Wednesday, October 29, 2008

[မိုးလှိုင်ည] 2 New Entries: တနင်္ဂနွေမိုး

တနင်္ဂနွေမိုး

တနင်္ဂနွေမိုးက

ငါ့ကို အဖျားသွေးတွေထိုးထည့်တယ်


ကလေးတစ်ယောက်လို

မိုးရေထဲ လျှောက်သွားနေယုံနဲ့

ရှင်ကလေးတစ်ယောက်မှပြန်မဖြစ်နိုင်တာ

နေရောင်ခြည်က ငါ့ကိုစကားနာထိုးတယ်


လမ်းမတွေရေမြုပ်နေတုန်း

ငါက ကောင်းကင်ကြီးကို

ဆုတ်ဖြဲလိုက်ရရင်ကောင်းမလား…


သက်တံ့ကဘယ်အချိန်ပေါ်မှာလည်း

ဒီအရွယ်ကြီးကျက

ငါ စိတ်ကူးက

ကလေးတစ်ယောက်လိုမျိုး….


မိုးလှိုင်ည

အေးရာအေးကြောင်း

ယုံသလိုနေခဲ့ပြီ

ကြုံသလိုနေခဲ့ပြီ…။


ဈေးဆစ်ခံလိုက်ရတဲ့ ပန်းချီကားတစ်ချပ်အတွက်

ဈေးဆစ်သူရဲ့ လျှာကိုပဲဖြတ်ရမလား

ပန်းချီဆရာရဲ့ လက်ကိုပဲဖြတ်ရမလား….။


ကဗျာဆရာတွေရှင်ချင်ရင်

ကဗျာဆရာတွေသေဖို့သာပြင်ပေတော့…။


ကိုယ့်အကြောင်းကိုမေ့ထားချင်လို့

သူများအကြောင်းလျှောက်ပြောနေတာ..။…။


ကြည်မောင်သန်း

ဖေဖော်ဝါရီ ၁၉၉၉

ရနံ့သစ်

You received this email because you are subscribed to the real_time feed for http://moehlaingnya.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.