Wednesday, October 29, 2008

[                 ရင်မှ ခံစားမှုများ] 1 New Entry: (紅葉)(ခ)(Maple leaves)

(紅葉)(ခ)(Maple leaves)

(12.11.2006)နေ့က မျက်မှန်တံတားတစ်ခုကို သွားခဲ့ပါတယ်။ ဆောက်ထားတဲ့ နှစ်ကို အတိအကျမသိပေမယ့် အခုအခါမှာတော့ အသုံးပြုလို့မရတော့ပါဘူး။ အလှပဲ ကြည့်လို့ ရပါတော့တယ်။ ;)ပုံမှာ တွေ့ရတဲ့ မျက်မှန်ပုံစံ အကွင်းနှစ်ခုရဲ့ အပေါ်မှာ မျက်မှန်ကိုင်းလိုမျိုး အတန်းကြီး ရှိပါတယ်။ သေချာမမြင်ရပေမယ့် အဲဒါ ရထားသံလမ်းပါ။ အဲဒီ ရထားသံလမ်း ပေါ်ကို တက်ကြည့်လို့ ရတယ်ရှင့်။ :z

ဘေးဘက်တောလမ်းကနေ တက်ကြည့်လိုက်တော့ ရထားသံလမ်းပေါ် ရောက်သွားတာပေါ့နော်။ :z

ရထားသံလမ်းပေါ် ကနေ မြင်ရတဲ့ မြင်ကွင်းပေါ့။ တောင်နှစ်လုံးကြားမှာ တံတားသေးသေးလေးရှိတယ်။ ချစ်စရာလေးနော်။ ;) ရှုခင်းလေးကလည်း ကဗျာဆန်တယ်နော်။ ပန်းချီကားနဲ့ တူလို့ ဓာတ်ပုံရိုက်ယူခဲ့တာ။ :z
တကယ်တော့ အဲဒီကို သွားပြီး (紅葉)မိုမိဂျိ ကို သွားကြည့်ခဲ့တာပါ။ ဂျပန်မှာ ချယ်ရီနဲ့ (紅葉)မိုမိဂျိ ပွင့်တဲ့အချိန်ဆိုရင် "(花見)ပန်းကြည့်ပွဲ" ဆိုပြီး လူတွေက ပန်းပွင့်တဲ့နေရာတွေကို တကူးတက သွားကြည့်ကြပါတယ်။ ချယ်ရီကတော့ ပန်းခြံတွေမှာလည်း ကြည့်လို့ရတယ်။ ချယ်ရီပွင့်ချိန်ဆို ရထားသံလမ်းဘေးတွေမှာတောင် မြင်နေရလို့ ကျမကတော့ ချယ်ရီကို တကူးတက သွားမကြည့်ဖြစ်ဘူး။ ;) ပြီးတော့ ၊ချယ်ရီထက်(紅葉)မိုမိဂျိ ကို ပိုကြိုက်တယ်သိလား။

တစ်ရောင်ပြီး တစ်ရောင် ပြောင်းသွားတာ လှမှလှ။ ကြည့်ပါလား။ အခု ဓာတ်ပုံမှာတောင် အရောင်စုံလေး။ ဘယ်လောက်လှလဲ။ တစ်ပင်ထဲမှာ ရှိပြီး အရောင်တွေ ကွဲပြားနေတာ။ လူ့သဘာဝလိုပဲ။ :p လူတွေလည်း အဲလိုပဲလေ။ နေရာ၊ ဒေသကို လိုက်ပြီး စိတ်ဓာတ်တွေက ပြောင်းလဲလိုက်တတ်ကြတာ။ :y (紅葉)မိုမိဂျိလည်း အဲလိုပဲ။ စစချင်းက အရောင်တစ်မျိုး၊ တဖြည်းဖြည်းနဲ့ တစ်ခြားအရောင်တစ်မျိုးကို ပြောင်းသွားတာ။ လူ့သဘာဝနဲ့ တူလို့ (紅葉)မိုမိဂျိကို ကျမတော့ ကြိုက်တယ်။  :p
(紅葉)မိုမိဂျိက Autumn မှာပဲ ကောင်းကောင်းကြည့်လို့ရတာလေ။ အခု၊ Autumn ရောက်ပြီ။ သွားကြည့်လို့ ရပြီ။ :z

(紅葉)မိုမိဂျိကို မေပယ်လ်ရွက်(Maple leaves)လို့ ခေါ်တယ်သိလား။ ;)

အဲဒီ ဂျပန်စာလုံး(紅葉)က ထူးဆန်းတယ်။ မိုမိဂျိ(Momiji)လို့လည်း အသံထွက်တယ်။ ကိုးရော(Kou you)လို့ လည်း အသံထွက်တယ်။ မိုမိဂျိကတော့ လူသုံးများတယ်သိလား။ :z

You received this email because you are subscribed to the real_time feed for http://www.megumi21.com/feeds/posts/default. To change your subscription settings, please log into RSSFWD.