Sunday, December 21, 2008

=?utf-8?Q?=5bBurma_=28_The_Power_of_People=29=5d_=32_New_Entries=3a_=e1=80=92=e1=80=ae=e1=80=87=e1=80=84=e1=80=b9=e1=80=98=e1=80=ac=e1=80=9c_=28=e1=81=82=e1=81=83=29_=e1=80=9b=e1=80=80=e1=80=b9=e1=80=b1=e1=80=94_=e1=80=b7=e1=80=99=e1=80=bd_=e1=80=85=e1=80=bb=e1=80=95=e1=80=ae=e1=80=b8_=e1=80=9b=e1=80=80=e1=80=b9=e1=80=9e=e1=80=90=e1=81=b1=e1=80=95=e1=80=ab=e1=80=90=e1=80=b9_=e1=82=8f=e1=80=bd=e1=80=85=e1=80=b9=e1=80=95=e1=80=ab=e1=80=90=e1=80=b9=e1=80=90=e1=80=ad=e1=80=90=e1=80=ad_=e2=80=9c=e1=80=85=e1=80=b6=e1=80=95=e1=80=9a=e1=80=b9=e2=80=9d_=e1=80=9c=e1=80=bd=e1=80=b3=e1=80=95=e1=80=b9=e1=80=9b=e1=80=bd=e1=80=ac=e1=80=b8=e1=80=99=e1=80=bd=e1=80=b3_=e1=80=85=e1=80=90=e1=80=84=e1=80=b9=e1=80=99=e1=80=8a=e1=80=b9=e1=81=8b_=e1=80=bb=e1=80=99=e1=80=94=e1=80=b9=e1=80=99=e1=80=ac=e1=80=bb=e1=80=95=e1=80=8a=e1=80=b9=e1=80=9e=e1=80=b0=e1=80=bb=e1=80=95=e1=80=8a=e1=80=b9=e1=80=9e=e1=80=ac=e1=80=b8=e1=80=99=e1=80=bd=e1=80=94=e1=80=b9=e1=80=9e=e1=80=99=e1=80=bd=e1=80=ba_=e1=80=95=e1= 80=b0=e1=80=b8=e1=80=b1=e1=80=95=e1=80=ab=e1=80=84=e1=80=b9=e1=80=b8=e1=80=b1=e1=80=86=e1=80=ac=e1=80=84=e1=80=b9=e1=80=9b=e1=80=bc=e1=80=80=e1=80=b9=e1=80=b1=e1=80=95=e1=80=b8=e1=82=80=e1=80=80=e1=80=95=e1=80=ab=e1=81=8b?=

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ "စံပယ်" လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ဒီဇင်ဘာလ (၂၃) ရက်နေ့ မှ စပြီး ရက်သတ္တပါတ် နှစ်ပါတ်တိတိ "စံပယ်" လှုပ်ရှားမှု စတင်မည်။ မြန်မာပြည်သူပြည်သားမှန်သမျှ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

ယနေ့ မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး အထွေထွေကျပ်တည်းမှုများဖြင့် ဆင်းရဲဒုက္ခ ကျရောက်နေချိန်တွင် တိုင်းပြည်၏ သယံဇာတများကို မတရားထုတ်ယူပြီး၊ ကိုယ်ကျိုးစီးပွားအတွက် အလွဲသုံးစား၍ စည်းစိမ် စံစားနေသော အာဏာရှင်လူတန်းစားကို ပယ်ရှား တော်လှန်နိုင်ရန်နှင့် ယနေ့ မတရားအကျဉ်း "စံ"နေရသော နိုင်ငံရေးအကျဉ်းသားများကို ထိုအကျဉ်းထောင်မှ"ပယ်"နိုင်ရေးအတွက် လူုငယ်များမှ ဦးဆောင်ပြီး "စံပယ်" ပန်းများကို ချိတ်ဆွဲဆင်ယင်ခြင်း၊ ဘုရားများတွင် ကပ်လှုပူဇော်ခြင်းများ လှုပ်ရှားဆောင်ရွက်မည်ဖြစ်ပါသည်။

ပြည်သူလူထုတရပ်လုံးမှလည်း "စံ" နေသောသူများကို "ပယ်" ရှားရေးအတွက် "စံပယ်" လှုပ်ရှားမှုတွင် ပါဝင် အားဖြည့်လှုပ်ရှားကြပါရန် လေးနက်စွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။

စတင်ပြုလုပ်မည့်ရက်။ ။ ဒီဇင်ဘာလ (၂၃) ရက် (အင်္ဂါနေ့ ) ။

အချိန်ကာလ။ ။ ရက်သတ္တပါတ် (၂ ပါတ်တိတိ) နေ့ စဉ်ပြုလုပ်ပါမည်။

အောက်ဖေါ်ပြပါအတိုင်း အတူတစ်ကွ ပူးပေါင်းဆောင်ရွက်ပေးကြပါ။

- စပါယ်ပန်းများကို ဘုရားစေတီပုထိုးများတွင် လှူဒါန်းကြပါ။

- စပါယ်ပန်းများကို ဘုရားစင်တွင် ကပ်လှူ ပူဇော်ကြပါ။

- စပါယ်ပန်းများကို မိမိတို့  ဦးခေါင်းထိပ်တွင် ပန်ဆင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မိမိတို့  ကိုယ်ခန္ဓာပေါ်တွင် ဆင်ယင်ကြပါ။

- စပါယ်ပန်းကုံးလေးများကို မော်တော်ယာဉ်များတွင် ချိတ်ဆွဲကြပါ။

- မိမိတို့  ပိုက်ဆံအိတ်များ၊ အိမ်ခန်းတွင်းများ၊ လက်ကိုင်ပုဝါများအကြား အစရှိသည်တို့ တွင် စပါယ်ပန်းပွင့်များကို ဆောင်ထားပေးကြပါ။

တိုင်းပြည်ချစ်သော မျိုးဆက်သစ်လူငယ်များ။

စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ပြန်လည်ချေပချက်။

စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ပြန်လည်ချေပချက်။

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK ရဲ့  တုန့်ပြန်ရေးသားချက်အပေါ် Cbox မှာ ပြန်လည်ရေးသားနိုင်ပေမဲ့ စာဖတ်သူများအနေနဲ့ KK ပြောနေသလို ထင်ယောင်ထင်မှား ဖြစ်သွားမှာ စိုးရိမ်လို့ အကျယ်တ၀င့် ဆောင်းပါး အသွင် ရေးသား ပေးပို့ရခြင်း ဖြစ်ပါတယ်။

KK အနေနဲ့ DSA ကျောင်းဆင်းတုန်းက ညစာစားပွဲမှာ ဗိုလ်သန်းရွှေရဲ့  မြေး ဖိုးလပြည့်က ဗိုလ်သန်းရွှေ ရဲ့ ရှေ့ မှာ လမ်းလျှောက်လာနေလို့ KK တို့ ဗိုလ်လောင်းတသိုက်ဟာ သူ့ကို အလေးပြုသလို ဖြစ်သွားခဲ့တာ မှတ်မိမယ် ထင်ပါတယ်။ မေ့နေတာလား၊ မေ့ချင်ယောင် ဆောင်တယ်ဆိုရင် လက်တို့ပြီး သတိပေး လိုက်ပါတယ်။

KK ပြောသလို ဗိုလ်လောင်းတပ်ဖွဲ့က ဗိုလ်ရှုခံ စင်မြင့်ရှိ ဗိုလ်သန်းရွှေကို အလေးပြုရတဲ့ အတွက် သူတို့မိသားစုအား အလေးပြုတာ မဟုတ်တာကိုတော့ အတိုင်းအတာ တစ်ခုထိ လက်ခံပါတယ်။ ချီတက်ကြတဲ့ အခါမှာ ရှေ့ ဆုံးတန်းမှာ ထိုင်နေတဲ့ ဗိုလ်သန်းရွှေရဲ့  မြေးမြစ်တွေကို တိုက်ရိုက် အလေးမပြုရင်တောင်မှ သွယ်ဝိုက် အလေးပြုသလို ဖြစ်နေတာ သိမြင်ဖို့ လိုပါတယ်။

ကိုယ့် လူကြီး မိသားစုကို လေးစားနေရာပေးရတာ လိုတာထက် ပိုပြီး "ဖား" နေကြရတဲ့ သဘောကို မြင်ဖို့ လိုပါတယ်။ အာဏာရှင်လူကြီးများကလည်း အဲဒီလို "ဖား" ခံရတာကို ပီတိဖြာပြီး ကိုယ့်မိသားစုကို ဒူးနေရာ ဒူး၊ တော်နေရာ တော် ထားရမဲ့ ၀တ္တရား ပျက်ကွက်ခဲ့ပါတယ်။

ဒါပေမဲ့ ဒီနေရာ တကွက်ထဲ မဟုတ်ဘဲ ကျောင်းဆင်းပွဲ ညစာစားပွဲတွေအပြင် အခြားနေရာတွေမှာပါ ဖိုးလပြည့်ဆိုတဲ့ "ငတိ" ဟာ ပါလေရာ ငါးပိချက် ကင်မရာရှေ့ မှာ ကားယား ကားယား ကန့်လန့် ပါနေတာကို ပြည်သူလူထုက ရှုတ်ချနေကြပါတယ်။ ဥပမာ - နိုင်ငံတကာ လေဆိပ်မှာ ဗိုလ်မောင်အေးက ဗိုလ်သန်းရွှေကို လာကြိုနေတုန်း ဖိုးလပြည့် ဆိုတဲ့ "ငတိ" ရှေ့ မှာ ကားယားကားယားနဲ့ ပါနေတာကို မြင်ရင် KK ဘယ်လို ဆင်ခြေနဲ့ တုန့်ပြန်မလဲ။ DSA ကျောင်းဆင်းပွဲ ရောက်လာတဲ့ ရွှေညီအမတွေရဲ့  ထမီကို ခေါက်ဖို့ အရာရှိ ကတော်နဲ့ ဆရာကတော်တွေကို တာဝန်ပေးထားတာ KK ဘယ်လို ပြောမလဲ။

ဒီနေ့ KK တွက်နေတာက မြန်မာ တပ်မတော် အရာရှိတိုင်း စစ်အာဏာရှင်ကို ကြိုက်လို့ ထောက်ခံနေတယ် ဆိုရင် မှားမယ်။ မလွှဲမရှောင်သာလို့ အောင့်အီး သည်းခံနေရတာ ဖြစ်တယ်။

ဒါ့အပြင် နိုင်ငံတကာမှာ KK ရဲ့  စီနီယာ နောင်တော်တွေ ဖြစ်တဲ့ DSA အပတ်စဉ် (၂၀)၊ အပတ်စဉ် (၂၄) အကိုကြီးများ (သူတို့က မွေးရင် KK တို့အရွယ် သားတွေ ရှိပါတယ်) ရောက်နေကြပြီ ဖြစ်တာမို့ KK ဟာ လူတတ်ကြီး လုပ်ပြီး နေရာတကာ အာဏာရှင်ဘက်က ၀င်ကာကွယ်နေတာ ရပ်တန့်သင့်ပြီ ထင်ပါတယ်။

အဲဒီ နောင်တော်တွေက KK ထက် တပ်မတော်အကြောင်း၊ စစ်အာဏာရှင် အကြောင်း ပိုမို သိနေတာမို့ နွားခြေရာခွက်ထဲက ဖားသူငယ်လို မလုပ်ပါနဲ့၊ ယုတ်စွအဆုံး KK ရဲ့  ဘိုးတော်လည်း ဖြစ် DSA ဖခင်လို့ သမုတ်နေကြတဲ့ ဗိုလ်မောင်အေးရဲ့  အမျိုး စစ်အာဏာရှင် တစ်ဦးကတောင် ဒီလို ဖြစ်စဉ်တွေကို ရှုတ်ချတဲ့ အတွင်းသတင်းကို သိထားရင် KK ဘာပြောမလဲ။

KK ထင်သလို ဒီဆောင်းပါး သတင်းကို တပ်အကြောင်း ဂဃဏန မသိဘဲ တင်လိုက်တဲ့ သဘောမျိုး မဟုတ်နိုင်ပါ။ ယနေ့ နိုင်ငံတကာရော၊ ပြည်တွင်းရှိ ပြည်သူလူထုကပါ ကျယ်ပြန့်လာတဲ့ အင်တာနက် နည်းပညာနဲ့ ကွန်ပြူတာ နည်းစနစ်တို့အား ကျွမ်းကျင်စွာ သုံးတတ်ပြီး အမြင်ကျယ် လာကြပြီမို့ ဒီအာဏာရှင် မိသားစု TV မှာဘဲ ဖြစ်ဖြစ်၊ သတင်းစာမှာဘဲ ဖြစ်ဖြစ် ကားယားကားယား ပါနေကြတာကို ရှုတ်ချကြတဲ့ ပြည်သူလူထုထဲက ပေါက်ကွဲမှု သံစဉ်တစ်ခုသာ ဖြစ်ပါတယ်။

KK အနေနဲ့ တပ်မတော်မှာ အောက်ခြေ အရာရှိ၊ အကြပ်တပ်သားတွေရဲ့  ဒုက္ခဆင်းရဲ ကျပ်တည်းမှု အဖြစ်မှန်ကို ရင်ဖွင့်လိုက်စမ်းပါ။ ဒါမှမဟုတ် လုံခြုံရေးအရ ငဲ့ညှာရမယ်ဆိုရင်လည်း ကိုဖိုးတရုတ်နဲ့ ကိုနစ်နေမန်း ဘလောဂ်တွေကို တခြားကလောင်နံမည် တစ်ခုနဲ့ ရဲရဲရင့်ရင့် မှန်မှန်ကန်ကန် အဖြစ်မှန် ပို့လိုက်ပါ။ လက်ကမ်း ကြိုဆိုပါလိမ့်မယ်။

KK ကိုယ်တိုင် ရုရှားမှာ တက်နေတဲ့ မြန်မာ့တပ်မတော် သူငယ်ချင်း အရာရှိတွေကို KK လိုဘဲ သဘောထား အမှန်တကယ် ရှိရဲ့လားဆိုတာ ဆွေးနွေးကြည့်လိုက်ပါဦး။

(စစ်ဘက်နဲ့ နီးစပ်သူ)။

------------------------------------------------------

KK က ကိုဖိုးတရုတ်ရဲ့  ဘလော့ CBox ထဲမှာ အောက်ဖေါ်ပြပါအတိုင်း ၀င်ရေးခဲ့လို့  စစ်ဘက်နဲ့  နီးစပ်သူတစ်ဦးမှ ပြန်လည်တုန့်  ပြန်ရေးသားထားတာ ဖြစ်ပါတယ်။
























မူရင်းပို့ စ်အကြောင်းအရာများကို သိချင်ရင်တော့ ဒီမှာ ပြန်လည်ကြည့်ရှူနိုင်ပါတယ်။

မြေးတွေ မြစ်တွေပါ အလေးပြုနေကြရသော အခြေအနေ ရောက်ရှိနေပါပြီ။


http://photayokeking.myanmarbloggers.org/2008/12/blog-post_19.html

ရုရှားရောက် မြန်မာတပ်မတော် အရာရှိ KK အား ချေပချက်။

http://photayokeking.myanmarbloggers.org/2008/12/kk.html

You received this email because you are subscribed to the real_time feed for http://niknayman-niknayman.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.