Sunday, December 21, 2008

[We Fight We Win. -- " More than Media "] 1 New Entry: တခါးဖွင့်ပြီး အနှစ် ၃၀ ပြည့်သောအခါ

တခါးဖွင့်ပြီး အနှစ် ၃၀ ပြည့်သောအခါ


-သာကျော်-

တရုပ်သမ္မတ ဟူဂျင်တောင် မှ ဆင်းရဲမွဲတေ စုတ်ပြတ်ခဲ့သော တိုင်းပြည်တခု မှ အင်အားကြီးမားသော စက်မှုနိုင်ငံကြီး အဖြစ်သို့ ရောက်ရှိလာသော မိမိတိုင်းပြည်အတွက် ဆက်လက်၍ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ကို လုပ်ဆောင်သွား မည်ဟု တရုပ်ပြည် စီးပွားရေး တခါးဖွင့် လမ်းစဉ် အနှစ် ၃၀ ပြည့်နှစ် အခန်းအနား၌ ဂတိပေး စကား ပြောကြားသွားပါသည်။ "ရပ်နေပြီး နောက်ပြန်ဆုတ်နေရင်တော့ လမ်းဆုံးဟာ မရဏ ပါဘဲ" ဟု တရုပ် သမ္မတကြီး က လူ ၆၀၀၀ ကျော်တက်ရောက်ခဲ့သော ထို အခန်းအနား ၌ ပြောကြားသွားပါသည်။

စီးပွားရေးပြုပြင်ပြောင်းလဲမှု ၏ အဓိက ဗိသုကာ ကြီး ဖြစ်သော တရုပ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန် ၏ လမ်းစဉ်အား တရုပ်ကွန်မြူနစ် ခေါင်းဆောင်တို့ သဘောတူ ခဲ့ကြသည့် ဒီဇင်ဘာ ၁၈ နေ့ ၊ ၁၉၇၈ အား အထိမ်းအမှတ်အဖြစ်ဤ အနှစ် ၃၀ အခန်းအနား အားဂုဏ်ပြု ကျင်းပခဲ့ခြင်းဖြစ်သည်။

" ပြုပြင်ပြောင်းလဲခြင်းနဲ့ တခါးဖွင့် ၀ါဒ ဟာ ကျွန်ုပ်တို့ တိုင်းပြည် တိုးတက် မြင့်မားလာမှု ကို ဖော်ဆောင်ပေးခဲ့ပါတယ်၊ တိန့်ရှောင်ဖိန် ရဲ့ လွန်ခဲ့တဲ့ အနှစ် ၃၀ က အတွေးအခေါ် အယူအဆ အမြင်တွေဟာ လုံးဝ မှန်ကန်ခဲ့ပါတယ် "ဟု ဟူဂျင်တောင် က တရုပ်အစိုးရ အသံလွှင့်ဌာနတွေမှာ လှိုက်လှိုက်လှဲလှဲ ပြောကြားသွားပါတယ်။




ပြီးခဲ့တဲ့ အနှစ် ၃၀ အတွင်းမှာ တရုပ်ပြည် ၏ ပျမ်းမျှ နှစ်စဉ် တိုးတက်နှုံး သည် ၉.၈ ရာခိုင်နှုံးကို ထိန်းထားနိုင်ခဲ့ပြီး ကမ္ဘာပျမ်းမျှတိုးတက်နှုံး ထက် ၃ ဆကျော်မြင့်မားခဲ့သည်။ ဟူဂျင်တောင်မှ တရုပ်ပြည်သူများအား ဤသို့တိုးတက်မှု အခြေအနေသို့ရောက်နေသော်ငြား ကျေနပ်နှစ်သိမ့်ခြင်း မရှိကြရန်၊ အထူးသဖြင့် တကမ္ဘာလုံး စီးပွားရေး ကပ် ဆိုက်နေသော ကာလတွင် တရုပ်ပြည်သူ တို့ မှ စီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံတကာ အခြေအနေ များ ကို ပိုမို မျက်ခြေမပြတ် လေ့လာနေရမည်ဖြစ်ကြောင်း သတိပေးပြောကြားသွားပါသည်။ "ပိုမို ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှု တွေ၊ တခါးဖွင့် စီးပွားရေး တွေကို အင်တိုက်အားတိုက် ဆောင်ရွက်သွားရင်း နဲ့ ပိုမိုပြီးပြည့်စုံနိုင်ပြီး သိပ္ပံပညာများ ဖွံဖြိုးတိုးတက်လာမဲ့ တိုင်းပြည်ကြီးတခု ဖြစ်လာနိုင်ဖို့ အရင်းအမြစ်တွေကို ထူထောင်လာရမယ် "တရုပ်သမ္မတ ဟူဂျင်တောင်က ပြောကြားသွားပါသည်။ မြန်မာ ပြည် သန်းရွှေစစ်အုပ်စု ကတော့ တရုပ်ခေါင်းဆောင်များ အား အမြဲတမ်း အားကိုး၊ တရုပ် ဂုဏော အန္တဒေါ လုပ်နေသော်ငြား တရုပ်ခေါင်းဆောင်များ ရဲ့ အမျိုးသား ဖွံ့ဖြိုးတိုးတက် မှုလုပ်ဆောင်ချက်တွေ၊ ရည်မှန်းချက်ပန်းတိုင်တွေ ဖော်ထုတ်ကြိုးပမ်းနေကြတာ ကို အတုမခိုးကြတာ အံ့သြဖွယ် ရာပါဘဲ။ လေ့လာမှုလည်းအားနည်း၊ ဆရာလည်း လုပ်ခြင်၊ အတွေးအခေါ် ကလည်း နိုင်ငံတကာ အဆင့်မမှီ ၊ ကိုယ်တိုင်လည်း ပါရမီနိတ္တိ ဘာမှလည်းမသိ၊ ကိုယ့်မြင်း ကိုယ်စိုင်း စစ်ကိုင်းရောက်ရောက်၊ င့ါ လှေ ငါထိုး ပဲခူး ရောက်ရောက် ဆိုတဲ့ တလွဲ တဆံပင်ကောင်း အာဏာရူးအားပေး စကားပုံ တွေ ကိုတော့ ကျွန်တော်တို့ မိရိုးဖလာ စကားပုံထဲ ကနေ နောင်လာနောင်သားမျိုးဆက်သစ်တွေ ကြားမှာ မသိနိုင်လေအောင် ထာဝရ ထုတ်ပစ်သင့်တဲ့စကားပုံတခု ဖြစ်နေပါပြီ။



You received this email because you are subscribed to the real_time feed for http://komoethee.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.