Wednesday, October 29, 2008

[မယ်လိုဒီမောင်၏ငြိမ်းချမ်းသံစဉ်] 1 New Entry: Whats the meaning of Melody Maung?

Whats the meaning of Melody Maung?

ဒီမှာ ရှိနေကြတဲ့ လူတိုင်းက ကိုယ်ပိုင်ဘလော့ဂ် တစ်ခုစီတော့ကိုယ်စီ ကိုယ်ငှ ရှိနေကြလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ အဲဒီနေရာမှာ ကိုယ့်ဘလော့ဂ်လေးကို နာမည်တွေ ပေးကြတယ် ..။ တစ်ချို့ကလဲ ကိုယ့်နာမည် အရင်းနဲ့ လုပ်ကြသလို ..တစ်ချို့ကလဲ Nick Name တွေ ပေးပြီး လုပ်ကြတယ် ... ။ တစ်ချို့ကြတော့လဲ ကိုယ့်ချစ်သူနာမည်လေးတွေနဲ့ ..လုပ်ကြတယ် ...။ သေချာတာ တစ်ခုကတော့ အမှတ်တရ တစ်ခုခုကိုယ်စီလေးတွေနဲ့ လုပ်ထားကြတယ်လို့ ထင်ပါတယ် ...။ ဒါကြောင့် ဒီနေရာလေးမှာ ကျွန်တော်ကတော့ ဘာကြောင့် ဒီနာမည်လေး ပေးထားတာပါ ...ကျွန်မကတော့ ဘယ်လိုကြောင့် ဒီနာမည်လေး ပေးထားတာပါ ...စသဖြင့် ကိုယ့်ရဲ့ ဘလော့ဂ်လေးကို အမွန်းတင်ကြရအောင်ဆိုပြီး

ဘာကြောင့် Blog ကို ဒီနာမည်ပေးတယ် ....

ဆိုတဲ့ ခေါင်းစဉ်အောက်မှာတော့ ဒီလိုဖြေခဲ့ဖူးတာလေး ပြန်တင်လိုက်ပါတယ်နော်။
English name ကမယ်လိုဒီ ၊ ပတ်သက်သမျှသူတွေ၊ ဘလော့ဖတ်သမျှသူတွေ၊ မပတ်သက်ဖူးသေးတဲ့သူတွေ အားလုံးကိုပဲ ငြိမ်းချမ်းစေချင်တယ်။ မယ်လိုဒီဆိုတော့ ငြိမ်းချမ်းသံစဉ်။ ဘာလို့မောင်ပါလဲဆိုတော့ နာမည်အရင်းက မောင်ပါတယ်။ family name ဆိုလဲဟုတ်၏။ အဖေနာမည် ဦးမောင်မောင်။ (အဟီးဟီး ပြောရင်းနဲ့ပေါ်ကုန်ပီ။) မယ်လိုဒီမောင်။ အွန်လိုင်းမှာ ဘာလုပ်လုပ်၊ ကဗျာတွေစာတွေဘာရေးရေး၊ ကလောင်နာမည် ဒါပေးတယ်။ ကဲ..ကုန်ပြီ
(လူမုန်းက ဆီဗုံးမှာ မယ်လိုဒီမောင်ဆိုတာက မယ်လိုဒီရဲ့ မောင်ကိုပြောတာလား ...အင်မတန်ထူးဆန်းတဲ့နာမည်ဘဲ လို့ရေးသွားလို့ ဖြေပေးတာနော်။ နာမည်ရင်းသိရင်လဲ ထူးဆန်းတယ်ပြောဦးမလားလေ)

You received this email because you are subscribed to the real_time feed for http://melodymaungmm.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.