Tuesday, December 2, 2008

[မိုးလှိုင်ည] 1 New Entry: သူစိမ်း

သူစိမ်း

အဆုံးစွန်ဆုံး မြို့တစ်မြို့ကိုရောက်ခဲ့တုန်းက

ဒေသခံတွေက သူတစ်စိမ်းလိုကြည့်တယ်

ငါက သူစိမ်းပဲ….။

မျက်လုံးအရောင်က

ကောင်မလေးတွေကို ဆွဲဆောင်နိုင်တာလား

သိပ်သေချာတာပေါ့…

တစ်ခုတော့ရှိတယ်

ပိုက်ဆံက အဲဒီထက်ပိုသေချာတယ်….။

ငိုမနေပါနဲ့တော့

အဲဒီနာကျင်ခြင်းဟာအတုကြီးပါ…

ဘယ်တော့မှမမေ့ပျောက်နိုင်တဲ့နာကျင်ခြင်းကမှအစစ်

အဲဒီအတွက်လည်း ငိုကျွေးဖို့မလိုအပ်ဘူး

ဒီကနေ့ဖြစ်နေတာတွေအားလုံး

မနေ့ကဖြစ်ပြီးသားတွေနဲ့ သိပ်မထူးခြားဘူးမို့လား

အဓိပါယ်ကို ဆေးထပ်သုတ်ထားလိုက်ပါ…

ခင်ဗျားမဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊

ဆွေမျိုးရင်းချာမဟုတ်ဘူး၊ မိတ်ဆွေသူငယ်ချင်းမဟုတ်ဘူး၊

သူစိမ်းတစ်ယောက်ပဲ….။


မိုးလှိုင်ည

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.