Tuesday, December 2, 2008

[ရေခဲပြင်ထဲမှာပွင့်တဲ့ပန်း သို့မဟုတ် ခွန်မြလှိုင်] 2 New Entries: သတိ!!! မိုးနတ်မင်း ပြုံးနေသည်...

သတိ!!! မိုးနတ်မင်း ပြုံးနေသည်...

တကယ့်ကို မိုးကောင်းကင်က ပြုံးနေတာပါ။ ဂျူပီတာခေါ် ကြာသပတေးကြယ်၊ ဗီးနပ်စ်ခေါ် သောကြာကြယ်နဲ့ လတို့ ကောင်းကင်မှာ ဒီလို ဆုံဖို့ သိပ်ခဲယဉ်း ပါတယ်။ ခုတော့ သူတို့ ပေါင်းစုလို့ အပြုံး တစ်ပွင့် ကောင်းကင်မှာ ငွားငွားစွင့်စွင့် ပေါ်ခဲ့ပါပြီ။ ဒီည ကျွန်မ မျက်စိနဲ့ တပ်အပ် မြင်ခဲ့ရပါပြီ။ ကင်မရာ နဲ့ သေချာ ရိုက်ယူ ခဲ့ပေမယ့် တနေရာမှာ မေ့ကျန်ခဲ့လို့ နက်ဖြန်မှာ ကျွန်မတို့ ရိုက်ယူ ခဲ့တဲ့ ပုံကို တင်ပါ့မယ်။ လောလောဆယ် တခြား နိုင်ငံတွေက တင်ထားတဲ့ ဓာတ်ပုံတွေကို ဒီလင့်ခ်ကနေ ယူပြီး ပြန်လည် မျှဝေ လိုက်ပါတယ်။







ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့

၁၉၈၈ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ (AIDS) ကာကွယ်ရေးအတွက် အပြည်ပြည် ဆိုင်ရာ ကျန်းမာ ရေး ၀န်ကြီးများ ထိပ်သီး အစည်းအဝေး ပွဲမှာ တကမ္ဘာလုံးက အစိုးရတွေ၊ နိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့ အလှူရှင် တွေက ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ ကျင်းပဖို့ စတင် ဆွေးနွေး ခဲ့ကြပါတယ်။ HIV virus ပျံ့နှံ့ကူးစက်မှုကြောင့် AIDS ရောဂါ ကပ် ဘေးကြီး ကမ္ဘာအနှံ့ ပြန့်ပွားမှုကို သတိရှိမှု မြှင့်တင်ဖို့ ကမ္ဘာ့ AIDS နေ့ကို ဒီဇင်ဘာ တစ်ရက်နေ့ တိုင်းမှာ ကျင်းပဖို့ ဒီ အစည်းအဝေးက သတ်မှတ် ခဲ့ပါတယ်။

အဲဒီအချိန်က စပြီး ၂၀၀၄ ခုနှစ် အထိ ကုလသမဂ္ဂ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေး အစီအစဉ် ကြီး (UNAIDS) က ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်းများရဲ့ တိုင်ပင် အကြံပြုချက် များနဲ့အတူ ကမ္ဘာ့ AIDS နေ့ လှုပ်ရှား မှု အတွက် ဆောင်ပုဒ်များ နှစ်စဉ် ရွေးချယ် ခဲ့ပါတယ်။ ၂၀၀၅ ကနေ ၂၀၁၀ အထိကိုတော့ ကမ္ဘာ့ အေအိုင်ဒီအက်စ်နေ့ လှုပ်ရှား မှု အဖွဲ့ကြီး (WAC) က "အေအိုင်ဒီစက် ရပ်တန့်ပါ၊ ကတိတည်ပါ" ဆိုတဲ့ ဆောင်ပုဒ် ကို ရွေးချယ် ခဲ့ပါတယ်။

၂၀၀၈ ခုနှစ် အတွက်ဆောင်ပုဒ်ကိုတော့ "အေအိုင်ဒီစက် ရပ်တန့်ပါ၊ ဦးဆောင်မှု၊ လုပ်ပိုင်ခွင့်၊ ကယ်ဆယ်ရေး နဲ့ မျှော်လင့်ချက်ပေးဖို့ ကတိတည်ပါ" လို့ သတ်မှတ် ခဲ့ပါတယ်။

အေအိုင်ဒီအက်စ် ဝေဒနာရှင်များအပေါ် ထားတဲ့ ဂရုဏာကို ပြသဖို့ ဂရုဏာ အတွေးနဲ့ သွေးချင်း ဆက်သွယ်မှု ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဖဲကြိုးနီ သင်္ကေတကို ၁၉၉၁ ခုနှစ်မှာ နယူးယောက်မြို့ အခြေစိုက် Visual AIDS အနုပညာရှင်များ အသင်း အစည်း အဝေး က ဖန်တီးခဲ့ပါတယ်။ ဒီဖဲကြိုးနီ သင်္ကေတဟာ ဘယ်အဖွဲ့အစည်းရဲ့ မူပိုင်ခွင့်မှ မဟုတ်ဘဲ လူသားတိုင်း AIDS ရောဂါ အပေါ် သတိရှိမှု မြှင့်တင်ရေး အတွက် အသုံးပြုနိုင် တယ်လို့ ဆိုပါတယ်။ ဘယ်သူမှ ဒီသင်္ကေတကို အသုံးပြုပြီး စီးပွားရှာဖွေဖို့ အသုံးပြုခွင့် မရှိပါဘူး။

AIDS ရောဂါကြောင့် လူပေါင်း ၂၅ သန်းဟာ ၁၉၈၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ် အကြားမှာ သေဆုံးခဲ့ကြပြီး အဲဒီဝေဒနာရှင်တွေ ထဲမှာ ကလေးငယ် ၂သိန်း ၇သောင်းလဲ ပါဝင် တယ်လို့ မှတ်တမ်းများက ဆိုပါတယ်။ ကမ္ဘာ နဲ့ အ၀ှမ်း ၂၀၀၇ မှာ AIDS ရောဂါကို ဖြစ်စေတဲ့ HIV virus ကူးစက်ခံထားရသူ ပေါင်း ၃၃သန်း ရှိတဲ့ အတွက် ကမ္ဘာ့ သမိုင်း တလျှောက် ဖျက်စွမ်းအား အမြင့်ဆုံး ကပ်ရောဂါ ပျံ့နှံ့မှု လို့ သတ်မှတ် ခဲ့ရပါတယ်။ AIDS ရောဂါ ပျောက်ဆေး မပေါ်သေးသလို ရောဂါကို ထိန်းချုပ်နိုင်တဲ့ ဆေးကို သုံးဖို့ လက်လှမ်းမီသူ ၂သန်းသာ ရှိပြီး လက်ရှိ အခြေအနေ အတိုင်းဆက်သွားမယ် ဆိုရင် ၂၀၁၀မှာ တစ်သန်းထက် ပိုတဲ့ ကလေးငယ်တွေဟာ AIDS ရောဂါကြောင့် သေဆုံး နိုင်တယ်လို့ ဆိုပါတယ်။



AIDS ဝေဒနာရှင်တွေအပေါ် အဆိုးမြင်မှုနဲ့ လူတန်းစား ခွဲခြား ဆက်ဆံမှုကို အဆုံးသတ်ရန်၊ ဒီအချက်တွေ ကြောင့် ရပ်တန့် နေရတဲ့ HIV ပိုး ပျံ့နှံ့မှုကို တားဆီးရေး ပညာပေးမှု နဲ့ ကုသမှု ရရှိဖို့ ၀န်ဆောင်မှုတွေ ပေးတဲ့ နေရာမှာ လူတိုင်းဦးဆောင်ခွင့်၊ လုပ်ပိုင်ခွင့်နဲ့ ကယ်ဆယ်ခွင့် ရရှိစေဖို့ လူမှု အဖွဲ့အစည်းတိုင်းနဲ့ နိုင်ငံတိုင်းမှာ လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာဘန်ကီမွန်းက ဒီနှစ်အတွက် တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ကျွန်မတို့ မြန်မာ နိုင်ငံမှာရော ဘယ်အခြေအနေ ရောက်လို့ ဘာတွေ လုပ်ပြီးပြီလဲ။


You received this email because you are subscribed to the real_time feed for http://khunmyahlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.