Wednesday, October 29, 2008

[ကေ.တီ.အမ်] 1 New Entry: ကွင်း

ကွင်း

ကွင်း

ငါရေးတဲ့ စာသား
ငါဖန်တီးတဲ့ သံစဉ်
ရောင်စုံဘောလုံးတွေပါ
အထီးကျန်ဆန်ဆန်
ကန်သွင်းသူလည်း ငါ
ဂိုးဖမ်းသူလည်း ငါ
သွားကြပါ လုပ်ကြပါ
ထက်မြက်တဲ့ခြေလှမ်းတို့
ငါ့ဦးနှောက်က ပင့်ကူကိုတော့
အစာငတ်အောင်မလုပ်ကြနဲ့
ငါ့ရဲ့ရောင်စုံအချိန်တွေ
ငါ့ရဲ့ရောင်စုံစာသားတွေ
ငါ့ရဲ့ရောင်စုံသံစဉ်တွေ
မြောင်းထဲမှာ ကျက်စားနေကြတယ်
ဦးနှောက်အကြောင်းသိချင်ရင်
ကိုယ့်ဦးနှောက်ကိုအရင်ဖွင့်ကြည့်
သတိ သတိလေးတော့ထား
အသင်တို့၏ ရွှေချထားသောလက်တွေ
မြောင်းထဲကိုတော့ လာမနှိုက်ကြပါနဲ့

ကေ.တီ.အမ်

You received this email because you are subscribed to the real_time feed for http://ktm-smile.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.