Tuesday, December 2, 2008

[ကေ.တီ.အမ်] 1 New Entry: ကျွန်နုပ်၏ စာမျက်နှာ

ကျွန်နုပ်၏ စာမျက်နှာ

ကျွန်နုပ်၏ စာမျက်နှာ

မရည်ရွယ်ပဲ ကျလာတဲ့
မိုးစက်တွေအတွက်
နာကျင်စေခဲ့မိရင်
နေရောင်ခြည်တွေနဲ့
နွေးထွေးပါစေ

မျက်ဝန်းတွေကို
ခဏလောက် ကြည့်ပေးပါ
နားကျဉ်းစရာများ မြင်တွေ့ခဲ့ရင်တော့
ကျောက်ဖျာထပ်မှာ နှင်းဆီပန်းတွေ
စိုက်ပျိုးထား … ပြီးသားပါ

မင်းတစ်ယောက်တည်း
ကြေကွဲ ငိုကြွေးနေတယ် မထင်ပါနဲ့
မရည်ရွယ်ပဲ ကျလာတဲ့
မိုးစက်တွေထဲက မျက်ရည်တွေကို
မင်းသတိမထားမိတာပါ

ခြေလှမ်းတိုင်းလည်း
မင်းခြေလှမ်းတွေနဲ့
ကမ္ဘာမြေထဲက ငါ့ခြေလှမ်းတွေ
ထပ်တူကျလွန်းလို့
တို့နှစ်ယောက်အရိပ်က
အမြဲတစ်ခုတည်းဆိုတာ မင်းမသိလို့ပါ

ကေ.တီ.အမ်

You received this email because you are subscribed to the real_time feed for http://ktm-smile.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.