Wednesday, October 29, 2008

[Sawlinux] 1 New Entry: တပည့်ဟာ ဆရာထက်တော်ရမယ်

တပည့်ဟာ ဆရာထက်တော်ရမယ်

28 October 2008

ဒီစကားဟာ ဗမာပြည်ရဲ့ကျောင်းသုံးစာအုပ်တွေကို အခြေခံပညာသူငယ်တန်းက အစ၊ တက္တသိုလ် မဟာဝိဇ္ဇာအထိ တသက်ပန်လုံး ဆိုရမလောက် ပြုစုရှာဖွေပြဋ္ဌာန်းပေးခဲ့တဲ့ ပညာရေးသမားလည်းဖြစ်၊ ပညာရှိကြီးတဆူလည်းဖြစ်တဲ့ ဆရာကြီး ဦးဖေမောင်တင်ပြောခဲ့တဲ့ စကားပါ။ တပည့်က ဆရာကို တော်ရုံမေးခွန်း တခုလောက် ပြန်မေးတာတောင် မကြိုက်တတ်တဲ့ ဗမာပြည်မှာ ဒီလိုစကားမျိုးကို ထုတ်ဟပြောဆိုဖို့ဆိုတာ မလွယ်ပါဘူး။ အင်မတန်ကြီးမားတဲ့ စေတနာနဲ့ အင်မတန်ကြီးမားတဲ့ ဦးနှောက်က စိမ့်ထွက်လာတဲ့ "မဟာပညာရေးဝါဒ" တရပ်ဖြစ်ပါတယ်။

ဒီစကားဟာ ဒီမှာတင် ဆုံးတာမဟုတ်သေးဘူး။ "တပည့်တို့ဟာ ဆရာ့ပခုံးပေါ်တက်ပြီး တဆင့်ထက်တဆင့်မြင့်အောင် ကြိုးစားရမယ်။ ဆရာ့တို့ပခုံးပေါ်ကို တက်ကြပါတဲ့။" ဒါဟာ သူက တပည့်တွေကို အခွင့်ကြုံတိုင်းပြောလေ့ရှိတဲ့ စကားစု ဖြစ်ပါတယ်။ ဒီစေတနာအတိုင်းလည်း တသက်လုံး အကောင်အထည်ဖော်ပေးခဲ့ပြီး သူ့တပည့် ဗမာကျောင်းသား လူငယ်တွေကို တော်သထက်တော်အောင် အခွင့်အလမ်းတွေ ရှာဖွေကူညီအားထုတ်ပေးခဲ့တယ်။ သူတပည့်ဆိုတာ ဇော်ဂျီ၊ မင်းသုဝဏ်တို့ကအစ သခင်နု၊ သခင်အောင်ဆန်း၊ သိန်းဖေမြင့်၊ ဒဂုံတာရာ၊ ဒေါ်အမာ၊ ဒေါ်အုန်းအလယ်၊ အောင်သင်း၊ ထွန်းမြင့် (မင်းမော်) တို့အဆုံး အားလုံးတပည့် မျိုးဆက်သုံး၊ လေးဆက်ကို ဆိုလိုပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ဟာ နိုင်ငံရေးသမားမဟုတ်လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလောက် လူသိမများပေမယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းနှင့်တကွသော နိုင်ငံရေးသမားတွေ၊ ပညာရှိတွေ၊ စာရေးဆရာ၊ သတင်းစာဆရာတွေ စတဲ့နိုင်ငံတော်မျက်နှာဖုံး လူကြီးလူငယ်အားလုံးက ကြည်ညိုလေးစားခံရတဲ့ ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်မှာ တည်ထောင်တယ်။ အသက် (၂၄) နှစ်သာရှိသေးတဲ့ ဦးဖေမောင်တင်ဟာ ဖွင့်လှစ်စ အရှေ့တိုင်းဘာသာများဌာနမှာ ပါမောက္ခဖြစ်နေရာက အင်္ဂလန်ကိုပညာသင်သွားရပါတယ်။ အဲဒီတော့ အသက် (၃၂) နှစ်ပါ။ အဲဒီမှာ ဝိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာပြန်ဆိုလို့ ပါဠိကျမ်းစာအသင်းက ရွှေဒင်္ဂါးတထောင် ဆုချီးမြှင့်ခံရပါတယ်။ အိန္ဒိယနဲ့ သီဟိုဠ် (သီရိလင်္ကာ) တို့မှာ အင်္ဂလိပ်စာတတ် ပါဠိပညာရှင်အကျော်အမော်တွေရှိပေမယ့် ရွှေဒင်္ဂါးဆုငွေ တထောင်ပေးမယ်လို့ ကြော်ငြာတာတောင် ထွက်မလာခဲ့ပါ။ ဦးဖေမောင်တင်ဟာ ဖခင်က ခရစ်ယာန်ဖြစ်လို့ သားလည်း ခရစ်ယာန်ဖြစ်ပေမယ့် အမေဘက်ကအဘိုးက သာသနာပိုင်ဆရာတော် ဦးဝိသုဒ္ဓသီလာစာရ ဖြစ်လို့ ဗုဒ္ဓစာပေဖြစ်တဲ့ ပါဠိစာပေကျမ်းဂန်တွေကို နားလည်နိုင်တဲ့ အခြေခံကောင်း ရှိခဲ့သူဖြစ်ပါတယ်။ ပါဠိဘာသာနဲ့ အိန္ဒိယတက္ကသိုလ်က မဟာ
ဝိဇ္ဇာဘွဲ့ရထားသူအဖြစ်နဲ့ ရန်ကုန်တက္ကသိုလ် အရှေ့တိုင်းဘာသာစကားဌာနမှာ မြန်မာထဲက ပထမဆုံး ပါဠိပါမောက္ခ ခန့်အပ်ခံရသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် လန်ဒန်ပါဠိကျမ်းစာအဖွဲ့ရဲ့ ရန်ကုန်ကိုယ်စားလှယ် ဖြစ်ခဲ့ပြီး လယ်တီ ဆရာ တော်က အစ အရှင်ဇနကာဘိဝံသအဆုံး ပါဠိကျမ်းတတ်ဆရာတော် အကျော်အမော်များနဲ့လည်း ပါဠိဘာသာစကားကိစ္စနဲ့ ဗုဒ္ဓစာပေကိစ္စတွေကို နည်းခံလေ့လာသူတဦးလည်း ဖြစ်ပါတယ်။

ဦးဖေမောင်တင်ဟာ မြန်မာမှု၊ မြန်မာစာပေကို အလွန်လေးစားမြတ်နိုးပြီး ဗုဒ္ဓစာပေသာမက မြန်မာစာပေနဲ့ မြန်မာသမိုင်း ကိုလည်း ခေတ်မီသုတေသနနည်းနာများနဲ့ ရှေးဦးလေ့လာလိုက်စားခဲ့သူလည်း ဖြစ်ပါတယ်။ ခရစ်ယာန် လူငယ်တဦး အနေနဲ့ တက္ကသိုလ်ဆရာဖြစ်လာပေမယ့် တောင်ရှည်ပုဆိုး၊ တိုက်ပုံအင်္ကျီနဲ့ ခေါင်းပေါင်း အုပ်ပေါင်းဝတ်ဆင်ပြီး ကျောင်းတက်၊ စာသင်သူ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကြီးက ဂုဏ်ပြု ချီးကျူးပြီး အားထားလေးစားခဲ့တာ ဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ်ဖွင့်စမှာပဲ တက္ကသိုလ်ကျောင်းသားတိုင်း တန်းနိမ့်မြန်မာစာ မသင်မနေရလုပ်ဖို့နဲ့ ဂုဏ်ထူးတန်းများ ဖွင့်ဖို့ကို အားထုတ်ခဲ့ရာမှာ အောင်မြင်ခဲ့ပါတယ်။ ပုဂံကျောက်စာတွေကို ကိုယ်တိုင်သွားရောက်ကူးယူပြီး စာအုပ်တွဲ (၅) တွဲထုတ်ဝေ သင်ကြားပေးခဲ့ပါတယ်။ "မင်းတို့မှာ တက္ကသိုလ်သင်လောက်တဲ့ မြန်မာစာပေကျမ်းဂန်တွေ ရှိရဲ့လား" လို့ အင်္ဂလိပ်တွေ မေးတာကို တုံ့ပြန်တဲ့အနေနဲ့ သူကိုယ်တိုင်ကြီးမှူး အုပ်ချုပ်နေရတဲ့ ဘားနာဒ်အခလွတ် ပိဋကတ်တိုက်မှာ
ပေမူ ပုရပိုက်မူတွေနဲ့ ရှိနေတဲ့ မြန်မာစာပေကျမ်းဂန်တွေထဲက (၄၆) အုပ်ကို မြန်မာပညာရှိတွေ အကူအညီယူရင်း တည်းဖြတ်ထုတ်ဝေခဲ့ပါတယ်။ ပထမဆုံး မြန်မာစာပေသမိုင်း ကျမ်း တစောင်လည်း ပြုစုထုတ်ဝေခဲ့ပါတယ်။ သူရဲ့မြန်မာစာဂုဏ်ထူတန်းကနေ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ ကုသ စတဲ့ ခေတ်ဆန်းစာပေသမားတွေကို မွေးထုတ်ရင်း အမျိုးသားကျောင်းတွေကို အခြေခံလာတဲ့ မြန်မာစာပေ သင်ကြား လေ့လာမှုကို တက္ကသိုလ် လက်ဆင့်ကမ်းယူ မြှင့်တင်ပေးခဲ့နိုင်ပါတယ်။

လွတ်လပ်ရေးခေတ်ဦးမှာ အရင်က မရှိဖူးသေးခဲ့တဲ့ စနစ်သစ် ကျောင်းသုံးမြန်မာဖတ်စာ၊ ကျောင်းသုံးပါဠိသဒ္ဒါ၊ မြန်မာသဒ္ဒါ၊ မြန်မာ ဝါကျဖွဲ့ထုံးကျမ်း စတဲ့ ကျောင်းသုံးစာအုပ်တွေကို ပြုစုပေးခဲ့ပေးပြီးနောက် အငြိမ်းစားယူပြီးတဲ့အခါမှာလည်း စာပေဗိမာန်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်၊ သက်ကြီးတက္ကသိုလ် စသည်တို့မှာ ကြီးမှူးအုပ်ချုပ်မှုတာဝန်တွေကိုလည်း ယူခဲ့ပါသေးတယ်။ ကျောင်းသုံးစာအုပ်တွေထဲမှာ ဇာတကဝတ္ထုတွေ၊ ဇာတ်ကြီး (၁၀) ဘွဲ့တွေနဲ့ ဗုဒ္ဓဝင်စာပေတွေထဲက စာပေတွေ ထုတ်နုတ် ပြဋ္ဌာန်းပေးလို့ ခရစ်ယာန်တချို့ရဲ့ ငြိုငြင်ပုတ်ခတ်မှုတွေကို ခံခဲ့ရဖူးပါတယ်။ "မင်းတို့ခရစ်ယာန် သာသနာ ပြုရာမှာဖြစ်စေ၊ မြန်မာပြည်သူတွေကို အုပ်ချုပ်ရာမှာဖြစ်စေ၊ ဒါတွေမလေ့လာလို့ရှိရင် အောင်မြင်မှာမဟုတ်ဘူး။ မြန်မာပြည်မှာနေပြီး မြန်မာလူမျိုးတွေနဲ့ အဆင်ပြေချင်ရင် ဒါတွေကို မင်းတို့ကိုယ်တိုင် လေ့လာသင့်တယ်" လို့ပြောမှ ငြိမ်သွားခဲ့ကြပါတယ်တဲ့။

ဆရာကြီးဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို နိုင်ငံရေးမှာ မပါဝင်ခဲ့ပေမယ့် အကြီးမြတ်ဆုံး မြန်မာမျိုးချစ်ပုဂ္ဂိုလ်ကြီး တဦးအဖြစ်နဲ့ မြန်မာစာပေ၊ မြန်မာစကားတို့ကို စောင့်ရှောက်မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော မြန်မာပညာရေးကို ပဲ့ကိုင် မြှင့်တင်ပေးခဲ့သူအဖြစ်နဲ့ရော ဆောင်ရွက်ရာမှာ ထိပ်ဆုံးတန်းပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်။

သူကိုယ်တိုင် ဦးဆောင်ပါဝင်တည်ထောင်ခဲ့တဲ့ မြန်မာနိုင်ငံသုတေသနအသင်း ၁၉၁၀ နဲ့ မြန်မာနိုင်ငံပညာ ပြန့်ပွားရေး အသင်း ၁၉၂၈ တို့ကနေ မြန်မာစာပေ၊ မြန်မာသမိုင်းနဲ့ မြန်မာ့ယဉ်ကျေးမှုတို့ကို သုတေသနပြုခြင်း၊ စာအုပ်ထုတ်ဝေခြင်း တို့ကို ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ သုတေသနအသင်း ဂျာနယ်ဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းအကျဆုံး သုတေသနဂျာနယ်အဖြစ် ထင်ရှားပါတယ်။ ဆရာကြီးကိုယ်တိုင် အသင်းဥက္ကဋ္ဌ၊ ဂျာနယ်အယ်ဒီတာ၊ ငွေထိန်း စသည်ဖြင့် တကြိမ်မက တာဝန်ယူခဲ့ရပြီး သူတပည့်များဖြစ်ကြတဲ့ ဇော်ဂျီ၊ မင်းသုဝဏ်၊ ဦးမျိုးမင်း၊ ဒေါက်တာ ညီညီ၊ ဦးသော်ကောင်း၊ ဒေါက်တာ သန်းထွန်း စတဲ့ သုတေသီပညာရှင်များက ပခုံးပြောင်းတာဝန်ယူခဲ့ကြပါတယ်။ နောက်ဆုံးတိုးချဲ့ဖွဲ့စည်းတဲ့ စာအုပ်ထုတ်ဝေရေးအဖွဲ့ငယ်မှာ မောင်စွမ်းရည်လည်း ပါဝင်ခဲ့ရပေမယ့် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ ကိုယ်တိုင် တာဝန်ပေး၊ တည်းဖြတ်ထုတ်ဝေခိုင်းထားတဲ့ ဗုံကြီးသံကောက်စိုက်သီချင်းများ စာမူတောင် မထုတ်ဝေလိုက်ရဘဲ အသင်း
ဖျက်သိမ်း၊ ချိတ်ပိတ်ရာ သူ့စာမူပါသွားခဲ့ပါတယ်။ အသင်းဖျက်သိမ်းစေသူကတော့ ဗိုလ်နေဝင်းပဲဖြစ်ပါတယ်။

ဗိုလ်နေဝင်းဟာ သူကျောင်းထုတ်ခံခဲ့ရတဲ့တက္ကသိုလ်၊ သူ့ပြိုင်ဘက်အုပ်စု ဗိုလ်အောင်ဆန်း၊ ဗိုလ်လက်ျာ စသူတို့ မွေးထုတ် ပေးရာ၊ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေ မွေးထုတ်ပေးခဲ့ရာ တက္ကသိုလ်ကို အာဃာတထားပြီး တက္ကသိုလ်သမဂ္ဂ အသင်းကြီးကိုပါ ဖျက်ဆီးခဲ့တာ ဖြစ်ပုံရပါတယ်။ ဆရာ မင်းသုဝဏ် စတဲ့တက္ကသိုလ်ဆရာ၊ ခေတ်စမ်းစာပေသမားတွေကို လည်း "ခရစ်ယာန်ကြီးဖေမောင်တင်ရဲ့တပည့်တွေ" အဖြစ်နဲ့ အငြိုးထားပါတယ်။ ဦးဖေမောင်တင်နဲ့အတူ မြန်မာနိုင်ငံ သုတေသနအသင်း တည်ထောင်ခဲ့သူ သတိုးသီရိသုဓမ္မဘွဲ့ရ ဆရာကြီး ဖာနီဗယ်နဲ့ ဆရာကြီး လုစ်တို့ကိုလည်း CIA လို့ စွပ်စွဲပြီး တိုင်းပြည်က နှင်ထုတ်ခဲ့ပါတယ်။

ဗမာ့လွတ်လပ်ရေးသမိုင်းမှာ အရေးကြီးဆုံးဖြစ်တဲ့ တို့ဗမာအစည်းအရုံးတည်ထောင်သူ သခင်ဗသောင်း၊ သခင်လေးမောင် စတဲ့သခင်များနဲ့ သခင်နု၊ သခင်အောင်ဆန်း၊ သခင်လှဖေ (ဗိုလ်လက်ျာ)၊ သခင်ဗဟိန်း၊ ဗိုလ်ဇေယျ၊ ဗိုလ်ရန်နိုင်စတဲ့ ကွန်မြူနစ်ပါတီ၊ ဖဆပလ၊ ဘီအိုင်အေ စတဲ့အဖွဲ့အစည်းတည်ထောင်သူတွေ အားလုံးဟာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ တပည့်ရင်းတွေ ဖြစ်ကြပါတယ်။ ဆရာကြီးဟာ အင်္ဂလိပ်အစိုးရ အရာရှိကြီးတဦးဖြစ်ပေမယ့် တို့ဗမာအစည်းအရုံးက တပည့်တွေကို လစဉ်ငွေကြေးရန်ပုံငွေ ထောက်ပံ့ခဲ့ပါတယ်။ ဘီအိုင်အေ ၀င်လာတော့လည်း ဗိုလ်အောင်ဆန်းတို့ကို ရန်ပုံငွေ ဆီးပြီး လှူခဲ့ပါတယ်။ ဒီတပည့်တွေထဲမှာ သူမပါဘူး။ ဒါတွေကြောင့် ဆရာကြီးကို ဗိုလ်နေဝင်း အငြိုးထားခဲ့ပုံရပါတယ်။ "ခရစ်ယာန်ကြီးဖေမောင်တင်" လို့ခေါ်ခဲ့တာဟာ ဗုဒ္ဓဘာသာဝင်တွေနဲ့ ရန်တိုက်ပေးဖို့ ဖြစ်ပုံရပြီး တကယ်တော့ သူကိုယ်တိုင်က ရတနာသုံးပါးနဲ့ အလွန်ဝေးလို့ ငါးပါးသီလတောင်ဖြောင့်အောင် ဆိုတတ်ပုံမရပါ။

ဆရာကြီး ဦးဖေမောင်တင်ဟာ အင်္ဂလိပ်အစိုးရခေတ်မှာ အင်္ဂလိပ်အရာရှိကြီး ဖြစ်လာပေမယ့် အခြေခံကျောင်းသားဘဝ ကတည်းက အင်္ဂလိပ်အရာရှိတွေကို လက်အုပ်ချီနှုတ်ဆက်ရမယ်ဆိုတဲ့ အမိန့်ကို ဦးဆောင်ဆန့်ကျင်ခဲ့ပါတယ်။ အင်္ဂလန် တက္ကသိုလ်ကျောင်းသားဘဝမှာလည်း မြန်မာအသင်းမှာ အင်္ဂလိပ်ဘုရင်ခံဟောင်းတဦး ဟာဗေးအဒမ်ဆင်နဲ့ ဥက္ကဋ္ဌ ရာထူးမှာ ယှဉ်ပြိုင်အနိုင်ယူခဲ့လို့ မြန်မာပြည်ကို အမြန်ပြန်လာခဲ့ရပါတယ်။ ကျောင်းအုပ်ကြီးဖြစ်တော့လည်း အင်္ဂလိပ်လူမျိုး ရူပဗေဒပါမောက္ခ မစ္စတာ ပီးကော့ဟာ လက်တွေ့စမ်းသပ်ခန်း လက်ထောက်မြန်မာတဦးကို လက်သီးနဲ့ထိုးလို့ အရေး ယူခဲ့ရာမှာ ပါမောက္ခကြီးဟာ အလုပ်ကနုတ်ထွက်ပြီး အင်္ဂလန်ပြန်ပို့ခံရပါတယ်။ အင်္ဂလိပ်ခေတ်မှာ အင်္ဂလိပ်တွေကို အန်တုအရေးယူရဲတဲ့ အပြုအမူဟာ တော်ရုံသတ္တိနဲ့ မဖြစ်နိုင်ပါဘူး။

သာသနာရေး ရှုထောင့်ကကြည့်ရင် သူ့ခေတ်မှာ အလွန်နည်းပါးလှတဲ့ ဗုဒ္ဓသာသနာပြုပုဂ္ဂိုလ်တွေထဲမှာ သူ့လောက် (ဦးဖေမောင်တင်) ထိရောက်အောင် ဆောင်ရွက်နိုင်ခဲ့သူ နည်းပါလိမ့်မယ်။ ဆရာကြီးဟာ အဋ္ဌသာလိနီ၊ ဝိသုဒ္ဓိမဂ်၊ ဓမ္မစင်္ကြာသုတ်၊ အနတ္တလက္ခဏသုတ် ကအစ ရွှေတိဂုံဘုရားရှိခိုးအထိ အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ပြီး အမေရိကန် တက္ကသိုလ်တခု (ချီကာဂို) မှာ ဗုဒ္ဓစာပေကို ၁၉၅၇-၁၉၅၉ မှာ ပို့ချရင်းက တခြားတက္ကသိုလ်များကိုပါ သွားရောက် ဟောပြောခဲ့ဖူးပါတယ်။ လန်ဒန်ပါဠိအဖွဲ့ကြီးရဲ့မြန်မာပြည်ကိုယ်စားလှယ်အဖြစ်နဲ့ ပါဠိပါမောက္ခဖြစ်စကနေ ၁၉၇၂ ခုနှစ် ကွယ်လွန်ခါနီးအထိ ပါဠိအဋ္ဌကထာအတွဲ (၅၀) ထုတ်ဝေရေးမှာလည်း တည်းဖြတ်သူ (အယ်ဒီတာ) အဖြစ် တာဝန် ပေးခံရသူဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် ဟုတ်သူရော၊ မဟုတ်သူများကပါ ဗုဒ္ဓစာပေပညာရှင်အဖြစ် လေးစားခံရသူလည်း ဖြစ်ပါတယ်။ ဆရာကြီး လန်ဒန်တက္ကသိုလ်ကျောင်းသားဘဝက ဝိသုဒ္ဓိမဂ်ဘာသာပြန်လို့ ရခဲ့တဲ့ ဆုငွေကိုတောင် ကိုယ်တိုင်မချမ်းသာပဲနဲ့ ပါဠိကျမ်းစာအသင်းကို အားလုံးလှူခဲ့ပါတယ်။

ဆရာကြီးဟာ အခြေခံပညာရေးနဲ့ တက္ကသိုလ်ပညာရေးအတွက် လိုအပ်တဲ့ကျောင်းသုံးစာအုပ်အမျိုးမျိုးကို ပြုစုထုတ်ပေး ခဲ့သူ၊ မြန်မာစာပေနဲ့ မြန်မာသမိုင်း၊ မြန်မာဘာသာဗေဒ လေ့လာရေးတို့မှာ လမ်းခင်းပေးခဲ့သူ၊ ၁၉၂၀ အမျိုးသားပညာ ရေးက မွေးထုတ်ပေးလိုက်တဲ့ အမျိုးသားကျောင်းထွက် လူငယ်တွေကို တက္ကသိုလ်က ဆီးကြိုပြီး မြန်မာစာပေ သင်ယူ လေ့လာမှုကို မြှင့်တင်ပေးရင်း ခေတ်စမ်းစာပေဆိုတဲ့ မြန်မာစာပေသစ်ကဏ္ဍတခုကို မွေးထုတ်ပေးခဲ့သူ၊ ဗုဒ္ဓစာပေ၊ ပါဠိစာပေ ကမ္ဘာဖြန့်ရာမှာ ရှေ့တန်းကပါဝင်ခဲ့သူ မြန်မာ့ကျေးဇူးရှင် မျိုးချစ်ပုဂ္ဂိုလ်ကြီးစင်စစ် ဖြစ်ပါတယ်။

ဆရာကြီးက မြန်မာစာပေသမိုင်းကို ဟောပြောပို့ချရာမှာ "ငါတို့စာပေဟာ ကျေးဇူးသိခြင်းတရားနဲ့ စတင်ခဲ့တာ" လို့ ရာဇကုမာရ်ကျောက်စာကို လက်ညှိုးထိုးပြီး ဖော်ထုတ်ပြောဆိုလေ့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဆရာကြီးဟာ မြန်မာစစ် အစိုးရခေါင်းဆောင် ဗိုလ်နေဝင်းရဲ့ကျေးဇူးကန်းတာကို ခံရင်း ကွယ်လွန်သွားခဲ့ရရှာပါတယ်။ ဆရာကြီး ဦးဖေမောင် တင်ဟာ ၁၉၃၆ ကိုနု၊ ကိုအောင်ဆန်း၊ မအမာ၊ မအုန်းတို့ရဲ့သပိတ်အပြီး၊ ၁၉၃၇ မှာ မြန်မာထဲက ပထမဆုံး တက္ကသိုလ် ကျောင်းအုပ် ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ်နဲ့ မအောင်မြင်ခဲ့တဲ့ ဗိုလ်နေဝင်းဟာလည်း ဆရာကြီးရဲ့ တပည့်ဖြစ်ခဲ့ဖူးမှာပါ။ ဒီလိုကျေးဇူးကန်းတဲ့ တပည့်မျိုးတွေ မပေါ်ပေါက်အောင် ကျနော်တို့ခေတ်ရဲ့တာဝန်ဖြစ်နေပါပြီ။

ခေတ်သစ်မြန်မာစာပေသမိုင်းမှာ ကျေးဇူးသိခြင်းတရားနဲ့ပဲ မွှမ်းထုံပါစေသတည်း။ ။

မောင်စွမ်းရည် (၂၉-၉-၀၈)။ ။
(The NEJ)

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Better Tomorrow] 1 New Entry: "သစ်စက်လုပ်သားများဘ၀"

"သစ်စက်လုပ်သားများဘ၀"

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရာဘာခြံလုပ်ငန်းကို ထိုင်းလူမျိုးတွေက ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ပါတယ်။ အလုပ်သမားအများစုက ရွှေ့ ပြောင်းမြန်မာအလုပ်သမားတွေပါ။ ရာဘာခြံလုပ်ငန်းနဲ့ ဆက်စပ်လို့ သစ်စက် လုပ်ငန်း လည်းရှိပါတယ်။ အပင်တွေအိုပြီးအစေးထွက်နှုန်းနည်းလာရင် ရာဘာခြံပိုင်ရှင်တွေဟာ သစ်စက်တွေကို ပုတ်ဖြတ် ရောင်းချလိုက်ပါတယ်။ ရောင်းချလိုက်တဲ့ သစ်ကွက်တွေမှာ မြန်မာအလုပ်သမား တွေဟာ စက်ယန္တရားတွေ၊ ဆင်တွေနဲ့အပြိုင်ရာဘာအပင်အိုတွေကို ဖြိုလှဲပြီးသစ်စက်ကို ရောက်အောင်ပို့ဆောင် ရပါတယ်။ တစ်ချို့  သစ်ကွက် တွေဟာလူသူနဲ့ အလှမ်းဝေးလှတဲ့အတွက် မြန်မာအလုပ်သမားများလုပ်ငန်းခွင် အန္တရာယ်များ အပြင်အခြားမမျော်လင့်တဲ့ အန္တရာယ်များနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။
မြန်မာတို့ရဲ့ နှစ်သစ်ကူးကာလ ၂၀၀၈ ခုနစ် (ရ) ရက်နေ့ ည(၁၁)၀န်းကျင်မှာ... သေနတ်သံကြားတဲ့ကိုညို ရဲ့ တဲဘက်ကိုဘ၀တူလုပ်သားတွေစုပြီး အပြေးသွားကြပါတယ်။ ရက်နှစ်ဆယ်ခန့်သာ ရှိသေးတဲ့ သမီးလေးကို ရင်ခွင်ထဲမှာ ပိုက်လျှက် ပြေးထွက်လာတဲ့ ကိုညိုရဲ့ ဇနီးဖြစ်သူ မရီ ကိုလမ်းခုလတ်မှာ တွေ့ရပါတယ်။ ကိုညို ကတော့တဲအပေါ်မှာမှောက်လှက်အနေအထားနဲ့သွေးအိုင်ထဲမှာသတိမေ့နေတာတွေ့ရပါတယ်။
သူတို့ကြုံတွေ့ခဲ့ရတာ တွေကို မရီ ပြန်ပြောပြတာက မျက်နှာဖုံးစွပ်နဲ့ လူလေးယောက် တဲပေါ်ကို တက်လာ ပါတယ်။ သေနတ် ကိုယ်စီနဲ့ လူနှစ်ယောက်ရယ် ကျန်နှစ်ယောက်က ဓါးကိုယ်စီကိုင်ထားပါတယ်။ ရှိသမျှပစ္စည်းနဲ့ ပိုက်ဆံကို ထုတ်ပေး ဖို့တောင်းပါတယ်။ ကျွန်မယောကျာင်္းက ပိုက်ဆံမရှိဘူး လို့ပြောပါတယ်။ စက်ပစ္စည်းတွေ တော့သူဌေးဟာတွေမို့လို့မပေးရဲဘူးလို့ ပြောပါတယ်။ ဓားပြထဲကတစ်ယောက်က ကလေးကိုပွေ့ထားတဲ့ ကျွန်မကို မှောက်လျှက်ဖြစ်သွားအောင်ကျောကို ကန်ပြီးနင်းထားပါတယ်။ အောက်ကပိနေတဲ့ ကလေးက ငိုပါတယ်။ ကျွန်မ ယောင်္ကျားက၀င်လုံးပါတယ်။ နားထဲမှာ ဆူညံ့တွေကြားရတယ်။ နောက်တော့ သေနတ်သံနဲ့အတူ ကျွန်မယောင်္ကျား အော်သံကြားရတယ်။ ကျွန်မကို ခြေထောက်နဲ့ ဖိထားတာလျော့သွားတော့ ကျွန်မလည်း ထွက်ပြေးလာတာပါလို့ပြန်ပြောပြပါတယ်။
ဝမ်းဗိုက်နဲ့ ညာဘက်ပေါင်မှာ သွေးထွက်နေတဲ့ ကိုညိုကို ဖန်ငဆေးရုံကြီးကို အခက်အခဲပေါင်းများစွာနဲ့ ညတွင်းခြင်း ပို့ဆောင်ပေးခဲ့ရပါတယ်။ နောက်တော့ တကောပါ ဆေးရုံကြီးကိုထပ်မံလွဲပြောင်းကုသခဲ့ရပါတယ်။ ကိုညိုကိုစတွေ့ကတည်းကနေ အခုချိန်ထိသတိမရသေးဘူးလို့လည်း ညီဖြစ်သူ ဇော်မင်းကပြောပြပါတယ်။ တကောပါ ဆေးရုံကြီးရဲ့ စစ်ဆေးချက်အရ ၀မ်းဗိုက်အသဲအောက်ဘက်နားမှာ သေနတ်ဒဏ်ရာနဲ့ ညာဘက်ပေါင် မှာဓားဒဏ်ရာတို့ ရရှိတယ်လို့ဆိုပါတယ်။ ဆေးရုံမှာ သေလုမျောပါးဒဏ်ရာတွေ နဲ့သတိမေ့နေတဲ့ကိုညို ပြန်လည် ကျန်းမာလာဖို့ကိုသာ မိသားစုအနေနဲ့ဆုတောင်းနေကြပါတယ်။ တရားမ၀င်ရွှေ့ ပြောင်းအလုပ်သမား တစ်ဦး အနေနဲ့ တရားဥပဒေဆိုတာ သိပ်ပြီးအကာအကွယ်နဲ့ အရေးယူပေးနိုင်မှုမရှိပါဘူး။
မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ရဲ့ဘ၀ဟာ ခက်ခဲကြမ်းတမ်းလှပါတယ်။ ဒါပေမယ့် နယ်စပ်ဒေသကို ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးတက်လို့သာလာ နေပါတယ်။

You received this email because you are subscribed to the real_time feed for http://tomorrowplan.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကေ.တီ.အမ်] 1 New Entry: ကွင်း

ကွင်း

ကွင်း

ငါရေးတဲ့ စာသား
ငါဖန်တီးတဲ့ သံစဉ်
ရောင်စုံဘောလုံးတွေပါ
အထီးကျန်ဆန်ဆန်
ကန်သွင်းသူလည်း ငါ
ဂိုးဖမ်းသူလည်း ငါ
သွားကြပါ လုပ်ကြပါ
ထက်မြက်တဲ့ခြေလှမ်းတို့
ငါ့ဦးနှောက်က ပင့်ကူကိုတော့
အစာငတ်အောင်မလုပ်ကြနဲ့
ငါ့ရဲ့ရောင်စုံအချိန်တွေ
ငါ့ရဲ့ရောင်စုံစာသားတွေ
ငါ့ရဲ့ရောင်စုံသံစဉ်တွေ
မြောင်းထဲမှာ ကျက်စားနေကြတယ်
ဦးနှောက်အကြောင်းသိချင်ရင်
ကိုယ့်ဦးနှောက်ကိုအရင်ဖွင့်ကြည့်
သတိ သတိလေးတော့ထား
အသင်တို့၏ ရွှေချထားသောလက်တွေ
မြောင်းထဲကိုတော့ လာမနှိုက်ကြပါနဲ့

ကေ.တီ.အမ်

You received this email because you are subscribed to the real_time feed for http://ktm-smile.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုရင်နော်ခင်လေးငယ်] 1 New Entry: ချစ်သူသို့....

ချစ်သူသို့....

ကို.....
ခွဲခွါရခြင်းတစ်ခုမှာ အပြစ်ဆိုတာရှိခဲ့မယ်ဆိုရင် ကျမတစ်ယောက်ထဲသာ ခံယူချင်သူပါ... လက်ဆုပ်လက်ကိုင် ကိုင်တွယ်ခွင့် မရတဲ့အရာတွေဟာ ကျမတို့ဘေးနားမှာ မြူခိုးတွေလိုဘဲ တဝေ့ဝေ့နဲ့ရစ်ဝိုင်းလို့... တစ်ခါတစ်ခါ မိုးတွေအဖြစ်.. တစ်ခါတစ်လေတော့ ရွက်ဝါတွေခြွေ "လေ" တွေအဖြစ်... ဒီလိုနဲ့ ကျမတို့တွေ ဖြတ်ကျော်လာကြတာ ရာသီတွေ ဘယ်နှစ်ကြိမ်ပြောင်း... ရွက်ဟောင်းတွေ ဘယ်လိုကြွေလို့ ရွက်သစ်တွေ ဘယ်နှစ်ရွက်ဝေခဲ့ပြီလဲ..!! သူ့ဟာသူပြောင်းနေ... ကြွေနေ... ဝေနေကြတာပါ.. ကျမတို့တွေကတော့ မပြောင်းလဲတဲ့ ဒီစိတ်တွေနဲ့ဘဲ ခွဲခွါခြင်းကို ရင်ဆိုင်ဖို့ အချိန်တန်ခဲ့ပြီများလား...!!

ကိုရေ.......
ဘဝဆိုတာကြီးနဲ့ ယှဉ်ပြီးကျမ မပြောလိုဘူး... ဒါပေမဲ့... ပြောဖို့ လိုအပ်နေမလားဘဲ... ရစ်နှောင်မှုတစ်ခုကို ပျိုးခဲ့တဲ့လက်လေးတွေ ဘယ်နှစ်စုံရှိနေလဲ... နွေးထွေးတဲ့ ကို့လက်လေးတစ်စုံရယ်... လက်သည်းရှည် ဆူးဆူးလေးတွေနဲ့ ကျမလက်ဖဝါးတစ်စုံရယ်လေ... နော်...!! မြတ်နိုးစွာ ကျေနပ်ခဲ့ကြတဲ့ ရာသီတွေမှာ ပွင့်ဖူးတဲ့ ပန်းတွေကိုရည်တွက်ဖူးလား... တိတ်တခိုးနဲ့ လျှောက်ဖူးတဲ့ လမ်းတွေပေါ်မှာ ရွာချတဲ့ မိုးစက်တွေရော ဘယ်နှစ်စက်လည်းဆိုတာ ရည်တွက်ဖူးကြလို့လား... "ကျမ" တွေ့ထိဖူးတဲ့ နှင်းပွင့်လေးတွေအကြာင်း ပြောမိတိုင်း "ကို" အမြဲပြောတတ်တယ်နော်... ကျမနဲ့အတူတူ ကိုင်ကြည့်ချင်လိုက်တာလို့လေ.... ကျမကပဲ စီကာပတ်ကုံး အပြောကောင်းလို့လား.. "ကို" ကပဲ မျက်လုံးလေးမှေးပြီး အတွေးတွေနဲ့ ကျမစကားတွေမှာ ပျော်ဝင်လွန်ခဲ့တာလားမသိ... ကုန်သွားတဲ့ စက္ကန့်တွေအများကြီးကို မေ့ထားခဲ့ကြတာ.... ဟုတ်တယ်နော် "ကို"...!!

ကိုရယ်......
အိပ်မက်မဟုတ်ခဲ့သလို မက်ခဲ့တယ်ဆိုဦး လက်တွေ့တွေထဲမှာပါ... ကလေးတွေမဟုတ်သလို ချစ်ခြင်းတွေနဲ့ ကခုန်နေတဲ့ ရင်ခုန်သံတွေမှာ လူကြီးလည်းမဆန်ခဲ့ကြဖူးဘူး... တမ်းတစိတ်နဲ့ ကောင်းကင်ကို မော့ကြည့်ဖြစ်ခဲ့ချိန်မှာ "ကို" လည်းငေးကြည့်နေခဲ့တာပဲမဟုတ်လား.. နှုတ်ခမ်းတစ်စုံကို ပိတ်လို့ စကားသံတွေဆိတ်နေမယ်... လေပြေက သယ်ယူလာတာ ထုံသင်းနေတဲ့ ချစ်ခြင်းရနံ့တွေလေ... တင်းသထက်တင်းအောင် စေ့မိတဲ့ နှုတ်ခမ်းနှစ်လွှာရဲ့ အသိဟာ သက်ပြင်းနဲ့ နိဂုံးချုပ်ပါတယ်... ချစ်ခြင်းရဲ့ အဆုံးမှာ ချုပ်မဲ့ "နိဂုံး" အကြောင်းကိုတော့ ကျမတို့ ဘယ်တော့မှ မဆွေးနွေးကြပါဘူးနော်.. ဟန်ဆောင်မှုကင်းစွာ လွတ်လပ်ပေါ့ပါး ရယ်မောလို့... ချစ်ခြင်းကိုအခြေခံတဲ့ အမူအယာတွေနဲ့ တီတီတာတာချွဲလို့ စိတ်တွေကောက်လိုကောက်... ရင်ကလာတဲ့ ဝန်တိုမှုတွေနဲ့ မျက်မှောင်တွေကုတ် စိတ်တွေရှုပ်လိုရှုပ်နဲ့ပေါ့...!!

ကို.....
ဝေးလွင့်ခြင်းရဲ့နောက်ကွယ်မှာ တမ်းတခြင်းတွေနဲ့ မွတ်သိပ်နေသလို... သတိရခြင်းတွေလည်း ရင်မှာဖိနေမှာဘဲနော်... သေချာတယ် ကျမတို့ကြားမှာ လုံးဝရှိဖို့ မဖြစ်နိုင်တော့တဲ့အရာဟာ... "မျှော်လင့်ခြင်း" ဆိုတာလေ...... အကြိမ်ကြိမ်ခိုနားဖူးတဲ့ ရင်ခွင်အဝေးမှာ လူးလှိမ့်ငိုကျွေးနေမှာက ကျမတို့ရဲ့ အပြစ်မဲ့တဲ့ နှလုံးသားတွေပဲ.. ဟုတ်တယ်..!! "တဖျစ်ဖျစ်" နဲ့ ခြောက်ကပ်အက်ကွဲလာချိန်မှာ "တစိမ့်စိမ့်" နဲ့ စို့တက်လာမဲ့ သွေးစလေးတွေကြောင့် သူတို့နာကျဉ်နေမှာ တပ်အပ်သိနေတယ်... ထုံဆေးမရှိဘူး...!! ဒါဟာ.. အစိမ်းသက်သက်...!! တစ်စဆီ... တစ်မျှင်ခြင်း... တစ်လွှာခြင်း... တစ်ထပ်ခြင်း... ပါးသထက်အပါးခံရမှာ...။ ခွဲခွါခြင်းဟာ ကျမတို့ဆီအလာမှာ ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပါစေဦး..... ကျမတို့ကတော့..... "ဝုန်းဒိုင်းကြဲလို့ မိုးမည်းတွေရွာချ"... ကျမထပ်ပြောပါရစေ.....။

"ခုံရုံးတင်ပါ...... တရားခံဖြစ်ပါရစေ"
"ဆွဲချက်ပြင်းပါစေ.... ညင်သာစွာခေါင်းငြိမ့်ချင်လို့ပါ"
"ပြစ်ဒဏ်ချလိုက်ပါ.... တစ်သက်တစ်ကျွန်းမှာနေနေပါရစေ"
"ခေါင်းမာခွင့်ပြုပါ.... တိတ်တဆိတ်ကြေကွဲနေချင်လို့ပါ"

ဒီလိုနဲ့ ဝေးသွားတဲ့အခါ... ခွဲခွါခြင်းတစ်ခုကို ဖန်တီးသူ တရားခံစစ်စစ် "ကျမ" သာဖြစ်ပါရစေ... ...။
တချိန်ချိန်မှာတော့...... ချစ်တဲ့ "ကို"........ "ကျမ" ကို နားလည်နိုင်မှာပါ... ... ... ... ... ... ...။


မှတ်ချက်။ ။ ဝတ္ထုတစ်ပုဒ်မဟုတ်သလို... အက်ဆေးလို့လည်း မဆိုနိုင်.. ဘယ်လိုစာမျိုးလဲနော်.. ကိုယ်တိုင်ခံစားတာလား..!! တစ်ဆုံတစ်ဦးရဲ့ ခံစားချက် တစ်ခုခုလေလား..!! မသိသော ဘာမှမပီတဲ့ စာတစ်ပုဒ်သာ ဖြစ်ပါသည်။

(ခင်လေးငယ်)

You received this email because you are subscribed to the real_time feed for http://koyinnawkhinlaynge.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[K] 1 New Entry: ခေါင်းစဉ်မဲ့

ခေါင်းစဉ်မဲ့

သြော်- ဘ၀ အဓိပ္ပါယ်က..စလိုက်တာ.. ဆရာ သမား Hush က.. ကဗျာတွေ ပြိုင်ပြီး ဘာသာပြန်မယ်တဲ့။ တပုဒ် ပြီး တပုဒ် ပေးနေတယ်။ လာပြီဗျိုး။ ဘာ ရ မလည်း။း)
အာ- ကဗျာက..ခေါင်းစဉ်လည်း မပါ -ပါလား။ စိတ်ဝင်စားသူ များ..ခေါင်းစဉ်ပေး- ပေးကြပါ။


I'm nobody!
Who are you?
Are you nobody, too?
Then there's a pair of us — don't tell!
They'd banish us, you know.
How dreary to be somebody!
How public, like a frog
To tell your name the livelong day
To an admiring bog!
(Emily Dickinson )

တကယ်တော့ ငါဟာ ဘာမှ မဟုတ်ပါဘူးလေ-
နင်ကရော-
နင်လည်း ဘာမှ မဟုတ်ဘူး မဟုတ်လား-
ဒါဆို- ငါတို့ နှစ်ယောက် အတူတူပေါ့-
လျှောက် တော့ မပြောလေနဲ့
သူတို့က.. တို့ကို ကန်ထုတ်ပြစ်လိမ့်မယ်- သိလား

တပ်မက် စရာ ကောင်းလှတဲ့..ရွှံ့နွံတွေထဲမှာ-
ဖားတကောင်လို တအွမ်အွမ် အသံပေးရင်း-
တစုံတယောက် ဖြစ်ဖို့ -
နင့် သမိုင်းကြောင်းတွေ အဓွန့်ရှည်ဖို့ ဆိုတာ-
ဘယ်လောက်တောင် စိတ်ပင်ပန်းစရာ ကောင်းသလည်း လို့။

You received this email because you are subscribed to the real_time feed for http://kthwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[HAN LIN HTUN] 1 New Entry: ကျနော်ရဲ့စက်ဘီးကလေး

ကျနော်ရဲ့စက်ဘီးကလေး

ကျနော့်အသက် ၁၃ နှစ်လောက်က မေမေနှင့်ဖေဖေက ကျနော့်အတွက် စက်ဘီးကလေး တစ်စီဝယ်ပေးဖူးခဲ့တယ်။ စက်ဘီလေးကို ဖေဖေရဲ့သူငယ်ချင်းတစ်ယောက်ဆီက ငွေ ၅၀၀၀နှင့်ဝယ်ပေးဖူးတယ်။

တစ်ရက့့် 

ကျနော် ကိုးချင်း ကိုချင်း(အမေကျနော့်ကို ပြောလေ့ရှိတဲ့ စကား) လျှောက်သွားပြီး ထမင်းစားဖို့ အိမ်အပြန်လာ အိမ်အရှေ့မှာ စက်ဘီးလေးတစ်စီး ရပ်ထားတာ တွေ့လိုက်ရတယ်။ ကျနော်က အိမ်မှာ ဧည့်သည် တစ်ယောက် ရောက်နေသည်လို့ ထင်မိတာပါ။

ကျနော် အိမ်ပေါ်ရောက်မှ ဘာဧည့်သည်မှ မရှိမှန်း သိလိုက်ရတယ်။ ကျနော် အိမ်ပေါ်ရောက်ရောက်ခြင်း မေမေက ''' ကဲ ကိုရွှေလင်း သားအတွက် မေမေတို့ ငါ့သားလေး များများ လစ်နိုင်အောင် သားကို ဘီးတပ်ပေးလိုက်ပြီ။

ကျနော်အရမ်းဝမ်းသာသွားတယ်။  ကျနော့်မိဘတွေကို မပူစာချင်လို့သာပါ။ တကယ်တော့ စက်ဘီးလေးတစ်စီး ပိုင်ဆိုင်ချင်ခဲ့တာ တော်တော်လေး ကြာပါပြီ။ အခုတော့ ကျနော် အတွက်  ကိုယ်ပိုင် စက်ဘီလေး  တစ်စီးတော့ ပိုင်ဆိုင်ပြီ။

ကျနော် စက်ဘီလေး ရရခြင်း ရေဆေး ဆီထည့်လုပ်လိုက်တာ စက်ဘီးလေးက အတော်လးသန့်သွားသည်။ ဆီဆိုလို့ စက်ဆီမဟုတ်ဘူး။ ကျနော်လိမ်းတဲ့ အုန်းဆီကို  တွေ့တဲ့နေရာ အကုန်လျှောက်ထည့်တာပါ။

ကျနော် စက်ဘီလေး စီးသွားတော့ အိမ်နားပတ်ဝန်းကျင်က လူတွေက " စက်ဘီလေးက လှလိုက်တာ။ နင်နဲ့အရမ်းလိုက်တာပဲ လို့ ကျနော့်ကို ၀ိုင်းကောင်းချီးပေးကြတော့ ကျနော့်မှာ အဟုတ်ထင်ပြီး ပျော်လိုက်ရတာပေါ့။  

အရင်တုန်းက ငါစက်ဘီးရရင် စီးမယ်လို့ အားခဲခဲ့တဲ့နေရာတွေအကုန်လုံး လျှောက်စီးပစ်လိုက်တယ်။ အဲ့ဒီတုန်းက စက်းဘီးနင်းရတာ မောလို့ မောမှန်းမသိပါဘူး။ တွေ့တဲ့လမ်း အကုန်ဝင် ဂျိုက်လည်းမရှောင်ဘူး အကုန်တက်နင်းတာပါ။ စက်ဘီးက မှုလီဆို ခဏခဏ ကြပ်ရတယ်။ တခါတလေဆို မီးခွက်တွေပါ ပြုတ်ထွက်လို့။

တစ်ရက်တော့

ကျနော်စက်ဘီးကို နန်းရှေ့ ကျုံးဘေးလမ်းပေါ်မှာ ပလတ်ဖောင်းပေါ်တက်လိုက်  အောက်ပြန်ဆင်းလိုက်နှင့် ကမြင်းကျော ထနေတုန်း အသက်ကြီးကြီး အဖိုးကြီးတစ်ယောက် အိတ်ဇော်ဖောက်ထားတဲ့ စူပါကတ်ဆိုင်ကယ်ကို အရမ်းမောင်းလာတာတွေ့တော့ သူ့ကို စချင်စိတ်ပေါက်သွားတယ်။ 

ဦးလေးကြီး ကျနော့်နှင့် မလှမ်းမကမ်းရောက်တဲ့အခါ ကျနော့်စက်ဘီးခေါင်းလေးကို သူ့ဆိုင်ကယ်နှင့် ခေါင်းတည်ပေးလိုက်တယ်။ ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းနဲ့မောင်းလာတော့ ရုတ်တရက် ကျနော့်စက်ဘီးခေါင်းကိုတွေ့တော့ သူဘာလုပ်လို့ လုပ်ရမှန်းမသိဘူးဖြစ်သွားတယ်။  ပါးစပ်ကနေလည်း " အားးးးးးးးးးးးးးးးးးးးး" လို့ အော်ပြီး ကျနော့်ဆီကို တည့်တည်းတိုးဝင်လာတယ်။

ဆိုင်ကယ် ကျနော့်အနား မလှမ်းမကမ်းရောက်တော့မှ ကျနော့်စက်ဘီးခေါင်းကို သူနှင့်ဆန့်ကျင်ဘက်ကို ပြန်ကွေ့ပြီး ပလက်ဖောင်းကို ပြန်တက်လိုက်တယ်။အဖိုးကြီး ကျနော့်ကို အရမ်းစိတ်ဆိုးသွားတယ် ထင်တယ်။ ပါးစပ်ကလည်း ကြောက်စိတ်ပါတဲ့ အသံကြီးကြီးနှင့် (မအေရိုး) လို့ ကျနော့်ကို အော်ဆဲသွားတယ်။ 

သူ့ဖြစ်တဲ့ပုံစံကို ကြည့်ပြီး ကျနော့်မှာ ပလက်ဖောင်းပေါ်မှာ ထိုင်ရယ်လိုက်ရတာ ဗိုက်ပါအောက်တယ်။ ဆိုက်ကယ်ကို အရှိန်နှင့်မောင်းလာလို့သာပေါ့။ မဟုတ်ရင် ကျနော့်ကို နားရင်းဆင်းအုပ်မှာ သေချာတယ်။

ကျနော့်တို့ အဖြစ်ကို လမ်းဆုံက မော်တော်ပီကယ်ကတွေ့ပြီး သူလည်း ရယ်နေပါတယ်။ ခဏလောက်ကြာတော့ ကျနော့်ကို " ဟိုကောင် မင်းစောက်ပေါက်ကရသွားမလုပ်နဲ့။ သေသွားလိမ့်မယ်လို့ ကျနော့်ကို လာကျိန်းပါတယ်။ ကျနော့်မှာ အဖိုးကြီးဆဲတာ မနာတဲ့အပြင် သူ့ပုံကိုကြည့်ပြီး အခုအထိပဲ တွေးတွေးပြီး ပြုံးနေမိတယ်။

You received this email because you are subscribed to the real_time feed for http://hanlinhtun.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဗုဒ္ဓတရားတော်များ] 4 New Entries: အပ္ပသာဒပဝေဒနီယသုတ်-

အပ္ပသာဒပဝေဒနီယသုတ်-

အပ္ပသာဒပဝေဒနီယသုတ်-

ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေရာကုန်၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ လူတို့အား လာဘ် မရစိမ့်သောငှါ အားထုတ်၏၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားထုတ်၏၊
၃။ လူကို ဆဲရေး၏၊ ရေရွတ်၏၊ (ခြိမ်းခြောက်၏)၊
၎။ လူအချင်းချင်း ကွဲပြားစေ၏၊
၅။ မြတ်စွာဘုရား၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၆။ တရားတော်၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၇။ သံဃာတော်၏ ဂုဏ်(ကျေးဇူး)မဲ့ကို ဆို၏၊
၈။ မကျက်စားသင့်သော နေရာ၌လည်း ထိုရဟန်းကို တွေ့မြင်ရကုန်၏။

ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန်လတ်သော် ဥပါသကာတို့သည် မကြည်ညိုမှုကို သိစေကုန်ရာ၏။

***

ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ရဟန်းအား ...
အလိုရှိကုန် လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏။

အဘယ်ရှစ်မျိုးတို့နည်းဟူမူ -

၁။ လူတို့အား လာဘ် မရစိမ့်သောငှါ အားမထုတ်၊
၂။ လူတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားမထုတ်၊
၃။ လူကို မဆဲရေး၊ မရေရွတ်၊
၎။ လူအချင်းချင်း မကွဲပြားစေ၊
၅။ မြတ်စွာဘုရား၏ ဂုဏ် (ကျေးဇူး)ကို ဆို၏၊
၆။ တရားတော်၏ ဂုဏ်(ကျေးဇူး)ကို ဆို၏၊
၇။ သံဃာတော်၏ ဂုဏ်(ကျေးဇူး)ကို ဆို၏၊
၈။ ကျက်စားသင့်ရာ၌ ထိုရဟန်းကို တွေ့မြင်ရကုန်၏။

ရဟန်းတို့ ဤအင်္ဂါ ရှစ်မျိုးတို့နှင့် ပြည့်စုံသောရဟန်းအား ...
အလိုရှိကုန် လတ်သော် ဥပါသကာတို့သည် ကြည်ညိုမှုကို သိစေကုန်ရာ၏ ဟု (မိန့်တော်မူ၏)။

၈ - အပ္ပသာဒပဝေဒနီယသုတ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။

ပဌမ မိတ္တသုတ်-

ပဌမ မိတ္တသုတ်-

ရဟန်းတို့ အင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏၊

အဘယ်ခုနစ်မျိုးတို့နည်းဟူမူ -

၁။ သူတစ်ပါးတို့ ပေးနိုင်ခဲသော အရာဝတ္ထုကို ပေးတတ်၏၊
၂။ ပြုနိုင်ခဲသော အမှုကို ပြု၏၊
၃။ သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
၎။ မိမိ၏ လျှို့ဝှက်အပ်သော အရာကို ထိုအဆွေခင်ပွန်းအား ထင်စွာပြု၏၊
၅။ ထိုအဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သော အရာကို လျှို့ဝှက်၏၊
၆။ ဘေးရန်တို့ ကြောင့် မစွန့်ပစ်၊
၇။ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင် မပြု။

ရဟန်းတို့ ဤအင်္ဂါခုနစ်မျိုးတို့နှင့် ပြည့်စုံသော အဆွေခင်ပွန်းကို မှီဝဲအပ်၏ ဟု (မိန့်တော် မူ၏)။

အဆွေခင်ပွန်းသည် ပေးနိုင်ခဲသော အရာဝတ္ထုကို ပေး၏၊ ပြုနိုင်ခဲသော အမှုကို လည်း ပြု၏၊ ထိုမှတစ်ပါးလည်း ထိုသူ၏ မကောင်းသဖြင့် ဆိုအပ်သော စကား တို့ကို လည်းကောင်း၊ သည်းခံနိုင်ခဲသော အရာတို့ကို လည်းကောင်း သည်းခံ၏။ ထိုသူအား မိမိ၏ လျှို့ဝှက်အပ်သော အရာကိုလည်း ပြောကြား၏၊ ထိုသူ၏ လျှို့ဝှက်အပ်သော အရာကိုလည်း လျှို့ဝှက်၏၊ ဘေးရန်ဖြစ်ပေါ်သော အခါ တို့၌လည်း မစွန့်ပစ်၊ ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့်လည်း မထီမဲ့မြင် မပြု။ အကြင် ပုဂ္ဂိုလ်၌ ထိုအကြောင်းတို့သည် ရှိကုန်၏၊

ထိုသို့ သဘောရှိသော အဆွေခင်ပွန်းဖြစ်သောသူကို
အဆွေခင်ပွန်းကောင်းကို အလိုရှိသူသည် ဆည်းကပ်အပ်၏။

၅ - ပဌမ မိတ္တသုတ်၊ ဒေ၀တာဝဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

ဘိက္ခုသုတ်- (ရဟန်း)

ရဟန်းဟူ၍ ဘာ့ကြောင့်ခေါ်.....

ဘိက္ခုသုတ်-

ရဟန်းတို့ တရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏။

အဘယ် ခုနစ်မျိုး တို့နည်း ဟူမူ-

၁။ ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု {သက္ကာယဒိဋ္ဌိ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၂။ မဝေခွဲနိုင်မှု {၀ိစိကိစ္ဆာ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၃။ ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု {သီလဗ္ဗတပရာမာသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၎။ စွဲမက်မှု {ရာဂ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၅။ အမျက်ထွက်မှု {ဒေါသ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၆။ တွေဝေမှု {မောဟ} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။
၇။ ထောင်လွှားမှု {မာန} ကို ဖျက်ဆီးအပ်ပြီး ဖြစ်၏။

ဤတရား ခုနစ်မျိုးတို့ကို ဖျက်ဆီးအပ်ပြီး ဖြစ်သောကြောင့် ရဟန်းမည်၏ ဟု
(မိန့်တော်မူ၏)။

၁ - ဘိက္ခုသုတ်၊ သမဏ၀ဂ်၊ သတ္တကနိပါတ်၊ အင်္ဂုတ္တိုရ်။

သုဝိဒူရသုတ်- (အလွန်ဝေးသည်)

သုဝိဒူရသုတ်- (အလွန်ဝေးသည်)

ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်း။

အဘယ် လေးမျိုးတို့နည်း ဟူမူ-

၁...
ရဟန်းတို့ ကောင်းကင်နှင့် မြေကြီးသည် ဝေး၏၊
ဤကား ပဌမဖြစ်သော အလွန့်အလွန်ဝေးကွာသော အရာတည်း။

၂...
ရဟန်းတို့ သမုဒ္ဒရာ၏ ဤမှာဘက်ကမ်းနှင့် ထိုမှာဘက်ကမ်းသည် ဝေး၏၊
ဤကား ဒုတိယဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။

၃...
ရဟန်းတို့ နေထွက်ရာအရပ်နှင့် နေ၀င်ရာ အရပ်သည် ဝေး၏၊
ဤကား တတိယဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။

၎...
ရဟန်းတို့ သူတော်ကောင်းတို့၏ တရားနှင့် သူယုတ်မာတို့၏တရားသည် ဝေး၏၊ ဤကား စတုတ္ထဖြစ်သော အလွန့်အလွန် ဝေးကွာသော အရာတည်း။

ရဟန်းတို့ အလွန့်အလွန် ဝေးကွာသော အရာတို့သည် ဤလေးမျိုးတို့တည်းဟု (မိန့်တော်မူ၏)။

ကောင်းကင်သည်လည်း (မြေကြီးမှ) ဝေး၏၊ မြေကြီးသည်လည်း (ကောင်းကင်မှ) ဝေး၏၊ သမုဒ္ဒရာ၏ ကမ်းတစ်ဖက်နှင့် တစ်ဖက်ကိုလည်း ဝေး၏ ဟု ဆိုကုန်၏၊ အရောင်ကို ပြုတတ်သော နေ၏ထွက်ရာအရပ်နှင့် ၀င်ရာအရပ်သည်လည်း ဝေး ၏။ သူတော်ကောင်းတရားကို လည်းကောင်း၊ သူယုတ်မာတရားကို လည်း ကောင်း ထို ဝေးခြင်းတို့ထက် စင်စစ် အလွန်ဝေး၏ဟု ဆိုကုန်၏၊ သူတော်ကောင်း တို့နှင့် ပေါင်းဖော်ခြင်းသည် မပျက်စီးသော သဘောရှိ၏၊ သူတော်ကောင်းတရား တည်သမျှ အတိုင်း (မပျက်စီးသည်)သာ ဖြစ်၏။ သူယုတ်မာတို့နှင့် ပေါင်းဖော် ခြင်းသည် လျင်စွာ ပျက်စီး၏၊ ထို့ကြောင့် သူတော် ကောင်းတို့၏တရားသည် သူယုတ်မာတို့မှ ဝေး၏။

၇ - သုဝိဒူရသုတ်၊ ရောဟိတဿဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်။

You received this email because you are subscribed to the real_time feed for http://lknt.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောကျောင်းဆရာရဲ့ တစ်ခါက တစ်ချို့တလေ] 1 New Entry: အနိုင်မခံ

အနိုင်မခံ

ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤမှောင်တိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့်
နတ်သိကြားတို့အား ငါကျေးဇူး ဆိုပါ၏။

လောကဓံတရား တို့၏ ရက်စက်ကြမ်းကြုတ်သော
လက်ဆုပ်တွင်းသို့ ကျရောက်နေရသော်လည်း
ငါကားမတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက် တို့ကြောင့်
ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီနေ၏
ညွတ်ကားမညွတ်။

ဤဒေါသ လောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ကြောက်ဖွယ်ရာ ငံ့လင့်လျက်ရှိ၏။
သို့သော်လည်း ငါ့အား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှပင် ကျဉ်းမြောင်းသည် ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုဒ်၌ ငါ့အပြစ်တို့ကို

မည်မျှပင်များစွာ မှတ်သားထားသည်ဖြစ်စေ
ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်။

ဗိုလ်ချုပ်အောင်ဆန်း နှင့် အိုးဝေ ညိုမြ (တွဲဖက်ရေးသည်)
( ၁၉၃၆ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ (၆) အမှတ် (၁) ခေါင်းကြီးပိုင်း)

မူရင်းကဗျာမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

Invictus

Out of the Night that covers me, black as the pit from pole to pole
I thank what ever Gods may be for My unconquerable soul
In the fell clutch of circumatance I have not winced nor cried aloud
Under the bludgeoning of chance.
My head is bloody, but unbowed.

Beyond the place of wrath and tears, Loom but the horror of the shade.
And yet the meance of the years finds and shall find me unafraid.
It matters not how strait the gate, how charged with punishments in the scroll.

I am the master of my fate.
I am the captain of my soul.

W.E. Henley

လေးညို့ရှင်

You received this email because you are subscribed to the real_time feed for http://openmind.net63.net/?feed=rss2. To change your subscription settings, please log into RSSFWD.

[Pyu State] 1 New Entry: အင်းစိန် တွဲဖက်ထောင်က သရဲ

အင်းစိန် တွဲဖက်ထောင်က သရဲ

ရေးသူ- အောင်ခင်မြင့်


zzzgraphic_jail.jpg

ကျနော် စစ်ကြောရေးမှ အင်းစိန်တွဲဖက်ထောင်သို့ ရောက်ရှိချိန်မှာ
၁၉၉၀ ခုနှစ် စက်တင်ဘာ လကုန်ပိုင်း ဖြစ်ပါသည်။ ကျနော်ကို တင်
ဆောင်လာသော အီတူးသောင်စင် ကားသည် ဟိုကွေ့ ဒီကွေ့ဖြင့်
တနေရာတွင် ထိုးရပ်လိုက်ပါသည်။ လက်ထိပ်နောက်ပြန် ခတ်ထား
ခြင်းနှင့် မျက်နှာပေါ်တွင် အုပ်ထားသော အ၀တ်စ ကို မောင်မင်း
ကြီးသားများက ဖယ်ရှားပေးလိုက်ပါသည်။

"လူသစ် (၄)ယောက် ပါလာတယ်၊ ကျား (၃)၊ မ (၁)၊ အားလုံး
ဂေါ်နိုက် (ဂေါ်=၅ , နိုက်=night=ည၊ ပုဒ်မ ၅(ည)ကို ထောင်
အခေါ်အဝေါ်) တွေချည်းဘဲ၊ ကရင်ရှိလားဟေ့၊ လူသစ်တွေကို
ပုံစံ နည်းနည်းပေးပြီး စာရင်း လုပ်ပါအုံး"

ကျနော်အပါအ၀င် အ.က.သ (အခြေခံပညာ ကျောင်းသားများ
သမဂ္ဂ၊ ရန်ကုန်တိုင်း) မှ ကျောင်းသား သုံးယောက်တို့သည် တွဲဖက်
ထောင် ဗူးဝ တွင် ထောင်အတွင်း ပုံစံဟု ခေါ်သော အနေအထိုင်
ပုံစံများကို ဗူးဝမှ ထောင်စာရေး ကရင်ဟု ခေါ်ဆိုခြင်း ခံရသူထံတွင်
ခြေထောက်ဖြင့် အသတ်လွတ် တစ်ချက် နှစ်ချက် အကန်ခံပြီး
သင်ကြား ရပါသည်။ ကျနော်တို့ လက်ဖျံပေါ်တွင် အကျဉ်းသား
နံပါတ်များကို ယင်း ကရင်ဆိုသူက ရေးပါသည်။

ထို့နောက် ကျနော်တို့ သုံးယောက်တွဲကို စောင်အဟောင်းတစ်ထည်
ဖြင့် ခေါင်းပေါ်တွင် အုပ်ပြီး ထောင်အတွင်းသို့ ခေါ်ဆောင် သွားပါသည်။
စောင် အအုပ်ခံ သုံးယောက်တွဲတွင် ကျနော်က အလယ်မှာ ဖြစ်ပါသည်။
အောက်သို့ မှန်းပြီး လမ်းလျှောက်နေရပြီး အချို့နေရာများတွင် အလင်း
ရောင် အနည်းငယ်ကို အောက်ခြေတွင် မြင်တွေ့ရပါသည်။ များသော
အားဖြင့် နေရာအတော် များများမှာ မှောင်မဲလျက် ရှိပါသည်။ လမ်းသိပ်
မလျှောက်ရပါ။ "ရပ်" ဟူသော အသံကြောင့် ကျနော်တို့ သုံးယောက်တွဲ
ရပ်လိုက်ပါသည်။ နောက်ဆုံးမှ ကျောင်းသားကို စောင်ထဲမှ ဆွဲထုတ်
သွားပါသည်။ "ဂျိုင်း" ဟူသော တံခါးဖွင့်သံ၊ ပိတ်သံများ၊ တီးတိုး စကား
ပြောသံများ ကြားနေရသောကြောင့် လူအများရှိသော နေရာတစ်ခု၏
ဘေးသို့ ရောက်နေကြောင့် သိလာ ပါသည်။


မကြာမီ "ရပ်" ဆိုသော အသံနှင့် အတူ ကျနော်သည် စောင်ထဲမှ
ဆွဲထုတ်ခြင်း ခံရပါသည်။ ကျနော်သည် အခန်းတစ်ခုသို့ တက်
ရန် ပြုလုပ်ထားသော အဆင့် သုံးဆင့်ပါ အုတ်လှေကား တစ်ခု
ထိပ်သို့ ရောက်ရှိ နေကြောင်း သိရပါသည်။ အုတ်လှေကားထိပ်
ရှိ သံတံခါး အတွင်း ဦးခေါင်းများ စုပြုံး၍ စကားပြောသံ ကြားနေ
ရပါသည်။ "တိုက်ပွဲဖော်ဆောင်ရေး အပြင်စည်း ဒုတာဝန်ခံ..ဟ" ဟူ
သော ရင်းနှီး နေသော အသံများကို ကြားရပါသည်။

ကျနော် အခန်းအတွင်းသို့ ၀င်ရောက်လိုက်သောအခါ ရန်ကုန်တိုင်း
မြို့နယ်အသီးသီးမှ အ.က.သ ကျောင်းသား (၆)ဦးခန့် ကိုတွေ့ရပါ
သည်။ သူတို့နှင့် အဖမ်းခံရပုံများ၊ စစ်ကြောရေး အကြောင်းများ၊
အဖမ်းမခံရခင် အပြင်အခြေအနေများကို ရောက်တက်ရာရာ ပြောဆို
နေစဉ် ထောင်ဝါဒါ တစ်ဦးက သံပန်းကန်ပြား တစ်ချက်တွင် ပဲဟင်းရည်
လောင်းထည့်ထားသော ထမင်းနှင့် လက်တဆစ်စာ ငပိလေး တင်ပြီး
လာ ပေးပါသည်။

ကျနော်အိပ်ဖို့ အပေါ့အပါး စွန့်ရာတွင် အသုံးပြုသည့် ဂန်ဖလား
တည့်တည့်တွင် နေရာ ရပါသည်။ ဂန်ဖလားကို ဖျားကြမ်း အကျိုးအပဲ့
တစ်ခုဖြင့် အနံမထွက်စေရန် ဖုံးအုပ်ထားပါသည်။ ကျနော်တွင် စစ်
ကြောရေးမှ ရခဲ့သော ဒဏ်ရာများကို အခန်းဖော် ကျောင်းသား
များက ၀ိုင်းဝန်းပြီး "ကြက်ပူ" ထိုးပေး ကျပါသည်။ အခန်းအတွင်း
၄၀ ၀ပ်အားရှိသော မီးလုံး တစ်လုံးကို တစ်ညလုံး မီးထွန်းထားပေး
သည်ဟု သိရပါသည်။ မအိပ်ခင် အချိန်တွင် တာမွေမြို့နယ်မှ ကျောင်း
သားတစ်ဦးက ကျနော်အား "ဒီအခန်းမှာ လူသစ်ရောက်ရင်၊ ဒီည ထူး
ခြားမယ်နော်၊ သိပ်မလန့်နဲ့" ဟု သတိပေး စကားပြော ပါသည်။

ထိုအခါ ကျနော်က "ဘာထူးခြားတာလဲ၊ လုပ်ပါအုံး" ဟု ပြန်မေးသော
အခါ နောက်ထပ် ကျောင်းသား တစ်ဦးက "ဘာမှ မဟုတ်ပါဘူး၊
ထောင်ဆိုတော့ မြေနည်းနည်း ကြမ်းတဲ့ သဘောပါ၊ သရဲလိုလို
ဘာလိုလို ပေါ့" ဟု ပြောပါသည်။ အခန်းအတွင်း ကျနော် အပါ
အ၀င် ကျောင်းသား (၇)ဦး ရှိရာ သရဲခြောက်မည်ဆိုသော စကား
ကို ကျနော် လုံးဝ လက်မခံခဲ့ပါ။ ဒီလိုနှင့် ကျနော်တို့ စတင် အိပ်စက်
ကြပါသည်။ ကျနော်တွင် ဒဏ်ရာများကြောင့် ချက်ချင်း အိပ်မပျော်ဘဲ
ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်ဖြင့် ကိုယ့်ဒဏ်ရာ ကိုယ့်ကုစား
နေရ ပါသည်။ အခန်းအတွင်း ထွန်းထားသော မီးလုံးမှ မီးအလင်း
ရောင်ကို အိပ်စက်ရာတွင် မျက်စိအား ကာကွယ်ရန်အတွက် ထောင်
ဗူးဝတွင် ပေးသော အင်္ကျီဖြူကို မျက်လုံးပေါ်တွင် တင်ထားပါသည်။

ဗူးဝမှ (၁၂) နာရီ သံချောင်း ခေါက်သံ ကို ကြားရပြီး သိပ်မကြာဟု
ကျနော် ထင်ပါသည်။ ကျနော့် နံဘေးမှ အသံ တချို့ကို စ ကြားရ
ပါသည်။ အမျိုးသမီး တစ်ယောက် ညည်းသံကို တော်တော်ကြာ
အောင် ကြားနေရပါသည်။ ကျနော် တစ်ယောက်တည်း ကြားနေခြင်း
မဟုတ်ပါ။ တခန်းလုံး ကြားနေရပါသည်။ နံဘေးမှ ကျောင်းသားက
ကြောက်နေသော ပုံစံဖြင့် ကျနော်ကို လာဖတ်ထားပါသည်။ ညည်းသံ
များ ဆုံးသွားသော အခါ စကားသံများ ကြားပါသည်။

"နင် နေမကောင်းဘူးလား"
"ဟုတ်တယ်၊ ကျမ နေမကောင်းဘူး"
"သူတို့ဆီက ဆေးတောင်းသောက်လေ"
"ဆေးသောက်ပြီးပြီ၊ ဒါပေမဲ့ မသက်သာဘူး .. ဟင်း ..ဟင်း ..ဟင်း"
ဟု ဆက်လက် ညည်းတွားသံကို ဆက်တိုက် ကြားနေရပါသည်။

ကျနော့်တွင် ကြောက်စိတ် လုံးဝ မပေါ်သေးပါ။ ကျနော်သည်
ရုတ်တရက် မျက်လုံးပေါ်ရှိ အင်္ကျီဖြူကို ဘေးသို့ ဖယ်ထုတ်လိုက်ပြီး
တစ်ခန်းလုံး နေရာစုံသို့ လိုက်ကြည့် မိပါသည်။ ဘာမှ မတွေ့ရပါ။
ညည်းသံလည်း ဆက်လက်ကြားနေရပါသည်။ အဲဒီတော့မှ ကျနော်
လည်း ကြောက်စိတ် ၀င်သွားပါသည်။ ဒါ တကယ် သရဲ ပါလားဟု
သဘောပေါက်သွားပါသည်။ အဲဒီချိန်မှာ အခန်းအတွင်းရှိ ကျောင်းသား
အားလုံးနီးပါး ရသမျှ ဘုရားစာကို တုန်လှုန့်နေသော အသံများဖြင့်
အကျယ်ကြီး အော်ဆို နေကြပါသည်။ နောက်ထပ် ဆယ်မိနစ်လောက်
အကြာတွင် အားလုံး ငြိမ်သက် သွားပါသည်။

မနက်မိုးလင်းခါစ ခြောက်နာရီ မထိုးခင်တွင် ကျနော်တို့ ကိုယ့်အခန်း
ထဲတွင် အထိုင်ပုံစံဖြင့် ထိုင်ရသော အချိန်ရောက်မှ ကျောင်းသားတစ်
ဦးက ကျနော်ကို ပြောပြပါသည်။ ကျနော်တို့ အင်းစိန်တွဲဖက်ထောင်၊
အဆောင်(၂)၊ အခန်းနံပါတ် (၂၂) သည် နာမည်ကျော် သရဲခြောက်
သော အခန်း ဖြစ်ပါသည်။ တစုံတစ်ယောက်က အသံဖမ်းစက် သို့မဟုတ်
ကတ်ဆက်ခွေဖြင့် တမင်အကွက်ဆင် လုပ်ထားခြင်းမျိုး လုပ်ဝ မဟုတ်ပေ။

ယင်း သရဲ အခြောက်ခံရမှုသည် နေ့စဉ် ဖြစ်လေ့ မရှိပါ။ အခန်းအတွင်း
သို့ လူသစ်တစ်ဦး စတင် ၀င်ရောက်လာသော အခါများတွင် တစ်ခန်း
လုံး ခြောက်လန့် ခံရပါသည်။ ကျနော်တို့ အပါအ၀င် နံဘေးခန်းများမှ
ကျောင်းသားများ အားလုံးသည် ယင်း သရဲခြောက်မှုကို မယုံကြည်သဖြင့်
အုတ်နံရံများ၊ မျက်နှာကျက်များတွင် ကတ်ဆက် ၀ါယာကြိုး စသော
အသံထွက်ပေါ်စေသော အရာများကို ရှာဖွေသော်လည်း တစုံတရာ
မတွေ့ရှိ ရပေ။ အဆောင် အပေါ်ထပ်တွင် နေသော ထိုင်းအကျဉ်းသား
(မြန်မာ့ရေပိုင်နက်တွင် တရားမ၀င် ငါးခိုးဖမ်းသဖြင့် အဖမ်းခံရ သူများ)
များကို အကူအညီ တောင်းပြီး လိုက်လံ ရှာဖွေ သော်လည်း ၀ါယာကြိုး၊
ကတ်ဆက်များကို မတွေ့ရှိရပေ။

ကျနော်ရောက်ပြီး လေးရက်လောက် အကြာတွင် အခန်းတွင်းမှ ကျောင်း
သားတစ်ဦး ရုံးတင် အမိန့်ချခြင်း ခံရပြီး အခန်းသို့ ပြန်ရောက် မလာတော့
ပါ။ ထောင်ဝါဒါက လူတစ်ယောက်လျှော့ သွားသော ကျနော်တို့
အခန်းသို့ နောက်တစ်ရက်တွင် စစ်ကြောရေးမှ ပို့လိုက်သည့်
သာကေတမြို့နယ်မှ ကျောင်းသား တစ်ဦးကို ပို့လိုက် ပါသည်။
ထိုညတွင်လည်း အလားတူ နာရီဝက် နီးပါး သရဲခြောက်မှုကို ခံစား
ရပါသည်။


(ဤမျှသာ။)

You received this email because you are subscribed to the real_time feed for http://pyustate.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Myanmar Entrepreneur Group] 1 New Entry: ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း

ကမ္ဘာ့ငွေကြေးဆိုင်ရာ အကျပ်အတည်း


၂၀၀၈ စက်တင်ဘာလနှင့် အောက်တိုဘာလတွင်စတင်ပြီး ယနေ့ထိတိုင် ဖြစ်နေသည့် ကမ္ဘာ့ ငွေကြေးဆိုင်ရာ အခက်အခဲမှာ ကမ္ဘာ့စီးပွားကပ်ကြီး (the Great Depression) အပြီး အဆိုးဝါးဆုံး စီးပွားရေး ခက်ခဲမှုဖြစ်သည်။ ၂၀၀၈ခုနှစ် စက်တင်ဘာတွင် အမေရိကန်နိုင်ငံ အခြေစိုက် ငွေကြေးဆိုင်ရာကုမ္ပဏီများ၏ အကြပ်အတည်းဆိုက်ရောက်မှုမှ အချို့ကုမ္ပဏီများကို အစိုးရမှ ထိန်းသိမ်းခဲ့ရခြင်းဖြင့် စတင်ခဲ့သည့် အဆိုပါ Crisis သည် ဥရောပနှင့် အမေရိကတိုက်သာမက အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘဏ်များအထိပါ ဆက်တိုက် ကြီးထွားလာခဲ့သည်။ ၄င်းအခက်အခဲသည် ငွေကြေးအဖြစ်သို့ လွယ်ကူစွာ ပြောင်းလဲခြင်း မပြုနိုင်သည့် Liquidity Problem အဖြစ် တိုးတက်လာခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံရေးခေါင်းဆောင်များ၊ ဘဏ္ဍာရေး ၀န်ကြီးများနှင့် ဗဟိုဘဏ်အကြီးအကဲများမှ အခက်အခဲအား ဖြေရှင်းနိုင်ရေး ပူးပေါင်းညှိနှိုင်းလုပ်ဆောင်နေကြ သော်လည်း ပြဿနာမှာ ဆက်လက်၍ ဖြစ်ပေါ်နေပါသည် ။

၂၀၀၈ခုနှစ် အစောပိုင်းမှပင် ကမ္ဘာတ၀ှမ်းစီးပွားရေးအခက်အခဲတစ်ခု ဖြစ်ပေါ်နိုင်သည့် အခြေအနေကို ဖော်ပြနေသည့် လက္ခဏာများ တွေ့လာရသည်။ ၄င်းတို့ထဲတွင် ရေနံဈေးနှုန်း ကြီးလာခြင်း၊ ကမ္ဘာတ၀ှမ်း ငွေကြေးဖောင်းပွမှု ဖြစ်လာခြင်း၊ ငွေချေးမှု အကြွေးဝယ်ယူမှုမှ ပြဿနာပေါ်ပေါက်လာခြင်းအပြင် ဘဏ်ကြီများမှ ဒေ၀ါလီခံသွားရခြင်း၊ အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်းတို့ ပါဝင်ပါသည် ။

လူသုံးကုန်ပစ္စည်းများ မြင့်တက်လာခြင်း
၂၀၀၃ခုနှစ်များမှစ၍ လူသုံးကုန်ပစ္စည်းများ ရောင်းချမှုအားသည် 1980-2000 Great Commodities Depression ကာလအပြီး ပြန်လည်၍ တိုးတက်လာခဲ့သည်။ ရောင်းချမှုအား တိုးတက်လာသည်နှင့်အမျှ ဈေးနှုန်းတက်လာခဲ့ရာမှ ကုန်ပစ္စည်းအများစု၊ အထူးသဖြင့် ရေနံနှင့် စားသောက်ကုန်ပစ္စည်းများ၏ နှုန်းထားများ အဆမတန်တိုးတက်လာသဖြင့် နိုင်ငံအများ၏ စီးပွားရေးအပေါ် ထိခိုက်မှုဖြစ်ပေါ်လာပြီး Stagflation ဟုခေါ်သည့် Demand နှင့် Employment တိုးတက်လာခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှု ဖြစ်ခြင်းများနှင့် Globalization အပေါ် ဆိုးကျိုးဖြစ်လာခဲ့သည် ။

သတင်းဌာနများ၏ ထုတ်ပြန်ချက်များအရ ၂၀၀၈ခုနှစ်၊ဖေဖော်ဝါရီမှစ၍ ကမ္ဘာတ၀ှမ်းငွေကြေးဖောင်းပွ မှုမှာ စံချိန်တင်မြင့်တက်လာခဲ့သည်။ IMF ၏ အချက်အလက်များအရ Inflation သည် ရေနံတင်ပို့ ရောင်းချသည့် နိုင်ငံများတွင် အမြင့်ဆုံးဖြစ်နေပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ တိုးတက်ဖြစ်ပေါ်နေသည် ။ ILO ၏ ခန့်မှန်းချက်များအရ ၂၀၀၉ခုနှစ်အရောက်တွင် ယခုငွေကြေးအခက်အခဲကြောင့် ကမ္ဘာတ၀ှမ်း အလုပ်လက်မဲ့ ဦးရေသည် သန်း ၂၀ အထိ ရှိလာလိမ့်မည် ဖြစ်သည် ။

အမေရိကန်နိုင်ငံ ပြည်တွင်း ငွေကြေးဆိုင်ရာအခက်အခဲ
၂၀၀၈ခုနှစ်တွင် အမေရိကန်နိုင်ငံသည် ပစ္စည်းပေါင်နှံမှုပြဿနာ (Mortgage Crisis)နှင့် ဒေါ်လာ တန်ဖိုး လျော့ကျသည့်ပြဿနာများကို ရင်ဆိုင်နေရသည့်အချိန် ဖြစ်သည်။ ၂၀၀၈ခုနှစ် အစောပိုင်း ကာလကပင် အမေရိကန်နိုင်ငံတွင် စီးပွားရေးကျဆင်းမှု စတင်ဖြစ်ပေါ်နေပြီဟု လေ့လာသူ အတော်များများမှ ယုံကြည်ထားကြသည် ။ Federal Reserve ၏ ယခင်သဘာပတိဖြစ်ခဲ့သူ Alan Greenspan မှ US တွင် လက်ရှိဖြစ်ပေါ်နေသည့် ငွေကြေးပြဿနာသည် ဒုတိယကမ္ဘာစစ် အပြီးမှစ၍ အဆိုးဆုံးဖြစ်သည်ဟု မှတ်ချက် ပြုခဲ့သည် ။

July ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ အကြီးဆုံး အပေါင်လက်ခံသည့် Indy Mae အား အစိုးရမှ ထိန်းချုပ်လိုက်သည်။ September 13 တွင် Lehman Brothers မှ တဖန်ဒေ၀ါလီခံသွားခဲ့သည်။ အခြား ရှေ့ဆောင်ငွေကြေးဆိုင်ရာ ကုမ္ပဏီကြီးဖြစ်သော Merill Lynch အားလည်း အမေရိကန် ဘဏ်ကြီး (Bank of America) မှ ၀ယ်ယူခဲ့သည်။ ထိုသို့ Lehman Brothers ဒေ၀ါလီခံခဲ့ရသဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဖြေရှင်းနိုင်ရန်အတွက် ဘဏ်(၁၀)ခုမှ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံအား အရေးပေါ် ရံပုံငွေအဖြစ် မတည်ခဲ့ကြသည်။ ၄င်းအပြင် ၂၀၀၈ခုနှစ်အတွင်း September လအထိ အမေရိကန် နိုင်ငံ တ၀ှမ်း ဒေ၀ါလီခံခဲ့ရသည့် ကုမ္ပဏီစုစုပေါင်း (၈၁)ခု ရှိခဲ့သည်။

စက်တင်ဘာလတွင် အမေရိကန်နိုင်ငံအစိုးရ Secretary of Treasury မှ တင်ပြသည့် အထူး အရေးပေါ်ကယ်ဆယ်ရေးအစီအစဉ်အား သမ္မတဘုရှ်အစိုးရမှ ကွန်ဂရက်သို့ တင်ပြတောင်းဆိုခဲ့ပြီး ကွန်ဂရက်၌ အခြေအတင်ဆွေးနွေးကြပြီး $ 700 Billion ရှိ Bailout plan အား Congress မှ အတည်ပြု ပေးခဲ့ပါသည်။ အဆိုပါ $ 700 Billion နှင့်အတူ Emergency Economic Stabilization Act 2008 ကိုပါ ပြဌာန်းပြီး အမေရိကန်ပြည်ထောင်စုအတွင်း ဖြစ်ပေါ်နေသည့် Financial Crisis အား ကယ်တင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အမေရိကန်နိုင်ငံ နည်းတူ EU နိုင်ငံများဖြစ်သော ဗြိတိန်၊ နော်ဝေး၊ သြစတြေးလျ၊ ပြင်သစ် ငွေကြေးဈေးကွက်များကို ကယ်တင်နိုင်ရန် အစီအစဉ်များ ရေးဆွဲလုပ်ဆောင်လာခဲ့ကြသည်။

အောက်တိုဘာ (၁၈)ရက်နှင့် (၁၉)ရက်နေ့များတွင် ပြင်သစ်သမ္မတ ဆာကိုဇီ၊ ဥရောပသမဂ္ဂဥက္ကဌ ဟိုဆေးမင်နူရယ်ဘာရိုဆိုတို့နှင့် တွေ့ဆုံဆွေးနွေးအပြီး သမ္မတဘွတ်ရှ်မှ လာမည့်နိုဝင်ဘာ (၁၅)ရက်နေ့တွင် ၀ါရှင်တန်၌ ငွေကြေးဆိုင်ရာ တာဝန်ရှိသူများ၏ အပြည်ပြည်ဆိုင်ရာ ညီလာခံတစ်ခုကို လက်ခံကျင်းပသွားမည့် အကြောင်း ကြေငြာခဲ့သည်။

ကွန်ရက်မှ အတည်ပြုပေးခဲ့သည့် $ 700 Billion မှ ကနဦး $ 125 Billion အား ပြီးခဲ့သည့် ရက်သတ္တပတ်တွင် အမေရိကန်ဘဏ်ကြီး (၉)ခု၏ ရှယ်ယာများအား ၀ယ်ယူရန်အတွက် သတ်မှတ်ခဲ့ပြီး နောက်ထပ် 125 Billon ဒေါ်လာအားလည်း ပိုမိုသေးငယ်သည့် ငွေချေးလုပ်ငန်းများအတွက် သတ်မှတ် ထားခဲ့သည်။ ၄င်းအပြင် ယခုအခါ U.S Treasury အနေဖြင့် နိုင်ငံအ၀ှမ်းရှိ ဘဏ်များနှင့် အခြား ငွေကြေး လုပ်ငန်းလုပ်ဆောင်သည့် ကုမ္ပဏီများအား ပစ်မှတ်ထားပြီး နောက်ထပ်အကူပေးရန်အတွက် အစီအစဉ်သစ် အဖြစ် အာမခံကုမ္ပဏီများထံမှ အပေါင်ငွေများကို ၀ယ်ယူရန်အတွက် စီစဉ်လျက်ရှိသည် ။

ထိုသို့ပြုလုပ်ခြင်းဖြင့် Treasury Secretary ဟင်နရီပေါလ်ဆင်၏ ကူညီရေးအစီအစဉ်ကို ပိုမို ကျယ်ပြန့်သွားစေမည်ဖြစ်သည် ။ ပေါလ်ဆင်အနေဖြင့် သူ၏မူလ Financial rescue program အစီအစဉ်အား ခန့်မှန်းထားကြသည်ထက် လျှင်မြန်စွာ ဈေးကွက်ပျက်စီးလာသည့်အတွက် Equity ရှယ်ယာများ ၀ယ်ယူရန်အတွက် အာရုံစိုက် လုပ်ဆောင်လာရသည် ။ ဘဏ်ကြီး (၁၀၀)၊ insurance ကုမ္ပဏီ ကြီးများ အပါအ၀င် ငွေကြေးဆိုင်ရာကုမ္ပဏီများဖြင့် ဖွဲ့စည်းထားသည့် Financial Services Roundtable မှလည်း US Treasury အား ကယ်ဆယ်ရေးအစီအစဉ်အား insurance ကုမ္ပဏီများ၊ ငွေကြေးပွဲစား လုပ်ဆောင်သူများ၊ မော်တော်ယာဉ်ထုတ်လုပ်သူများမှလည်း အစိုးရထံသို့ ၄င်းတို့၏ ရှယ်ယာများအား ရောင်းချခွင့်ရရှိစေနိုင်မည့် အစီအစဉ်များကိုပါ ထည့်သွင်းရေးဆွဲပေးရန် ဖိအားပေးလျက် ရှိသည် ။

နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ
အာရှနှင့် ဥရောပမှ နိုင်ငံခေါင်းဆောင်ကြီးများသည် တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် (၂)ရက်ကြာတွေ့ ဆုံပြီး လက်ရှိဖြစ်ပေါ်နေသည့် ကမ္ဘာ့စီးပွားရေးအခက်အခဲကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေနေကြသည်။ စနေနေ့က ပြုလုပ်ခဲ့သည့် ကြေငြာချက်တွင် ၄င်းတို့က မိမိတို့အနေဖြင့် ကျယ်ပြန့်သည့် သဘောတူညီချက် တစ်ခုကို ငွေကြေးအခက်အခဲကပ်ကြီးအား ဖြေရှင်းရန်အတွက် ရရှိထားပြီးဖြစ်ကြောင်းနှင့် ၄င်းတို့၏ အမြင်များကို နောက်လတွင် ၀ါရှင်တန်၌ ပြုလုပ်မည့် ထိပ်သီးညီလာခံတွင် ဆက်လက်တင်ပြဆွေးနွေးသွား ကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

၎င်းတို့မှ ဆက်လက်၍ ကမ္ဘာ့စီးပွားရေးကို လမ်းညွှန်မှုပေးမည့် ဥပဒေအသစ်များ ချမှတ်နိုင်ရေးနှင့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် တိုင်းပြည်များအား အကူအညီပေးရာတွင် IMP မှ ဦးဆောင်သွားရန်ကိုလည်း သဘောတူညီခဲ့ကြသည်။

တရုတ်သမ္မတ ၀မ်ကြားပေါင်မှ ပြောကြားရာတွင် "ကမ္ဘာ့စီးပွားရေးအပေါ် ယခုငွေကြေးပြဿနာမှ အမှန်တကယ်ထိခိုက်မှု မဖြစ်စေရန်အတွက် လိုအပ်သည့်နည်းလမ်းအားလုံးကို အသုံးပြုသွားရပါမည်" ဟု ပြောကြားခဲ့သည်။ သမ္မတ၀မ်မှ ဆက်လက်ပြောကြားရာတွင် ယခုဖြစ်ပေါ်နေသည့် ပြဿနာများအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ထိခိုက်မှုအနည်းငယ်သာ ရှိသေးသော်လည်း ကမ္ဘာတ၀ှမ်း ၀ယ်လိုအား လျော့ဆင်းမှုကြောင့် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ ရောသွားလိမ့်မည်ဟု ပြောကြားခဲ့သည် ။ တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၄%သို့ လျော့ကျသွားခဲ့သော်လည်း ကမ္ဘာ့စီပွားရေးအင်အား ကြီးနိုင်ငံများတွင် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းမှာ အမြင့်ဆုံးဖြစ်သည် ။

IMF အနေဖြင့်လည်း အိုက်စလန်မှ စ၍ ပါကစ္စတန်အထိ နိုင်ငံပေါင်း ၁၂နိုင်ငံထံသို့ ချေးငွေထုတ်ချေး နိုင်ရေး ညှိနှိုင်းလျက်ရှိသည်။ အစိုးရများအနေဖြင့်လည်း ဒေါ်လာ 4 Billion ခန့်အထိကို ဘဏ်လုပ်ငန်းများ အပါအ၀င် ငွေကြေးဈေးကွက် ပြန်လည် နလန်ထူလာရေးအတွက် ပမာဏပြရန်အတွက် ကတိက၀တ် ပြုထား ခဲ့သည်။

ယခုအခါတွင် ကမ္ဘာ့ငွေကြေးပြဿနာသည် ဆင်းရဲချမ်းသာ မရွေး တိုင်းပြည်အများ ခံစားနေရပြီ ဖြစ်သည်။ စီးပွားရေးအခက်အခဲမှာ ကြာရှည်စွာဖြစ်မည်ကို စိုးရိမ်လျက်ရှိသည့်အတွက် ကမ္ဘာတ၀ှမ်းနှင့် ရှယ်ယာများ သောကြာနေ့တွင် ထိုးဆင်းသွားစေခဲ့သည်။ အာရှတွင် နီကေ Average သည် ၅နှစ်အတွင်း အောက်ဆုံးအဆင့်အဖြစ် ၉.၆% ထိုးဆင်းသွားခဲ့သည် ထို့အတူ ဟောင်ကောင်၊မွန်ဘေနှင့် ဆိုးလ်မြို့တို့ တွင်လည်း အလားတူ ရှယ်ယာများ ကျဆင်းသွားခဲ့သည်။

ဥရောပတွင်လည်းကောင်း၊ US တွင်လည်းကောင်း၊ အလားတူ ဖြစ်ခဲ့သည့် ဂျပန်၊ယမ်းငွေများမှာမူ ၁၃နှစ်အတွင်း အမြင့်ဆုံးအဖြစ် ၊ US ဒေါ်လာတွင် ၉၄.၆ ယမ်း အထိ ထောင်တက်ခဲ့သည် ။

ကမ္ဘာတစ်ဝှမ်းမှ နိုင်ငံအားလုံးတို့အနေဖြင့် ယခုဖြစ်ပေါ်နေသည့် ငွေကြေး အခက်အခဲအား ပူးပေါင်း ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေလျက်ရှိသော်လည်း ပြဿနာမှာ ရပ်တန့်သွားမည့် အရိပ် အခြေအနေ မတွေ့ရှိရေးသေးပေ ။

လင်းဦး(စိတ်ပညာ)

You received this email because you are subscribed to the real_time feed for http://mmentrepreneur.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကျွန်မ၏ ခံစားမှုများသီကုံးရာ လွတ်လပ်ခြင်းအနုပညာ] 1 New Entry: မြန်မာ့ရိုးရာ ကထိန်ပွဲ

မြန်မာ့ရိုးရာ ကထိန်ပွဲ


စင်္ကာပူနိုင်ငံ တိုပါးရိုးဘုန်းကြီးကျောင်းတွင် နိုဝင်ဘာလ (၂)ရက်နေ့ မနက်(၈)နာရီမှ နေ့လည်(၂)နာရီထိ မြန်မာ့ရိုးရာကထိန်ပွဲကို နိဗ္ဗာန်ဈေးပွဲတော်နှင့်အတူ ကျင်းပမည်ဖြစ်ပါ၍ စင်္ကာပူနိုင်ငံရောက် မြန်မာများ တက်ရောက်ကြပါရန် ဖိတ်ကြားပါတယ်ရှင်။ ပီနန်ဆရာတော်ကြီးမှာ မြန်မာ့ရိုးရာကထိန်ပွဲသို့ တက်ရောက်ရန် အောက်တိုဘာလ (၂၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ပါတယ်။ အဖြစ်အပျက်အမျိုးမျိုးကြောင့် အခက်ခဲတွေရင်ဆိုင်နေခဲ့ရသည့် စင်္ကာပူရောက် မြန်မာ့အရေးလှုပ်ရှားသူများ တစ်ဖက်မှာ နေ့စဉ်ဘ၀တွေဖြင့် အလုပ်ရှုပ်နေကြချိန် ပြန်လည်စုပေါင်းပေးသော ရိုးရာပွဲတစ်ခုဖြစ်သည့်အတွက် တက်ရောက်ပေးကြပါရန် တိုက်တွန်းနှိုးဆော်ပါတယ်ရှင်။

You received this email because you are subscribed to the real_time feed for http://linletkyalsin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ခရီးသည်၏ လွင့်မျောခြင်း] 1 New Entry: ရှင်ဘုရင် လုပ်ချင်တဲ့သူ လက်ညှိုးထောင်

ရှင်ဘုရင် လုပ်ချင်တဲ့သူ လက်ညှိုးထောင်





"ရှင်ဘုရင် လုပ်ချင်ချင်တဲ့သူ လက်ညှိုးထောင်" ဟုဆိုလျှင် မိန်းမထဲက တချို့ နောက်တွန့် သွားကြမည် ဖြစ်သော်လည်း ယောင်္ကျားထဲက မူကား နို့စို့အရွယ် မကျန် အားလုံး လက် ထောင်ကြမည် ဖြစ်လေသည်။

တန်ခိုး အာဏာ ပါဝါသည် ရှင်ဘုရင်၏ စည်းစိမ်၊ ရှင်ဘုရင်၏ အခမ်းအနားများအား လူတိုင်း တောင့်တဖွယ် ဖြစ်ပေသည်။ လောက၌ ရှင်ဘုရင် ဖြစ်ရသော သူသည် အလွန် ကုသိုလ် ထူးပေသည်။ လူတို့၏ အထွဋ်အမြတ် ဖြစ်ပေသည်။ တချို့က ရှင်ဘုရင် ဖြစ်ရသူသည် လူဇာတ်က မဟုတ်၊ နတ်တမျိုး ဖြစ်သည်ဟု ဆိုကြလေသည်။ လောက သမုတိနတ်ဟု မှတ်ယူ ကြလေသည်။ ဆိုင်လေသမျှ "တော်" တစ်လုံး တပ်ရလေသည်။ နိုင်ငံအတွင်းရှိ အညွှန်အဖူး အကောင်း မှန်သမျှ သူတစ်ထူးထက် ဦးအောင် သုံးဆောင် ရလေမည်။ ရွှေဘုံ ရွှေနန်းထဲတွင် နေပြီး လက်ညှိး ညွှန်ရာ အားလုံး ဖြစ်နိုင်သည့် စည်းစိမ်ကား ကြီးမားလှသောကြောင့် လူတိုင်း တမ်းတရသော အရာဖြစ်သည်။

သို့သော် လောကကြီးကား အလွန်စွာ ထူးခြားလှပေ၏။ လူတို့၏ စိတ်ကူးသည် အချုပ်အချယ် အကနု့်အသတ် မရှိသော အရာ ဖြစ်သောကြောင့် ပြန့်လွင့်ချင်သမျှ ပြန့်လွင့်လျက် ဆန်းချင်သမျှ ဆန်းနိုင်လေသည်။ သို့သော် အချို့သော တကယ့် ဖြစ်ရပ်တို့ကား စိတ်ကူးထက်ပင် ထူးဆန်းသော အရာများစွာပင် ရှိချေ၏။

လောက၌ ရှင်ဘုရင် မလုပ်ချင်သူ မရှိဟု ထင်ရပေသည်။ သို့သော် "မင့်ကို ဘုရင် ခန့်တော့မယ် ဟေ့" ဟုဆိုလျှင် အသက်ဆံဖျား ဖနောင့်နှင့် ခြေဖ၀ါး တသားတည်းကျအောင် ပြေးရသော အရပ်များစွာ ရှိပေသည်။

ကျွန်ုပ်တို့ မြန်မာ့ ရာဇ၀င်တွင် ဘုရင် လုပ်လိုသူ များရုံသာမက မရလျှင် သေရတော့ မလိုလို မနေနိုင် မထိုင်နိုင်ဖြစ်ကာ တပ်ထောင်တာ ဗိုလ်ထုနှင့် အာဏာလုပွဲကြီး ကျင်းပသော ထုံးပုံများနှင့် ပြည့်နှက်လျက် ရှိခဲ့သည်။


အာဖရိကတိုက် အနောက်ပိုင်း အချို့ ဒေသများတွင် ရှင်ဘုရင် သေလျှင် ဘယ်သူ့ကို ရှင်ဘုရင် မြှောက်မည်ဟု မပြောဝံ့ပဲ၊ ဆွေတော် မျိုးတော်များက တိတ်တဆိတ် တိုင်ပင်ကြပြီးလျှင် ဘုရင် မြှောက်ရန် သဘောတူသူကို ရုတ်တရက် မိအောင်ဖမ်းပြီး နတ်ကွန်း လှောင်အိမ်တွင် ဘုရင် လုပ်ပါတော့မည်ဟု ၀န်မခံခြင်း ချုပ်နှောင် ထားရလေသည်။ တခါတရံ နတ်ကွန်းတွင် ချုပ်နှောင် ထားရမှာ မလွတ် လွတ်အောင် အမျိုးမျိုး ကြံဖန် ထွက်ပြေးရသဖြင့် ဘုရင်ဖြစ်မည့် အရေးက ကျွတ်လွတ် သွားရလေသည်။ ထို့အတူ စော်ဘွား တဦးသည်လည်း မိမိအား ၀ိုင်းဝန်းကာ မင်း မြှောက်ကြတော့မည်ကို ကြိုတင် သိရှိသောကြောင့် သွားလေရာ လှံဓါး အမြဲစွဲကိုင်လျက် လာ လာသမျှတို့ကို တွန်းလှန် ခုခံနေပြီးမှ ထွက်ပြေး ရလေသည်။

အာဖရိကတိုက် လျောင်းနယ်ရှိ တင်းမီးလူမျိုးတို့မှာ ရှင်ဘုရင် နတ်ရွာစံပြီးလျှင် နောက်တယောက်ကို တိုင်းသူ ပြည်သားများက ရွေးကောက် တင်မြှောက် ရလေသည်။ ထိုသို့ ရွေးကောက် ပြီးနောက် ရှင်ဘုရင်လောင်းကို ရာဇ ဘိတ်သိတ်ခံခါနီး ( ကျမ်းသစ္စာဆိုခါနီး) ရွေးကောက်သူတို့က ၀ိုင်းဝန်း ရိုက်နှက် ခွင့်ရသည်။ ရှင်ဘုရင် ဖြစ်ပြီးနောက် မျက်နှာကိုမျှ ဖူးမျှော်ခွင့် ရကြတော့မည် မဟုတ်သောကြောင့် မိမိတို့ အခွင့်အရေးရတုန်း ရိုက်ချင်သလောက် ၀ိုင်းပြီး ရိုက်နှက်ကြသဖြင့် တချို့ မင်းလောင်းများမှာ ဘိသိတ် မခံရမှီပင် ရိုက်ဒဏ်ကြောင့် သေကြရလေသည်။ အချို့မှာ အတော်အတန် ခံနိုင်ရည်ရှိပြီး ပွဲချင်းပြီး မသေသော်လည်း ဘိတ်သိတ်ခံပြီး နန်းတ်ာပေါ် ရောက်ပြီးနောက် မကြာမြင့်မှီမှာပင် နတ်ရွာလား ကြရလေသည်။ ရေစိမ် ကျွဲကြီးလောက် ခံနိုင်ရည် ရှိသူများသာလျှင် ဘုန်းတော်ကြီး သက်တော် ရှည်ခွင့် ရကြလေသည်။

ထို့ကြောင့် လျောင်းနယ်၌ ဘုန်းတော် ကြီးမြတ်တော်မူသော ရေမြေ့ရှင် ဘ၀ရှင် မင်းတရားကြီး နာမကျန်း ဖြစ်တော်မူသည်ဟု ကြားရသည်နှင့် တပြိုင်နက် အရိုက်အရာခံ ထီးဆက် နန်းရံဖြစ်သော သားတော် တူတော်မှ စ၍ အသည်း တထိတ်ထိတ်ဖြင့် နားစွင့်ပြီး နေကြရလေသည်။ ဘုရင်ကြီး ရောဂါကြွမ်း မသက်သာ မေ့မြောနေသည်ဟု ကြားရသည်နှင့် တပြိုင်နက် ဖ၀ါးနှင့် တင်ပါး တသားတည်း ကျအောင် လွတ်ကြောင်း ပြေးကြ ရလေသည်။

ဤသို့လျှင် ထိုအရပ်တွင် မှူးကြီး မတ်ကြီးများက လူတစ်စုံ တစ်ယောက်ကို မျက်မုန်းကျိုးလျှင် တိတ်တိတ်ပုန်း သတ်ပစ်ခြင်း၊ အမှုရှာပြီး ထောင်ချခြင်းမပြုဘဲ ထိုသူကို အများသဘောတူ ၀ိုင်းဝန်း၍ ရှင်ဘုရင် မြောက်လိုက် ကြလေသည်။ ထိုသို့ တင်မြောက်လိုက်သည်ဟု ကြားသိလိုက်သည့် သကာလ ထိုသူမှာ အိုးအိမ် သားမယားကို ပစ်၍ ပြေးနိုင်လျှင် ပြေး၊ မပြေးနိုင်လျှင် ဘိသိတ်တော်ပွဲ ပဏာမတွင် နိုင်ငံ ဥပဒေအတိုင်း မှူးမတ်များက ၀ိုင်းပြီး ရိုက်သည်နှင့်ပင် သေကျေ ပျက်စိးရလေသည်။

အာဖရိကတိုက် အရှေ့ပိုင်း ဂျင်ဂီရောနယ်တွင်လည်း ဘုရင် နတ်ရွာစံပြီး အရိုက်အရာကို ဆက်ခံရန် နန်းတက်ရမည်ဆိုလျှင် အလွန် ကြောက်ကြလေသည်။ ထိုအရပ်၌ ဘုရင် နတ်ရွာစံသည်ကိုဆိုလျှင် သားတော် တူတော် စသည့်တို့က အလောင်းကို အဖိုးထိုက်တန်သော အ၀တ် တန်ဆာများနှင့် ရစ်ပတ် ရလေသည်။ ထို့နောက် နွားမ တစ်ကောင်ကို သတ်ပြီး နွားသရေကို ယူပြီးလျှင် အလောင်းကို နွားသရေအတွင်းသို့ ထည့်သွင်းရလေသည်။ ဤသို့ပြုပြီး ခြေဦးတည့်ရာ ပြေး၍ တောတောင်များအတွင်း လွတ်ရာ ကျွတ်ရာ၌ ပုန်းအောင်းကြရသည်။

ထိုအခါ စုံးကဝေ ပညာကို တတ်မြောက်သော မှော်ဆရာများက မည်သူ့အား မင်းမြှောက်မည်ဟု တိုင်ပင်ပြီးလျှင် ဂါထာ မန္တာန်များဖြင့် ဆေးစီရင်ပြီး လီဘား ခေါ် သိန်းစွန်ရဲ ကဲ့သို့သော ငှက်ကြီး တစ်ကောင်ကို လွတ်ပြီး ထိုငှက် ပျံသန်းရာသို့ မျက်ခြေမပြတ်အောင် လိုက်သွား ရသည်။ ထိုငှက်ကြီးလည်း တောတောင်များကို ဖြတ်သန်း ပျံသွားပြီးနောက် တနေရာရာတွင် နားလေသည်။ ငှက်ကြီး နားသည်ကို မြင်သည်နှင့် တပြိုင်နက် နားနေရာ နေရာကို သတ္တိကောင်း လူသန်မာများက လက်နက်များ ကိုင်၍ ကျားဖမ်းသလို ၀ိုင်းဝန်း ဖမ်းကြလေသည်။ ကံအားလျော်စွာ ငှက်ကြီးနားသော နေရာ၌ ပုန်းအောင်နေသူများ ရှိလျှင် ထိုသူများကလည်း ၀ိုင်းဝန်းလာသမျှကို အတင်းခုခံ ထိုးခုတ်ကြသည်။ ၀ိုင်းဝန်းသူများမူကား မင်းလောင်းကို မနာမကျင်စေပဲ အမိသာ ဖမ်းကြသဖြင့် တခါတရံ ဖမ်းသူများလည်း မင်းလောင်း ဓါးချက်ဖြင့် အသက် သေကြရလေသည်။ သို့သော် မည်သူမျှ နောက်မဆုတ် အရဖမ်းပြီး အတင်း ချုပ်နှောင်၍ နန်းတော် အရောက် ခေါ်ယူ လာပြီးလျှင် နန်းတင် ကြလေသည်။

ဤသို့ ရှင်ဘုရင် လုပ်ရန် ကြောက်ကြသည်မှာ ဘုရင်မဖြစ်မှီ မင်း ဧကရာဇ်တို့၏ အသွင် အင်္ဂါနှင့် ပြည်စုံသည်၊ မစုံသည်ကို စမ်းသပ်သော ရှင်ဘုရင် စာမေးပွဲမှာ အထက်က ဖေါ်ပြသည့်အတိုင်း အလွန် ပြင်းထန်လှသောကြောင့် စစ်ဆေးဆဲတွင် သေ၊ မသေပြန်လျှင်လည်း တသက်လုံး လူစဉ်မမှီသော ဘ၀သို့ ရောက်ရခြင်းက တမျိုး၊ ထိုဒဏ်မှ လွတ်မြောက်ပြီး ဘုရင်ဘ၀သို့ ရောက်ပြန်သောအခါ တိုင်းသူ ပြည်သားတို့က ဆက်သသော အခွန်တော်နှင့် မလောက်င၊ ကိုယ်တိုင် တပင်တပန်း ရှာဖွေထားသော ရတနာများကို ဘုရင့် စရိတ်တော်ထဲ ထည့်ရသဖြင့် တသက်လုံး နလန်မထူ မွဲပြာကျရသော ဘ၀သို့ ရောက်ရခြင်းက တဖုံ၊ ဤဒဏ် နှစ်မျိုးကြောင့် ဘုရင့် အာဏာ၊ စည်းစိမ် ဆိုသည်များနှင့် မကာမိပဲ ဒုက္ခများဖြင့် ကြုံတွေ့မည်သာ ဖြစ်သဖြင့် " ခမည်းတော် မင်းတရားကြီး လူ့ပြည်ငြီး နတ်ထီးဘုံ ပျံစံလွန်တော်မူပြီ" သတင်း ထွက်လာသည်နှင့် တပြိုင်တည်း နောက်ဆက်ခံရမည့် အလောင်းအလျာများသည် ကွမ်းကလေး တစ်ယာမှ ရပ်ပြီး မ၀ါးဝံ၊ သားမယားကိုမျှ နှုတ်ဆက်မနိုင်တော့ပဲ ယခုခေတ် ပြည်မြန်မာ၌ ပေါ်တာ ဆွဲနေသည်ဟု ကြားရသည်ထက် ထိတ်လန့်ကာ လွတ်ရာ ကျွတ်ရာ ပြေးကြရလေ သတည်း။

ဤကဲ့သို့သော လောက၌ စုံမက်ဖွယ် အကောင်းဆုံး ရာထူးကို အလွန်ပင် ကြောက်ရွံကြသည်မှာ ထိုဒေသများတွင် ဘုရင် လုပ်သူများမှာ မသက်သာလှသောကြောင့် ဖြစ်လေသည်။ ရှင်ဘုရင် ဖြစ်လိုက်သည်နှင့် တပြိုင်နက် နေချင်သလို မနေရ၊ စားချင်သလို မစားရ၊ ပြောချင်သလို မပြောရ၊ လုပ်ချင်သလို မလုပ်ရ၊ လူ့အခွင့်အရေး ဆုံးရှုံး ရချေတော့သည်။

ထို့ကြောင့် လက်ညှိုးထောင်မည်ကြံလျှင် တိုင်းပြည် အရင်းအမြစ်များအား ကိုယ်ကျိုးအတွက် ရောင်းစားရသော စည်းစိမ်တော်များကို မကြည့်ပဲ၊ ရှင်ဘုရင် မဖြစ်မှီ ၀င်ရောက် ဖြေဆိုမည့် အစမ်းသပ်ခံ စာမေးပွဲကြီးဖြစ်သော ပြည်သူတို့၏ ဝေဖန်ထောက်ရှု့သည့် ဒဏ်ကို ခံနိုင်မှ၊ မိမိစိတ်ကို မိမိနိုင်မှသာ လက်ညှိုး ထောင်ကြရမည် ဟူသတည်း။

ဆရာ ဇေယျ

မှတ်ချက်။ ။ ဓါတ်ပုံကို Yahoo Image မှ ယူထားပြီး၊ လူလ တည်းဖြတ် ထုတ်နှုတ်သည်။

You received this email because you are subscribed to the real_time feed for http://phonyaung.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DeGoLar] 1 New Entry: ♥ Cape No.7

♥ Cape No.7

ဒီအကြောင်း ဆက်မရေးဖြစ်တော့ဘူး ထင်ထားလို့ ပြီးခဲ့တဲ့လက ရေးခဲ့တဲ့ခေါင်းစဉ်မှာ နံပါတ် ၁ ဆိုပြီးတောင် တပ်မပေးခဲ့ဘူး၊ အခုတော့ ရေးစရာတွေ ကျန်နေသလိုလို၊ ရေးသင့်သလိုလို ဖြစ်လာပြီးသကာလ၊ ဒီပို့စ်ဖြစ်လာတယ် ဆိုပါတော့ကွယ်။ (တကယ်တမ်း ဆင်မ်လင်းမ်စကွဲ Sim Lim Square သွားပြီး ကင်မရာ အပေါင်းအဖော်တွေ သွားကြည့်မလို့ ပြင်ဆင်နေတာ၊ မိုးရွာနေတာနဲ့ ပို့စ်ထိုင်ရေးတာပါ၊ ရုပ်ရှင်နဲ့ ပတ်သက်နေအောင် အတင်းကြီး အစပျိုးထားတာ၊ ဘာရမလဲ)

ကေ့ပ်နံပါတ် ၇ ဆိုတဲ့ ထိုင်ဝမ်ကျွန်းတောင်ဖက် ဟိန်ချွန်းမြို့လေးက အိမ်လိပ်စာကို ကားနာမည်အဖြစ် ပေးထားတဲ့ အနှီရုပ်ရှင်ဟာ ဒီလ ၁၉ ရက်နေ့အထိ ဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၂၁၅ သန်းနဲ့ ထိုင်ဝမ်ရုပ်ရှင်သမိုင်းမှာ တတိယငွေအဝင်ဆုံး ရုပ်ရှင်ကားအဖြစ် စံချိန်တင်လိုက်ပါပြီ၊ ဆက်ပြီး ဝင်နေတုန်းပါ၊ ဘယ်စံချိန်တွေ ထပ်ချိုးမလဲ စောင့်ကြည့်ရအုံးမယ်။ ရိုက်ကူးခြင်းအတွက် ကုန်ကျစရိတ်က (အရင်းအနှီးက) ထိုင်ဝမ်ဒေါ်လာ သန်း ၅၀ ပါ၊ ကြော်ငြာလည်း ဟုတ်တိပတ်တိ လုပ်တာမဟုတ်၊ သရုပ်ဆောင်တွေလည်း ရုပ်ရှင်နယ်ပယ်က နာမည်ကျော်တွေမဟုတ်၊ အထင်ကရ ရုပ်ရှင်ကုမ္မဏီက ထုတ်လုပ်တာလည်း မဟုတ်တဲ့ indie ရုပ်ရှင်ပါ (အင်ဒီးဖလင်ဖြစ်ပြီး နာမည်ကျော် လူကြိုက်များသွားတဲ့ ဗိုက်ကြီးသည် ချာတိတ်မ Juno ကို သတိရစေတယ်)။ အခု ဒီကားလေးဟာ ကျွန်းအပြင် မထွက်သေးခင်၊ တိုတောင်းတဲ့ ၃ လတာ အချိန်လေးမှာပဲ သန်း ၁၅၀ ကျော် (စင်္ကာပူဒေါ်လာ ၇ သန်းကျော်) အမြတ်ထွက်နေပြီ၊ ထိုင်ဝမ်ပေတံနဲ့တိုင်းရင် ပက်စက်တယ်လို့ ပြောလို့ရတယ်၊ အဲဒီထဲမှာ ကျနော့်ပိုက်ဆံ ၂၂၀ တိတိ ပါတယ်၊ နို့မို့ဆို နှစ်ရာ့တစ်ဆယ့်ငါးသန်း ပြည့်ရန် ဒေါ်လာ ၂၂၀ လိုပါသေးသည် ဆိုပြီး ကသီလင်တ ဖြစ်နေမှာ၊ သူတို့တွေ ကျနော့်ကို ကျေးဇူးတင်သင့်တယ် ထင်မိတာပဲ။

ဇာတ်ကားရဲ့ အောင်မြင်မှုအရှိန်နဲ့ အင်္ဂလိပ်ဘာသာဝီကီရဲ့ စာမျက်နှာတစ်ခုကို ခန့်ခန့်ကြီးယူထားပြီး ဇာတ်လမ်းအကျဉ်းနဲ့ ဆိုင်ရာဆိုင်ရာ ဟိုဟာဒီဟာတွေကို အင်္ဂလိပ်လို ရေးထားတဲ့အတွက် မြန်မာစာဖတ်ပရိသတ်များကို ရေးပြမနေတော့ဘူး၊ စိတ်ဝင်စားရင် အဲဒီမှာပဲ သွားဖတ်ကြပါ။ ကျနော်ဒီပို့စ်မှာ ရေးလိုတဲ့ အကြောင်းကတော့ ထိုင်ဝမ်လူမျိုးတွေရဲ့ စိတ်ဓာတ်ပါ။ ဒီကား ရုံတင်တဲ့အချိန်နဲ့ ထိုင်ဝမ်ကျွန်းမှာ ပြဿနာ သောင်းခြောက်ထောင် ဖြစ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ ဘူပိတ်နေတဲ့ ပရိသတ်တွေအတွက် ထွက်ပေါက်တစ်ခု ဖြစ်သွားပြီး ရုံဝင်အား အရမ်းကောင်းသွားတာလို့ တချို့တွေ ဝေဖန်သုံးသပ်တယ်။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့၊ တကမ္ဘာလုံးချီပြီး ဘူပိတ်နေတာပဲ၊ ဒီလိုအချိန်မှာ စိတ်ပေါ့ပါးစေတဲ့ ဘယ်လိုအကြောင်းမဆို သာမန်လူတစ်ယောက်ကို စွဲလန်းစေမှာ အမှန်ပဲ။ သို့ပေမယ့်..

ဒီလောက်နှုန်းနဲ့ အောင်မြင်တာကတော့ အဲလောက်ကြီး simple ဖြစ်တာ မဟုတ်ပါဘူး၊ ဇာတ်လမ်းက ရိုးရှင်းပြီး ထိထိမိမိရှိတယ်၊ သရုပ်ဆောင်တွေလည်း ရိုးရှင်းတဲ့ သာမန်ပြည်သူတွေနဲ့ တထပ်တည်း သွားကျနေတယ်၊ အဲဒါတွေကကပဲ အဓိကသော့ချက် ဖြစ်လိမ့်မယ်။ ထိုင်ဝမ် တောင်ပိုင်းသားတွေက မြောက်ပိုင်းက မြို့ကြီးသားတွေထက် ရိုးအတယ်၊ စကားပြောလည်း ဒဲ့ပဲ၊ ဆဲစရာရှိ ဆဲထည့်တာပဲ။ အဲလို ဓလေ့စရိုက်ကို ပီပြင်အောင် ရိုက်ပြထားတယ်၊ ဟိန်ချွန်းမြို့ အသင်းအဖွဲ့တစ်ခုရဲ့ ဥက္ကဋ္ဌ၊ ရပ်ကွက်လူကြီးလို အကြီးအကဲနေရာ သရုပ်ဆောင်ရတဲ့ မင်းသားအဖေက သူ့နယ်ကို ဘယ်လို ကောင်းစေချင်တဲ့အကြောင်း၊ တေးဂီတ ဖျော်ဖြေပွဲလုပ်တော့ ဂျပန်အဖွဲ့တွေ တက်မဆိုခင် လိုကယ်လ်အဖွဲ့တစ်ဖွဲ့ တက်ဆိုခွင့်ရအောင် မရမက ကြံဆောင်တဲ့အကြောင်း၊ မင်းသားက ထိုင်ပေမြို့ကြီးမှာ အဆင်မပြေလို့ သူ့ဇာတိကိုပြန်၊ သူချစ်တဲ့ ဂီတအနုပညာကို စွန့်လွှတ်ပြီး ရရာ စာပို့သမားအလုပ်ကို လုပ်ရတဲ့အကြောင်းနဲ့၊ ဟိန်ချွန်းလို ချောင်ကျတဲ့ နေရာမျိုးမှာဆို မြို့ကြီးပြကြီးတွေမှာ သူများတွေလိုပဲ လောကဓံနဲ့ နပန်းလုံးပြီး လုပ်ကိုင်စားသောက်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ကျရှုံးခဲ့တဲ့ လူငယ်တွေပဲ ပြန်ပြီးစုဝေးနေတဲ့ အခြေအနေကိုလည်း မီးမောင်းထိုးပြတယ်။

(မိုးတိတ်သွားပြီ၊ ပြန်လာမှဆက်တော့မယ်)

--- UPDATE! (၆ ရက်အကြာတွင် ပြန်လာသည်) !UPDATE ---

ဒီတိုင်းပစ်ထားရင် အချိန်တွေနှောင်းကုန်မစိုးလို့ နည်းနည်းစီရေးပြီး ရက်စွဲပြောင်းပြောင်းသွားမယ်၊ အဟဲ။ အဲဒီကားကို ကိုးရီးယားရုပ်ရှင်ပွဲတော်မှာ ပြလိုက်တော့ လူကြိုက်များသွားပြီး ဟောင်ကောင်နဲ့ စင်္ကာပူက ရုပ်ရှင်ကုမ္ပဏီတွေကို ရောင်းဖြစ်လိုက်တယ်။ ဒါကြောင့် ကျနော်ထင်ထားသလို ရုံကြီးမှာကြည့်ဖို့ ဘယ်တော့မှ အခွင့်အရေး မရှိနိုင်တော့ဘူး ဆိုတာကြီး မှားသွားတယ်ဗျ။ စင်္ကာပူမှာ ရုံတင်ရုံတင်မကပဲ (ရုံတင်နှစ်ခါ ထပ်သွားပါသည်၊ တိုက်ဆိုင်ခြင်းဖြစ်သည်၊ တိုက်ပိုမဟုတ်) အစက နောက်နှစ် နှစ်ဆန်း တစ်ရက်နေ့ တင်ဖို့ ရွယ်ထားတာကိုတောင် ပိုင်းရိတ်တွေ ဈေးကွက်ဦးသွားမှာ စိုးရိမ်ပြီး နိုင်ဝင်ဘာ လကုန်မှာတင် ပြဖို့ ရက်ပြင်လိုက်ကြပြီ၊ နောက်ပြီး၊ ဒီမှာ နေထိုင်ကြတဲ့ ထိုင်ဝမ်သားတွေလည်း အချိန်မှီလေး မျှဝေခံစားနိုင်အောင် ဒီလ ၃၁ ရက်နေ့မှာ ဗွေဆော်ဦး မိတ်ဆက်ပွဲ စပြဦးမယ်ဆိုပဲ၊ အခုတော့ အဲဒီရက်အတွက် လက်မှတ်တောင် ကြိုဝယ်လို့ မရတော့ပဲ အီးမေးလ်ပို့ပြီး ဦးရာလူစနစ်နဲ့ စောင့်ယူရတယ်လို့ သတင်းတွေက ရေးပါတယ်၊ ပြမယ့်ရုံက Cathay ပါ၊ သူ့ရဲ့ ဘယ်ရုံလဲတော့ ရေးမထားဘူး။ ဟောင်ကောင်မှာလည်း နိုဝင်ဘာလ ထဲမှာပဲ တင်မှာပါ။ ထိုင်ဝမ်မှာ လောလောဆယ်ထိတော့ သန်း ၃၀၀ ဝင်သွားပါပြီ။ ဒီကား ဘယ်လောက်ပူသလဲ ဆိုတော့ရင် ကျနော့် ဖလစ်ကာထဲက ပိုစတာပုံကို ရက် ၂၀ ကျော်အတွင်းမှာပဲ ရုပ်ရှင်ရူးတွေ အကြိမ်ပေါင်း ထောင်ကျော် လာကြည့်သွားကြပြီ၊ ဒီမှာ သွားကြည့်ပါ။ အောက်ကသတင်းက စင်္ကာပူမှာ ၃၁ ရက်နေ့အတွက် ရုပ်ရှင်လက်မှတ် ဝယ်မရဖြစ်နေတဲ့ အကြောင်းပါ။

海角七號 31 日在星首映 一票難求

(ဆက်ရန်ရှိသေးသည်၊ တကယ်ရှိသေးသည်)


27/07/2004 တုန်းက ရိုက်ထားတဲ့ပုံပါ၊ အစ်မခင်ဦးမေ အရှေ့မှာမေးတဲ့ စကူတာဆိုတာ အဲဒါပါ၊ မော်ဒန်စကူတာ လို့ ဝီကီထဲမှာ ခေါ်ပါတယ်၊ ပုံမှာလည်း ထိုင်ဝမ်က စကူတာကို ဥပမာပေးထားပါတယ်။ ဂီယာမပါဘူး၊ လက်နဲ့ လီဗာတင်ပြီး စီးရုံပဲ၊ စက်ဘီးစီးတာထက် လွယ်သေးတယ်။ စလုံး မှာတော့ ပေါ့ပေါ့ပါးပါး စကူတာမျိုး သိပ်မတွေ့ဘူး၊ အသံတဗြဲဗြဲမြည်တဲ့ ဆိုင်ကယ်တွေတော့ အများသားဗျ။ ဒီပို့စ်မှာရေးနေတဲ့ ရုပ်ရှင်အတိုင်း Romantic comedy အစားထဲကလည်းဖြစ်၊ စကူတာနဲ့လည်း တိုက်ဆိုင်နေတဲ့ Roman Holiday ကို သတိရမိတယ်၊ အဲဒီကား ကြည့်ချင်တယ်၊ အဲဒီထဲကအတိုင်း ဆိုင်ကယ်လျှောက်စီးပြီး ရေခဲမုန့်စားချင်တယ်၊ အဲငှယ်။


28/07/2004 နေ့က ရိုက်ထားတဲ့ဓာတ်ပုံပါ၊ အဲဒီတုန်းက ထိုင်ဝမ်ကျွန်းတစ်ပတ်ကို ၉ ရက်ခရီး စကူတာနဲ့ ပတ်စီးခဲ့တုန်းက ဟိန်ချွန်းနားကို ဖြတ်သွားခဲ့တယ်၊ ရေလည်လှတဲ့နေရာပါ၊ လမ်းတဖက်မှာ ပင်လယ်ကြီးပဲ ရှိတော့တယ်။

You received this email because you are subscribed to the real_time feed for http://degolar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[MANORHARY] 1 New Entry: သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ

သစ်ရွက်အသေများပေါ်ကရက်စက်သောဂီတ

မောင်ချောနွယ်


ရေခဲပန်းနု၊ချစ်သောသူဖြတ်သန်းခဲ့ရသော အရောင်အရိပ် ရနံ့ နှင့်
ကျွန်ုပ်၏ဘ၀အမောအလွမ်း

ရေခဲပန်းနု
ခလုပ်ကလေးနှိပ်လိုက်ရင်
တိပ်ကြိုးခွေကသီချင်းထွက်လာမယ်
"မင်းလက်ကလေးကိုကိုင်ချင်စမ်းလှတယ်" ။

စက်ရုပ်လို
မလှုပ်ရှားချင်ပါဘူး
မုသားနိုင်ငံမှာ
အပြန်တရာသေပါစေ
အမှန်အတွက်တိုက်ပွဲဝင်မယ်။

သံလွင်မြစ်မျက်နှာပြင်မှာ
မောမြေရဲ့ရာဇ၀င်တွေ
ထင်ဟပ်ရဲပနေတယ်။

ရဲဘော်တို့သွေးဖြင့်
ချယ်ရီမွှေးလှပေရဲ့။

ထိုအတွေ့အမြင်
ဤယနေ့တွင်
သြော်…ရင်ခုန်သံများ
ကြားပါစေ။

ကောင်းကင်ဘုံမှာ
အိပ်မပျော်ချင်ပါဘူး။

ဒီလောက
ဒီမြေကြီးပေါ်မှာဘဲ
နှစ်နှစ်ချိုက်ချိုက်ကြီး
အိပ်ပျော်ချင်ပါတယ်။

ကျေးဇူးများစွာတင်ပါရဲ့
ဘုရားသခင်စောင့်ရှောက်တော်
မမူပါနဲ့။

သိရိခေတ္တရာမှ
ကဗျာဆရာလေးအသဲမှာ
ရေခဲပန်းနု
ယုယပါလော့..အိုအမေ။

ယန်စီမြစ်ရိုးမှ
လှေထိုးသူ့တေးကဗျာ
နားဝင်မှာငြိမ့်ညောင်းအောင်
တမ်းမက်စရာကောင်းလှပေတယ်။ ။
မောင်ချောနွယ်


ချစ်သောသူဖြတ်သန်းခဲ့ရသော
အရောင် အရိပ် ရနံ့ နှင့်
ကျွန်ုပ်၏ ဘ၀အမော ဘ၀အလွမ်း


(၁)
"၇၄"ရထားပေါ်မှ
ဘ၀အားရှုမျှော်ကြည့်
အဘိဓမ္မာနံ့သင်းခဲ့ပြီ။

၂၀ရာစုနောက်ဆုံးပတ်
ကာလကားချပ်ရှုမျှော်ခင်း
နေတစင်း လတစင်း
မင်းရယ် ကိုယ်ရယ်
ချိုတယ် ခါးတယ်
၂၅နှစ်ဘူတာ
နောက်မှာဝေးကျန်ရစ်ပီ။

ပိတောက်တေ
ွပေါက်ကွဲလွင့်စင်
နွေရင်ပြင်မှာ
ကြင်နာသူယုယပါလော့။

(၂)
နေလောင်တဲ့သရက်သီး
မြီးမနေပါနဲ့တော့။

ကမ္ဘာထဲမှာ
ကဗျာဆရာတယောက်
ဖြစ်မြောက်ခဲ့ပြီလား
ထိုပျားရည်ချို
ဘယ်လိုမက်မှန်းမသိပါ
ဒါနဲ့လေ
ဆံပင်တွေသာ
ရှည်ရှည်လာခဲ့။
အိမ်တံစက်မြိတ်
ကျောင်းအရိပ်မှာ
အိပ်ပျော်ချမ်းမြ
ငယ်ဘ၀လေး
ဘယ်သူပြန်ပေးမှာလဲ
ဝေးကြပြီ။

သူငယ်ချင်းတွေ
လည်ပင်းဖက်ကြီးလဲ
ခရီးချင်းမတူ
သူငယ်ချင်းငယ်ရီးစားလေးလဲ
သားသယ်အမေဖြစ်လို့
"အချစ်ဆိုတာ
ရင်မခုန်တော့ပါ"..တဲ့။
ညစ်ပတ်စုတ်ပေ
အပုတ်နံ့ရှူ
မြို့ပြမှာလူဖြစ်
ဗီတာမင်းဗရပစ်နဲ့
အဆီဝအစ်ထူထပ်တော့
အသားအရေဖြူဖတ်ဖျော့။
တချို့ကိုကား
ထားခဲ့ရသည်
ရှိပါစေတော့
ပိတောက်ကြေလမ်းမှာ
နွေနွမ်းခဲ့ပါပြီ။

(၃)
စပါယ်တွေမြင်ရင်
အို…အသင်
ရင်ခုန်ပါလော့။
ဟောင်းသော်လည်း
မနွမ်းသောအရာ
"ဒိုရာသန်းအေးရဲ့လှေကလေး"
မိုးအေးအေးမှာမွှေးလိုက်တာ။
ဒို့ခေတ်ပြဆို
ရေဒီယိုက
"အချစ်ဆိုတဲ့မျှားကလေး
အလစ်ကိုကွယ်တအားပြေး"
စစ်ဗိုလ်မယားလေးလှတယ်
ပွဲတော်တွေဟာလဲ
ပျော်စရာမကောင်းတော့ပါဘူး
ဒို့ခေါင်းပေါ်မှာ
ကောင်းကင်ကြီးဟာ
လွတ်လွတ်လပ်လပ်မှမဟုတ်ထာ။
သူငယ်ချင်းတို့ရေ….
နောက်ကိုအလယ်မလွန်ကြနဲ့တော့နော်။
ကြည့်ပါအုံးကွယ်တို့…….
"မရှိခိုးနိုး
မလှစုန်းရိုး"
ရိုးသားမနေကြနဲ့တော့
မိတ်ဆွေတို့ရယ်။
နောင်ကြီးတို့
မောင်ကြီးတို့
အပြစ်လာဖို့ရင်တော့
မေတ္တာပို့ကြရုံပဲပေါ့။

စေတနာတွေ
ထွေတလာ
သေပါစေ၊ကြေပါစေပေါ့ဗျာ။

ရာသီချို၊
သစ်သီးချိုမှ
အပျိုလုပ်ပ
မိတုတ်ရယ်။

(၄)
အရပ်ထဲက
"ကျောက်ခဲ"ဆိုတဲ့သူက
ဆဲတိုင်းလေ့ရှိတယ်
"ကျောက်ခဲတဲ့ဟေ့
တခဲထဲရှိတယ်
ဘာမှတ်သလဲ"
အော်
"ကိုကျောက်ခဲနှယ်ဗျာ
လောကကြီးဆိုတာ
ကျောက်ခဲတခဲထဲနဲ့
ဖြစ်လာဒါမှမဟုတ်ထာ
လောကကြီးထဲမှာ
ကျောက်ခဲတခဲထဲဘဲ
ရှိဒါလဲမဟုတ်တာဗျာ"

ဘ၀ဈေးချိုလို့
ညီမလေးငိုတယ်
နေညိုပါပြီကွယ်။

(၅)
စိတ်များကား
ပျားတုတ်ခံရသလိုပါဘဲ
အာသာငမ်းငမ်း
တမ်းမက်မိပါရဲ့
ချစ်လှစွာသော
သစ္စာတရားရယ်။

လူ့ပြေမှာ
အသက်တရာမနေရ
အမှုတရာတွေ့ရတဲ့
ကျနော်ကား
အသက်တရာနေချင်
အမှုတရာလည်းတွေ့ချင်သူပင်။

ဘ၀ကို
ရင်ခုန်သလိုနေချင်တယ်.။

ဒါပေမဲ့ကျ
အခုများမှာ
လူသာမရှိရင်
အဘိဓမ္မာ
လူ့သိက္ခာတန်ဘိုး
ဘ၀ဟာအခိုးအငွေ့ဖြစ်
တမီးနစ်ဆိုတဲ့ထဲမှာဘဲ
အသာလေးပျောက်သွားတော့မှာ။

အဘိဓမ္မာအလံထူ
လူတယောက်ဖြစ်ချင်ပါဘိတော့
ချစ်တဲ့သူရယ်။

အော်
သူဟာ
အီကွေတာအသဲမှ
အမြဲစိမ်းသစ်ပင်ပါ။

(၆)
အိပ်မက်ဆိုးလို့
အိပ်ရာကနိုးခဲ့ရတယ်
အကျိုးများပေစွ။
တဖျိုးဖျိုးတဖျတ်ဖျတ်
လတ်ဆတ်သောစပယ်ရနံ့များ
တအားမွှေးလာတယ်
ဟို…အဝေးက
ဟိုး…အဝေးကြီးက
သေဆုံးသွားပြီဖြစ်တဲ့
ဒို့ချစ်သူတွေရဲ့ရင်ခုန်သံ
ဒီလောကထဲမှာ
တုန်ခါနေသေးကြောင်း
ကောင်းကောင်းသိရတယ်။
ဒို့တွေရဲ့
ပျိုရွယ်မှုတွေ
အထုအထောင်းခံနေရ
ရာသီခေါင်းလောင်းထိုးသံမှာ
နာရီလက်တန်ရွေ့သွား
တံခါးတချပ်ပိတ်ရင်
တံခါးတချပ်ပွင့်သွားလိမ့်မယ်။
သူတို့မုန်းလို့
ဒို့နှလုံးသား
ခါးမသွားပါဘူး။

(၇)
ကျွန်ုပ်၏ဘ၀တဆစ်
၁၉၇၁
လှေကားထစ်ကား
အချစ်များဖြင့်ရစ်ခွေ၏။
လှေကားထစ်များ
တထစ်ချင်းတက်
နွေရက်များလဲနွမ်းယော်၏။
ပူလောင်အိုက်စပ်ည
အိပ်ငိုက်ကျသွားပြီ။
ညအစွန်မှာ
ကျွံရောက်လာတဲ့လေ
နှောင်းပိတောက်မွှေးရေများနှင့်
ညအားပက်ဖျန်းသွားလေရဲ့။
ဝါရွက်များက
မှန်တံခါးကို
တအားပြေးပုတ်လိုက်ကြ၏။
အရှေ့သည်
နီရဲလာပြီ။
အာရုဏ်တံခါးအဖွင့်
နေအပွင့်မှာ
ချစ်လှစွာသော
ကျနော့်လောကအိုအေစစ်
ချစ်သမီးလေး
မွေးဖွားလာခဲ့ပြီ
မဟူရာကိုကို
သက်တော်ရာကျော်ရှည်ပါစေ။
သမီးတို့ခေတ်မှာ
အချစ်ရသချို
ဂီတပွင့်ဝေ
ကျောင်းတော်ကခေါင်းလောင်းသံ
ချိုအေးပါစေ။

(၈)

ဇကွဲနံပါတ်
လတ်ဆတ်လှပေတယ်။
တရံခါသာ
နာနတ်ရည်ရသ
ဘ၀ထဲစီးမျော
လောကကိုမုန်းလိုက်ထာ။
ချစ်သူများစွာ
စကားဖောင်ဖွဲ့
ဒို့ခေတ်ရဲ့ရသ
တမြမြခံစားလို့
ရထားပြတင်းမှာ
အဆင်းမွဲကျန်
အကျည်းတန်အရာများ
ဝါးသွားမှိန်သွား
အပူချိန်တရာကျော်
အနံ့တွေညှော်တယ်။
အပျော်ပွဲတော်မှာ
ကျနော်သစ်သီးမခူးတော့ပါဘူး။
ဒို့အိပ်မက်တွေ
တရိပ်ရိပ်ရွက်လွှင့်
ဟိုး..မိုးမြင့်အာကာမှာ
နှစ်ပေါင်းရာထောင်သိန်းသန်း
ပျော်စမ်းပါစေကွယ်။

(၉)
ဒူးယားရသ
ခါးလှတယ်။
မညာတတ်လို့
ကဗျာစပ်တယ်။
ဘာပဲဖြစ်ဖြစ်
ကဗျာချစ်တယ်
အနှစ်တထောင်အသက်ရှည်
အနှစ်တထောင်ရတက်ပွေလဲ
မျက်ရည်မကျချင်
နောင်တဘုရားထံ
အသနားမခံဒူးမတုပ်
မိုက်တဲ့အလုပ်ဆိုရင်လဲ
ငါမိုက်ချင်သေးတယ်။
ရာသီနွေဆုံးရင်
မိုးကလေးစွေမယ်
သပြေတွေသီးမယ်
ရည်းစားသစ်ပေါ်မယ်
နေအောက်မှ
တောက်တောက်ပပရဲရဲရင့်ရင့်
လွတ်လပ်မှုပန်းများပွင့်
ရနံ့လွင့်ထုံ
အို…ရင်ခုန်ရပါစေသား။

(၁၀)
လဖက်ရည်တခွက်ဖြင့်
အသက်ရှည်ပါစေသတည်း။
ပုလွေချို
အပျိုချော့တဲ့
တောညနေရီပန်းချီကား
အပူရောင်များနဲ့ဖွဲ့စည်းထားတယ်။
ဇာခန်းဆီး
မီးအိမ်လဲ့ပြာ
တိုယိုတာ
ကိုရိုလာရယ်
ကိုယ်လိုရာသွားသေတော့။
ဒို့အဆောက်အအုံတော်ကြီးကတော့
လော်လီဖောက်ပြားနေသတည်း။

(၁၁)
"အေး"ရေ
"အေး"ရေ
အတွေးထဲမှာ
လာလာမနှောက်နဲ့နော်
နားခိုခဲ့သော
တောအုပ်ငယ်ကလေး
လောကကြီးအလယ်
ချာချာလယ်။
တချို့သည်ကား
နှလုံးသားတည့်
တရားနဲ့ဖြတ်နှုတ်ဆက်ခဲ့ရသည်။
ဒို့ဘ၀တွေ
ညလိုမဲမှောင်လျက်
အသက်ရှူကြပ်
ဘေးကြပ်နံကြပ်
ငတ်ပြတ်ချို့တဲ့
ဆင်းရဲတဲ့ရောဂါရနေတယ်။
ချောင်းဆိုးပျောက်ဆေး
အိုးပင်ဈေးတဲ့
ဆေးဆိုင်ဆိုင်းဘုတ်မှာ
ကြောင်ခြစ်သလိုကုတ်ထားတယ်။
ပုလဲဒါယူ
ချစ်တဲ့သူရေ
အပူနဲ့နော်
ဒီဇမ္ဗူမှာ
ဒို့တွေလူဖြစ်ကြတော့မယ်။
"ပုလဲ"ရဲ့
စွဲမက်ဖွယ်ရာ
ရက်ကော်တာတေး
လမ်းဘေးကချွဲနေရဲ့။
"ချစ်ဦးသူတို့ဖူးစာ
ဆုံပါစေသားရယ်လို့
ဆုတောင်းပေးပါလားကွယ်"။

(၁၂)
"နေပူစပ်ခါး
မသွားပါနဲ့သားရယ်"တဲ့
(ဓါးကိုဘေးမှာထားပြီး
ဟိုးမားရဲ့ကဗျာကိုဖတ်ရင်း
ဒီလောကကြီးကို
တဟုန်ထိုး ထိုးဖောက်နိုင်တဲ့
လမ်းကို
သားတွေ့ခဲ့ပါပြီအမေ )
အဲဒီလို
"နပိုလီယံ"ဟာ
သူ့အမေထံ
စာပြန်ခဲ့ဘူးတယ်
ဟုတ်ကဲ့…အမေ
နှုတ်ဆက်ခဲ့ပါရဲ့
နေပူစပ်ခါးကိုဘဲ
သားသွားတော့မယ်။
စိမ်းလန်းတဲ့ရုက္ခဗေဒရသ
သားဘ၀ထဲရလာတဲ့အခါမှ
အမေ့အုတ်ဂူမှာ
သားလွမ်းသူ့ပန်းခွေလာချပါအုံးမယ်။

(၁၃)
အခုအခါနှိုက်
ကံကြမ္မာအလုံးစုံ
"ထီ"ပေါ်ပုံရ
ကံကြုံရင်ထီပေါက်လိမ့်
ပျော်စရာတွေပျောက်ရှခဲ့ပြီ
စပွဲထိုးလေးဟာလဲ
နိုင်ငံအကျိုး
သယ်ပိုးသူပါဘဲတဲ့
အဲသလိုတော့ဆိုကြရဲ့။
အဲသလိုနဲ့
နေညိုခဲ့ပြန်ပီ။
ဘယ်လိုကပ်မှာ
တပ်ပျက်ခဲ့လေလဲ
သားသယ်အမေ
ရူးလို့နေပါပေါ့လား။
ရှိပလေစေ-
ကြည့်နေသိနေတယ်။
နောင် အနှစ်တထောင်မှ
"မောင်ချောနွယ်"လူဖြစ်ရင်လဲ
စိတ်တွေမညစ်ပါဘူး
"ထီ"ပေါက်ရင်တော့
နောက်လင်ယူမယ့်မယားရှိတယ်။
ကိုယ်ပိုင်နိုင်ငံလေးမှာ
ရင်ခုန်သံဂီတနဲ့
ချစ်သမီးလေးကစေချင်ပါပြီ။

(၁၄)
ချစ်တဲ့သူရေ
ဘ၀တန်ဘိုး
ရေမိုးချိုးရင်း
တိုးဖြည့်ကြစို့ကွယ်။

ကျွန်ုပ်၏
ပစ္စုပ္ပန်၊အတိတ်
အရိပ်၊အနံ့၊အဆင်း
အလင်း၊အမှောင်၊အပူအအေး
တေးသစ်၊အရောင်သစ်
ဖြစ်စေ၊သစ်စေ
ခေတ်ကြီးများစွာ
ကာလသုံးပါး
ဖြတ်သန်းသွားသော
ထားရာမနေ၊စေရာမသွား
တရားအတိုင်းတော်တည်စေ။
ဘ၀အမောတွေ
တောအုပ်အလယ်
ချောင်းငယ်အနား
မြစ်ကမ်းပါးထိပ်
သစ်ရိပ်တောင်ရိပ်
မြို့ရိပ်ပြရိပ်
ချိပ်ခဲ့ထားခဲ့
နားခဲ့ခိုခဲ့
စိုခဲ့ခြောက်ခဲ့
ပျောက်ခဲ့ရှခဲ့
နွမ်းသမျှအထွေထွေ
အနာဂတ်ရသဖြစ်စေသတည်း။

အားလုံးဘဲ
သွားပါဦးမယ်။

(၁၅)

နှင်းငွေ့သဇင်နံ့
ရှစ်ခွင်လုံးမှာ
မှုံးချယ်သလို့
တဆောင်းသစ်ပြန်အုံးတော့မယ်။

ရေမြေလေမီး
ဓာတ်ကြီးလေးပါးကြောင့်
ပန်းများလဲပွင့်ကြကုန်၏။

ချစ်တဲ့သူရေ
မြစ်ရေစီးတွေ
ခရီးရောက်လှပေါ့။

နောက်ဆဲ့ငါးနှစ်ဆို
"မဟူရာကိုကို"အပျိုဖြစ်တော့မယ်။

မောင်ချောနွယ်

You received this email because you are subscribed to the real_time feed for http://manorhary.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[star behind the sky] 2 New Entries:

http://ahnai.blogspot.com/feeds/7911655661943206320/comments/default

One morning last September I was sitting in front of the computer surfing the internet reading the blogs and was feeling angry at the article written by a famous Burmese blogger, when I saw her on the street walking toward the bus stop and I started aware of my quick heart-beating. She was going to pass through under my house and I ran to the back window looking forward with an excitement. A moment later she appeared elegantly to my view not noticing that someone was looking interestingly at her. Nice height and great shape she was wearing a blouse and a mini-skirt with a pair of one or two inches high-heel. She is different from the others of this country that she is always walking so gently attracting all the mankind while the rest are rushing for their uncertainty.

I did feel shy for looking a girl passionately from the back but somehow it was stubbornly refused to turn back till she disappeared from my sight. When I sat back I could feel my warm and quick circulation twisting turning with several images of her and several questions in my brain too. What is she doing? Where she is going to? Is she a Burmese or a girl born in this land? I got no answer and at the end, I did not want to do anything except carelessly laid down on the sofa and was watching a Chinese martial art movie to get away every thought of her. Given the state of my situation loving, interesting or having a desire for a beautiful girl like her is totally imprudent as I am an ugly guy. Fortunately or, unfortunately, I never see her again at that place since then. :'(

I saw it was 4 minute shown on the Station's TV to wait for the next train going to the east while I was walking up to the Station. I hear a voice calling my name and a guy is coming over to me quickly and seems happily. It is my friend migrated to this country nearly 1 year earlier than me and is settling in hear with a good earning. After greeting each other with the big smiles and friends-say-words, I notice that a girl is standing after him at a near distance and is looking at us with curious and nearly smiling eyes. I take aback for a few seconds as she is the one giving me some dreams for days ago. I simply thought that I am going to be a lucky guy and all the destinies are helping well to me to see her again.

(ကလားဖြူဘာသာဖြင့်ရေးချင်လို့  စိတ်ကူးပေါက်ရာ လျှောက်ရေးထာတာဖြစ်သည်။)

http://ahnai.blogspot.com/feeds/3427450506724790372/comments/default

စီးပွားရေးကျလို့ လားမသိ၊ သင်္ဘောတွေ အရင်ကထက် နည်းနေသလိုပဲ။



တညလုံးမအိပ်ခဲ့ရ၊ (ဖဲရိုက်နေလို့  :D)
မနက်ရောက်တော့ နေထွက်ချိန်လေးကို ထောက်တိုင်လေး ထောင်ပီးစောင့်သည်။


သို့ သော် နေက ထွက်မလာခဲ့။ အော်သူတို့လို ကြည်ကြည်နူးနူးဆိုလည်း အကောင်းသား။ (အခုတော့ အိပ်ချင်မူးတူး)။ ဘာပုံမှ ထက်မရိုက်ပဲ စန့် စန့် ကြီး အိပ်ခဲ့သည်။ (တယောက်တည်း)


နှစ်ဘူးတော့ နှစ်ဘူးပါပဲ။ စိတ်ကူးယှဉ်စရာ တော့ မပါ။


ကိုယ်နဲ့ တော့ မဆိုင်။ ဒါပေမယ့် ကျေးဇူး။ အလုပ်တရက် ပိတ်သည်။

You received this email because you are subscribed to the real_time feed for http://ahnai.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒေါက်တာလွဏ်းဆွေ] 2 New Entries: ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်

ဒို့ခေတ်ကို ရောက်ကိုရောက်ရလိမ့်မယ်
ဂါမဏိ

၂ဝဝ၇ စက်တင်ဘာလ၌ မြန်မာပြည်သူတို့ နောက်တဖန် အုံကြွချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ကြုံတောင့်ကြုံခဲ တွေ့မြင်လိုက်ရသည်။ သူမကို ရန်ကုန်မြို့တော်၏ အင်းယားကန်နံဘေးမှ အကျယ်ချုပ်ကျခံနေ ရသော နေအိမ်ခြံတံခါးဝ၌ မတ်တပ်ရပ်လျက် တွေ့လိုက်ရခြင်းဖြစ်ပါသည်။ သူမကိုကြည့်ရသည်မှာ ပိန်လှီလှ သည်။ ပြည်သူလူထုများကား သူမနေအိမ်ဘေးမှ ဖြတ်သွားနိုင်ရုံလောက်၊ သူမ၏ စန္ဒယားလက်သံကို ကြား လိုက်ရ၍ စိတ်အေးသွားနိုင်ရုံလောက်အတွက် လမ်းပိတ်ဆို့ တားဆီးစစ်ဆေးမှုများကို ရင်ဆိုင်ကျော်ဖြတ်ကြ သည်။ သူမသည် ခြံပြင်မှ လူသံသူသံများကို အိပ်ရာထဲလှဲရင်း စောင့်နားထောင်နေတတ်သည်၊ မိမိ၏ နှလုံးခုန် သံကိုလည်း အိပ်ရာထဲလှဲရင်း နားထောင်နေတတ်သည်ဟု ကျနော့်ကို ပြန်ပြောပြခဲ့ဖူးသည်။ "ကျမ နေမ ကောင်းဖြစ်ပြီးတဲ့နောက် ပက်လက်လှန်အိပ်ရင် အသက်ရှူရတာ ခက်လာတယ်" ဟု သူမက ပြောဖူးသည်။

ထိုသို့ပြောခဲ့သည်မှာ လွန်ခဲ့သော ဆယ်နှစ်က ဖြစ်သည်။ ထိုစဉ်က သူမအိမ်ထဲ ခိုးဝင်ရသည်မှာ မြန်မာ့ယူဂျီ လောက၏ အစွမ်းကုန် ကျွမ်းကျင်ပိုင်နိုင်မှု လိုအပ်ခဲ့သည်။ ကျနော်နှင့် အဖော်ရုပ်ရှင်ရိုက်သမား ဒေးဗစ်မန်ရိုကို သူမ၏ လက်ထောက် ကိုဝင်းထိန်က ကြိုခဲ့သည်။ ကိုဝင်းထိန်မှာ အကျဉ်းထောင်တွင်း ခြောက်နှစ်ကျခံခဲ့ဖူးပြီး ငါးနှစ်ကို တဦးတည်း တိုက်ပိတ်ခံ ဖြတ်သန်းခဲ့ရသည်။ ထိုသို့ကြုံခဲ့ရသော်ငြား သူ၏မျက်နှာမှာ ကြည်လင်နေ ပြီး လက်ဆွဲနှုတ်ဆက်ရာ၌လည်း နွေးထွေးနေသည်။ သူက ကျနော်တို့ကို အိမ်ထဲခေါ်သွားသည်။ တချိန်က ခန့် ညားထည်ဝါခဲ့သော အိမ်ကြီးမှာ ယခု အခြေအနေမကောင်းတော့သည့် ခေတ်ကာလကို ပြနေသည်။ ခြံဝင်းအ တွင်း အုန်းပင်များ ဖရိုဖရဲ ပေါက်ရောက်နေသည်မှာ အင်းယားကန်ရေစပ်အထိ၊ သံဆူးကြိုးတန်းအထိ ဖြစ် သည်။ ဤသံဆူးကြိုးက ဤအိမ်သည် ၁၉၉ဝ ခုတွင် ရွေးကောက်ပွဲကို တခဲနက်အနိုင်ရခဲ့သည့် အမျိုးသမီးကြီး ၏ အကျဉ်းထောင်ဖြစ်ကြောင်း သတိရစေသည်။ ၁၉၉ဝ ခု၏ ဒီမိုကရေစီဇာတ်ဝင်ခန်းမှာ ကို့ယို့ကားယား ယူနီ ဖောင်းများဝတ်ထားသည့် ဗိုလ်ချုပ်များမှ ပြည်ဖုံးကားချပစ်ခြင်းကို ခံခဲ့ရလေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပိုးထမီဝတ်ထားပြီး ဆံကေသာ၌ သစ်ခွပန်း ထိုးထားသည်။ သူမသည် ထူးခြား ထင်းလင်းစွာ ဆွဲဆောင်နိုင်စွမ်းရှိပြီး သူမ၏ တည်ကြည်ချိန် မျက်နှာက သူမ၏ စွန့်လွှတ်စွန့်စား ခရီးစဉ်ကို လျှောက်လှမ်းစေသော ပိုင်းဖြတ်မှုကို ပြသနေသည်။

ကျနော်တို့က သူမတခါမှမမှတ်မိသည့် ဖခင်ဖြစ်သူ၊ လုပ်ကြံသတ်ဖြတ်ခံရသော မြန်မာ့လွတ်လပ်ရေးတိုက်ပွဲဝင် သမား ဗိုလ်ချုပ်အောင်ဆန်း၏ နံရံပြည့်ရုပ်ပုံကြီး အရှိန်အဝါ လွှမ်းမိုးနေသည့် အခန်းထဲ ထိုင်ခဲ့ကြသည်။

"ကျနော် ခင်ဗျားကို ဘယ်လိုခေါ်ရမလဲ" ဟု ကျနော်က စမေးလိုက်သည်။

"နာမည်ကို အစအဆုံးခေါ်ဖို့ခက်ရင် သူငယ်ချင်းတွေခေါ်သလို စု လို့ပဲခေါ်ပေါ့၊"

"စစ်အစိုးရကတော့ အမြဲပဲ ပြောနေတယ်ဗျာ၊ မစုရဲ့ အခန်းကဏ္ဍ ပြီးသွားပြီတဲ့။ ဒါပေမယ့် ကဲ ... အခုဒီမှာ၊ ဘယ်လိုမှ မပြီးသေးဘူး။ အဲဒါ ဘယ်လိုလဲ မစုရေ။"

"အဲဒါက ဘာလို့လဲဆိုတော့ ဗမာပြည်မှာ ဒီမိုကရေစီအခန်းက မပြီးသေးလို့ဘဲပေါ့၊ ... [လမ်းမတွေပေါ်က] လူ တွေ၊ ဒီမိုကရေစီအတွက် ဆက်လုပ်နေကြတဲ့ လူတွေ၊ ထောင်ထဲရောက်ဖူးတဲ့ လူတွေ၊ ဒီလူတွေရဲ့ သတ္တိကို ကြည့်။ အချိန်မရွေး ထောင်ထဲပြန်ရောက်ဖို့များတယ် ဆိုတာကိုသိရက်နဲ့ သူတို့ လက်မလျှော့ကြဘူးရှင့်။"

"ဒါပေမယ့်လည်း မစုရယ်၊ မစုတို့ကို ထိပ်တိုက်ရင်ဆိုင်ထားတဲ့ ဘီလူးသဘက်အာဏာဆီကနေ မစုတို့ မဲပုံးမှာ နိုင်ထားတဲ့အာဏာကို ဘယ်လိုလုပ်ပြန်ရနိုင်မလဲ။"

"ဗုဒ္ဓွဘာသာမှာ အောင်မြင်ထမြောက်ရာ အကြောင်းလေးပါးဆိုတာကို ကျမတို့ သင်ခဲ့ရတယ်။ ပထမတချက်က အောင်ချင်တဲ့ဆန္ဒ၊ နောက်ပြီးတော့ မှန်ကန်တဲ့အမြင်၊ ဇွဲလုံ့လ၊ အဲဒီနောက် ဉာဏ်ပညာ ..."

"ဒါပေမယ့် ဟိုဘက်မှာက သေနတ်တွေရှိတယ်လေ မစုရဲ့။"

"ဟုတ်တယ်၊ ဒါပေမယ့် စစ်ရေးနည်းလမ်းနဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ဆိုတာ တနေ့တခြား ပိုလို့ပိုလို့ ခက်ခဲ လာနေတယ်ရှင့်။ အခု အဲဒီနည်းကို လက်မခံကြတော့ဘူး။"

ကျနော်တို့က မြန်မာနိုင်ငံသို့ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများ၊ အထူးသဖြင့် ခရီးသွားကုမ္ပဏီများ လာရောက် ရန် ဆန္ဒပြင်းနေမှုနှင့် အနောက်နိုင်ငံများရှိ "မိတ်ဆွေများ"၏ ကြောင်သူတော်ကျမှုအကြောင်းများ ဆွေးနွေးကြ သည်။ "ဗြိတိန်နိုင်ငံကဲ့သို့ ဒီမိုကရေစီနိုင်ငံများနှင့် ကူးသန်းရောင်းဝယ် ဆက်ဆံမှုများမှတဆင့် မြန်မာပြည် သူတို့သည် ဒီမိုကရေစီ အခြေခံမူများနှင့်ပတ်သက်၍ အတွေ့အကြုံရလာလိမ့်မည်" ဟုဆိုထားသော ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးရုံး သတင်းထုတ်ပြန်ချက်ကို သူမအား ကျနော်ဖတ်ပြခဲ့သည်။

"နည်းနည်းလေးမှ မဖြစ်နိုင်ဘူး" ဟု သူမက တုန့်ပြန်သည်။ "ဘာလို့လဲဆိုတော့ ရင်းနှီးမြှုပ်နှံမှုအသစ်တွေက ရေပေါ်ဆီ လက်တဆုပ်စာကိုပဲ ပိုချမ်းသာသထက် ချမ်းသာစေတယ်။ တပြည်လုံးမှာ အဓမ္မလုပ်အားပေးတွေ ဖြစ်နေတယ်။ အဲဒီစီမံကိန်းအတော်များများက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းအတွက် ရည်ရွယ်ထားပြီး ကလေး လုပ်အားနဲ့ လုပ်နေတာပဲ။"

"ကျနော်နဲ့ စကားပြောခဲ့ဖူးတဲ့ လူတွေကတော့ မစုကို သူတော်စင်တယောက်လို၊ တန်ခိုးရှင်လို ယူဆနေကြ တယ်ဗျ။"

"ကျမ သူတော်စင် တန်ခိုးရှင် မဟုတ်ပါဘူးရှင်၊ အဲဒါကို ကမ္ဘာကသိအောင် ပြောပြပေးပါ။"

"ဒါဖြင့် မစုရဲ့ မကောင်းမှုအရည်အချင်းတွေက ဘာတွေလဲ။"

"အဲ၊ ကျမက စိတ်တိုတတ်တယ်။"

"မစု စန္ဒရားက ဘာဖြစ်သွားတာလဲ။"

"ကြိုးပြတ်သွားတုန်းကကို ပြောတာလား။ ဒီကရာသီဥတုမျိုးမှာ စန္ဒယားတွေက တဖြည်းဖြည်း ပျက်စီးလာ တတ်တယ်လေ၊ တချို့ခလုတ်တွေကလည်း ကပ်လာတယ်။ ဒါနဲ့ ကျမက ခြေနင်းခလုတ်ကို ဆောင့်နင်းတော့ ကြိုးတချောင်းက ပြတ်သွားတယ်ပေါ့။"

"မစု လွတ်ထွက်သွားတယ်ပေါ့နော်၊ ... ပေါက်ကွဲသွားတယ်ပေါ့၊ ဟုတ်လား။"

"ဟုတ်ကဲ့။"

"ဟား ၊ ဒါ တကယ့်ကို စိတ်လှုပ်ရှားစရာ မြင်ကွင်းပဲဗျာ။ ဒီအိမ်ကြီးထဲမှာ မစုက တယောက်တည်း၊ ဒေါသတ အားထွက်လာတော့ စန္ဒယားကို ထုထည့်လိုက်တယ်ပေါ့။"

"ကျမပြောတယ်လေ၊ ကျမက စိတ်တိုတတ်တယ်လို့။"

"ကိုယ့်ကို ရန်ဘက်အင်အားစုက ဝိုင်းပိတ်ဆို့ထားတယ်၊ ကိုယ့်မိသားစု၊ ကိုယ့်မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အ ဆက်ဖြတ်ခံနေရတယ်၊ အဲသလို အခြေအနေမှာ မစုအနေနဲ့ တကယ့်ကို ကြောက်လန့်တုန်လှုပ်လာမိတဲ့ အချိန် တွေရှိခဲ့ဖူးလား။"

"ဟင့်အင်း၊ မရှိခဲ့ဘူးရှင့်။ ဘာလို့လဲဆိုတော့ ကျမကို ဝိုင်းပိတ်ထားတဲ့ အစောင့်တွေကို ရန်ဘက်လို့ သဘောမှ မထားတာဘဲ။ ကြောက်တယ်ဆိုတာ ရန်လိုမှုကနေ ပေါ်လာတာလေ၊ ကျမက သူတို့အပေါ် ရန်လိုတာမှ မရှိဘဲ။"
"ဒါပေမယ့် အဲဒါက ဆိုးဝါးလှတဲ့ အထီးကျန်မှုကိုရော မဖြစ်စေဘူးလားဗျ ... ။"

"သြော်၊ ကျမက တရားထိုင်တယ်လေ၊ ရေဒီယိုလည်း ရှိတယ်။ ... အထီးကျန်တယ်ဆိုတာ အတွင်းစိတ်ထဲက လာတာရှင့်၊ သိတယ်မဟုတ်လား။ လွတ်လပ်နေတဲ့ လူတွေ၊ မြို့ကြီးပြကြီးတွေမှာနေတဲ့ လူတွေလည်း အထီး ကျန်တာကို ခံစားရတာပဲ၊ ဘာလို့လဲဆိုတော့ အဲဒါ အတွင်းစိတ်ကနေ လာလို့ပေါ့။"

"မစုအနေနဲ့ လုပ်ဖို့ရှိတဲ့ ပျော်စရာ ကြည်နူးစရာ အသေးအမွှားလေးတွေ ဘာတွေရှိလဲ။"

"ကျမကတော့ ဘီဘီစီ စာအုပ်စင်ကဏ္ဍက စာအုပ်ကောင်းကောင်းတအုပ် ဖတ်ပြပေးဖို့ မျှော်လင့်တယ်။ တရား ထိုင်တာလည်း ပါတာပေါ့နော်။ ... ကျမ လေ့ကျင့်ခန်းတွေတော့ သိပ်ကြီးမလုပ်ဖြစ်ဘူး။ ကျမကိုယ်၌က အား ကစား တအားလိုက်စားတဲ့အကျင့် တခါမှ မရှိခဲ့ဖူးဘူးလေ။"

"ကြောက်ရွံ့မှုကို ကျော်လွှားနိုင်ဖို့ အားထုတ်ခဲ့ရတဲ့အခါများ ရှိခဲ့ဖူးသလား။"

"ရှိတာပေါ့။ ကျမ ငယ်ငယ်တုန်းက ဒီအိမ်ကြီးထဲမှာနော။ အမှောင်ထဲလျှောက်သွားပြီး သရဲတစ္ဆေတွေ ရှိနိုင်မယ့် နေရာအားလုံးကို လိုက်ကြည့်တယ် ... ဘာသရဲမှ မတွေ့ခဲ့ဘူး။"

ကျနော် သူမနှင့် တွေ့ဆုံခဲ့ပြီးနောက် နှစ်ကာလအချို့ ကြာသည့်တိုင်အောင် သူမပေးထားသည့် ဖုန်းနံပတ်ကို ဆက်ကြည့်ခဲ့သည်။ ဖုန်းခေါ်သံမြည်ပြီးနောက် လိုင်းသေသေသွားသည်။ တနေ့တွင်မူ ဖုန်းရသွားခဲ့သည်။

"စာအုပ်တွေပို့ပေးတာ သိပ်ကျေးဇူးတင်တာပဲ" ဟု သူမကပြောသည်။ "စာအုပ်တွေ အစုံပြန်ဖတ်ရတာ စိတ် ချမ်းသာစရာပဲရှင်။" (ကျနော်က သူမထံသို့ သူမအကြိုက် စာရေးဆရာ တီအက်စ်အီးလီးယော့ စာပေါင်းချုပ်နှင့် ယောနသံကိုး ရေးသည့် နိုင်ငံရေးမီးရှူးမီးပန်းစာအုပ် 'ခွဲကြဝေကြပုံများကတော့' တို့ကို ပို့ပေးခဲ့သည်။) သူမ အိမ်အပြင်ဘက်တွင် ဘာဖြစ်နေသည်ကို ကျနော်မေးကြည့်ခဲ့သည်။

"သြော်၊ လမ်းကို ပိတ်ထားတယ်လေ၊ [စစ်တပ်က] တလမ်းလုံး အပြည့်ပဲပေါ့... "

"ဆိုးဝါးလှတဲ့ လိပ်ခဲတင်းလင်း အခြေအနေထဲ မစု ပိတ်မိနေနိုင်တာကို မစိုးရိမ်မိဘူးလား။"

"ကျမ အဲဒီအသုံးအနှုန်းကို လုံးလုံးမကြိုက်ဘူး" သူမက အသံခပ်မာမာနှင့် ပြန်ဖြေသည်။

"လူထုတွေက လမ်းတွေပေါ် ထွက်လာတယ်။ အဲဒါလိပ်ခဲတင်းလင်းမဟုတ်ဘူး။ တိုင်းရင်းသားတွေ၊ ကရင်တွေ ကလည်း ပြန်တိုက်နေကြတယ်။ အဲဒါ အပ်ကွက် မဟုတ်ဘူး။ လူထုဘဝတွေထဲမှာ အံတုမှု အာခံမှု နေ့တိုင်းနေ့ တိုင်း ရှိနေတယ်။ အပေါ်ယံမျက်နှာပြင်မှာ အရာရာ ငြိမ်သက်နေပုံရနေတာတောင် အောက်ထဲမှာ လှုပ်ရှားမှု အ မြဲရှိနေတယ်ဆိုတာ ရှင်သိတယ် မဟုတ်လား။ အခုက ရေခဲနေတဲ့ အိုင်နဲ့ တူတယ်၊ ရေခဲအောက်က အိုင်ထဲမှာ ကျမတို့ တထစ်ချင်း တထစ်ချင်း ရှေ့တိုးနေတယ်။"

"အတိအကျ ဘာကိုဆိုလိုတာလဲ။"

"ကျမဆိုလိုတာက စစ်အစိုးရမှာ ရုပ်ပိုင်းစွမ်းအား ဘယ်လောက်ပဲကြီးကြီး၊ နောက်ဆုံးမှာတော့ ပြည်သူလူထုကို တားဆီိးနိုင်မှာ မဟုတ်ဘူး။ လွတ်လပ်ရေးကို တားဆီးနိုင်မှာ မဟုတ်ဘူး။ ကျမတို့ခေတ်ကို ရောက်ကိုရောက် ရလိမ့်မယ်။"

(၂ဝဝ၇ အောက်တိုဘာ ၄ ရက်ထုတ် New Statesman မဂ္ဂဇင်းမှ သြစတြေးလျနိုင်ငံသား သတင်းထောက် ဂျွန် ပင်လ်ဂျာ၏ ဆောင်းပါးကို ဘာသာပြန်သည်။)

ဂါမဏိ

စွမ်းအားမြင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့၏ သံမဏိသူရဲကောင်း (သို့) သံဃာ့အာဇာနည်အား ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်

You received this email because you are subscribed to the real_time feed for http://drlunswe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[DREAM Blog မှကြိုဆိုပါတယ်ရှင်] 1 New Entry: ဘယ်သူ့ကိုအချစ်ဆုံးလဲ?

ဘယ်သူ့ကိုအချစ်ဆုံးလဲ?

လက်ထပ် ထားပြီးတဲ့ Asian ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေကဇနီးကိုပိုလို့ချစ်ကြပါတယ်တဲ့

လက်ထပ်ထား ပြီးတဲ့ American ယောင်္ကျားတွေမှာ
ဇနီးတစ်ယောက်နဲ့ ရည်းစားတစ်ယောက်ရှိရင်
သူတို့ရဲ့အချစ်တွေက ရည်းစားကိုပဲပိုပါတယ်တဲ့။

လက်ထပ်ထား ပြီးတဲ့ Arabယောင်္ကျား တွေမှာတော့
ဇနီးလေးယောက် ရည်းစားလေးယောက်ရှိသော်လည်းပဲ
သူတို့ရဲ့ အချစ်တွေက အိမ်ဖော်မလေး တွေကိုပဲပိုပြီး အချစ်ပိုပါတယ်တဲ့

ဟဲဟဲ.. ကဲ..ဦးဦးတို့ကရော..ဘယ်သူ့ကိုအချစ်ပိုကြလဲ...???

ဒါကြောင့်လေ..မက်မက်က အတွေးလေး ၀င်လာလို့ ရေးမိလိုက်တယ်..ဟဲဟဲ..စိတ်ဆိုးရဘူးနော်.. ဟီးဟီး.. :P

အော်...ယောက်ျား..ယောက်ျား..
မာယာတစ်သိန်းနဲ့ ပလီပလာ လှည့်ဖျား
ကွယ်ရာဖောက်ပြား
သင်ဟာယောက်ျား

အော်..မိန်းမ...မိန်မ..
အကြင်နာစိတ်နဲ့ အသေအချာချစ်ခဲ့
နောင် သံသရာ မဆုံးတဲ့
ထာဝရ...ချစ်မဲ့....
အိုဘ့ယ်..ထိပ်ထား...

ကဲ...ဦးဦးတို့.. ချိတ်ချိုးနဲ့နော်.. ခင်ယို့ရှတာ.. ဟီးဟီး..

You received this email because you are subscribed to the real_time feed for http://crazydreamlover.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.