Wednesday, October 29, 2008

[မြန်မာ့ရိုးရာ ဗေဒင် နှင့် နက္ခတ် - Myanmar Astrology] 1 New Entry: ဂန်ဒူး နဲ့ ဘန်ပူး

ဂန်ဒူး နဲ့ ဘန်ပူး

*This article has no astrological jargon*
"ဂန်ဒူး နဲ့ ဘန်ပူး" ဟေ့.. ဆိုပြီး အဲဒီ ဓာတ်ပုံ ၂ ပုံကို ကျက်သရေဆောင် ခန်းမကြီးထဲမှာ ချိတ်ဆွဲ ထားလိုက်ပါလေရောကွယ်..




မောင်ညီမလေးတို့ ရေ .. ဒီတစ်ပတ် ဦးဦး ပြောပြမဲ့ ပုံပြင်လေးကတော့ ဂန်ဒူး နဲ့ ဘန်ပူး ဆိုတဲ့ ပုံပြင်လေးပေါ့ကွယ်

ဟိုး..... ရှေးရှေးတုန်းကပေါ့ကွယ် .. ဘာတိုင်းပြည်ကြီးကို ဘာမင်းကြီး ထီးနန်းသိမ်းပိုက်ပြီး အုပ်ချုပ်နေထိုင်တဲ့ ကာလမှာပေါ့ကွယ်.. ဘာမင်းကြီးရဲ့ ဘက်တော် တော်တဲ့ ဘာကလာပမင်းကြီး တည်ထားခဲ့တဲ့ ရွှေတိဂုံ စေတီတော်ပေါ်မှာ အံ့ဖွယ် ၉ ပါး ရှိသတဲ့..

တစ်နေ့ မှာတော့ အဲဒီ အံ့ဖွယ် ၉ ပါး လို့ အမည်ရေးထားတဲ့ ဆိုင်းဘုတ်အသီးသီးကို ၉ ဋ္ဌာနစလုံးကနေ ဖြုတ်သိမ်းလိုက်သတဲ့ ။ တစ်ခါ အဓိဋ္ဌာန်အရမ်းအောင်မြင်တယ် လို့ ပြောပြောနေတဲ့ ဓမ္မစေတီ ဘုရားကို လည်း မ သွားသတဲ့။ အဓိဋ္ဌာန်အောင်မြင်တဲ့ ဘုရားမှန်သမျှ အကုန် မ သွားလေတော့ အဲဒီမှာ အုန်းပွဲ ၊ ငှက်ပျောပွဲ ၊ပန်းတွေ နဲ့ လုပ်စားနေတဲ့ မင်းမှူထမ်းတွေ၊ ဓာတ်စက်နဲ့ လှေကားမောင်းနေတဲ့ ၀န်ထမ်းတွေလည်း ၀မ်းရေးမလွယ် ၊ စီးပွားရေးတွေကျ ဖြစ်ကုန်တာပေါ့ကွယ်။ ဘာကြောင့်မို့ လို့ ဒီလိုလုပ်ရသလဲလို့  စနည်းနာထွက်ကြည့်တဲ့အခါမှာတော့ ဘာမင်းတရားကြီးရဲ့  အမိန့် တော်အရ အံ့ဖွယ် မှန်သမျှ ၊ အဓိဋ္ဌာန်အောင်မြင်တာမှန်သမျှ စံမြန်းရာ နန်းတော်မှာ ကိုးကွယ်ခြင်လို့  သတဲ့ကွယ်.. မင်းမှူထမ်းတွေကတော့ .. ဒို့  ဘာမင်းတရားကြီး ရဲ့ ဘာသာတရား ကိုင်းရှိုင်းမှုများ သြချလောက်ပါပေ့ ဆိုပြီး ရင်သပ်ရှုမော ဖြစ် ၊ အကြည်ညိုကြီး ကြည်ညို ၊ အရင်ကထက် ပို ပြီး မေတ္တာတွေပို့ .. သူတော်ကောင်းမင်းတရားကြီး ကျန်းမာပါစေ . .ချမ်းသာပါစေ .. ဆိုပြီး လမ်းပေါ်မှာ စီတန်းလှည့်လည် ကြွေးကြော်ကြသတဲ့..

ဒီကြွေးကြော်သံတွေကို ဘာမင်းတရားကြီးနေထိုင်ရာ ဘာပြည်တော်ဆီကို ရွှေနားတော်ပေါက်တဲ့အခါမှာတော့ ငါကိုယ်တော်မြတ် အုပ်ချုပ်နေတဲ့ ဒီ ဘာတိုင်းပြည်မှာ ပြည်သူအများ ဆုတောင်းတိုင်း ပြည့်စေဖို့ ရန်အလို့ ငှာ ကျောက်စိမ်းနဲ့ ထုလုပ်တားတဲ့ အဓိဋ္ဌာန်မြောက်စေတဲ့ ဘာရုပ်ပွားတော်ကိုေ၇ွှတိဂုံ စေတီတော်ပေါ်မှာ တည်ထားကိုးကွယ်စေဆိုပြီး အမိန့် ချသတဲ့... မှူးမတ်တွေကလည်း အားရ၀မ်းသာနဲ့ မှန်လှပါ.. လျော်ကန်သင့်မြတ်ကြောင်းပါပေါ့။ အဲသလိုနဲ့ ပဲ ကျောက်စိမ်းနဲ့ ထုလုပ်ထားတဲ့ အဓိဋ္ဌာန်ပြည့်မြောက်တဲ့ ဘာရုပ်ပွားတော်ကြီး ရွှေတိဂုံကုန်းတော်ပေါ်မှာ မှန်အလုံကာပြီး ကျောင်းဆောင်တစ်ခုနဲ့ ဆောက်လုပ်ပြီး ထားသတဲ့။

တစ်နေ့ မှာတော့ ကမ္ဘာ့ရေနံဈေးဟာ တစ်ပေပါကို ဒေါ်လာ ၁၅၀ နီးပါး ထိုးတက်သွားတဲ့အခါ ဘာတိုင်းပြည်ရဲ့  စွမ်းအင်တိုင်တား မင်းကြီးက .. ဒို့ ဘာတိုင်းပြည်မှာတော့ ဘာမှ ဂရုစိုက်စရာမလိုဘူး.. ရေနံဈေး တစ်ပေပါကို ဘယ်လောက်ဖြစ်ဖြစ် ဒို့ ဘာပြည်မှာ ဘာမှ မဖြစ်.. အဟက်ဟက် ဆိုပြီးတော့ခြေမြန်တော်စစ်သည်တွေ ဆီတွေ ၊ လောင်စာတွေ အရမ်းကာရော သုံးစွဲနိုင်စေဖို့  စက်သုံးဆီမှန်သမျှ ယခင်ပေါက်ဈေးကနေ အဆ ၅၀၀ လျော့ချပြီး ရောင်းစေလို့ အမိန့် ချသတဲ့။ အဲဒီအခါမှာတော့ အရင်တုန်းက မှောင်ခို ဈေးနဲ့ ဝယ်ထားတဲ့ ဆီရောင်းသမားတွေ၊ ဆီပန့် ကနေ ဂါလံပြည့်မပေးဘဲ ဆီထုတ်စားနေတဲ့ ပန့် မှုထမ်းတွေက ရောင်းရတာ မကိုက်တော့တဲ့အတွက် ဆီအရောင်းပိတ်ထားလိုက်သတဲ့။

အဲဒီအခါမှာတော့ ဘာကုန်သည်များအသင်း ၊ ညာကုန်သည်များအသင်း ၊ ဘာမြန်သူ ၊ ဘာထသ အစရှိတဲ့ အသင်းအဖွဲ့ တွေ၊ ခြေမြန်အသင်းထုတ် ဘတ်စ်ကားတွေဟာ ဆီမရှိတော့ လမ်းပန်းဆက်သွယ်ရေးမလုပ်နိုင်တော့ပဲ တစ်နေကုန် ဂိတ်ထိုးပြီး အိပ်နေရသတဲ့။ ဘာပြည်သူပြည်သားတွေကလည်း ဘာဂရုစိုက်စရာရှိသလဲ.. သူများနိုင်ငံဈေးတက်တာ ငါတို့ ဘာမှ ဂရုမစိုက်ဘူး. လမ်းတောင်လျှောက်ပြလိုက်အုံးမယ် ဆိုပြီး လမ်းလျှောက်ကြသတဲ့....

အဲဒါကို ဘာကုလ ဆိုတဲ့ အဖွဲ့ ကြီးက မြင်တော့ ငါတို့ ကမ္ဘာပေါ်မှာ ရေနံ ဈေးတွေ ဒီလောက်တက်နေတာ ဒီဘာတိုင်းပြည်မှာ ဈေးတောင် အဆ ၅၀၀ လောက်လျော့ချပြီး ရောင်းနေတယ်.. ဆီတွေလိုသလောက် ထုတ်ပေးနိုင်လို့  မြို့ ထဲမှာ ကားတွေကြပ်ကုန်လို့  ဒီ ဘာပြည်သူဘာသားတွေ လမ်းတောင် လျှောက်နေရပါလား ဟ ဆိုပြီး သူတို့ အဖွဲ့ ရဲ့  အကျိုးတော်ဆောင် ဘာဘာရီ ကို ဘာတိုင်းပြည်ကြီးကို အထောက်တော်စေလွှတ်လိုက်သတဲ့ ..

ဒီလိုနဲ့ ပဲ အကျိုးတော်ဆောင် ဘာဘာရီ ဟာ ဘာတိုင်းပြည်ကြီးကို ရောက်ရှိလာတဲ့အခါမှာ ဘာတိုင်းပြည်ရဲ့ နန်းရင်းဝန်တွေ ၊ ၀န်ကြီးတွေ ၊ မှူးမတ်တွေ ပျာယာခတ် ကုန်တာပေါ့။ မော်ဒယ်တွေနဲ့ ပဲ ပေးတွေ့ ရမလား .. နံ့ သာကြိုင်လေးနဲ့ ပဲ လူးပေးရမလား ပေါ့.. မောင်ညီမလေးတို့ ရေ... ဘာဘာရီဟာ အသားတော့ အတော်မည်းတယ်ကွဲ့ ... အဲသလို အကြပ်ရိုက်နေ ၊ ပျာယာခတ်နေတဲ့ဟာကို ဘာမင်းတရားကြီး ကို သံတော်ဦးတင်တဲ့အခါမှာတော့ ဘာမင်းတရားကြီးရဲ့  အကြံပေး ဘာဆရာကြီးက ရွှေတိဂုံဘုရားကို ဖူးခိုင်းစေသတဲ့.. ပြီးတော့လည်း အံ့ဖွယ် ၉ ပါးကို လိုက်ပြစေသတဲ့..

ဒါပေမဲ့ ဘာမင်းတရားကြီးက အံ့ဖွယ် ၉ ပါးကို လိုက်ပြလိုက်ရင် ဘာဘာရီ အလိုဆန္ဒတွေပြည့်သွားစေမှာမို့  မပြစေချင်ဘူးပေါ့ကွယ်.. အဲဒါနဲ့ ဘာမင်းတရားကြီးက အံဖွယ် ၉ ပါးအား မပြစေရ.. ရွှေတိဂုံကုန်းတော်ပေါ်က ကျောက်စိမ်းနဲ့ ထုလုပ်ထားတဲ့ အဓိဋ္ဌာန်ပြည့်မြောက်တဲ့ ဘာရုပ်ပွားတော်ကြီး အား ဖူးမြော်ခိုင်းစေ ဆိုပြီး အမိန့် တော် မှတ်သတဲ့ .. အဲဒီအမိန့် တော်နဲ့ အတူ လျှို့ ဝှက် အမိန့် တော်ကို လိုက်ပြပေးမဲ့ မင်းမှူထမ်းတွေကိုလည်း အသေအချာမှာလိုက်သတဲ့.. ဘာတိုင်းပြည်ကြီးကပြန်သွားလို့ ဘာကုလ အဖွဲ့ ကြီးကို အစီအရင်ခံတင်ပြရင် လည်း အဆင်ပြေအောင် ၊ နောက်နောင် ဘာဘာရီ ပြန်လာခဲ့သည်ရှိသော် မလှူပ်နိုင်အောင် အစီအရင် တစ်ခု လုပ်ခိုင်းသတဲ့..

ဘာမင်းတရားကြီးရဲ့ ကျောက်စိမ်းရုပ်ပွားတော် ဒူးနှစ်ဖက်ကို ဘာဘာရီ လက်နဲ့ ကိုင်ပြီး တောင်းပန်သလိုဖြစ်အောင်လုပ်လိုက် ၊ ဂန်ဒူး လို့ သူ ရုပ်ပွားတော်ကို ဒူးကိုင်နေတဲ့ အချိန်မှာ စိတ်ထဲကနေရွတ်ကြ လို့ ဘ၀ရှင်မင်းတရားကြီး ဖြစ်တဲ့ ဘာမင်းကြီးက မှူးမတ်တွေကို မှာလိုက်သတဲ့..



ဂန်ဒူး

နောက်ဆုံးမှာတော့ မောင်ညီမလေးတို့ ရေ.. ဘာဘာရီက ဒူးနှစ်ဖက်ကို ကိုင်လိုက်တဲ့အချိန်မှာ ဘာမင်းကြီးကို သက်သေပြဖို့ ဆိုပြီး ရိုက်လိုက်တဲ့ အပေါ်က ပုံလေးထဲက အတိုင်းပေါ့ကွယ်... ဘာဘာရီလည်း ဂန်ဒူး လေး ဖြစ်ပြီးသကာလ မင်းတရားကြီးနဲ့ ထန်းတောမှာ မင်းမှူထမ်းတွေမပါပဲ သီးသန့် ၂ယောက်တည်း ထန်းရည် သောက်ကြပါသတဲ့ကွယ် ....


ထန်းတောထဲမှာ ထန်းရည် ၁၀ လုံးကို တစ်ယောက် ၅ လုံး သောက်ပြီးသကာလ ဘာဘာရီက ဘာမင်းတရားကြီးကို အင်္ဂလိပ်လို မေးသတဲ့.. သူမေးတာက တစ်ခြားတော့ မဟုတ်ပါဘူး မောင်ညီမလေးတို့ ရယ်..

-ဘာမင်းတရားကြီး တိုင်းပြည်သူသားတွေကို ငါးပါးသီလ ခါးဝတ်ပုဆိုးကဲ့သို့ ကျင့်ကြံပြီး အုပ်ချုပ်ပါသလား ဆိုပြီး နားမလည်မှာစိုးတာနဲ့  လက် ၅ ချောင်း ထောင်ပြီး မေးသတဲ့...
ဒီအခါမှာ ဘာမင်းတရားကြီးက ထန်းရည်ကလည်းမူး.. အင်္ဂလိပ်လိုကလည်း နားမလည် ဆိုတော့.. ငါ့ကိုများ ထန်းရည် ၅ လုံးတည်းသောက်နိုင်သလားလို့ ဒီဘာဘာရီက လာမေးနေတာလား ...အဟက် .. အဟက်.. ၅ လုံး မက ဘူး .. ၁၀ လုံး အထိ သောက်နိုင်တယ်ကွ ဆိုပြီးတော့ လက် ၁၀ ချောင်း ထောင်ပြသတဲ့.. မူးကလည်း မူးဆိုတော့ .. မြန်မာလိုလည်း မပီ .... အင်္ဂလိပ်လိုလည်း မပြောတတ်. ၀ူးဝါးဝူးဝါး နဲ့ ပေါ့ကွယ်... လက် ၁၀ ချောင်းထောင်ပြလိုက်တာကို မြင်တဲ့ ဘာဘာရီက ဘာမင်းတရားကြီးကို အရမ်းလန်းသွားတာပေါ့ကွယ်... ၅ပါးသီလတောင်မကဘူး.. မင်းကျင့်တရား ၁၀ ပါးနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်တာကိုး ဆိုပြီး ထင်သွားသတဲ့..

ဒါနဲ့ ဘာဘာရီက နောက်တစ်ခွန်း ထပ်မေးသတဲ့ကွယ်.. အင်္ဂလိပ်လိုပဲပေါ့..

- ဘာမင်းတရားကြီး... တိုင်းသူပြည်သားတွေကို ရင်ဝယ်သားကဲ့သို့ အုပ်ချုပ်သလား ဆိုပြီးတော့ ရင်ဘတ်ကို ပုတ်ပြပါလေရော..
အဲဒီအခါမှာ ဘာမင်းတရားကြီးက အမယ်.. ဒီဘာဘာရီတော့ ငါ့ကိုဘာတွေလာမေးနေတာလဲမသိဘူး.. ထန်းရည်သောက်တာ ရင်ဘတ်ပူလားလို့ လာမေးနေရသလားဟလို့ စိတ်ထဲက တွေးပြီး တော့ ကျောရော ရင်ရော ပူတယ် ဟေ့ ဆိုပြီး ရင်ဘတ်ရော နောက်ကျောကိုပါ ပုတ်ပြသတဲ့... အဲဒီမှာ ဘာဘာရီကလည်း သဘောတွေ အကြီးအကျယ် ကျသွားသတဲ့..ဒီဘာမင်းတရားကြီးက တိုင်းသူပြည်သားတွေကို ရင်ဝယ်သားတင်မကဘူး.. ကျောသား ရင်သားပါ မခွဲခြားဘဲ အုပ်ချုပ်သကိုးလို့ ထင်သွားသတဲ့..

အဲဒီလိုနဲ့ ဘာဘာရီက နောက်ဆုံးမေးခွန်း တစ်ခွန်း ထပ်မေးအုံးမှဆိုပြီး

-ရွှေနားဆင်တော်မူပါ ဘာမင်းတရားကြီး... ဘာမင်းတရားကြီးဟာ လက်ရုံးရည်ကော ပြည့်စုံရဲ့ လား ဆိုပြီး လက်သီး လက်မောင်း တန်းပြသတဲ့..
ဒါကိုလည်း ဘာမင်းတရားကြီးမြင်ရော.. ဒီဘာဘာရီတော့ ငါ့ကို သွေးတိုးစမ်းနေပြီထင်တယ်... ငါ့ကို လက်သီးချင်းယှဉ်ထိုးမလား လို့ လာမေးနေသေးတယ်.. မင်းလောက်ကတော့ ငါလည်း ဒါပဲဟေ့ ဆိုပြီးတော့ ခါးဝတ်ပုဆိုးကို လှစ်ပြလိုက်သတဲ့... ဘာဘာရီ ရေလည်ခိုက်သွားပါလေရော မောင်ညီမလေးတို့ ရေ... ဒီဘာမင်းတရားကြီးက လက်ရုံးရည်တင်မကဘူး နှစ်လုံးရည်ပါ ပြည့်စုံတာပါကလား ဆိုပြီးတော့ ထင်သွားပါလေရောကွယ်...

ဘာဘာရီရဲ့ အထောက်တော်ကိစ္စဟာ အကျယ်အကျယ် အငြင်းပွားစရာမဖြစ်ဘဲ ဘာဘာရီတင်ပြတဲ့ အဲဒီအချက် ၃ ချက်နဲ့ တင် ဘာအဖွဲ့ ကြီးမှာ ဘာမင်းတရားကြီး မျက်နှာပန်းလှခဲ့တာပေါ့ကွယ်..

ဒီလိုနဲ့ ပဲ ဘာမင်းတရားကြီး ဟာ ဘာတိုင်းပြည်ကြီးကို ဘာသိဘာသာ အုပ်ချုပ်လာခဲ့တာ တစ်နေ့ မှာတော့ ဘာရာဝတီဒေသကို လေမုန်တိုင်း တိုက်ပါလေရောကွယ်.. လေမုန်တိုင်းတိုက်တော့ ရေတွေကလည်းကြီး တော့ မြစ်ရေတွေလျှံ ပြီး အဲဒီဒေသ တစ်ခုလုံး ရေဖုံးလွှမ်းသွားပါလေရော...။ အဲဒီသတင်းကို ဘာမင်းတရားကြီး စံမြန်းရာ ဘာပြည်တော်ကြီးကို ရောက်သွားတော့ ဘာမင်းတရားကြီးက အိမ်ရှေ့ မင်းသားလေး ကျန်စား ကို ဆင့်ခေါ်သတဲ့.. ကျန်စား ကလည်း သိကြားမင်း ဆက်သထားတဲ့ ကြိမ်လုံးကို ပြပြီး ဘာမင်းတရားကြီး ဘုရား ... စိုးရိမ်တော်မမူပါလင့်... အရှင့်အရေးအား ယခုပင် ဖြေရှင်းပေးပါမည် ၊ ဤကြိမ်လုံးဖြင့် ရေလွှမ်းတာကို တားအံ့ လို့ လျှောက်ပြီးသကာလ စီးတော်ယဉ် ဘာဟတ်ယာဉ် ကို စီးနင်းပြီး ဘာရာဝတီ တိုင်းကို ထွက်ခဲ့ပါလေရောကွယ်....

ရေဖုံးလွှမ်းတဲ့ နေရာ ရေ အစပ်နားကို ရောက်တာနဲ့ ကျန်စား ဟာ ယဉ်ပေါ်ကဆင်းပြီး သိကြားမင်း ဆက်သထားတဲ့ ကြိမ်လုံး နဲ့ ရေကို တစ်လကြမ်း ရိုက်ပါလေရော.. အချက်တစ်ရာလောက် ရိုက်ပြီးသွားတာနဲ့ လူလည်းတော်တော်မောပြီးသကာလ ရွှေဘုန်းရှင် စံမြန်းရာ ဘာပြည်တော်ဆီကို ပြန်လည်ကြွချီသွားသတဲ့....
နောက်တစ်နေ့ မှာ မြစ်ရေဟာ မရပ်တန့် ယုံမက တိုးပြီးတော့ တက်လာတာမို့ အဲဒီ သတင်းကို ဘာမင်းတရားကြီးကြားတဲ့အခါ ကျန်စားမင်း ကို မေးသတဲ့.. အဲဒီအခါမှာ ကျန်စားမင်းက ဘာမင်းတရားကြီးရဲ့  ဘုန်းတော်ကြောင့် ကျွန်တော်မျိုး ကြိမ်လုံးနဲ့ တားလိုက်တဲ့မြစ်ရေဟာ .. ဖူးရောင်ပြီး တိုးလာတာ ဖြစ်ကြောင်းကို လျှောက်သတဲ့... ဘာမင်းတရားကြီးလည်း ရွှေဘောတော်တွေကျ... ပြီး ဆုတော်လာဘ်တော်တွေ ကျန်စားကို ပေးသနားတော်မူတာပေါ့ကွယ်...

အဲသလို မုန်တိုင်းကြောင့် ရေကြီးတာကို ကြိမ်လုံးနဲ့ ရိုက်ပြီးတားတယ် ဆိုတဲ့ သတင်းဟာ ဘာပြည်တော်တင်မကဘူး.. ဘာကုလအဖွဲ့ ကြီးကိုပါ ပေါက်ရောက်သွားသတဲ့... ဒီအခါမှာတော့ ဘာဘာရီရဲ့  အဆွယ်ကောင်းမှုကြောင့် ဘာကုလအဖွဲ့ ကြီးရဲ့ အထွေထွေအတွင်းရေးမှူးကြီး ဘာကီမွန်း လည်း တော်တော်စိတ်ဝင်စားသွားတာနဲ့ ဘာတိုင်းပြည်ကြီး ရှိရာကို သူကိုယ်တိုင် လာရောက်လေ့လာသတဲ့...

အဲဒီအခါမှာ ထုံးစံအတိုင်းပဲ နန်းရင်းဝန်တွေ၊ မှူးမတ်တွေ ပျာပျာသလဲဖြစ်ကုန်တော့တာပေါ့.. ဒါပေမဲ့လည်း ဘ၀ရှင် ဘာမင်းတရားကြီးက အတွေ့ အကြုံရှိပြီးသားဆိုတော့ ရွှေတိဂုံဘုရားကို ဖူးမြော်စေ... ကျောက်စိမ်းရုပ်ပွားတော်မြတ်အားလည်း ဖူးတွေ့ စေလို့ အမိန့် ချသတဲ့.. အဲဒီအမိန့် တော်နဲ့ အတူ လိုက်ပြပေးမဲ့ မင်းမှူထမ်းတွေကိုလည်း လျှို့ ဝှက် အမိန့် တော်တစ်ခုကို အသေအချာမှာလိုက်သတဲ့..

" ဘာမင်းတရားကြီးရဲ့ ကျောက်စိမ်းရုပ်ပွားတော် ဒူးနှစ်ဖက်ကို ဘာကီမွန်းလက်နဲ့ ကိုင်ပြီး တောင်းပန်သလိုဖြစ်အောင်လုပ်လိုက် ၊ ဘန်ပူး ပေးမယ် လို့ သူ ရုပ်ပွားတော်ကို ဒူးကိုင်နေတဲ့ အချိန်မှာ စိတ်ထဲကနေရွတ်ကြ လို့ ဘ၀ရှင်မင်းတရားကြီး ဖြစ်တဲ့ ဘာမင်းကြီးက မှူးမတ်တွေကို မှာလိုက်သတဲ့.. "

အဲဒီလိုနဲ့ ပဲ


ဘန်ပူး

ပုံမှာ မြင်ရတဲ့ အတိုင်း.. ဘာကီမွန်း ဒူးကိုင်ပြီး တောင်ပန်သလို ဖြစ်နေတဲ့အချိန်မှာဘန်ပူး ဘန်ပူး ဆိုပြီး စိတ်ထဲကနေ ရွတ်နေတဲ့ ပုံကို ဘာမင်းတရားကြီး မြင်ရတဲ့ အခါမှာတော့
အားရနှစ်ထောင်း ရှိလှတာမို့ ..

"ဂန်ဒူး နဲ့ ဘန်ပူး" ဟေ့.. ဆိုပြီး အဲဒီ ဓာတ်ပုံ ၂ ပုံကို ကျက်သရေဆောင် ခန်းမကြီးထဲမှာ ချိတ်ဆွဲ ထားလိုက်ပါလေရောကွယ်..

မောင်ညီမလေးတို့ ရေ ... ပုံပြင်လေးကတော့ ဒီမျှပါပဲကွယ်..











You received this email because you are subscribed to the real_time feed for http://mmastrology.myanmarbloggers.org/feeds/posts/default. To change your subscription settings, please log into RSSFWD.