Sunday, December 21, 2008

[Random] 1 New Entry: မန်းလေးအပြန်လက်ဆောင်များ

မန်းလေးအပြန်လက်ဆောင်များ

နန်းညီလေးတစ်ယောက်.. ၁၇ ရက်နေ့က မန္တလေးရွှေမြို့တော်ကြီးမှ ရန်ကုန် Home Sweet Home သို့ ဘေးမသီ ရန်မခ.. ပျော်ရွှင်စွာ ကျန်းမာစွာနဲ့ ပြန်ရောက်လာပါတယ်.. ပြန်လာတဲ့အထိတော့ ဘေးမသီ ရန်မခပါပဲ.. အိမ်ပြန်ရောက်ကာမှ ဖြစ်တော့တာ.. အိပ်နေတုန်း ဖုန်းမြည်လို့ ပြေးကိုင်တာ.. ခြေကျင်နေတာကို ကိုယ့်ဘာသာမသိဘဲ ခြေထောက်ထောက်လိုက်တော့ ခြေကအဆစ်လည်သွားပြီး ဘုန်းကနဲကို ပြုတ်ကျတော့တာပဲ.. အဲဒါ အခု ခြေထောက်က ရောင်နေလို့ ဆေးလိမ်း ပတ်တီးစီးထားရတယ်.. လမ်းလျှောက်တာလည်း ထော့နဲ့ထော့နဲ့.. ဘာပဲပြောပြော ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်လာတော့ ပျော်ပါ၏.. မန်းလေးကနေ အားလုံးအတွက် မုန့်တွေ လက်ဆောင်တွေပါတယ်.. Read More လေးကို နှိပ်ပြီး စားသွားကြဦးနော်.. လက်ဆောင်တွေလည်း စိတ်ကြိုက်သာ ယူသွားကြပါ.. နန်းညီရဲ့ ဓာတ်ပုံအစွမ်းလေးကိုလည်း ဝေဖန်သွားကြပေါ့..

ဒါက ပဲမြစ်.. အပြားလည်းပါတယ်.. ကြိတ်ထားပြီးပြန်ပေါင်းထားတာလို့ ပြောတယ်..

ဒါက ငှက်ပျောသီးမုန့်.. ကျောက်ကျောနဲ့ စိန်ဖေကြီးဆိုတဲ့မုန့်ပါ..

ဒါက မုန့်ကျောက်ပေါက်တဲ့.. မုန့်ဆီကြော်ကို မြေပဲထည့်ထားတာပါပဲ..

ရောင်းတဲ့သူကပြောတဲ့ မုန့်လုံးကြီး (နန်းညီမြင်တာတော့ အပြားလေးတွေပါ)

အချဉ်ပေါင်းတွေ .. နန်းညီကတော့ မကြိုက်ပေမယ့် ကြိုက်တဲ့သူတွေ စားလို့ရအောင်..
ဒါက သီးသီး အခြောက်တဲ့

ဒါက မက်မန်းသီး

ဒါက .. .. ဘာတဲ့.. .. အော် ဒုက္ခပဲ.. ပါးစပ်ဖျားတင်ပါ.. အော် သိပြီ.. စောင်းလျားသီး စောင်းလျားသီး

ဒါကတော့ မမတွေ ညီမလေးတွေ အန်တီတွေအတွက် လက်ကောက်လေးတွေ


ဒါကတော့ အများမျှော်လင့်စောင့်စားနေတဲ့ မေမြို့ဝိုင်ပါပဲ.. (Andy ကောင်.. ၀ိုင်ပါတယ်နော်.. ကျေနပ်ပလား.. ငါ့စာအုပ်တွေပြန်ပေးတော့)

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ညီနေမင်းရဲ့အချစ်အိမ်မှ ကြိုဆိုပါ၏။] 2 New Entries: လွင့်မျောခြင်း

လွင့်မျောခြင်း

တစ်ကျီကျီနဲ့ ဆီမထိုးရသေးတဲ့
လှည်းတစ်စင်းလေ
ရင်မောစရာ သံစဉ်တစ်ချို့သယ်ပိုးပြီး
ဖိတ်စင်ကျနေတဲ့ ကဗျာစာသားတွေကို
တတွတ်တွတ် ညဉ်းတွားနေရင်း
သံသရာ ဘ၀တစ်လျှောက်
နိုးတစ်ဝက်အိတ်တစ်ဝက်နှင့်
တအိအိ ခရီးဆက်နေခဲ့မိတာ
အခုဆို အချိန်တောင် အတော်လင့်သွားပြီ ...

တစ်ခါတစ်ခါ ရယ်စရာတွေတွေးလိုက်
တစ်ခါတစ်ခါ ၀မ်းနည်းစရာတွေ မြင်ယောင်လိုက်နဲ့
အနာဂတ် ပုဝါးပါးပါးလေးကို ခြုံရင်း
တစ်ခါတစ်ခါ ငါပြုံးလိုက်မိသေးတယ် ..

ဝိညာဉ်တစ်ချို့ရဲ့
အကြောင်းမဲ့ ညဉ်းတွားသံတွေကြား
အသက်ရှုသံပြင်းပြင်းနဲ့
တစ်ခါတစ်လေ ငါစိတ်ရှုပ်ရှားလိုက်မိသေးတယ် ..

ုမွန်းကြပ်မှုတွေများလွန်းလို့
တစ်ခါတစ်လေ ငါမူးမိုက်ကြည့်ချင်လိုက်တာ


လှည့်စားမှုအောက်

ရင်ခွင်ထဲမိုး
ထစ်ချုန်းလို့လား
အငြိုးနဲ့ရွာတာမဟုတ်ပါ

သောကမုန်တိုင်း
ရင်လှိုင်းခတ်ပြင်း
စိတ်လိုက်မာန်တင်းလို့
နာကျဉ်းခြင်းလဲ မဟုတ်ပါ ...

ဟန်ဆောင်အပြုံးတစ်ပွင့်
အဖုံးဖွင့်မျက်နှာ
ရင်မှာနာကျဉ်းလို့
အုံပုံးညဉ်းတွား
အမုန်းများလည်း မရှိပါ.

You received this email because you are subscribed to the real_time feed for http://nyinaymin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီဇင်ဘာနှင်း] 1 New Entry: အလုပ်ထဲမှာ

အလုပ်ထဲမှာ

လုပ်ငန်းခွင်ဆိုတာ လူပေါင်းစုံ အတူတကွ တစုတဝေးထဲ ရှိနေတတ်တဲ့ နေရာတစ်ခုပါ။ သူဌေးကအစ အောက်ခြေ အလုပ်သမားအထိ စရိုက်မျိုးစုံ ပုံစံမျိုးစုံကို တွေ့ရတဲ့နေရာတစ်ခုလဲ ဖြစ်ပါတယ်။ လူအများနဲ့ ဆက်ဆံရတဲ့အခါ ကိုယ့်စိတ်တိုင်းမကျစရာတွေကိုလဲ တွေ့ရပါတယ်။ ဒါပေမယ့်လည်း အများနဲ့ စုပေါင်းလုပ်ကိုင်ရတဲ့အခါ သည်းခံခြင်းဆိုတဲ့အရာကို စိတ်ထဲထားပြီး မကြိုက်ပေမယ့်လည်း လုပ်ကြရတာပါပဲ။ ကိုယ်ကမကြိုက်တိုင်းသာ ပြောဆိုပြီး ပြဿနာဖြစ်နေမယ်ဆိုရင် လုပ်ငန်းခွင်မှာ တော်တော်လေး အနှောင့်အယှက်ဖြစ်မှာပါ။

နောက်တစ်ခုကတော့ အလုပ်လုပ်တဲ့အခါမှာ အလုပ်အကြောင်းကို နားလည်တဲ့သူနဲ့ နားမလည်တဲ့သူဆိုပြီး တွေ့ရပြန်ပါတယ်။ ကိုယ်လုပ်နေတဲ့ အလုပ်အကြောင်းကို သေသေချာချာ နားလည်တဲ့သူက သူတစ်ပါးကို မတွက်ကပ်တတ်သလို အမြင်စောင်းတာတွေ ကိုယ့်အမှားကို ထောက်ပြလိုက်တာနဲ့ စိတ်ဆိုးတတ်တာတွေ စတာတွေကို သိပ်မတွေ့ရပါဘူး။ နားမလည်တဲ့သူကျတော့ မင်းလုပ်တာ မှားနေတယ်လို့ ပြောလိုက်တာနဲ့ စိတ်ဆိုးတော့တာပဲ။ အမှန်တကယ်က ကိုယ်လုပ်တာမှားနေရင် လက်ခံပြီး နောင်မမှားအောင် ပြင်လိုက်ရင် ပြီးသွားတာပါပဲ။ လာပြောတဲ့သူကို စိတ်ဆိုးနေမယ်ဆိုရင် နောင်တစ်ခါကိုယ့်အမှားကို ဘယ်သူက လာပြောရဲတော့မှာလဲ။ အလုပ်သမားအချင်းချင်း နားလည်လို့ သတိပေးတာကို လက်မခံရင် လူကြီးတစ်ယောက်ဆီကို ရောက်သွားမှ ပြဿနာက ပိုကြီးသွားတတ်ပါတယ်။ အဲဒီလိုလာပြောလိုက်လို့ ကိုယ့်ကိုနှိမ်တာလို့ထင်ရင် ကိုယ်ပဲမှားမှာပါ။ ကိုယ့်ကိုလာနှိမ်နေတယ်.. ဆရာလာလုပ်နေတယ်... စတဲ့အတွေးတွေကို မတွေးသင့်ပါဘူး။ တစ်ဖက်လူမှာ ကိုယ်ထင်သလို အတွေးတွေက ရှိချင်မှရှိမှာပါ။ ဒါတွေက ကိုယ့်စိတ်က တစ်ဖက်သတ်ထင်တာလဲ ဖြစ်နေတတ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ အသက်ကြီးတယ် ငယ်တယ်ဆိုတာက တစ်ပိုင်း လုပ်ငန်းကျွမ်းကျင်မှုကတစ်ပိုင်းပါ။ ကိုယ့်ထက်ငယ်ပေမယ့်လည်း ကိုယ့်ထက်အလုပ်မှာ ကျွမ်းကျင်နေတတ်တာကိုလဲ တွေ့ရပါတယ်။ တစ်ခါတလေ အလုပ်မှာ အသက်ကြီးတဲ့လူတွေဟာ လူငယ်တွေနဲ့ တွဲလုပ်ရတဲ့အခါ ဖိအားပိုများတာကိုလဲ တွေ့ရပါတယ်။ အသက်အရွယ်ကွာခြားတာကြောင့် သူတို့ကို မလုပ်နိုင်တော့ဘူးလို့ သူဌေးအမြင်မှာ မြင်သွားမှာကို အလွန်ကြောက်ကြပါတယ်။ အသက်ကြီးတဲ့လူတွေ ပြောနေကြစကားတစ်ခွန်းရှိပါတယ်။ " နင်တို့တွေ ငါတို့အရွယ်ရောက်လာရင် သိလာလိမ့်မယ်" ။ ဟုတ်ပါတယ် နှင်းတို့သာ အဲဒီအရွယ်ရောက်သွားရင် ဒီလိုပဲ ခံစားရမှာပါ။ လူငယ်တွေအနေနဲ့ အသက်ကြီးတဲ့လူနဲ့ တွဲလုပ်တဲ့အခါ သူတို့အပေါ်နားလည်ပြီး ကိုယ်ချင်းစာနိုင်ရင် အကောင်းဆုံးပါပဲ။ နောင်တစ်ချိန် ကိုယ်လဲသူတို့နေရာကို ရောက်မှာပါပဲ။

You received this email because you are subscribed to the real_time feed for http://decemberhnin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 2 New Entries: အက္ကောဓသုတ်- (အမျက်မထွက်သော)

အက္ကောဓသုတ်- (အမျက်မထွက်သော)

အမျက်မထွက်ခြင်း မညှဉ်းဆဲခြင်းသည် အရိယာတို့၏ အကျင့်။


အက္ကောဓသုတ်- (အမျက်မထွက်သော)

အခါတစ်ပါး၌ မြတ်စွာဘုရားသည်...
သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏၊

ထိုအခါ ...
မြတ်စွာဘုရားသည် ဤစကားကို မိန့်တော်မူ၏၊

ရဟန်းတို့ ...
ရှေးက ဖြစ်ဖူးသည်ကား နတ်တို့အရှင် သိကြားမင်းသည် သုဓမ္မာသဘင်၌
တာဝတိံသာနတ်တို့ကို ဆုံးမလိုသည်ဖြစ်၍ ဤဂါထာကို ရွတ်ဆို၏-

အချင်းနတ်တို့ သင်တို့အား အမျက် {ဒေါသ}သည် မလွှမ်းမိုးစေလင့်၊
အမျက်ထွက်သူတို့အား ပြန်၍ အမျက်မထွက်ကုန်လင့်။
အမျက်မထွက်ခြင်းသည် လည်းကောင်း၊
မညှဉ်းဆဲခြင်းသည် လည်းကောင်း အရိယာတို့၏ အကျင့်တည်း။
ထိုသို့ မဟုတ်ခဲ့သော် အမျက် {ဒေါသ}သည် သင့်ကို လွှမ်းမိုး နှိမ်နင်းနိုင်၏၊
ဟု (ရွတ်ဆို၏)။

၅ - အက္ကောဓသုတ်၊ တတိယဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ရူပအညာဏသုတ်-

ရူပအညာဏသုတ်-

အခါတစ်ပါး၌ မြတ်စွာဘုရားသည် သာဝတ္ထိပြည် အနာထပိဏ်သူဌေး၏ အရံဖြစ် သော ဇေတဝန်ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝစ္ဆဂေါတ္တ ပရိဗိုဇ် သည် မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ မြတ်စွာဘုရားနှင့်အတူ ဝမ်းမြောက်ဝမ်းသာ နှုတ်ဆက်စကား ပြောဆိုပြီးလျှင် တစ်ခုသောနေရာ၌ ထိုင်နေလျက် မြတ်စွာဘုရား အား ဤစကားကို လျှောက်၏-

အသျှင်ဂေါတမ ...
{လောကသည် မြဲ၏} ဟူ၍ လည်းကောင်း၊
{လောကသည် မမြဲ} ဟူ၍ လည်းကောင်း၊
{လောကသည် အဆုံးရှိ၏} ဟူ၍ လည်းကောင်း၊
{လောကသည် အဆုံးမရှိ} ဟူ၍ လည်းကောင်း၊
{ထိုအသက်သည် ထိုကိုယ်တည်း} ဟူ၍ လည်းကောင်း၊
{အသက်သည် တခြားကိုယ်သည် တခြား} ဟူ၍ လည်းကောင်း၊
{သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်၏} ဟူ၍ လည်းကောင်း၊
{သတ္တဝါသည် သေသည်မှ နောက်၌ မဖြစ်} ဟူ၍ လည်းကောင်း၊
{သတ္တဝါသည် သေသည်မှနောက်၌
ဖြစ်လည်းဖြစ် မဖြစ်လည်းမဖြစ်} ဟူ၍ လည်းကောင်း၊
{သတ္တဝါသည် သေသည်မှ နောက်၌
ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်း မဟုတ်} ဟူ၍ လည်းကောင်း ...
လောက၌ ဤအမျိုးမျိုးကုန်သော အယူတို့ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား အဘယ် ပါနည်း၊ အထောက်အပံ့ကား အဘယ်ပါနည်း}} ဟု (လျှောက်၏)။

ဝစ္ဆဂေါတ္တ -
ရုပ်၌ မသိခြင်းကြောင့်,
ရုပ်ဖြစ်ကြောင်း၌ မသိခြင်းကြောင့်,
ရုပ်ချုပ်ရာ၌ မသိခြင်းကြောင့်,
ရုပ်ချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့်၌ မသိခြင်းကြောင့်,
{လောကသည်မြဲ၏}ဟူ၍ လည်းကောင်း။ပ။ {သတ္တဝါသည် သေသည်မှ နောက်၌ ဖြစ်သည်လည်းမဟုတ် မဖြစ်သည်လည်းမဟုတ်} ဟူ၍ လည်းကောင်း လောက၌ ဤသို့အားဖြင့် ဤအမျိုးမျိုးကုန်သော အယူတို့ ဖြစ်ပေါ်ကုန်၏။

ဝစ္ဆ- လောက၌ ဤအမျိုးမျိုး ကုန်သော အယူတို့ ဖြစ်ပေါ်ရခြင်း၏ အကြောင်းကား ဤသည် ပင်တည်း၊ အထောက်အပံ့ကား ဤသည် ပင်တည်း ဟု (မိန့်တော်မူ၏)။

၁ - ရူပအညာဏသုတ်၊ ဝစ္ဆဂေါတ္တသံယုတ်၊ ခန္ဓဝဂ္ဂသံယုတ်ပါဠိတော်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Welcome] 1 New Entry: ဘဝတန်ဖိုး

ဘဝတန်ဖိုး

မိမိရဲ့ဘဝကို သူတစ်ပါးက လေ့လာသင်ယူသလို သူတစ်ပါးရဲ့ ဘဝကိုလည်း မိမိက အမြဲ လေ့လာ သင်ယူနေရ ပါတယ်။ ဒီလို အစဉ်အမြဲ လူတိုင်း လူတိုင်းကို လေ့လာနိုင်မယ်ဆိုရင် အချိန်တိုင်းအဖို့ အဖိုးတန်တဲ့ အတွေးသစ်တွေ၊ အမြင်သစ်တွေ၊ အတွေ့အကြုံသစ်တွေ ရရှိနိုင်မှာ မလွဲပါဘူး။ ဒါဆိုရင် လူ့ဘဝကြီးဟာ ငြီးငွေ့ဖို့ အချိန်ဆိုတာ မရှိနိုင်တော့ပါဘူး။ မိမိရဲ့ဘဝ အောင်မြင် တိုးတက်ဖို့အတွက် အမြဲကြံစည် တွေးဆ အားထုတ် နေရမှာ ဖြစ်ပါတယ်။ လေ့လာ သုံးသပ်လို့ရတဲ့ ဘဝ အတွေ့အကြုံ ဗဟုသုတ တွေနဲ့ မိမိဘဝကို မိမိကိုယ်တိုင်ပဲ ပြုစုပျိုးထောင် အရောင်တင်ပေးရမှာ ဖြစ်ပါမယ်။

လျှောက်လှမ်းရမယ့် ဘဝခရီးမှာ အခက်အခဲတွေ၊ အကြပ်အတည်းတွေ၊ ပြဿနာတွေ၊ မပြည့်စုံမှုတွေ၊ အဆင်မပြေမှုတွေ၊ ဒုက္ခဗျာပါဒ တွေနဲ့ မလွဲမသွေ ကြုံတွေ့ရမှာကို ကြောက်ရွံ့နေလို့ မဖြစ်ပါဘူး။ ဒီအခက်အခဲ တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင် ရမှာ ဖြစ်ပါတယ်။ အဲဒီ အခက်အခဲ အတက်အကျ အနိုင်အရှုံးတွေဟာ လူပုဂ္ဂိုလ်တစ်ဦးရဲ့ အရည်အချင်းကို စမ်းသပ် စစ်ဆေးတဲ့ မှတ်ကျောက် တစ်ခုပဲလို့ ပြောချင်ပါတယ်။ ရင်ဆိုင်ရတဲ့ အခက်အခဲ ပြဿနာ ကြီးလေ အရည်အချင်း လိုအပ်လေ၊ အရည်အချင်း ပိုပြည့်ဝလာလေ ဂုဏ်တက်လေပဲ ဖြစ်ပါမယ်။ အခက်အခဲတွေ့တိုင်း ကျောခိုင်းရှောင်ပုန်း အရှုံးပေးခဲ့မယ်ဆိုရင် ဘဝမှာ အောင်မြင်မှု ဆိုတဲ့ အသီးအပွင့်ကို ဆွတ်ခူး ခံစားရမှာ မဟုတ်ပါဘူး။ မဆုတ်မနစ် ကြိုးစား ရုန်းကန်မှသာ မိမိရည်မှန်းချက် အမှန်ကို ရရှိစေမှာ ဖြစ်ပါတယ်။

အတတ်ပညာ ပြည့်ဝခြင်းသည် ဦးနှောက်ကောင်းတဲ့ လူတော်လူချွန် အဖြစ်ကို ရရှိစေပါတယ်။ နှလုံးလှခြင်းသည် ရိုးသား ဖြောင့်မတ်ခြင်း၊ စာရိတ္တကောင်းမွန်ခြင်း၊ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်ခြင်း စတဲ့ အရည်အသွေးများကို ဖြစ်ပေါ် စေပါတယ်။ ပညာတတ် လူတော် ဖြစ်ရုံနဲ့ မပြည့်စုံပါဘူး။ ပညာတတ်ပြီး စိတ်ကောင်း စေတနာကောင်း ရှိဖို့လည်း လိုအပ်လှပါတယ်။

ရွှေငွေ စည်းစိမ် ဥစ္စာတွေ ပျက်စီးဆုံးရှုံးသွားရင် ပြန်ရှာလို့ ရနိုင်တာမို့ မဆုံးဘူးပဲ သဘောထား နိုင်ပါတယ်။ ကျန်းမာရေး မကောင်းဖြစ်ရင်လည်း ခဏတာမို့ ပြန်လည်ကုစား နိုင်ပါတယ်။ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တ ပျက်စီး ယိုယွင်းခဲ့မယ်၊ ကိုယ်ကျင့်တရား တွေအဖတ်ဆယ် မရခဲ့ရင်တော့ လူ့အသိုင်းအ၀ိုင်း ထဲကို ပြန်ဝင်ဆန့်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သူ့ဘဝ တစ်လျှောက်လုံး အရိပ်မည်းအောက်မှာ သိမ်သိမ်ငယ်ငယ်နဲ့ နေသွားရတော့ မှာပါ။ လူ့မူ အဖွဲ့အစည်းက လက်ခံတော့မှာ မဟုတ်ဘဲ ၀ိုင်းပယ်ခြင်းကို ခံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထူးချွန်ထက်မြက်တဲ့ အရည်အသွေး တွေနဲ့ ပြည့်စုံတဲ့ လူတော်လူကောင်းများ၊ ခေတ်ပညာတတ်များ အနေနဲ့ မိမိဘဝကို မိမိ အစဉ်ပြုစု ပျိုးထောင်  ဖြည့်ဆည်းနေရမှာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ငှက်တွေဟာ ပျံရင်းနဲ့ သေရသလို၊ လူတွေမှာလည်း ကြံရင်းနဲ့ သေကြရတာပါ။ ကိုယ်စီ ကိုယ်စီ ဘဝတန်ဖိုး အလှတိုးနိုင်ကြပါစေ .. ..။

You received this email because you are subscribed to the real_time feed for http://winzaw-mdy.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

=?utf-8?Q?=5bBurma_=28_The_Power_of_People=29=5d_=32_New_Entries=3a_=e1=80=92=e1=80=ae=e1=80=87=e1=80=84=e1=80=b9=e1=80=98=e1=80=ac=e1=80=9c_=28=e1=81=82=e1=81=83=29_=e1=80=9b=e1=80=80=e1=80=b9=e1=80=b1=e1=80=94_=e1=80=b7=e1=80=99=e1=80=bd_=e1=80=85=e1=80=bb=e1=80=95=e1=80=ae=e1=80=b8_=e1=80=9b=e1=80=80=e1=80=b9=e1=80=9e=e1=80=90=e1=81=b1=e1=80=95=e1=80=ab=e1=80=90=e1=80=b9_=e1=82=8f=e1=80=bd=e1=80=85=e1=80=b9=e1=80=95=e1=80=ab=e1=80=90=e1=80=b9=e1=80=90=e1=80=ad=e1=80=90=e1=80=ad_=e2=80=9c=e1=80=85=e1=80=b6=e1=80=95=e1=80=9a=e1=80=b9=e2=80=9d_=e1=80=9c=e1=80=bd=e1=80=b3=e1=80=95=e1=80=b9=e1=80=9b=e1=80=bd=e1=80=ac=e1=80=b8=e1=80=99=e1=80=bd=e1=80=b3_=e1=80=85=e1=80=90=e1=80=84=e1=80=b9=e1=80=99=e1=80=8a=e1=80=b9=e1=81=8b_=e1=80=bb=e1=80=99=e1=80=94=e1=80=b9=e1=80=99=e1=80=ac=e1=80=bb=e1=80=95=e1=80=8a=e1=80=b9=e1=80=9e=e1=80=b0=e1=80=bb=e1=80=95=e1=80=8a=e1=80=b9=e1=80=9e=e1=80=ac=e1=80=b8=e1=80=99=e1=80=bd=e1=80=94=e1=80=b9=e1=80=9e=e1=80=99=e1=80=bd=e1=80=ba_=e1=80=95=e1= 80=b0=e1=80=b8=e1=80=b1=e1=80=95=e1=80=ab=e1=80=84=e1=80=b9=e1=80=b8=e1=80=b1=e1=80=86=e1=80=ac=e1=80=84=e1=80=b9=e1=80=9b=e1=80=bc=e1=80=80=e1=80=b9=e1=80=b1=e1=80=95=e1=80=b8=e1=82=80=e1=80=80=e1=80=95=e1=80=ab=e1=81=8b?=

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ "စံပယ်" လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ "စံပယ်" လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခ ကျရောက်နေချိန်တွင် တိုင်းပြည်၏ သယံဇာတများကို မတရားထုတ်ယူပြီး၊ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့ မတရားအကျဉ်း "စံ"နေရသော နိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ"ပယ်"နိုင်ရေးအတွက် လူုငယ်များမှ ဦးဆောင်ပြီး "စံပယ်" ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက်မည်ဖြစ်ပါသည်။

ပြည်သူလူထုတရပ်လုံးမှလည်း "စံ" နေသောသူများကို "ပယ်" ရှားရေးအတွက် "စံပယ်" လှုပ်ရှားမှုတွင် ပါဝင် အားဖြည့်လှုပ်ရှားကြပါရန် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

စတင်ပြုလုပ်မည့်ရက်။ ။ ဒီဇင်ဘာလ (၂၃) ရက် (အင်္ဂါနေ့ ) ။

အချိန်ကာလ။ ။ ရက်သတ္တပါတ် (၂ ပါတ်တိတိ) နေ့ စဉ်ပြုလုပ်ပါမည်။

အောက်ဖေါ်ပြပါအတိုင်း အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

- စပါယ်ပန်းများကို ဘုရားစေတီပုထိုးများတွင် လှူဒါန်းကြပါ။

- စပါယ်ပန်းများကို ဘုရားစင်တွင် ကပ်လှူ ပူဇော်ကြပါ။

- စပါယ်ပန်းများကို မိမိတို့  ဦးခေါင်းထိပ်တွင် ပန်ဆင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မိမိတို့  ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မော်တော်ယာဉ်များတွင် ချိတ်ဆွဲကြပါ။

- မိမိတို့  ပိုက်ဆံအိတ်များ၊ အိမ်ခန်းတွင်းများ၊ လက်ကိုင်ပုဝါများအကြား အစရှိသည်တို့ တွင် စပါယ်ပန်းပွင့်များကို ဆောင်ထားပေးကြပါ။

တိုင်းပြည်ချစ်သော မျိုးဆက်သစ်လူငယ်များ။

စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ပြန်လည်ချေပချက်။

စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ပြန်လည်ချေပချက်။

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK ရဲ့  တုန့်ပြန်ရေးသားချက်အပေါ် Cbox မှာ ပြန်လည်ရေးသားနိုင်ပေမဲ့ စာဖတ်သူများအနေနဲ့ KK ပြောနေသလို ထင်ယောင်ထင်မှား ဖြစ်သွားမှာ စိုးရိမ်လို့ အကျယ်တ၀င့် ဆောင်းပါး အသွင် ရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ်။

KK အနေနဲ့ DSA ကျောင်းဆင်းတုန်းက ညစာစားပွဲမှာ ဗိုလ်သန်းရွှေရဲ့  မြေး ဖိုးလပြည့်က ဗိုလ်သန်းရွှေ ရဲ့ ရှေ့ မှာ လမ်းလျှောက်လာနေလို့ KK တို့ ဗိုလ်လောင်းတသိုက်ဟာ သူ့ကို အလေးပြုသလို ဖြစ်သွားခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ မေ့နေတာလား၊ မေ့ချင်ယောင် ဆောင်တယ်ဆိုရင် လက်တို့ပြီး သတိပေး လိုက်ပါတယ်။

KK ပြောသလို ဗိုလ်လောင်းတပ်ဖွဲ့က ဗိုလ်ရှုခံ စင်မြင့်ရှိ ဗိုလ်သန်းရွှေကို အလေးပြုရတဲ့ အတွက် သူတို့မိသားစုအား အလေးပြုတာ မဟုတ်တာကိုတော့ အတိုင်းအတာ တစ်ခုထိ လက်ခံပါတယ်။ ချီတက်ကြတဲ့ အခါမှာ ရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့ ဗိုလ်သန်းရွှေရဲ့  မြေးမြစ်တွေကို တိုက်ရိုက် အလေးမပြုရင်တောင်မှ သွယ်ဝိုက် အလေးပြုသလို ဖြစ်နေတာ သိမြင်ဖို့ လိုပါတယ်။

ကိုယ့် လူကြီး မိသားစုကို လေးစားနေရာပေးရတာ လိုတာထက် ပိုပြီး "ဖား" နေကြရတဲ့ သဘောကို မြင်ဖို့ လိုပါတယ်။ အာဏာရှင်လူကြီးများကလည်း အဲဒီလို "ဖား" ခံရတာကို ပီတိဖြာပြီး ကိုယ့်မိသားစုကို ဒူးနေရာ ဒူး၊ တော်နေရာ တော် ထားရမဲ့ ၀တ္တရား ပျက်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာ တကွက်ထဲ မဟုတ်ဘဲ ကျောင်းဆင်းပွဲ ညစာစားပွဲတွေအပြင် အခြားနေရာတွေမှာပါ ဖိုးလပြည့်ဆိုတဲ့ "ငတိ" ဟာ ပါလေရာ ငါးပိချက် ကင်မရာရှေ့ မှာ ကားယား ကားယား ကန့်လန့် ပါနေတာကို ပြည်သူလူထုက ရှုတ်ချနေကြပါတယ်။ ဥပမာ - နိုင်ငံတကာ လေဆိပ်မှာ ဗိုလ်မောင်အေးက ဗိုလ်သန်းရွှေကို လာကြိုနေတုန်း ဖိုးလပြည့် ဆိုတဲ့ "ငတိ" ရှေ့ မှာ ကားယားကားယားနဲ့ ပါနေတာကို မြင်ရင် KK ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ DSA ကျောင်းဆင်းပွဲ ရောက်လာတဲ့ ရွှေညီအမတွေရဲ့  ထမီကို ခေါက်ဖို့ အရာရှိ ကတော်နဲ့ ဆရာကတော်တွေကို တာဝန်ပေးထားတာ KK ဘယ်လို ပြောမလဲ။

ဒီနေ့ KK တွက်နေတာက မြန်မာ တပ်မတော် အရာရှိတိုင်း စစ်အာဏာရှင်ကို ကြိုက်လို့ ထောက်ခံနေတယ် ဆိုရင် မှားမယ်။ မလွှဲမရှောင်သာလို့ အောင့်အီး သည်းခံနေရတာ ဖြစ်တယ်။

ဒါ့အပြင် နိုင်ငံတကာမှာ KK ရဲ့  စီနီယာ နောင်တော်တွေ ဖြစ်တဲ့ DSA အပတ်စဉ် (၂၀)၊ အပတ်စဉ် (၂၄) အကိုကြီးများ (သူတို့က မွေးရင် KK တို့အရွယ် သားတွေ ရှိပါတယ်) ရောက်နေကြပြီ ဖြစ်တာမို့ KK ဟာ လူတတ်ကြီး လုပ်ပြီး နေရာတကာ အာဏာရှင်ဘက်က ၀င်ကာကွယ်နေတာ ရပ်တန့်သင့်ပြီ ထင်ပါတယ်။

အဲဒီ နောင်တော်တွေက KK ထက် တပ်မတော်အကြောင်း၊ စစ်အာဏာရှင် အကြောင်း ပိုမို သိနေတာမို့ နွားခြေရာခွက်ထဲက ဖားသူငယ်လို မလုပ်ပါနဲ့၊ ယုတ်စွအဆုံး KK ရဲ့  ဘိုးတော်လည်း ဖြစ် DSA ဖခင်လို့ သမုတ်နေကြတဲ့ ဗိုလ်မောင်အေးရဲ့  အမျိုး စစ်အာဏာရှင် တစ်ဦးကတောင် ဒီလို ဖြစ်စဉ်တွေကို ရှုတ်ချတဲ့ အတွင်းသတင်းကို သိထားရင် KK ဘာပြောမလဲ။

KK ထင်သလို ဒီဆောင်းပါး သတင်းကို တပ်အကြောင်း ဂဃဏန မသိဘဲ တင်လိုက်တဲ့ သဘောမျိုး မဟုတ်နိုင်ပါ။ ယနေ့ နိုင်ငံတကာရော၊ ပြည်တွင်းရှိ ပြည်သူလူထုကပါ ကျယ်ပြန့်လာတဲ့ အင်တာနက် နည်းပညာနဲ့ ကွန်ပြူတာ နည်းစနစ်တို့အား ကျွမ်းကျင်စွာ သုံးတတ်ပြီး အမြင်ကျယ် လာကြပြီမို့ ဒီအာဏာရှင် မိသားစု TV မှာဘဲ ဖြစ်ဖြစ်၊ သတင်းစာမှာဘဲ ဖြစ်ဖြစ် ကားယားကားယား ပါနေကြတာကို ရှုတ်ချကြတဲ့ ပြည်သူလူထုထဲက ပေါက်ကွဲမှု သံစဉ်တစ်ခုသာ ဖြစ်ပါတယ်။

KK အနေနဲ့ တပ်မတော်မှာ အောက်ခြေ အရာရှိ၊ အကြပ်တပ်သားတွေရဲ့  ဒုက္ခဆင်းရဲ ကျပ်တည်းမှု အဖြစ်မှန်ကို ရင်ဖွင့်လိုက်စမ်းပါ။ ဒါမှမဟုတ် လုံခြုံရေးအရ ငဲ့ညှာရမယ်ဆိုရင်လည်း ကိုဖိုးတရုတ်နဲ့ ကိုနစ်နေမန်း ဘလောဂ်တွေကို တခြားကလောင်နံမည် တစ်ခုနဲ့ ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် အဖြစ်မှန် ပို့လိုက်ပါ။ လက်ကမ်း ကြိုဆိုပါလိမ့်မယ်။

KK ကိုယ်တိုင် ရုရှားမှာ တက်နေတဲ့ မြန်မာ့တပ်မတော် သူငယ်ချင်း အရာရှိတွေကို KK လိုဘဲ သဘောထား အမှန်တကယ် ရှိရဲ့လားဆိုတာ ဆွေးနွေးကြည့်လိုက်ပါဦး။

(စစ်ဘက်နဲ့ နီးစပ်သူ)။

------------------------------------------------------

KK က ကိုဖိုးတရုတ်ရဲ့  ဘလော့ CBox ထဲမှာ အောက်ဖေါ်ပြပါအတိုင်း ၀င်ရေးခဲ့လို့  စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ပြန်လည်တုန့်  ပြန်ရေးသားထားတာ ဖြစ်ပါတယ်။
























မူရင်းပို့ စ်အကြောင်းအရာများကို သိချင်ရင်တော့ ဒီမှာ ပြန်လည်ကြည့်ရှူနိုင်ပါတယ်။

မြေးတွေ မြစ်တွေပါ အလေးပြုနေကြရသော အခြေအနေ ရောက်ရှိနေပါပြီ။


http://photayokeking.myanmarbloggers.org/2008/12/blog-post_19.html

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ချေပချက်။

http://photayokeking.myanmarbloggers.org/2008/12/kk.html

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[khin oo may] 1 New Entry: making story

making story



ပျင်းနေလို့ သူ့ဖာသာ သူနေတဲ့ မြေကြီး ပေါါ်က ပိန်းပန်း ကလေးကို ဓါတ်ပုံ သွား ရိုက် တယ်။ မှောင်နေတာနဲ့ ဓါတ်မီး ထိုးပြီး သေချာ ချိန်ရိုက်တယ်။ စိတ်ကြိုက်မရပေမဲ့ ၂ ခါ ရိုက်ဘို့ အခြေအနေ မရခဲ့ဘူး။

You received this email because you are subscribed to the real_time feed for http://khinoomay77.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ချစ်သူ့ ပုံရိပ်] 5 New Entries: Happy Birthday ! Happy Birthday ! Happy Birthday !

Happy Birthday ! Happy Birthday ! Happy Birthday !





Happy Birthday ! Happy Birthday ! Happy Birthday !


HAPPY BIRTHDAY ! HAPPY BIRTHDAY ! HAPPY BIRTHDAY !

Mission "31" Complete !!!!

ဆယ်တန်းလောက်အရွယ်တုံးက
အသက်(၂၅)နှစ်လောက်ရှိသူတွေကို
အပျိုကြီးလို့ ထင်ခဲ့တယ် …

ကိုယ်တိုင် (၂၅)နှစ် ရောက်လာတော့
ပေါက်တတ်ကရ အတွေးတွေအတွက်
အဲ့ဒီကလေးမကို စိတ်ဆိုးတယ် …

အသက်(၃၀)ပြည့်တဲ့ ၂၀၀၇ မှာ
ငါ ပြောင်းလဲဖို့ အချိန်တန်ပြီဆိုပြီး
ခရီးရှည်တစ်ခု စတင်တော့
ခြင်္သေ့ကျွန်းကို ရောက်ခဲ့တယ် …

ရုန်းကန်လှုပ်ရှား ကြိုးစားရင်းနဲ့
ကုန်ဆုံးသွားတဲ့ သက္ကရာဇ်
မှတ်တိုင် ၂၀၀၈ကို ကျော်ဖြတ်ပြီးရင်
ခရီးစဉ် "၃၂" အတွက် ငါ့ကို
အလိုလို ခေါ်ဆောင်သွားကြလိမ့်ဦးမယ် ….

By ..DecemberCinderella

အရပ်ကပုပု၊ လူကပိန်ပိန်သေးသေး ကျွန်မကို သူငယ်ချင်းတစ်ယောက်က " နင်က ရှိရင်းစွဲအသက်ထက်တော့ ငယ်တယ်လို့ ထင်ရပါတယ် .... ဒါပေမဲ့ " နောက်ကကြည့်ရင် ကြိုဆိုပါ၏ .. ရှေ့ကကြည့်ရင် နှုတ်ခွန်းဆက်ပါ၏" လို့ နောက်ဖူးတယ် .. ဘယ်တော့မှစိတ်မဆိုးတတ်တဲ့ ကျွန်မက သူ့စကားကို သဘောကျပြီး ဟက်ဟက်ပက်ပက် ရယ်ခဲ့ဖူးတယ်။ ( အခုအချိန်ထိ အဲ့ဒီစကားကိုပြန်ကြားတိုင်း ကျွန်မ တစ်ယောက်တည်း ပြုံးမိတုံး ..) ။
ကျွန်မ အဲ့လို ပြုံးနေနိုင်အာင် ပြောခဲ့တဲ့ သူ့ကို မှတ်မှတ်ရရ ကျေးဇူးတင်တယ် ..

တခါ Mr.Guitar မှာ ကော်ဖီသွားသောက်ကြတော့ ဆိုင်ရှေ့က Caricature ဆွဲနေတဲ့သူဆီမှာ Caricature အဆွဲခံရင်ကောင်းမလားလို့ ရပ်ကြည့်နေတုံး သူကပဲ " နင့် နဂိုရုပ်ကိုက Caricature ရုပ်ပါဟာ ..အလကား ပိုက်ဆံအကုန်မခံပါနဲ့" တဲ့ .... သူပြောခါမှ Caricature ဆွဲနေတဲ့ တစ်ယောက်က ကိုယ့်ရုပ်ကို ပြူးပြဲကြည့်တာနဲ့ .. အမြန်ထွက်လာခဲ့ရတယ်။ အခုအချိန်ထိ အဲ့ဒါတွေပြန်တွေးမိရင် ရယ်ချင်တုံး။

ကိုယ့်ဘေးနားမှာ ကိုယ့်ကို အဲ့လိုနှိပ်ကွပ်တတ်တဲ့ သူငယ်ချင်းတွေများများရှိလေလေ ...... ကျွန်မအတွက်လဲ စာရေးဖို့ ကုန်ကြမ်းတွေ များများရလေပဲပေါ့ ..

အခုအချိန်ထိ ဖြတ်သန်းခဲ့ရတဲ့ ဘ၀မှာ သူငယ်ချင်းများရဲ့အားပေးမှုတွေကြောင့် အများကြီး စိတ်ဓါတ်ခွန်အားရခဲ့ပါတယ် ... အဲ့ဒီအတွက် မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ် ..

နောက်တခါ သူပြောခဲ့သလို … ကျွန်မ ဘ၀ထဲက နှုတ်ခွန်းဆက်သွားတဲ့ ပတ်သက်ခဲ့ဖူးသူတွေကိုလဲ ..မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ်။ ( သူတို့ကြောင့် ပိုရင့်ကျက်လာသလို နာကျင်စရာတွေကို ဖြေသိမ့်တတ်သွားလို့ပါ။ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ အချိန်အတိုင်းအတာ တစ်ခုပဲ လိုတာပါလို့ သိသွားလို့ပါ ..)

ပြီးတော့ နှုတ်ခွန်းမဆက်သေးတဲ့ ချစ်သူကောင်လေးတစ်ယောက်ကိုလဲ (သူ့ဝဋ်ကြွေးလဲဖြစ်ချင်ဖြစ်မှာပေါ့ …ကျွန်မလို ခပ်ဆိုးဆိုးချစ်သူ တစ်ယောက်ကိုရတာ ..) မှတ်မှတ်ရရကျေးဇူးတင်ပါတယ် … "Family First" ဆိုတဲ့ Motto ကို လက်ကိုင်ထားတဲ့ ကျွန်မအတွက် ကျွန်မချစ်တဲ့ မိသားစုကို ကျွန်မနဲ့ ထပ်တူထပ်မျှချစ်ရမယ်လို့ မတောင်းဆိုပါဘူး။ မိသားစုကိုချစ်တတ်လွန်းတဲ့ ကျွန်မကိုသာ တတ်နိုင် သလောက် နားလည်ပေးပါလို့ ..

နောက်ဆုံးမှ ပြောရပေမဲ့ ..... အရာရာရဲ့ရှေ့ဆုံးက အမြဲအလေးအနက်ထားရသူ ကျွန်မရဲ့ မိဘနှစ်ပါးကို အဝေးတနေရာမှနေပြီး ရှိခိုး ကန်တော့လိုက်ပါတယ် .....
( အဖေနဲ့ အမေ ..သမီး မလိမ္မာပေမဲ့ မမိုက်ဘူးဆိုတာ ယုံပါနော် ..)

ကျွန်မဘ၀ကို အခုလိုအနေအထားတစ်ခုရောက်လာအောင်၊ ပိုကြိုးစားချင်အောင် ( ကျွန်မကို အမြဲယုံကြည်ပေးခဲ့သော) ကျွန်မရဲ့ အန်တီ ( အန်တီ .. "We Can Do It" ဆိုတဲ့ စကားကို Barack Obama ထက် အရင်ဆုံးသုံးခဲ့တာ အန်တီပါ။ ကျွန်မ ဘ၀မှာ အတွေ့အကြုံတွေကို သင်ယူခွင့်ပေးခဲ့တာတွေအတွက် အမြဲ အမှတ်တရ ကျေးဇူးတင်လျက်ပါ .. When you lose, don't lose the lesson ဆိုတဲ့ စကားလေးကို အန်တီက အမြဲအမှတ်ရစေခဲ့တယ်။)

အငယ်ဖြစ်ပေမဲ့ ကျွန်မထက် ရင့်ကျက်ပြီး ကျွန်မအတွက် အမြဲ ဂုဏ်ယူကျေနပ်နေတတ်သော ကျွန်မ ညီမ ..

ကျွန်မကို အမြဲမှားခွင့်ပေးခဲ့သော၊ အမှားများမှ သင်ခန်းစာယူတတ်အောင် အမြဲသွန်သင်ဆုံးမခဲ့သော လုပ်ငန်းခွင်မှ ကျွန်မရဲ့ဆရာများ ..

ကျွန်မ၏ ခပ်ညံ့ညံ့စာပေများကို အမြဲအားပေးတတ်ရှာသော သူငယ်ချင်းများ …

အားလုံးလို ဒီနေရာမှနေပြီး မှတ်မှတ်ရရ ကျေးဇူးတင်ရှိပါကြောင်း …

ကဲ မွေးနေ့ ကို count down ရေတွက်ရင်း နဲ့ game လေးတစ်ခု ကစားကြမယ်...

ရုပ်ပုံလေး ကိုနှိပ်လိုက် ပါ။

You received this email because you are subscribed to the real_time feed for http://loveintoourminds.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ပျူနိုင်ငံ] 1 New Entry: ၁၀၀ မြောက်ပို့စ်၊ ကျေးဇူးတင်ခြင်းနဲ့ ရှေ့ခရီး

၁၀၀ မြောက်ပို့စ်၊ ကျေးဇူးတင်ခြင်းနဲ့ ရှေ့ခရီး


ရေးသူ- ကိုအောင်

ကျနော့်ဘလော့လေး အင်တာနက်လွင်ပြင်မှာ စီးဆင်းခဲ့တာ ဒီစာပိုဒ်နဲ့ဆို
တစ်ရာပြည့်မြောက်ပါပြီး။ အရင် အရင် … ယခင် ယခင်တွေတုန်းက ဘလော့
တစ်ခု တည်ဆောက်ဖို့ ကျနော် စိတ်မကူးခဲ့ပါဘူး။ ကျနော်ကို ကွန်ပြူတာနဲ့
မိတ်ဆက်ပေးတာ ကိုသက်ဦးပါ။ အွန်လိုင်းပေါ်ရင် ရောက်ရင် အမြဲလိုလို စာ
သွားပြီးဖတ်နေကြ မာယာမဂ္ဂဇင်းကို အားကျပြီး ဒီဘလော့ကို လုပ်ဖြစ်ခဲ့ပါတယ်။
ကိုသွင်မောင်နဲ့ တေဇာတေတို့ ကူညီပေးလိုပေါ့။ နောက်မို့ဆိုရင် … အခု
တောင် EOT အဆင်မပြေသေးဘူး။ ဘလော့တစ်ခု လုပ်ဖို့ တွန်းအား ပေးခဲ့
တဲ့ နော်ဝေးလ်နိုင်ငံက
ကိုမိုးမောင်မောင်လည်း အပါပေါ့။

ဘလော့နာမည်ကို …
ပျူနိုင်ငလို့ နာမည်ပေးခဲ့ပါတယ်။
ကိုမိုးမောင်မောင်က ရယ်စရာ ပြောပါတယ်။ "မင်းကလည်း ဒီမှာ ဗမာနဲ့

မြန်မာ မပြီးသေးဘူး၊ Issue အသစ်တွေ ထပ်ထုတ်နေတာလား" တဲ့။
ဟုတ်ကဲ့ …
ဆရာကြီး ဒေါက်တာသန်းထွန်းရယ့် "ပျူတွေ ဘယ်ပျောက်သွား
သလဲ" စာအုပ်နဲ့
ဆရာဘုန်းတင့်ကျော်ရယ့် "ပျူစစ်လျှင် မြန်မာ" စာအုပ်
တွေ ဖတ်ပြီး အဲဒီ ပျူဆိုတဲ့ လူမျိုး၊ စတင် အခြေချမှုကနေ နိုင်ငံဆိုတဲ့
အရာကို သဘောကျလွန်းလို့ ကျနော့်ဘလော့ စာမျက်နှာလေးကို ပျူနိုင်ငံ
လို့ အမည်ပေးခဲ့ပါတယ်။

scan0001.jpg


သွားလေသူ ဆရာကြီး ဒေါက်တာသန်းထွန်းကို ကျနော့်စာမျက်နှာ
တွေပေါ်ကနေ ဂါရ၀ ပြုပါတယ်။ ဆရာဘုန်းတင့်ကျော်ကိုလည်း ဂါရဝ
ပြု ပါတယ်။

zpyu.jpg


ကျနော့်ဘလော့လင့်ဂ်ကို သူ့စာမျက်နှာမှ ပထမဆုံး လင့်ဂ်တင်ပေးခဲ့တဲ့
မာယာမဂ္ဂဇင်းက အကိုကြီး ကိုအေးဝင်းကိုလည်း ကျေးဇူး အထူးတင်
ပါတယ်။ (ဆရာကြီး ဒေါက်တာသန်းထွန်း စာအုပ်အပါအ၀င် စာအုပ်
နှစ်အုပ် လက်ဆောင် ပို့ပေးခဲ့တဲ့အတွက်လည်း ပါဝင် ပါတယ်။) ကျနော့်
ဘလော့မှာ ပထမဆုံး ကော်မန့်ပေးခဲ့တဲ့ ဟော်လန်နိုင်ငံက သူငယ်ချင်း
ဖြစ်သူ
သင်းသင်းကိုလည်း ကျေးဇူးတင်ပါတယ်။ ပထမဆုံး စီဗုံးထဲမှာ
စာလာရေးပြီး အားပေးခဲ့တဲ့ ကိုသက်ဦးကိုလည်း ကျေးဇူးတင်ပါတယ်။
Google Reader မှ တဆင့် ကျနော့်ဘလော့ရယ့် နောက်ဆုံး ပို့စ်
တွေကို စာဖတ်သူတွေ စိတ်ဝင်စားအောင် ပထမဆုံး လင့်ဂ်ပေးခဲ့တဲ့
အကိုကြီး ကိုအောင်သာငယ် နဲ့ ကိုလူသစ် (အရေးဆို ဒီလူက မရှိ
တော့ဘူး။) တို့ကိုလည်း ကျေးဇူးများစွာတင်ပါတယ်။

ကျနော် ဘလော့ပေါ်က အချို့သော ဆောင်းပါးများသည် ယခုတိုင်
မပြီးဆုံးသေးပါ။ ဂိုလ်ဒါမယ်ယာ က အပိုင်း(၃)နဲ့ ရပ်ထား ရပါတယ်။
သူနဲ့ ဂျော်ဒန်ဘုရင် ဟူစိန်နဲ့ တွေ့ဆုံပွဲ၊ သူ့ယောင်္ကျားနဲ့ ကွဲခြင်း၊
ယုန်ကစ်ပူး စစ်ပွဲရှုံးခြင်း၊ ဒေးဗစ်ဘင်ဂူရီယန်ကို နိုင်ငံရေးမှာ ဘာကြောင့်
လက်တွဲဖြုတ်ခဲ့လည်း စတာတွေ အသေးစိတ် ထပ်လေ့လာ နေလို့ပါ။
ကျနော်တို့ဆီမှာ (စာကြည့်တိုက်စာအုပ်အများစုဟာ) ဒိန်းမတ်ဘာသာ
စကားနဲ့ ဖြစ်နေလို့ တခြားနေရာက တဆင့်ထပ်ပြီး မှာရပါတယ်။ မကြာ
ခင် အဆုံးသတ်ပါ့မယ်။

အာဇာနည်ခေါင်းဆောင်ကြီး သခင်မြ အကြောင်းလည်း ထိုနည်းတူပါပဲ။
အင်္ဂလိပ်အထွက် ဂျပန်အ၀င်တွင် ဆရာကြီးသခင်မြသည် ထိုင်း၊မြန်မာ
နယ်စပ်မှ ထားဝယ်သို့ ဆင်းလာပါတယ်။ အဲဒီမှာ လူဆိုးများ၏ ဖမ်းဆီး
မှုခံရပြီး အတူပါလာသော သခင်ဗဆွေ၏ အကို ကိုဗကြူ အသတ်ခံရပါ
တယ်။ BIA က လာကယ်မှ ဆရာကြီးသခင်မြ လွတ်မြောက်ခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကို သမိုင်းမှတ်တမ်းများတွင် ရှာဖွေကြည့်ရာ ယနေ့ထက်တိုင်
မတွေ့ရသေးပါ။

ဘိုးဘေးဘီဘင်များကို ရှာဖွေခြင်းလည်း အပိုင်း(၁)နဲ့ ရပ်ထားရပါတယ်။
သမိုင်းဆိုင်ရာ ရေးကြတဲ့ တခြားဘလော့တွေနဲ့ ကျနော့်သိထားတာက
ကွဲလွဲနေပါတယ်။ ဒါကြောင့် စာအုပ်တချို့ ထပ်မှာနေရပါတယ်။ သမိုင်းဝင်
ပင်လယ်မြို့ဟောင်း တူးဖော်မှု မှတ်တမ်းအသစ်တွေကို ထပ်စောင့်
နေပါတယ်။

ဒို့ကျောင်းနဲ့ ဒို့ဂါထာ၊ ဒို့အရပ်နဲ့ ဒို့ဇာတ်က မကြာခင် အဆုံးသတ်ပါ့
မယ်။ အကြမ်းတော့ ပြီးပါပြီး။

လက်ရှိမှာ ကျနော့်အလုပ်အကိုင် အပြောင်းအရွေ့ ဖြစ်တဲ့အနေအထား
ရောက်နေပါတယ်။ ဒါကြောင့် ကျနော့် ပင်ကိုယ်ရေးတွေ အစား လူသိ
နည်းတဲ့ တကယ့်ဖြစ်ရပ်မှန် ရှားပါးစာပေတွေကို ဖော်ပြဖြစ်မယ်လို့ စိတ်
ကူးထား ပါတယ်။

အွန်လိုင်းပေါ်မှာ အီးဘွတ်တွေ အများကြီးရှိပါတယ် ….
အဲဒီအထဲမှာ မရှိသေးတဲ့ ... ....

… …. စစ်ကိုင်းဦးဘိုးသင်ရယ့် "ငမဲကျွန်" ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါ
သလား … ….
… …. စာရေးဆရာ ရန်ကုန်ဘဆွေက ကလေးငယ်လေးတွေ ဖတ်ဖို့
စာအုပ်တစ်အုပ် ရေးခဲ့ပါတယ်။ တကယ့် ဖြစ်ရပ်မှန် ဇာတ်လမ်း၊ အဲဒီ
ထဲက လူတွေက အပြင်မှာ တကယ်ရှိပြီး တကယ်ကိုဘဲ ဖြစ်ပျက်ခဲ့တဲ့
"ချီလေသော်လည်း" ဆိုတဲ့ စာအုပ်ကို ဖတ်ဖူးပါသလား …. ….
… … ဗုဒ္ဓဘာသာမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းခဲ့တဲ့ အိမ်စောင့်
အစိုးရလက်ထက် စစ်ခေါင်းဆောင်ဟောင်း ဗိုလ်မှူးချုပ်မောင်မောင်
ရဲ့ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်း "တိုက်ယူရသည့် မျက်ရည်တပေါက်"
ဆိုတဲ့ စာအုပ်လေးရော ဖတ်ဖူးပါသလား … …

… … ယခုလက်ရှိ မြန်မာပြည်တွင်းမှ ဆင်ဆာအဖွဲ့က ပြန်လည် ထုတ်
ဝေခွင့် မပြုတဲ့ စာအုပ်တချို့နဲ့ ကျနော့် ကိုယ်ပိုင်ရေး ကျိုးတို ကျဲတဲ
လေးတွေ ပေါင်းပြီး ကျနော့်ဘလော့လေးကို ဆက်လက် စီးဆင်းခွင့်
ပြုပါလို့ ပြောပါရစေ ခင်ဗျာ။

… … စာလာဖတ်သူ အားလုံး၊ မိတ်ဆွေ သင်္ဂဟ အားလုံး စိတ်၏ချမ်း
သာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ … … ။

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆူးပြတိုက်] 1 New Entry: “ ရှေးဟောင်းပညာ ”

" ရှေးဟောင်းပညာ "



ကျနော်က ရှေးလူကြီးတွေ ရှာဖွေတွေ့ ရှိ ၊ရေးထား သိမ်းထားခဲ့ တဲ့ ၊ ထဲထဲဝင်ဝင် ပညာရပ်တွေကို စိတ်ဝင်စားတယ်..လေးစားတယ်။ မအိမ်လွမ်းသူဆီမှာ ဆေးပညာရပ်တွေ ဖတ်ရင်းနဲ့ အတွေးပြန်ပေါ်လာတာ..။
ဒိလောက်ခေတ်မှီနေတဲ့ အိုင်တီခေတ်ကြီးမှာ ရှေးဟောင်းပညာကို စိတ်ဝင်စားတယ်ဆိုတော့ နည်းနည်းတော့ ကြောင်တယ် ထင်မလားမသိဘူး။ ဒါပေမယ့် ပညာရပ်တိုင်းမှာ တန်ဘိုးဆိုတာရှိသလို၊ မြှုပ်ကွက်တွေလဲရှိတယ်..။ ကိုယ်အသုံးမပြုပေမယ့် အသုံးပြုတတ်တွေကြောင့် အသုံးပြုသူလဲ ခံစားခွင့်ရှိသလို တစ်ပါးသူအတွက်လဲ အကျိုးရှိခဲ့ တယ်ဆိုတာ သိခဲ့ ရတယ်။
ကျနော် နေထိုင်ခဲ့ တဲ့ပါတ်ဝန်းကျင်က တောနယ်လေးဆိုပေမယ့် ကျနော့်အတွက်တော့ လေ့လာစရာ ဆည်းပူးစရာတွေချည်းပါဘဲ..။ အလွှာစုံလူစုံပါ။
စာတွေဖတ်ရင်း၊ လူတွေနဲ့ ဆက်ဆံရင်းကနေ ရှေးဟောင်းပညာတွေကို စတင်ထိတွေ့ လာတဲ့အခါ စိတ်ဝင်စားလာတာပေါ့..။
အဲဒီ ရှေးပညာရပ်တွေထဲမှာ ထူးထူးခြားခြား ဘာကိုတွေ့ လဲဆိုတော့ " ဖို " ထိုးတာကို သွားတွေ့ တာဘဲ..။
ပြောမယ်ဆို မဒမ်ဆူးတို့ အဘိုးနဲ့ ဘကြီးက ဖိုထိုးတယ်၊ အဂ္ဂိရတ် ဖိုထိုးတာ။
အဂ္ဂ=မီးကို ပိုင်နိုင်ကျွမ်းကျင်စွာ၊ ရတ်= အသုံးချသောနည်းပညာလို့ လဲ အကြမ်းဖျဉ်း နားလည်ထားပေါ့။ သူ့ ဘကြီးဆိုတာကလဲ သူ့ အဒေါ်ရဲ့ ယောကျာင်္းပါ..ဦးထွန်း...တဲ့ ။
မဒမ်ဆူး အဘိုးက အရင်ကနာမည်ကြီး လက်ဝှေ့ သမားကြီး...အပေါင်းအသင်းခင်လွန်းပြီး လက်ဝှေ့ ထိုးပြန်လာတိုင်း အပေါင်းအသင်းတွေ အကုန်ခေါ်လာပြီး တစ်လကိုးသီတင်း အိမ်မှာ ချက်ပြုတ်ကျွေးရိုးရိုး အဘွားရဲ့ သိမ်းထားတဲ့ အထုပ်လေး လျှော့
သွားအောင်ကို သဘောကောင်းတဲ့လူ။ နောက်နာမည်ကြီးလွန်းလာတော့ ပြိုင်ဘက်မရှိ ပွဲစဉ်မရှိ ဖြစ်လာတဲ့ အခါ ပွဲစီစဉ်သူတွေက
ဆရာရင်းနဲ့ ထိုးဖြစ်အောင်စီစဉ်ခဲ့ ကြတာ...စင်ပေါ်ေ၇ာက်တော့ ဆရာရင်းကို ခြေကန်ချက်တစ်ချက်ထဲနဲ့ အသက်ပါခြွေယူပစ်လိုက်တယ်၊ သူကိုယ်တိုင်လဲ နှာခေါင်းရိုးကျိုးသွားတယ်...။
မရည်ရွယ်ပါဘဲ ဆရာ သေဆုံးသွားတော့ နောင်တရ ပြီး တရားဘောင်ကို ၀င်လို့  ဘုန်းကြီး ၀တ်ခဲ့ တာ...။
လက်ဝှေ့ ထိုးတုန်းက အဘွားရဲ့ အထုပ်လေးက လျှော့ယုံဘဲ လျှော့တာ။ ဘုန်းကြီးဝတ်ကာမှဘဲ အဘွားအထုတ်က ခွက်ချွတ်လက်ချွတ် ကို ပြောင်တာ။ ဘဘုန်းက ဖိုထိုးတာကိုး။ အဘွားလဲ ရှိသမျှရွှေ၊ လယ်၊ တောင်ပေါ်ခြံ အကုန်ပြောင်တော့ ဒီစိတ်နဲ့ ဘဲ သေဆုံးခဲ့ ရတာ...။
အဲဒီတော့ မဒမ်ဆူးအမေနဲ့ အသိုင်းအ၀ိုင်းက ဖို ဆိုရင် နံပြားဖိုတောင် စေ့စေ့မကြည့်ရဲအောင်ကို စိတ်နာထားတာ...။
သူ့ ဘကြီးလဲ ဒီလိုဘဲ ရှိသမျှ လယ် ပြောင်ပြီ။ သူ့ ကိုယ်သူ အဘဘိုးဘိုးအောင် သားထင်နေပြီး အိမ်လာလည်ရင် တဘောင်တွေ၊ သိုက်စာတွေ၊ အဂ္ဂိရတ်စာတွေ ပါးစပ်က အမြှုပ်ထွက်မတတ်ရွတ်၊ သူများအားမှန်း အလုပ်ရှိမှန်းလဲ မသိ၊ ရေနွေးကြမ်း ၃ အိုးလောက်ကုန်အောင် လေပစ်တာ။ မဒမ်ဆူးအမေက နဲနဲ ဟောက်ပေးမှ အပြောရပ်တာ...။ စဉ်းစားပြီး မေးတော့လဲ သူ့ မှာ ဘာဓါတ်ကိုမှ ပိုင်ပိုင်နိုင်နိုင်ထိုးဘူးတာမရှိဘူး...ရွှေဖြစ်စမ်းနေတာတဲ့ ...လောလောဆယ် တော့ သမီးနားကပ်ပါ ပြောင်နေပြီ...။
ကျနော့်အတွက်က ကြားထဲက အတွေးများတယ်...ကျနော်ဖတ်ဘူးတာက ပုဂံရာဇ၀င်မှာ အရှင် အဇ္ဇဂေါဏ က ပုဂံတပြည်လုံးမှာ မုဆိုးမကအစ ဘုရားတည်နိုင်အောင်ကို ရွှေမိုးရွာသလို ရွှေဖြစ်လမ်းနဲ့ ကယ်မခဲ့တာ။ နဂါးနီ သီချင်းမှာတောင်ပါတယ်လေ။
နောက်ရွှေဖြစ်ထိုးနိုင်တဲ့ဆရာတွေလဲ ဒီဘက်ခေတ်အထိရှိပါတယ်..။ ဦးမနောမယ(ပြည်) ၊ ဦးကိုကိုလေး( BA )နဲ့ တခြားသောဆရာတွေဟာ ခေတ်ပညာတတ်တွေဆိုပေမယ့် ပညာကို ထဲထဲဝင်ဝင်လေ့လာပြီး ပိုင်ပိုင်နိုင်နိုင်လုပ်နေကြတာ။
ဒီမှာ ဘာသွားတွေ့ လဲဆိုတော့ အဂ္ဂိရတ်ထိုးတာ မွဲဆေးဖော်တာဘဲ ဆိုတဲ့ အမြင်ရှိသူနဲ့  အဂ္ဂိရတ်ပညာက စားလမ်းနဲ့ ကယ်လို့ ရတယ်လို့ အမြင်ရှိသူ၂မျိုး သွားတွေ့ တယ်..။
အဂ္ဂိရတ်မှာက ၂မျိုးရှိတယ်...စားလမ်း ရိက္ခာထောက်နဲ့ အထက်ထွက်ရပ်လမ်း။
စားလမ်းဆိုတာက ရွှေဖြစ်ငွေဖြစ်ထိုးတာ...အဲ ရိက္ခာထောက်ဆိုတာက ကျင့်ကြံ အားထုတ်နေရင်း တဖက်က စားရိတ်ရအောင် ရွှေဖြစ်ထိုးတာ..။
အထက်ထွက်ရပ်လမ်းဆိုတာက မအိုမနာဘဲ ထွက်ရပ်ပေါက်နိုင်အောင် ပြဒါး၊ သံစတဲ့ ဓါတ်ကြီးတွေကို သေ အောင် သတ်၊ ပြီးမှ ပြန်ပြီး ဓါတ်ကိုရှင်အောင်လုပ်တာ။ ခက်တယ် အချိန်ကြာတယ်။
ဒါဖြင့် ဓါတ်ကြီးလမ်းမှ ကြာတာလား စားလမ်းက လွယ်တာလားလို့ မထင်နဲ့ ...သူလဲ ခက်တာဘဲ။
ကျနော်အကျင့်က ခက်တာကိုမှ လုပ်ချင်တာ...သူလိုကိုယ်လို လူတိုင်းလုပ်နိုင်ရင် မလုပ်ချင်ဘူး...သူလုပ်ပေ့ စေ။ အခုကျနော် ကြားကစဉ်းစားတာ ရှေးအစဉ်အဆက်တန်ဘိုးထားတဲ့ ပညာကို လူတွေ ဘာကြောင့် မယုံသလဲ၊ ဘာကြောင့် အထင်သေးတာလဲ....ဘာကြောင့် မဖြစ်တာလဲ ဆိုတာ လနဲ့ ချီစဉ်းစားတယ်...။ ပညာရပ်...ကျနော်ဘ၀မှာ အလေးစားဆုံးနဲ့ စိတ်အ၀င်စားဆုံးစကားလုံးဘဲ။
ဒီတော့ ဒီပညာကို စိတ်ဝင်စားလာတာနဲ့ ကိုယ်ရှာဖွေရတော့တယ်...စာပေအထောက်အထား။
လောလောဆယ် လက်လှမ်းမှီနိုင်တာက နက္ခတ္တရောင်ခြည်နဲ့ လက်ကျန် ရှေးစာအုပ်တွေ ။ ရသမျှ သိမ်းကြုံးဝယ်ပြီး သေချာဖတ်တယ်...။
မေးတယ်။။။ လုပ်မယ်လို့ ဆုံဖြတ်ပြီးတာနဲ့ မဒမ်ဆူးကို ကြေညာလိုက်တယ်..။
" ဒီနှစ် ကိုယ်ဇာတ်မကတော့ဘူး...ဖိုထိုးမယ်...အဂ္ဂိရတ် ထိုးမယ်" လို့ ။
သြော...သြော်..ဒီစကားကြားလိုက်တာနဲ့ မဒမ်ဆူးတို့ မိသားစုဝင်တွေ အားလုံး၊ အိုစမာဘင်လာဒင်က သူ တို့ အိမ်ကို လေယာဉ်နဲ့ 
ဝင်တိုက်မယ်လို့ အမိန့် ပေးတဲ့ စကား ကြားလိုက်သလိုဘဲ...။
မဒမ်ဆူးအမေ မောင်နှမတွေ အားလုံး မျက်စိပျက် မျက်နှာပျက်နဲ့ ...တားလိုက်ကြတာ..။သူတို့ ကမျိုးရိုးနဲ့ ထိထားတာလေ။
သူတို့ ထင်တာက ကျနော် တစ်သက်လုံး ဖိုထိုးတော့မယ် ထင်နေတာကိုး...။
ကျနော်က အငြင်းပွားတဲ့ ပညာကို စမ်းချင်တာ လက်တွေ့ လုပ်ချင်တာ...ဒီတော့ နားဝင်အောင်ပြောပြတယ်...။ အတိုက်အခံ လုပ်ပြောတယ်...။ ကျနော့်စိတ်ကိုသိတော့လဲ မဒမ်ဆူးအမေက လေအေးလေးနဲ့ .....
" ကလေးနဲ့ မိသားစုတွေ တင့်တောင့်တင့်တယ်နေနေတာကိုလဲ ငဲ့ပါကွယ်"တဲ့..။ ကျနော်က ဂတိပေးပါတယ်...။
ကျနော်ဖိုထိုးမယ် ဆိုတာနဲ့ သူ့ ဘကြီး ကြားပြီး အပြေးလေး သုတ်ခြေတင်လာတာဘဲ....။ဝမ်းသာအားရပေါ့...။
ပြီးတာနဲ့ ရွတ်တော့တာဘဲ...
" ဒီလိုရှိတယ်...ငါ့တူရဲ့ ကအစ.....သူသုံးနေကြ ဓါတ်လမ်းကို ပြောတော့တာဘဲ...။ရွှေဖြစ်လမ်း..
" ဘော်ဒန်သံရွှေ ဒီိလေးထွေ...ပေါ့..။ ကျနော်က ပြန်မေးတယ်...
" ဘော်ကို ဘယ်လို ယူဆလဲ"
" အော်...ငါ့တူရယ်...ဘော်ဆိုတာ...ခဲမဖြူတို့ ဘော်တို့ ကြားဘူးတယ်မဟုတ်လား...အခုတစ်လုံးချိုင့်( ထမင်းဂျိုင့်)တွေပေါ့..ဒါဘဲ"
သွားပြီ...လွဲပြီ။
" ဘော်ဆိုတာ...အဂ္ဂိရတ်အခေါ်နဲ့ ဆို ငွေ ကို ပြောတာ...ဘကြီး..."
" ဟေ...ဟုတ်လား..."
" ဒန်ကရော..."
" ဒန်အိုးဒန်ချိုင့်တွေလေ"
" မဟုတ်ဘူးဘကြီး...ကြေးနီစစ်စစ်ကိုပြောတာ"
"ကြေးနီ ဆိုတာ ၀ါယာကြိုးထဲက ကြေးနီလား"
" ဒါလဲ ကြေးနီပါဘဲ ဒါပေမယ့် မစစ်ဘူး...သူ့ ကို ၀ါယာကြိုးလပ်ရင် ပျော့ပြောင်းအောင် တစ်ခြားဓါတ်တွေ ရောထားတယ်...ကြေးနီလိုချင်ရင် ဒုတ္ထာ ကနေ ယူရမယ်...ဒုထ္တာကလဲ မဲနယ်ဆိုးတဲ့အတုရှိတယ်...တောင်တွင်းကြီးဘက်က ဒုတ္ထာက ကြေးနီ ပါဝင်မှုပိုများတယ်...ဒီထက်စစ်တာလိုချင်ရင်...လူရဲ့ ဆံပင်ကို မီးကျွမ်းအောင်လုပ်...အားလုံး ပြာခဲမဲမဲကြီး ဖြစ်သွားမှ လက်ခြားချော်နဲ့ ထိုးပြီး ငှဲ့ ယူရင် ကြေးနီ စစ်စစ်ရမယ်.."
" ငါ့တူ တယ်ဟုတ်ပါလား...ဘကြီး...သံကိုတော့ ခြသံ(တောင်ပို့ သံ)။ ရေသံ၊ စုံနေပြီ...အိမ်က ထင်းခုတ်တဲ့ ဓါးမတောင်မကျန်ဘူး..စမ်းပြီးပြီ...မဖြစ်ဘူး.."
" ဘကြီးက ဓါတ်ကောက်တာတွေ လွဲနေတာကိုး...ဘယ်ဖြစ်မလဲ...ဒီစာမှာညွှန်းတဲ့ သံဆိုတာ လယ်မှာထယ်ထိုးတဲ့ ထယ်သွားထိပ်ကသံကိုပြောတာ...ရွှေဆိုတာ မိန်းမနားကပ်မဟုတ်ဘူး...အခေါက်ရွှေကို ပြောတာ..."
" ဟုတ်လိုက်လေ...ငါ့တူရယ်...တစ်သက်လုံး လွဲလာတာ ခုမှဘဲ ပါရမီ ရှင်နဲ့ တွေ့ တာ ...ကဲ...ပြန်လိုက်ဦးမယ်ဟေ့..."
အမှန်ဆို ကျနော်က ဘာပါရမီရှင်မှ မဟုတ်ဘူး...သူ့ ဘာသာ ပညာရပ်တစ်ခုကို သေချာမလေ့လာဘဲ ရမ်းချနေတာ...။
သိပ်မကြာဘူး...ဘကြီးထွန်း သူ့ သားမက်ဆိုက်ကား တစ်စီးရောင်းပြီး ဖိုထိုးတော့တာဘဲ...။
ကိုယ်ကလဲဆရာကြီးမဟုတ်တော့ လေ့လာဆည်းပူးရင်း နောက်ထပ် ဖိုထိုးသူတွေတွေ့ ရတာဘဲ...။ ဖိုထိုးပြီဆိုတာနဲ့  ပြောချင် ဆိုချင် ၊ ကူညီချင်သူတွေ တွေ့ တာဘဲ...။
တစ်ချို ကြလဲ တစ်မျိုး...
" ဘယ်လိုလဲ ဖိုထိုးမယ်ဆို....ရွှေဖြစ်ရင် ပြောနော်...ကယ်ဘို့ လဲမေ့ မနေနဲ့ .."
" ကျနော်ဖိုထိုးတာ ရွှေလိုချင်လို့ မဟုတ်ဘူး...ရွှေက အခုလဲမိသားစုကို အပြည့်ဆင်ထားတယ်...လိုရင် မီးသွေးဘိုးကုန်ခံစရာတောင်မလိုဘူး...အခုသမီးကို ပိုက်ဆံပေးပြီး ပြေးဝယ်ခိုင်းတာနဲ့ ရတယ်...ခင်ဗျား ရွှေလိုချင်ရင် ခြေအကောင်းလက်အကောင်းဘဲ...အလုပ်လုပ်ငွေစုပြီး ၀ယ်ပေါ့...ကျနော့်ကိုတောင် စောင့်နေစရာမလိုဘူး..."
ဒါမျိုးလူတွေလဲ တွေ့ ရတယ်...။
မီးသွေးကို စပါယ်ရှယ်ဖုတ်ပေးတဲ့ ကူညီသူတွေလဲ ရှိတယ်...။
ဖိုထိုးမယ်ဆိုတာနဲ့ ကိုယ်က အရင်ကုန်တော့တာဘဲ...။
ဖားဖိုဝယ်ရတယ် ပြုပြင်ရတယ် ဖိုခွင်ဆင်ရတယ်...။ ဖိုကို လိုအပ်တဲ့ လေပေးဘို့  လိုချင်တဲ့ မီးရဘို့  လေမှန်မှန်ပေးနိုင်ဘို့ မော်တာဆင်ဘို့ မလွယ်တော့ သမီးကို ၀ယ်ပေးထားတဲ့ BMX စက်ဘီးလေးကို သမီးနဲ့ တိုင်ပင်ပြီး တစ်စစီ ဖြုတ်တာဘဲ...ပြီးတော့ ဖိုခွင်ဆင်...သမီးကို ဖီးဆဲန့် အသစ်တစ်စီးဝယ်ပေး...သားအဖ၂ယောက် တက်ညီလက်ညီဘဲ...။
ထိုးမယ့်လုံတွေ ၀ယ်ရတာမနည်းဘူး...နောက် လိုအပ်တဲ့  ဓါတ်ဆေးတွေ ၀ယ်ရတယ်..။ လုံကိုဇော်ဂျီမန်ဘို့ ခြတောင်ပို့ မြေ ရှာရတယ်။
အချိန်တော်တော် ပေးရတယ်။
တစ်ချို့ ကလဲ ...
" ဟာ...ဖိုထိုးရင် အရမ်းကာရော မထိုးရဘူး...စည်းချရမယ်..ပွဲပေးရမယ်၊ ဂါထာတွေရွတ်ရမယ်..အဖျက်အဆီးများတယ် ဇော်ဂနီဇော်ဂနက်တွေက နှောက်ယှက်ပြီး...အောင်မြင်တော့မယ့် ဓါတ်ကိုပါ ခိုးယူတတ်တယ်"
" ခင်ဗျားပြောတာလက်ခံပါတယ်....ဒါပေမယ့် ရွှေ တစ်ကျပ်သားနဲ့ ခဲတစ်ကျပ်သားပေါင်းရင်...ခဲ+ရွှေ ၂ကျပ်သားရမယ်...
ပိုက်ဆံ ၅ကျပ်နဲ့  ပိုက်ဆံ ၂၀နဲ့ ပေါင်းရင် ၂၅ကျပ်ရမယ်လို့ သေချာသိရင် ပေါင်းကာနီး...ဂါထာရွတ်စရာ လိုသလား၊ စည်းချစရာလိုသလား"
" ဟာ ခင်ဗျား ဂွကျလိုက်တာ...ကျုပ်ကစေတနာနဲ့ ပြောတာ..."
ကျနော် သူ့ ကို စော်ကားတာမဟုတ်ဘူး...တစ်ကယ်လဲ သူကဖိုထိုးနေတဲ့ လက်တွေ့ သမားမဟုတ်ဘူး...လေနဲ့ ဆရာလုပ်နေတာ...။
ဒီလိုနဲ့ သားအဖနှစ်ယောက်ဖိုထိုးတော့တာပါဘဲ...ဖိုထိုးတယ်ဆိုလို့ ဓါတ်ကိုဘဲစထိုးတာမဟုတ်ဘူး...အထောက်အကူပြု ဓါတ်တွေ အရင် လုပ်ယူရတာ...။ သွပ်ကို အရင်းတည်ရတာဆိုတော့ ဓါတ်ခဲဟောင်းတွေရှာပြီး သွပ်တွေယူရတယ်..သန့် သွားအောင် သွပ်ကိုအရည်ကြိုပြီး ထုံးရည်ကြည်ပူပူထဲမှာ အကြိမ်ကြိမ်လောင်းယူမှ မှန်ကြည့်လို့ ရအောင်ကို သန့် နေတဲ့ သွပ်စစ်စစ်ရတာ..။
ဒီအလုပ် လုပ်နေရင်းဘဲ အသိမိတ်ဆွေတွေ အများကြီးတိုးလာတာ..။ မွန်ဆရာတော်တစ်ပါးနဲ့ တွေ့ တယ်...ဆရာတော်က မိဘမဲ့ ရော...မိဘရှိပြီး ဆင်းရဲနေတဲ့ ကလေးတွေကို ကျောင်းမှာ ခေါ်ကျွေးမွေးတယ်...ကျောင်းထားပေးတယ်...လူပျိုအရွယ်ရောက်ရင် စင်္ကာပူကိုပို့ ပေးတယ်...အလုပ်လုပ်...ပြီးရင် ငွေပြန်ပို့  ၅ပုံပုံ...၃ပုံက ကောင်လေးတွေရှေ့ ရေးအတွက် လယ်တွေ အိမ်တွေ
ဝယ်ပေးတယ်...၁ပုံက မိဘတွေကို ပေးတယ်...ကျန်တဲ့ ၁ပုံကို သူဖိုထိုးတယ်...။ ကလေးတွေ ဘ၀ရှေ့ ရေးကို ရွှေဖြစ်အောင်လုပ်ပေးတယ်...။
" ဆရာတော် အခု ဘာဓါတ်ထိုးနေလဲ"
" ရွှေဖြစ်ထိုးတယ်"
" ဘုန်းကြီး...ရွှေကိုဘာလုပ်ဘို့ လဲ"
" ဘုန်းကြီး လူတွေကို ကယ်ချင်သေးတယ်..."
" ဖိုခွင်မှာ သွပ်ပြားတွေ ချိုးဖဲ့ ထားတာ ဘာလုပ်ဘို့ လဲ"
" အော်...ဒကာလေးကလဲ ရွှေဓါတ်ကို ထိုးမယ်ဆို သွပ်လိုတယ်လေ...ဒါကြောင့် ကျောင်းကိုလှုထားတဲ့ သွပ်ပြားတွေကို အရည်ကျိုနေတာ"
" အရှင်ဘုရား...စာမှာပါတဲ့ သွပ်ဆိုတာ...အဲဒီ အမိုးသွပ်ပြားကိုပြောတာမဟုတ်ဘူး...ဓါတ်ခဲ သို့ မဟုတ် မီးရထားလမ်းတွေမှာသုံးတဲ့ သွပ်ငုတ်တိုင်တွေကတစ်ဆင့် သန့် ထုတ်တဲ့  သွပ်စစ်စစ် ကိုပြောတာဘုရား"
" အဟုတ်ဘဲလား...ကျုပ် ကျောင်းက သွပ်တွေ တော်တော် ကုန်နေပြီ...ဒါကြောင့် ဘာမှ မဖြစ်တာနေမှာ"
" ဒါဖြင့် နာ...ဆိုတာက"
" နာဆိုတာ ငါးဖမ်းပိုက်ကွန်အောက်ဖက်တွေမှာဆွဲသီထားတဲ့  ခဲပျော့ကိုပြောတာပါ...ဘက်ထရီအိုးတွေက ခဲကျွတ်တွေမဟုတ်ဘူး..."
" အော်....ခဲလို့ ရေးလိုက်ရင်ပြီးရော...အခု ကျုပ် နာ ဆိုတာ ရှာနေတာ...တော်တော် ကြာနေပြီ..ဘယ်လိုမှ မတွေ့ ဘူး...ခုသိပြီ..
ဒါနဲ့ ပြဒါးစစ်ကိုဘယ်လိုလုပ်မလဲ"
" ဆိုင်တွေမှာ ရောင်းတဲ့ ပြဒါးက ခဲနဲ့ ရောထားပြီး အကြံအဖန်လုပ်ထားတယ်...ပြဒါးစစ်စစ်ကို လိုချင်ရင် ...အဆက်အသွယ်ကောင်းရင်တော့ ဓါတုဗေဒ ဓါတ်ခွဲခန်းတွေမှာ မေးဝယ်ပါ...တစ်ချို့ နိုင်ငံခြားက လာတာဆို ပြဒါးစစ်တယ်...တခြားနည်းနဲ့ ဆိုရင်တော့ အသီးမသီးတဲ့ သင်္ဘော အဖိုပင်ကို ယူပြီး ဇောက်ထိုးထား ရေနံချေးအ၀တ်ကို ထိပ်မှာပတ်ပြီးမီးရှို့ ...အောက်က မြေအိုးခဲထားရင် ပြဒါးစစ်စစ်တွေ စီးထွက်လာမယ်...အဲဒါကို ထပ်သန့် ချင်ရင် ပျားရည်စစ်နဲ့ နယ်ပြီး ရေဆေးလိုက်တာနဲ့ ပြဒါးစစ်ရတယ်...ဒါမှမဟုတ် ကွမ်းရွက်စိမ်းနဲ့ နယ်ရင်လဲ ပြဒါးရဲ့ အညစ်အကြေးတွေထွက်တယ်..."
" ဟုတ်ပြီ...ဒီလိုလုပ်ပါလား..ဒကာလေး...ဒကာလေးမိသားစုအတွက်ဆန်ပြည့်ဆီပြည့်ဖြည့်ပေးမယ်...ဒကာလေးကိုလဲ လခပေးမယ်...ဘုန်းကြီးဆီမှာ ဖိုထိုးပေးပါလား"
" မလုပ်ပါနဲ့ ဘုရား...တပည့်တော် ဘာမှမတတ်သေးပါဘူး...သိသလောက်လေး ကူညီပြောပေးတာပါ တပည့်တော်မှာလဲ အလုပ်တွေများတယ်..."
" ဒါဆို အမြဲ လာလည်ကွာ..."
" တင်ပါ့"
........
နောက်ဆရာတော်တစ်ပါးက ရန်ကုန်ဘက်က လာတာ ဒီိနယ်ဘက်မှာ ခြံမြေ၀ယ်ပြီးကျောင်းဆောက်လို့ ...ဖိုထိုးတယ်လို့ သတင်းလွှင့်ထားတာ...
ပုပ္ပါးဆရာတော်...။
ဖိုထိုးတယ်ဆိုတာနဲ့  ဖိုသမားတွေ ၀င်လာမဆည်းဘဲ...။
ဘုန်းကြီးက ထိုင်နေရင် ကတ္တီပါခေါင်းအုံးအနီရောင်လေးကို တံတောင်ခုပြီး ထိုင်တာ...
အာပေါင်အာရင်သန်သန်နဲ့  အဂ္ဂိရတ်စာတွေလာရွတ်ပြရင် လက်ဝါးလေးကာပြီး ခဏနေဦးဆိုပြီး သင်္ကန်းရုံထဲ လက်ထိုးထဲ့ ပြီး
ခါးပန်းကြိုးထဲမှာ သိမ်းထားတဲ့ ဓါတ်လုံး ၆လုံးလောက်ကို ခေါင်းအုံးလေးပေါ်တင်လိုက်တာဘဲ...
" ဒကာ...အခုဖိုထိုးနေတာ...ဒီိလိုဓါတ်လုံးမျိုးပိုင်ဘူးပြီလား...ရဘူးပြီလား...သေချာကြည့်...ဒါကသွပ်ဓါတ်လုံး၊ ဒါကပြဒါးနဲ့ ထိုးထားတာ၊ ဒါကသံနဲ့ ထိုးထားတာ...နောက်ဆေးဒါန်းဓါတ်လုံးတွေလဲရှိသေးတယ်..."
ပြလိုက်တဲ့ ဓါတ်လုံးကြည့်ပြီးတာနဲ့ ပြောနေတဲ့ ဖိုသမားကပါးစပ်ပိတ်ပြီး...၀ပ်စင်းသွားတာဘဲ..။ ကျနော်က လူကိုထက်မူကိုကြည့်တာ...
ဓါတ်တွေမှာလဲမြှုပ်ကွက်ရှိသလို ဘုန်းကြီးတွေ လူတွေမှာလဲ မြှုတ်ကွက်ရှိတယ်...
တရားကို ပိုင်ပိုင်နိုင်နိုင်စွဲစွဲမြဲမြဲကျင့်ကြံနေသူတွေ သံဃာတော်တွေရဲ့  ကိုယ်နှုတ်အမူအယာတွေက နူးညံ့သွားတယ် ဆိုပေမယ်...အခုကျနော် က ဇာတ်မင်းသားတစ်ယောက်ရဲ့ အတွေ့ အကြုံနဲ့ သုံးသပ်လိုက်တော့ ဒီဘုန်းကြီးက တရားကြောင့် နူးညံ့တာမဟုတ်ဘူး...
နည်းနည်း ဂျယ်နေတာ...သိပြီ။ (မတန်ခူး ကြီးကြီးလိုမျိုး)သူ့ လက်ဟန်ခြေဟန်...ထူးခြားနေပြီ...။
အလိုလိုက်အကြိုက်ဆောင်ပြီး...အဖြေရှာရမယ်ဆိုတော့...သူလိုချင်တဲ့ ဂဏန်းလေးတွေ...၂လုံး၃လုံး...ခင်းပြီး ကျားကွက်ရွှေ့ လိုက်တာနဲ့ ...ပေါ်ပါပြီ...
" ကောင်းလိုက်တဲ့ ...အမြင်ဓါတ်ဘဲ....ကွက်တိဘဲ...မနေ့ က ၁၀၀၀ဘိုး ရလိုက်တယ်...မနက်ဖြန် ဘာရထားလဲ.."
" အရှင်ဘုရား ဒီလောက်ဓါတ်တွေ နိုင်အောင်ထိုးထားတဲ့ အကျင့်သီလနဲ့ ဆို...လောကကို အကုန်နီးပါးမြင်နိုင်တာဘဲ...၂လုံးတိုက်နဲ့ ချဲဂဏန်းကို မမြင်ဘူးလား..."
" ရှုးးးးးး တိုးတိုး၊ အဲဒီဓါတ်လုးံတွေက ပိုက်ဆံပေးပြီး ၀ယ်ထားတာ...တကယ် ဖိုထိုးနေသျူေတွကို လိုအပ်တဲ့ ဆေးဘို့ မီးသွေးဘိုးနဲ့ ပညာကြေးနင့်နေအောင်ပေးလိုက်ရင်...လိုချင်တဲ့ ဓါတ်လုံး ၀ယ်လို့ ရတယ်...ဒါတွေဆောင်ထားပြီး လူရှိန်အောင် လုပ်ထားတာ..."
တဖြည်းဖြည်း အတွင်းရေးတွေသိလာမှ ဒီဘုန်းကြီးက မလေးရှားလူပို့ နေတဲ့ အဖွဲ့ ။။။လာတဲ့ လူတွေကလဲ စစ်ဘက်နဲ့ ပါတ်သက်သူတွေ..နောက်ဆုံးပြောရရင် သူ့ မှာ စစ်သုံးဆက်သွယ်ရေးစက်ကအစရှိနေတာသိခဲ့ ရတယ်...။
.....
နောက်ဆရာတော်၂ပါးမှာ တစ်ပါးက သင်္ဘောကပ္ပတိန်ဟောင်း ပညာတတ် ဘွဲ့ ရပြီးသား...ဖိုထိုးပြီး...ဘာမှန်းမသိတဲ့ ဓါတ်လုံးကို ပါးစပ်ထဲမှာ အမြဲငုံထားတာ...ဖိုထိုးတယ် အယုနတ္တော အကုန်ပြောတယ်...။
ဒီပါတ်ဝန်းကျင်ရွာတွေကို ပြဒါးရှင်နဲ့ ကယ်ဘို့ တဲ့...၊ စော်ကားရင်တော့ တစ်ရွာလုံးနူအောင်လုပ်မယ်ဆိုဘဲ...။
နောက်ဆရာတော်က ဆေးလဲပိုင်တယ်..ဓါတ်လဲနိုင်တယ်...တစ်ကယ်ထိုးတယ်...ဓါတ်လုံးတော့ပိုင်နေပြီ...ရွှေပြာရအောင်လုပ်နေတာ...
ရွှေပြာရရင် နာ(ခဲ)ကို အလှုမှာချက်တဲ့ မိုးဗြဲဒယ်နဲ့ အပြည့်ကျိုပြီး ရွှေသေပြာ ကွမ်းရိုးတစ်တို့ ထည့်တာနဲ့ တစ်ဒယ်လုံးရွှေဖြစ်အောင် ကျိုးစားနေတာ...လောလောဆယ် ရွှေပြာမရသေးဘဲ..ရွှေလုံးပါပျောက်ပျောက်သွားလို့ စိတ်တိုနေဆဲ...တပည့်တွေကို အော်ဆဲနေဆဲ...။
ပြဒါးကို အရင်းတည်ပြီးထိုးထားတာဖြစ်ဖြစ် သံကိုအရင်းတည်ပြီးထိုးထားတဲ့ ဓါတ်လုံးဖြစ်ဖြစ် ရွှေဓါတ်လုံးဖြစ်သွားပြီးရင် နောက်ထပ်ရွှေကိုကျွေးနေ၇တယ်..ရွှေတော်တော်ကုန်တယ် ၊ဓါတ်လုံးက မြိုပစ်တာ။
ဓါတ်လုံးက မစားနိုင်တော့ဘူးဆိုရင် စားထားတဲ့ ရွှေတွေကို ပြန်အန်တော့တာ...ပြာ အဖြစ်နဲ့ ..။ အဲဒီပြာကို ပြောတာ ခဲတစ်ဒယ်လုံးထဲကို ကွမ်းတစ်တို့ ထည့်ရုံနဲ့ အကုန်ရွှေဖြစ်တယ်ဆိုတာ.။
ကိုယ်တည်ထိုးထားတဲ့ ဓါတ်ကမမှန်ရင် ရွှေဓါတ်လုးံဖြစ်နေမယ်...ရွှေကျွေးရင် စားမယ်...လမ်းမမှန်တော့ ပြန်မအန်ဘူး...တစ်သက်လုံးကျွေး...တစ်သက်လုံးစားမှာဘဲ...ပြန်တော့မအန်ဘူး။။။ အဲဒီမှာဘဲ ခြံပြုတ်အိမ်ပြုတ် စီးပွားပြုတ်တာ...လောဘစိတ်လေ...။
ကျနော်တွေ့ သလောက်ကတော့ သူများကိုကယ်ဘို့ ထက် လောလောဆယ် သူ့ မီးသွေးဘိုးဆေးဘိုးတောင် သူဟာသူ မကယ်နိုင်သေးဘူး..။
တစ်ကယ်ဖြစ်နေတာ၊ ဓါတ်လုံးအောင်တာတွေလဲ ရှိတယ်..။
ဒီပညာက တစ်ကယ်နက်နဲပါတယ်...။
မီးအချိန်အဆ၊ ဆေးအချိန်အဆ။ ခက်တယ်။။
မီးက အကြမ်းဖျဉ်း ၃မျိုး၊မီးအေး၊ မီးလတ်၊ မီးပြင်း...။မီးမပိုင်ရင် ဖိုမကိုင်နဲ့ တဲ့..။
ဆေးကရော...။
ရှေးပညာရပ်တွေခက်ခဲတယ်ဆိုတာ ဘာကိုပြောတာလဲ...။ စာတွေ့ လက်တွေ့ လွဲတာတွေ အများကြီးဘဲ...။
အနောက်တိုင်းဂန္ဓာရီ ပညာတွေမှာက ဆေးအချိန်အဆ တိကျတယ်...ဓါတ်သန့် သန့် ကို အချိုးအစားမှန်ပုံသေနည်းရှိတယ်..။
ဥပမာ....ဓါတု အီကွေးရှင်း ၃၃ ကြောင်းလိုပေါ့...မှားစရာမရှိဘူး...ကွက်တိဘဲ..။
ကျနော်တို့ ဆီမှာက ချိန်ခွင်လေးတွေနဲ့ ချိန်တယ်...ရွေးစေ့ နဲ့ ချိန်တယ်...။
ကျနော်သုံးတဲ့ ရွေးစေ့နဲ့ စာမှာပါတဲ့ ရွေးစေ့ ဘယ် ညီနိုင်မလဲ..။
နောက်ကြေးနီ တစ်ကျပ်သားထည့်ရမယ်လို့ အတိအကျမရေးဘဲ...ဒုတ္ထာ၅ ကျပ်သားအမှုန့် ပြုပြီး ထိုးရမယ် ဆိုရင်...
ဒီဒုတ္ထာ ၅ကျပ်သားမှာ ကြေးနီဓါတ်ပါဝင်မှု ၇ာခိုင်နှုံး အချိန်အဆက တောင်တွင်းကြီးက ဒုတ္ထာရဲ့ ဓါတ်သိပ်သည်းမှုနဲ့ မော်လမြိုင်က ဒုတ္ထာ သိပ်သည်းမှု မတူနိုင်ဘူး...ဒုတ္ထာ ၅ကျပ်သားသုံးတာခြင်းတူပြီး...ကြေးနီဓါတ် သိပ်သည်းမှု တူနိုင်မလားဆိုတာ မတွေးကြတော့ လွဲကုန်ပြီ...ကြားထဲ မဲနယ်ဆိုးထားတဲ့ ဒုတ္ထာ အတုနဲ့ ထိုးနေရင်တော့ သွားပြီ ..ဘာမှ မဖြစ်တော့ဘူး...။
စိန်နီမြင်းသွား ဆိုတာကလဲ ရွှေလောက်ဈေးကြီးတယ်...အတုရှိတယ်...သာမန် ထိုးကာစလူက ဘယ်လိုမှ မခွဲနိုင်အောင်တူတယ်...ဒါကို အစစ်လို့ ထင်ပြီး ထိုးနေရင်လဲ သွားတာဘဲ...။
ဒါကြောင့်ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ တဲ့..။
ဆက်ကြပါဦးစို့ ...ဒိလိုအမျိုးမျိုး တွေ့ တာတွေထဲက ဆောင်သင့်ရှောင်သင့်တာတွေ သတိထားပြီး သားအဖနှစ်ယောက် ဖိုထိုးတာဘဲ...။
ရွှေလိုတယ်ပြောတော့ မဒမ်ဆူးကတော့ ပါရမီဖြည့်ဖက်ပီပီ အခေါက်ရွှေ တမတ်သား ပြေးဝယ်ပေးတယ်..။
ထမင်းတောင် နားပြီး မစားနိုင်ဘူး...ကျနော်တို့ သားအဖကို မဒမ်ဆူးက ထမင်းပန်ကန် ပို့ ပေးတယ်...ဖိုထိုးရင်းစားဘဲ...သမီးက လေ ရအောင် ဖားဖိုနဲ့ ဂျွိုင်းထားတဲ့ စက်ဘီးလေးကို လိုသလိုကျနော် ညွှန်ကြားချက်နဲ့ နင်းတာပေါ့...ပျော်စရာလဲ ကောင်းတယ်...။
ဖိုထိုး၇င် ဂါထာရွတ်ရမယ် ပြောပေမယ့်...သမီးကတော့ သူ့ အဖေ ဇွတ်နက်ဆူးကိုယုံတယ်...သူဘာရွတ်လဲမမေးနဲ့  သူ့ ခါးပိုက်ထဲမှာ အပြည့်ဝယ်ထည့်ပေးထားတဲ့ ဇီးထုပ်မျိုးစုံစားလိုက် ၊ ပိုးအိစံ သီချင်းလေး တစ်ကြော်ကြော်အော်ဆိုလိုက်နဲ့ ..။
ကျနော်လစ်ရင် သူ့အဘွားက ဒီလောက်တောင်အတွဲညီရလားဆိုပြီး သမီး ဗိုက်ခေါက်ကို ဖွဖွလေးဆွဲလိမ်တတ်သေးတယ်..။
နေ့ ဘက်ဖိုထိုး...ညဖက်စာဖတ်အဖြေစဉ်းစားနဲ့ .....။ ပါတ်ဝန်းကျင်အမျိုးမျိုးပြောတဲ့ ကြားက..၁လ ကျော်လာတော့...
သွပ်ကိုအရင်းခံပြီး အခေါက်ရွှေ တစ်မတ်သား ထိုးကျွေးလိုက်တာ...နောက်ဆုံး...ဖြူသလိုလို ရွှေသလိုလိုနဲ့ ၃ကျပ်သားကျော်တဲ့ အခဲကြီး...ရလာတော့တယ်..။ ဘာလို့ ပြောရမယ်မှန်းလဲမသိဘူး...။
အဖြေလဲ မထွက်ဘူး...။ မဒမ်ဆူးက ပြုံးပြုံး ပြုံးပြုံးနဲ့ ...။သူ့ အမေကလဲ ကွက်ကြည့်ကွက်ကြည့်။
နောက်တော့ ကိုယ်တိုင် ဘာလုပ်ရမယ်မှန်းမသိတော့ဘူး...စာညွှန်းက ပြီးပြီ။ ကိုယ်က ရွှေမဖြစ်သေးဘူး...။
ပြီးမှ တစ်ခုကို စဉ်းစားမိတာနဲ့ မဒမ်ဆူးသူငယ်ချင်းပန်းထိမ်ဖိုကို လွှတ်ပြီး...ရထားတဲ့ ဓါတ်ကို ငရဲမီး စားခိုင်းလိုက်တာ...။
ငရဲမီးဆိုတာက ဆာလဖြူရစ်အက်စစ်အပြင်းစား။ ရွှေကလွဲရင် ကျန်တဲ့ ဓါတ်တွေ အကုန်စားပြီး လောင်ကျွမ်းနိုင်တယ်...။
သူ့ သူငယ်ချင်းက ငရဲမီးစားပြီးမှတ်ကျောက်တင်ပြီးတော့ မဒမ်ဆူး အပြေးပြန်လာတယ်...
" ကို....သူပြောတယ် ငရဲမီးလဲခံတယ်..မှတ်ကျောက်လဲ အတင်ခံတယ်...ဒါပေမယ့် ၁၅ပဲရည်လောက်ဘဲ ဖြစ်နေတယ်တဲ့..။
ဒါကို သန့် လိုက်မိုက်ခွဲ( ရွှေသန့် အောင်ခွဲထုတ်ခြင်း) ပြီး အရောင်တင်လိုက်တာနဲ့  ရွှေ ဖြစ်ပြီတဲ့ ...။
ဝမ်းသာပေမယ့် ကျနော်မယုံဘူး...
ငါ...ဖိုထိုးတာ ကိုလှောင်ချင်လို့ များ အတည်ပေါက်နဲ့  နောက်တာလားထင်လို့  တစ်ခြားမြို့ ကပန်းထိမ်ဖိုကို ငရဲမီး စားခိုင်းတယ်...
လုံးဝငရဲမီးမစားဘူး..။ မှတ်ကျောက်တင်ခံနိုင်တယ်...။
ဝမ်းသာပီတိစိတ်က တစ်ကိုယ်လုံးဘဲ...။ ကြက်သီးတွေတောင်ထတယ်..။
ကျနော် ရွှေအဖြစ်သန့် မထုတ်ပါဘူး...
ကျနော်လိုချင်တာ ရွှေမဟုတ်ဘူး....သက်သေ..။
ဒီပညာရပ်ကို စော်ကားပြောချင်တဲ့ လူတွေကို ပြနိုင်မယ့် သက်သေ..။
ကျနော်က ဘာလို့ တစ်ချီဘဲထိုးပြီး...ရွှေအဖြစ် အောင်မြင်တာလဲလို့ မေးစရာရှိပါတယ်..။
အဖြေကတော့.................... စဉ်းစားခြင်းနဲ့ တိကျမှု..ပါဘဲ..။။
ပါရမီလို့ ပြောချင်ရင်လဲ မငြင်းပါဘူး။ အိမ်ရောက်တာနဲ့ ဖိုထိုးနေတဲ့ ပစ္စည်းတွေ အကုန်ဖျက်သိမ်းလိုက်တယ်...။ ပြီးပြီ။
ဖိုဆက်ထိုးစရာ အကြောင်းမရှိတော့ဘူး...လိုချင်တဲ့အဖြေရလိုက်ပြီိ..။
မဒမ်ဆူးတို့ အမေနဲ့ တစ်ခြားမိတ်ဆွေတွေကိုပြပါတယ်...ကြိုက်တဲ့ ဆီမှာ သွားစမ်းခိုင်းတယ်...။
ကျနော်လုပ်ကိုင်နေတာလဲ တွေ့ တယ်...။
ရလာတဲ့ ဓါတ်ကိုလဲ တွေ့ ပြီဆိုရင် ဒီပညာကို မစော်ကားဘို့ ပြောတယ်...။
ပညာရပ်တိုင်းမှာ မြှုပ်ကွက်ရှိတယ် နက်နဲတယ်...။
ရှေးဟောင်းပညာတွေက ပိုနက်နဲပါတယ်...။
ပညာရပ်တစ်ခုကို ပြောမယ်ဆိုရင် စဉ်းစားပါ...လေ့လာပါ..လက်တွေ့ မလုပ်နိုင်ရင် မပြောနဲ့ ..။
လက်တွေ့ တော့ လုပ်ပြီး.. ခိုင်မာတဲ့ သက်သေမပြနိုင်ရင် မပြောနဲ့ ..။
.........
မယောင်ရာဆီလူးပြီး လက်ပံပင် ဓါးနဲ့ ချိုင်တာတော့ မဟုတ်ဘူး...။
နိုင်ငံရေးဆိုတာလဲ ရှေးဟောင်းပညာရပ်တစ်ခုပါဘဲ
ကျနော်က နိုင်ငံရေးမှာ ဆရာကြီးမဟုတ်ဘူး...ဘာကောင်မှလဲ မဟုတ်ပါဘူး..။
အရှင် အဇ္ဇဂေါဏက ရွှေဖြစ်အောင်လုပ်ပြီး ပုဂံပြည်သူတွေ ပြည်သားတွေကို ကယ်တင်ခဲ့တယ်...။
ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေး ဖိုထိုးပြီး မြန်မာပြည် လွတ်လပ်ရေး ရအောင် နိုင်ငံရေးဖိုထိုးခဲ့တယ်..။
ကျနော်ထိုင်းမှာနေခဲ့တုန်းကနေ အခုထိ နိုင်ငံရေးလောကကို လေ့လာပေါင်းသင်းတဲ့အခါ....
ဘကြီးထွန်းညွန့် လို နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်.....
မွန်ဆရာတော်လို နိုင်ငံရေးဖိုထိုးနေသူတွေတွေ့ တယ်.....
ပုပ္ပါးဆရာတော်လို ဖိန့် လုံးတွေနဲ့ နိုင်ငံရေးဖိုထိုးသူတွေလဲ တွေ့ တယ်...
သင်္ဘောသား ဘုန်းကြီးလို နိုင်ငံရေး ဖိုထိုးသူတွေလဲ တွေ့ တယ်...
ဆေးဘုန်းကြီးလို ထိုးကျွေးပြီးရင်း ထိုးကျွေးနေတဲ့ နိုင်ငံရေး ဖိုထိုးနေသူတွေလဲ တွေ့ ဘူးပါတယ်...
ဖိုထိုးတယ်ဆိုတာ လောကီိ ကိစ္စတွေပါ...
နိုင်ငံရေးဆိုတာကလဲ လောကီ ကိစ္စတစ်ခုပါဘဲ...။
သူများကိုလဲ ကျနော် မနင်းတတ်ဘူး...
ကျနော့်ကိုလဲ လာမနင်းနဲ့ မကြိုက်ဘူး....
အချင်းချင်းလဲ ချမနင်းတတ်ဘူး....
ဒါပေမယ့် မြန်မာတစ်ပြည်လုံး ရွှေဖြစ်အောင် ကယ်မယ်လို့ ကြွေးကြော်နေတဲ့....ဆရာ့ဆရာတွေ နောင်တော်ကြီးတွေကို
စေတနာနဲ့ စကားတစ်ခွန်း ပြောချင်တယ်...။
နိုင်ငံရေး ဖိုထိုးရင်....
မီးသဘောကို နားလည်သင့်တယ်...မီးအေး...မီးလတ်...မီးပြင်း
ဓါတ်သဘောကို နားလည်ရမယ်...ထောက်ကန် ရုန်းကြွ ပူးသတ် ဖိသတ် သဘော...။
အချိန်အခါကို သတိရှိရမယ်...အချိန်အဆကို မှန်ကန်ရမယ်...။
ဆေးမပိုင်ရင် ဓါတ်မကိုင်နဲ့ ...။ မီးမပိုင်ရင် ဖိုမကိုင်နဲ့ ....။ စကားတစ်ခုရှိသေးတယ်...
ဓါတ်တူနာမ်တူ ဆေးဘက်ယူ...နာမ်တူသတ်က အသေရတဲ့ ..။
ကိုယ်ထိုးနေတာ ကိုယ်တိုင် ဘာဓါတ်မှန်းမသိရင် မကောင်းဘူး
နိုင်ငံရေး ဖိုထိုးတဲ့အခါ ဘေးပယောဂများတယ်..
အရေးကြီးဆုးံကတော့ ထိုးကျွေးရတာများနေရင် လမ်းကိုပြန်စဉ်းစား...။


မိမိကိုယ်တိုင်လုပ်ခဲ့ဘူးသော အတွေ့ အကြုံကို စဉ်းစားရင်း ပညာကျော်တို့ အား စေတနာဖြင့် လက်တို့ ခြင်းမျှသာ....

သစ်နက်ဆူး

You received this email because you are subscribed to the real_time feed for http://thitnetsue22.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Lu Lu] 1 New Entry: ငါးသလဲထိုးဆီပြန်

ငါးသလဲထိုးဆီပြန်


အားလုံးမင်္ဂလာပါရှင်။ ဒီနေ့တော့ ကျွန်မရဲ့မောင်နှမတွေကို ငါးသလဲထိုးဆီပြန်လေး ချက်ကျွေးပါဦးမယ်နော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ငါးသလဲထိုး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ငရုတ်သီးအပုတောင့်၊ ခရမ်းချဉ်သီး၊ နံနံပင်၊ ငရုတ်သီးစိမ်း၊ နနွင်းမှုန့်၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်နဲ့ ဆီတို့ပါနော်။


more...

You received this email because you are subscribed to the real_time feed for http://lulucooking.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Royal-Myanmar.com] 1 New Entry: Mister Christmas 2008

Mister Christmas 2008

၂၀၀၈ ခုနှစ် ခရစ်စမတ် အထူးအစီအစဉ်အနေဖြင့် ပုံမှန် ပြိုင်နေကျ Mister Royal-Myanmar ပွဲများမှ ပရိသတ် အကြိုက် အရွှေးချယ်ခံရသော ညီ၊အစ်ကို များကို ပြန်လည် ဖိတ်ခေါ်ပြီး ပါဝင် ယှဉ်ပြိုင်ပေးထားပါတယ်။ ပါဝင်ယှဉ် ပြိုင်ကျသော ညီအစ်ကိုများ ကို ကျေးဇူး အထူးတင်ရှိပါတယ်။ သင်တို.အနေဖြင့် မိမိသဘောကျသော ဓါတ်ပုံ ရှင်အား...

Visit www.royal-myanmar.com to read full post. (Sai Tun)

You received this email because you are subscribed to the real_time feed for http://www.royal-myanmar.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[                 ရင်မှ ခံစားမှုများ] 1 New Entry: နောက်ဆုံးတော့လည်း

နောက်ဆုံးတော့လည်း

အမျိုးမျိုးလည်း ပြောပြပြီးပြီ၊ အမျိုးမျိုးလည်း ရှင်းပြပြီးပြီ။ "လှေနံ ဒါးထစ်"ဆိုတဲ့ စကားပုံအတိုင်း ဒီတစ်ခုကိုမှ ဒီတစ်ခုကိုပဲ စွဲစွဲမြဲမြဲ မပြီးနိုင်မစီးနိုင် ဝေဖန်နေကြတဲ့လူတွေကို ကြည့်ပြီး ကျမတော့ သံဝေဂရတယ်။ Blog မပိတ်မချင်း သူတို့မှာလည်း အမြဲစောင့်ကြည့် ဝေဖန်နေရအုန်းမှာဆိုတော့ သူတို့ရဲ့အချိန်တွေကို သူတို့အစား နှမြောပါတယ်။ Blog မပိတ်မချင်း ဒေါသတွေနဲ့ ပူလောင်စွာ စောင့်ကြည့်နေမယ့်လူတွေကို ဒေါသတွေဆီက လွတ်ငြိမ်းသွားအောင် ၊ ခဏခဏ ဆဲနေရလို့ ငရဲမကြီးအောင် အကောင်းဆုံး အကြံတစ်ခုစဉ်းစားမိလိုက်ပါပြီ။

ဟိုတစ်နေ့က Blog ပိတ်မယ်ဆိုတုန်းက မပိတ်ပါနဲ့......လို့ လာအားပေးပြောကြားပေးကြတဲ့ ကျမရဲ့ မိတ်ဆွေစစ်၊ သူငယ်ချင်းကောင်းတွေကို အားနာ၊ သူတို့စေတနာကို လေးစားပြီး ဘယ်သူတွေ ဘာလာပြောပြော မပိတ်တော့ဘူးလို့ စဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့် ၊ ဘယ်လိုမှကို နားမလည်ပေးနိုင်၊ ရန်စောင် ရန်ရှာနေတဲ့လူတစ်စုကို ကျမအတွက်နဲ့ မစ္ဆရိယစိတ်မများစေချင်တဲ့အတွက် ကျမစဉ်းစားမိတဲ့ အကောင်းဆုံးအကြံကို အကောင်အထည်ဖော်ပါတော့မယ်။

Blog ရဲ့ Permissions ကို "Only people I choose" ပေးလိုက်ပါတော့မယ်။

ကျမက ဘာမှ မဟုတ်ပါဘူး။ ကျမရေးတဲ့ စာတွေကလည်း ဂန္တဝင်မြောက် စာဖွဲ့လောက်အောင် ကောင်းမနေပါဘူး။ ဒါပေမယ့်၊ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်။

အရမ်းကြီးကျယ်ရာရောက်နေမှန်းသိပေမယ့် လက်ရှိအခြေအနေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အကောင်းဆုံးနည်းလမ်းက ဒါပဲရှိလို့ပါ။ မကြီးကျယ်ချင်ပေမယ့် ကြီးကျယ်ရပါတော့မယ်။

Blog မြန်မြန် ပိတ်စေချင်သော လူများအတွက်၊ Blog မပိတ်ရန် အချိန်ရှိတိုင်း လာရောက်အားပေးနေသော ကျမအား ချစ်ခင်မြဲ ချစ်ခင်နေတဲ့ သူငယ်ချင်းကောင်း၊ မိတ်ဆွေစစ်များအတွက် "ပိတ်ပေမယ့် မပိတ်ဘူး "ဆိုတဲ့ သဘောနဲ့ Blog ရဲ့ Permissions ကို "Only people I choose" ပေးပါတော့မယ်ရှင်။

အကယ်၍များ ကျမစာတွေကို ဖတ်ချင်ကြသေးတယ်ဆိုရင် ဒီMail (yomitaihitodake@gmail.com)ကို

စာဖတ်သူ၏ နာမည်နဲ့ Mail address သာ ပို့ပေးလိုက်ပါရှင်။

ရှောင်ပြေးခြင်း မဟုတ်ဘဲ အကောင်းဆုံး နည်းလမ်းကို မိတ်ဆွေများနဲ့ တိုင်ပင်ပြီးရွေးချယ်ခဲ့ခြင်းပါ။

မကြာမီ ကာလအတွင်းမှာ "Only people I choose" အစီအစဉ်ကို အကောင်အထည်ဖော်မယ်လို့ စီစဉ်ထားပါတယ်ရှင်။


နားလည်ပေးတဲ့အတွက်အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။

အားလုံးပဲ စိတ်ချမ်းသာကြပါစေ။

ပူလောင်ခြင်းမှ ကင်းဝေးကြပါစေ။

မစ္ဆရိယစိတ်ထားခြင်း၊ ရန်လိုခြင်း၊ ရန်ဆောင်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချင်းစာတရားရှိကြပါစေ။

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: အုပ်ချုပ်သူညံ့ဖျင်းမှုလား ကာလဒေသကြောင့်လား

အုပ်ချုပ်သူညံ့ဖျင်းမှုလား ကာလဒေသကြောင့်လား

သူရိန်

မွန်ကရင်များ အုပ်ချုပ်မှုအောက်မှ စစ်အစိုးရ တိုက်ခိုက်သိမ်းယူခဲ့ပြီးသည့် ၁၉၉၀ ခုနှစ်မှ အစ ပြု၍ နယ်စပ်မြို့လေးအဖြစ် ထင်ရှားလာခဲ့သည့် ဘုရားသုံး ဆူမြို့တွင် အနယ်နယ်အရပ်ရပ်မှ စီးပွား ရေးလုပ်ငန်းရှင်များ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စား တိုင်းရင်းသားပြည်သူများ၊ စစ်အစိုးရ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပေါင်းစုံများသာမက တိုင်းတစ်ပါးသားဖြစ်သည့် ထိုင်း နိုင်ငံမှ ထိုင်းလူမျိုး လုပ်ငန်းရှင်တစ်ချို့တို့ လာရောက်အခြေချကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြသည်။

စစ်ဘေးဒါဏ်မှ လွတ်မြောက်ကာစ နယ်စပ်ဒေသဖြစ်သည့်နှင့်အညီ စီးပွားရေးနှင့် လမ်းပမ်း ဆက်သွယ် သွားလာရေး အဆင်ပြေချော့မွေ့မှု မရှိသေးသော်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အချက်အခြာကြသည့် ဒေသဖြစ်ခြင်းကြောင့်လည်း အခက်အခဲမျိုးစုံရှိ သည့်ကြားမှ တက်သစ်စ ဘုရားသုံးဆူမြို့လေးသည် တဖြည်းဖြည်းနှင့် လူသိများကာ ထင်ရှား လာခဲ့ပေသည်။ ပထဝီအနေအထားအရ တောတောင်ထူထပ်ပြီး သစ်တောပေါများလှသည့် ဒေသဖြစ်ခြင်း ကြောင့်လည်း ဒေသထွက်ကုန်ကြမ်းဖြစ်သည့် သစ်များကို အရင်းအနှီးပြုကာ သစ်လုပ်ငန်းများ ပရိ ဘောဂလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာခဲ့ကြသည်။( ဆက်ဖတ်ရန် ) အကျိုးအမြတ် ဖြစ်ထွန်း သည့် လုပ်ငန်းဖြစ်ခြင်းကြောင့်လည်း တစ်ယောက်အစတစ်ရာဆိုသလို သူ့ထက်ငါ ပရိဘောဂ လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ကိုင်လာခဲ့ကြရာ ၁၉၉၇ ခုနှစ် ကာလများတွင် ဘုရားသုံး ဆူမြို့၌ ပရိဘောဂအလုပ်ရုံပေါင်း (၃၀၀) သုံးရာကျော်ခန့် ဖြစ်ထွန်းခဲ့ပြီး ၄င်းအလုပ်ရုံများတွင် ခွန်အားကို အရင်းအနှီးပြုကာ မှီခိုလုပ်ကိုင်နေကြသည့် အလုပ်သမားပေါင်းမှာလည်း ထောင် နှင့်ချီ၍ ရှိနေခဲ့ကြပေသည်။ ''ဟိုတုန်းက အလုပ်လုပ်စားရတာ တော်တော်လေးအဆင်ပြေတယ်၊ သစ်ကလည်းပေါ ပရိ ဘောဂအရောင်းအ ဝယ်ကလည်းကောင်းတော့ နေ့ရောညပါ လက်မလည်အောင်လုပ်ရတယ်၊ ငွေရေးကြေးရေးကလည်း အခက်အခဲမရှိဘူး အလုပ်ရှင်သူဋ္ဌေးတွေဆို ပိုပြီးစီးပွား ဖြစ်တာပေါ့ အဲဒီအချိန်တုန်းက စည်းကမ်းရှိတဲ့လူတွေဆိုရင် စုမိဆောင်းမိပြီး ကိုယ်ပိုင်အလုပ်ရုံတောင် ထောင်နိုင်ကြတယ် ရသလောက်သုံး ရသလောက် ဖြုန်းတဲ့လူတွေကတော့ အလုပ်သမား ဘ ဝကနေ မလွတ်တော့ဘူးပေါ့'' ဟု ယခင်က ပရိဘောဂလုပ်ငန်း လုပ်ခဲ့ဘူးသူ ကိုကျော်နိုင်က ပြောသည်။

လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန် မြင့်မားပြီး လူနေမှုသိပ်သည်းကာ မြို့စည်ကားလာသည်နှင့် အမျှ ငွေကြေးသုံးစွဲမှု ဖောင်းပွလာသည်ကို အခွင့်ကောင်းယူတတ်သည့် စီးပွားရေးသမားတစ် ချို့က ပွင့်လင်းရာသီများတွင် ဇာတ်ပွဲများ ပြသကျင်းပခြင်း၊ ၄င်းပွဲလမ်းများကို အကြောင်းပြု ကာ လောင်းကစားဝိုင်းများ ဖွင့်ခြင်းသာမက မြို့တွင်းရှိ ရပ်ကွက်များတွင်လည်း လောင်းကစား ဒိုင်များ၊ ချဲထီဒိုင်များက မြို့အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများကို အခွန်အကောက်များ ပေးကာ စီးပွားရှာသကဲ့သို့ ထိုင်းလုပ်ငန်းရှင်တစ်ချို့ကလည်း ပန်းသီးပုံးဟုခေါ်သည့် (Game) ဂိမ်းပုံးများကိုလည်း အာဏာပိုင်အဖွဲ့အစည်းထံ အခွန်အကောက်ပေးပြီး စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်များတွင် အမြတ်ငွေရာခိုင်နှုန်းပေးကာ မတရားစီးပွား ရှာလာခဲ့ကြပေသည်။

မြို့စည်ကားလာသည်နှင့်အမျှ လုပ်ငန်းများ တိုးတက်အဆင်ပြေမှုကြောင့် လက်ဖျားမှာ ငွေသီး နေကြသည့် လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများသာမက အခြေခံလူတန်းစား အလုပ်သမားများပါမကျန်၊ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားဝိုင်းများတွင် ရသလောက်သုံး၊ ရသလောက်ဖြုန်းနှင့် အချိန်ကုန်လာခဲ့ရရာ (၂၀၀၀) ခုနှစ် နောက်ပိုင်းတွင် ဘုရားသုံးဆူပတ်ဝန်းကျင်ဒေသ၏ သစ်တောများ ပြုန်းတီး လာ ခဲ့ခြင်းကြောင့် ကုန်ကြမ်းများဖြစ် သည့်သစ်များ ရှားပါးလာခြင်း၊ ရှားပါးလာသည့်သစ်တော များကြောင့် သစ်ဈေးများတက်လာခြင်း၊ ပရိဘောဂပစ္စည်းများ အရောင်းအဝယ် ထိုင်းလာခြင်း တို့ကြောင့် မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့် ပရိဘောဂအလုပ်ရုံအများ စုမှာ အရင်းအနှီး ပြုတ်ကာ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသလို ၄င်းတို့ကို မှီခိုအားထားနေရသည့် အလုပ်သမား များမှာလည်း အလုပ်လက်မဲ့ဘဝများဖြင့် ရပ်တည်ခဲ့ရပေသည်။

 မြို့၏ အခြေခံစီးပွားရေးများဖြစ်သည့် ပရိဘောဂလုပ်ငန်းများ ယိုယွင်းလာခဲ့သော်လည်း ငွေကို အလွယ်တကူ ရှာဖွေရရှိနိုင်သည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများနှင့် လူ မှောင်ခိုကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှာ တစ်စထက်တစ်စ တိုးပွားလာခဲ့ရာ လူတန်းစားပေါင်းစုံမှ ငွေများကို အများဆုံးသဲ့ယူနိုင်ခဲ့သည့် အတွင်ကျယ်ဆုံးသော လောင်းက စားမှုတစ်မျိုးမှာ (Game) ဟုခေါ်သည့် ပန်းသီးပုံးသာဖြစ်ကြောင်း ပန်းသီးပုံးမှာ ယောက်ျား၊ မိန်းခလေးလူကြီး စသည်ဖြင့် လူတန်းစားမရွေး ကစားနိုင်သည့် လောင်းကစားမှုတစ်မျိုးဖြစ် ကြောင်း၊ ယ္ခုအခါတွင် ဘုရားသုံးဆူမြို့၌ ထိုင်းလုပ်ငန်းရှင်များမှ လာရောက်အခြေချထားသည့် ပန်းသီးပုံးများ အရေအတွက်ပေါင်း (၃၅၀) သုံးရာငါးဆယ်ခန့်ရှိကြောင်း လေ့ လာသူတစ်ဦးက ဆိုပါသည်။ ''ပန်းသီးပုံးကြောင့် ဘဝပျက်သွားခဲ့တဲ့ လူတွေအများကြီးဘဲ ပန်းသီးပုံးက ပိုက်ဆံထည့်တဲ့ အပေါက်က ကျဉ်းပေမဲ့ကားတစ်စီးလုံး ဆိုင်ကယ်တစ်စီးလုံး အိမ်တစ်လုံးလုံး ဝင်သွားတတ် တယ် ဘုရားသုံးဆူက လူတွေလုပ်ကြေးတာနဲ့ဘဲ ရှမ်းသူဋ္ဌေးက ကားတစ်စီးပြီးတစ်စီး မိန်းမ တစ်ယောက်ပြီးတယောက်ယူနေတာ အမြင်ဘဲ ပန်းသီးပုံးကရတဲ့ အမြတ်တွေဟာ တစ်နေ့ကို အနည်းဆုံး ဘတ်တစ် သိန်း (၁၀၀၀၀၀) နီးနီးလောက်ရှိတယ်'' ဟု ပန်းသီးပုံးကြောင့် အိမ်များ၊ ခြံများ ကုန်ကာ ဘဝပျက်သွားရသူတစ်ဦးက ပြောပါသည်။

ဘုရားသုံးဆူဒေသ၏ စီးပွားရေးအခြေအနေများ ကျဆင်းလာသည်နှင့်အမျှ မြို့တွင်းရှိ ရပ်ကွက် များတွင် ပြုလုပ်နေကြသည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများ လျော့ကျသွား ခြင်းမရှိဘဲ ပိုမို၍ များပြားလာခြင်းမှာ ကောင်းသောအလားလာမဟုတ်ကြောင်း ထိုကဲ့သို့ လောင်းကစားမှုများ ရှိနေသ၍ ဒေသတွင်း ခိုးမှုများ လုယက်မှုများ လိမ်လည်မှုများ ပပျောက် သွားမည်မဟုတ်ကြောင်း ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း လောင်းကစားဒိုင်များမှ အခွန်အ ကောက်များကို မက်မောနေသည့် မြို့အုပ်ချုပ်သူ အာဏာပိုင်အဖွဲ့အစည်းများကြောင့်သာ ဖြစ်ကြောင်း ကျန်သည့် လောင်းကစားဝိုင်းများ ချဲထီဒိုင်များထံမှလည်း အခွန်အကောက်များ ရရှိနေကြောင်း တစ်လလျှင် အခွန်အကောက်ငွေ ဘတ်သိန်းနှင့်ချီ၍ ရရှိနေသဖြင့် မြို့အုပ်ချုပ် သူ အာဏာပိုင်များမှ မျက်စိကန်း နားထိုင်းနေကြကြောင်း အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦး က ဆိုပါသည်။

 (၂၀၀၀) ခုနှစ်နောက်ပိုင်း (၂၀၀၄ -၀၅) မှ အစပြု၍ ယိုယွင်းကျဆင်းလာသော ဘုရားသုံးဆူ ဒေသ၏ စီးပွားရေးအခြေအနေကို စီးပွားရေးလဒ်မြင်သော ထိုင်းလုပ်ငန်းရှင်များက အလုပ် လက်မဲ့ ဖြစ်နေကြသည့် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူတို့၏ ခွန်အားကို အရင်းအနှီးပြုပြီး ၄င်းတို့၏ စီးပွားအကျိုး အမြတ်ထုတ်ရန်အတွက် ဘိနပ်ချုပ်စက်ရုံ များ၊ အထည်ချုပ်စက်ရုံများ၊ ခြင်ထောင် ချုပ်စက်ရုံများနှင့် အခြားသော လူ့အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သည့်အလုပ် ရုံများကို တည်ထောင်ကာ လုပ်အားခ တစ်နေ့ ဘတ်ငွေ (၇၀) ခုနှစ်ဆယ်မျှဖြင့် အလုပ်သ မားပေါင်း (၃၀၀၀) သုံးထောင် ခန့်ကို အလုပ်ပေးကာ ၄င်းတို့အတွက် အကျိုးစီးပွားကို နေ့စဉ် ရှာဖွေလျှက် ရှိကြပေသည်။

၁၈ နှစ်ကာလ ကြာမြင့်ခဲ့ပြီးဖြစ်သည့် ဘုရားသုံးဆူဒေသ နယ်စပ်မြို့လေးသည် စီးပွားရေး ကောင်းစဉ်ကာလမှ စီးပွားရေးကျဆင်းချိန်ထိ အဆက်ဆက်အုပ်ချုပ်လာခဲ့သော စစ်အစိုးရအ ဖွဲ့အစည်း အာဏာပိုင်များနှင့် ငွေရှင်ကြေးရှင်များ မသမာသည့် စီးပွားရေးသမား လောဘသား များ၏ အတ္တအကျိုးအတွက်သာ ဖြစ်စေခဲ့ပြီး ဒေသတွင်းနှင့် မြို့တွင်းရှိ လူနေမှုအဆင့်အတန်း များ လမ်းပမ်းဆက်သွယ်မှုများနှင့် ဒေသဖွံ့ဖြိုးမှုများမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ ဆုတ် ယုတ်လာခဲ့ခြင်း၏ လက္ခဏာကို ပြနေသည်မှာ ဒေသအုပ်ချုပ်သူ အာဏာပိုင်များနှင့် နိုင်ငံ အုပ်ချုပ်သူ အာဏာပိုင်များ၏ ညံ့ဖျင်းမှုကြောင့်လား (သို့) ''ကာလံဒေသံ'' ဟု ဆိုအပ်သည့် ကာလဒေသကြောင်းလား ဆိုသည်ကိုတော့ ဝေဖန်သုံးသပ်ရန် လိုအပ်ပါကြောင်း တင်ပြ လိုက်ရပေသည်။

မျိုးဆက်သစ် အရင်းအမြစ်များ မဆုံးရှုံးစေချင်

စိုင်းစိုးဝင်းလတ်

မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။ ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။

ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် "ဦးနှောက်ယိုစီးမှု" ပြဿနာ ကြုံ တွေ့ နေကြရသည်။ မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။( ဆက်ဖတ်ရန် )

ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။ ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ်ကျဆင်းလာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။

ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများတက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။ သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။ အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊

တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။ ၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်ကတလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ်ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။

စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။ သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။

ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။ ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြုနိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။ ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။

သူတို့အဖွဲ့အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက်ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။

၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။ ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။ ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။

ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။ သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။ တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။

သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။ ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။

ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။ ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။

 မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။

စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma's Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။

စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။

အနမ်းများ

သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

~ ~ ~ ~ ~ ~

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

ယုံကြည်ထားစေချင်

့     ယုံကြည်ထားစေချင့့် 


                                   ဘဝခရီးတခုမှာ့ 
                                   စစ်အာဏါရှင်စနစ်အောက်
                                   ပုံသွင်းခံနေရတဲ့ ဘဝမှာမနေနိုင်လို့
                                   တစိမ်းမြေတစိမ်းရေမှာနေ နေရလည်း
                                   အခွင့်အခါပေး လွတ်လပ်မှုတွေရှိခဲ့ရင်
                                   စံပျော်ရာအမိမြေမှာတတ်စွမ်းသ၍
                                   ကိုယ်စွမ်း၊ဥာဏ်စွမ်း၊လုံ့လစွမ်းတွေနဲ့
                                   အမိမြေအတွက်
                                   ပြန်လည်အကျိုးပြုဖို့တော့အမြဲအဆင်သင့့်  ။
                                   တခါတလေမှာပေါ့ 
                                   တစိမ်းမြေတစိမ်းရေမှာပျော်ရွှင်မှုတွေကို
                                   စိတ်ထဲရှိရှိသမျှဆွဲယူကြည့်လိုက်တော့
                                   အားလုံးဟာပစ်ဖဲတွေချည်းဖြစ်လို့
                                   အမိဝေး၊အဘဝေးနဲ့တိုင်းတပါးမှာ
                                   ဟန်ဆောင်ကာပျော်နေရတဲ့အလွင့်ကလေး
                                   မိသားစုရဲ့နွေးထွေးမှုတွေကိုဆာလောင်တယ့့်  ။
                                   ယုံကြည်ထားစမ်းပါ့ 
                                   အခက်အခဲတွေကိုဝါးမျိုခဲ့ရင်း
                                   နုပျိုတဲ့နှလုံးအိမ်က
                                   ဆင်ခြင်မှုပဲ့ကိုင်ဦးနှောက်ကို
                                   တည်ငြိမ်စွာတည်ဆောက်ပြီးမှ
                                   ရခဲ့တဲ့အသိတရားတွေဟာ
                                   အများပြည်သူကိုကောင်းကျိုးပြုဖို့အတွက်ပေါ့  ။
                                   ပြီးခဲ့တဲ့အတိတ်ကမမေ့နိုင်တာတွေကိုတော့ 
                                   အမှတ်တရတွေအဖြစ်ပြန်ကြည့်ဖို့
                                   ပြတိုက်ထဲမှာချန်ထားသိမ်းထားခဲ့မှာပေါ့
                                   ကျနော်တို့ခေတ်ရဲ့ အညတရသူရဲကောင်းများစွာဟာလည်း
                                   ဒဏ်ရာအနာတရတွေကိုကုစား
                                   ဘ၀နေမညိုခင်မှာ
                                   အိပ်တန်းကိုပြန်ဝင်နိုင်ဖို့
                                   ကြိုးစားနေကြဆဲပဲ့  ။
                                   အခက်အခဲတွေကိုဝါးမျိုခဲ့ရင့်း့ 
                                   ရလာခဲ့တဲ့အတွေးအခေါ်
                                   အသိပညာနဲ့အတတ်ပညာတွေကတော့
                                   တကိုယ်ကောင်းအဣကြီးသူတွေနဲ့
                                   သိရက်နဲ့ဆက်မိုက်နေကြသူတွေအတွက်တော့မဟုတ်
                                   တခြားအများပြည်သူတွေအတွက်ပဲဖြစ်ရမှာပေါ့  ။
                                   တိုင်းပြည်စစ်ဖိနပ်အောက်ကလွတ်မြောက်ဖိုအတွက်ပဲ့    
                                   အဓိကထားကြိုးစားဆောင်ရွက်နေသူတွေမှာကတော့
                                   ကိုယ်ကျိုးအတွက်ကိုအဓိကမထားအားပဲ
                                   တိုင်းပြည်အတွက်သာအဓိကထားကြတယ်ဆိုတာကိုတော့
                                   ယုံကြည်ထားကြစမ်းပါ ပြည်သူမျာ့း့  ။
                                                                                     ဇာနည်မောင်
 

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.