ကမ္ဘာ့ဝီစကီ ၅ နိုင်ငံ
စကောတလန် ဝီစကီ (Scotch Whisky)
သစ်ဆွေး၊ သစ်ရွက်ဆွေးနဲ့ လှော်ထားလို့ အနံ့ပိုမွှေးတဲ့၊ ခြောက်သွေ့တဲ့ ဂျုံနဲ့ အချဉ်ဖောက် ပြုလုပ်ထားတာဖြစ်တယ်။ အလွန်ဆုံး ၈နှစ်အထိ ထားရပြီး ၁၅နှစ်မှ အနှစ် ၂ဝ က အရည်အသွေး အကောင်းဆုံးဖြစ်တယ်။ အနှစ် ၂ဝကျော်တဲ့ ဝီစကီဟာ အရည်အသွေး ကျသွားတတ်ပါတယ်။ အရောင်ဟာ အဝါထဲက အနီသမ်းတဲ့ အရောင်ဖြစ်ပြီး အရည်ကြည်လင်ပါတယ်။ အနံ့မှာ မွှေးကြိုင်ပြီး အခိုးနံ့ပါတတ်ပါတယ်။ စကောတလန် ဝီစကီထုတ်လုပ်တဲ့ နေရာတွေက Low land, High Land, Speyside, Lslay နဲ့ the Orkney စတဲ့ ကျွန်းကလေးတွေမှာ ဖြစ်ပါတယ်။
Low land နေရာက clyde မြစ်နဲ့ tay မြစ်အောက်ပိုင်းမှာ ဖြစ်ပြီး အဲဒီနေရာက ဂျုံဝီစကီတွေဟာ ပင်လယ်လေ တိုက်ခိုက်မှု မခံရတဲ့အတွက် မြေဆွေးနံ့နဲ့ ဆားဓာတ်နည်းပါတယ်။ လေညှင်းရဲ့ အတိုက်ခိုက်တာ ခံရတဲ့အတွက် အဲဒီနယ်ကထွက်တဲ့ ဝီစကီဟာ အရသာပိုပြင်းပြီး မွှေးကြိုင်ပါတယ်။
speyside ဒေသက စကောတလန်ရဲ့ မြေမြင့်ပိုင်းမှာ တည်ရှိပြီး အေးမြကြည်လင်တဲ့ river spey က အဲဒီဒေသကို ဖြတ်စီးပါတယ်။ အထက်က ဝီစကီတွေလိုပဲ ဒီဒေသက ဝီစကီတွေဟာလည်း ပင်လယ်လေ အတိုက်မခံရလို့ ဆားဓာတ်နည်းပါတယ်။ မြေအောက်စမ်းရေကိုပဲ အသုံးပြုပြီး သစ်ဆွေးတွေအစား မီးသွေးမီးနဲ့သာ အသုံးပြုကြတဲ့အတွက် အခိုးနံ့နည်းပါတယ်။
Islay ကျွန်းဟာ လှပတဲ့ ကျွန်းတစ်ကျွန်းဖြစ်ပါတယ်။ လေယာဉ်ကွင်းမရှိခင်တုန်းက ဒီကျွန်းမှာနေထိုင်ကြတဲ့ ကျွန်းသူကျွန်းသားတွေဟာ အပြင်လောကနဲ့ အဆက်အသွက် ပြတ်နေကြတယ်။ လူသူအရောက် နည်းတဲ့အတွက် သဘာဝမြေသြဇာတွေ ပေါများပါတယ်။ ဒီဒေသက သယ်ယူပို့ဆောင်ရ လွယ်ကူအောင် ဝီစကီစက်ရုံကို ပင်လယ်ဘေးမှာ တည်ထားပါတယ်။ သဘာဝ မြေဆီမြေနှစ်၊ ရွံ့ဗွက်အိုင်၊ စမ်းရေတွေက တစ်ခြားဒေသကနဲ့ မတူပါဘူး။ ပုပ်ဆွေးတဲ့ ပန်းမြက်တွေလည်း ပေါများတဲ့အတွက်ကြောင့် သစ်ဆွေးနံ့ သင်းခြင်းက ဒီဒေသထုတ် ဝီစကီရဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။
the orkney ကျွန်းစုက ရေပေါများပါတယ်။ ဝီစကီစည်တွေကို ပင်လယ်ဘေးမှာ ချထားတဲ့အတွက် ဒီဒေသထုတ်
ဝီစကီတွေဟာ ပင်လယ်လေနံ့ သင်းပါတယ်။
ဂျပန်ဝီစကီ အဓိက ထုတ်လုပ်တဲ့ နေရာက Kyoto နဲ့ Osaka ကြားက တောင်တန်းနေရာမှာ ဖြစ်ပါတယ်။ ဝါးတောတွေ ပေါက်ရောက်တဲ့ နေရာဖြစ်ပါတယ်။ ၁၉၂၃ခုနှစ်မှာ "ဂျပန်ဝီစကီကို ထုတ်ချင်တယ်" ဆိုတဲ့ စိတ်ကူးနဲ့ Suntory ကုမ္ပဏီ ထူထောင်သူဟာ အဲဒီတောင်ကြားမှာ ပေါင်းခံစက်ရုံတစ်ခု စတည်ထောင်ခဲ့တယ်။ ဂျုံနဲ့ အဓိကထားလုပ်ပြီး ရလာတဲ့ ပေါင်းခံလို့ ရလာတဲ့ အရက်တွေကို ဝက်သစ်ချ စည်ကြီးထဲ ထည့်သိမ်းထားလိုက်တယ်။ ၁၉၂၉ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ ပထမဆုံး ဝီစကီကို ဈေးကွက်တင်သွင်းနိုင်ခဲ့တယ်။
အစောဆုံး ၁၇ရာစု ကတည်းက သြစတေးလျက ပြောင်းရွေ့လာသူတစ်ချို့ရဲ့ ပေါင်းခံအတတ်နဲ့ စပြီး ချက်လုပ်ခဲ့ပါတယ်။ စစချင်းမှာ ဂျုံနဲ့ အဓိကထား ပြုလုပ်ပြီး ၁၈ရာစု နောက်ပိုင်းမှ ပြောင်းဖူးရောစပ်ခဲ့တယ်။ ပြောင်းဖူးရောထားတဲ့ ဂျုံတွေကို အချဉ်ဖောက်၊ ပေါင်းခံပြီး အတွင်းပိုင်း မီးမြိုက်ထားတဲ့ ဝက်သစ်ချစည်ကြီးထဲ ၄နှစ်မှ ၈နှစ်ကြာ ထည့်သိမ်းထားပါတယ်။ ပုလင်းထဲ မထည့်ခင် သတ်မှတ်ထားတဲ့ ပေါင်းခံရည်ကို ထည့်ပေးတဲ့အတွက် အမေရိကန် ဝီစကီတွေမှာ ဝက်သစ်ချနံ့ သင်းနေတတ်ပါတယ်။ အမေရိကန် အနောက်ပိုင်းက Pennsylvania ပြည်နယ်၊ Kentucky ပြည်နယ်နဲ့ Tennessee ပြည်နယ် က ထုံးဓာတ်ပါ ရေတွေဟာ ဝီစကီလုပ်ရာမှ အရေးပါပါတယ်။ ဒါကြောင့် အမေရိကန် ဝီစကီကို ဒီဒေသတွေမှာ အဓိကထား ပြုလုပ်ကြတယ်။
Bourbon ဝီစကီဟာ အမေရိကန် Kentucky ပြည်နယ် Bourbon မြို့နယ်ကထွက်တဲ့ ဝီစကီဖြစ်တယ်။ အဲဒီဒေသက လူတွေဟာ ၁၆ , ၁၇ ရာစုကတည်းက ပြင်သစ်ကနေ ပြောင်းရွေ့လာကြသူတွေဖြစ်တယ်။ Bourbon ဝီစကီနဲ့ Tennessee ဝီစကီရဲ့ ကွာခြားချက်က Tennessee ဝီစကီဟာ သူ့ဒေသထွက် Sugar Maple သကြားပင်ရဲ့ မီးသွေးနဲ့ ပြုလုပ်ပြီး စည်ထဲမှာ ထည့်ထားပါတယ်။ Bourbon ဝီစကီက ၅၂% ကျော်မှာ ပြောင်းဖူးဖြစ်ပြီး အတွင်းမီးမြိုက်ထားတဲ့ ဝက်သစ်ချစည်ထဲပြီး အချဉ်ဖောက်ပါတယ်။ အချဉ်ဖောက်ရာမှာ အချိန်၂ နှစ် ကြာမြင့်ပါတယ်။ တစ်ခြား အရောင်အဆင်း၊ အနံ့တွေ ထည့်မသုံးရဘဲ အရက်ပြင်းအားက ၄ဝ~၆၂.၅ % ကြားမှာ ရှိရပါတယ်။
ကနေဒါ ဝီစကီ (Canada Whisky)
ပေါင်းခံထွက်လာတဲ့ ကနေဒါဝီစကီကို အမေရိကန်ဖြစ် အဖြူရောင် ဝက်သစ်ချစည်ထဲ ထည့်ထားရပါတယ်။ ၃ နှစ်ကြာရင် ဈေးကွက်တင်လို့ရပါပြီ။ ကနေဒါ ဝီစကီဟာ အရသာပေါ့တဲ့ အတွက်ကြောင့် တစ်ခြားအချိုရည် ဖျော်ရာမှာ ထည့်သုံးကြပါတယ်။ အရသာပြင်းပြင်း မကြိုက်သူတွေအတွက် သင့်တော်တဲ့ ဝီစကီဖြစ်ပါတယ်။
နိုင်းနိုင်းစနေ
source: http://www.stnn.cc:82/wine/200810/t20081014_878194.html
မိတ်အင် မြန်မာများ
ဆေးအရက်ဆိုလို့ ကျွန်မအဘွားရဲ့ (အမေရဲ့အမေ) ဆေးအရက်အကြောင်း အရင်ပြောချင်ပါတယ်။ အဘွားက တောထဲတောင်ထဲမှာရှိတဲ့ သဘာဝ ဆေးမြစ်ဆေးရွက်တွေကို အရက်နဲ့ စိမ်ထားတတ်ပါတယ်။ အိမ်ထောင်ကျပြီး နှစ်အတော်ကြာ ကလေးမရနိုင်သူတွေ ကလေးရချင်ရင် အဘွားက အဲဒီအရက်ကို တိုက်ပါတယ်။ ဆေးက တော်တော်စွမ်းတဲ့အတွက် ရွာမှာ အဘွားက နာမည်ကြီးပါ။ အဲဒီတုန်းက ကျွန်မတို့မှာ သင်ရကောင်းမှန်း၊ သိထားရကောင်းမှန်း မသိတော့ ဘာဆေးတွေ ထည့်စိမ်ထားလဲလို့ မမေးမြန်းခဲ့မိဘူး။ ခုတော့ အဘွားဆုံးသွားသလို သူ့ပညာလည်း အဆုံးသတ်သွားခဲ့ရတယ်။
အပေါ်က အရက်အကြောင်း ဘယ်ဖက်ကစပြီး ဆက်ပြောရရင်
၁) မျောက်အားတိုးအရက်
၂) ဒဂုံနာနတ်အရက်
၃) အသက်ရှည် ရုပ်ပျိုအားတိုးအရက်သန့် (ပုလင်းအညွှန်းမှာ ဒီလိုလေး ရေးထားပါတယ်)
ရှေးတရုတ် နန်းတွင်းသမားတော်ကြီးများ၏ နည်းပညာအတိုင်း အဖိုးတန်သစ်မြစ်၊ ဆေးမြစ်တို့ဖြင့် စီမံထုတ်လုပ်ထားပါသဖြင့် ရုပ်ပျိုသန်မာ၊ လန်းဆန်းစေခြင်း၊ အကြောများ သန်မာစေ၍ ကျားခွန်အားကို တိုးပွားစေခြင်း၊ အမျိုးသမီးများ သွေးသားသန့်စင် ကျန်းမာစေခြင်း အကျိုးအာနိသင်များကို ရရှိစေပါသည်။
၎) လိမ္မော်ဖြူအရက် (ဒါကိုတော့ အရက်သောက်သူတိုင်း သိကြမှာပါ)
၅) မန်ကျည်းဆော်ဒါ အရက်
၆) မန္တလေး ဘီအီး
၇) ပတ္တမြား အရက်သန့်ရမ် (ပုလင်းပေါ်မှာ ဒီလိုရေးထားပါတယ်)
"ရေမှာ ရေသန့်ရှိသလို အရက်မှာလည်း အရက်သန့်ရှိတယ်" (ကျွန်မ အခုမှပဲ ကြားဖူးတာပါ)
၈) BlackCat (ကြောင်နက်တံဆိပ် အရက်)
၉) မြန်မာရှောက်ပျားအရက်
ကချင်ပြည်နယ် ရေခဲတောင်တန်းများပေါ်တွင် ပေါက်ရောက်သော သဘာဝ မြန်မာတိုင်းရင်းဆေးဘက်ဝင် ဂျင်ဆင်းနှင့် ဆေးမြစ်စုံများ၊ ပန်းပေါင်းစုံ တို့ကို စုတ်ယူထားသော ပျားရည်စစ်စစ်ကို ခေတ်မီ နိုင်ငံခြားနည်းပညာဖြင့် ချက်လုပ်ထားသော အဆင်မြင့် OP အရက်ဆီနှင့် အချိုးအစား မှန်ကန်စွာ ရောစပ်ထုတ်လုပ်ထားပါသည်။
၁ဝ) စပါးအရက်
ဒီစပါးအရက်ကလွဲရင် ကျန်အရက်အားလုံးက ၃ဝ% ပဲရှိပါတယ်။ အရက်တွေက သောက်ဖို့တင်မက ဗိုက်နာရင်၊ အကျောအချဉ် ကိုက်ခဲခဲ့ရင် အရက်ကို မီးမြိုက်ပြီး လိမ်းပေးနိုင်ပါသေးတယ်။ နောက် အချဉ်တည်တဲ့နေရာမှာ (ဥပမာ- မုန့်ညှင်းချဉ်၊ ထိုဖူးချဉ်) ထည့်သုံးနိုင်ပါတယ်။ တစ်နေ့တစ်ငုံ့ သောက်ပေးခြင်းဖြင့် အမျိုးသမီးများ သွေးလည်ပတ်မှု ကောင်းစေပါတယ်။ "တန်ဆေးလွန်ဘေး" ဆိုသလိုပဲ ပစ္စည်းတစ်ခုရဲ့ အသုံးဝင်ပုံက သုံးစွဲသူပေါ်မှာပဲ မှုတည်ပါတယ်။
နိုင်းနိုင်းစနေ
You received this email because you are subscribed to the real_time feed for http://nineninesanay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.