မန်းလေးအပြန်လက်ဆောင်များ
နန်းညီလေးတစ်ယောက်.. ၁၇ ရက်နေ့က မန္တလေးရွှေမြို့တော်ကြီးမှ ရန်ကုန် Home Sweet Home သို့ ဘေးမသီ ရန်မခ.. ပျော်ရွှင်စွာ ကျန်းမာစွာနဲ့ ပြန်ရောက်လာပါတယ်.. ပြန်လာတဲ့အထိတော့ ဘေးမသီ ရန်မခပါပဲ.. အိမ်ပြန်ရောက်ကာမှ ဖြစ်တော့တာ.. အိပ်နေတုန်း ဖုန်းမြည်လို့ ပြေးကိုင်တာ.. ခြေကျင်နေတာကို ကိုယ့်ဘာသာမသိဘဲ ခြေထောက်ထောက်လိုက်တော့ ခြေကအဆစ်လည်သွားပြီး ဘုန်းကနဲကို ပြုတ်ကျတော့တာပဲ.. အဲဒါ အခု ခြေထောက်က ရောင်နေလို့ ဆေးလိမ်း ပတ်တီးစီးထားရတယ်.. လမ်းလျှောက်တာလည်း ထော့နဲ့ထော့နဲ့.. ဘာပဲပြောပြော ကိုယ့်အိမ်ကိုယ့်ရာ ပြန်ရောက်လာတော့ ပျော်ပါ၏.. မန်းလေးကနေ အားလုံးအတွက် မုန့်တွေ လက်ဆောင်တွေပါတယ်.. Read More လေးကို နှိပ်ပြီး စားသွားကြဦးနော်.. လက်ဆောင်တွေလည်း စိတ်ကြိုက်သာ ယူသွားကြပါ.. နန်းညီရဲ့ ဓာတ်ပုံအစွမ်းလေးကိုလည်း ဝေဖန်သွားကြပေါ့..

အချဉ်ပေါင်းတွေ .. နန်းညီကတော့ မကြိုက်ပေမယ့် ကြိုက်တဲ့သူတွေ စားလို့ရအောင်..

You received this email because you are subscribed to the real_time feed for http://www.random-random.co.cc/feeds/posts/default. To change your subscription settings, please log into RSSFWD.