ အမူအရာ၊ သည်းမခံတော့ဘူးဆိုတဲ့ အမူအရာကို ခပ်ရိုင်းရိုင်းပဲ ပြတတ်တယ်။ ပြီးတာနဲ့ မရောင်းတော့ဘူး ဆိုတာမျိုးလဲ လုပ်တတ်တယ်။ သူတို့ လူမျိုးအချင်းချင်းကိုရော၊ နိုင်ငံခြားသားကိုရောပဲ။
'မြောင်ဒုံ' လို့ခေါ်တဲ့ နံမည်ကျော် ဈေးအကြီးကြီးထဲမှာ မောင်ငယ် ဦးမြတ်ထွန်းအောင် (မန္တလေးယဉ်ကျေးမှုတက္ကသိုလ်၊ ပန်းချီတွဲဖက်ပါမောက္ခ) တွေ့ခဲ့တာဆို...၊ အရုပ်ရောင်းတဲ့ ဆိုင်ရှင်ယောက်ျားက ဈေးဝယ်အမျိုးသမီးတယောက် (သူတို့လူမျိုးပဲ) ကို သူ့ဆိုင်က မြေကြီး ပေါ်ပေါက်ကြည့်ရတဲ့ ပလပ်စတစ်ပျော့ ဘောလုံးအရုပ်လေးကို မပြောမဆို မြေကြီးပေါ် ပေါက်ကြည့်လိုက်တဲ့ အမှုနဲ့ 'ပါး' ကို ဖျန်းကနဲ ရိုက်ထည့်လိုက်သတဲ့။
ပြီးတော့ သူတို့တွေ (sub way) ပေါ်မှာ တယောသံစုံနောက်ခံတေးဂီတနဲ့လဲ ရန်ဖြစ်၊ နပန်းလုံးတတ်ကြတယ်။ အစိုးရ အစည်းအဝေးတွေမှာလဲ ဖိနပ်ချွတ်ပြီး ဖိနပ်နဲ့ ထပေါက်ကြ တာမျိုးလဲ ရှိတယ်။
ဘယ်လိုလဲ မသိပါဖူး။ တခုတော့လဲ ကျွန်မတွေးမိပါတယ်။ သူတို့တွေလဲ အာရှတိုက် သားတွေပီပီ၊ သွေးပူ၊ သွေးဆူလွယ်၊ စိတ်လှုပ်ရှားလွယ်ကြတာလဲ ဖြစ်နိုင်ပါတယ်။ ကျွန်မတို့ ဒီက 'ရွှေမြန်မာတွေ၊ (ရွှေ)တွေ' ရဲ့အခေါ် 'ကကြီးသား' တိုင်းတော့ မဟုတ်ပါဖူး။ တချို့သော 'ကကြီးသား' တွေကျတော့လဲ သူတို့ခင်မိရင် ဇွတ်ကို ခင်နေတော့တာပဲ။ ကျွန်မတို့ ကျောင်းနားက 'ဆန်ဝဲကုတ်' ဈေးကလေးထဲမှာတင်ကို ဈေးလေး အလည်တန်းက ကိုးရီးယားမိတ် ဖိနပ်တွေ ရောင်းတဲ့ 'ကကြီးသား' ဆို ကျွန်မတို့ကို 'ဖတ်စ်ကပ်ချင်းဂု' တဲ့၊ 'ပထမတန်းစာသူငယ်ချင်း' ပေါ့လေ။ 'ချင်းဂု' ဆိုတာ ကိုးရီးယားလို 'သူငယ်ချင်း' ကို ပြောတာ။ ကျွန်မတို့ သူ့ဆိုင်ရှေ့က ဖြတ်သွားတာနဲ့ 'ဟေး' ဆိုပြီး ၀မ်းသာအားရ အော်နှုတ်ဆက်တော့တာပဲ။ သူ့ဆီက ဖိနပ်ဝယ်ရင်လဲ ဈေးအမြဲလျှော့ပေးတယ်။ ကုန်စုံဆိုင်က 'အိုမား(အမေ)' တယောက်နဲ့ 'အိုနီး(အမ)' တယောက်လဲ အဲလိုပဲ။ သဘောကောင်းပြီး အမြဲကူညီတယ်။ ဈေးလဲ အမြဲ လျှော့ပေးတယ်။ အဲဒီကျွန်တို့ ဈေးလေးထဲမှာပဲ နဲနဲလေး ပစ္စည်းရွေးတာ ကြာတာနဲ့ 'ရှူးရှူး' 'ရှူးရှူး' ဖြစ်ပြီး စိတ်တိုမောင်းထုတ်တတ်တဲ့ သူတွေလဲ ရှိတယ်။
ကိုးရီးယားလူမျိုးတိုင်းဟာ 'ဂျွန်စော' တို့၊ 'အွန်စော' တို့၊ 'ဂျူမုံ' တို့၊ 'ဒါရိုက်တာရင်' တို့ 'ချန်ဂင်' တို့လိုတော့ မဖြစ်နိုင်ဘူးလေ။ ရုပ်ရှင်ထဲက ဘ၀တွေနဲ့ အပြင်လောက က ဘ၀တွေဟာ ထပ်တူထပ်မျှ ဘယ်လိုတူနိုင်ပါ့မလဲ..။ သူတို့ မင်းသား မင်းသမီးလေးတွေ တောင်မှ သူတို့သရုပ်ဆောင်နေရတဲ့ ဘ၀နဲ့ အပြင်ဘ၀တွေက တူနိုင်ရှာကြတာမှ မဟုတ်တာ။
အခု... ဒီ အောက်တိုဘာလဆန်းမှာတင် ကိုယ့်ကိုယ်ကို သတ်သေသွားရှာတဲ့ နံမည်ကြီး မင်းသမီးလေးတယောက် ရှိတယ်လေ။ 'Choi' တဲ့။ ကျွန်မတို့ဆီက ကိုးရီးယားရုပ်ရှင် ပရိသတ်တွေ ကောင်းကောင်းသိတဲ့ မင်းသမီးလေးတယောက်ပေါ့။ ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလဲ မင်းသားတယောက် အဲလိုပဲ။ (suicide) ပဲ။
ကိုးရီးယားမင်းသား မင်းသမီးတွေကြားမှာ ကိုယ့်ကိုယ်ကို သတ်သေတဲ့ suicide ဟာ ဖက်ရှင်တခုလို ဖြစ်နေတာဟာလဲ ကြောက်စရာကောင်းပါတယ်။ သူတို့ စာရင်းမှာ ကျွန်မဖတ်ကြည့်တာ ရုပ်ရှင်လောကသားတွေရဲ့ (suicide) ဟာ ၁၉၆၀ ခုနှစ်ပိုင်းကနေ စလိုက်တာ ၁၉၉၀ လောက်ကစပြီး ဒီနှစ်ထိ နှစ်တိုင်း၊ နှစ်ယောက်နဲ့သုံးယောက်ကြာမှာ ဖြစ်နေတာပဲ။
ကျွန်မထင်တော့ ဘာသာရေးအဆုံးအမ မရှိတာလဲ ပါမယ်ထင်တယ်။ ဒီနေ့ခေတ် မျိုးဆက်သစ် ကိုးရီးယားလူငယ်တော်တော်များများက ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့၊ ဘာသာမရှိတဲ့ 'ဘာသာမဲ့' တွေ ဖြစ်ကုန်ကြပြီလေ။
ဘာသာရှိတဲ့ လူနည်းစု ကိုးကွယ်ကြတာက ခရစ်ယန်ဘာသာပေါ့။ ဗုဒ္ဓဘာသာဝင်က သိပ်နည်းတယ်။ ပြီးတော့ မဟာယနပဲ။ ကျွန်မတို့ ထေရ၀ါဒ ကိုးကွယ်သူ ရှားတယ်။ ဆိုးလ်မြို့တ၀ိုက်မှာ နေကြတဲ့ မြန်မာတွေရဲ့ ကြိုးစားမှုနဲ့ မြန်မာဘုန်းကြီးကျောင်း ၃ ကျောင်း ရှိတယ်။ မြန်မာပြည်က တကူးတက ပင့်ပြီးကိုးကွယ်ထားတဲ့ ဥာဏ်တော်၊ တော်တော်မြင့်တဲ့ ရုပ်ပွါးတော် တဆူလဲ ရှိတယ်။ ကိုးရီးယားမှာ တောင်တွေ အလွန်ပေါပေမယ့် စေတီပုထိုးကတော့ အလွန်ရှားတာကိုး။
အံ့သြစရာကောင်းပြီး ထူးခြားတာတခုကတော့ ကျွန်မတို့နိုင်ငံကို 'မြန်မာ' လို့ ပြောလိုက်တာနဲ့ ချက်ချင်းသိပြီး 'မြန်မာ' အကြောင်းကိုပါ သိနေတဲ့ 'ကကြီးသား ကကြီးသူ' တွေဟာ အခြေခံလူတန်းစားတွေ ဖြစ်နေတာပါပဲ။
ကိုးရီးယားရဲ့ ဒုတိယမြို့တော် ပူဆန် (Pusan) ကို ( cultural field trip ) သွားရတုန်းက ပုဆန်ရဲ့ ပင်လယ်ကမ်းခြေ၊ မီးပြတိုက်က သန့်ရှင်းရေး အလုပ်သမကြီး 'ချွဲစုအီ' က ကျွန်မကို 'မြန်မာ' မှန်း သိတာနဲ့၊ အင်္ဂလိပ်လို ပြောတတ်တဲ့ ကိုးရီးယားမလေးကနေ တဆင့် တန်းပြောတာ..၊ 'နာဂစ်' အကြောင်းကိုလေ...။ 'နာဂစ်' မုန်တိုင်းဒဏ်ကို ခံကြရတဲ့ မြန်မာပြည်အကြောင်းကို သူ တီဗွီမှာကြည့်ရတယ်တဲ့..။ သူအများကြီး စိတ်မကောင်း ဖြစ်တယ်တဲ့..။ ခုကော ဘယ်လိုနေသေးလဲလို့ မေးရှာတယ်။ ပြီးတော့ ကျွန်မကို...၊ စာရေးဆရာမှန်းလဲ သိသွားရော (women right) ကို သူသိသလို ပြောပြခဲ့သေးတယ်။ သူ့ရဲ့ဇာတိမြို့ (ပူဆန် မလာခင် ကျွန်မတို့ တည၀င်အိပ်ခဲ့ရတဲ့မြို့) 'ဂျောင်ဂျူး (Gyeongju)' မြို့က ကိုးရီးယားအမျိုးသမီးတွေမှာ လွတ်လပ်စွာ ကွာရှင်းခွင့် မရှိဘူးတဲ့။ အဲဒါကြောင့် သူဟာ ပူဆန်သားကို လက်ထပ်ပြီး၊ ပူဆန်ကို လိုက်လာခဲ့တာတဲ့။
နောက်.. ပူဆန် ဟိုတယ်က လုံခြုံရေး ၀န်ထမ်း အလုပ်သမားကြီးတယောက်..။ ဓါတ်လှေကားထဲမှာ 'မြန်မာ' မှန်း သိတာနဲ့ 'နာဂစ်' အကြောင်းရော၊ သူမြင်ဖူးတဲ့ တီဗွီသတင်း တွေထဲက မြန်မာအကြောင်းတွေကိုရော မေးတော့တာပဲ။ ပြီးတော့...၊ ကျွန်မတို့ ဈေးသွားဝယ် ရာ လမ်းကလေးဘေးက စားသောက်ဆိုင် သေးသေးလေးမှာ အမြဲချွေးတလုံးလုံးနဲ့ ကြော်လှော်နေတဲ့ 'ကကြီးသူ' ကြီးတယောက်...၊ မြန်မာဆိုတာနဲ့ သူသိထားတဲ့ မြန်မာနံမည်တခုကို ချက်ခြင်းပြောလိုက်တာ အံ့သြသွားတာပဲ။ ကျွန်မနဲ့ တွေ့ရတဲ့ ပညာတတ် လူတန်းစားတွေထဲက 'နာဂစ်' အကြောင်း တခုတ်တရ မေးသူ တယောက်မှ မရှိပါဘူး။ 'မြန်မာ' ဆိုတာနဲ့ ချက်ခြင်းမသိဘဲ 'မြန်မာ မြန်မာ' ဆိုပြီး မျက်တောင် ပုတ်ကလပ် ပုတ်ကလပ် လုပ်နေတဲ့ သူတွေ များတယ်။ အော်... ကိုယ့်စိတ်ထဲမှာတင် မျိုးဆက်သစ်တွေဆိုတော့ မေ့ကြပြီပေါ့။ တကယ်တော့ မမေ့စကောင်းပါဖူးကွယ်။ ၁၉၅၀ ခုနှစ်များဆီတုန်းက.. အစာရေစာ ပြတ်လပ်နေတဲ့ မင်းတို့ အဖိုးအဖွားတွေအတွက် တို့မြန်မာပြည်က ဆန်တန်ချိန်များစွာ ထောက်ပံ့ခဲ့ဖူးပါတယ်လို့....။ ၁၉၇၃ မှာလဲ ကိုးရီးယားသမတ ပတ်ချုံဟီးရဲ့ 'ပတ်ချုံဟီးဖလား' ကို အနိုင်ရ ဗိုလ်စွဲယူနိုင်ခဲ့တဲ့ ဘော့လုံးအသင်းဟာ မြန်မာဘော့လုံးသင်း ပါလို့....။
အင်း... ကျွန်မလဲ ရွှေရောင်ရက်တွေကို တမ်းတတတ်တဲ့.. 'တို့ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ 'အဖွားကြီးလေသံ' မျိုးပေါက်နေပြီလားမသိ..။ မကြာခင် ကျွန်မမြေး စကားပြောတတ် ရင် 'အဖွားတို့ ငယ်ငယ်တုန်းကပေါ့' ဆိုတဲ့ စကားကို ကျွန်မမပြောခင် ကြိုပြောပြီး နောက်ပြောင်ခံရတော့မှာ အသေအချာပေါ့။
ကျွန်မ ဒီမှာနေရတဲ့ အတောအတွင်းအမှာ၊ သူတို့ လိုက်ပို့ပေးတဲ့ ယဉ်ကျေးမှု လေ့လာရေးခရီး ခေါ်မှာပေါ့။ (cultural field trip) တွေကိုတော့ အကြိုကပ်ဆုံးပဲ။ ကိုးရီးယား နိုင်ငံထဲက သွားသင့်တဲ့ မြို့တွေကို နှစ်ညအိပ်၊ သုံးညအိပ် လျှောက်သွားကြည့်တာပေါ့...။ အဲဒီမှာ ကျွန်မ စိတ်ဝင်စားတဲ့ တခုက တောင်ကိုးရီးယားနဲ့ မြောက်ကိုးရီးယားနဲ့ နယ်စပ်ဘော်ဒါ၊ စစ်မဲ့ဇုံ ( Demiliterized zone DMZ) လို့ သူတို့ခေါ်တဲ့၊ လွမ်းစရာ၊ ကြေကွဲဖွယ်ရာ နေရာလေးပဲ။
လူမျိုးလဲ အတူတူ၊ ဘာသာစကားလဲတခုတည်း၊ ဒါပေမယ့် တောင်နဲ့ မြောက် နှစ်ခြမ်းကွဲပြီး၊ ရန်သူကြီးတွေလို အသေအကြေ တိုက်ခိုက်ခဲ့ကြပြီး၊ ခုချိန်ထိလဲ အညှိုးအတေး၊ အမုန်းတွေနဲ့ ပြန်လည်ပေါင်းစည်းလို့ မရသေးဘူးလေ။ အဖေနဲ့သား၊ အမေနဲ့သမီး၊ အစ်ကိုနဲ့ နှမ၊ ဘယ်တော့မှ ပြန်မတွေ့ရတော့တဲ့ ကြေကွဲဖွယ်ဇာတ်လမ်းတွေဟာ အများကြီး ရှိမှာပေါ့။ အဲဒီ စစ်မဲ့ဇုံ ဘော်ဒါမှာ တန်းစီချထားတဲ့ မှန်ပြောင်းလေးတွေ ရှိတဲ့နေရာကို သူတို့က 'အမျိုးကြည့်တဲ့နေရာ' တဲ့...။ အဲဒီ မှန်ပြောင်းလေးတွေကနေ ကိုယ့်ဆွေကိုယ့်မျိုးကို အလွမ်းပြေ လာကြည့်ကြသတဲ့။ ရာသီဥတုကောင်းရင် ဟိုဖက် မြောက်ကိုရီးယားဘက်က လယ်ကွင်းတွေ ထဲမှာ အလုပ်လုပ်နေတဲ့ သူတွေကို ဒီတိုင်း လှမ်းမြင်ရတာကိုး။ ကျွန်မတို့ သွားတဲ့နေ့ကတော့ မိုးတွေက သဲသဲမဲမဲ ရွာနေလေတော့ လှမ်းကြည့်လို့ ဘာမှ မမြင်ရဘူး။ မှတ်မှတ်ရရ ကျွန်မတို့ (၆၁) နှစ် မြောက် အာဇာနည်နေ့ပေါ့။ မိုးရွာကြီးထဲမှာ မျက်နှာသေကြီးတွေနဲ့ တောင့်တောင့်ကြီး ရပ်နေတဲ့ စစ်သားအစောင့်တွေကို ကျွန်မတို့ကို လိုက်ပို့တဲ့ တာဝန်ရှိတဲ့သူတွေက 'ကျေးဇူးပြုပြီး ပြုံးမပြပါနဲ့၊ စကားလှမ်းမပြောပါနဲ့....' တဲ့။ ကြောက်နေရပါလား။ ဟုတ်တော့လဲ ဟုတ်ပါတယ်။ ဒီနယ်စပ် ဘော်ဒါတ၀ိုက်ကို စစ်မဲ့ဇုံလို့ နှစ်ဖက်သဘောတူ သတ်မှတ်ထားပေမယ့် မသွားရတဲ့နေရာတွေ ရှိတယ်တဲ့။ လွန်ခဲ့တဲ့ နှစ်ပါတ်ကပဲ မသွားရတဲ့ နေရာကို သွားမိတဲ့ တောင်ကိုးရီးယား အမျိုးသမီးကြီးတယောက်ကို ဟိုဖက် မြောက်ကိုးရီးယားတပ်က သေနတ်နဲ့ ပစ်ချလိုက်လို့ သေရှာပါရော့လား..။ ကျွန်မတို့မှာ တာဝန်ရှိသူများနဲ့ တလက်မမှ မခွါရဲပါဘူး။
အဲဒီ စစ်မဲ့ဇုံမှာ ဒီဖက် တောင်ကိုးရီးယားက ကမ္ဘာလှည့်ခရီးသည်များကို ဆွဲဆောင်မှုတရပ် အနေနဲ့ လုပ်စားနေတာ တခုကတော့ မြောက်ကိုးရီးယားများအတွက် မခံချိ မခံသာ ဖြစ်ဖွယ်ပါဘဲ။ ၁၉၇၈ မှာ မြောက်ကိုးရီးယားက ဒီဖက် ဆိုးလ်မြို့လည်ခေါင်ထိ ဥမင်လှိုင်ခေါင်းတူးပြီး တိုက်ခိုက်မဲ့အကြံအစည်ကို တောင်က သိသွားတာလေ။ ဥမင် လှိုင်ခေါင်းက သုံးခုတောင်တူးတာ။ တောင်ကိုးရီးယားထဲကို တော်တော်ရောက်နေပြီ။ လယ်သမားတယောက်နဲ့ တက္ကစီသမားတယောက်က သတိထားမိရာက ပေါ်သွားတာ။ အဲဒီ လှိုင်ခေါင်းတွေကို ထရော်လီတွေ၊ ကားလေးတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ပြပြီးတော့ တောင်ကိုးရီးယားက လုပ်စားတော့တာကိုး။ အိုး ကျွန်မဖြင့် အေးစိမ့်နေတဲ့ အဲဒီလှိုင်ခေါင်းရှည် တွေကို ဖြတ်ရင်း မြောက်ကိုးရီးယားများကိုလဲ ချီးကျူးမိပါတယ်။ မပြေနိုင်တဲ့ အညှိုးအတေး၊ အမုန်းတွေက ပေးတဲ့ အားအင်တွေနဲ့ ဒီဥမင်တွေကို တူးနိုင်ခဲ့တာ ထင်ပါရဲ့။
စစ်မဲ့ဇုံ (DMZ) နယ်ခြားမြေရဲ့ နောက်ထပ် လွမ်းမောကြေကွဲစရာ နေရာလေးက 'ဒိုရာဆန်ဘူတာရုံ' (Dorasan station) ကလေးနဲ့ မီးရထားလေးပါ။ ဒီရထားလေးဟာ တောင်နဲ့မြောက် နှစ်နိုင်ငံက ကွဲကွာနေသူများ ပြန်လည်ဆုံတွေ့ကြမဲ့နေ့ကို စောင့်နေရတာ (၅၂) နှစ်တောင် ရှိပါပြီတဲ့...။ ဒီဖက် ဟိုဖက် ကွဲကွာနေသူများကို တင်ဆောင်လို့ ဟိုဖက်ဒီဖက် လွန်းထိုးပြေးချင်လွန်းလို့ စောင့်နေရှာပါတယ်တဲ့လေ။ ဆိုးလ်မြို့ကလာတဲ့ မီးရထားလမ်းဟာ ဒီ 'ဒိုရာဆန်' ဘူတာကလေးမှာ ခရီးဆုံးပါတယ်။
နောက် ကျွန်မ သဘောကျတဲ့ နေရာလေးတခုက (DMZ) နဲ့ တနေ့ထဲ သွားခဲ့တဲ့ 'ဟေရီ (Heyri)' ဆိုတဲ့ အနုပညာရွာလေး (Art village) ပေါ့။ ဆိုးလ် ကနေ (၉) မိုင်ကျော်ပဲ ဝေးတယ်။ ဟေရီ အနုပညာရွာလေးက အနုပညာသမားတွေချည်း သီးသန့်နေထိုင်ကြတဲ့ ရွာလေး လေ...။ စာရေးဆရာ၊ ကဗျာဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာ၊ ရုပ်ရှင်မင်းသား၊ ရုပ်ရှင်မင်းသမီး၊ ဒါရိုက်တာ၊ ပန်းချီဆရာ၊ ဒီဇိုင်းဆရာ၊ အတီးအမှုတ်ဆရာ၊ အက မင်းသား မင်းသမီး စတဲ့ စတဲ့ အနုပညာသမားတွေ စုပြီး နေထိုင်ကြသတဲ့။ နေထိုင်သူပေါင်း သုံးရာကျော်၊ လေးရာနီးပါး ရှိသတဲ့။ ဒီနေရာမှာ တယောက်က စနေရင်း သဘောကျကြပြီး လိုက်နေကြရင်းနဲ့ များများလာတာလို့ ပြောတယ်။ ခုဆိုရင် ဒီနေရာက ဈေးလဲ သိပ်ကြီးသွားပြီ၊ ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားတဲ့ နေရာလဲ ဖြစ်သွားပြီတဲ့။
အိမ်တွေက တောင်ကုန်းလေးတွေပေါ်မှာရော၊ ချိုင့်တွေထဲမှာရော၊ တောင်ကြားမှာ ခပ်စောင်းစောင်း ကန့်လန့်ဖြတ်တင်ထားတာရော၊ ရှည်မျောမျော၊ ၀ိုင်းတိုင်းတိုင်း၊ မျှောင်းမျှောင်းကလေးတွေမျိုးလဲ ပါရဲ့....။ အိမ်ပုံစံတွေကတော့ အမျိုးစုံပါပဲ။ စိတ်ထင်ရာတွေ လုပ်ထားကြတာလေ။ တကယ်တော့ ကျွန်မတို့လို လူစားမျိုးတွေရဲ့ 'အရူးရွာ' ပေါ့။
အဲဒီ 'ဟေရီ' ဆိုတဲ့ နံမည်ကတော့ ကိုးရီးယားရိုးရာသီချင်းခေါင်းစဉ် 'The Sound of Heri' ကနေ ယူထားတာတဲ့။ အဲဒီမှာ စာအုပ်ဆိုင်တွေလဲ ရှိတယ်။ (ထုတ်ဝေသူတွေလဲ နေတာကိုး)။ ပန်းချီပြခန်းတွေလဲ ရှိတယ်။ အတီးအမှုတ်ဂီတဆရာတွေ အိမ်ကျတော့ နိုင်ငံတကာ တူရိယာပစ္စည်းတွေနဲ့ ဆင်ယင်ထားလိုက်တာ။ ကြည့်လို့ရတယ်လို့ ရေးထားလို့ ၀င်မသွားလိုက်နဲ့၊ တယောက်ကို ၀မ် ငါးထောင် ရှင်းရပြီးသာမှတ်။ အဲလိုပဲ ပန်းချီပြခန်းလဲ ကြည့်ချင်ရင် ပိုက်ဆံပေးရတယ်။ ကျန်တဲ့ အိမ်တွေလဲ အဲလိုပဲ၊ ဘာမှ အလကားကြည့်လို့ မရဘူး။ စာအုပ်ဆိုင်တခုပဲ အလကား ၀င်ကြည့်လို့ ရတယ်။ စာအုပ်ကြိုက်ရင် ၀ယ်ပေါ့။ စားသောက်ဆိုင်လေး တွဲဖွင့်ထားတယ်။ စားချင်ရင် ၀ယ်စားပေါ့။ 'ဟေရီ' ဟာ ကမ္ဘာလှည့် ခရီးသည်စိတ်ဝင်စားတဲ့ နေရာတနေရာ ဖြစ်နေပြီလေ။ 'ဟေရီရွာ' ကလေးရဲ့ တောင်စောင်းတခု ပေါ်ကနေ ကာလာရောင်စုံရွာလေးကို စီးမိုးကြည့်ရင်း ကျွန်မ စိတ်ကူးယဉ်မိတယ်။ ဒို့တတွေလဲ မြေကျယ်ကျယ်နဲ့ အေးအေးချမ်းချမ်း ရှိတဲ့နေရာလေး၊ တနေရာမှာ ဒို့လူတွေ ဒီလိုမျိုးလေး စုနေကြရင် ကောင်းမှာပဲလို့။
ကျွန်မ စဉ်းစားကြည့်မိတယ်။
ကျွန်မအိမ်ပုံစံကို ကျွန်မတို့ရဲ့ ပိသုကာ (ဆရာရွှေ)ကို အဆန်းတကာ့ အဆန်းဆုံး ထွင်ခိုင်ပြီး ဆောက်မယ်လေ...။
ပြီးတော့ ကျွန်မ ဘယ်သူတွေနဲ့ အိမ်နီးနာချင်း နေရင်ကောင်းမလဲ။
အင်း.... ကျွန်မကို မြောက်ဒဂုံပစ္စန္တရာဇ်အရပ်မှာ အိမ်နီးနာချင်းနေဖို့ ဆွယ်တရားဟော ဖူးတဲ့ ကျွန်မ အကိုကြီး ဆရာမောင်ကျောက်မဲ (ဒါရိုက်တာကြည်စိုးထွန်း) (အဲလေ.. မောင်ကျောက်ခဲ ပါ။ အသားအရေက မျက်လုံးထဲ အရင်ပေါ်လာလို့ပါ...) ဆိုရင်ရော... မဖြစ်ဖူး...မဖြစ်ဖူး...။ ဒင်းက အညာစာက အင်မတန်ငတ်ပါဘိသနဲ့...၊ ကျွေးရတာက ကိစ္စမရှိဘူး၊ မောင်ကျောက်မဲနဲ့ ဘာမှမဆိုင်အောင် ဖြူဖွေးသဘောကောင်းတဲ့ ကျွန်မအစ်မ မဂွမ်းပုံလေးက ပြောဖူးတယ်။ မောင်ကျောက်မဲ ဗိုက်ကြီး အင်မတန် စူထွက်လာလို့ ၀ိတ်လျှော့တာ၊ ညနေစာမစားဘူး။ အသုပ်ကလေးပဲ စားမယ်ဆိုလို့ သုတ်ပေးရတာ၊ 'ဇလုံ' အကြီးကြီးနဲ့ အပြည့်အမောက်တဲ့။ မဖြစ်ဖူး..။ မဖြစ်ဖူး..။
မောင်ဂွစာ(ပုတီးကုန်း) ကျတော့လဲ နေ့စဉ်နဲ့အမျှ 'နှလုံး' (နှလုံးသားမဟုတ်) ဝေါဟာရတွေ..၊ နားညီးအောင် လာပြောနေမှာ။ ပြီးတော့ သူ့ခွေးတွေ ရန်ကလဲ ရှိသေးတယ်။ ဆရာမောင်ဘိုချစ် (ချစ်ဦးညို) ကျတော့လဲ ယောင်းမ 'မယ်မြင့်ကြီး' က စေတနာကောင်းပြီး၊ အချက်အပြုတ်ကောင်းတော့ (ကိုယ်စာရေးနေတဲ့အချိန်၊ အိုးပျောက်ခွက်ပျောက် ဖြစ်တဲ့အချိန် မှာ) အရှည်ကို မျှော်တွေးပြီး စဉ်းစားမိပေမဲ့ ညနေတိုင်း ရင်ဆိုင်ရမယ့် အရေးဟာ ဘယ်လိုမှ စိတ်အေးနိုင်စရာ မရှိဘူး။ အက၊ အဆို၊ အငို မြိုင်ဆိုင်စွာနဲ့ စတိတ်ရှိုး၊ အော်ပရာ၊ ပြဇာတ်၊ နှစ်ပါး၊ နောက်ပိုင်း စုံနေအောင် (သမီးယောက်ဖနှစ်ယောက်) မိုးအလင်းခင်းပစ်မှာ.. တော်၊ တော်၊ မဖြစ်ဖူး...။
ကိုယ့်ကို ချစ်ခင်ပြီး ကိုယ့်အတွက် အဆင်ပြေမယ့် စေတနာကောင်းပြီး အချက်အပြုတ် ကောင်းတဲ့ မတင်တင်ရီလေး(ဦးသွေးဆိုသူ၏ဇနီးလေး) ကိုလဲ ခေါင်းထဲရောက်လာပေမယ့်၊ ကဗျာဆရာမောင်သွေးသစ် ဆိုသူသည်လဲ နဲနဲလေးမှ ရီဝေလာပလားဆို 'ညီမလေး.. ငါပြောမယ်' ဆိုပြီး ဘာမှလဲ မပြောပဲ အလကားနေရင်း မျက်နှာကြီးက အရင် 'မဲ့' လာပြီး မျက်ရည်တွေ...၊ တွေတွေ တွေတွေ စီးကျလာတဲ့ ဒဏ်၊ တဖြည်းဖြည်း ပြင်းထန်လာပြီး ဘာမှန်းမသိ ရှိုက်ငို၊ နှပ်တွေ တရွှီးရွှီး ညှစ်တဲ့ဒဏ်ကို ဘယ်လိုမှ မခံနိုင်ပါဘူး...။ မဖြစ်ဘူး..မဖြစ်ဘူး..။
အင်း ကိုသုမောင်တို့၊ ကိုမင်းလူတို့ ဆိုရင်ရော...၊ မအေးဘုံတို့၊ မစန်းစန်းအောင်တို့က ကျွန်မနဲ့ ချစ်ခင်တဲ့သူတွေ၊ ကိုမင်းလူရဲ့ မစန်းစန်းအောင်ဆို ကျွန်မနဲ့ စာကြည့်တိုက်ဆွေမျိုး လေ။ ဒါပေမယ့် မဖြစ်နိုင်..။ ဒင်းတို့ ညီအကို နှစ်ယောက်လုံးဟာ အိမ်နီးချင်း လှုပ်သမျှကို၊ ၀တ္ထု လုပ်စားတတ်တဲ့လူတွေ၊ ပြီးတော့ တောင်ကျောင်းဘုန်းကြီး မောင်မင်းလူတယောက်၊ မစန်းစန်းအောင်ရဲ့ စီမံခန့်ခွဲ ညွှန်ကြားမှု အောက်မှာ ရေခပ်၊ ထင်းခွဲ၊ အ၀တ်လျှော်၊ ကြမ်းတိုက်၊ ခြင်ရိုက်၊ ခွေးမောင်း၊ ဈေးဝယ်၊ ထမင်းချက်၊ ဇက်ကြောဆွဲ စတဲ့ စတဲ့ တောက်တိုမယ်ရတွေ လုပ်နေရတာကို ကိုယ့်အချင်းချင်းဆိုတော့ မကြည့်ရက်ပါဘူး။
သူတို့ အကိုကြီး ဟိုပိန်တာရိုး လူကြီး (ချစ်ခင်တဲ့ မချိုရီလေးအတွက် စဉ်းစားမိတိုင်း ရင်ထုမနာ ဖြစ်ရတဲ့) ဒါရိုက်တာ မောင်ဝဏ္ဏ ဆိုတဲ့သူတော့ ( အခုလောလောဆယ် ကျွန်မနဲ့ မခေါ်တဲ့အတွက်) လုံးဝကို မစဉ်းစားဘူး။
နေအုန်း...၊ အိမ်နီးနာချင်းအဖြစ် အသင့်တော်ဆုံးဟာ ဘာမှဇယား မရှုပ်တဲ့၊ ကျွန်မအကို လူပျိုကြီး ရွှေ (ရွှေကိုဝင်းငြိမ်း) ဆိုဘယ်နှယ်လဲ။ စာမူခတွေ ဘာတွေ ကြိုထုတ်လို့ရမယ်။ ပြီးတော့ ဒင်းက စာနယ်ဇင်းခေါင်ချုပ်ကြီး ဖြစ်တဲ့အပြင်၊ မိတ်ဆွေတွေလဲ ပေါများတော့ စားစရာ၊ သောက်စရာ၊ လက်ဆောင်ပဏ္ဏာတွေလဲ ပေါများတယ်။ ဒင်းတယောက်ထဲဆို အလျှံပယ်ဖြစ်နေတာ...။ ကိုယ်သွားစားရုံပဲ။ မကောင်းဖူးလား..။ ဟင့်အင်း မကောင်းသေးဘူး၊ မဖြစ်ဘူး၊ ဒင်းရဲ့ လက်သုံးစကားကြီး ရှိတယ်လေ..။ "ဒီမယ် ငါ့နှမ..၊ စာမူမပါရင် တိုက်ကို မလာနဲ့" ဆိုတဲ့ စကားကြီးလေ။ 'စာမူမပါရင် အိမ်ကိုမလာနဲ့.. ငါ့နှမရေ' လို့ ပြောမဲ့လူမျိုးကြီးနဲ့လဲ နေလို့မဖြစ်နိုင်။
သူနဲ့တွဲရက် စဉ်းစားမိတဲ့ ဇမ္ဗူတလူ (ရွှေမောင်ဇော်) (ဆိုက်ကားတစီးနဲ့ တမြို့လုံး လှည့်တဲ့ ဇမ္ဗူတလူ (ရွှေဦးဥာဏ်လှိုင်) ရဲ့ သားချစ်ကလေး) ကျတော့လဲ ငယ်ငယ်ကတည်းက ချစ်ခင်တဲ့ ကလေး၊ ကိုယ့်စာအုပ်တွေကိုလဲ ဂရုတစိုက် လုပ်ပေးရှာတဲ့ ကလေးပေမယ့်.. ဒင်းကလေးကလဲ 'ထုတ်ဝေသူ is ထုတ်ဝေသူကလေး'....။ (ဒီကိုမထွက်ခင် ဒင်းမှာတဲ့ စကား က 'အမ ကိုးရီးယားမှာ လုံးချင်းတအုပ် ပီးအောင်ရေးခဲ့၊ ကျွန်တော်ထုတ်မှာ' တဲ့) ဆိုတော့ အိမ်နီးနားချင်းဆိုလို့ကတော့ ကျွန်မ ဘယ်လောက်များ နားညီးရမလဲ..။ တော်သေးပြီ။
အင်း... ရေးတေးတေးရှိတာကတော့ 'ရွှေ'ရဲ့ ညီလေးတွေ၊ ကိုဆန်နီငြိမ်းတို့၊ ကိုမျိုးမြင့်ငြိမ်းတို့တွေပဲ။ ကျွန်မ၀တ္ထု မျက်နှာဖုံးအတွက် ကိုဆန်နီကို အချိန်မရွေး အပူကပ်လို့ ရမယ်။ ပြီးတော့ သူ့ချစ်ဇနီးကလေး 'အေမီ'လေးက စစ်ကိုင်းသူပီပီ ကျွန်မကြိုက်တဲ့ အညာစာတွေ အကုန်ချက်တတ်တယ်။ မဆိုးဖူးနော်။ ဒါတောင် ဆရာမျိုးမြင့်ငြိမ်းကို (ပေဖူးလွှာ သံယောဇဉ် ဘယ်လောက်ကြီးပေမယ့်) စဉ်းစားရမဲ့ထဲမှာ ပါတယ်။ ကျွန်မ နေရဲပါ့မလား...။
အိုတော်ပြီ..၊ အကောင်းဆုံးကတော့ လူကြီးတွေနဲ့ နီးနီးနေတာ အကောင်းဆုံးပဲ။ ဆရာပါ၊ ဆရာတာ၊ မေဦး၊ မမ၀င်း၊ ကျွန်မဦးလေးကဗျာဆရာကြီးတွေ၊ ဆရာနိုး (ဆရာနိုးကတော့ သူ့ကို ဇာတ်လိုက်လုပ်မှာစိုးလို့ ကျွန်မနားမှာ နေချင်မယ်မထင်)။ ဘာပဲဖြစ်ဖြစ် လူကြီးတွေ နားမှာ နေတာပဲ ကောင်းမယ်။
အင်း.... ကျွန်မ မြင်ယောင်သေးတော့တယ်...။
ရွာလမ်းမပေါ်မှ ကဗျာကို အော်ဟစ်ရွတ်နေမယ့်သူတွေ။ 'ဘယ်သူပြောလဲ တတောလုံးကြွေ' တွေလေ..။ ဆွေးနွေးငြင်းခုန် ရန်ဖြစ်သံတွေ..။ ရီဝေသီဆို ကခုန်သံတွေ။ အိုး.. ကိုယ့်လူတွေကတော့ လူဂုဏ်တန်တွေချည့်ပဲ။
ပြောရင်းဆိုရင်းနဲ့ ကိုယ့်လူ၊ လူဂုဏ်တန်တွေကို ကျွန်မ လွမ်းလိုက်တာ။
လွမ်းအောင်လဲ ကျွန်မကို ရွာစားကျော် စိန်မောင်ကိုကြီးနဲ့ ကိုအံ့ကြီးတို့ရဲ့ နံမည်ကျော် 'မြိုင်ဟေမ၀န်' မြိုင်ထနှစ်ပါးသွားက ဖေးကူနေတယ်လေ...။
'xx လွမ်းစရာ့ မြိုင်ကုန်းဗွေxx တခိုင်လုံးရွှေ' တဲ့...။
တခိုင်လုံးရွှေ..၊ ဟုတ်တာပေါ့..။ ကြည့်ပါအုံး.. တကယ့်ကို တခိုင်လုံးရွှေ။ ကျွန်မရှေ့က ခူနွာ တောအုပ်ကလေး လေ..။ ကျွန်မရောက်စတုန်းက အစိမ်းရောင်တွေနဲ့ ကျွန်မကို ကြိုဆိုခဲ့တဲ့ စိမ်းမြမြ တောအုပ်ကလေးက လွမ်းစရာ အ၀ါရောင်တွေနဲ့ ကျွန်မကို နှုတ်ဆက်နေပါပေါ့လား။
'xx သင်း၍ပျော်ကျူးဝေ.. ညှင်းလေ့ဆော်ဦးနွေxx သင်း၍xx သင်း၍ ပျော်ကျူးဝေ..၊ နွေဦးဆန်း.. သမို့xx'
လွမ်းဖွယ့် ဦးအံ့ကြီးရဲ့အသံ..။ မြန်မာဆန်လှတဲ့ အသံ၊ အလွန်ဆွဲဆောင်မှု ရှိတဲ့အသံ။ ထပ်တလဲလဲ နားထောင်လို့ မ၀တဲ့အသံ။
အိုး ရွာစားစိန်မောင်ကိုကြီးရဲ့ လက်သံကရော၊ ကောင်းလိုက်တာ၊ တ၀ိုင်းလုံးကလဲ မြိုင်နေတာပဲ၊ 'ချွင်' ဆိုတဲ့ စည်းသံလေးကလဲ လွင်နေတာပဲ၊ ၀ါးလက်ခုပ်သံလေးကလဲ ချိုနေတာပဲ။ ဆိုင်းနောက်ထကြီး ပြောသလို 'ပါရမီ့ရှင်' နှစ်ဦးတွေ့တဲ့ ပွဲပေကိုး။
ကျွန်မငယ်ငယ်တုန်းက၊ ဂါဝန်ဝတ်အရွယ်တုန်းက၊ ဘာမှန်းညာမှန်း မသိပဲ၊ ဒီမြိုင်ဟေမ၀န် မြိုင်ထကို မပီကလာ ပီကလာဆိုပြီး ကတန်းခုန်တန်း ကစားခဲ့ဖူးတယ်။ သီချင်းထဲက 'တောင်ဝဏ္ဏဗွေတခွင်မှာxx မောင်လှဖေ မြင်ရုံနဲ့မော' ဆိုတာကို 'မောင်လှဖေ မြင်ရုပ်ကြီးနဲ့..' လို့ပဲ ကျွန်မက ဆိုတယ်လေ။ ပြီးတော့ ကျွန်မစိတ်ထဲမှာ ကျွန်မအဖိုးရဲ့ ကူးတို့ဆိပ်က ရထား(မြင်းလှည်း) မောင်းတဲ့ ကိုလှဖေကြီးကို ပြောတယ်လို့ ထင်နေတာ။ အဲဒီခေတ်အခါက အင်မတန် ခေတ်စားပြီး လူတိုင်းပါးစပ်ဖျား ရောက်ခဲ့တဲ့ သီချင်းမို့၊ ကလေးတွေ ပါးစပ်ထဲအထိ ရောက်သွားတာပေါ့....။
နဲနဲကြီးလာတော့ ဒီသီချင်းကို ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ 'သူငယ်ချင်းလို့ပဲဆက်၍ခေါ် မည်ခိုင်' ၀တ္ထုထဲက 'ကြိုင် လှိုင် ခိုင်လုံးရယ်၊ မြိုင်လုံးရယ်' ဆိုတာနဲ့ ထပ်ပြီး သိတယ်။ သေသေချာချာ ခံစားဖူးတာက ကိုအံ့ကြီးသီချင်းတွေကို ကျွန်မ အရူးအမူး စွဲလန်းသွားတဲ့ အချိန်။ ကျွန်မ အကြိုက်ဆုံး၊ အနှစ်သက်ဆုံးနဲ့ အစွဲလန်းဆုံး သီချင်းနှစ်ပုဒ်က 'မြိုင်ဟေမ၀န်' မြိုင်ထနဲ့ ဆရာကြီးဦးဘသိန်း(မန္တလေး)ရဲ့ 'စိမ့်ကြီးမြိုင်ကြီး' ပြည်တော်ပြန် နှစ်ပါးသွားပေါ့..။
ဝေးမြေရပ်ခြား ရောက်နေတဲ့ အချိန်မို့လေလား..၊ မပြောတတ်ပါဘူး...၊ နားထောင်ရ တာ ပိုလို့ အရသာ ရှိနေသလိုပဲ။ လွမ်းစရာလဲ ပိုတောင်ကောင်းနေသလိုပဲ။ အခုဒီမှာ ကျွန်မတယောက် ဘယ်လိုဖြစ်နေလဲ မသိ။ မနက်စာစားလဲ ဒီသီချင်းနှစ်ပုဒ်...။ ညစာစားလဲ... ဒီသီချင်းနှစ်ပုဒ်နဲ့။ စာရေးတော့လဲ ဒီသီချင်းနှစ်ပုဒ်နဲ့..။ အငိုဆရာတွေရဲ့ နှမပီသစွာ မျက်ရည်ကလဲ ကျရသေးတာ။ ကျွန်မရူးလောက်အောင်လဲ သီချင်းက ကောင်းပေတာကိုး။ အဆိုက ကောင်းပေတာကိုး။
'စိမ့်ကြီးမြိုင်ကြီး' ထဲက ဆရာကြီးဦးဘသိန်းရဲ့ စကားလုံး အနု၊ အနွဲ့၊ အလှလေးတွေ ကိုလဲ ကြည့်စမ်းပါအုန်း...။
'xxx ဖိုးရွှေခေါင် ငှက်ငယ်ကရယ်... မလေးကို မြည်ကာချော့တယ်...
ရီကာချော့တယ်xxx ရီပါတော့ကွယ်...၊ မြည်ကာချော့တယ်လေး...' တဲ့။
ပြည်တော်ပြန်လမ်း ခရီးကြမ်းမှာ...၊ ပင်ပန်းရှာတဲ့ ချစ်သူမင်းသမီးလေးကို မင်းသားလေးက ချော့တဲ့ အချော့လေး လေ..။ စကားလုံးလေးတွေ ထပ်ထားတာများ ဘယ်လောက်လှလဲ။ ကြင်နာ ညှာတာတတ်တဲ့ ယောက်ျားကောင်းတို့ရဲ့ စိတ်ကိုလဲ ကြည်နူး စရာ မြင်ရတယ်။ မလေးရယ်၊ မင်းမျက်နှာလေး ညှိုးနေလို့၊ ရွှေဖိုးခေါင်ငှက်ကလေးက၊ ပြုံးကာရီကာနဲ့ အော်မြည်လို့ ချော့နေရှာတာ.... ရီလိုက်ပါတော့ကွယ်တဲ့။
'ဟောဒီ ကုန်းအတက်ကလေးက ချော်မယ်.. မောင်ပုခုံးကို မှီတွဲလိုက်ပါ့ကွယ်' ဆိုတဲ့ အဖွဲ့လေး ကိုများ ကြည့်ပါအုန်း..။ 'ချော်မယ်' ဆိုတဲ့ စကားလုံးမျိုးလေးကို လူတိုင်း သုံးနိုင်ဖို့ မလွယ်ပါဖူး။
'တလှမ်းမကွာတယ်၊ ဘယ်ဆီ မြန်းပါစေတော့ရယ်xx၊ နန်းညာနွယ် တွယ်မှီကာ လိုက်ရှာလေတဲ့ မယ်' တဲ့။
'ကန္တာမဆုံးမီမှာကွယ်... တလမ်းလုံး သီကရီ... မဒီပန်းရှာရော့မယ်' တဲ့။
'ရှာ' ဆိုတဲ့ စကားထောက် လှလှလေးကို မန္တလေးသားဆရာကြီးက သုံးသွားတာလေး များ လှလိုက်တာ။
ကျွန်မကြိုက်သလောက်သာ ပြောရမယ် ဆိုရင်ဖြင့် ဒီသီချင်းနှစ်ပုဒ်ကို နားမထောင်ဘူး သေးရင်၊ နားထောင်ပြီးတော့လဲ မခံစားရဖူးဆိုရင် အဲဒီသူဟာ မြန်မာမဟုတ်ဖူး။
'မြိုင်ဟေမ၀န်' ကို တစိမ့်စိမ့် နားထောင်ရင်းနဲ့ မြိုင်ဟေမ၀န်စပါယ်ရှယ်လစ် ဆရာနိုး (ဆရာမောင်သာနိုး) ရဲ့ အသံဝါကြီးကိုလဲ လွမ်းပါ့ ဆရာနိုးရယ်။ အိုး.. ပြီးတော့ ခုမှ သိတယ်။ ကိုအံ့ကြီး ဆိုပေါက်တွေကို.. ဆရာနိုးက အပီရတာပဲ။ 'နွေဦးဆန်း... သမို့' 'ဆန်း' ဆိုတဲ့ နေရာမှာ လည်ချောင်သံလေးနဲ့ 'ဆန်း' လိုက်တာကအစ အပီပါပဲလား။
တောရိပ်တောင်ရိပ်တွေအောက်မှာ အသံကုန် ဟစ်အော်တတ်တဲ့ ဆရာနိုးရဲ့ 'မြိုင်ဟေမ၀န်' သံကို နားမထောင်ရတာ ကြာပြီ။
ကျွန်မ ပြန်လာရင် တောရိပ်တောင်ရိပ် တနေရာကို ကျွန်မတို့သွားပြီး အော်ကြရအောင် ဆရာနိုးရေ...။
ဒါပေမယ့် မမခင်လေးနွယ်ရေ...။ ကျွန်မတို့မှာ ဆရာနိုးအော်ရင် လိုက်အော်မဲ့ အဖွဲ့က နည်းသွားပြီနော်။ လက်ခုပ်သံတွေက သိပ်မြိုင်မှာ မဟုတ်တော့ဘူး။
'မောင်မင်းတို့ရေ' လို့ တိုင်လိုက်တဲ့နေရာရောက်ရင် 'ဘုရား' ဆိုတဲ့ အသံကုန် အော်လိုက်မယ့် အသံတွေက အားပျော့နေတော့မှာ....။
လက်ခုပ်တီးနေရာက စိတ်ပါလာရင် ခါးထောက်ပြီး ကဗျာလွတ်ထ 'က' တတ်သူ တယောက်လဲ ပါမှာမဟုတ်တော့...။
ပြုံးချိုမြမြနဲ့ လပ်ခုပ်တီးရင်း ပြာလဲ့လဲ့အသံနဲ့ လိုက်အော် ပျော်ရွှင်တတ်ရှာသူ တဦးဟာလဲ ကျွန်မတို့နဲ့ ဘယ်တော့မှ ပြန်မတွေ့နိုင်တော့တဲ့ ဟို... အဝေးကြီးကို ထွက်သွားခဲ့ပြီ။
'ကမ္ဘာတ၀ှမ်းမှာ
ငါအလွမ်းဆုံး ရိပ်မြုံ
ရွှေတိဂုံစေတီရှိရာ
ကိုယ့်ပြည်ကိုယ့်ရွာသို့
ဘယ်ခါကျမှ ပြန်နိုင်ပါ့
လေယဉ်ဘယ်တော့မှ ဆိုက်နိုင်ပါ့
သည်မှာ မင်္ဂလာဒုံ
သည်မှာ ရွှေတိဂုံ လို့
အာရုံညွှတ်တမ်း
စိတ်ကပဲ မှန်းလိုက်ရ
အိမ်ပြန်လမ်းစ... မှုန်ပျပျ....' တဲ့....။
ကျွန်မ စိတ်ထိခိုက်လှတဲ့ ဒီကဗျာအပိုင်းအစလေးကို ပြီးခဲ့တဲ့ အပါတ်တနင်္ဂနွေ စာအုပ်ဂုဏ်ပြုပွဲမှာ ကျွန်မ ရွတ်ပြမိတော့၊ မျက်ရည်သုတ်ရှာတဲ့.. မြန်မာလူငယ်လေးတွေ...။
အိမ်ပြန်ချင်နေကြရှာတဲ့ ကျွန်မတို့ လူမျိုးတွေ...။
ကျွန်မမှာ အိမ်ပြန်ချိန် နီးပေမဲ့ ဒီမှာ ကျွန်မကို တုပ်နှောင်ထားတဲ့ သံယောဇဉ်ကြိုးတွေ ကလဲ အများကြီးရယ်...။
ညနေစောင်းလို့ အလုပ်သိမ်းချိန်ရောက်တာနဲ့ ကွန်ပြူတာ မျက်နှာပြင်ပေါ်မှာ တဖျပ်ဖျပ် စိမ်းလာကြတဲ့ G Talk ရဲ့ သံယောဇဉ် မီးစိမ်းလေးတွေ....။
'ဆရာမ နေကောင်းပါရဲ့လားခင်ဗျာ...၊ ရာသီဥတု အေးလာလို့ နွေးနွေးထွေထွေ ၀တ်ပြီး နေပါခင်ဗျာ..'
'လိုတာရှိရင်လဲ အားမနာပဲ မှာစေချင်ပါတယ်ခင်ဗျာ..၊ ရာသီအကူးအပြောင်းမှာ ဖျားနာ တတ်တဲ့အတွက် ကျန်းမာရေး ဂရုစိုက်ပါခင်ဗျာ..'
'ဆရာမ ဒိနေ့ ကျောင်းမသွားရဖူးလား၊ မီးစိမ်းနေတာ မြင်လို့၊ နေမှ ကောင်းရဲ့လားလို့...၊ ဘာပဲဖြစ်ဖြစ် အကြောင်းကြားစေချင်ပါတယ် ခင်ဗျာ..'
'ဆရာမရေ.. ခုတလော အဖမ်းအဆီးတွေ ကြမ်းနေတယ်၊ အသွားအလာခက်နေလို့ တနင်္ဂနွေ ဆရာမဆီ လာလို့ မရတော့ဘူး၊ စိတ်မပူပါနဲ့ ဆရာမ'
'ကျွန်တော်က ကျွန်ဇာတာပါတယ် ထင်ပါရဲ့ ဆရာမရယ်၊ ဆယ့်လေးနှစ်ရှိပြီ၊ ခုထိတော့ အဖမ်းမခံရသေးဘူး ဆရာမရဲ့...'
'ဆရာမ.. ကိုးရီးယားမှာ မြင်းခွါရွက်နဲ့ နံနံပင်ကို ခွဲလို့ရရဲ့လား၊ ဆရာမ ဒီလို ခရီးတွေ လျှောက်သွားနေတာကို အဖိုး (ဘိုးကျောက်ကြီး) များသိရင် သိပ်ဝမ်းသာမှာပဲနော်၊ သမီးက ငယ်ငယ်လေးကတည်းက ဆရာမရဲ့ စာဖတ်ပရိသတ်ပါ၊ စင်္ကပူကပါ၊ သမီး ဆရာမကို မအိပ်ခင် စင်္ကပူပုံပြင်တွေ ပြောပြမယ်နော်..'
'ဆရာမရေ.. ဟိုတခါ.. ဘောကျော်မွေးနေ့မှာ မုန့်ဟင်းခါး တူတူစားတဲ့ 'ကိုဘိုးသာ' တယောက် ပြေးရင်လွှားရင်း နှလုံးသွေးရပ်ပြီး ဆုံးသွားရှာပြီ.. ဆရာမရယ်'
'ဆရာမက ကြွက်နီ ကျတော့ သတိရ၊ မိုးဇော်ကျတော့ သတိရ ကျနော့်ကျတော့မေ့...၊ ချင်းမိုင်က.. ကြွက်ဖြူလေ..၊ ခုတော့ ချင်းမိုင်ကို မေ့ပြီပေါ့....'
ကျွန်မမှာ သူတို့လေးတွေရဲ့ မေတ္တာတွေနဲ့လဲ နွေးထွေးလှပါရဲ့...။
စိတ်ထိခိုက်စရာကျတော့လဲ စိတ်ထိခိုက်ပါရဲ့။
ညဖက်ရောက်လို့ တယောက်ယောက်ရဲ့ မီးစိမ်းလေး တက်မလာရင်.. ရင်ပူရပြီ..။ ကလေးတွေ ပါသွားပြီလား။ ဘာများဖြစ်ပါလိမ့်ဆိုပြီး ဖုံးဆက်ချင်ပြီ။
မီးစိမ်းလေးတွေနဲ့အတူ တင်ထားတတ်တဲ့ သူတို့ပြောချင်တာ၊ သတင်းပေးချင်တာ၊ ဝေမျှချင်တာ၊ ခံစားရတာလေးတွေကို ဖတ်ရတာကလဲ တခါတရံ စိတ်ဝင်စားစရာ၊ တခါတရံ ပြုံးစရာ၊ တခါတရံကျတော့လဲ မျက်ရည်ဝဲချင်စရာပါ။
'ကိုဘိုးသာ' လေး ဆုံးတဲ့နေ့က သူတို့တင်ထားတဲ့ စာလေးတွေလေ...။
'စနေနေ့တိုင်း သတိရနေတယ် ဘိုးသာရာ' တဲ့။
'ငါတို့အားလုံး စိတ်မကောင်းကြပါဖူးကွာ.. ဘိုးသာရာ၊ ကောင်းရာသုဂတိလားပါစေ' တဲ့။
ဒီက သံယောဇဉ်တင်မကပါဖူး..။ ဟိုး..... ကမ္ဘာအနောက်ခြမ်းမှာ နေထိုင်တဲ့ ကျွန်မရဲ့ ချစ်သူငယ်ချင်း အကိုကြီး မောင်မာယာ တယောက်ကလဲ အလွန်စိတ်ထိခိုက်အောင် ပြောတတ်တာ....။
'မြန်မာပြည်က ထညက်ခဲကို လွမ်းတယ်ဗျာ... မစားရတာ ဘယ်လောက် ကြာသွားပြီလဲ တောင် မပြေတတ်တော့ဘူး....'
'.... သူနဲ့ ငရံ့ အူနဲ့ မစားရတဲ့ သက်တမ်း၊ အတူတူလောက်ရှိမှာ.....'
'ဒီနေ့ တခုသတိရတယ်၊ '၀ရောင်းချဉ်'၊ မစားရတာ နှစ်နှစ်ဆယ် ကျော်သွားပြီ..'
' '၀ရောင်းချဉ်' ဆိုတာ သိလား၊ မော်လမြိုင်က။ ဒေါင်းခြေရောပဲ'
'အညာက နွားနို့ခဲ၊ ကျွဲနို့ခဲ ကိုလဲ လွမ်းတယ်....'
'စားချင်တာတွေ၊ သွားချင်တာတွေ၊ ကျန်းမာတုန်း၊ စားနိုင်တုန်း၊ သွားနိုင်တုန်း၊ ပြန်နိုင်ရင် ကောင်း မှာနော်...၊ ကပ်ပေါ်တင်ပြီး ပက်လက်ပြန်သွားရလို့ ဘာလုပ်ရမှာလဲ...'
'ဘယ်လိုမှ မတတ်နိုင်ပါဖူး.....'
ဘယ်လိုမှ မတတ်နိုင်ပါဘူးတဲ့.....။ မပြောပါနဲ့...။ အဲလို မပြောကြပါနဲ့...။
အိမ်ပြန်ချိန်ဆိုတာ ရောက်လာမှာပါ...။
ပျော်စရာ အကောင်းဆုံးနဲ့ ကြည်နူးစရာအကောင်းဆုံး အိမ်ပြန်ချိန်ဟာ တနေ့နေ့မှာ ရောက်ကိုလာမှာပါ..........။

နုနုရည် အင်းဝ။


You received this email because you are subscribed to the real_time feed for http://mayaonlinemagazine.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[မိုးလှိုင်ည] 1 New Entry: သူစိမ်း

သူစိမ်း

အဆုံးစွန်ဆုံး မြို့တစ်မြို့ကိုရောက်ခဲ့တုန်းက

ဒေသခံတွေက သူတစ်စိမ်းလိုကြည့်တယ်

ငါက သူစိမ်းပဲ….။

မျက်လုံးအရောင်က

ကောင်မလေးတွေကို ဆွဲဆောင်နိုင်တာလား

သိပ်သေချာတာပေါ့…

တစ်ခုတော့ရှိတယ်

ပိုက်ဆံက အဲဒီထက်ပိုသေချာတယ်….။

ငိုမနေပါနဲ့တော့

အဲဒီနာကျင်ခြင်းဟာအတုကြီးပါ…

ဘယ်တော့မှမမေ့ပျောက်နိုင်တဲ့နာကျင်ခြင်းကမှအစစ်

အဲဒီအတွက်လည်း ငိုကျွေးဖို့မလိုအပ်ဘူး

ဒီကနေ့ဖြစ်နေတာတွေအားလုံး

မနေ့ကဖြစ်ပြီးသားတွေနဲ့ သိပ်မထူးခြားဘူးမို့လား

အဓိပါယ်ကို ဆေးထပ်သုတ်ထားလိုက်ပါ…

ခင်ဗျားမဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊

ဆွေမျိုးရင်းချာမဟုတ်ဘူး၊ မိတ်ဆွေသူငယ်ချင်းမဟုတ်ဘူး၊

သူစိမ်းတစ်ယောက်ပဲ….။


မိုးလှိုင်ည

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[စည်းလုံးခြင်းရဲ့ အင်အား] 1 New Entry: ပင်လုံသို့ နောက်ဆုံးခရီးစဉ်

ပင်လုံသို့ နောက်ဆုံးခရီးစဉ်

ကျောက်တိုင်အဓိဌာန်မှ ဓါတ်တိုင် ဘဝရောက်ခဲ့သူ - အပိုင်း(၄)

ဤသို့ တပ်တွင်းပုန်ကန်မှု ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းအပေါ် သွားရောက် ဖြေရှင်းနေရ၍ ဗိုလ်ခင်မောင်မြင့် အနေဖြင့် မိမိနှုတ်ဂတိပေးခဲ့သော ရှမ်းပြည်ခေါင်းဆောင်များအား မိမိအနေဖြင့် အခမ်းအနားသို့ မတက်ရောက်နိုင်တော့ခြင်းအပေါ် များစွာစိတ်မကောင်း ဖြစ်မိပါကြောင်း အက်စ်ဘီရဲလှမောင် မှတဆင့် တောင်းပန်စကား ပါးလိုက်ရလေသည်။

အကြီးမားဆုံး တပ်တွင်းပုန်ကန်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည့် လွိုင်လင် လေကြောင်းရန်ကာကွယ်ရေးတပ်ကိုလည်း အသေးစိတ် စစ်ဆေးပြီး အထက်ကို အစီရင်ခံ တင်ပြနေရသည်။ လေကြောင်းရန်ကာကွယ်ရေး အဓိပတိဖြစ်သူ ဗိုလ်စိုးဝင်းကလည်း အချိန်ပြည့် ဆူပူကြိမ်းမောင်းနေသောကြောင့် ဗိုလ်ခင်မောင်မြင့်သည် မိမိသွားချင်လှသော ပင်လုံကျောက်တိုင်ကို အဝေးမှသာ လှမ်း၍ ငေးကြည့် ခဲ့ရလေတော့သည်။

အနောက်မှသည် အရှေ့ဆီသို့

ထို့နောက် ဗိုလ်ခင်မောင်မြင့်ကို ရပခ တိုင်းမှူးမှ နပခ တိုင်းမှူးအဖြစ် ပြောင်းရွေ့ကာ ခန့်ထားလိုက်ပါတော့သည်။ ရာထူးမတိုးဘဲ တိုင်းမှူးအဆင့်နဲ့သာ ရခိုင်ပြည်သို့ ပို့လိုက်သည်မှာ စစ်တပ်လောကအဖို့ ရာထူးချသူများကို ဒါဏ်ပေးခြင်း တစ်မျိုးသာ ဖြစ်ပါသည်။ ရ-ပ-ခ စစ်တိုင်းမှူးဘဝသည် လွန်စွာလာဘ်ရွှင်သည်။ ငြိမ်းအဖွဲ့များ ပေါများသောကြောင့်လည်း အမြဲတမ်းလိုလို လာဘ်ပူဇော်ခံရသည်။ ယခုရခိုင်ပြည် န-ပ-ခ သည် ရှမ်းပြည်ထက် လာဘ်ပူဇော်ခံရမှု နည်းပါးသည်။ ဖြစ်ကြောင်း စုံလင် ရင်ဖွင့်ရမည် ဆိုပါက ရ-ပ-ခ စစ်တိုင်းမှ တိုင်းမှူးတိုင်း လိုလိုသည် တဆင့်မြင့်၍ ရာထူးတက်သွားကြသည့် ထုံးစံမြင်ခဲ့ရသည်။

ဗိုလ်ခင်မောင်မြင့် လက်ထက်ကျမှ တစ်နိုင်ငံလုံးတွင် စစ်ပြေးအများဆုံးပြစ်မှု၊ ငြိမ်းအဖွဲ့များအပေါ် သဘောထားပျော့ပြောင်းမှု (ဥပမာ -ရလလဖ- အဖွဲ့တွင်း ဥက္ကဌဟောင်း စောတာကလယ်နှင့် ဘိန်းရာဇာ ခွန်ချစ်မေါင်တို့ကြား ပြဿနာကို ကိုင်တွယ်ရာတွင် တရားချ၍ စေ့စပ်ပေးခြင်း)၊ ရှမ်းပြည်အမျိုးသားနေ့တွင် သဘာပတိအဖြစ် တက်ရောက်ရန် လက်ခံလိုက်ခြင်း (အက်စ်ဘီရဲလှမောင်၏ အစီရင်ခံတိုင်ချက်)နှင့် အဆိုးဆုံးပြစ်မှုဖြစ်သည့် သမိုင်းဝင် ပင်လုံကျောက်တိုင်ကို ကြွေပြားခင်း ပြုပြင်ခြင်း (ထောက်လှမ်းရေးတပ်မှူး-မင်းလွင်၏ တိုင်တန်းချက်) တို့ကြောင့် ဗိုလ်ခင်မောင်မြင့်မှာ စစ်ကော်မရှင်အဖွဲ့က ရာထူးချသည့် အနေဖြင့် ရခိုင်သို့ တစ်နှစ်ကျော် ပို့ခြင်းခံလိုက်ရလေသည်။

ရခိုင်ပြည်တွင် တိုင်းမှူးဘ၀နဲ့ နေစဉ်အတွင်း တိုက်ဆိုင်မှုက ထပ်မံကြုံရပြန်သည်။ မိမိအား ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားသို့ သဘာပတိလုပ်ရန် အဓိကဖိတ်ကြားလိုက်သော မျိုးဆက်သစ်-ရှမ်းပြည် အဖွဲ့ခေါင်းဆောင် ဦးမြင့်သန်းနှင့် ရခိုင်ပြည်တွင် ရေစက်ဆုံရပြန်သည်။ ၂ဝဝ၅-ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ၅၈-နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ ကျင်းပဖို့ရန် တရားဝင် ခွင့်တောင်းခံလာသောကြောင့် တိုင်းမှူးအနေဖြင့် ခွင့်ပြုလိုက်သည့်အပြင် သဘာပတိလုပ်ဖို့ရန်လည်း လက်ခံခဲ့မိပါသည်။ မိမိအား အကြီးအကျယ် ဒုက္ခပေးခဲ့သော လွိုင်လင် တပ်ပြေးကိစ္စကို သွားရောက်စစ်ဆေးနေခိုက် အခမ်းအနား တက်ရောက်သူတိုင်းကို ရန်ကုန်အာဏာပိုင်များ ကိုယ်တိုင် လာရောက်ဖမ်းဆီးကြလေသည်။ တစုံတရာ မှားယွင်းခြင်း မရှိခဲ့ပါ။ အခမ်းအနား ထုတ်ပြန်ကြေညာချက်များကိုလည်း ဖေဖော်ဝါရီ (၅)ရက်ကတည်းက ရရှိထားပြီးဖြစ်သည်။

နိုင်ငံတော်ကို အကြည်အညို ပျက်စေသော အသုံးအနှုန်းတစ်ခုမှ မပါဝင်ပါ။ ညစာစားပွဲမှတ်တမ်းကိုလည်း ရန်ကုန်ကျောင်းသားခေါင်းဆောင်ဆိုသူ မောင်အေးလွင်နှင့် ဦးဇင်အောင်တို့က မှတ်တမ်းတင် ပေးပို့ထားသောကြောင့် ဗီဒီယိုခွေကို ကြည့်ရှုသောအခါတွင်လည်း ပြောဆိုသော စကားများသည် နိုင်ငံတော်ကို အကြည်ညိုပျက်စေသော စကားများ လုံးဝမတွေ့ရပါ။ အဓိပ္ပါယ်ကားရှင်းပါသည်။ မျိုးချစ်ရှမ်းပြည်နိုင်ငံရေး အင်အားစုများ ညီညွတ်ခြင်းကို စစ်ကောင်စီအနေဖြင့် ကြောက်လန့်သွားခြင်းနှင့် ညောင်နှစ်ပင်ကို ဆန့်ကျင် ထွက်လာသော ခွန်ထွန်းဦးပါတီကို ရိုက်ချိုးချင်သောကြောင့် တပ်ချုပ်ကြီးနှင့် ဗိုလ်ရွှေမန်းတို့ ကိုယ်တိုင် အမိန့်ပေး ဖမ်းခိုင်းခြင်း ဖြစ်ပါသည်။

နောက်ရက်မှာတော့ ပင်လုံကျောက်တိုင်ကို ချစ်ခင် ယုံကြည် လေးစားခဲ့တဲ့ ဗိုလ်ခင်မောင်မြင့်ကို ဗိုလ်သန်းရွှေက ဓာတ်တိုင် ရာထူး ထူးထူးကဲကဲ ချီးမြှင့်လိုက်တဲ့အကြောင်း နောက်ဆုံးအပိုင်းအနေနဲ့ ဆက်လက်တင်ပြပါမယ်။

You received this email because you are subscribed to the real_time feed for http://photayokeking.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Free In Mind] 1 New Entry: Dark to Light

Dark to Light

ပုံကို အမှောင်မှနေအလင်းဆီ လို့ နာမည်ပေးထားပါတယ်..။ ကျွန်တော် စူဠာမဏိဘုရားမှာ ရိုက်ထးတဲ့ပုံလေးဖြစ်ပါတယ်..။ အရောင်လေး နည်းနည်း ပြင်ထားတာကလွဲရင် အရှိအရှိအတိုင်းပါပဲ..။ ဝေဖန်ပေးကြပါဦးခင်ဗျာ..။

You received this email because you are subscribed to the real_time feed for http://blog.freeinmind.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[ko htike's prosaic collection] 1 New Entry: အပျော့စား သတ္တု

အပျော့စား သတ္တု

တနေ့က ကျွန်တော့် ကလေးများကို စာသင်ပေးနေတဲ့ ဆရာမလေး ယူလီယာ ဗာဆီယက်ဗနာ့ကို ကျွန်တော့် စာကြည့်ခန်းအတွင်းသို့ အခေါ်ခိုင်းလိုက်တယ်။

ပေးစရာ ငွေကြေး ကိစ္စများကို ရှင်းလင်းပေးရန်ဖြစ်သည်။
"ထိုင်ပါ၊ ဆရာမ" .. ဟုပြောရင်း
"ပေးစရာရှိတာလေးတွေကို ပေးမလို့ အခေါ်ခိုင်းလိုက်တာပါ။ ဆရာမလည်း ငွေလိုရော့မယ်။ ဒါပေမယ့် ဆရာမကလည်း မတောင်းဘူး၊ ကောင်းပြီလေ။ အခုပေးတာပေါ့၊ ကလေးတွေကို စာသင်ပေးဖို့ ဆရာမကို တစ်လ ရူဘယ် ၃၀ နဲ့ သဘောတူခဲ့တယ်နော်"
"တစ်လ ၄၀ ပါ"
"မဟုတ်ဘူး သုံးဆယ်။ ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ်။ အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့ ဆရာမ မှန်သမျှ တစ်လ ရူဘယ် ၃၀ အမြဲပေးခဲ့တယ်။ ဆရာမ ဒီမှာ စာသင်ပေးနေတာ အခုဆိုရင် ၂ လ ရှိသွားပြီနော်"

"နှစ်လနဲ့ ငါးရက်ပါ"

"မဟုတ်ပါဘူး၊ ဒီနေ့ပါနဲ့ ပေါင်းမှ နှစ်လ တိတိ၊ အားလုံး ဒီမှာ စာနဲ့ ရေးမှတ်ထားတယ်။ အခု ဆရာမကို ပေးရမှာက နှစ်လစာဆိုတော့ ရူဘယ် ၆၀။ အဲဒီ အထဲက တနင်္ဂနွေ ၉ ရက်ကို နှုတ်ရဦးမယ်။ တနင်္ဂနွေတွေမှာ ဆရာမဟာ ကိုလျာကို စာမသင်ပေးခဲ့ဘူး။ ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရင် ၃ ရက်ပါသေးတယ်။"

ဆရာမလေး ယူလီဗာ့ ဆီလီယက်ဗနာသည် မျက်နှာကြီး နီရဲလာကာ စကတ် အနားစွန်းလေးများကို လက်ဖျားနှင့် စိတ်လှုပ်ရှားစွာ ကိုင်နေသည်။ စကားတစ်ခွန်းမှ မပြော။

"အားလပ်ရက် သုံးရက်၊ သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်ဖြတ်ရမယ်။ ကိုလျာလေး နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး။ ဆရာမဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ်။ အိမ်ရှင်မက ဆရာမကို ညစာ စားပြီးချိန်ဆိုရင် အနားပေးတယ်။ တစ်လ ၁၂ ရူဘယ်နဲ့ ခုနစ် ရူဘယ်ပေါင်းတော့ တစ်ဆယ့်ကိုး ရူဘယ်၊ လစာထဲက တစ်ဆယ့်ကိုး ရူဘယ်ကို နှုတ်တော့ လေးဆယ့်တစ်ရူဘယ်ပဲ ကျန်တော့တယ်။ မှန်တယ်နော်။"

ဆရာမလေး ယူလီယာဗာဆီလီယက် ဗနာ၏ ဘယ်ဘက်မျက်လုံးများသည် နီရဲသွားကာ မျက်ရည်များ ဝိုင်းစို့လာသည်။ မေးလည်း တဆက်ဆက် တုန်လာသည်။ ဆရာမလေးသည် ချောင်းတချက်ဆိုးလိုက်ကာ နှာခေါင်းကို ပွတ်သည်။ သို့သော် စကားတစ်ခွန်းမှ မပြော။

"နှစ်သစ်ကူးပွဲ မတိုင်မီက လက္ဘရည် အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့် ကွဲသွားခဲ့တယ်။ အဲဒါအတွက် နှစ်ရူဘယ်၊ လက္ဘရည်ခွက်က အတော် တန်ဖိုးကြီးပါတယ်။ မိသားစု အစဉ်အဆက် ထိမ်းသိမ်းဆက်ခံလာတဲ့ ပစ္စည်းမို့ အတော်လေး စိတ်မကောင်းဖြစ်ခဲ့ရတယ်။ ထားပါတော့လေ။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာရှိသေးတယ်။ ဆရာမရဲ့ ပေါ့လျော့မှုကြောင့် ကိုလျာဟာ သစ်ပင်ပေါ်တတ်လို့ အကျီစုတ်ပြဲသွားခဲ့တယ်။ အဲဒါအတွက် တစ်ဆယ် ရူဘယ်။ ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖေါ်မလေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို ခိုးယူသွားခဲ့တယ်။ ဒါတွေ အားလုံးကို မျက်လုံး ဒေါက်ထောက်ကြည့်ရမှာက ဆရာမရဲ့ အလုပ်။ ဒါ့အတွက် ဆရာမကို ပိုက်ဆံပေးပြီးငှားထားတာကိုး။ အဲဒီအတွက် ငါး ရူဘယ်ဖြတ်မယ်။ ဇန်ဇဝါရီလ ၁၀ ရက်နေ့က ဆရာမ ကျုပ်ဆီက ငွေ ဆယ်ရူဘယ် ချေးခဲ့တယ်။"

"ဟင့်အင်း၊ ကျွန်မ ရှင့်ဆီက မချေးခဲ့ဖူးပါဘူး။" ဟု ဆရာမလေးက လေသံသဲ့သဲ့ဖြင့် ပြောသည်။

"ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထားတယ်။"
"ဒါဆိုလည်း ကောင်းပါပြီ၊ နောက်တော့ကော"
"လေးဆယ့်တစ်ရူဘယ်ထဲကနေ နှစ်ဆယ့် ခုနစ် ရူဘယ်ကို နှုတ်တော့ တစ်ဆယ့်လေး ရူဘယ်ကျန်တယ်။"

ဆရာမလေး၏ မျက်လုံးအစုံသည် မျက်ရည်များဖြင့် ပြည့်သိပ်နေကာ သွယ်တန်းလှပသော နှာတံစင်းစင်းပေါ်တွင် ချွေးသီး ချွေးပေါက်များ ဝိုင်းစို့လာသည်။ သနားစရာ အတော်ကောင်းသည့် မိန်းကလေး ... ။
"ကျွန်မ တစ်ခါပဲ ပိုက်ဆံချေးခဲ့ဖူးပါတယ်။ အဲဒါ ရှင့်ဇနီးဆီက သုံးရူဘယ်ထဲရယ်ပါ။ ဒါ့ထက် တပြားမှ မပိုခဲ့ပါဘူး။"

"အဲဒါကို ထည့်မပြောခဲ့ခဲ့ဘဲကိုး။ အဲဒါ ကျုပ်စာထဲမှာ ရေးမမှတ်ရသေးဘူး။ တစ်ဆယ့်လေး ရူဘယ်ထဲက သုံးရူဘယ် ထပ်နှုတ်တော့ တစ်ဆယ့်တစ် ရူဘယ်ပဲ ကျန်တော့တယ်။ ဒီမှာ သုံးရူဘယ်၊ နောက် သုံးရူဘယ်၊ နောက်သုံးရူဘယ်၊ တစ်ရူဘယ်၊ တစ်ရူဘယ် အားလုံး တစ်ဆယ့်တစ် ရူဘယ်၊ အဲဒါ ဆရာမ ပိုက်ဆံ။"

ကျွန်တော်သည် ဆရာမလေးကို ငွေ တစ်ဆယ့် တစ်ရူဘယ်ကို လှမ်းပေးလိုက်သည်။ ဆရာမလေးသည် ငွေကို တုန်တုန်ရီရီဖြင့် လှမ်းယူကာ အကျီ အိပ်ကပ်ထဲသို့ ထည့်လိုက်သည်။

"ကျေးဇူးပါပဲ" ဟု ခပ်တိုးတိုးလေး ပြောသည်။

ကျွန်တော် သည် ဝုန်းကခနဲ ထလိုက်ကာ အခန်းထဲတွင် လျောက်နေမိတော့သည်။ စိတ်လည်း အတော် ဆိုးသွားသည်။

"နေပါဦး၊ ဆရာမက ကျွန်တော့်ကို ဘာအတွက် ကျေးဇူးတင်ရတာလဲ။" ဟု ခပ်ဆက်ဆက် မေးလိုက်သည်။
"ပိုက်ဆံ ပေးတဲ့ အတွက်ပါ။"
"ကျုပ် ခင်ဗျားကို ငွေလိမ်ပေးနေတာ၊ နေ့ခင်းကြောင်တောင်ကြီး အေးဓားပြတိုက်နေတာ၊ ဘာပြုလို့ ကျုပ်ကို ကျေးဇူးတင်တာလဲ။"
"တခြားမှာဆို တပြားမှတောင် မရလို့ပါ။"
"တပြားမှ မရဘူး ဟုတ်လား၊ ဖြစ်မှ ဖြစ်ရလေ၊ အေးလေ .. ၊ အံ့သြစရာတော့ မရှိပါဘူး။ ကျုပ်ခင်ဗျားကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို ပေးချင်လို့ပါ။ ခင်ဗျား လစာ နှစ်လအတွက် ရူဘယ်ရှစ်ဆယ်လုံးလုံး၊ အပြည့်ပေးမှာပါ။ ဟောဟိုက စာအိပ်ထဲမှာ အပြည့်ထည့်ထားပါတယ်။ ဆရာမ ... ဘာပြုလို့ ခင်ဗျား ဒီလောက် ပျော့ညံ့ရတာလဲ။ မဟုတ်တာ ဘာပြုလို့ ပြန်မပြောရဲရတာလဲ။ မဟုတ်တာကို ပြန်ပြောရဲရမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ ဘယ်လိုလုပ်ပြီး နေလို့ ရတော့မှာလဲ။ ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ။

ဆရာမလေး မျက်နှာပြုံးယောင်သန်းလာသည်။

ကျွန်တော်သည် ဆရာမလေးအား ဘဝနေနည်း သင်ခန်းစာတစ်ရပ်ကို ရက်ရက်စက်စက် ပေးမိလိုက်သည့်အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း သူမ၏ လစာ ရူဘယ် ၈၀ ကို ပေးလိုက်ပါသည်။ ဆရာမလေးသည် အံ့အားသင့်၍ နေသည်။

"ကျေးဇူးတင်ပါတယ်။"
ဟု ကြောက်ကြောက်ရွံ့ရွံ့ ဖြင့် ပြောရင်း အခန်းထဲမှ ထွက်သွားသည်။ သူထွက်သွားလေမှပင် သူ၏ကျောပြင်ကို ငေးကြည့်ရင်း လောကကြီးမှာ ရက်စက်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ အလုပ်ပါလားဟု တွေးနေမိလိုက်တော့၏။

ပိတောက်ပွင့်သစ် မဂ္ဂဇင်း၊ အမှတ်၉၊ ၁၉၉၅ အောက်တိုဘာလ။

ရုရှားစာရေးဆရာကြီး Anton Chekhoy ၏ ဝတ္ထုတို Softy ကို ဆရာလင်းဝေမြိုင်က ဘာသာ ပြန်ထားတာ ဖြစ်ပါသည်။
(အခြအနေ အကြောင်းကြောင်းကြောင့် ဘာသာပြန်သူ၏ ခွင့်ပြုချက်ကို ရယူထားခြင်း မရှိပဲ ပြန်လည် ဖေါ်ပြထားခြင်းဖြစ်ပါသည်။)

လေးစားစွာဖြင့်
ကိုထိုက်

You received this email because you are subscribed to the real_time feed for http://ko-htike.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Padauk Myay] 1 New Entry: နွားခြေရာခွက်ထဲက ဖားသူငယ်များ

နွားခြေရာခွက်ထဲက ဖားသူငယ်များ

ကိုဂျူး

မြန်မာပြည်သူတွေက တိုင်းပြည်ကို စစ်တပ်အုပ်ချုပ်တဲ့စနစ်ကို မကြိုက်ဘူး ဒီမိုကရေစီစနစ်ကို ပြောင်းစေချင်တယ်၊ အမြင်သစ်နဲ့ အရည်အချင်း ပြည့်ဝသူတွေနဲ့ တဗိုလ်တက်တစ်ဗိုလ်ဆင်း ရှေ့သို့တိုးချင်တယ်၊ တိုင်းပြည်ကိုတကယ် အလုပ်အကြွေးပြုမဲ့သူကို ခေါင်းဆောင် စေချင်တယ်၊ အခက်အခဲတွေတွေ့ရင်လဲ သတ္တိရှိရှိ ရင်ဆိုင်မယ် ကျော်ဖြတ်မယ်လို့ သဘောထားတယ်။ တိုင်းပြည် ဒုက္ခရောက်နေတာကို ပြည်သူတွေအားလုံး နည်းလမ်းရှာကုစားချင်တယ်၊ ဘယ်သူ့ကိုမှ သာစေနာစေစိတ်မရှိဘူး၊ ဘယ်သူမပါရဘူး ဘယ်သူပါရမယ် မကန့်သတ် ထားဘူး၊ အရည်အချင်းရှိရင် တပ်မတော်သားလဲပါနိုင်တယ်၊ NLD လဲပါနိုင်တယ်၊ ကမ္ဘာ့အလည်မှာ မျက်နှာ မငယ်ချင်ဘူး၊ အထီးကျန် မနေချင်တော့ဘူး။

နအဖအစိုးရက တိုင်းပြည်ကို စစ်သားတွေဘဲစစ်တပ်နဲ့ဘဲ အုပ်ချုပ်ချင်တယ်၊ ဒီမိုကရေစီတောင်းဆိုသူတွေဟာ တိုင်းပြည်ကို မတည်မငြိမ်အောင်ပြုသူတွေ၊ အာဏာကို သူတို့လက်ထဲက လုယူဘို့ကျိုးစားသူတွေလို့ မြင်တယ်။ တိုင်းပြည်တည်ငြိမ်ရေးဟာ တိုင်းပြည် တိုးတက်ရေးထက် အရေးကြီးတယ်ထင်ပြီး ပြည်သူတွေကို မလှုပ်မရှားနိုင်အောင် ထားချင်တယ်။ အကြီးအကဲလုပ်ချင်တယ်၊ နိုင်ငံကို အုပ်ချုပ်ချင်တယ်၊ အလုပ်အကြွေးပြုတယ်ဆိုတဲ့ စကားမျိုးမကြိုက်ဘူး၊ ရှင်ဘုရင်ကြီးလို ပြည်သူတွေရဲ့ မိဘကြီးလို၊ ဖခင်ကြီးလိုလမ်းပြ ဦးဆောင် ချင်တယ်၊ ထိမ်းချုပ်အမိန့်ပေးချင်တယ်၊ နောက်ဆုံး နွားခြေရာခွက်ထဲက ဖါးသူငယ်လို အထီးကျန်ဖြစ်လာတယ်။

NLDက အရည်အခြင်းရှိတယ်ဆိုရင် ဘာ့ကြောင့် ခုထိဒီမိုကရေစီရအောင် မလုပ်နိုင်သေးတာလဲ၊ နအဖပြုတ်မကျသေးတာလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကို အားလုံးသိပါတယ်၊ ပြောရမှာအားနာလို့သိပ်မပြောချင်ကြပါဘူး။ ကိုယ့်ဟာကို သိဘို့ကောင်းပါတယ်။ မသိတတ်ဘဲ တဇွတ်ထိုးနဲ့ မေးလာလို့သာ ဖြေရတာ အားတော့နာပါတယ်။

မေးခွန်းကို အလွယ်ဆုံး အယဉ်ကျေးဆုံး ဖြေရရင် နအဖ လူမဆန်သေးလို့ပါဘဲ၊ တိုင်းပြည်အကျိုးကို မကြည့်တတ်သေးလို့ပါ။ ဒီမိုကရေစီစနစ်ကို ပြောင်းသွားရင်သူတို့အတွက် အကျိုးစီးပွားလျှော့နဲသွားမှာ တခုတည်းကို တွေးကြောက်ပြီး ဒီမိုကရေစီ တောင်းဆို သူတွေကို ရန်သူလိုမြင်ပြီး လူမဆန်အောင် ရက်ရက်စက်စက် နှိပ်ကွပ်နေလို့ပါ။ တိုင်းပြည်အကျိုး စီးပွားတိုးတက်သွားမှာကို ဂရုမစိုက်ဘဲ ကိုယ့်အာဏာ တည်မြဲရေး တစ်ခုထည်းကိုကြည့်ပြီး တော်ရုံအရှက်အကြောက်ရှိတဲ့ အစိုးရတွေမလုပ်တဲ့ နည်းလမ်းတွေသုံးပြီး နှိပ်ကွပ်နေလို့ပါ။

ဒါတွေဟာ သာမန်အစိုးရ ရှက်လို့မလုပ်ဝံ့ပါဘူး၊ အင်မတန်သေးငယ်တဲ့ မိမိပုဂ္ဂလိကကိုယ်ကျိုးစီးပွားကို တတိုင်းပြည်လုံးရဲ့ အကျိုးစီးပွား နဲု့ လဲနေတာ၊ စတေးနေတာဟာ နိုင်ငံတကာအစိုးရတွေအတွက်တော့ အင်မတန်ရှက်စရာကောင်းပါတယ်၊ နအဖ ဗိုလ်ချုပ်ကြီးတွေ ရှက်ရမှန်း မသိသေးပါ။ အာဏာလက်လွှတ်ရမှာ ကြောက်တာဘဲသိပါသေးတယ်။

တိုင်းပြည်ဘဏ္ဍာ ကိုယ့်ဟာမှတ်ပြီးဗြောင်ကျကျတပည့်သားမြေးတွေနဲ့ အခွင့်ထူးအမျိုးမျိုးယူပြီး သုံးစွဲနေတာ၊ မသမာမှုတွေကြူးလွန် နေတာဟာလဲ သာမန်လူတွေအတွက်တော့ အလွန်ရွံစရာကောင်းတဲ့ လုပ်ရပ်တွေပါဘဲ၊ မသန့်ရှင်းတဲ့အစားအစာတွေကို အများရှေ့မှာ စားပြနေတာ ရွံရကောင်းမှန်းမသိသေးလို့ပါ။ နအဖ ဗိုလ်ချုပ်ကြီးတွေ စားချင်တာဘဲသိပါသေးတယ်။

လူနဲ့ တရိစ္ဆန်တွေ မတူကွဲပြားတာက ယဉ်ကျေးတဲ့လူဟာ ကြောက်ရမှန်း ရှက်ရမှန်း ရွံရမှန်းသိပါတယ်။ ရိုင်းစိုင်းတဲ့ တရိစ္ဆန်တွေက ကြောက်ရမှန်းဘဲ သိပါတယ်၊ ဒါပေမဲ့ ရှက်ရမှန်း ရွံရမှန်း မသိပါဘူး၊ အသားနာမှာဘဲကြောက်ပါတယ်၊ မစားရမသောက်ရမှာ ကြောက်ပါတယ် ဒါပေမဲ့ အ၀တ်မ၀တ်ပါဘူး၊ နေရာတကာမှာ အစာစားပါတယ်၊ အညစ်အကြေးစွန့် ပါတယ်၊ မေထုန်မှီဝဲပါတယ်။ အဲဒီမှာ နအဖ ကို NLDက ဘယ်လိုမှလိုက်မယှဉ်နိုင်တော့ပါ။ ရှုံးတော့တာဘဲ၊ ဒါကြောင့် NLDက ခုထိဒီမိုကရေစီရအောင် မလုပ်နိုင်သေးတာပါ။ ကိုယ်လဲဒီလောက်ဘဲ ယဉ်ယဉ်ကျေးကျေး ပြောတတ် ပါတယ်၊ ရှင်းလောက်ပြီ ထင်ပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီဖော်ဆောင်ရေးမှာ နအဖ ကန့်လန့်တိုက်နေလို့ ဘက်မညီဖြစ်ပြီး ခရီးမရောက်တာပါ။ နအဖက တိုင်းပြည် အကျိုးစီးပွားကို မကြည့်ဘဲ သူ့အကျိုးစီးပွားတစ်ခုဘဲကြည့်နေသမျှ ဒီလိုဘဲခက်ခဲနေဦးမှာဘဲ။ သူ့ကိုသတ္တိရှိလာအောင် ဝဉ်ကျေးသိမ်မွေ့ လာအောင်၊ ရှက်တတ်ရွံ့တတ်လာအောင် အဖက်ဖက်က (ချော့တဲ့လူလဲချော့၊ ခြောက်တဲ့လူလဲခြောက်) တွန်းထိုးပေးနေတာပါ။ တနေ့"လူ" ဖြစ်လာနိုးနဲ့ သင်ပေးနေကြတာပါ။ အလိုတော့မလိုက်နိုင်ပါဘူး၊ အလိုသွားလိုက်မိရင် နအဖ တစ်သက်လုံး "လူ" ဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘယ်သူဘာထင်ထင် သူများအိပ်ထောင်ထဲက ပိုက်ဆံကို မသိအောင်နှိုက်ယူနိုင်တဲ့ သူခိုးခါးပိုက်နှိုက် အရည်အချင်းမျိုး ကိုလဲ သားသမီးကိုချစ်ရင် အလိုလိုက် အားမပေး သင့်ဘူးလေ။

တိုတိုပြောရရင် မြန်မာပြည်ရဲ့ပြဿနာက စိတ်ဓါတ်ခြင်း ဘက်မညီတဲ့ ပြဿနာပါ။

ပြည်သူက ရင့်ကျက်သွားပြီး အစိုးရက ကလေးကြီးတွေ ဘ၀မှာကျန်ခဲ့တယ်၊ ဥဏ်ရည်အနိမ့်အမြင့်နဲ့ ဦးဏှောက်ခြင်း တဖြေးဖြေး ကွာခြားလာတယ်။ လိမ်ပြောတာကို မကောင်းမှန်းမသိဘူး ရှက်ရမှန်းလဲမသိဘူး၊ လိမ်တာကို တိမ်တောင်သဖွယ် မင်းရေးကြွယ်တယ်လို့ ဂုဏ်ယူပြောလာတယ်၊ ရွေးကောက်ပွဲလုပ်ပြီး အာဏာမလွှဲတော့ တကမ္ဘာလုံးက ပါးစပ်အဟောင်းသားဖြစ်ကုန်တာကို ရှက်ရမှန်း မသိဘူး "ဒါ အတိုက်အခံတွေကို searching fire လုပ်တာ၊ ဒါလဲ ငါတို့ပညာဘဲကွ" ဆိုပြီး ရွေးကောက်ပွဲနိုင်တဲ့လွှတ်တော် ကိုယ်စားလှယ်တွေကို အကုန်ဖမ်းထောင်ထဲထည့်လိုက်တယ်။ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို အကြမ်းဖက်တယ်၊ ဒါနဲ့ အချိန်တွေ ကြာလာတော့ ဒါမျိုးကမှ အရည်အချင်း ပညာဘဲလို့ မောင်ရင်တို့လို နအဖနဲ့ နီးစပ်သူတွေ လက်ဝေခံတွေက အထင်ကြီးလာတာ မဆန်းပါဘူး။

ခွေးကတက်က နေရနေရလို့တော့ ဒေါ်စုနဲ့ NLDကို မလုပ်ခိုင်းပါနဲ့၊ နေနိုင်ရင်လဲ မောင်ရင်တို့ဘဲ ခွေးကတက်မှာ နေကြပါ၊ အပေါစား လုပ်လွန်းတယ်လို့ဘဲ မြင်ပါတယ်။ ကိုယ့်ကိုကိုယ် နိုင်ငံရေးဂုရုကြီးတွေမှတ်ပြီး နိုင်ငံရေး စကားထူး စကားဆန်းကြီးတွေ တည်ထွင် မိန့်ကြားလာတာ ကြားရတော့ ပြုံးမိပါတယ်။ ဂျူဂျစ်ဆုနိုင်ငံရေးတဲ့၊ နိုင်ငံရေးဆိုတာ မရှိတာကိုရှိအောင် လုပ်တာတဲ့၊ လမ်းစဉ်မှန်ရင် မရှိရာကနေ ရှိလာမယ်။ လမ်းစဉ်မှားရင် ရှိရာကနေ မရှိဖြစ်သွားမယ်တဲ့၊ ဒါဖြင့် ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်က ပြည်သူချစ်တဲ့ တပ်မတော်သားဘ၀ တပ်မတော်သိက္ခာရှိခဲ့ရာက ဦးနေ၀င်း၊ န၀တနဲ့ နအဖ လက်ထက်မှာ နိုင်ငံရေးထဲ ၀င်ပါလိုက်တာ တပ်မတော်သိက္ခာ ကုန်းကောက်စရာ မရှိတော့အောင် ကျသွားတာ ဘာ့ကြောင့်လဲ သတ္တိရှိရှိ တွေးကြည့်ပါဦး။ သခင်သိန်းဖေတို့ သခင်ချန်ထွန်းတို့လို နိုင်ငံရေးရင့်ကျက်မှုတွေ၊ နိုင်ငံရေး အတွေ့အကြုံတွေ ရှိတဲ့ ၀ါရင်နိုင်ငံရေးသမားတွေရဲ့စကားလဲနားထောင်ကြဦးလေ၊ ရေးခွင့်ပြောခွင့်တွေ တန်းတူပေးကြလေ။ စစ်သားတွေဖြစ်ပြီး ဒီလိုသတ္တိရှိရှိအလုပ်မျိုး မလုပ်ရဲပါဘူး။

လွတ်လပ်ရေးကျိုးပမ်းချိန်က ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်အစိုးရအဖွဲ့ထဲဝင်ပါပြီး ရန်သူနဲ့ အဆင်ပြေအောင် အလုပ်ဖြစ်အောင် လုပ်နိုင်ခဲ့ပေမဲ့ ဒေါ်စုက နအဖနဲ့ လက်တွဲမလုပ်နိုင်ရကောင်းလား အပြစ်တင်စကားပြောတာ မကြာခဏကြားဘူးပါတယ်။ အခြေအနေခြင်း မတူပါဘူး၊ အခြေအနေခြင်း ပြောင်းပြန်ကြီးကို တူသလိုလို ရောချတဲ့ နေရာမှာတော့ ထိပ်ကဘဲ၊ ဗြိတိသျှက သူတို့လက်ထဲက တိုင်းပြည်လွတ်လပ်ရေး တောင်းဆိုကျိုးပမ်းသူ ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကို အစိုးရအတိုင်ပင်ခံကောင်စီဖွဲ့ဖို့ ဖိတ်ခေါ်တာပါ။ လွတ်လပ်ရေးပေးချင်သူ၊ လုပ်ပိုင်ခွင့်ရှိသူက ဗြိတိသျှအစိုးရပါ။ လွတ်လပ်ရေးလိုချင်သူ ဗိုလ်ချုပ်အောင်ဆန်းနဲ့ မြန်မာနိုင်ငံရေး သမားတွေကို နယ်ချဲ့ဗြိတိသျှက လေးလေးစားစားဆက်ဆံပြီး အစိုးရအဖွဲ့ထဲဝင်ပါကြဘို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အလုပ်ဖြစ်အောင် လုပ်သွားပါတယ်။ မြန်မာပြည်လွတ်လပ်ရေး ရသွားပါတယ်။ အတုယူစရာ အင်မတန်ကောင်းပါတယ်။

မြန်မာပြည်မှာလဲ လုပ်ပိုင်ခွင့်ရှိသူ နအဖအစိုးရက အလုပ်ဖြစ်အောင်လုပ်ချင်ရင် ဗြိတိသျှအစိုးရလုပ်ခဲ့သလို ၁၉၉၀ ရွေးကောက်ပွဲ နိုင်သူကို ဖိတ်ခေါ် ညှိနှိုင်းဆွေးနွေးလိုက်ရုံပါဘဲ၊ ဒီလိုမလုပ်ဘဲ ရွေးကောက်ပွဲနိုင်သူ တစ်ယောက်မကျန် အကုန်ဖမ်းထောင်ထဲထည့် နှိပ်စက်ခဲ့တာပါ၊ လက်တွဲတွေ့ဆုံဆွေးနွေးဘို့ ကမ္ဘာသိ အကြိမ်ကြိမ်ဖိတ်ခေါ်နေတာက NLDပါ။ ဒေါ်စုပါ။ လုပ်ပိုင်ခွင့်ရှိပေမဲ့ အတွေ့မခံရဲဘဲ ထွက်ပြေးနေတာက နအဖပါ။ ဒီမိုကရေစီတောင်းဆိုသူ ဘုန်းကြီး၊ မယ်သီလ၊ ကျောင်းသား၊ အငြိမ့်လူရွှင်တော်ပျက်လုံး ပျက်သူတွေကအစ မကြားဘူးတဲ့ ထောင်ဒဏ်နှစ်ရှည်တွေချနေတာ နအဖပါ။ ဒေါ်မန်စမစ်နဲ့ မတူပါဘူး၊ တလောက ဒေါ်စုက နအဖရဲ့ ၁/၂၀၀၇ ကို ကျွန်မနဲ့အားလုံးပူးပေါင်းလက်တွဲကြပါလို့ ပြန်ဖိတ်ခေါ်လိုက်မိတာနဲ့ နအဖစစ်ဗိုလ်ကြီးတွေ အကြောက်လွန်ပြီး လှည့်ပြေး လိုက်ကြတာ အုန်းအုန်း ထသွားတာဘဲ မှတ်မိပါတယ်။

မောင်ရင်တို့နှိုင်းရှင်ပြတဲ့ အခြေအနေနှစ်ခုက ပြောင်းပြန်ကြီး ဖြစ်နေပါတယ်။ ဒီလောက်တော့ သိဘို့ကောင်းပါ တယ်၊ ဒါကိုမှ မသိရင် နိုင်ငံရေးအကြောင်းပြောရတာ လက်ဝင်ပါတယ်၊ ဘက်မညီတော့ ကျွန်တော်ပျင်းပါတယ်။

ဗိုလ်ချုပ်နေ၀င်း၊ ဗိုလ်ချုပ်စောမောင် ဗိုလ်ချုပ်သန်းရွှေ မြန်မာတပ်မတော် ခေါင်းဆောင်အဆက်ဆက် နာမည်ဆိုးနဲ့ သမိုင်းကျန်ခဲ့မှာ မကြောက်သူတွေ၊ တိုင်းပြည်ရဲ့ အဓိကပြဿနာတွေကို မဖြေရှင်းရဲဘဲ ရှောင်ပြေးပုန်းနေသူတွေ၊ ကိုယ့်အကျိုးစီးပွားတစ်ခုနဲ့ တိုင်းပြည်အကျိုးစီးပွားကို ဖျက်ဆီးပြစ်သူတွေ၊ တိုင်းပြည်ဥစ္စာပစ္စည်းတွေခိုးဝှက်ယူငင် စားသောက်သူတွေ၊ စည်းမဲ့ကမ်းမဲ့ လက်နက်ကိုင် လူရမ်းကား သာသာတွေမို့ တိုင်းပြည်ခေါင်းဆောင်၊ အမျိုးသားခေါင်းဆောင် မဖြစ်ခဲ့ကြတာပါ။ ပြည်သူတွေကို မှန်ကန်တဲ့ နည်းလမ်းပြဘို့ နေနေသာသာ တိုင်းပြည်နစ်နာအောင်၊ အကျိုးမဲ့အောင် လုပ်ခဲ့သူတွေဘဲဆိုတာ သမိုင်းက အထင်အရှားသက်သေ ခံနေပါတယ်။

ဝမ်းသာစရာတစ်ခုနဲ့အဆုံးသတ်ရရင် ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံရောက်ရောက် ကျွန်တော်တို့ မြန်မာလူမျိုးတွေ အင်မတန်မျက်နှာပွင့်တာ တစ်ခု ရှိပါတယ်။ လမ်းမှာတွေ့တဲ့ သူတို့လူမျိုးတွေက ဘယ်နိုင်ငံကလာလဲ၊ ဘာလူမျိုးလဲ မေးရင် မြန်မာနိုင်ငံက မြန်မာလူမျိုးလို့ပြောရင် ကောင်းကောင်းမသိပါဘူး၊ ဂျပန်က ဘိရုမာမှသိတယ်၊ တရုပ်က မြန်ဒင်းမှသိ၊ ပြင်သစ်က ဗြန်မာနီမှသိနဲ့ တော်တော်ရှင်းရပါတယ်။ ခဏခဏ မေးခံရလို့ အကောင်းဆုံးအလွယ်ဆုံးကတော့ ငါတို့ အောင်ဆန်းစုကြည်လူမျိုး၊ အောင်ဆန်းစုကြည် နိုင်ငံကလို့ ဖြေလိုက်တာနဲ့ ကြားတဲ့သူအပေါင်းက မျက်နှာဝင်းပသွားပြီး Oh! Good. I respect her. She is very brave but your army is not good. ဆိုပြီး ရိုရိုသေသေဆက်ဆံပြီး ခင်မင်လေးစား သွားကြပါတယ်။ မြန်မာလူမျိုးဆိုတာ မကြားဘူးသူတွေတောင်မှ ဒေါ်စုနာမည်ကိုသိကြ ချစ်ကြ ပါတယ်။ လေးစားကြပါတယ်၊ ဒေါ်စုကြောင့် ကမ္ဘာမှာ မြန်မာဖြစ်ရတာ သိပ်ဂုဏ်ရှိပါတယ်၊ နိုင်ငံခြားရောက်ဘူးသူ မြန်မာတိုင်း ကြုံဘူးမှာပါ။ ဒါကိုကြည့်ရင် သာမန်ကမ္ဘာ့ပြည်သူတွေ မြန်မာ့အရေးမှာ ဘယ်လောက် စိတ်ဝင်စားတယ်၊ မြန်မာနိုင်ငံက ဒီမိုကရေစီ တောင်းဆိုသူတွေကို ဘယ်လောက်အားပေးတယ်ဆိုတာ ရှင်းပါတယ်။ မောင်ရင်တို့ ခံနိုင်ရည်မရှိ တနေ့တနေ့ ကိုယ့်စိတ်ကိုယ်ဖြေ တွေးနေရင် နွားခြေရာခွက်ထဲက ဖားသူငယ်လို ဖြစ်သွားပါလိမ့်မယ်။

ခုနောက်ဆုံး မြန်မာနအဖအစိုးရဟာ သူတို့ဘက်က ဘာမှပြုပြင်ပြောင်းလဲမှု မရှိဘဲ သူတို့အလိုကို အတိုက်အခံဘက်က အားလုံးလိုက်လျှော ပေးရမယ်၊ တကမ္ဘာလုံးက နအဖကို ကလေးဆိုးကြီးတစ်ယောက်လို ချော့မြူပေါင်းသင်းရမယ်၊ NLDက ၂၀၀၈ အခြေခံဥပဒေကို အသိအမှတ် ပြုရမယ်၊ ၂၀၁၀ ရွေးကောက်ပွဲကို ၀င်ပြိုင်ပေးရမယ်၊ နအဖအစိုးရနဲ့ ပူးပေါင်းရမယ်လို့ တောင်းဆို လာပါတယ်။ ၂၀၁၀မှာ NLDပါဘို့ နအဖက မျှော်လင့်ချင်သေးရင် ဒီအတိုင်းတော့မရပါဘူး။ နအဖ ဒီအတိုင်းသွားရင် NLD ရွေးကောက်ပွဲမ၀င်ပါဘူး။ ၂၀၁၀အပြီးမှာ နအဖပေးမဲ့ political space ကို NLDက မမက်လောက်ပါဘူးဆိုတာ ကျွန်တော် အကြိမ်ကြိမ် ပြောပြီးပါပြီ။ မမျှော်ပါနဲ့။

ဒါတွေဘဲ ခဏခဏရေးရတာ ညီးငွေ့လာပါပြီ။ ဒီထက် အတွေးသစ်ကလေးဘာလေး လုပ်ကြပါဦး။ ရေးရတာစိတ်မပါလို့ စာတွေလဲ တောင်ရောက် မြောက်ရောက်နဲ့မို့ သီးခံပြီး ဖတ်ကြပါဗျာ။

စေတနာဖြင့်၊

ကိုဂျူး

You received this email because you are subscribed to the real_time feed for http://padaukmyay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.