Tuesday, December 2, 2008

[ဆူးပြတိုက်] 1 New Entry: “ သွေး...ယူရမယ့် မနက်ဖြန်”

" သွေး...ယူရမယ့် မနက်ဖြန်"



``သွေးယူရမယ့် မနက်ဖြန်´´
ငါတို့ ရဲ့ မနက်ဖြန်ကို......
ငါတို့ ကိုယ်တိုင် သွေးယူရလိမ့်မယ်
ပြန်မရနိုင်တော့တဲ့ တမ်းတစိတ်နဲ့ 
အပေါင်ဆုံးလက်မှတ်ကြီးကိုင်ပြီး..
ငိုင်နေရမယ့် ဘ၀တွေမဟုတ်ပါဘူး......
အားလုံးရဲ့  ပိုင်ဆိုင်မှုကို...
ငါတို့  ပေါင်နှံခဲ့တာမှ မဟုတ်တာ...။
အရိုးဘဲကိုက်ဘူးတဲ့ ခွေးတစ်အုပ်က
လက်ဝါးကြီးအုပ်ပြီး ဘုရင်လုပ်ချင်နေတာလေ...။
ခင်ဗျားဖြစ်ဖြစ် ကျုပ်ဖြစ်ဖြစ်...
မင်းဖြစ်ဖြစ် ငါဖြစ်ဖြစ်.....
တိုက်ပုံနဲ့ ရင်ဖုံးဝတ်ပြီး....
ကိုယ့်ကိုကိုယ် မှန်ထဲမှာ
ရဲရဲပြန်ကြည့်ရဲတဲ့ တစ်နေ့ ....
ငါတို့ တစ်နေရာမှာ ပြန်ဆုံရလိမ့်မယ်..။
နွားကွဲလို့ ကျားဆွဲတာ
လူကြားကောင်းပေမယ့်...
ကျားကွဲလို့  ခွေးဆွဲတာ.....
ရာဇ၀င်နာတယ်..။
..........
ငါတို့ အပေါင်ဆုံးသွားတာ မဟုတ်ပါဘူး
အလုခံထားရတာပါ
ဘယ်နေ့ နောက်ဆုံးဆိုတာ...
သတ်မှတ်ချက်မရှိတဲ့ တိုက်ပွဲ
ဇွဲရှိမယ်ဆို.......
မနက်ဖြန်တိုင်းဟာ.....တိုက်ပွဲဘဲဟေ့..။

သစ်နက်ဆူး

You received this email because you are subscribed to the real_time feed for http://thitnetsue22.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.