Tuesday, December 2, 2008

[dawnmanhon(ဒေါင်းမာန်ဟုန်)] 2 New Entries: ဒီပဲယင်း (၆၆)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား

ဒီပဲယင်း (၆၆)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား


၂၀၀၈.၁၁.၃၀ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့၊ရှီနာဂါဝါမြို့နယ်တွင်ရှိသော နအဖအခွန်ရုံးရှေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)မှ အဖွဲ့ချုပ်အဖွဲ့ဝင်များဦးဆောင်ပြီး ဂျပန်နိုင်ငံရှိအဖွဲ့အစည်းအသီးသီးတို့မှပူးပေါင်းပါဝင်ပြီး ဒီပဲယင်းတွင်ကျဆုံးသွားသော ကျဆုံးသွားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၀င်များနှင့် လုပ်သားပြည်သူများအားအလေးပြုဂါဝရပြုခြင်း၊ စစ်တပ်မှ မတရားကြံစည်သတ်ဖြတ်ခြင်းအား ၀မ်းနည်းကြောင်းနှင့် အဖြစ်မှန်ဖော်ထုတ်ပေးရန် တောင်းဆိုဆန္ဒပြသူပေါင်း (၂၀၀) တတ်ရောက်ခဲ့သည်။
သတင်း။ ။ nld (la)japan

မြန်မာ စစ်ထောက်လှမ်းရေး တစ်ဦး မလေးရှားတွင် ဖမ်းမိ

နိုဝင်ဘာ ၂၃ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့ ရှိ Prince ဟိုတယ် အတွင်း ကျင်းပ ပြုလုပ်သည့် မြန်မာ့ တိုင်းရင်းသား ခေါင်းဆောင် အချို့ နှင့် NCGUB မှ လူကြီးများ မြန်မာ့နိုင်ငံရေး အခြေအနေ နှင့် ပြည်သူများ စားဝတ်နေရေး လက်ရှိအခြေအနေ ဆွေးနွေးပွဲသို့ နအဖ စစ်အုပ်စုမှ ထောက်လှမ်းရေး စေလွှတ်ပြီး သတင်းရယူခဲ့ကြောင်း သိရှိရသည်။

စေလွှတ်ခံရသူ ထောက်လှမ်းရေးမှာ မျိုးမြင့်မောင် ဖြစ်ပြီး၊ ၎င်းအား ဓါတ်ပုံရိုက် သတင်းယူခိုင်းခြင်း ဖြစ်ကြောင်း သိရသည်။ သူသည် အစည်းအဝေး ခန်းမအတွင်း ဓါတ်ပုံများ ရိုက်နေစဉ် မသင်္ကာသဖြင့် အစည်းအဝေး တက်ရောက်ကြသူများမှ ခေါ်ယူမေးမြန်းရာတွင် မိမိမှာ စစ်ထောက်လှမ်းရေး ဖြစ်ကြောင်း အဖြစ်မှန်ကို ဝန်ခံခဲ့သည်။ ၎င်းထံမှလည်း သက်သေခံ အထောက်အထား စာရွက်စာတမ်းများ တွေ့ရှိရကြောင်း ပြောသည်။

သို့ရာတွင် အစည်းအဝေး တက်ရောက်လာကြသူများမှ ၎င်းအား တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ပြန်လွှတ် ပေးလိုက်သည်ဟု သိရသည်။

နအဖ အစိုးရသည် ငွေကြေး အမြောက်အများ သုံးစွဲကျခံလျှက် ပြည်ပတွင် နေထိုင်လျှက်ရှိသည့် မြန်မာလူမျိုး များအား ခြိမ်းခြောက် နှောင့်ယှက်မှု အမျိုးမျိုးပေး၍၊ ပြည်ပရှိ မြန်မာ နိုင်ငံဆိုင်ရာ သတင်းဌာနများ၊ ဘလော့ဂ်များ၊ အတိုက်အခံများကို သဲသဲမဲမဲ တိုက်ခိုက်နေကြောင်းလည်း သတင်းရရှိသည်။

ထိုကဲ့သို့ အခြားနိုင်ငံ တစ်နိုင်ငံ၏ ပိုင်နက်အတွင်း၊ အထူးသဖြင့် အာဆီယံ နိုင်ငံများအတွင်း မြန်မာ အစိုးရသည် မြန်မာနိုင်ငံသံရုံးမှ တဆင့် ထောက်လှမ်းရေးများ စေလွှတ် သတင်းရယူလျှက် ရှိကြောင်း သိရှိရသည်။

မှတ်ချက် ။ ။ http://seeburma.com/?p=912&langswitch_lang=mm မှ ကူးယူမျှဝေပါ၏ ။

You received this email because you are subscribed to the real_time feed for http://www.dawnmanhon.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.