Tuesday, December 2, 2008

[ချင်းမလေး] 1 New Entry: မိုးရာသီအလွမ်း

မိုးရာသီအလွမ်း


ကြယ်တွေမငိုပါဘူး
ဒါပေမယ့်ငါငိုနေတယ်လေ
နင့်ကိုလွမ်းလို့ .......
ငါ့ဘ၀ထဲကအပြီးအပိုင်
နင်ထွက်သွားတဲ့ နေ့ 
အဲံဒီနေ့ ကမိုးတွေရွာလိုက်တာများ
မစဲနိုင်သေးတာအခုချိန်ထိလေ.....
ငါ့ရင်ခွင်မိုးစိုစိုမှာ
ငါ့ပါးပြင်နှစ်ဖက်စိုနေခဲ့တာ
နင်သိနိုင်ပါ့မလား
ထီးတစ်ချောင်းနဲ့ ကောင်မလေး
မိုးရေတွေထဲ
နင်ပြန်အလာကိုရပ်စောင့်နေတယ်ဆိုတာ
နင်သာသိရင်
ငါ့ဆီအပြေးပြန်လာမှာလား
ငါ့ကွယ်ရာမှာငါ့ကိုလှောင်ပြောင်နေရော့မလား
ဒီအတွေးတွေနဲ့ 
ငါ့အိပ်ရာတောင်ရေမလောင်းပါပဲ
စိုနေခဲ့တာလေ......
ရင်တွင်းဝေဒနာတွေအကြောင်းလဲ
ရင်ဖွင့်မပြောချင်တော့ပါဘူး
နင်ပြန်လာမယ့်နေ့ ကို
မျှော်နေမယ်........

You received this email because you are subscribed to the real_time feed for http://kiim-dreamangel.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.