Wednesday, October 29, 2008

[အမှန်တရားကို လိုလားတဲ့ ရွှေညာသား] 3 New Entries: 2007 စက်တင်ဘာနဲ့ ၂၀၀၈ ငါတို့ရဲ့ သစ္စာ

2007 စက်တင်ဘာနဲ့ ၂၀၀၈ ငါတို့ရဲ့ သစ္စာ


မြန်မာပြည်ရဲ့ သမိုင်း
ရာဇဝင်မှာ မေ့လို့မရတော့ဘူး
သံဃာတွေရဲ့ သမိုင်း
ပြည်သူတွေရဲ့ ပြတ်သားမှု
တပ်ပေါင်းစု ဆရာတော် ရှင်ဂမ္ဘီ
လူသားတွေရဲ့ နှလုံးသား
ညီတော်တို့ရဲ့ ရင်ထဲ
စွဲထင်နေပြီ………………….
ခံယူချက်တွေပြင်းပြ
အမှန်တရားတွေကိုဖော်ထုတ်
အသက်နဲ့ ရုပ်ကို အဓိကမထား
ဒကာ ဒကာမတွေ အရေး…….
ရှေ့တန်းက တွေးခဲ့ကြတယ်……..
သံဃာတော် အရှင်သူမြတ်နှင့်
သူရဲကောင်းတွေအတွက်
ကျန်ရစ်သူ တပည့်တော်များမှာ
ဘာပဲ ပေးဆပ်ရ ပေးဆပ်ရ……….
ကျေနပ်ပါတယ် ပြည်သူ့အချစ်တော်
သူရဲကောင်းတို့ရယ်……..
တနှစ်ပြည့်တဲ့ ဟောဒီလမှာ
လက်မမြောက် ဒူးမထောက်ပဲ..
ကျန်ရစ်သူရဲဘော်တို့မှာ
စက္ကန့်နှင့်အမျှ ကြိုးစားလျှက်ပါ….
သိပ့်ချစ်တဲ့ ပြည်သူကိုစွန့်ခွါတဲ့
အရှင်သူမြတ်တွေရယ်
တိုင်းပြည်နှင့် လူမျိုးကိုသိပ့်ချစ်တဲ့
ညီအစ်ကို မောင်နှမတို့အတွက်
ကျန်ရစ်သူရဲဘော်တွေလေ..
ဆွမ်းကပ်လို့အမျှဝေမယ်…
ရောက်ရာအရပ်က သာဓုခေါ်ပါ..(၂၆)
ပြည်သူပြည်သားတွေအတွက်
ဆက်လက်လျှောက်လှမ်းလိုက်မယ်..
ငါ့ရဲ့ အသက်နဲ့ငါ့ဘဝဟာ
ပြည်သူတွေအတွက်ပဲဖြစ်ရမယ်
ငါလည်းပြည်သူတစ်ယောက်ပဲ..
ရရှိတဲ့ အကိျုးအမြတ်အားလုံးအတွက်ပဲဖြစ်ရမယ်…
ရရှိတဲ့အဏာ ပြည်သူ့အာဏာပဲဖြစ်ရမယ်……..
အရှုံပေါ်ခဲ့ရင် ငါတစ်ယောက်ထဲပါ…
ငါဟာ ငါ့ရင်ထဲက သစ္စာစကားပဲ..
ပြည်သူတွေရဲ့ ရင်ထဲမှာလည်း ဒီလိုပဲနေတယ်…
မကြာခင် အောင်ပွဲ..
ဆင်နွှဲရမယ့် ဒီနှစ်…
ဒီ အကြီး နဲ့ဒီနှစ် 2008 ခုနှစ်လေ
အမှန်တရားကို လိုလားတဲ့ ရွှေညာသား

တိုက်ပွဲဆင်နွှဲရအုံးမည်



ဆန္ဒနှင့် အဓိဋ္ဌာန်
လောကီယခင် ပညာသင်သည်
မော်ကြွားချင်၍ မဟုတ်ပါ
လောကီကိုခင် ပညာသင်သည်
ထောင်လွှားချင်၍ မဟုတ်ပါ
လောကီကိုခင် ပညာသင်သည်
လာတ်ရွှင်ခြင်၍ မဟုတ်ပါ
သံသရာဘေး လွတ်လိုရေးအတွက်
မျှော်တွေးငံ့လင့်ဥာဏ်ဖြင့်ချင့်ပြီး
အသင်နှလုံး သူတော်ထုံးကိုသုံး
စွဲဂရု အလေးပြုကာ သိမှုပညာသင်ပါသည်
ဥစ္စာရွှေငွေ အပြည့်စုံလည်း ဝမ်းမနည်းရ ငါ့ဘဝ
ရာထူးဂုဏ်အင် မစုံလင်လည်း ဝမ်းမနည်းရ ငါ့ဘဝ
အင်္ဂါရုပ်ျဆင်း ချို့တဲ့ယွင်းလည်း ဝမ်းမနည်းရ ငါ့ဘဝ
အသိပညာ မရှိပါလည်းဝမ်းမနည်းရ ငါ့ဘဝ
ကြင်သူငယ်ကျွမ်း မုန်းစိတ်သန်းလည်း ဝမ်းမနည်းရ ငါ့ဘဝ
ဆွေမျိုးမိဖ ကဲ့ရဲ့ကြလည်း ဝမ်းမနည်းရ ငါ့ဘဝ
လိုအင်ဆန္ဒ မပြည့်ဝလည်း ဝမ်းမနည်းရ ငါ့ဘဝ
သောကတွေများ စိတ်ထွေပြားလည်း ဝမ်းမနည်းရ ငါ့ဘဝ
ဒုက္ခတွေအပုံ တွေ့ကြုံလို့လည်း ဝမ်းမနည်းရ ငါ့ဘဝ
တော်ငါ့ဘဝဟာ ဝမ်းမနည်းရအချက်ပြသည်

ငါ့မှာ စိတ်ကောင်းရှိသောကြောင့်ဖြစ်လေရာမှာ ဘဝဆိုတာ တိုက်ပွဲတစ်မျိုး ဘဝရှိမှ အလှရှိမယ်
ဘဝကိုတော့ မမေ့နဲ့ ဘဝမေ့လျှင် မှားတက်တယ် တကယ်တော့ ဘဝဆိုတာ ရုန်းကန်စမြဲပဲ
ဘဝတိုက်ပွဲကိုအရှုံးမပေးနဲ့ အနိုင်ယူရမယ် ဖြစ်ပြန်ပျက်ပြန် လောကဓံတရားတွေပါ၊
သင်္ခါရ်ဆိုတဲ့ သဘောတရားကလည်း ဥစ္စာသင်္ခါရ သက်ရှိသက်မယ့် သင်္ခါရ ဖြစ်ပျက်မှန်သမျှ သင်္ခါရ
ဆင်းရဲချမ်းသာဆိုတာလည်း သင်္ခါရ ချစ်ခင်မြတ်နိုးတွယ်တာယုယ ကြင်နာသမုဒယ ဆိုတာလည်းသင်္ခါရ
ဖြစ်မြဲဓမ္မတာ မလွှဲသာဆိုတာလည်း သင်္ခါရ အသက်တရာမပြည့် အမှုတရာတွေ့ရလည်း သင်္ခါရ ပဲ
ဒါ့ကြောင့် မဖြောင့်ဖြူးသော်မှ ညှောင့်စူးသော်ဟာ ပန်းသတင်းလိုမွှေးချင်သော်လည်းပေမယ့်
လွမ်းရင်းဆွေးရင် တမ်းတရင်းနှင့် နှစ်သိပ့်နေမိတယ် တစ်ကယ်တော့ ပန်းဆိုတာ ကြွေတက်ကြသလို
အလွမ်းဆိုတာ ငိုရတက်တာ မှန်ပါတယ် သမင်နှင့်ကျား မြွေနှင့်ဖား နဂါးနှင့်ဂဋ္ဌုံ ဂဋ္ဌုံ တောင်ပြန် နဂါးလန်
ကျားဟာ သမင်တုံး လောကသားကောင် ဒေါသအားဆောင် အမှားဟာ တောင်နဲကျမ္မာဆုံးက ဒို့လူသား
အဖြူကိုအမဲ အစွဲက တဏှာ ဖြစ်ကြတာပါ အိုလူအများလူသားတို့ ပစ္စည်းတစ်ခုကို ဘယ်လောက်အဖိုး
ထိုက်တန်စေကာမူ နားလည်းခြင်းမရှိက မြတ်နိုးခြင်းမရှိနိုင် အဖိုးတန်သောပစ္စည်းတစ်ခုကို သို့မဟုတ်
အရာဝတ္ထုတစ်ခုကို နားလည်တာက မြတ်နိုးခြင်းရှိနိုင်သည်မှာ လူသားတိုင်း သဘာဝတရားပဲဖြစ်နိုင်ပေသည်
အလုပ်တစ်ခုပျင်းစရာကောင်းတယ်ဆိုပြီး မလွှဲသာလို့ ဝမ်းစာရေးအတွက်ကြောင့်သာ လုပ်ရသည့်ဟု
သဘောမျိုးရှိနေလျှင် ရှိသမျှ အလုပ်တွင်ကျယ်မှုမဟုတ် အလုပ်ကိုယ်သာ ပျော်ဖွယ်ပါးဖွယ်ရှိနေလျှင်
အလုပ်တွင်ကျယ်၍ ခရီးရောက်နိုင်သည် မျှော်မှန်းတိုင်းအောင်မြင်နိုင်သည် ဒါ့ကြောင့် တောတို်င်းမှာလည်း
ယုန်သမင်း မရှိသလို တောင်တိုင်းမှာလည်း စိုင် ဆက်မရှိသလို သစ်တိုင်းမှာလည်းပြင်လွှာကိုမရသလို
လူသားတိုင်းမှာလည်း ပညာမရှိ ပညာရှိတိုင်းလည်း အတက်ပညာမကုန်အောင် ကမ္ဘာပေါ်မှာ အဖိုးတန်ဆုံးဟာ
အချိန်နာရီပါ လောကမှာတော့ အရေးကြီးဆုံးဟာ အချိန်ပါပဲ အချိန်ကိုတန်ဖိုးအရှိဆုံးဆိုတာ လူသားတိုင်း
မသိကြရှာဘူး ပစ္စည်းကြဘူးသူသာလျှင် ကျောင်သံပတ္တမြား နှင့် ရွှေငွေပစ္စည်းကို တန်ဖိုးအရှိဆုံးလို့ထင်နေကြတယ်
ဒါ့ပေမယ့် ဒီရွှေငွေကျောင်သံပတ္တမြား ရဖို့အတွက် အချိန်စက္ကန့်လေးနောက်ကြတာနဲ့ ဒီပစ္စည်းတွေ ဆုံးရှုံးသွားနိုင်
တယ်ဆိုတာ စာဖတ်သူအပေါင်း အချိန်ကိုတန်ဖိုးအရှိဆုံးဆိုတာ ဆိုလိုတာပါ။ ။ ။

သတ္တဝါဟူသည်

ဤကမ္ဘာလောကကြီး၌ ပုဂ္ဂိုလ်သတ္တဝါဟူသည်ကား
လူချင်းတူသော်လည်း ဥာဏ်ခြင်းမတူ
ဥာဏ်ခြင်းတူသော်လည်း ပါရမီခြင်းမတူ
ပါရမီခြင်းတူသော်လည်း ဝီရိယခြင်းမတူ
ဝီရိယခြင်းတူသော်လည်း သတိခြင်းမတူ
သတိခြင်းတူသော်လည်း သမာဓီခြင်းမတူ
သမာဓိခြင်းတူသော်လည်း ပဋ္ဌာန်းဆက်ခြင်းမတူ
ပဋ္ဌာန်းဆက်ခြင်းတူသော်လည်း ဆုတောင်းခြင်းမတူ
ဆုတောင်းခြင်းတူသော်လည်း သဒ္ဓွါတရားခြင်းမတူ
ထို့ကြောင့် အကျိုးပေးဘုန်းကံမြင့်မားစေရန် မဆုတ်မနစ်သော သဒ္ဓွါတရားဖြင့် ပေးလှူရ၏၊
သီလရှိလျှင် သမာဓိနိုင်သည၊် သမာဓိနိုင်မှ စိတ်ကိုပိုင်သည်၊ စိတ်ကိုပိုင်မှ မနောပေါက်သည်၊
မနောပေါက်မှ ပညာရောက်သည်၊ ပညာရောက်မှ ဝိဇ္ဖာဖြစ်သည်၊ ဝိဇ္ဖာဖြစ်မှ အနတ္တဆိုက်သည်၊
အနတ္တဆိုက်မှ ခန္ဓာကိုယ်ပြာကြသည်၊၊

နေ့စဉ်သတိပြုရန်
ငါ့၌တရားရှိ / မရှိ
ငါကြံတာဟုတ် / မဟုတ်
ငါသူတော်ကောင်းဖြစ် / မဖြစ်
ငါသိတာမှန် /မမှန်
ငါလုပ်တာလျှော် / မလျှော်
အကြောင်းနှင့်တကွ နေ့စဉ်စီစစ်ပါလေ

You received this email because you are subscribed to the real_time feed for http://mightymgmg.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.