Tuesday, October 21, 2008

[See And Be Seen] 1 New Entry: ပုံဆွဲလေ့ကျင့်ချိန်

ပုံဆွဲလေ့ကျင့်ချိန်

ပြီးခဲ့တဲ့အပတ်က ကျောင်းမှာရှိတဲ့ School Counselor ကသူ့အခန်းထဲမှာ Special Child လို့ခေါ်တဲ့ အများနဲ့မတူ ထူခြားတဲ့ ကလေးငယ်တွေကို "ဘာအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဆွဲခိုင်းထားတာ စိတ်ဝင်စားရင် လာကြည့်ပါလား ဆိုလို့ လိုက်သွားကြည့်ရင်း ကလေးငယ်တွေသတ်မှတ်တဲ့ အရေးကြီးဆုံး ဆိုတာလေးကို လေ့လာခွင့်ရခဲ့ပါတယ်။

ပထမတစ်ယောက်ကတော့ သူ့မိသားစုနဲ့မျှော်လင့်ချက် က သူ့အတွက်အရေးကြီးဆုံးပဲတဲ့။ သူဆွဲထားတဲ့ပုံထဲမှာ သူ့မိသားစုဝင်တွေအပြင် သူ့အိမ်မှာရှိတဲ့ကြောင်ကလေးတောင်ပါသေး။ အိမ်ထဲမှာ ရောက်နေတဲ့ တစ်ယောက်က ဘယ်သူလဲဆိုတော့ မာမီတဲ့။ သူက အမြဲ အိမ်မှာပဲနေလို့ အိမ်ထဲမှာ ထည့်ဆွဲထားတာတဲ့။


နောက်တစ်ယောက်ကတော့ တော်တော်အမြော်အမြင်ရှိတဲ့ကလေးလို့ ပြောရမယ်။ သူရဲ့အရေးကြီးဆုံးက ကြည့်ဦးလေ။ ကမ္ဘာကြီး တဲ့။ ကမ္ဘာကြီးသာမရှိရင် သူ့မှာနေစရာရှိမှာ မဟုတ်လို့တဲ့။ တော်တော် ချစ်စရာကောင်းတယ်။



နောက်တစ်ယောက်ကတော့ လေ့လာသင်ကြားခြင်း ဟာသူ့အတွက်အရေးကြီးဆုံးတဲ့။ ကျောင်းလာရတာ တော်တော်ပျော်ပုံရတယ်။



နောက်တစ်ယောက်ကတော့ သူ့မိသားစု ကအရေးကြီးဆုံးတဲ့။ စိတ်မကောင်းစရာတစ်ခုက ကလေးရဲ့ ဖခင်နဲ့ မိခင်ကကွဲနေပြီး ကလေးက အမေနဲ့ နေတာပါ။ ဒါကြောင့်မို့ ထင်ရဲ့။ သူ့ပုံလေးမှာ Father ဆိုတာ ပါမလာဘူး။ အဘွားပဲပါတယ်။



နောက်တစ်ယောက်ကတော့ ကြီးလာရင် အားကစားချန်ပီယံဖြစ်မလား။ ဆရာဝန်ဖြစ်မလား မသိဘူး။ ဆွဲထားတဲ့ ပုံက ကျန်းမာရေး က အရေးကြီးဆုံးတဲ့။ သူ့အတွေးလေးကို သဘောကျမိတာက လက်မောင်းမှာ ကြွက်သားဖုလုံးလေးဆွဲပြီး + (Plus Sign) လေးထည့်ထားပေးလို့လေ။



နောက်တစ်ယောက်ကတော့ သူ့တိုင်းပြည် ကအရေးကြီးဆုံးတဲ့။ ကြီးလာရင် ကာကွယ်ရေးဝန်ကြီး ခန့်ရမယ်လို့ ပြောပြီး ရယ်ရသေးတယ်။



နောက်တစ်ယောက်ကတော့ သူ့အတန်းပိုင်ဆရာမ ကအရေးကြီးဆုံးတဲ့။ ဆရာမခမျာ သူ့ပုံလေးကြည့်ပြီး မျက်ရည်များတောင်လည်လို့။




နောက်ဆုံးတစ်ယောက်ကိုတော့ ကျွန်တော် သဘောအကျဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ကို ဆွဲခိုင်းရင်လဲ ဒီပုံမျိုးပဲ ဆွဲမိမှာမို့ပါ။



တခါတရံတော့လည်း ကလေးတွေရဲ့ အပြုအမူလေးတွေက ပင်ပန်းနေတဲ့စိတ်ကို ပေါ့ပါးစေပါတယ်။ ဒီပုံလေးတွေကို ကြည့်ရင်း တစ်ခုစဉ်းစားမိတယ်။ တကယ်လို့များ "ဘယ်သူအရေးကြီးဆုံးလဲ" ဆိုတဲ့ ခေါင်းစဉ်နဲ့သာ ပုံဆွဲခွင့်ရကြရင် ကျွန်တော့်ပုံကို မဆိုင်းမတွချဆွဲမယ့်သူဘယ်သူများရှိနိုင်မလဲပေါ့။ စာဖတ်သူကိုယ်တိုင်လဲ စဉ်းစားကြည့်လို့ မိတ်ဆွေရဲ့ပုံကို မစဉ်းစားပဲ ချဆွဲမယ့်သူ ရှိတယ်ဆိုရင် ကံကောင်းသူပေါ့ဗျာ။ အကယ်၍ တစ်ယောက်မကရှိတယ်ဆိုရင်တော့ လေးစားလောက်တဲ့သူဖြစ်ပြီပေါ့ဗျာ။ တစ်ယောက်မှ မရှိရင်လဲဘာမှတော့ မဖြစ်ပါဘူး။ ကျွန်တော့်လို ကိုယ်ဘာသာကို ပြန်ဆွဲလိုက်ပေါ့ဗျာ။

You received this email because you are subscribed to the real_time feed for http://seenbseen.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဒီရေ] 3 New Entries: ရွှေပြည်သာဗုံး လူတဦးသေ

ရွှေပြည်သာဗုံး လူတဦးသေ

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ အောက်တိုဘာလ 20 2008 16:46 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ဗုံးတလုံး ပေါက်ကွဲရာ လူတဦး သေဆုံးသွားခဲ့သည်။

ရန်ကုန် ဆင်ခြေဖုံးမြို့နယ် တခုဖြစ်သော ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရှိ နေအိမ်တခုမှ ကိုသက်နိုင်ဝင်း ဆိုသူ၏ လက်ထဲတွင် တနင်္ဂနွေနေ့ မွန်းလွဲ ၅း၃ဝ နာရီတွင် ပေါက်ကွဲခြင်း ဖြစ်သည်ဟု မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံး အရာထမ်းတဦးက မဇ္ဈိမသို့ ပြောသည်။ ပေါက်ကွဲမှုကြောင့် ကိုသက်နိုင်ဝင်း သေဆုံးသွားခဲ့သည်။

ရန်ကုန်မှလာသော ဒီပီအေ သတင်းတရပ်က ရဲကို ကိုးကားပြီး ဖော်ပြထားရာတွင် သေဆုံးသူမှာ ဗုံးသယ်လာသူ ဖြစ်နိုင်ဖွယ် ရှိသည်ဟု ဆိုသည်။

စနေနေ့ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော် ဘောလုံးကွင်းအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ သို့သော် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါ။

Ethnic Groups in Burma

PDF ဖိုင်ဖြင့် ဖတ်ရန် Ethnic Groups in Burma.pdf PDF * 1.11 MB
ကျွန်တော် ဆီမှာ ဖတ်ချင်ရင် ဆက်ပြီးဖတ်ကြည့်ရအောင် ကို နှိပ်လိုက်ပါနော်။


မလေးရှားရောက် မြန်မာလူငယ်များမှ ကိုမင်းကိုနိုင် ၏ ၄၆ နှစ်မြောက် မွေးနေ့ အခမ်းအနား ကျင်းပ

၁၈ ရက် ၊ ၁၀လ ၊ ၂၀၀၈ ခုနှစ်တွင် ကြရောက်သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ( ၄၆ ) နှစ်မြောက် မွေးနေ့ အခမ်းအနားကို ယမန်နေ့ ည ၉း၃၀ တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဘူကစ် ဆာဒန်း နယ်မြေရှိ မြန်မာလူငယ်များမှ စုပေါင်း ဂုဏ်ပြု ကျင်းပကြ၍ မလေးရှားရောက် မြန်မာများ အပါအဝင် မြန်မာအရေးကို စိတ်ဝင်စားသော ဒေသခံ နိုင်ငံသားများ တက်ရောက်ကြပါသည် ။

အခမ်းအနားကိုဦးဆောင် ကျင်းသည့် လူငယ်များမှ မွေးနေ့ အခမ်းအနားကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပြီး ၊ အဖွဲ့ အစည်းများမှ ပေးပို့လာသော မွေးနေ့ သဝဏ်လွှာများကိုဖတ်ကြားကာ ၊ အခမ်းအနားသို့ တက်ရောက်လာသည့် မလေးရှားရောက် မြန်မာ လူငယ်များမှ မတရားဖမ်းဆီး အကျဉ်းကျ ခံနေရသော မွေးနေ့ရှင်၊ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် ဂုဏ်ပြုကဗျာများ ကို ရွတ်ဆို ဂုဏ်ပြု ကြပါသည်။

ဆက်လက်၍ အခမ်းအနားအစီအစဉ်အရ တေးသံရှင် ထက်အောင်ရှိုင်းနှင့်အဖွဲ့မှ မွေးနေ့ရှင် ကိုမင်းကိုနိုင် အတွက် ဂုဏ်ပြုရေးဖွဲ့ထားသော တေးသီချင်းများနှင့် သီဆိုဖျော်ဖြေကာ တက်ရောက်လာကြသော လူငယ် များမှ တပျော်တပါး ပူးပေါင်းပါဝင်သီဆိုကြကာ မွေးနေ့ရှင်ကိုယ်စား မွေးနေ့ကိတ်ကိုလှီးဖြတ်၍ မတရား ဖမ်းဆီး အကျဉ်းကျခံနေရသော မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံး လွှတ်မြောက် ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သကာ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ ကြပါသည်။

ထို့နောက် ယနေ့ ၁၉ရက် ၊ ၁၀လ ၊ ၂၀၀၈ ရက် တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် နှင့်တကွ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရှိ မြန်မာဘုန်းတော်ကြီးကျောင်းတွင် လှုဖွယ်ဝတ္ထုများ ဆက်ကပ် လှုဒန်းကာ မွေးနေ့ရှင်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းကာ ကွာလာလမ်ပူ မြို့ ဒေသ အသီးသီးရှိ မြန်မာလူငယ်များမှ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အတွက် မွေးနေ့ ဆုတောင်းပွဲများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။




You received this email because you are subscribed to the real_time feed for http://deyea.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Htoo Myat] 1 New Entry: Gmail + Gtalk ပထမအကြိမ် ရှင်းလင်းရေးနှင့် မကျေနပ်မှု ပေါက်ကွဲခြင်း

Gmail + Gtalk ပထမအကြိမ် ရှင်းလင်းရေးနှင့် မကျေနပ်မှု ပေါက်ကွဲခြင်း

နာမည်ကို လန့်မသွားကြပါနဲ့။ ကျနော့် ရှင်းလင်းရေး အစီရင်ခံချက်နဲ့ မကျေနပ်ချက်လေးပါ။

အပိုင်း (က)

တကယ်တော့ ကျနော် G-talk ကို ဖြုတ်ထုတ်သတ် လုပ်တာ ဒါ ပထမဆုံး အကြိမ် မဟုတ်ပါဘူး။ ဒါပေမဲ့ အခု G-mail + Talk နှစ်ခုလုံးကို ချလို့ မှတ်တမ်း တင်လိုက်တာပါ။ G-mail အတွက်ကတော့ ဒီတစ်ခေါက်ဟာ ပထမဆုံး ရှင်းလင်းခြင်း ခံရတာပါ။


  • ကျနော့် G-mail က သိမ်းထားရန် မလို လို့ ထင်တဲ့ mail တွေအားလုံးကို အကုန် တန်းစီပြီး ဖျက်ပစ်လိုက် ပါတယ်။
  • G-talk ကတော့ လုပ်ရိုး လုပ်စဉ်အတိုင်း ကျနော် မသိတော့တဲ့၊ စကားမပြောဖြစ်တာ ကြာပြီဖြစ်တဲ့ လူတွေကို တန်းစီပြီး Block လုပ်ပစ်လိုက်ပါတယ်။
ကျနော့် G-talk မှာ မှတ်တဲ့နည်းက မိတ်ဆွေတွေရဲ့ G-mail လိပ်စာတွေ အတိုင်း မထားပါဘူး။ သက်ဆိုင်ရာ ကျနော် မှတ်မိတဲ့ နာမည်တစ်ခု ထားတယ်။ နောက် သူနဲ့ သက်ဆိုင်တဲ့ အဖွဲ့ အစည်း၊ သို့မဟုတ် Blogger၊ ကျနော့် ကျောင်း သူငယ်ချင်းတွေဆို ကျောင်းနာမည်ကို ကွင်းစ ကွင်းပိတ်နဲ့ ထည့်ရေးထားပါတယ်။ Forum တုန်းက သူငယ်ချင်းတွေဆို Forum နာမည်ပေါ့။

အဲလို လုပ်တာ တချို့ မသိသူ ရှိနိုင်မှာ ဖြစ်တဲ့အတွက် အကျိုးရှိအောင် ပြောပြလိုပါသေးတယ်။ ခများတို့ နာမည် ပြောင်းချင်ရင် အဲဒီလူ နာမည်ပေါ်မှာ ညာဖက် ကလစ်ခ် နှိုပ်ပြီး Rename ကို ရွေးချယ်ကာ အလိုရှိရာ နာမည်ကို ပြောင်းနိုင်ပါတယ်။ အဲလိုနဲ့ ရှုပ်ထွေးပြီး နာမည်ရင်းနဲ့ ဘာမှမဆိုင်တဲ့ G-mail nick တွေအစား ကိုယ်သိတဲ့ နာမည်ကို ချက်ချင်း မှတ်မိနိုင်အောင် ပြောင်းထားနိုင်ပါတယ်။

အဲလို ပြောင်းထားဖို့ရာ ကျနော် လိပ်စာနဲ့ လူနဲ့ မတွဲမိတဲ့ လူတွေအားလုံးကို Block လုပ်ပါတယ်။ ကျနော် ဘယ်တုန်းက သိခဲ့မှန်းတောင် မမှတ်မိတဲ့ လူတွေကိုလည်း Block လုပ်ပါတယ်။ နေ့တိုင်း အွန်လိုင်း ဖြစ်ပေမဲ့ စကားမပြောဖြစ်၊ ပြောစရာ စကားမရှိတဲ့ လူတွေကိုလည်း Block လုပ်လိုက်ပါတယ်။

ကျနော် အခု Blocked list ကို ပြန်ကြည့်တော့
တချို့လူတွေဆို ကျနော် သူတို့ ဘယ်သူတွေ ဆိုတာ သိပါတယ်။ ဒါပေမဲ့ စကား မပြောဖြစ်လို့ ကျနော် Block လုပ်လိုက်ပါတယ်။ Forum တုန်းက သူငယ်ချင်းတွေ များပါတယ်။ ကျောင်းတုန်းက သူငယ်ချင်း ဆို... ဆုံးသွားတဲ့ သူငယ်ချင်းရဲ့ mail တစ်ခုတည်းကိုသာ Block လုပ်ခဲ့ပါတယ်။ နောက် တခြား မြန်မာပြည်က မိသားစုတွေ သတင်း ရနိုင်တဲ့ mail တွေလည်း Block လုပ်ထားပါတယ်။ ကျနော် ဘာမှ မလုပ်ပေးနိုင်ပဲ သတင်းတွေ ကြားနေရရင် စိတ်ဆင်းရဲတာက လွဲပြီး ဘာမှ အဖတ်တင် မကျန်ရစ်ခဲ့ တတ်လို့ပါ။

အပိုင်း (ခ)

ကျနော် အလုပ်များတယ်လို့ အတိအလင်း ကြေငြာထားတဲ့ လူတွေ၊ စကား ပြန်မပြောနိုင်ပါလို့ ကြေငြာထားတဲ့ လူတွေကိုဆို စကား သွားပြောလေ့ မရှိပါဘူး။ ကျနော်လည်း အားနာလွန်းပြီး ရသင့်တာတောင် ယူလေ့မရှိတဲ့ မြန်မာ တစ်ယောက်ပီပီ အားနာတတ်ပါတယ်။

တချို့လူတွေမှာတော့ ကျနော် စကားလှမ်းပြောရင် ပြန်မပြောတာမျိုး ရှိတတ်ပါတယ်။ တကယ်ဆိုရင်
ခွေးတစ်ကောင် သူများကို လှမ်းဟောင်ရင်တောင် ဟဲ့ခွေးလို့တော့ အနည်းဆုံး အော်ခံရနိုင် သေးတာပဲ။ ကျနော် လှမ်း နှုတ်ဆက်တာ လေးကို ပြန်မဖြေတော့ ကျနော် ခံစားရမလဲ စဉ်းစားကြည့်ပေါ့။

အလုပ်က ဒီနေ့ မပြီးရင် ကမ္ဘာကြီး ပျက်စီး သွားတော့မလောက် အလုပ် မတရား များပါတယ်ဆိုပြီး invisible မလုပ်ပဲ G-talk ဖွင့်ထား တာကတော့ အဓိပ္ပါယ် မရှိဘူးလို့ မြင်တယ်။
တခါတလေများဆို မီးလေးတောင် စိမ်းနေလိုက်သေးတယ် (Busy တောင် မလုပ်ထားဘူး)
  • Invisible ကို ခများတို့ G-mail ထဲမှာ ၀င်သုံးတဲ့အခါ လက်ဝဲဖက် ဘောင်က Chat box မှာ ၀င်ပြောင်းနိုင်ပါတယ်။
ကျနော် ဆိုလိုချင်တာက အေး သူငယ်ချင်း... ငါ အခုတော့ အလုပ်များနေတယ်... နောက်မှ အေးဆေး စကား ပြောတာပေါ့ ဆိုတာလောက်လေး မပြောသင့်ပေဘူးလား လို့ တွေးကြည့်တာပါ။

အခုတော့ ဘာမှ ပြန်မပြောတော့... အဲလို ဖြစ်တဲ့ အခါတိုင်း အခါတိုင်းမှာ အရင်ကလို ငါ့အပေါ်များ ဒီလူ တစ်ခုခု စိတ်ခုနေလို့လားလို့၊ ကျနော့်မှာ သူ့အပေါ်၊ သူနဲ့ အရင် ချက်တုန်းအချိန်က ဘာများ စကားမှားဖူးလဲ ဆိုတာ ပြန်စဉ်းစားပြီး ကိုယ့်ဟာကိုယ် ဘာကြောင့်မှန်း မသိ စိတ်မကောင်းဖြစ် နေတတ်တုံးပါပဲ။ ပတ်ဝန်းကျင်နဲ့ ၀င်ဆန့်အောင် မရောနှောတတ်တဲ့ ကိုယ့်အားနည်းချက် ကိုယ်သိလို့ ရထားသလောက် သူငယ်ချင်းတွေ အားလုံး အပေါ်မှာ ကျနော် အကောင်းဆုံး ကျနော် တတ်သလောက် မှတ်သလောက် အဆင်ပြေအောင် ဆက်ဆံပါတယ်။ ကျနော့်အပေါ် စိတ်ခုနေတယ်လို့ စိတ်ထဲ ထင်သွားရင် ကျနော် နေလို့ကို မတတ်တော့တာ အမှန်ပဲ။

ဒါပေမဲ့ ဒီတခါတော့ သူတို့ နာမည် Online ဖြစ်လာတိုင်း စိတ်ထဲမှာ တစ်ခုခု ခံစားမနေ ရတော့အောင် ကျနော် Block လုပ်ခြင်းနဲ့ ဖြေရှင်းမယ် စဉ်းစားထားပါတယ်။ ခများ အလုပ်များ (အရေးပါ) သလို ကျနော် အလုပ်မရှိ (အရေးမပါ) ပေမဲ့ ကျနော် ဟာလည်း ခများ မိတ်ဆွေ တစ်ယောက် အနေနဲ့ လေးစားမှု လေးတော့ လိုချင် ပါတယ်။

You received this email because you are subscribed to the real_time feed for http://htoomyat.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တောင်ငူသား] 1 New Entry: ဆရာဖြစ်သွားသော တပည့်များ

ဆရာဖြစ်သွားသော တပည့်များ

ဆယ်တန်းအောင်စာရင်းတွေထွက်တော့ ဂုဏ်ထူးနှစ်ခုပဲပါတယ်။ အမှတ်စာရင်းမရသေးတဲ့အချိန်ထိ ကိုယ့်ကိုယ်ကို မကျေနပ်ဘူး။ ကြိုးစားခဲ့ပါလျက်နဲ့ ဂုဏ်ထူးနှစ်ခုပဲပါတာကို ဒေါသတွေထွက်နေတယ်။ အမှတ်စာရင်းတောင်းလို့ ရလာတော့မှ အရမ်းပျော်သွားတယ်။ သိပ်တက်ချင်နေတဲ့ RITမှတ်ကို မျက်စိမှိတ်ပြီး ဝင်နေပြီလေ။ ကျွန်တော်တို့နှစ်မှာ တောင်ငူက တစ်နိုင်ငံလုံး အမှတ်အများဆုံး ၁၀ယောက်ထဲ ဦးဦးဖျားဖျား စဝင်တဲ့နှစ်။ ရတာမှ တစ်နိုင်ငံလုံး ပထမရတာ။ ကျွန်တော်တို့ကျောင်းကတော့ မဟုတ်ဘူး။ ထ-၁ က။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်း အရင်းကြီးပါပဲ။ နောက် ၂၀၀၂ လား ၂၀၀၃ လားမမှတ်မိဘူး။ အဲဒီနှစ်မှာ တစ်နိုင်ငံလုံး ပဉ္စမ တစ်ခါထပ်ဝင်တယ်။ တခြားလူမဟုတ်ပြန်ဘူး။ ကျွန်တော့်ညီမဝမ်းကွဲ။ အဲသလို တောင်ငူသားရဲ့ ပတ်ဝန်းကျင်မှာ ထူးချွန်တဲ့သူတွေ ပေါများတာ။ (ဟီး ဘာမှဆိုင်ဘူး)


သီတင်းကျွတ်ပြီး ဒီလိုအချိန်ဆို ဆယ်တန်းကလေးတွေအတွက် ဂိုက်ဇာတ်လမ်းတွေ ပိုပြီး သက်ဝင်လှုပ်ရှားလေ့ရှိတယ်။ ဘယ်အချိန်ကတည်းက ခေတ်စားခဲ့တဲ့ စာကျက်မှု အထောက်အကူပြု ဝန်ဆောင်မှုလည်းတော့ မသိပါဘူး။ ကျွန်တော် ၁၀တန်းရောက်တဲ့အချိန်မှာ အတော်ကို အရှိန်ရနေပါပြီ။ ကျွန်တော်လည်း ၁၀တန်းမှာ ဂိုက်တွေနဲ့ ကျက်ခဲ့တွက်ခဲ့တာပါပဲ။ အခုလည်း ကျွန်တော့်ကို ဆရာမက ဂိုက်မလုပ်သေးဘူးလားလို့ မေးနေပါပြီ။ ခက်တာက ကျွန်တော်က တခြားနေရာမှာသာ ဆရာလုပ်တတ်တာ လုပ်ချင်တာ။ စာသင်ဖို့ကိုတော့ နည်းနည်းလန့်နေတယ်။ ဒါပေမယ့် ကိုယ့်တုန်းကလည်း ဆရာမပဲ အဆင်ပြေအောင် ဂိုက်ရှာပေးထားတော့ ကျွန်တော်လည်း မငြင်းသာတော့ဘူး။


ဒါနဲ့ပဲ ကျွန်တော့်ရဲ့ ပထမဆုံးဂိုက်လုပ်ပေးရမဲ့ တပည့်ကလေးရလာပါတယ်။ ထ-၂ ကပါပဲ။ လူချင်းမခင်ပေမယ့် ၆တန်းလောက်ကတည်းက ကျောင်းမှာ မြင်တွေ့နေကြဆိုတော့ သူ့ကို သိပြီးသားပါ။ ကျွန်တော်သိထားတာက ဂိုက်တွေသည် တပည့်တွေရဲ့ အိမ်တွေမှာသာ လိုက်သင်ကြတာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့ ချစ်စွာသော တပည့်အသစ်စက်စက်က သူ့အိမ်မှာ စာမကျက်ချင်တဲ့သူမို့ ကျွန်တော့်အိမ်မှာပဲ လာကျက်ပါရစေတဲ့။ အဲဒီတော့လည်း ကိုယ်လည်း သွားရသက်သာတာပေါ့ဆိုပြီး အိမ်လာဖို့ မီးစိမ်းပြလိုက်ပါတယ်။


ကိုယ့်အိမ်လာကျက်မယ်ဆိုတော့ အဆင်ပြေအောင် ကိုယ်စာကျက်ခဲ့တဲ့ စားပွဲကြီးကိုပဲ အိမ်ပေါ်ထပ်မှာပြင် မီးချောင်းလည်းဆင်ပေါ့။ မီးကပျက်တော့ အင်ဗာတာမီးချောင်းနဲ့ အားလုံးအသင့်ပြင်ထားရတယ်။ ရေပုလင်းကအစပေါ့။ ကိုယ်လည်းအားလုံးပြီးစီးတော့ သူကရောက်လာပြီ။ ပထမဆုံးနေ့လည်းဖြစ် ကိုယ်လည်းတစ်ခါမှ မသင်ဖူးသေးတော့ ဘယ်ကဘယ်လို စဂိုက်ရမှန်းမသိဖြစ်နေတယ်။ အဲဒီတော့ တပည့်က ဆရာပြန်လုပ်တော့တယ်။ အစ်ကိုတဲ့ ကျွန်တော့်ကို ဒီစာရှင်းပြပါတဲ့။ ဘိုင်အိုထင်တယ်။ အဲဒါမှ ကျွတ်ကျဲတာပဲ။ သူလာမှာမို့ ခင်းကျင်းပြင်ဆင်နေရတာနဲ့ ကိုယ့်မှာ ဘယ်စာမှ ကြိုမဖတ်ထားရဘူးလေ။ အဲဒါကြောင့် ရူးချင်ယောင်ဆောင်ပြီး မှတ်မိသလောက်ရှင်းပြ ပြီးတာနဲ့ ဟိုဟာကျက် ဒီဟာကျက်ဆိုပြီး လမ်းကြောင်းလွှဲရတော့တယ်။ အဲဒါပထမဆုံး ဆရာဖြစ်သွားတဲ့ ကျွန်တော့် ဂိုက်တပည့်ပါပဲ။ ခုတော့ သူလည်း ဒီရောက်နေပါပြီ။


မကြာခင်မှာပဲ ဆရာမက ဒုတိယတစ်ယောက် ထပ်ပို့ပြန်ပါတယ်။ သူကလည်း သူ့အိမ်မှာ မကျက်ပါရစေနဲ့တဲ့။ ဆိုတော့ကာ အိမ်မှာပဲလာကျက်ပြန်တယ်။ သူကတော့ ခပ်အေးအေးပဲဆိုတော့ ဆရာ မဖြစ်လိုက်ပါဘူး။ တတိယနဲ့ စတုတ္ထမြောက်နှစ်ယောက်ကတော့ ဆရာအပီပြင်လုပ်ကြတဲ့တပည့်တွေပါပဲ။ တစ်ယောက်ကတော့ ကျွန်တော့်အိမ်နဲ့ နီးတယ်။ နောက်တစ်ယောက်ကတော့ လေးမိုင်ဖက်က အရာရှိကြီးတစ်ယောက်ရဲ့သား။ သူတို့သူငယ်ချင်းနှစ်ယောက်က အတူတူပဲ ကျက်ချင်တယ်ဆိုလို့ ထုံးစံဖြစ်သွားတဲ့ ကျွန်တော့်အိမ်ပဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။


ကလေးတွေက ကျောင်းပြီးတော့ ကျူရှင်၊ ကျူရှင်ပြီးတော့ အိမ်ထမင်းပြန်စား ပြီးတာနဲ့ ကျွန်တော့်ဆီလာဆိုတော့ နောက်ကျတတ်တယ်။ အချိန်မရတဲ့နေ့ကျတော့လည်း ထမင်းမစားလာရဘူး။ အဲဒီတော့ စာကျက်နေတုန်း "အကို ဗိုက်ဆာလို့"ဆိုရင် "အေး အေး" ဆိုပြီး အောက်ထပ်ဆင်း "အမေ ကလေးတွေက ဗိုက်ဆာလို့"တဲ့လို့ ဆိုတော့ အမေလည်း ရှိတဲ့မုန့် ထုတ်ပေး ကိုယ်လည်း ရေခဲရေပုလင်းနဲ့ ဖန်ခွက်ဆွဲပြီး တပည့်တွေကို ဧည့်ခံရတာပေါ့။ တစ်ခါတစ်လေတော့ အကြော်တို့ကောက်ညှင်းပေါင်းတို့ ဝယ်လာကြရှာတယ်။ "အကိုရေ ပန်းကန်လေးလုပ်ပါဦး" ဆိုတော့ ဟုတ်တာပေါ့ အချဉ်ရည်တွေဘာတွေနဲ့ ပန်းကန်နဲ့ထည့်မှ အဆင်ပြေမှာပေါ့။ ကိုယ်လည်း အလိုက်သိပါတယ်။ တစ်ခါတည်း အကြမ်းပန်းကန်နဲ့ ဓါတ်ဘူးပါ လက်ဖက်ခြောက်ခပ်လာခဲ့တယ်။ အဲဒီတော့လည်း အကိုက အရမ်းသဘောကောင်းတာပဲတဲ့။ လာသေးတယ်။ သူတို့ကချည်း ကိုယ့်ကို ပြန်ခိုင်းသွားတာချည်းပဲ။


ဇာတ်လိုက်တွေက ဗိုက်များပြည့်နေလို့ကတော့ စာမှ ကောင်းကောင်းမကျက်ရသေးဘူး။ အိပ်ငိုက်ကြပြီ။ မြန်မာကဗျာတွေလည်း စာကြောင်းတွေရှေ့ရောက်နောက်ရောက်။ အိပ်ငိုက်ပြီး ပေါက်ကရတွေ ဆိုနေကြတာလေ။ ခက်ဆစ်တွေဆို အနက်အသစ်တွေတောင် ထွက်တယ်။ အဲဒီတော့ ကိုယ်လဲအလိုက်တသိနဲ့ အိပ်ငိုက်ပြေအောင် အာရုံပြောင်းပြီး ရယ်စရာလေးဘာလေးပြော။ နည်းနည်းလေး ရွှင်လာတော့မှ စာဆက်ကျက်ခိုင်း တွက်စရာရှိတာတွက်ခိုင်းလုပ်ရတယ်။ နှစ်ယောက်ဆို ဆိုသလောက်ပဲ။ တစ်ယောက်က ဒီဟာဆို နောက်တစ်ယောက်က ဟိုဟာ။ ကိုယ့်ခိုင်းတာထက် သူတို့လုပ်စေချင်တာပဲ ကိုယ်က လိုက်လျောနေရတယ်။


နောက်ဆုံးတစ်ယောက်ကတော့ အားလုံးထဲမှာ ဆရာအကျဆုံး။ သူနဲ့ကျမှ ကျွန်တော်လည်း ဂိုက်လုပ်ချင်စိတ်ကို ကုန်ရော။ ရန်ကုန်သားလေး။ တောင်ငူက အမျိုးတွေဆီမှာ ၁၀တန်းလာနေတာ။ ရုပ်ကလည်းဖြောင့် အပြောကလည်းကောင်းတော့ SKB (စော်ကြည်ဘဲ) ပေါ့။ ထုံးစံအတိုင်း ကျွန်တော့်အိမ်မှာပဲ လာကျက်တယ်။ သူလာပြီဆို ကျွန်တော့်မှာ ဘယ်လိုများ သူ့ကို စာကျက်ခိုင်းရမလဲ ကြိုတွေးပြီး လန့်နေရတယ်။ စာကျက်ဖို့ အခမ်းနားကို ဘယ်တော့မှ တော်တော်နဲ့ မစနိုင်ဘူး။ ကျောင်းမှာ ဘယ်ကောင်မလေးက ဘယ်လို။ ဘယ်ကောင်မလေးကဖြင့် သူ့ကို ခိုးကြည့်နေတာ။ သူနဲ့အဆင်ပြေသွားတဲ့ ကောင်မလေးအကြောင်း၊ ကျောင်းလှေကားကနေ လက်သန်းချင်း ချိတ်ပြီး ဆင်းကြတဲ့အကြောင်း။ အားပါး သူ့ရဲ့ ရင်ဖွင့်အချစ်တွေကို ကျွန်တော့်မှာ နေ့တိုင်း နားထောင်ပေးရတယ်။ သူပြောချင်တာမပြောရရင် စာကောင်းကောင်းမကျက်ဘူး။ ကျွန်တော့်ကို အမျိုးမျိုးလှည့်ပတ်ပြီး စာမကျက်ရအောင် လုပ်လုပ်သွားတာ။


ဒီလိုနဲ့ ကျွန်တော့်ရဲ့ ၁၀တန်းဂိုက် စာသင်ကြားမှု လုပ်ငန်းကြီးဟာ သိပ်မကြာလိုက်ဘဲ နှစ်လကျော် သုံးလလောက်မှာပဲ တပည့်တွေအားလုံးကို နှုတ်ဆက်လိုက်တော့တယ်။ ကျောင်းတွေတက်ရတော့မှာရယ်၊ ကိုယ်ကိုယ်တိုင်ကလည်း ကလေးမထိန်းတတ်တာရယ်ကြောင့် ဆက်မသင်ဖြစ်တော့ဘူး။ ဒါတောင် လာကြသေးတယ်။ ၁၀တန်းဖြေခါနီးတော့ အကိုရေ စာမေးပွဲအနီးကပ်လေး သင်ပေးပါဦးဆိုပြီး။ ဒါပေမယ့် ပထမဆုံးညီငယ်တစ်ယောက်ကိုပဲ ဆရာမအိမ်မှာ ခဏသွားကြည့်ပေးဖြစ်တော့တယ်။


ကျွန်တော့်ရဲ့ ဆရာဖြစ်လိုက်ရတဲ့ အချိန်လေးဟာ သိပ်မကြာခဲ့ပေမယ့် ပျော်စရာတော့ အတော်ကောင်းခဲ့ပါတယ်။ ပြန်တွေ့ရတဲ့ ညီငယ်တွေကလည်း ခုထိ သူငယ်ချင်းတွေအတိုင်းပါပဲ။ ခင်မင်ကြဆဲပါပဲ။ တစ်ခုပါပဲ။ ကျွန်တော်လုပ်လိုက်တာက ဆရာ၊ ကျွန်တော်ဖြစ်သွားရတာက သူတို့တပည့်ပါ။ နောက်ဆုံးတော့ ကနေဒါရောက်နေတဲ့ သူငယ်ချင်းညီငယ်တစ်ယောက်ပြောတာ သတိရသွားတယ်။ သူက ကျွန်တော့်ထက်ငယ်ပေမယ့် အတော့်ကို ပြောမနာဆိုမနာ ရင်းနှီးပါတယ်။ သူ့သူငယ်ချင်းတစ်ယောက်နဲ့ ဆုံတုန်းက ကျွန်တော့်ကို မိတ်ဆက်ပေးတယ်။ "ဒါ ငါ့ရဲ့ တပည့်ဆရာ" တဲ့။ တပည့်တွေထဲမှာ ဆရာကျလို့ဆိုပဲ။ ကောင်းပါလေလေ့ဗျာ။

You received this email because you are subscribed to the real_time feed for http://taungoo.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[T.M.H] 1 New Entry: 3D

3D



This is the 3D I worked on Sunday in Mudbox 2009.

You received this email because you are subscribed to the real_time feed for http://tmyohlaing.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[တင့်ထူးရွှေ] 1 New Entry: ပွဲတော်

ပွဲတော်



အရောင်တွေ
ပြိုးပြိုးပျက်ပျက်
အပျော်တွေ ဖိတ်လျှံကျ
ဝံပုလွေများရဲ့ တောရိုင်းထ ဂီတ ။

You received this email because you are subscribed to the real_time feed for http://tinthtooshwe.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ကိုတိုးလေး..............] 1 New Entry: ဒီနေ့ဖွင့်ပွဲကပုံလေးတွေပါ

ဒီနေ့ဖွင့်ပွဲကပုံလေးတွေပါ


























အခုရိုက်လာတဲ့ပုံတွေအားလုံးက ဒီနေ့ကျောင်းမှာအားကစားဖွင့်ပွဲအခမ်းအနားမှာရိုက်လာတဲ့ပုံတွေပါ။ ပုံတွေက နည်းနည်းဝေးတယ်ဗျာ သိပ်တော့ကြည့်လို့မရှင်းဘူးနဲ့တူတယ်နော်။ အားကစားပွဲက ဒီနေ့မှာစတာပါဗျာ။ ပြောရအုံးမယ်ဗျာ စင်ပေါ်မှာရိုက်ထားတာကို ၁၉ ရက်နေ့ညကဗျာ အဲ့နေညက မအားလို့ဗျာမတင်ဖြစ်တာ ထိုင်းနိုင်ငံမှာ အခြောက်တွေ တော်တော်များတာပဲ အခြောက်ဆိုတာက မိန်းမလျှာကိုပြောတာနော် ယောကျာ်းကြီးတွေတန်မဲ့မိန်းမစိတ်ပေါက်နေတဲ့သူတွေ တော်တော်များတယ်ဗျာ။ တစ်ချို့ဆိုရင် ပြောရအုံးမယ်ဗျာ.... ကန်တော့နော် ပြောရရင်နည်းနည်းရိုင်းသွားမှာဆိုးလို့ အတင်းပြောတာမဟုတ်ဘူးဗျာ အင်္ဂါ အစိတ်အပိုင်းက အစအားလုံးကို မိန်းမလိုပြောင်းထားတာဗျာ။ ဒီမှာက ယောကျာ်းချင်းယူလို့ရတဲ့ဥပဒေထုတ်ထားတယ်ဗျာ ယူလို့လည်းရတယ်ဗျာ။ ကဲဘာမှာလည်းတင်စရာမရှိလို့ပုံလေးတွေပဲတင်ပေးလိုက်ရတာပါဗျာ။ အားလုံးသော ညီအစ်ကိုမောင်နှစ်မများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။

You received this email because you are subscribed to the real_time feed for http://toetoelay.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Programmer's Diary] 1 New Entry: အသင့်အနေအထား

အသင့်အနေအထား




မနက်ဖြန်ကို ရောက်ဖို့
စောင့်ရတာ ကြာခဲ့ပြီရော။

ဒီအလျော်အစားအတွက်
ဘ၀နှစ်ခုစာ လောင်းကြေးထပ်ခဲ့တယ်။

ထောင့်စုံအောင် မေးမယ့် မေးခွန်းတွေထက်
အဆုံးအဖြတ်တစ်ခုပဲ လိုချင်ခဲ့တာ။

ဒီတော့ .... တစ်ခွန်းထဲ ရဲရဲ ပြောလိုက်ပါ
ငါ .......... အဖြေကို နားစွင့်ထားတယ်။

ခေလွန်း

You received this email because you are subscribed to the real_time feed for http://nyinyithanlwin.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆုံဆည်းရာ] 1 New Entry: ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

ရန်ကုန်မှာ စနေ တနင်္ဂနွေ ဗုံး (၂) လုံးပေါက်ကွဲ၊ လူ (၁) ဦးသေ

NEJ / ၂၀ အောက်တိုဘာ ၂၀၀၈။ ။

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် လူနေရပ်ကွက်အတွင်း၌ ယမန်နေ့ ညနေ (၅) နာရီခွဲခန့်က ဗုံး (၁) လုံး ပေါက်ကွဲပြီး လူ (၁) ဦး သေဆုံးသွားကြောင်း မြောက်ပိုင်းခရိုင် တာဝန်ကျရဲအရာရှိတဦးက အတည်ပြုပြောကြားသည်။

ရွှေပြည်သာမြို့ နယ် (၁၈) ရပ်ကွက် ရေပြာလမ်းသွယ် အိမ်အမှတ် ၂၉၈ (က) အတွင်း ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အိမ်ရှင် အဘ ဦးမြအုန်း၏ သား အသက် (၃၅) နှစ်အရွယ် ကတုံး (ခ) သက်ဦးဝင်း ဗိုက်ပေါက် သေဆုံးသွားသည်ဟု ရဲကပြောသည်။

အဆိုပါအိမ်၌ သားအဖ (၂) ဦးသာ နေထိုင်ပြီး ဖခင် တရားစခန်းသွားနေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပေါက်ကွဲမှုကြောင့် အိမ်ရှေ့အဖီ အမိုးသွပ်များပါ ပွင့်ထွက်သွားကြောင်းနှင့် ထိုအိမ်၌ပင် နောက်ထပ်ဗုံး (၃) လုံး ကို အာဏာပိုင်များက ထပ်မံရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ရွှေပြည်သာ မြို့နယ်ရဲစခန်းမှ ဒု-ရဲအုပ်တဦးက "ဒီလိုပေါက်ကွဲမှုဟာ အိမ်ထဲမှာ ဖြစ်တဲ့အတွက်ရော၊ နောက်ထပ် ဗုံးတွေတွေ့တဲ့အတွက်ရော ဒီလူဟာ ဖောက်ခွဲရေးသမားဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ဒါပေမယ့် အကြောင်းစုံ ကိုတော့ စုံစမ်းနေဆဲပါ" ဟု ပြောကြားသည်။

အလားတူ စနေနေ့ ည (၇) နာရီ မိနစ် (၅၀) ခန့် ကလည်း ရန်ကင်းမြို့နယ် ဘောက်ထော်ရှိ တပ်မတော်မှတ်တမ်း ရုံးရှေ့ ဘောလုံးကွင်းအတွင်း၌ ဗုံး (၁) လုံး ပေါက်ကွဲခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှုမရှိကြောင်း ရန်ကင်းမြို့ နယ် ကြံ့ဖွံ့ရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။ ထိုနေရာ၌ပင် နောက်ထပ်ဗုံး (၁) လုံးကိုတွေ့ရှိပြီး မပေါက်ကွဲမီ တားမြစ်နိုင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ရန်ကုန်မြို့၌ အသေးစားဗုံးပေါက်ကွဲမှုများနှင့် မတော်တဆပေါက်ကွဲမှုများ မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး သေဆုံးဒဏ်ရာရှိမှုများလည်း ဆက်တိုက် ဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း၌ တိုက်ကြီး-ရန်ကုန် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ် ဂတ်စ်အိုးပေါက်ကွဲခဲ့ပြီး လူ (၇) သေဆုံးရသည်။ ပြီးခဲ့သည့်လ (၂၅) ရက်လည်း ရန်ကုန်မြို့ မြို့တော်ခမ်းမအနီး မဟာဗန္ဓုလ ပန်းခြံရှေ့ ကားမှတ် တိုင်၌ ဗုံးတလုံးပေါက်ကွဲပြီး လူတချို့ ထိခိုက်ဒဏ်ရာရခဲ့သည်။

ဗုံးကွဲမှုအများအပြားအနက် ပြီးခဲ့သည့် ဇူလိုင်လက ဖြစ်ပွားခဲ့သည့် ရွှေပြည်သာကြံ့ဖွံ့ရုံးပေါက်ကွဲမှုကိုသာ အန်အယ်လ်ဒီပါတီဝင်များ၏ လက်ချက်ဖြစ်သည်ဟု စစ်အစိုးရက စွပ်စွဲကာ ဖမ်းဆီးခဲ့ပြီး အခြားဗုံးပေါက်ကွဲမှု အများစုမှာ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်သမားများ၏ လက်ချက်ဖြစ်သည်ဟုသာ စစ်အစိုးရက စွပ်စွဲလေ့ရှိသည်။

You received this email because you are subscribed to the real_time feed for http://soneseayar.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[ဆိုးသွမ်း] 2 New Entries: နေ့တိုင်းတွေ့ချင်တယ်

နေ့တိုင်းတွေ့ချင်တယ်



ဒီတညတော့ ~~~ ကောင်မလေးရာ သံစဉ်လေးနဲ့ နင်အိပ်ဖို့ရာ ~~~ဂစ်တာလေးတလက်
ကိုယ်ထမ်းလို့လာ ~~~~ မင်းလေး အိပ်ပြီလား
မအိပ်သေးတဲ့ ကောင်မလေးရာ ~~~~ ဒီသီချင်းလေး ခံစားပေးပါ ~~~ ကောင်မလေးအတွက်
ကိုယ်ရေးထားတာ ~~~~~ မီးလေးဖွင့်ပါဦး

ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ ~~~~~ လေပြေလေးနဲ့ ကိုယ်သီချင်း
ညည်းတာ ~~~~ အဖေအမေကြားလို့ စိတ်ဆိုးမိလာ ~~ မင်းလေး ပြောကူဦး

တညလုံးပဲ ဆိုနေဦးမှာ ~~~~ သံစဉ်ညည်းလို့ ကိုယ်မောတဲ့အခါ ~~~~~ အသံမကြားလို့ အိပ်မသွားနဲ့ကွာ
ဒီတချက်တော့ တောင်းပန်တယ် ~~~~ ကလေးလေးရယ်

မင်းအတွက်နဲ့ သီချင်းလေးရေးတာ သိပ်ချစ်လို့ပါကွာ ~~~~~ အမြဲတမ်းပဲ မင်းလေးအတွက်ပါ
ကလေးရာ

( ချစ်တယ် ချစ်တယ် ချစ်တယ် ပြောလိုက်ပါရစေကွာ ~~~~~ ကလေးလေးနား ရောက်ခဲ့တဲ့အခိုက်မှာ
လွမ်းတယ် လွမ်းတယ် လွမ်းတယ် အမြဲတမ်းလွမ်းနေမယ်
အခြေအနေပေးခဲ့ရင် နေ့တိုင်း
တွေ့ချင်တယ် )


Download By

Zshare



ဝမ်းနည်းဆုတောင်း



အလာကောင်းပေမယ့်
အခါနှောင်းတဲ့ အထဲမှာ
မင်းအမေလည်း ပါတယ် သူငယ်ချင်း

ဘ၀ပြောင်းပေမယ့်
ကောင်းရာမွန်ရာ ဘ၀ကိုရောက်ပါစေ

မင်းထားခဲ့ ကမ္ဘာကြီး
မင်းမျက်ကွယ်ပြုခဲ့တဲ့ မြန်မာနိင်ငံကြီး
ကိုယ်တိုင်တည်ဆောက်ချင်တဲ့ မင်းစိတ်ကူးတွေ
နောင်ဘ၀ နောင်အခါ
ပြန်ရပါစေ

သူငယ်ချင်း........
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ
ကောင်းရာသုဂတိလားပါစေ




မိသားစုနှင့်အတူ ထပ်တူဝမ်းနည်းလျှက် :(

နာမည် - ကျော်ထင်လင်း
အသက် - ၂၅ နှစ်
ရောဂါ - ဦးနှောက်တွင်အကြိတ်ပေါက်
၁၉.၁၀.၂၀၀၈ ခုနှစ်တွင် ဆုံးပါးသည်။



You received this email because you are subscribed to the real_time feed for http://soethawn.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[အောင်မြေ] 2 New Entries: မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး

မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး


လောကထဲတွင် နေထိုင်ကြသော ပုဂ္ဂိုလ်တိုင်း၊ ပုဂ္ဂိုလ်တိုင်း လောကဓံတရားများနှင့် တွေ့ကြုံရသည်မှာ ဓမ္မတာပါ။ တစ်ခါတလေ ကောင်းသော လောကဓံတရားများနှင့် တွေ့ကြုံကြရသကဲ့သို့ တစ်ခါတလေလည်း ဆိုးရွားသော လောကဓံတရားများနှင့် တွေ့ကြုံကြရ လေသည်။ ဤကဲ့သို့သော လောကဓံတရားများနှင့် တွေ့ကြုံရသောအခါ အကြင်မိတ်ဆွေတို့သည် အရာရာတွင် ကိုယ်ရောစိတ်ပါ ကူညီအားပေး ကြသည်။ ထိုမိတ်ဆွေတို့သည် အမြဲတမ်း ပေါင်းသင်းထိုက်၊ မှီဝဲအပ်သော မိတ်ဆွေကောင်းတို့ ဖြစ်ပါသည်။ သတိပြုနိုင်ကြပါစေ...


မိတ်ဆွေကောင်းအင်္ဂါ(၇)ပါး

(၁) ဒုဒ္ဒဒံ ဒဒါတိ -
ပေးနိုင်ခဲ့သော အရာဝတ္ထုကိုပေး၏။

(၂) ဒုက္ကရံ ကရောတိ -
ပြုနိုင်ခဲ့သော အမှုကို ပြုပေးတတ်၏။

(၃) ဒုက္ခမံ ခမတိ -
သည်းခံနိုင်ခဲသော အရာကို သည်းခံ၏။

(၄) ဂုယှမဿ အာဝိကရောတိ -
မိမိ၏လျှို့ဝှက်အပ်သောအရာကို ထင်စွာပြု၏။

(၅) ဂုယှမဿ ပရိဂုဟတိ -
အဆွေခင်ပွန်း၏ လျှို့ဝှက်အပ်သောအရာကို လျှို့ဝှက်၏။

(၆) အာပဒါသု နဇဟတိ -
ဘေးရန်တို့ကြောင့် မစွန့်ပစ်။

(၇) ခီဏေန နာတိမညာတိ -
ပစ္စည်းဥစ္စာ ကုန်ခြင်းကြောင့် မထီမဲ့မြင်ပြုခြင်း။

တို့ ဖြစ်ကြသည်။

သရဏဂုံတည်ခြင်းအကျိုး

သရဏဂုံတည်ခြင်းအကျိုး


ပဒုမုတ္တရ မြတ်စွာဘုရားရှင် ပွင့်တော်မူစဉ်ကာလက ဖြစ်သည်။ ရှေးလွန်ခဲ့သော ကမ္ဘာတစ်သိန်း ထက်၌ ဆန္ဒ၀တီပြည်တွင် မိအို၊ ဖအိုတို့ကို ပြုစုလုပ်ကျွေးနေသော အမျိုးကောင်းသား တစ်ဦးရှိသည်။ ထိုအမျိုးကောင်းသားသည် တစ်နေ့သောအခါ ပဒုမုတ္တရ မြတ်စွာဘုရား၏ လက်ယာတော်ရံ အဂ္ဂသာဝက အရှင်နိဿာမထေရ်ထံသို့ ရိုသေစွာ သွားရောက်ကာ .. ..

" ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမံ္မသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ " ဟု ရွတ်ဆို၍ သရဏဂုံဆောက်တည်၏။

ထိုအမျိုးသားကောင်းသည် အနှစ်တစ်သိန်း ကာလပတ်လုံး သရဏဂုံကို ထိန်းသိမ်းဆောက်တည်ခဲ့၏။ ထိုဆောက်တည်ခဲ့သော အကျိုးကြောင့် သေလွန်သောအခါ နတ်ပြည်သို့ ရောက်၍ (၈)ပါးသော အကျိုးတို့ကို ခံစားရ၏။ ထိုအကျိုး (၈)ပါးတို့မှာ-

(၁)
နေရာမရွေး အပူဇော်ခံရခြင်း။
(၂)
ဥာဏ်ပညာ လွန်စွာထက်မြက်ခြင်း။
(၃)
များစွာသော စည်းစိမ်းချမ်းသာ ရှိခြင်း။
(၄)
အားလုံး၏ ကြည်ညိုချစ်ခင်မှုကို ခံရခြင်း။
(၅)
အသားအရောင် ရွှေအဆင်းကဲ့သို့ တောက်ပခြင်း။
(၆)
အရာရာ မိမိအလိုကျဖြစ်ခြင်း။
(၇)
မိတ်ပျက်ခြင်းမရှိ၊ မိတ်ဆွေပေါခြင်း။
(၈)
ဂုဏ်သတင်း မွှေးပျံ့ကျော်စောခြင်း တို့ဖြစ်သည်။

ထိုဘဝမှ စုတေပြီးသောအခါ သိကြားမင်းအဖြစ်အကြိမ်(၈၀)၊ စကြာမင်းအဖြစ် (၇၅)ကြိမ်၊ ပဒေသရာဇ်မင်းအဖြစ် မရေမတွက်နိုင်အောင် ဖြစ်ခဲ့သည်။ နောက်ဆုံး ဂေါတမ မြတ်စွာဘုရားလက်ထက်တွင် သာဝတ္တိပြည်၌ ချမ်းသာကြွယ်ဝသော သူဌေးအိမ်တွင် လူအဖြစ် ရရှိခဲ့သည်။ ထို့နောက် (၇)နှစ်သားအရွယ်၌ ရဟန္တာတစ်ပါးထံ သရဏဂုံ ဆောက်တည်စဉ် မိမိကမ္ဘာတစ်သိန်းက ဆောက်တည်ခဲ့သော သရဏဂုံကို သတိရပြီး ပီတိသဒ္ဓါဖြစ်ကာ ၀ိပဿနာဥာဏ်စဉ်ရ၍ ရဟန္တာအဖြစ်သို့ ရောက်ရှိလေသည်။

ဂေါတမမြစ်စွာဘုရားသည် ထိုသူငယ်ကို ခေါ်၍ ရဟန်းပြုပေးတော်မူသည်။ သရဏဂုံတည်ခြင်း အကျိုးကြောင့် ရဟန္တာဖြစ်ခြင်းကို အကြောင်း ပြု၍ ထိုရဟန္တာအရှင်ကို "တိသရဏဂမနိယထေရ်" ဟု ဘွဲ့မည်ပေးခဲ့သည်။

(အပဒါနပါဠိ၊ ပ-၃၊ သု ဘူတိဝဂ်။)

You received this email because you are subscribed to the real_time feed for http://wwwsuye.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.

[Sawlinux] 1 New Entry: ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်

ကေအန်ယူကွန်ဂရက်မှ အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်

NEJ/ 20 October 2008။ ။

အောက်တိုဘာလ (၆) ရက်မှ (၁၈) ရက်နေ့ထိ ကျင်းပခဲ့သည့် (၁၄)ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် အလုပ်အမှုဆောင် ၁၁ ဦး ရွေးချယ်တင်မြှောက်ခဲ့သော်လည်း မူဝါဒရေးရာ အပြောင်းအလဲမရှိဟု သတင်းရသည်။


၁၄ ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက် ကျင်းပနေစဉ်

(၁၄) ကြိမ်မြောက် ကေအင်ယူကွန်ဂရက်တွင် ရွေးချယ်ခံရသည့် အလုပ်အမှုဆောင်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

-စောတာမလာဘော———–ဥက္ကဌ
-ပဒိုဒေးဗစ်သာကပေါ်——–ဒုဥက္ကဌ
-နော်စီဖိုးရာစိန် ————- အထွေထွေအတွင်းရေးမှူး
-စောလှငွေ—————- တွဲဘက်အတွင်းရေးမှုး (၁)
-စောဒေါလေမှူး————- တွဲဘက်အတွင်းရေးမှုး (၂)
-ဗိုလ်ချုပ်ကြီးမူတူးဆေးဖိုး
-ပဒိုဒေးဗစ်ထော
-စောရောဂျာခင်
-ပဒိုအားတိုး
-ပဒိုဟေးဆာ
-ပဒိုလားစေး တို့ဖြစ်သည်။

အလုပ်အမူဆောင်အဖွဲ့ဝင်တဦးကို ခေတ်ပြိုင်က မေးမြန်းရာ

"ဒီညီလာခံမှာမူဝါဒရေးရာအရဘာမှအပြောင်းအလဲမရှိဘူး ညီလာခံကချမှတ်ထားတဲ့ကေအင်ယူ ရဲ့မူအတိုင်းဘဲ ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်တယ်"ဟု ခေတ်ပြိုင်သို့ပြောသည်။ (၁၃) ကြိမ်မြောက် ကေအန်ယူ ကွန်ဂရက်တွင် ကေအန်ယူအနေနှင့် နိုင်ငံရေးကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမှာဖြစ်သည်ဟု ဖော်ပြခဲ့သည်။

You received this email because you are subscribed to the real_time feed for http://sawlinux.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.