Tuesday, December 2, 2008

[ဆောင်း] 1 New Entry: ကိုယ်တွေ့ပုံပြင် - စိတ် နဲ့ ဆက် ရန်...

ကိုယ်တွေ့ပုံပြင် - စိတ် နဲ့ ဆက် ရန်...


ကျမ တကယ်တော့ ဒီပို့စ်ကို မရေးနိုင်ပါဘူး။ စိတ်ဆိုတဲ့ ပို့စ်အဆက်နဲ့ ပတ်သက်လို့ ကျမရဲ့ စာအားပေးနေသူတွေထဲက စာဖတ်သူတစ်ဦးက မေးလ်နဲ့ ကူညီချင်တယ် လို့ ပြောလာတော့ ၀မ်းသာမိသလို ၀မ်းနည်းမိ ပါတယ်ရှင်။

အခု ကျမရေးချင်တဲ့ ပို့စ်ရဲ့ လင့်ကို စေတနာရှင့် ဆီ ပို့ထားပါတယ်။ သူအချိန်ရရင် ဘာသာပြန်ပေးမှာပါ။ သူ့စာသားလေးတွေကို အမှတ်၎ အဖြစ်နဲ့ တင်ပေးပါရစေနော်

စာဖတ်သူတွေကလည်း ကြိုဖတ်ချင်ရင် ဖတ်လို့ရအောင် လင့်ပေးပါမယ်။ (လင့်ချင်းက တော့ မတူပါဘူး။)
http://women.timesonline.co.uk/tol/life_and_style/women/relationships/article5151126.ece

ကျမ ဒီပို့စ်တွေ ရေးသားရတဲ့ အချက်က ဘာ့ကြောင့်လဲ ဘာများဖြစ်နိင်ခြေရှိလဲ ဆိုတဲ့ ကျန်းမာရေးရှု့ဒေါင့်ဘက် က အတွေးနဲ့ စာဖတ်သူတစ်ဦး အမြင်အနေနဲ့ရေးသားတာ ဖြစ်ပါတယ်။

ဥပမာ လူတစ်ဦးက အရမ်းဆင်းရဲတယ် ချမ်းသာတဲ့သူနဲ့ နီးကပ် ဆက်စပ်တာမျိုးဖြစ်ရင် သူ့မှာ ချမ်းသာချင်မှာဘဲ။ စိတ်ကူးယဉ်ပြီး စိတ်ကို ဖြေသိမ့်ချင်မှာဘဲ။ ဒါ့ကြောင့် ချမ်းသာတဲ့ဘ၀ အကြောင်းကို အတွင်းသိသိ ခရေတွင်းစေ့သိနေတဲ့အတွက် ချမ်းသာတဲ့သူတွေရဲ့ အပြုအမှု အနေအထိုင် အသုံးအစွဲ စသဖြင့် ချမ်းသာသူတွေအကြောင်းကို ကိုယ်တိုင် ဖြစ်သလိုလို စိတ်ကူးယဉ် ဖန်တီး တွေးခေါ်ပြီး စိတ်ဖြေနေတာမျိုး ဖြစ်နိုင်တယ်လို့ ရေးပြချင်တာပါ။

လူတကာက ချက်တာ ပြုတ်တာ ခရီးသွားအတွေ့အကြုံတင်တာ ကို ကိုယ်ပိုင်ဘလော့မှာ တင်တယ်။ ဒါကို အားကျတယ်။ တင်ချင်ပေမဲ့ ကိုယ့်မှာ ကင်မရာ မရှိရင် ဘာမှ မလုပ်နိုင်ဘူး။ ဒါကြောင့် အလကားရတဲ့ အင်တာနက် က ရှာဖွေပြီး ကိုယ်လုပ်သလိုလို ကြွားတာမျိုး ဆိုတာလည်း စိတ်ခံစားချက်လို့ ထင်မိလို့ပါ။

ဘာ့ကြောင့် ကျမ ဒီအတွေးပေါ်ရသလဲ ဆိုရင် စင်္ကာပူ တီဗွီဇတ်လမ်းလေးကို ကြည့်ထားမိလို့ပါ။ အဲဒါကို အပိုင်း ၅မှာ တင်ပြပေးပါမယ်။ အခုတော့ အပိုင်း၎ ကို ဘာသာပြန်ပေးမဲ့ စေတနာရှင်ရဲ့ ပို့စ်လေးကို စောင့်ပါရစေနော်

အချိန်ယူဖတ်ပေးတဲ့အတွက် အလွန်မှ ကျေးဇူးတင်ပါတယ်။ စာဖတ်သူတွေကို ညှင်းဆဲနေတယ်လို့ မထင်ပါနဲ့နော်

ကျေးဇူးတင်လျက်

(သြော်ဒါနဲ့ ကူညီမယ်လို့ ပြောလာတဲ့သူက ဘလော့ကာကိုကိုမောင် မဟုတ်ပါဘူးရှင်။ ကို ကိုကိုမောင် ကိုလည်း ကျမရဲ့ စာတွေကို ဖတ်ရှု့အားပေးလို့ ကျေးဇူးတင်ပါတယ်။)

You received this email because you are subscribed to the real_time feed for http://saundoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.