Sunday, December 21, 2008

[Myo Chit Myanmar | Dedicated for the people of Myanmar] 4 New Entries: အုပ်ချုပ်သူညံ့ဖျင်းမှုလား ကာလဒေသကြောင့်လား

အုပ်ချုပ်သူညံ့ဖျင်းမှုလား ကာလဒေသကြောင့်လား

သူရိန်

မွန်ကရင်များ အုပ်ချုပ်မှုအောက်မှ စစ်အစိုးရ တိုက်ခိုက်သိမ်းယူခဲ့ပြီးသည့် ၁၉၉၀ ခုနှစ်မှ အစ ပြု၍ နယ်စပ်မြို့လေးအဖြစ် ထင်ရှားလာခဲ့သည့် ဘုရားသုံး ဆူမြို့တွင် အနယ်နယ်အရပ်ရပ်မှ စီးပွား ရေးလုပ်ငန်းရှင်များ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စား တိုင်းရင်းသားပြည်သူများ၊ စစ်အစိုးရ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပေါင်းစုံများသာမက တိုင်းတစ်ပါးသားဖြစ်သည့် ထိုင်း နိုင်ငံမှ ထိုင်းလူမျိုး လုပ်ငန်းရှင်တစ်ချို့တို့ လာရောက်အခြေချကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြသည်။

စစ်ဘေးဒါဏ်မှ လွတ်မြောက်ကာစ နယ်စပ်ဒေသဖြစ်သည့်နှင့်အညီ စီးပွားရေးနှင့် လမ်းပမ်း ဆက်သွယ် သွားလာရေး အဆင်ပြေချော့မွေ့မှု မရှိသေးသော်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အချက်အခြာကြသည့် ဒေသဖြစ်ခြင်းကြောင့်လည်း အခက်အခဲမျိုးစုံရှိ သည့်ကြားမှ တက်သစ်စ ဘုရားသုံးဆူမြို့လေးသည် တဖြည်းဖြည်းနှင့် လူသိများကာ ထင်ရှား လာခဲ့ပေသည်။ ပထဝီအနေအထားအရ တောတောင်ထူထပ်ပြီး သစ်တောပေါများလှသည့် ဒေသဖြစ်ခြင်း ကြောင့်လည်း ဒေသထွက်ကုန်ကြမ်းဖြစ်သည့် သစ်များကို အရင်းအနှီးပြုကာ သစ်လုပ်ငန်းများ ပရိ ဘောဂလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာခဲ့ကြသည်။( ဆက်ဖတ်ရန် ) အကျိုးအမြတ် ဖြစ်ထွန်း သည့် လုပ်ငန်းဖြစ်ခြင်းကြောင့်လည်း တစ်ယောက်အစတစ်ရာဆိုသလို သူ့ထက်ငါ ပရိဘောဂ လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ကိုင်လာခဲ့ကြရာ ၁၉၉၇ ခုနှစ် ကာလများတွင် ဘုရားသုံး ဆူမြို့၌ ပရိဘောဂအလုပ်ရုံပေါင်း (၃၀၀) သုံးရာကျော်ခန့် ဖြစ်ထွန်းခဲ့ပြီး ၄င်းအလုပ်ရုံများတွင် ခွန်အားကို အရင်းအနှီးပြုကာ မှီခိုလုပ်ကိုင်နေကြသည့် အလုပ်သမားပေါင်းမှာလည်း ထောင် နှင့်ချီ၍ ရှိနေခဲ့ကြပေသည်။ ''ဟိုတုန်းက အလုပ်လုပ်စားရတာ တော်တော်လေးအဆင်ပြေတယ်၊ သစ်ကလည်းပေါ ပရိ ဘောဂအရောင်းအ ဝယ်ကလည်းကောင်းတော့ နေ့ရောညပါ လက်မလည်အောင်လုပ်ရတယ်၊ ငွေရေးကြေးရေးကလည်း အခက်အခဲမရှိဘူး အလုပ်ရှင်သူဋ္ဌေးတွေဆို ပိုပြီးစီးပွား ဖြစ်တာပေါ့ အဲဒီအချိန်တုန်းက စည်းကမ်းရှိတဲ့လူတွေဆိုရင် စုမိဆောင်းမိပြီး ကိုယ်ပိုင်အလုပ်ရုံတောင် ထောင်နိုင်ကြတယ် ရသလောက်သုံး ရသလောက် ဖြုန်းတဲ့လူတွေကတော့ အလုပ်သမား ဘ ဝကနေ မလွတ်တော့ဘူးပေါ့'' ဟု ယခင်က ပရိဘောဂလုပ်ငန်း လုပ်ခဲ့ဘူးသူ ကိုကျော်နိုင်က ပြောသည်။

လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန် မြင့်မားပြီး လူနေမှုသိပ်သည်းကာ မြို့စည်ကားလာသည်နှင့် အမျှ ငွေကြေးသုံးစွဲမှု ဖောင်းပွလာသည်ကို အခွင့်ကောင်းယူတတ်သည့် စီးပွားရေးသမားတစ် ချို့က ပွင့်လင်းရာသီများတွင် ဇာတ်ပွဲများ ပြသကျင်းပခြင်း၊ ၄င်းပွဲလမ်းများကို အကြောင်းပြု ကာ လောင်းကစားဝိုင်းများ ဖွင့်ခြင်းသာမက မြို့တွင်းရှိ ရပ်ကွက်များတွင်လည်း လောင်းကစား ဒိုင်များ၊ ချဲထီဒိုင်များက မြို့အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများကို အခွန်အကောက်များ ပေးကာ စီးပွားရှာသကဲ့သို့ ထိုင်းလုပ်ငန်းရှင်တစ်ချို့ကလည်း ပန်းသီးပုံးဟုခေါ်သည့် (Game) ဂိမ်းပုံးများကိုလည်း အာဏာပိုင်အဖွဲ့အစည်းထံ အခွန်အကောက်ပေးပြီး စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်များတွင် အမြတ်ငွေရာခိုင်နှုန်းပေးကာ မတရားစီးပွား ရှာလာခဲ့ကြပေသည်။

မြို့စည်ကားလာသည်နှင့်အမျှ လုပ်ငန်းများ တိုးတက်အဆင်ပြေမှုကြောင့် လက်ဖျားမှာ ငွေသီး နေကြသည့် လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများသာမက အခြေခံလူတန်းစား အလုပ်သမားများပါမကျန်၊ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားဝိုင်းများတွင် ရသလောက်သုံး၊ ရသလောက်ဖြုန်းနှင့် အချိန်ကုန်လာခဲ့ရရာ (၂၀၀၀) ခုနှစ် နောက်ပိုင်းတွင် ဘုရားသုံးဆူပတ်ဝန်းကျင်ဒေသ၏ သစ်တောများ ပြုန်းတီး လာ ခဲ့ခြင်းကြောင့် ကုန်ကြမ်းများဖြစ် သည့်သစ်များ ရှားပါးလာခြင်း၊ ရှားပါးလာသည့်သစ်တော များကြောင့် သစ်ဈေးများတက်လာခြင်း၊ ပရိဘောဂပစ္စည်းများ အရောင်းအဝယ် ထိုင်းလာခြင်း တို့ကြောင့် မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့် ပရိဘောဂအလုပ်ရုံအများ စုမှာ အရင်းအနှီး ပြုတ်ကာ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသလို ၄င်းတို့ကို မှီခိုအားထားနေရသည့် အလုပ်သမား များမှာလည်း အလုပ်လက်မဲ့ဘဝများဖြင့် ရပ်တည်ခဲ့ရပေသည်။

 မြို့၏ အခြေခံစီးပွားရေးများဖြစ်သည့် ပရိဘောဂလုပ်ငန်းများ ယိုယွင်းလာခဲ့သော်လည်း ငွေကို အလွယ်တကူ ရှာဖွေရရှိနိုင်သည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများနှင့် လူ မှောင်ခိုကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှာ တစ်စထက်တစ်စ တိုးပွားလာခဲ့ရာ လူတန်းစားပေါင်းစုံမှ ငွေများကို အများဆုံးသဲ့ယူနိုင်ခဲ့သည့် အတွင်ကျယ်ဆုံးသော လောင်းက စားမှုတစ်မျိုးမှာ (Game) ဟုခေါ်သည့် ပန်းသီးပုံးသာဖြစ်ကြောင်း ပန်းသီးပုံးမှာ ယောက်ျား၊ မိန်းခလေးလူကြီး စသည်ဖြင့် လူတန်းစားမရွေး ကစားနိုင်သည့် လောင်းကစားမှုတစ်မျိုးဖြစ် ကြောင်း၊ ယ္ခုအခါတွင် ဘုရားသုံးဆူမြို့၌ ထိုင်းလုပ်ငန်းရှင်များမှ လာရောက်အခြေချထားသည့် ပန်းသီးပုံးများ အရေအတွက်ပေါင်း (၃၅၀) သုံးရာငါးဆယ်ခန့်ရှိကြောင်း လေ့ လာသူတစ်ဦးက ဆိုပါသည်။ ''ပန်းသီးပုံးကြောင့် ဘဝပျက်သွားခဲ့တဲ့ လူတွေအများကြီးဘဲ ပန်းသီးပုံးက ပိုက်ဆံထည့်တဲ့ အပေါက်က ကျဉ်းပေမဲ့ကားတစ်စီးလုံး ဆိုင်ကယ်တစ်စီးလုံး အိမ်တစ်လုံးလုံး ဝင်သွားတတ် တယ် ဘုရားသုံးဆူက လူတွေလုပ်ကြေးတာနဲ့ဘဲ ရှမ်းသူဋ္ဌေးက ကားတစ်စီးပြီးတစ်စီး မိန်းမ တစ်ယောက်ပြီးတယောက်ယူနေတာ အမြင်ဘဲ ပန်းသီးပုံးကရတဲ့ အမြတ်တွေဟာ တစ်နေ့ကို အနည်းဆုံး ဘတ်တစ် သိန်း (၁၀၀၀၀၀) နီးနီးလောက်ရှိတယ်'' ဟု ပန်းသီးပုံးကြောင့် အိမ်များ၊ ခြံများ ကုန်ကာ ဘဝပျက်သွားရသူတစ်ဦးက ပြောပါသည်။

ဘုရားသုံးဆူဒေသ၏ စီးပွားရေးအခြေအနေများ ကျဆင်းလာသည်နှင့်အမျှ မြို့တွင်းရှိ ရပ်ကွက် များတွင် ပြုလုပ်နေကြသည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများ လျော့ကျသွား ခြင်းမရှိဘဲ ပိုမို၍ များပြားလာခြင်းမှာ ကောင်းသောအလားလာမဟုတ်ကြောင်း ထိုကဲ့သို့ လောင်းကစားမှုများ ရှိနေသ၍ ဒေသတွင်း ခိုးမှုများ လုယက်မှုများ လိမ်လည်မှုများ ပပျောက် သွားမည်မဟုတ်ကြောင်း ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း လောင်းကစားဒိုင်များမှ အခွန်အ ကောက်များကို မက်မောနေသည့် မြို့အုပ်ချုပ်သူ အာဏာပိုင်အဖွဲ့အစည်းများကြောင့်သာ ဖြစ်ကြောင်း ကျန်သည့် လောင်းကစားဝိုင်းများ ချဲထီဒိုင်များထံမှလည်း အခွန်အကောက်များ ရရှိနေကြောင်း တစ်လလျှင် အခွန်အကောက်ငွေ ဘတ်သိန်းနှင့်ချီ၍ ရရှိနေသဖြင့် မြို့အုပ်ချုပ် သူ အာဏာပိုင်များမှ မျက်စိကန်း နားထိုင်းနေကြကြောင်း အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦး က ဆိုပါသည်။

 (၂၀၀၀) ခုနှစ်နောက်ပိုင်း (၂၀၀၄ -၀၅) မှ အစပြု၍ ယိုယွင်းကျဆင်းလာသော ဘုရားသုံးဆူ ဒေသ၏ စီးပွားရေးအခြေအနေကို စီးပွားရေးလဒ်မြင်သော ထိုင်းလုပ်ငန်းရှင်များက အလုပ် လက်မဲ့ ဖြစ်နေကြသည့် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူတို့၏ ခွန်အားကို အရင်းအနှီးပြုပြီး ၄င်းတို့၏ စီးပွားအကျိုး အမြတ်ထုတ်ရန်အတွက် ဘိနပ်ချုပ်စက်ရုံ များ၊ အထည်ချုပ်စက်ရုံများ၊ ခြင်ထောင် ချုပ်စက်ရုံများနှင့် အခြားသော လူ့အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သည့်အလုပ် ရုံများကို တည်ထောင်ကာ လုပ်အားခ တစ်နေ့ ဘတ်ငွေ (၇၀) ခုနှစ်ဆယ်မျှဖြင့် အလုပ်သ မားပေါင်း (၃၀၀၀) သုံးထောင် ခန့်ကို အလုပ်ပေးကာ ၄င်းတို့အတွက် အကျိုးစီးပွားကို နေ့စဉ် ရှာဖွေလျှက် ရှိကြပေသည်။

၁၈ နှစ်ကာလ ကြာမြင့်ခဲ့ပြီးဖြစ်သည့် ဘုရားသုံးဆူဒေသ နယ်စပ်မြို့လေးသည် စီးပွားရေး ကောင်းစဉ်ကာလမှ စီးပွားရေးကျဆင်းချိန်ထိ အဆက်ဆက်အုပ်ချုပ်လာခဲ့သော စစ်အစိုးရအ ဖွဲ့အစည်း အာဏာပိုင်များနှင့် ငွေရှင်ကြေးရှင်များ မသမာသည့် စီးပွားရေးသမား လောဘသား များ၏ အတ္တအကျိုးအတွက်သာ ဖြစ်စေခဲ့ပြီး ဒေသတွင်းနှင့် မြို့တွင်းရှိ လူနေမှုအဆင့်အတန်း များ လမ်းပမ်းဆက်သွယ်မှုများနှင့် ဒေသဖွံ့ဖြိုးမှုများမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ ဆုတ် ယုတ်လာခဲ့ခြင်း၏ လက္ခဏာကို ပြနေသည်မှာ ဒေသအုပ်ချုပ်သူ အာဏာပိုင်များနှင့် နိုင်ငံ အုပ်ချုပ်သူ အာဏာပိုင်များ၏ ညံ့ဖျင်းမှုကြောင့်လား (သို့) ''ကာလံဒေသံ'' ဟု ဆိုအပ်သည့် ကာလဒေသကြောင်းလား ဆိုသည်ကိုတော့ ဝေဖန်သုံးသပ်ရန် လိုအပ်ပါကြောင်း တင်ပြ လိုက်ရပေသည်။

မျိုးဆက်သစ် အရင်းအမြစ်များ မဆုံးရှုံးစေချင်

စိုင်းစိုးဝင်းလတ်

မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းလာနေသည်နှင့်အမျှ တိုးတက်လာသည့်လူဦးရေနှင့် တနှစ်ထက်တနှစ် များပြားလာသော တက္ကသိုလ်ဘွဲ့ရများအတွက် အလုပ်နေရာချထား ပေးနိုင်သည့် ပြည်တွင်း လုပ်အားဈေးကွက်က မယှဉ်နိုင်ဖြစ်လာရသည်။ ဤအနေအထားတွင် နှစ်စဉ်ထောင်နှင့်ချီသော ပညာတတ်ဘွဲ့ရများက သူတို့၏ ကိုယ်ပိုင် အနာဂတ်ကို ပျိုးထောင်နိုင်ရန် နိုင်ငံမှ ထွက်ခွာနေကြတော့သည်။

ဘွဲ့ရပညာတတ် လုပ်သားအများအပြား နိုင်ငံရပ်ခြားသို့ ထွက်ခွာနေကြသည့်ပြဿနာက မြန်မာနိုင်ငံအတွက်သာ ထူးခြား ဖြစ်ပေါ်နေခြင်း မဟုတ်ပါ။ ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံအတော်များများတွင် "ဦးနှောက်ယိုစီးမှု" ပြဿနာ ကြုံ တွေ့ နေကြရသည်။ မကြာခင်က စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေကြသော အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းများနှင့် စကားစမြည် ပြန်ပြောမိသည်။ သူတို့အနေနှင့် အလုပ်ရနိုင်ကြ သေးသော်လည်း တခြားသော မြန်မာနိုင်ငံ၏ လူငယ် ပညာတတ် များအနေ နှင့်မူ သူတို့ကျွမ်းကျင်သည့် ပညာနှင့် အလုပ်ရရန် ခက်ခဲလာသည်ကို ကျနော် သတိပြုလာမိသည်။( ဆက်ဖတ်ရန် )

ပြည်တွင်းတွင် အုပ်ချုပ်နေသည့် စစ်အစိုးရက ထိုသူများကို တန်ဖိုးမထားတတ်ကြသလို၊ ပြည်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအုပ်စုများ ကလည်း ထိုသူများ၏ တန်ဖိုးကို အလေးမထားကြပါ။ ပြည်တွင်းနှင့် ပြည်ပရောက်နေသူ ကျနော့်မိတ်ဆွေအများအပြားတွင် သူတို့ငယ်ရွယ်စဉ်က အိပ်မက်ခဲ့သည့် အရာများ ပျောက်ကွယ် ဆုံးရှုံးနေခဲ့ကြပြီကို တွေ့ရသည်။ အကြောင်းမှာ နိုင်ငံ၏ ဆုတ်ယုတ်ကျဆင်းလာနေသော ပညာရေးစနစ် ကြောင့်ပင် ဖြစ်သည်။

ကျနော်မှတ်မိနေသည်မှာ ထိုသူအများစုက လူ ၄၊ ၅ ထောင်တွင် ထိပ်ပိုင်းစာတော်သည့် ကျောင်းသား ၄၀ - ၄၅ ဦးထဲ၌ ရှိနေခဲ့ကြသူများဖြစ်ပြီး သူတို့အနေနှင့် အဆင့်မြင့် အသက်မွေး ပညာများဖြစ်သည့် ဆေးတက္ကသိုလ် သို့မဟုတ် အင်ဂျင်နီယာ ကျောင်းများတက်ရောက် အောင်မြင်နိုင်ကြ သူများလည်း ဖြစ်ကြသည်။ သို့သော်လည်း အထက်တန်းကျောင်းပြီးချိန် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း သူတို့၏ စိတ်အားထက်သန်မှုများကို နှောင့်ယှက် ဟန့်တားမည့် ပြဿနာ အများအပြား ကြုံခဲ့ကြရသည်။ ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ကျောင်းများ ပိတ်လိုက် ဖွင့်လိုက် အကြိမ်ကြိမ်ဖြစ်နေသည်က ပြဿနာတခုဖြစ်သည်။ တဖန် အစိုးရက တက္ကသိုလ်များကို ဝေးလံခေါင်သီသော နေရာများသို့ ပို့ခဲ့ခြင်းကလည်း ဘူးလေးရာဖရုံဆင့်စေခဲ့သည်။ အသစ်ပေါ်လာသည့် ခေတ်သစ် သတင်းနည်းပညာများ ကလည်း သူတို့၏ မူလအိပ်မက်များဖြစ်သော ဆရာဝန်ဖြစ်ရန်၊ အင်ဂျင်နီယာဖြစ်ရန် ဆိုသည့် ငယ်ဘ၀စိတ်ကူးများနှင့် လမ်းခွဲစေ ခဲ့ပြန်သည်။ တချို့က ဘွဲ့ရကြသည်၊

တချို့က အိမ်ထောင် ကျပြီး မြန်မာပြည်တွင် အခြေကျနေပြီ၊ တချို့ကတော့ ပြည်ပသို့ထွက်၍ တခြားသော ရွှေ့ပြောင်း အလုပ်သမား ထုနှင့် ပူးပေါင်း၍ ၀မ်းကျောင်းခဲ့ကြသည်။ ၎င်းတို့အနက်မှ တချို့မှာ အထက်တန်းကျောင်းပြီးသည်နှင့် ပြည်ပကိုထွက်ကာ နိုင်ငံရပ်ခြားတက္ကသိုလ်များတွင် ကျောင်း တက်ခွင့် ရခဲ့ကြသည်။ သို့သော်လည်း ဤသူများကိုယ်နှိုက်ကပင် သူတို့လေ့လာထားသည့် ဘာသာရပ်ကတလွဲ၊ သူတို့ အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ပညာရပ်ကတလွဲ ဖြစ်နေပြန်သည်။ သို့ မဟုတ်ပါကလည်း သူတို့ ယခင် မျှော်မှန်း ထားကြသော အိပ်မက်များနှင့် လားလားမျှမဆိုင် ဖြစ်နေပြန်သည်။

စင်ကာပူနိုင်ငံတွင် ရောက်နေကြသည့် မြန်မာနိုင်ငံမှ ရွှေ့ပြောင်းလာသူ အများစုမှာ တက္ကသိုလ်ဘွဲ့ရများဖြစ်ပြီး ကျွမ်းကျင် အဆင့် ရှိသည့် လုပ်သားများလည်း ဖြစ်သည်။ ထိုသူများမှာ စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်းများက လိုချင်၍ လိုက်ရှာနေကြရသည့် အင်ဂျင်နီယာများ၊ ကွန်ပျူတာ ကျွမ်းကျင်သူများ၊ အုပ်ချုပ်ရေး အရာရှိများလည်း ဖြစ်ကြသည်။ သို့သော်လည်း ကျနော် စကားပြောခဲ့ရသည့် ၇ ဦးစလုံးထံမှ မကျေမနပ် ညည်းညူသံများကို ကြားခဲ့ရသည်။ သူတို့ကို စင်ကာပူ အလုပ်ရှင်များက ခေါင်းပုံ ဖြတ်ပုံ၊ တရားဝင်ပေးရမည့် အနိမ့်ဆုံးလုပ်ခ လစာများ မရရှိပုံ၊ လုပ်ခ အနည်းအကျဉ်း သာ ပေး၍ အချိန်ပို အလုပ်ဆင်းရန် အတင်းအကျပ် ခိုင်းစေပုံများကို ကြားခဲ့ရသည်။

ထိုမျှမက သူတို့တွင် ဘဏ္ဍာရေးအရ၊ လူမှုရေးအရ ဖိစီးစရာ အကြောင်းများ ကြုံနေရကြောင်းနှင့် ရံဖန်ရံခါ လုပ်ငန်းခွင်အတွင်း လူမျိုးရေးအရ ခွဲခြားခံရပုံကို လည်း ကြားခဲ့ရသည်။ ဤသို့ ကွန်ပျူတာသိပ္ပံ၊ အင်ဂျင်နီယာလုပ်ငန်း၊ ဟိုတယ် စီမံခန့်ခွဲမှု၊ စာရင်းကိုင် စသည့် ကျယ်ပြန့်သော လုပ်ငန်းများကို မြန်မာပြည်တွင်သာ လုပ်ကိုင်ခွင့်ရခဲ့ပါက ဤသူများအဖို့ မြန်မာနိုင်ငံစီးပွားရေးအတွက် များစွာ အကျိုးပြုနိုင်ကြမည် ဖြစ် သည်။ ထိုသူတို့မှာ ခေါင်းဆောင်များ၊ ဆုံးဖြတ်ချက် ချပိုင်ခွင့်ရှိသူများ၊ အဆင့်မြင့် ထိပ်သီး ပညာရှင်များ၊ နည်းပညာ ရှင်များ၊ တက္ကသိုလ် ပါမောက္ခများ ဖြစ်လာနိုင်သည်။ သူတို့၏ လုပ်အားကို ဈေးချိုချိုနှင့် ခေါင်းပုံဖြတ်ခံနေရသည့် တိုင်းတပါး တွင် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် အလုပ်သွားလုပ်နေရန်ပင် မလိုအပ်ပါ။ ဤသို့ လူငယ်များ၏ လုပ်အားကို လျှော့ပေါ့တွက်၍ တန်ဖိုးမထားသည်မှာ မြန်မာစစ်အစိုးရမျှသာ မဟုတ်ပါ။ ဒီမိုကရေစီ ရေး လှုပ်ရှားနေကြသည့် အဖွဲ့များကလည်း ထိုသူများကို ပြုစုပျိုးထောင်ရန် ပျက်ကွက်ခဲ့ကြပါသည်။

သူတို့အဖွဲ့အတွင်း တိုးတက် စေရန်နှင့် နိုင်ငံရှေ့ရေးအတွက် တိုးတက်ဖွံ့ဖြိုးစေရန် ဤလူငယ်များကို အခွင့်ပေး အသုံးချပျိုးထောင်ပေးဖို့ ပျက်ကွက်ခဲ့ကြ သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး လှုပ်ရှားနေကြသည့် အင်အားစုများက လူငယ်များကို သိမ်းသွင်းစုဆောင်းရန် တွန့်ဆုတ်နေ ကြသည်။ ထိုလူငယ်များ ပညာသင်ဆုများရဖို့ ၀ိုင်းဝန်းကြိုးပမ်း ကူညီပေးရန်နှင့် လူငယ်များ၏ ကျွမ်းကျင်မှုများ ထက်မြက် လာစေရန် ပျိုးထောင်ရေးကို ဒီမိုကရေစီ အင်အားစု အများစုက စိတ်မ၀င်စားကြပါ။ တချို့သောအဖွဲ့များတွင် ပညာသင်ဆု အခွင့်အလမ်းများ ရရှိကြသည်။ သို့သော်လည်း ဒီမိုကရေစီအရေး အားကျိုးမာန်တက်ဆောင်ရွက်ပေးမည်ဟု အားခဲထားကြ သည့် လူငယ်များအတွက် တကယ့်ကို အနည်းအကျဉ်းမျှသာ ဖန်တီးပေးနိုင်ပြန်သည်။

၂၀၀၀ ပြည့်နှစ် ဆန်းပိုင်းတွင် နောက်ထပ် ပညာဆက်သင်ရန် အခွင့်အလမ်းများ ပွင့်လမ်းလာခဲ့ရာ ဤအခွင့်အလမ်းများကို ဦးဆောင် အဖွဲ့အစည်းကြီးများ၏ အသက်အရွယ်ကြီးနေပြီဖြစ်သည့် ခေါင်းဆောင်ပိုင်းက အလျင်အမြန် မောင်ပိုင်စီး လိုက်ကြပြန်သည်။ ဤအဖွဲ့အစည်းများသည် လေ့လာရန် အခွင့်အလမ်းသစ်များ ဖန်တီးပေးရန် ပျက်ကွက်ခဲ့ရုံမျှမက၊ နိုင်ငံရေး အတိုက်အခံ များနှင့် ဆက်နွယ်မှု ရှိနေသည့် အာရှတိုက်နိုင်ငံများနှင့် အနောက်နိုင်ငံ တက္ကသိုလ်များမှ ပညာသင်ကြားလာသော ရာနှင့်ချီသည့် ကျောင်းသားများ၏ ကျွမ်းကျင်မှုများကိုလည်း အသုံးမချခဲ့ကြပါ။ အသုံးချခဲ့လျှင်လည်း အနည်းအကျဉ်းမျှသာ ရှိမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ တိုက်ရိုက် ထွက်ခွာလာသူများကို အသုံးချရန် ဆိုသည်မှာ ပို၍ ဝေးလှသည်။ ဤအချိန်တွင် မြန်မာစစ်အစိုးရက နည်းပညာရှင်များနှင့် အုပ်ချုပ်ရေးဝန်ထမ်းများကို စုဆောင်းသိမ်းသွင်းနေပြီး စစ်အစိုးရ ယန္တရား အင်အားတောင့်တင်းရေးအတွက် အသုံးချနေသည်။

ထိုလူငယ်များကို ရုရှား၊ စင်ကာပူနှင့် တခြားနိုင်ငံများရှိ ကောလိပ်နှင့် တက္ကသိုလ်များသို့ ပို့ကာ ပညာသင်စေလွှတ်ခဲ့ကြသည်။ သို့သော်လည်း ပြည်ပရောက်နေသည့်အင်အားစု များက သူတို့ဘာသာ ငွေရှာကျောင်းတက်နေကြသူများ၊ အနည်းအကျဉ်း မျှသော ပညာသင်ဆုကြေးနှင့် ကြိုးစား၍ တက္ကသိုလ်ပညာ ဆက်လက်သင်ကြား နေကြသူများ စသဖြင့် သူတို့ဘာသာ ကြိုးစား၍ ခရီးစထားပြီးသား သူများကို အခွင့်အလမ်းများ ကမ်းလှမ်းပံ့ပိုးပေးရန် ပျက်ကွက်ခဲ့ကြသည်။ တက္ကသိုလ်ဘွဲ့ရသူများကို တချို့သော ပြည်ပရှိ အဖွဲ့အစည်းများက လက်ထောက်အကူ များအဖြစ် သိမ်းသွင်းခဲ့ကြသည် မရှိမဟုတ်။ အနည်းအကျဉ်း ရှိပါသည်။

သို့သော်လည်း ထိုသူများမှာ အထွေထွေ ရုံးလုပ်ငန်းမျှနှင့်သာ အဆုံးသတ် ကြရပြီး သူတို့ကိုယ်သူတို့ ထက်အောင်သွေးထားကြသည့် အရည်အသွေးများ၊ ဗဟုသုတများကိုလည်း အသုံးမပြုနိုင်ဖြစ်ခဲ့ ကြရသည်။ ဤအဖွဲ့အစည်းများ၏ အသက်အရွယ် အိုမင်းကြီးရင့်နေပြီဖြစ်သည့် ခေါင်းဆောင်များကို ကူညီပံ့ပိုးပေး ခြင်းသည်သာ ကောင်းစွာ ပညာသင်ကြားလာသည့် လူငယ်များအတွက် အမြင့်ဆုံးရနိုင်သည့် ရာထူးတာဝန် ဖြစ်ပုံရပါသည်။ ထိုအချိန်တွင် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် တခြားသော ဖွံ့ဖြိုးသည့်နိုင်ငံများက လက်မနှေးကြပါ။ ထက်မြက် သည့် ပညာတတ်လူငယ်များနှင့် သူတို့၏ ကျွမ်းကျင်မှုများကို အခွင့်ကောင်းယူ၍ အလျင်အမြန် ကောက်ယူမြှောက်စားခဲ့ ကြပါသည်။ ကမ္ဘာပေါ်တွင် မြင့်ပြီးသား သူတို့၏ အဆင့်အတန်းနေရာကို ဆက်လက်ထိန်းသိမ်း အသာစီးယူနိုင်ရေးအတွက် ဆောင်ရွက် ခဲ့ကြပါသည်။ ဥပမာအားဖြင့် - ကနေဒါ လူဝင်မှုစနစ်ကို အမှတ်ပေးစနစ်သဖွယ် လုပ်ထားပြီး ထောင်ပေါင်းများ စွာသော ပညာတတ်များ၊ ကျွမ်းကျင်ပညာရှင်များကို နှစ်စဉ်ခေါ်ယူ၍ အမြဲတမ်းနေထိုင်ခွင့်ပေးခြင်း၊ နိုင်ငံသားအဖြစ် သတ် မှတ်ပေးခြင်း ပြုနေကြပါသည်။

ထိုနိုင်ငံများမှ ဘွဲ့ရလာကြသူ မြန်မာလူမျိုးများကို မူဝါဒရေးရာ အကြံပေးများ၊ သုတေသနမှူးများ၊ အငယ်တန်းအရာရှိများ အဖြစ် အိမ်ရှင်အစိုးရနှင့် အစိုးရက ထောက်ပံ့ထားသည့် အဖွဲ့အစည်း ဌာနများတွင် သိမ်းသွင်းစုဆောင်း နေရာချ ထားပေး နေကြပြီ ဖြစ်သည်။ တချို့မှာ ပုဂ္ဂလိကလုပ်ငန်းများအတွင်း ကျွမ်းကျင်သူများအဖြစ် ၀င်ရောက်လုပ်ကိုင် နေကြသူများလည်း ရှိနေသည်။ ငယ်ရွယ်၍ ထက်မြက်သော မြန်မာလူငယ်များကို နေရာပေး သိမ်းသွင်းခန့်ထား၍ အရှုံး မရှိကြောင်းကို ထိုနိုင်ငံများက သိကြသည်။ ရရှိနိုင်သမျှသော လူသားအရင်းအမြစ်ကို တန်ဖိုးထား၊ အသုံးချခြင်းပင် ဖြစ်ပါသည်။

 မြန်မာနိုင်ငံ အတွက် အတော်ဆုံးနှင့် အထက်မြက်ဆုံး လူငယ်များကို ထိန်းသိမ်းမွေးမြူထားလိုလျှင် အစိုးရနှင့် အတိုက်အခံ အင်အားစု နှစ်ဘက်စလုံးက ပိုမို အရေးတယူ ဆောင်ရွက်သင့်နေပြီ ဖြစ်သည်။ လတ်ဆတ်သည့် အတွေးအမြင်သစ်များကို လက်ကမ်းကြိုဆိုကြရန် လိုအပ်နေပြီ ဖြစ်ပါသည်။

စိုင်းစိုးဝင်းလတ်ရေးသားသည့် Burma's Wasted Intellectual Potential ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။

စိုင်းစိုးဝင်းလတ်သည် ကနေဒါနိုင်ငံ၊ ဘာနာဘီရှိ ဆိုင်မွန် ဖရေဇာတက္ကသိုလ်တွင် (Simon Fraser University) တွင် ပထ၀ီ အဓိကဖြင့် ဘွဲ့လွန်လေ့လာနေသူ Ph.D. ကျောင်းသားတဦး ဖြစ်ပါသည်။

အနမ်းများ

သို့
အချစ်လေးရေ

ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်
အချစ်လေး

မင်းရဲ့
ကိုကို

~ ~ ~ ~ ~ ~

နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်

သို့
ယောက်ကျားရေ

ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး တင်ပါတယ်
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။

၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့် လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀

ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။

ကိုကို့ရဲ့
ချစ်လေး

ယုံကြည်ထားစေချင်

့     ယုံကြည်ထားစေချင့့် 


                                   ဘဝခရီးတခုမှာ့ 
                                   စစ်အာဏါရှင်စနစ်အောက်
                                   ပုံသွင်းခံနေရတဲ့ ဘဝမှာမနေနိုင်လို့
                                   တစိမ်းမြေတစိမ်းရေမှာနေ နေရလည်း
                                   အခွင့်အခါပေး လွတ်လပ်မှုတွေရှိခဲ့ရင်
                                   စံပျော်ရာအမိမြေမှာတတ်စွမ်းသ၍
                                   ကိုယ်စွမ်း၊ဥာဏ်စွမ်း၊လုံ့လစွမ်းတွေနဲ့
                                   အမိမြေအတွက်
                                   ပြန်လည်အကျိုးပြုဖို့တော့အမြဲအဆင်သင့့်  ။
                                   တခါတလေမှာပေါ့ 
                                   တစိမ်းမြေတစိမ်းရေမှာပျော်ရွှင်မှုတွေကို
                                   စိတ်ထဲရှိရှိသမျှဆွဲယူကြည့်လိုက်တော့
                                   အားလုံးဟာပစ်ဖဲတွေချည်းဖြစ်လို့
                                   အမိဝေး၊အဘဝေးနဲ့တိုင်းတပါးမှာ
                                   ဟန်ဆောင်ကာပျော်နေရတဲ့အလွင့်ကလေး
                                   မိသားစုရဲ့နွေးထွေးမှုတွေကိုဆာလောင်တယ့့်  ။
                                   ယုံကြည်ထားစမ်းပါ့ 
                                   အခက်အခဲတွေကိုဝါးမျိုခဲ့ရင်း
                                   နုပျိုတဲ့နှလုံးအိမ်က
                                   ဆင်ခြင်မှုပဲ့ကိုင်ဦးနှောက်ကို
                                   တည်ငြိမ်စွာတည်ဆောက်ပြီးမှ
                                   ရခဲ့တဲ့အသိတရားတွေဟာ
                                   အများပြည်သူကိုကောင်းကျိုးပြုဖို့အတွက်ပေါ့  ။
                                   ပြီးခဲ့တဲ့အတိတ်ကမမေ့နိုင်တာတွေကိုတော့ 
                                   အမှတ်တရတွေအဖြစ်ပြန်ကြည့်ဖို့
                                   ပြတိုက်ထဲမှာချန်ထားသိမ်းထားခဲ့မှာပေါ့
                                   ကျနော်တို့ခေတ်ရဲ့ အညတရသူရဲကောင်းများစွာဟာလည်း
                                   ဒဏ်ရာအနာတရတွေကိုကုစား
                                   ဘ၀နေမညိုခင်မှာ
                                   အိပ်တန်းကိုပြန်ဝင်နိုင်ဖို့
                                   ကြိုးစားနေကြဆဲပဲ့  ။
                                   အခက်အခဲတွေကိုဝါးမျိုခဲ့ရင့်း့ 
                                   ရလာခဲ့တဲ့အတွေးအခေါ်
                                   အသိပညာနဲ့အတတ်ပညာတွေကတော့
                                   တကိုယ်ကောင်းအဣကြီးသူတွေနဲ့
                                   သိရက်နဲ့ဆက်မိုက်နေကြသူတွေအတွက်တော့မဟုတ်
                                   တခြားအများပြည်သူတွေအတွက်ပဲဖြစ်ရမှာပေါ့  ။
                                   တိုင်းပြည်စစ်ဖိနပ်အောက်ကလွတ်မြောက်ဖိုအတွက်ပဲ့    
                                   အဓိကထားကြိုးစားဆောင်ရွက်နေသူတွေမှာကတော့
                                   ကိုယ်ကျိုးအတွက်ကိုအဓိကမထားအားပဲ
                                   တိုင်းပြည်အတွက်သာအဓိကထားကြတယ်ဆိုတာကိုတော့
                                   ယုံကြည်ထားကြစမ်းပါ ပြည်သူမျာ့း့  ။
                                                                                     ဇာနည်မောင်
 

You received this email because you are subscribed to the real_time feed for http://myochitmyanmar.org/index.php?format=feed&type=rss. To change your subscription settings, please log into RSSFWD.