Tuesday, October 21, 2008

[ကာရန်မဲ့ အတွေးစများ] 1 New Entry: လေဟုန်စီးတဲ့ ဖား

လေဟုန်စီးတဲ့ ဖား


ဇီးကွက်တစ်ကောင်ရဲ့
မျက်လုံးအစုံကို
ငါ ပိုင်ဆိုင်ထားတယ်။

အောက်ချင်းငှက်
အသည်းနှလုံးလေး
ထပ်လောင်းပြီးတော့ပေါ့။

လောဘမကြီးပါဘူးကွယ်
လူပြောများတဲ့
တိမ်တိုက်တွေ စားသုံးကြည့်ရုံပါ။

မီးလင်းဖိုနဘေး*
အဘိုးကြီး တစ်ယောက်
မရယ်မပြုံးနဲ့
ခေါင်းခါနေလေရဲ့။

ပလုံ! စွပ်!
(အသံနဲ့အတူ)
ရေထဲ ခုန်ဆင်းသွားတဲ့
ဖားကောင်ငယ်အဖြစ်
ငါ ပြောင်းလဲသွားပြီကိုး

ဒီလိုပါပဲ
ဟိုက္ကူကဗျာလည်း
တိမ်တိုက်နဲ့အတူ
ရထား လိုက်စီးကြည့်ရုံပါ။

s0wha1
(၁၈၊ အောက်တိုဘာ၊ ၂၀၀၈)
* နဘေး=နားဘေး


ဓာတ်ပုံ မူပိုင် --- ဂူဂယ်မှ ရှာဖွေတွေ့ရှိသော ဓာတ်ပုံကို အသုံးပြုထားခြင်းဖြစ်သည်။

You received this email because you are subscribed to the real_time feed for http://s0wha1.blogspot.com/feeds/posts/default. To change your subscription settings, please log into RSSFWD.